တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်...

By SuzanneM4Y

23.9K 2.9K 200

Original novel - Of Mountains and Rivers (Shan He Biao Li - 山河表里) by Priest Year - 2015 No. of chapters - 77... More

Introduction
Story Brief
Chapter - 1: Prologue
Chapter -2: Prologue
Chapter - 3: Prologue
Chapter - 4: Prologue
Chapter - 5: Prologue
Chapter - 6: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 7: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 8: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 9: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 10: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 11: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 12: ဤကမ္ဘာ (ဤကမာၻ)
Chapter -13: ဤကမ္ဘာ (ဤကမာၻ)
Chapter - 14: ဤကမ္ဘာ (ဤကမာၻ)
Chapter - 15: ဤကမ္ဘာ (ဤကမာၻ)
Chapter - 16: ဤကမ္ဘာ (ဤကမ႓ာ)
Chapter-17: ဤကမ္ဘာ ( ဤကမာၻ )
Chapter-18: ဤကမ္ဘာ ( ဤကမာၻ )
Chapter-19: ဤကမ္ဘာ ( ဤကမာၻ )
Chapter-20: ဤကမ္ဘာ ( ဤကမာၻ )
Chapter-21: ဤကမ္ဘာ ( ဤကမာၻ )
Chapter-22: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 23: ဤကမ္ဘာ ( ဤကမာၻ )
Chapter-25: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-26: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-27: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter - 28: အခြားကမ္ဘာ (အျခားကမာၻ)
Chapter - 29: အခြားကမ္ဘာ (အျခားကမာၻ)
To my translation readers
Chapter - 30: အခြားကမ္ဘာ (အျခားကမာၻ)

Chapter-24: ဤကမ္ဘာ ( ဤကမာၻ )

312 82 6
By SuzanneM4Y

(Uni)

ချောမောလွန်းလှသော ထိုအမျိုးသားအတွက် အသက်ပေးရမည်ဆိုလျှင်လည်း ဤနေရာတွင်ပင် အသက်စွန့်လိုက်နိုင်ပါသည်...

မြင်းမွေးကလပ်အများစုတွင် အမျိုးမျိုးသောအရှိန်အဝါ၊ အသွယ်သွယ်သောအရည်အချင်းတို့ဖြင့် မြင်းတစ်အုပ်တော့ ရှိစမြဲပင်ဖြစ်လေသည်။ ပြိုင်မြင်းများသော်လည်းကောင်း၊ မျိုးကောင်းမျိုးသန့်မြင်းများသော်လည်းကောင်း အားလုံးပင် ပြန်ရောင်းစားခံကြရမည်ဖြစ်ကာ ထိုမြင်းများမှာ အိမ်ကြီးအိမ်ကောင်းတစ်လုံးစာနှင့်ပင် လဲလှယ်နိုင်လောက်အောင် တန်ကြေးရှိကြပေ၏။ သို့တိုင်အောင် အနှီမြင်းကောင်းမြင်းသန့်များအားလုံး၏ အဆင့်အတန်းအမြင့်ဆုံးသော ခမ်းနားတင့်တယ်မှုများအားလုံးကို ပေါင်းစုလိုက်မည်ဆိုလျှင်ပင် အနှီမြင်းဖြူကြီးနှင့်နှိုင်းယှဉ်လိုက်မည်ဆိုပါက မည်သည့်ဘက်က ပို၍အရည်အချင်းမြင့်မြတ်ကြောင်းကို ဆုံးဖြတ်ရန်တစ်ခုသာရှိတော့၏။

ဤမြင်းမှာ ချူဟွမ်၏ဘဝတစ်လျှောက်လုံးတွင် တွေ့ခဲ့ဖူးသမျှအနက် အကောင်းဆုံးသောမြင်းပင်ဖြစ်ချေသည်။

အသီးအရွက်စားသတ္တဝါတစ်ကောင်သာဖြစ်သည့် ထိုမြင်းသည် ထူထပ်လှသောမြူထုကြီးထဲ၌ တစ်ကောင်တည်းဖြင့် မိစ္ဆာကြီးများအကြား ခေါက်တုံ့ခေါက်ပြန်ပြေးလွှားသွားလာနေခဲ့၏။ ထိုသတ္တဝါအနေဖြင့် မည်မျှကြောက်လန့်နေပြီဖြစ်ကြောင်းကို ထုတ်ဖော်ပြောနေရန် မလိုအပ်ပါလေ။ ချူဟွမ်တစ်ယောက် ထိုသတ္တဝါ၏ ဗီဇသဘာဝလှုပ်ရှားတုန့်ပြန်မှုများကို ထိန်းချုပ်ရန်မလွယ်လှကြောင်း ခံစားမိပေသည်။ သို့သော်လည်း မြင်းဖြူကြီးမှာ ကြောက်သည်ဟူသောခံစားချက်ကို ကြောက်သည့်နေရာတွင်သာထားကာ ကသမ်းကရမ်းမပြုမူသကဲ့သို့ တွန့်ဆုတ်သွားခြင်းလည်းမရှိဘဲ နိုးကြားသောသတိတရားဖြင့် ကျောပေါ်မှလူ၏အမိန့်များကို နာခံရွက်ဆောင်ပေးလျက် တစ်ချိန်တည်းတွင်ပင် သူ့နည်းသူ့ဟန်ဖြင့် လွတ်မြောက်နိုင်မည့်နည်းကို ကြိုးစားရှာဖွေလျက်ရှိပေ၏။

သို့ရာတွင် ထိုကိစ္စနှင့်ပတ်သက်၍ တွေးကြည့်လိုက်လျှင် နန်ရှန်းကဲ့သို့သောသူမျိုးမှာ လူတစ်ယောက်ကိုပြန်ပို့ပေးရန်အတွက်ဆိုလျှင် အကောင်းတကာ့အကောင်းဆုံးတို့ဖြင့် စီစဉ်ဆောင်ရွက်ပေးမည်သာဖြစ်ချေသည်။

မြင်းဖြူကြီးမှာ 'မြွေတူပုတ်သင်တူ' မိစ္ဆာကောင်ကြီးကို ရေထဲသို့ခါချလိုက်၏။ အနည်းငယ်မျှ ရှေ့ဆက်သွားပြီးသည့်နောက် ချူဟွမ်တစ်ယောက် မြူထု၏အနက်ရှိုင်းဆုံးသောတစ်နေရာမှ ဟိန်းဟောက်သံတစ်ခုကို မသဲမကွဲကြားလိုက်ရပေသည်။

သူ့ရှေ့မှ သိပ်သည်းလှသောမြူထုကြီးမှာ သည်းထိတ်ရင်ဖိုဇာတ်လမ်းများထဲတွင်မြင်တွေ့ရသည့် ဇီဝဓာတုပစ္စည်းများကြောင့်ဖြစ်ပေါ်လာသော ပတ်ဝန်းကျင်ညစ်ညမ်းမှုများအကြောင်းကို အလိုအလျောက်တွေးမိလာစေသည်။ သိပ္ပံအခြေခံအသိပညာအရ ချူဟွမ်အနေဖြင့် လက်ခံလောက်နိုင်စရာရှိသည့် တစ်ခုတည်းသောအကြောင်းပြချက်ကား အနှီမိစ္ဆာကြီးများမှာ ရေဒီယိုဓာတ်သတ္တိကြွညစ်ညမ်းမှုတစ်မျိုးမျိုးကြောင့် ပုံမှန်မဟုတ်သောဗီဇပြောင်းသတ္တဝါကြီးများအဖြစ် ပြောင်းလဲသွားရခြင်းဖြစ်မည်ဟူ၍ ဖြစ်၏။

ဤသို့တွေးကြည့်လျှင်... မိစ္ဆာများဆိုသည်မှာ ကိစ္စမရှိလှတော့သော်လည်း မောင်ခေါင်းပြောင်လေးအနေဖြင့် ထိုမြူများကို အတော်များများရှူရှိုက်လိုက်မိပြီးသည့်နောက် ပြဿနာတစ်ခုခုဖြစ်လာပါမည်လော?

"မင်း ကြောက်နေပြီလား?"
ချူဟွမ်က ညင်သာစွာမေးလိုက်၏။

မောင်ခေါင်းပြောင်‌လေးနှင့် မြွေကလေးမှာ တစ်ယောက်မျက်နှာတစ်ယောက် အပြန်အလှန်ကြည့်နေကြပြီးနောက် တစ်ယောက်နှင့်တစ်ယောက်ဖက်၍ ကုပ်ကုပ်ကွေးကွေးကလေး ပုနေကြရာမှ တစ်ပြိုင်တည်းပင် ခေါင်းထောင်လာကြချေသည်။

ချူဟွမ်ကား သက်ပြင်းသာချနိုင်လေတော့သည်။

"ကောင်လေးတို့..."

ဤကမ္ဘာကြီးထဲတွင် သောက်မှန်းကမ်းမှန်းမသိသော ကလေးပေါက်စနလေးများသည်သာလျှင် အချိန်မရွေးအန္တရာယ်နှင့်ကြုံရနိုင်သောအချိန်မျိုး၌ ပြဿနာကို တည့်တည့်ကြီးမျက်နှာချင်းဆိုင်ပြေးတွေ့ကာ ထီမထင်သည့်အမူအရာမျိုးဖြင့် ခေါင်းမော့ရင်ကော့လျက် ကြောက်မနေကြောင်းကို ပြသကြပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ထိုသတ္တဝါလေးများကိုလည်း မည်သူကမျှ အားကိုးအားထားပြုရန် မျှော်လင့်မနေပါချေ။

ချူဟွမ် : "ငါ ခုတော့နားလည်သွားပြီ။ မင်းရဲ့ မမလေး ဟွားကူးသွော်က မင်းထိုင်ငိုတဲ့အထိ ဆော်ပလော်တီးရတဲ့အလုပ်ကို ဘာလို့များ အဲ့လောက်ပျော်ပျော်ရွှင်ရွှင်လုပ်တာလဲ ဆိုတာကိုလေ"

မြင်းဖြူကြီး၏ခြေလှမ်းများ အနည်းငယ်တုန့်ဆိုင်းသွားကာ ချူဟွမ်၏နှလုံးသည်လည်း ထိုအတိုင်းပင်ဖြစ်နေလေ၏။

အလွန်အတွေ့အကြုံကြွယ်ဝလှပြီဖြစ်သော လူတစ်ယောက်နှင့် မြင်းတစ်ကောင်မှာ မှန်းဆနိုင်လိုက်ပြီးဖြစ်ပေသည်။ ဟိန်းဟောက်သံမှာ မြစ်တစ်ဖက်ကမ်းရှိ လီယီမျိုးနွယ်စုတို့နေရာထံမှ ထွက်ပေါ်လာခြင်းဖြစ်နိုင်၏။ ယခုအချိန်တွင် မောင်ခေါင်းပြောင်လေး၏ တစ်မိသားစုလုံးမှာ ထိုနေရာတွင်ရှိနေပြီး... မှန်ပေသည်... နန်ရှန်းရောဖြစ်၏။

ချူဟွမ်တစ်ယောက် နန်ရှန်းအကြောင်းကိုတွေးလိုက်မိသည်နှင့် ချက်ချင်းပင် စိတ်ပူလာမိလေသည်။ သူ့အနေဖြင့် နန်ရှန်းကို နောက်တစ်ကြိမ်ထပ်မံတွေ့ဆုံခွင့်ရရန် လိုအပ်သည်ဟု ခံစားမိလာကာ အနည်းဆုံးတော့ စကားလေးတစ်ခွန်းနှစ်ခွန်းမျှပြော၍ နန်ရှန်းအဆင်ပြေပြေရှိနေကြောင်း သူ့ကိုယ်သူသေချာစေချင်သေးသည်။

စိုးရိမ်ပူပန်မှုကား တောမီးတစ်ခုနှယ် သူ့နှလုံးသားထဲ၌ တောက်လောင်နေပြီဖြစ်ကာ ထိုမီးလျှံမှာ လွယ်လွယ်ကူကူငြှိမ်းသတ်၍ရနိုင်သောမီးမျိုး မဟုတ်သဖြင့် ချူဟွမ်လည်း ချီတုံချတုံဖြစ်နေရပေ၏။

သို့ရာတွင် ရင်ထဲ၌တောမီးလောင်နေသော်လည်း သူ့ဦးနှောက်မှာ မထိမခိုက်အကောင်းအတိုင်းရှိနေဆဲပင် ဖြစ်လေသည်။ ခေတ္တမျှရပ်သွားပြီးသည့်နောက် ချူဟွမ်က မြင်းဇက်ကြိုးကို အနည်းငယ်မျှ ဆွဲလှည့်လိုက်တော့သည်။

"မဟုတ်သေးဘူး။ ဟိုဘက်ကမ်းကိုပဲ အရင်ပြန်သွားကြရအောင်"

မြင်းဖြူကြီးအနေဖြင့် နားလည်နိုင်သော်လည်း မောင်ခေါင်းပြောင်လေးနှင့် မြွေကလေးတို့မှာကား လူကြီးများ၏ ဗလောင်းဗလဲအပြောင်းအလဲမြန်မှုကို နားမလည်နိုင်ဘဲရှိနေကြလျက် - ထိုသူမှာ ငိုယိုသောင်းကျန်းနေခဲ့သော မောင်ခေါင်းပြောင်ကလေးကိုပင် အတင်းအကြပ်အငိုတိတ်အောင်လုပ်ပြီး မျိုးနွယ်စုထံသို့ပြန်ပို့လိုခဲ့ခြင်းဖြစ်ပေရာ ရုတ်တရက်ကြီး အဘယ်အကြောင်းကြောင့် နောက်သို့ပြန်လှည့်သွားရပါသနည်း?

မြင်းဖြူကြီးလည်း ရေစီးကြောင်းအတိုင်းလိုက်သွားကာ သူတို့လာခဲ့သည့်လမ်းတစ်လျှောက် ပြန်လှည့်ပြေးလေ၏။

မည်သို့ပင်ဆိုစေကာမူ နန်ရှန်းမှာ မျိုးနွယ်စုခေါင်းဆောင်၊ အရွယ်ရောက်ပြီးလူကြီးတစ်ယောက်ဖြစ်ပြီး မောင်ခေါင်းပြောင်လေးကား ထိုသို့မဟုတ်ချေ။ အနှီ စိတ်ရှုပ်စရာအရိုင်းအစိုင်းသတ္တဝါလေးတွင် အရည်အချင်းဟူ၍ သစ်ပင်တက်ခြင်းနှင့် ပြဿနာရှာခြင်းတို့သာရှိလေရာ ချူဟွမ်အနေဖြင့် သူ့ကို ခန့်မှန်း၍မရနိုင်သောအန္တရာယ်တောထဲသို့ အတူတူခေါ်ဆောင်သွား၍ မဖြစ်ပေ။

သူ့အနေဖြင့် မောင်ခေါင်းပြောင်လေးကို တတ်နိုင်သမျှအမြန်ဆုံးအချိန်အတွင်း တစ်နေရာရာသို့ပို့ထားကာ အဝေးပြေးလမ်းတစ်လျှောက်ရှိ တောင်တန်းများပေါ်တွင်နေထိုင်ကြသော ရွာသားများထံ ခေတ္တအပ်နှံထားပြီးမှ မြစ်ကိုဖြတ်ကူး၍ လီယီမျိုးနွယ်စုထံ အပြေးပြန်လာတော့မည်ဟု ဆုံးဖြတ်လိုက်၏။

"ဒီတစ်ခေါက်တော့ ငါတို့ လမ်းမပျောက်တာကောင်းလိမ့်မယ်"
ချူဟွမ်မှာ တရုတ်ဘာသာစကားသို့ အလိုအလျောက်ပြောင်းလဲ၍ ခပ်တိုးတိုးရေရွတ်မိလေသည်။
"ငါ အချိန်မီနိုင်သေးရင်ကောင်းမယ်"

သို့မဟုတ်ပါက အကယ်၍ ထိုနေရာတွင် တစ်စုံတရာဖြစ်ပျက်သွားခဲ့ပါလျှင် သူ့အနေဖြင့် ဤသေနာကောင်လေးကို ကျွေးမွေးစောင့်ရှောက်ပေးရန် တာဝန်ယူနေရဦးမည်မဟုတ်ပါလော?

ချူဟွမ်ကား မောင်ခေါင်းပြောင်လေးကို ငုံ့ကြည့်လိုက်လျက် ဝမ်းနည်းစွာ တွေးနေမိတော့သည်။
/"အဲ့လိုဆိုရင်လည်း ငါတော့ အဲ့နေရာမှာပဲ အသက်စွန့်လိုက်ပြီး အဲ့ဒီကိုလူချောအတွက် ငါ့ရဲ့ချစ်ခြင်းမေတ္တာကို အသက်ပေးပြီးသက်သေပြလိုက်ပါ့မယ်"/

နှမြောစရာကောင်းသည်မှာ အစီအစဉ်ဟူသည် အခြေအနေအပြောင်းအလဲများနှင့် အမီမလိုက်နိုင်ခြင်းပင်ဖြစ်ပေ၏။ "လက်တွေ့ဘဝ"ဟူသောအရာကို "လက်တွေ့ဘဝ"ဟု ခေါ်တွင်ရခြင်းမှာ ထိုအရာသည် တွေးထင်မျှော်လင့်ထားသည်မှ အလွန်ခြားနားနေတတ်သောကြောင့် ဖြစ်လေသည်။

မြင်းဖြူကြီးမှာ အရှိန်ကုန်ပြေးနေရာမှ ရုတ်တရက်အငိုက်မိသွားကာ နောက်ခြေနှစ်ဖက်လုံး ကဆုန်ပေါက်သွားပြီး နာကျင်လွန်းသောကြောင့် မြည်ဟည်းနေလေ၏။ ရှေ့ခြေနှစ်ဖက်လည်း ပျော့ခွေကျသွားကာ ခြေလှမ်းများကမောက်ကမဖြစ်သွားရလျက် လဲကျသွားတော့မတတ်ပင် ဖြစ်သွားပေသည်။ သို့ရာတွင် ၎င်း၏ကျောပေါ်တွင် လူများရှိနေသေးကြောင်း သတိရသွားပုံရကာ တုန်တုန်ယင်ယင်ဖြင့် ပြန်၍ဟန်ချက်ထိန်းလိုက်ပြီးနောက် အားကုန်ထုတ်လျက် ငြိမ်အောင်ရပ်ပေးရှာ၏။

ချူဟွမ်တစ်ယောက် မြင်းဖြူကြီး၏ပေါင်တွင် ဒဏ်ရာတစ်ခုတွေ့လိုက်ရကာ တစ်ခုခုနှင့်ခြစ်မိထားပုံရပြီး သွေးစီးကြောင်းမျှင်မျှင်လေးများ မြစ်ရေထဲသို့ စီးဝင်သွားချေသည်။

မောင်ခေါင်းပြောင်လေး၏မျက်ဝန်းများ ပြူးကျယ်သွားလျက် ချူဟွမ်တစ်ခါမျှမကြားဖူးခဲ့သော စကားလုံးတစ်ခုကို ရေရွတ်လာ၏။ ချူဟွမ်လည်း ထိုကလေး၏ပါးစပ်ကို လျင်မြန်စွာအုပ်ထားလိုက်ရသည်။

"ရှူး-"

ချူဟွမ်သည် မြင်းခြေထောက်ပေါ်မှဒဏ်ရာကို ကြည့်နေခြင်းဖြစ်သော်လည်း သူ့အာရုံအားလုံးကို နားရွက်များတွင်စုစည်းထားပေသည်။

ဤတစ်ကြိမ်အတွင် သူသည် လက်မြန်ခြေမြန်ရှိလွန်းစွာဖြင့် သူ့သေနတ်ကို အလျင်စလိုလွှဲမပေးလိုက်မိလျှင် အကောင်းသားဟုသာ တွေးနေမိတော့၏။

မယုံနိုင်စရာကောင်းလောက်အောင် လျင်မြန်လွန်းလှသော အနက်ရောင်အရိပ်တစ်ခု ရေထဲမှ ရုတ်တရက်ခုန်ထွက်လာပြီး မြင်းဖြူကြီးမှာ အလိုအလျောက်နောက်ဆုတ်သွားသော်လည်း ချူဟွမ်က ၎င်း၏ဇက်ကြိုးများကို ခိုင်ခိုင်ဆွဲထားလေသည်။

နောက်တစ်ခဏတွင်ကား ထိုအရိပ်မည်းမှာ ချူဟွမ်၏သုံးမြှောင့်ဓားမြှောင်ထံ အားဖြင့်ပြေးဝင်လာကာ ထိခတ်သွားသောအသံသည် ဖန်ပြားပေါ်ကို သတ္တုဆိုင်းပြားလွှာတစ်ချပ်ဖြင့် ကုတ်ခြစ်နေသကဲ့သို့ရှိကာ ထူထပ်လှသောမြူထုကြီးအကြားဝယ် လူတိုင်းကို ကြက်သီးမွေးညင်းထစေနိုင်ပါ၏။

ထိုတိုက်ချက်မှာ တဒင်္ဂအတွင်းဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ကာ ထိုအခိုက်အတွင်းတွင်ပင် ချူဟွမ်တစ်‌ယောက် သူနှင့် တစ်ဖက်ရန်သူတို့ကြားမှ ခွန်အားကွာခြားချက်ကို နားလည်သွားရပေသည်။ သူလည်း မောင်ခေါင်းပြောင်လေးကို လက်တစ်ဖက်မှချီထားရင်းဖြင့် တစ်ကိုယ်လုံးကို နောက်ဘက်သို့လှန်ချလိုက်ကာ သူ့ခါးမှာ တံတားခုံးတစ်ခုဖြစ်လုနီးပါးအထိ ကွေးညွတ်ထားရလေ၏။ အကယ်၍ အနှီလက်သွက်ခြေသွက်ချူဟွမ်သည်သာ အရှောင်အတိမ်းစကေးတွင်အမှတ်ပြည့်ရနိုင်လောက်သော ထိပ်တန်းဆရာ့ဆရာကြီးတစ်ယောက်မဟုတ်ခဲ့ပါလျှင် ချူဟွမ်မှာ အနှီရုတ်တရက်တိုက်ခိုက်လာမှုကြောင့် သူ့ဓားမြှောင်ရော လက်တစ်ဖက်လုံးပါ သွင်သွင်ကျိုးသွားလောက်လေမလားဟုပင် တွေးမိချေသည်။

ချူဟွမ်မှာ သူ့ဆီပြေးဝင်လာသောသတ္တဝါသည် ထိုနေ့ညတုန်းက သူ့အိမ်ထဲကိုခိုးဝင်လာ၍ နန်ရှန်းဇက်ချိုးပစ်ခဲ့သော မိစ္ဆာကောင်ကလေးဖြစ်ကြောင်း အသေအချာမြင်လိုက်ရ၏။

၎င်း၏ကိုယ်ခန္ဓာကား မာကျောလှသောအကြေးခွံများ၊ သံမဏိအပ်ချောင်းများကဲ့သို့သော အမွေးကြမ်းများဖြင့် အကြားအလပ်မရှိဖုံးအုပ်ထားကာ လည်ပင်းဘေးတစ်နေရာတွင်သာ အသားနုပေါ်နေလျက် ထိုနေရာတွင် အကြေးခွံများနှင့် အမွေးကြမ်းများအကြား နေရာလွတ်ကလေးတစ်ခုအဖြစ်ရှိနေလေသည်။ အကယ်၍ သူ့အနေဖြင့် လူအိုကြီးတစ်ယောက်ကဲ့သို့ အလွန်ဆိုးရွားသောအမြင်အာရုံသာ ရှိမနေခဲ့ရိုးမှန်ပါလျှင် ထိုအချိန်တုန်းက နန်ရှန်းသည် လက်ချောင်းငါးချောင်းကိုအသုံးပြုလျက် မိစ္ဆာသတ္တဝါ၏လည်ပင်းဘေးသားကိုဆွဲကိုင်လျက် ကိုယ်ခန္ဓာလှည့်အားကိုအသုံးပြုကာ ထိုသတ္တဝါ၏လည်ကို တစ်ချက်တည်းဖြင့်လိမ်ချိုးနိုင်လိုက်ခြင်းဖြစ်ကြောင်း မှတ်မိပေ၏။

ချူဟွမ် : "ငါ့ကို သေချာကိုင်ထား!"

မောင်ခေါင်းပြောင်လေးမှာ ချက်ချင်းပင် သူ့ခေါင်းကလေးကို ထိုသူ၏ရင်ထဲတိုးဝင်လာပြီး တင်းကြပ်စွာဖက်ထားလေ၏။ ချူဟွမ်က လက်တစ်ဖက်ကိုလွှတ်လိုက်လျက် မိစ္ဆာနှင့်သူနှင့်ခေါင်းချင်းဆိုင်သွားသည့် အချိန်အတိအကျတွင် ၎င်း၏လည်မျိုကို ဖမ်းဆွဲလိုက်ချေသည်။

ထိုသူသည် လက်ငါးချောင်းကို လက်သည်းကုပ်များသဏ္ဌာန်ကွေးညွတ်လိုက်ပြီး အားကုန်သုံး၍ဖျစ်ညှစ်လိုက်သည်တွင် ထိုသတ္တဝါမှာ အသံစူးစူးဖြင့် တစ်ချက်မျှအော်မြည်လာပေ၏။ ထိုသူက လေထဲတွင်မြောက်နေဆဲအချိန်အတွင်း၌ပင် မိစ္ဆာကို ရေထဲသို့လွှင့်ပစ်လိုက်ကာ ပြုတ်ကျသွားပြီးသည်နှင့်တစ်ပြိုင်နက် ချူဟွမ်လည်း သုံးမြှောင့်ဓားမြှောင်ကိုမြှောက်ကိုင်လျက် ထိုသတ္တဝါ၏အသားထဲသို့ ထိုးစိုက်ချလိုက်လေသည်။

များပြားလှသည့်သွေးစသွေးနများကား ရင်သပ်ရှုမောဖွယ်ရာမီးရှူးမီးပန်းများသဖွယ် နေရာအနှံ့လွင့်စင်ပြန့်ကျဲနေတော့၏။ သေအံ့မူးမူးအချိန်တွင် မိစ္ဆာသတ္တဝါမှာ ချူဟွမ်ဘက်သို့လှည့်၍ ပါးစပ်ဟလာကာ အသံစူးစူးတစ်ချက်ထွက်လာပေသည်။ ချူဟွမ်တစ်ယောက် ဆန်းကြယ်လှသောလေစီးကြောင်းတစ်ခုကို ခံစားလိုက်ရကာ ရုတ်တရက် ထိုညတုန်းက အလိုအလျောက်ပွင့်သွားသောတံခါးချက်အကြောင်းကို ပြတ်တွေးမိသွားလေ၏။ သို့ရာတွင် သူ့အနေဖြင့် ထိုအကြောင်းကို သေချာစဉ်းစားရန်အချိန်မရလိုက်မီတွင် ခန္ဓာကိုယ်ကအရင်လှုပ်ရှားလိုက်နှင့်ပြီးဖြစ်ကာ - ဘေးတစောင်းလှည့်လိုက်ပြီး သူ့ဦးခေါင်းနှင့် သူ့လက်ထဲမှကလေးကို သူ့လက်မောင်းများနှင့် ဘယ်ဘက်ပခုံးတို့ဖြင့် ကာထားလိုက်ပြီဖြစ်လေသည်။

သူ့လက်မောင်းတွင် အပ်အရှည်တစ်ချောင်းဖြင့်ထိုးဆွခံလိုက်ရသကဲ့သို့ စူးကနဲတစ်ချက်အောင့်သွားပေသည်။ သို့ရာတွင် သူ့အင်္ကျီမှာကား တစ်ချက်ကလေးမျှမပေါက်မပြဲ အကောင်းအတိုင်းရှိနေဆဲပင်ဖြစ်၏။ ချူဟွမ်မှာ သုံးမြှောင့်ဓားမြှောင်ဖြင့် နေရာအနှံ့ထိုးခွဲကြည့်သေးသော်လည်း မည်သည့်အရာကိုမျှ မစမ်းမိချေ။

ထိုအရာသည်ကား လေဖြင့်ပြုလုပ်ထားသော အပ်ချောင်းကဲ့သို့ပင်ဖြစ်လေသည်။

နောက်စက္ကန့်အနည်းငယ်မျှအတွင်း ချူဟွမ်တစ်ယောက် မိစ္ဆာသတ္တဝါ၏အလောင်းနှင့် သူ၏ အကောင်းအတိုင်းရှိနေဆဲဖြစ်သောအင်္ကျီကို တစ်လှည့်စီကြည့်နေရင်းဖြင့် သူသည် ယုတ္တိမရှိ ထင်ယောင်ထင်မှားဖြစ်နေပြန်ပြီလောဟု တွေးထင်လာမိရပြန်၏။

သို့ရာတွင် မောင်ခေါင်းပြောင်လေးကို ရစ်ပတ်လျက်ရှိနေသော မြွေကလေးမှာ ရုတ်တရက်ခေါင်းထောင်လာလျက် သူ့လက်မောင်းကိုကြည့်လာကာ အလွန်စိတ်ပူနေသည့်ဟန်ရှိချေသည်။

နောက်တစ်ခဏတွင် ချူဟွမ်မှာ စူးသွားသောနေရာမှစ၍ တဖြည်းဖြည်းအေးစက်ထုံကျဉ်လာကြောင်း ခံစားလာရ၏။ ထုံကျဉ်နေသောခံစားချက်သည် သူ့ဘယ်လက်မောင်းတစ်လျှောက် လျင်မြန်စွာပျံ့နှံ့လာတော့သည်။ ချူဟွမ်တစ်ယောက် အနှီအဖြစ်အပျက်အခြေအနေများမှာ အားတက်ဖွယ်ရာမရှိလှကြောင်း ခံစားမိကာ ချက်ချင်းပင် အင်္ကျီလက်ကိုခေါက်တင်၍ လက်မောင်းအပေါ်ဘက်ကို လှန်ကြည့်လိုက်လေ၏။ သေချာပေါက်ပင် ထိုးသွင်းဒဏ်ရာတစ်ပေါက်ရှိနေကာ သွေးထွက်မများလှသော်လည်း ဒဏ်ရာမှာ ညိုပုပ်ပုပ်အရောင်ရင့်ရင့်သို့ ပြောင်းနေပြီဖြစ်ပေသည်။

ဤသည်မှာ မည်သို့သောဒဏ်ရာမျိုးဖြစ်ပြီး မည်သို့ရရှိလာခြင်းဖြစ်ပါသနည်း? ချူဟွမ်မှာ ယခုအချိန်အထိကို အတိအကျနားမလည်နိုင်သေးပါလေ။ သူအသက်ရှင်နေထိုင်ခဲ့သည်မှာ နှစ်‌ပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း ယခုကဲ့သို့သောကိစ္စမျိုးကို ကြားပင်မကြားဖူးခဲ့လေရာ - သို့ရာတွင် ယခုအခိုက်မှာ အကျိုးအကြောင်းသက်သေရှာရမည့်အချိန် မဟုတ်ချေ။ သူသည် လျင်မြန်စွာဆုံးဖြတ်ချက်ချလိုက်ပြီးနောက် သုံးမြှောင့်ဓားမြှောင်၏လက်ကိုင်ကို တင်းတင်းဆုပ်ကိုင်လျက် သွေးထွက်နေသောလမ်းကြောင်းကို ယာယီပိတ်ဆို့ထားလိုက်၏။ ထို့နောက် နန်ရှန်းပေးထားသောဓားကလေးကိုထုတ်၍ သူ့ဒဏ်ရာကို ဓားဖြင့်ထိုးခွဲလိုက်သည်တွင် အမည်းရောင်သွေးပုပ်များ အမြောက်အမြားစီးကျလာတော့သည်။ ချူဟွမ်က ထိုသွေးများကို ညှစ်ထုတ်ပစ်လိုက်ပြီးနောက် ပါးစပ်ဖြင့်လည်း အတော်များများကိုစုပ်ထုတ်ပစ်လိုက်ကာ သွေးများအနီရောင်ပြန်ဖြစ်လာသည်အထိ ဆောင်ရွက်လိုက်ပေ၏။

ချူဟွမ့်ကိုယ်ပေါ်တွင် ဘာမျှထွေထွေထူးထူးသယ်မလာမိဘဲ - နန်ရှန်း သူ့ကိုပေးထားသော သေရည်ဝါးကျည်တောက်တစ်ချောင်းသာ ပါလာချေသည်။ ယခုအချိန်တွင် သူ့အနေဖြင့် မျှော်လင့်ချက်မရှိတော့သည့်အခြေအနေထဲမှ နောက်ဆုံးအကြိမ်အဖြစ် အကောင်းဆုံးကြိုးစားကြည့်ရန်သာရှိတော့လေ၏။ ချူဟွမ်လည်း ဝါးကျည်တောက်ကိုဖြုတ်ယူလိုက်ကာ အာခေါင်စွတ်ရုံတစ်ငုံမျှမော့လိုက်ပြီးနောက် ကျန်သောသေရည်များအားလုံးကို သူ့ဒဏ်ရာပေါ်လောင်းချလိုက်ပေသည်။

ချူဟွမ်နှင့် ဓားဒဏ်ရာပေါ်သို့ အရက်တိုက်ရိုက်အလောင်းခံရသောခံစားချက်တို့မှာ သူစိမ်းများမဟုတ်ပါချေ။

ထိုခံစားချက်မှာ ပူကနဲစပ်ကနဲဖြင့် အတော်လေးနာကျင်ရသော်လည်း သေချာသည်ကား ယခုခံစားနေရသလောက်တော့ အခံရမခက်လှဘဲ - ဤခံစားချက်သည်မူ ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်ပျံ့နှံ့လာနေကာ ဦးနှောက်ထဲသို့ပင် တိုက်ရိုက်ဆောင့်တက်လာပြီး နှလုံးအိမ်တစ်ခုလုံးတိုက်စားခံလိုက်ရသည့်အလား ခရူရှီယားတပ်စ် ကျိန်စာ*နှယ် ရှိပေ၏။
[ခရူရှီယားတပ်စ်ကျိန်စာ (Cruciatus Curse) - Harry Potter ဇာတ်လမ်းထဲက ကျိန်စာတစ်မျိုးပါ။ ခွင့်လွှတ်လို့မရနိုင်တဲ့ ကျိန်စာသုံးမျိုးထဲက တစ်မျိုးဖြစ်ပြီးတော့ ဒီကျိန်စာအတိုက်ခံရတဲ့သူဟာ မခံမရပ်နိုင်လောက်အောင်ပြင်းထန်ဆိုးရွားလှတဲ့ နာကျင်မှုကို ခံစားရမှာဖြစ်ပါတယ်။ နာကျင်လွန်းလို့ မှတ်ဉာဏ်တွေဆုံးရှုံးသွားတာ၊ ရူးသွားတာတွေအပြင် ဘယ်လိုမှမခံစားနိုင်တော့တဲ့အဆုံး ဒီလိုခံစားနေရမယ့်အစား သတ်သာသတ်လိုက်ပါတော့လို့ တောင်းဆိုလာကြရတဲ့အထိ ဆိုးဆိုးရွားရွားအခံရခက်စေမှာပါ]

ဤဝါးကျည်တောက်ထဲတွင် ဆေးသေရည်များ အပြည့်ရှိနေခြင်းဖြစ်လေသည်။

အနှီဆေးသေရည်ကို မဆင်မခြင် သောက်ချင်သလိုသောက်၍ ရပါ၏လော? အဆိပ်နှင့်ဓာတ်ပြုသွားကာ ပို၍ပြင်းထန်သောအဆိပ်မျိုး ဖြစ်လာနိုင်မည်လော? ချူဟွမ်တစ်ယောက် စိတ်မပူနိုင်တော့ပါလေ။ နာကျင်လွန်းသောကြောင့် သူ့တစ်ကိုယ်လုံးတွင် ချွေးများဖြင့်ရွှဲနစ်နေပြီဖြစ်ကာ ထိုချွေးများမှာ အေးစက်လှသောမြူများနှင့်တွေ့သည့်အခိုက်၌ ချက်ချင်းခြောက်သွေ့သွားလေရာ လက်ရှိသူ့အခြေအနေသည် အတော်လေးသနားစရာကောင်းသောပုံပေါက်နေမည်မှာ အထူးတလည်ပြောနေစရာပင်မလိုတော့ချေ။

ရေစီးသံမှာ ပိုမိုကြမ်းတမ်းပြီး မတည်မငြိမ်ဖြစ်လာသည်တွင် မြင်းဖြူကြီးလည်း တဒင်္ဂမျှတွေဝေသွားပြီးနောက် ရုတ်တရက် ခေါင်းလှည့်သွားကာ လီယီမျိုးနွယ်စုတည်ရှိရာဘက်ကမ်းသို့ဦးတည်လျက် ပြန်လှည့်ပြေးတော့၏။ ချူဟွမ်မှာ အနည်းငယ်မျှယမ်းခါသွားရပြီးမှ သူ့ကိုယ်သူငြိမ်အောင်ပြန်ထိန်းလိုက်နိုင်လျက် မြင်းကိုကား မတားခဲ့ပေ။

တစ်ခါတရံတွင် တိရစ္ဆာန်များ၏ အခွင့်အရေးကိုရှာဖွေနိုင်စွမ်းနှင့် အန္တရာယ်ကိုရှောင်လွှဲနိုင်စွမ်းတို့မှာ လူသားတို့ထက် ပိုမိုစူးရှထက်မြက်တတ်လေရာ စောစောက သူတို့၏အရှေ့တွင် မြင်းကိုကြောက်လန့်စေသော တစ်စုံတရာရှိနေခြင်းဖြစ်ရပေမည်။

လောကကြီးတွင် အိမ်ခေါင်မိုးပေါက်နေပါသည်ဆိုမှ ထိုညတွင်းချင်းပင် တည့်တည့်မိုးရွာချတတ်သည့်အဖြစ်မျိုးမှာ တကယ်ကိုဖြစ်တတ်လွန်းလှလေသည်။ ဤအခိုက်တွင်ပင် ချူဟွမ်တစ်ယောက် သူ့နောက်ဘက်နားမှရေစီးသံမှာ ရုတ်တရက်ဘောင်ဘင်ခတ်လာသည်ကို ကြားလိုက်ရ၏။ သူလည်း နောက်လှည့်ကြည့်လိုက်ရာ အနက်ရောင်အကြေးခွံ၊ အမွေးကြမ်းကြီးများနှင့် စောစောကတစ်ကောင်ကဲ့သို့သော မိစ္ဆာသုံးလေးကောင် သူတို့နောက်မှ ပြေးလိုက်လာနေသည်ကို မြင်လိုက်ရချေသည်။

အဝေးဆီမှ မိုးကြိုးပစ်သံကဲ့သို့နက်ရှိုင်းကျယ်လောင်လှသော တဂျုန်းဂျုန်းတဂျိမ်းဂျိမ်းအသံများနှင့်အတူ လှုပ်ရှားရိုက်ခတ်လာကာ တစ်ချိန်တည်း၌ ထူးဆန်းလှသောလေစီးကြောင်းတစ်ခု သူတို့ထံဦးတည်လျက် နောက်တစ်ကြိမ်တိုက်ခတ်လာပြန်လေ၏။

ချူဟွမ်မှာ မြင်လည်းမမြင်ရ၊ ကြားလည်းမကြားရဘဲ ဘာမှန်းလည်းခွဲခြားမသိနိုင်ဘဲ ရှိနေရပေသည်။ သူ့အနေဖြင့် ရှင်ခြင်းနှင့်သေခြင်းနယ်နိမိတ်စည်းတည့်တည့်တွင် လမ်းချော်မသွားစေရန် တစ်ချိန်လုံးအထောက်အပံ့ဖြစ်ပေးနေခဲ့သော အလိုအလျောက်သိစိတ်ကိုသာအားကိုး၍ ရှေ့သို့ခုန်အုပ်ချလိုက်၏။ အဝတ်များပြဲစုတ်သွားသောအသံတစ်ချက်ကို ကြားလိုက်ရပြီးလျှင် ချူဟွမ်၏လေကာအင်္ကျီကား ကျောကုန်းနေရာတွင်ပေါက်သွားကာ ကော်လံအထိတောက်လျှောက်စုတ်ပြဲသွားလေသည်။

သူ့ဘယ်လက်ထဲတွင် အဆိပ်အကြွင်းအကျန်များ ကျန်ရှိနေသေးပုံရပြီး သူ့ကိုယ်ခန္ဓာဘယ်ဖက်တစ်ခြမ်းလုံး အေးစက်ထုံကျဉ်လာပေ၏။

ယခုကဲ့သို့ အရေးကြီးနေသည့်အချိန်မျိုးတွင် ကိုယ်တစ်ခြမ်းထုံကျဉ်သွားခြင်းကား သေချာပေါက်ကိုပင် ကောင်းမွန်သောကိစ္စမျိုးမဟုတ်ချေ။

ထို့နောက်ချက်ချင်းပင် ဒုတိယနှင့် တတိယမြောက်လေစီးကြောင်းများ နောက်မှကပ်ပါလာကာ ချူဟွမ်မှာ နှစ်ခါမျှ လွတ်သည်ဆိုရုံကလေးရှောင်တိမ်းနိုင်လိုက်ပြီးနောက် တတိယတစ်ကြိမ်တွင်မူ ထိုအနက်ရောင်သတ္တဝါမှာ သူ့ဘေးသို့ရောက်လာပြီဖြစ်၍ ၎င်း၏လက်သည်းချွန်များကိုဆန့်တန်းလာလျက် သူ့ထံတည့်တည့်ဦးတည်ပြီး လှမ်းကုတ်လေတော့သည်။

ချူဟွမ်က ထိုသတ္တဝါ၏ရင်ညွန့်တည့်တည့်ကို ကန်ချလိုက်သည်တွင် အနက်ရောင်မိစ္ဆာမှာ နာကျင်မှုကြောင့်တစ်ချက်အော်မြည်လိုက်ကာ ရုတ်တရက် သူ့ဘက်သို့လှည့်၍ ပါးစပ်ဟလာလျက် ၎င်း၏ ချွန်ထက်လှသောအစွယ်ချွန်ချွန်များနောက်ကွယ်မှ နက်ရှိုင်းမည်းမှောင်လှသောလည်မျိုပေါက်ကို လှစ်ဟပြသနေတော့၏။

/သေစမ်း... ဒီလှည့်ကွက်ပဲလား!/

သည်တစ်ကြိမ်တွင်မူ ချူဟွမ်အနေဖြင့် အန္တရာယ်များလှသောအနေအထားကြောင့် ရှောင်၍မရနိုင်တော့ဘဲ - အကယ်၍ သူရှောင်လိုက်မည်ဆိုပါက လေစီးကြောင်းမှာ မောင်ခေါင်းပြောင်လေးထံ တည့်တည့်ထိသွားပေလိမ့်မည်။

သို့ရာတွင် အတင်းအကြပ်ခုခံနေဦးမည်ဆိုလျှင်လည်း သူသည် ဖုတ်အလောင်းကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားလျက် အသက်ရှူရုံသာလုပ်နိုင်တော့မည်လား ချူဟွမ်တစ်ယောက်မသိနိုင်ဘဲ... သို့မဟုတ်ပါက ထုံကျဉ်နေသောခံစားချက်မှာ သူ့နှလုံး၊ အဆုတ်များအထိပျံ့နှံ့လာ၍ အသက်ပင်မရှူနိုင်တော့သော ဖုတ်အလောင်းကောင်ဖြစ်လာရချေမည်။

မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်စာမျှသာရှိသည့် တိုတောင်းလှသောအချိန်လေးအတွင်း သူ့အနေဖြင့် မောင်ခေါင်းပြောင်လေးကိုသာ သေချာကာကွယ်ပေးထားရင်းဖြင့် သူ့လက်ထဲမှဓားမြှောင်ကိုမြှောက်ကိုင်ကာ ထိုတိုက်ခိုက်မှုကို အရာမရောက်နိုင်သည့်နည်းလမ်းမျိုးဖြင့်သာ တားဆီးနိုင်လေ၏။

ထို့နောက်ကား အလွန်ဆန်းကြယ်လှသောအရာတစ်ခု ဖြစ်ပျက်သွားပေသည်။ ဓားကိုတစ်ဝက်မျှသာထုတ်ရသေးချိန်၌ ချူဟွမ်မှာ "တစ်ခုခုကိုတော့ခုတ်မိပြီ"ဟူသည့်ခံစားချက်မျိုး ရလာချေ၏။ ဓားကိုကိုင်ထားသောသူ့လက်မှာ ရုတ်တရက်ပိုမိုခိုင်မြဲသွားရကာ အားစိုက်၍ခုတ်ချလိုက်လေသည်။ လေဟာနယ်ထဲတွင် ပြတ်သားကြည်လင်လှသောအသံတစ်ချက်ထွက်ပေါ်လာပြီး 'လေ'နှစ်ခြမ်းကွဲသွားသည့်အလား တစ်ခြမ်းမှာ ချူဟွမ်၏ပခုံးဘေးနားမှ ပွတ်ကာသီကာမျှဖြတ်သန်းသွားကာ တစ်ခြမ်းသည်မူ မိစ္ဆာသတ္တဝါ၏မျက်နှာထံ တည့်တည့်ပြေးဝင်လာလျက် ၎င်းမျက်ခွက်ကို ထိထိရောက်ရောက်ဖြတ်ရိုက်လိုက်သည့်နှယ်ရှိ၍ မျက်နှာတစ်ခြမ်းတွင် ဓားဒဏ်ရာအနက်ကြီးတစ်ခု ဖြစ်ပေါ်သွားရပေ၏။

ဤသည်ကား လေဟုန်ကိုခွင်းနိုင်သော ဓားတစ်စင်းပင်...။

သို့ရာတွင် ချူဟွမ်မှာ "ကိုယ်ပိုင်မှော်ဝင်ပစ္စည်းတစ်ခုကိုင်ထားရသည်"ဟူသောအသိမှ ပြန်၍သတိလည်မလာနိုင်မီတွင် သူ၏မြင်းဖြူကြီးကား ဗီဇပြောင်းမိကျောင်းများဖြစ်ရမည်ဟု သူသံသယဝင်ခဲ့သောသတ္တဝါကြီး၏ အလောင်းကို ခုန်ကျော်လိုက်ကာ - သူတို့ထွက်လာခဲ့ပြီးသားနေရာသို့ ပြန်ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှားနေလေသည်။ ထို့နောက် သူတို့အလဲထိုးချခဲ့နိုင်သော 'ဗီဇပြောင်းမိကျောင်း'နှစ်ကောင်မှာ ဘေးနှစ်ဖက်လုံးမှပိတ်ထားလျက် သူတို့ကိုထပ်မံတိုက်ခိုက်လာချေ၏။

ချူဟွမ်ကား ၎င်းတို့၏အမေများကိုကလော်တုတ်ချင်လာသည်အထိ ဒေါသထွက်နေပြီဖြစ်ကာ တစ်ခြမ်းလုံးလုံးလှုပ်ရှား၍မရတော့သော သူ့ကိုယ်ခန္ဓာကို အတင်းဆွဲလွဲလျက် နောက်တစ်ကြိမ်တိုက်ပွဲဝင်ရပေတော့သည်။

မြင်းဖြူကြီးမှာ မြည်ဟည်းလျက် မိစ္ဆာကြီးနှစ်ကောင်အကြားတွင် ရဲရင့်စွာဖြတ်သန်းသွားလေ၏။ ချူဟွမ်က အလင်း၏အမြန်နှုန်းဖြင့် မိစ္ဆာကြီးတစ်ကောင်၏ ငေါထွက်နေသောနှာရိုးနှင့် ပါးစပ်ကို ခုတ်ဖြတ်ပစ်လိုက်ချေသည်။ ထိုသတ္တဝါကြီး၏အော်ဟစ်သံကြောင့်ဖြစ်ပေါ်လာရသည့် မူးဝေနေသောခံစားချက်ကိုပင် လျစ်လျူရှုထားလိုက်လျက် ရှေ့သို့သာဆက်တိုးလိုက်ရကာ - အကြောင်းကား နောက်တစ်ကောင်မှာ ၎င်း၏ဧရာမခေါင်းကြီးကို ခါယမ်းလျက် သူ့ထံပြေးဝင်လာနေပြီဖြစ်သောကြောင့်ပင်။

ချူဟွမ်မှာ အကောင်းအတိုင်းကျန်နေသေးသော သူ့ညာလက်တစ်ဖက်ကိုလည်း ချန်မထားတော့ရန်ဆုံးဖြတ်ထားပြီးဖြစ်၍ ဓားမြှောင်ကိုကိုင်မြှောက်လျက် ထိုသတ္တဝါကြီးကိုကြိုဆိုလိုက်လေသည်။

ဤအချိန်တွင်ပင် ထူးဆန်းလှသောအဖြစ်အပျက်တစ်ခုနှင့် ကြုံလာရပြန်၏။

အဖြူရောင်မြူထုထဲမှ ဆန်းကြယ်လှသောလှိုင်းအချို့ ပေါ်ထွက်လာပေသည်။ ချူဟွမ်၏ဓားသည် ပုံရိပ်ယောင်တစ်ခုအလား မိစ္ဆာကြီးကိုမထိမခိုက်ဖြတ်သန်းသွားလျက် မိစ္ဆာကြီးမှာလည်း သူ့ကိုယ်ခန္ဓာကို ဖောက်ထွင်းဖြတ်ဝင်သွားကာ... ထူးထူးခြားခြားအသက်ဝင်လွန်းလှသည့် သုံးဖက်မြင်ပုံရိပ်တစ်ခုကဲ့သို့ပင် ရှိနေတော့၏။

သို့တည်းမဟုတ်... တစ္ဆေအရိပ်တစ်ခုနှယ်။

မိစ္ဆာကြီးမှာ ရေထဲသို့ပြုတ်ကျသွားသော်လည်း လှိုင်းထမလာဘဲ သူတို့နောက်မှ အသည်းအသန်တောက်လျှောက်လိုက်နေခဲ့သော မိစ္ဆာကောင်လေးများသည်လည်း လေထဲတွင်ပင် အငွေ့ပျံပျောက်ကွယ်သွားကြပုံရချေသည်။

/ဘာတွေဖြစ်နေတာလဲ?/

တစ်လျှောက်လုံး ဒရောသောပါးထွက်ပြေးနေခဲ့ကြရသည့် သူတို့အုပ်စုကား သံသယပေါင်းစုံဖြင့် စိတ်မသက်သာစွာ ရပ်တန့်နေကြရ၏။ အဆိပ်မြွေကလေးမှာ ရုတ်တရက် မောင်ခေါင်းပြောင်လေးထံမှ လျှောဆင်းသွားကာ ချူဟွမ် ၎င်းကိုမိအောင်မဖမ်းလိုက်နိုင်မီတွင် ထိုသတ္တဝါလေးသည် ရေထဲသို့ခုန်ဆင်းသွားပြီဖြစ်ကာ အရိပ်အယောင်ပင်မကျန်တော့ဘဲ ရေကူးပြေးသွားတော့သည်။

အဝေးမှဟိန်းဟောက်သံသည်လည်း အားလုံးသတိမထားလိုက်မိဘဲ ပျောက်ကွယ်သွားလေ၏။

ယခုအချိန်ကျမှ ချူဟွမ်တစ်ယောက် ဤနေရာမှမြစ်ရေမှာ ယခင်ကထက် များစွာပို၍တိမ်သည့်ပုံရှိကြောင်း သိလိုက်ရလေသည်။

ထိုသို့ဆိုလျှင်... သူတို့ မကြာမီ ကမ်းပေါ်ရောက်နိုင်တော့မည်ဟု ဆိုလိုခြင်းပေလော?

အရာအားလုံးမှာ အိပ်မက်တစ်ခုကဲ့သို့ပင်ရှိနေသော်လည်း ကိုယ်ပေါ်မှချွေးစေးများသည်လည်း သည်အတိုင်း၊ သွေးများဖြင့်ရွှဲနစ်နေသော အင်္ကျီလက်မောင်းများသည်လည်း သည်အတိုင်း၊ ဘယ်ဘက်ကိုယ်တစ်ခြမ်း၏ ထုံကျဉ်တောင့်တင်းနေမှုသည်လည်း သည်အတိုင်းပင် ရှိနေဆဲဖြစ်ပေ၏။ မိနစ်နှစ်ဆယ်အကြာ ချူဟွမ်အသက်ရှူရစတင်ခက်ခဲလာချိန်တွင် မြင်းခွာများမှာ မြေပြင်ပေါ်သို့ကျရောက်လာလေတော့သည်။

သူ့အမြင်အာရုံမှာ ဝေဝါးလာနေပြီဖြစ်ပြီး သူ့နားများသည်လည်း တဖြည်းဖြည်းနှင့် အသံမကြားရတော့ချေ။ ချူဟွမ်မှာ သူ့အနေဖြင့် ပို၍အကောင်းမြင်တတ်သင့်သည်ဟု ခံစားမိကာ - ဥပမာအားဖြင့် ထွက်ပြေးသွားသောမြွေကလေးသည် စင်စစ်အားဖြင့် အကူအညီသွားတောင်းနေခြင်းဖြစ်ပြီး... သို့ရာတွင် စောစောက သူတို့ကို လမ်းပျောက်အောင်ပြဿနာရှာခဲ့ပုံအရဆိုလျှင် သူ၏ဤအတွေးကား စိတ်ကူးယဉ်မျှော်လင့်နေမိခြင်းသက်သက်သာဖြစ်သည်ဟု ခံစားရပေသည်။

ရုတ်တရက်ကြီးထွက်ပေါ်လာပြီး ရုတ်တရက်ကြီးပျောက်ကွယ်သွားသော မိစ္ဆာသတ္တဝါများ၏ကိစ္စကား ရုပ်လောကတစ်ခုတည်းသာရှိ၍ နာမ်လောကမရှိဟု စွဲစွဲမြဲမြဲယုံကြည်ခဲ့သောသူ့ဦးနှောက်ကို လုံးဝကမောက်ကမဖြစ်သွားစေလျက်ရှိ၏။ ချူဟွမ်တစ်ယောက် သူသတိရှိနေသေးသလောဆိုသည်ကို သူ့ကိုယ်သူပင်မသိနိုင်တော့အောင် ရှိနေလေသည်။ သူ့လက်ထဲတွင်ထွေးပွေ့ခံထားရသော မောင်ခေါင်းပြောင်လေးသည်မူ အသက်ပင်ကျယ်ကျယ်မရှူရဲတော့ပေ။

ရုတ်တရက် မောင်ခေါင်းပြောင်လေးမှာ လည်ပင်းကိုဆန့်တန်းလာကာ တစ်စုံတစ်ခုကို လှမ်းမြင်လိုက်ရဟန်ရှိ၏။ ချူဟွမ်လည်း နားထဲတွင်မြည်ဟိန်းနေသော တဝီဝီအသံများကြားမှ "အပါ" ဟုလှမ်းခေါ်လိုက်သံကို ကြားလိုက်ရပြီးနောက် အဝေးဆီမှ တဖြည်းဖြည်းနီးကပ်လာနေသောအသံများကို သတိပြုမိလာတော့သည်။

ချူဟွမ်က မျက်လုံးများကိုမှေးစင်းလျက် အားစိုက်ကြည့်လိုက်သည်တွင် နန်ရှန်း၊ ရှောင်ဖန်းနှင့် မောင်ခေါင်းပြောင်လေး၏ဖခင်တို့ကို မှုန်ဝါးဝါးမြင်လိုက်ရပေသည်။

မြွေကလေးသည် နန်ရှန်း၏လက်မောင်းပေါ်တွင် ရစ်ခွေနေလျက် - ထိုသတ္တဝါကား အမှန်တကယ်ကို အကူအညီသွားရှာလာခဲ့ခြင်းပင်ဖြစ်၏။

/ဒီ သေချင်းဆိုးမြွေတိရစ္ဆာန်... မင်းပထွေးကို အခါတစ်သောင်းလောက် အဝီစိရောက်အောင် ဒုက္ခတွင်းထဲတွန်းပို့ပြီးတော့မှပဲ တစ်ခါလောက် အသုံးကျလာတော့တယ်/

လီယီမျိုးနွယ်စုမှ ယောက်ျားသားအချို့ သူ့အနီးသို့ ချက်ချင်းဝန်းရံလာကြကာ သူတို့ပြောနေကြသည့်အရာများကိုကား ချူဟွမ်တစ်ယောက် မကြားနိုင်တော့ပါလေ။ သူ၏ လက်ကျန်အင်အားကို အကုန်စုစည်းလိုက်လျက် မောင်ခေါင်းပြောင်လေးကို ဖခင်ဖြစ်သူ၏လက်ထဲသို့ ထည့်ပေးလိုက်ပေ၏။

သူ့အနေဖြင့် နန်ရှန်းကို အလိုအလျောက်ရှာဖွေမိသည့်အခါတွင်မှ နန်ရှန်း သူ့ဘယ်ဘက်လက်ကိုဆွဲကိုင်ထားသည်မှာ အတော်လေးကြာပြီဖြစ်ကြောင်းကို သိလိုက်ရကာ - သူ့ဘယ်လက်တစ်ဖက်လုံးမှာ ထုံကျဉ်နေလျက် အာရုံခံနိုင်စွမ်းလုံးဝပျောက်ဆုံးသွားချေပြီ။

ချူဟွမ်မှာ နန်ရှန်းကိုအားပြုလျက် မြင်းပေါ်မှဆင်းလာရန် ရည်ရွယ်ခဲ့သော်လည်း တစ်ချက်မျှသာလှုပ်လိုက်ရသေးသည်နှင့် ခြေနင်းကွင်းထဲတွင်ရှိနေဆဲဖြစ်သော ခြေထောက်တစ်ဖက်မှာ ပျော့ခွေကျသွားရပြီးနောက် မြင်းထက်မှ ဦးစိုက်ကျွမ်းပြန်ပြုတ်ကျလာလေတော့သည်။

--- End of Book One. ---

----------------------

T/N:

နောက်ဆုံးတော့ ဆူး tran တာ Book 1 တော့ပြီးသွားပါပြီ 🥳

"ဤကမ္ဘာ" arc ကလည်း ဒီအခန်းမှာ အဆုံးသတ်ခဲ့ပါပြီ။ နောက်တစ်ခန်းကစပြီး Book 2 ရဲ့ arc အသစ်စတော့မှာဖြစ်ပါတယ်ရှင့် 💗

Please support NUG. အရေးတော်ပုံ အောင်ရမည် 💪

May you all be safe from Covid, too 🙏

29.7.2021

❤❤❤

(Zawgyi)

ေခ်ာေမာလြန္းလွေသာ ထိုအမ်ိဳးသားအတြက္ အသက္ေပးရမည္ဆိုလွ်င္လည္း ဤေနရာတြင္ပင္ အသက္စြန႔္လိုက္ႏိုင္ပါသည္...

ျမင္းေမြးကလပ္အမ်ားစုတြင္ အမ်ိဳးမ်ိဳးေသာအရွိန္အဝါ၊ အသြယ္သြယ္ေသာအရည္အခ်င္းတို႔ျဖင့္ ျမင္းတစ္အုပ္ေတာ့ ရွိစၿမဲပင္ျဖစ္ေလသည္။ ၿပိဳင္ျမင္းမ်ားေသာ္လည္းေကာင္း၊ မ်ိဳးေကာင္းမ်ိဳးသန႔္ျမင္းမ်ားေသာ္လည္းေကာင္း အားလုံးပင္ ျပန္ေရာင္းစားခံၾကရမည္ျဖစ္ကာ ထိုျမင္းမ်ားမွာ အိမ္ႀကီးအိမ္ေကာင္းတစ္လုံးစာႏွင့္ပင္ လဲလွယ္ႏိုင္ေလာက္ေအာင္ တန္ေၾကးရွိၾကေပ၏။ သို႔တိုင္ေအာင္ အႏွီျမင္းေကာင္းျမင္းသန႔္မ်ားအားလုံး၏ အဆင့္အတန္းအျမင့္ဆုံးေသာ ခမ္းနားတင့္တယ္မႈမ်ားအားလုံးကို ေပါင္းစုလိုက္မည္ဆိုလွ်င္ပင္ အႏွီျမင္းျဖဴႀကီးႏွင့္ႏႈိင္းယွဥ္လိုက္မည္ဆိုပါက မည္သည့္ဘက္က ပို၍အရည္အခ်င္းျမင့္ျမတ္ေၾကာင္းကို ဆုံးျဖတ္ရန္တစ္ခုသာရွိေတာ့၏။

ဤျမင္းမွာ ခ်ဴဟြမ္၏ဘဝတစ္ေလွ်ာက္လုံးတြင္ ေတြ႕ခဲ့ဖူးသမွ်အနက္ အေကာင္းဆုံးေသာျမင္းပင္ျဖစ္ေခ်သည္။

အသီးအ႐ြက္စားသတၱဝါတစ္ေကာင္သာျဖစ္သည့္ ထိုျမင္းသည္ ထူထပ္လွေသာျမဴထုႀကီးထဲ၌ တစ္ေကာင္တည္းျဖင့္ မိစာၦႀကီးမ်ားအၾကား ေခါက္တုံ႔ေခါက္ျပန္ေျပးလႊားသြားလာေနခဲ့၏။ ထိုသတၱဝါအေနျဖင့္ မည္မွ်ေၾကာက္လန႔္ေနၿပီျဖစ္ေၾကာင္းကို ထုတ္ေဖာ္ေျပာေနရန္ မလိုအပ္ပါေလ။ ခ်ဴဟြမ္တစ္ေယာက္ ထိုသတၱဝါ၏ ဗီဇသဘာဝလႈပ္ရွားတုန႔္ျပန္မႈမ်ားကို ထိန္းခ်ဳပ္ရန္မလြယ္လွေၾကာင္း ခံစားမိေပသည္။ သို႔ေသာ္လည္း ျမင္းျဖဴႀကီးမွာ ေၾကာက္သည္ဟူေသာခံစားခ်က္ကို ေၾကာက္သည့္ေနရာတြင္သာထားကာ ကသမ္းကရမ္းမျပဳမူသကဲ့သို႔ တြန႔္ဆုတ္သြားျခင္းလည္းမရွိဘဲ ႏိုးၾကားေသာသတိတရားျဖင့္ ေက်ာေပၚမွလူ၏အမိန႔္မ်ားကို နာခံ႐ြက္ေဆာင္ေပးလ်က္ တစ္ခ်ိန္တည္းတြင္ပင္ သူ႔နည္းသူ႔ဟန္ျဖင့္ လြတ္ေျမာက္ႏိုင္မည့္နည္းကို ႀကိဳးစားရွာေဖြလ်က္ရွိေပ၏။

သို႔ရာတြင္ ထိုကိစၥႏွင့္ပတ္သက္၍ ေတြးၾကည့္လိုက္လွ်င္ နန္ရွန္းကဲ့သို႔ေသာသူမ်ိဳးမွာ လူတစ္ေယာက္ကိုျပန္ပို႔ေပးရန္အတြက္ဆိုလွ်င္ အေကာင္းတကာ့အေကာင္းဆုံးတို႔ျဖင့္ စီစဥ္ေဆာင္႐ြက္ေပးမည္သာျဖစ္ေခ်သည္။

ျမင္းျဖဴႀကီးမွာ 'ေႁမြတူပုတ္သင္တူ' မိစာၦေကာင္ႀကီးကို ေရထဲသို႔ခါခ်လိုက္၏။ အနည္းငယ္မွ် ေရွ႕ဆက္သြားၿပီးသည့္ေနာက္ ခ်ဴဟြမ္တစ္ေယာက္ ျမဴထု၏အနက္ရႈိင္းဆုံးေသာတစ္ေနရာမွ ဟိန္းေဟာက္သံတစ္ခုကို မသဲမကြဲၾကားလိုက္ရေပသည္။

သူ႔ေရွ႕မွ သိပ္သည္းလွေသာျမဴထုႀကီးမွာ သည္းထိတ္ရင္ဖိုဇာတ္လမ္းမ်ားထဲတြင္ျမင္ေတြ႕ရသည့္ ဇီဝဓာတုပစၥည္းမ်ားေၾကာင့္ျဖစ္ေပၚလာေသာ ပတ္ဝန္းက်င္ညစ္ညမ္းမႈမ်ားအေၾကာင္းကို အလိုအေလ်ာက္ေတြးမိလာေစသည္။ သိပၸံအေျခခံအသိပညာအရ ခ်ဴဟြမ္အေနျဖင့္ လက္ခံေလာက္ႏိုင္စရာရွိသည့္ တစ္ခုတည္းေသာအေၾကာင္းျပခ်က္ကား အႏွီမိစာၦႀကီးမ်ားမွာ ေရဒီယိုဓာတ္သတၱိႂကြညစ္ညမ္းမႈတစ္မ်ိဳးမ်ိဳးေၾကာင့္ ပုံမွန္မဟုတ္ေသာဗီဇေျပာင္းသတၱဝါႀကီးမ်ားအျဖစ္ ေျပာင္းလဲသြားရျခင္းျဖစ္မည္ဟူ၍ ျဖစ္၏။

ဤသို႔ေတြးၾကည့္လွ်င္... မိစာၦမ်ားဆိုသည္မွာ ကိစၥမရွိလွေတာ့ေသာ္လည္း ေမာင္ေခါင္းေျပာင္ေလးအေနျဖင့္ ထိုျမဴမ်ားကို အေတာ္မ်ားမ်ားရႉရႈိက္လိုက္မိၿပီးသည့္ေနာက္ ျပႆနာတစ္ခုခုျဖစ္လာပါမည္ေလာ?

"မင္း ေၾကာက္ေနၿပီလား?"

ခ်ဴဟြမ္က ညင္သာစြာေမးလိုက္၏။

ေမာင္ေခါင္းေျပာင္‌ေလးႏွင့္ ေႁမြကေလးမွာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ အျပန္အလွန္ၾကည့္ေနၾကၿပီးေနာက္ တစ္ေယာက္ႏွင့္တစ္ေယာက္ဖက္၍ ကုပ္ကုပ္ေကြးေကြးကေလး ပုေနၾကရာမွ တစ္ၿပိဳင္တည္းပင္ ေခါင္းေထာင္လာၾကေခ်သည္။

ခ်ဴဟြမ္ကား သက္ျပင္းသာခ်ႏိုင္ေလေတာ့သည္။

"ေကာင္ေလးတို႔..."

ဤကမာၻႀကီးထဲတြင္ ေသာက္မွန္းကမ္းမွန္းမသိေသာ ကေလးေပါက္စနေလးမ်ားသည္သာလွ်င္ အခ်ိန္မေ႐ြးအႏၲရာယ္ႏွင့္ႀကဳံရႏိုင္ေသာအခ်ိန္မ်ိဳး၌ ျပႆနာကို တည့္တည့္ႀကီးမ်က္ႏွာခ်င္းဆိုင္ေျပးေတြ႕ကာ ထီမထင္သည့္အမူအရာမ်ိဳးျဖင့္ ေခါင္းေမာ့ရင္ေကာ့လ်က္ ေၾကာက္မေနေၾကာင္းကို ျပသၾကေပလိမ့္မည္။

မည္သို႔ပင္ျဖစ္ေစ ထိုသတၱဝါေလးမ်ားကိုလည္း မည္သူကမွ် အားကိုးအားထားျပဳရန္ ေမွ်ာ္လင့္မေနပါေခ်။

ခ်ဴဟြမ္ : "ငါ ခုေတာ့နားလည္သြားၿပီ။ မင္းရဲ႕ မမေလး ဟြားကူးေသြာ္က မင္းထိုင္ငိုတဲ့အထိ ေဆာ္ပေလာ္တီးရတဲ့အလုပ္ကို ဘာလို႔မ်ား အဲ့ေလာက္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္လုပ္တာလဲ ဆိုတာကိုေလ"

ျမင္းျဖဴႀကီး၏ေျခလွမ္းမ်ား အနည္းငယ္တုန႔္ဆိုင္းသြားကာ ခ်ဴဟြမ္၏ႏွလုံးသည္လည္း ထိုအတိုင္းပင္ျဖစ္ေနေလ၏။

အလြန္အေတြ႕အႀကဳံႂကြယ္ဝလွၿပီျဖစ္ေသာ လူတစ္ေယာက္ႏွင့္ ျမင္းတစ္ေကာင္မွာ မွန္းဆႏိုင္လိုက္ၿပီးျဖစ္ေပသည္။ ဟိန္းေဟာက္သံမွာ ျမစ္တစ္ဖက္ကမ္းရွိ လီယီမ်ိဳးႏြယ္စုတို႔ေနရာထံမွ ထြက္ေပၚလာျခင္းျဖစ္ႏိုင္၏။ ယခုအခ်ိန္တြင္ ေမာင္ေခါင္းေျပာင္ေလး၏ တစ္မိသားစုလုံးမွာ ထိုေနရာတြင္ရွိေနၿပီး... မွန္ေပသည္... နန္ရွန္းေရာျဖစ္၏။

ခ်ဴဟြမ္တစ္ေယာက္ နန္ရွန္းအေၾကာင္းကိုေတြးလိုက္မိသည္ႏွင့္ ခ်က္ခ်င္းပင္ စိတ္ပူလာမိေလသည္။ သူ႔အေနျဖင့္ နန္ရွန္းကို ေနာက္တစ္ႀကိမ္ထပ္မံေတြ႕ဆုံခြင့္ရရန္ လိုအပ္သည္ဟု ခံစားမိလာကာ အနည္းဆုံးေတာ့ စကားေလးတစ္ခြန္းႏွစ္ခြန္းမွ်ေျပာ၍ နန္ရွန္းအဆင္ေျပေျပရွိေနေၾကာင္း သူ႔ကိုယ္သူေသခ်ာေစခ်င္ေသးသည္။

စိုးရိမ္ပူပန္မႈကား ေတာမီးတစ္ခုႏွယ္ သူ႔ႏွလုံးသားထဲ၌ ေတာက္ေလာင္ေနၿပီျဖစ္ကာ ထိုမီးလွ်ံမွာ လြယ္လြယ္ကူကူျငႇိမ္းသတ္၍ရႏိုင္ေသာမီးမ်ိဳး မဟုတ္သျဖင့္ ခ်ဴဟြမ္လည္း ခ်ီတုံခ်တုံျဖစ္ေနရေပ၏။

သို႔ရာတြင္ ရင္ထဲ၌ေတာမီးေလာင္ေနေသာ္လည္း သူ႔ဦးေႏွာက္မွာ မထိမခိုက္အေကာင္းအတိုင္းရွိေနဆဲပင္ ျဖစ္ေလသည္။ ေခတၱမွ်ရပ္သြားၿပီးသည့္ေနာက္ ခ်ဴဟြမ္က ျမင္းဇက္ႀကိဳးကို အနည္းငယ္မွ် ဆြဲလွည့္လိုက္ေတာ့သည္။

"မဟုတ္ေသးဘူး။ ဟိုဘက္ကမ္းကိုပဲ အရင္ျပန္သြားၾကရေအာင္"

ျမင္းျဖဴႀကီးအေနျဖင့္ နားလည္ႏိုင္ေသာ္လည္း ေမာင္ေခါင္းေျပာင္ေလးႏွင့္ ေႁမြကေလးတို႔မွာကား လူႀကီးမ်ား၏ ဗေလာင္းဗလဲအေျပာင္းအလဲျမန္မႈကို နားမလည္ႏိုင္ဘဲရွိေနၾကလ်က္ - ထိုသူမွာ ငိုယိုေသာင္းက်န္းေနခဲ့ေသာ ေမာင္ေခါင္းေျပာင္ကေလးကိုပင္ အတင္းအၾကပ္အငိုတိတ္ေအာင္လုပ္ၿပီး မ်ိဳးႏြယ္စုထံသို႔ျပန္ပို႔လိုခဲ့ျခင္းျဖစ္ေပရာ ႐ုတ္တရက္ႀကီး အဘယ္အေၾကာင္းေၾကာင့္ ေနာက္သို႔ျပန္လွည့္သြားရပါသနည္း?

ျမင္းျဖဴႀကီးလည္း ေရစီးေၾကာင္းအတိုင္းလိုက္သြားကာ သူတို႔လာခဲ့သည့္လမ္းတစ္ေလွ်ာက္ ျပန္လွည့္ေျပးေလ၏။

မည္သို႔ပင္ဆိုေစကာမူ နန္ရွန္းမွာ မ်ိဳးႏြယ္စုေခါင္းေဆာင္၊ အ႐ြယ္ေရာက္ၿပီးလူႀကီးတစ္ေယာက္ျဖစ္ၿပီး ေမာင္ေခါင္းေျပာင္ေလးကား ထိုသို႔မဟုတ္ေခ်။ အႏွီ စိတ္ရႈပ္စရာအ႐ိုင္းအစိုင္းသတၱဝါေလးတြင္ အရည္အခ်င္းဟူ၍ သစ္ပင္တက္ျခင္းႏွင့္ ျပႆနာရွာျခင္းတို႔သာရွိေလရာ ခ်ဴဟြမ္အေနျဖင့္ သူ႔ကို ခန႔္မွန္း၍မရႏိုင္ေသာအႏၲရာယ္ေတာထဲသို႔ အတူတူေခၚေဆာင္သြား၍ မျဖစ္ေပ။

သူ႔အေနျဖင့္ ေမာင္ေခါင္းေျပာင္ေလးကို တတ္ႏိုင္သမွ်အျမန္ဆုံးအခ်ိန္အတြင္း တစ္ေနရာရာသို႔ပို႔ထားကာ အေဝးေျပးလမ္းတစ္ေလွ်ာက္ရွိ ေတာင္တန္းမ်ားေပၚတြင္ေနထိုင္ၾကေသာ ႐ြာသားမ်ားထံ ေခတၱအပ္ႏွံထားၿပီးမွ ျမစ္ကိုျဖတ္ကူး၍ လီယီမ်ိဳးႏြယ္စုထံ အေျပးျပန္လာေတာ့မည္ဟု ဆုံးျဖတ္လိုက္၏။

"ဒီတစ္ေခါက္ေတာ့ ငါတို႔ လမ္းမေပ်ာက္တာေကာင္းလိမ့္မယ္"
ခ်ဴဟြမ္မွာ တ႐ုတ္ဘာသာစကားသို႔ အလိုအေလ်ာက္ေျပာင္းလဲ၍ ခပ္တိုးတိုးေရ႐ြတ္မိေလသည္။
"ငါ အခ်ိန္မီႏိုင္ေသးရင္ေကာင္းမယ္"

သို႔မဟုတ္ပါက အကယ္၍ ထိုေနရာတြင္ တစ္စုံတရာျဖစ္ပ်က္သြားခဲ့ပါလွ်င္ သူ႔အေနျဖင့္ ဤေသနာေကာင္ေလးကို ေကြၽးေမြးေစာင့္ေရွာက္ေပးရန္ တာဝန္ယူေနရဦးမည္မဟုတ္ပါေလာ?

ခ်ဴဟြမ္ကား ေမာင္ေခါင္းေျပာင္ေလးကို ငုံ႔ၾကည့္လိုက္လ်က္ ဝမ္းနည္းစြာ ေတြးေနမိေတာ့သည္။
/"အဲ့လိုဆိုရင္လည္း ငါေတာ့ အဲ့ေနရာမွာပဲ အသက္စြန႔္လိုက္ၿပီး အဲ့ဒီကိုလူေခ်ာအတြက္ ငါ့ရဲ႕ခ်စ္ျခင္းေမတၱာကို အသက္ေပးၿပီးသက္ေသျပလိုက္ပါ့မယ္"/

ႏွေျမာစရာေကာင္းသည္မွာ အစီအစဥ္ဟူသည္ အေျခအေနအေျပာင္းအလဲမ်ားႏွင့္ အမီမလိုက္ႏိုင္ျခင္းပင္ျဖစ္ေပ၏။ "လက္ေတြ႕ဘဝ"ဟူေသာအရာကို "လက္ေတြ႕ဘဝ"ဟု ေခၚတြင္ရျခင္းမွာ ထိုအရာသည္ ေတြးထင္ေမွ်ာ္လင့္ထားသည္မွ အလြန္ျခားနားေနတတ္ေသာေၾကာင့္ ျဖစ္ေလသည္။

ျမင္းျဖဴႀကီးမွာ အရွိန္ကုန္ေျပးေနရာမွ ႐ုတ္တရက္အငိုက္မိသြားကာ ေနာက္ေျခႏွစ္ဖက္လုံး ကဆုန္ေပါက္သြားၿပီး နာက်င္လြန္းေသာေၾကာင့္ ျမည္ဟည္းေနေလ၏။ ေရွ႕ေျခႏွစ္ဖက္လည္း ေပ်ာ့ေခြက်သြားကာ ေျခလွမ္းမ်ားကေမာက္ကမျဖစ္သြားရလ်က္ လဲက်သြားေတာ့မတတ္ပင္ ျဖစ္သြားေပသည္။ သို႔ရာတြင္ ၎၏ေက်ာေပၚတြင္ လူမ်ားရွိေနေသးေၾကာင္း သတိရသြားပုံရကာ တုန္တုန္ယင္ယင္ျဖင့္ ျပန္၍ဟန္ခ်က္ထိန္းလိုက္ၿပီးေနာက္ အားကုန္ထုတ္လ်က္ ၿငိမ္ေအာင္ရပ္ေပးရွာ၏။

ခ်ဴဟြမ္တစ္ေယာက္ ျမင္းျဖဴႀကီး၏ေပါင္တြင္ ဒဏ္ရာတစ္ခုေတြ႕လိုက္ရကာ တစ္ခုခုႏွင့္ျခစ္မိထားပုံရၿပီး ေသြးစီးေၾကာင္းမွ်င္မွ်င္ေလးမ်ား ျမစ္ေရထဲသို႔ စီးဝင္သြားေခ်သည္။

ေမာင္ေခါင္းေျပာင္ေလး၏မ်က္ဝန္းမ်ား ျပဴးက်ယ္သြားလ်က္ ခ်ဴဟြမ္တစ္ခါမွ်မၾကားဖူးခဲ့ေသာ စကားလုံးတစ္ခုကို ေရ႐ြတ္လာ၏။ ခ်ဴဟြမ္လည္း ထိုကေလး၏ပါးစပ္ကို လ်င္ျမန္စြာအုပ္ထားလိုက္ရသည္။

"ရႉး-"

ခ်ဴဟြမ္သည္ ျမင္းေျခေထာက္ေပၚမွဒဏ္ရာကို ၾကည့္ေနျခင္းျဖစ္ေသာ္လည္း သူ႔အာ႐ုံအားလုံးကို နား႐ြက္မ်ားတြင္စုစည္းထားေပသည္။

ဤတစ္ႀကိမ္အတြင္ သူသည္ လက္ျမန္ေျချမန္ရွိလြန္းစြာျဖင့္ သူ႔ေသနတ္ကို အလ်င္စလိုလႊဲမေပးလိုက္မိလွ်င္ အေကာင္းသားဟုသာ ေတြးေနမိေတာ့၏။

မယုံႏိုင္စရာေကာင္းေလာက္ေအာင္ လ်င္ျမန္လြန္းလွေသာ အနက္ေရာင္အရိပ္တစ္ခု ေရထဲမွ ႐ုတ္တရက္ခုန္ထြက္လာၿပီး ျမင္းျဖဴႀကီးမွာ အလိုအေလ်ာက္ေနာက္ဆုတ္သြားေသာ္လည္း ခ်ဴဟြမ္က ၎၏ဇက္ႀကိဳးမ်ားကို ခိုင္ခိုင္ဆြဲထားေလသည္။

ေနာက္တစ္ခဏတြင္ကား ထိုအရိပ္မည္းမွာ ခ်ဴဟြမ္၏သုံးေျမႇာင့္ဓားေျမႇာင္ထံ အားျဖင့္ေျပးဝင္လာကာ ထိခတ္သြားေသာအသံသည္ ဖန္ျပားေပၚကို သတၱဳဆိုင္းျပားလႊာတစ္ခ်ပ္ျဖင့္ ကုတ္ျခစ္ေနသကဲ့သို႔ရွိကာ ထူထပ္လွေသာျမဴထုႀကီးအၾကားဝယ္ လူတိုင္းကို ၾကက္သီးေမြးညင္းထေစႏိုင္ပါ၏။

ထိုတိုက္ခ်က္မွာ တဒဂၤအတြင္းျဖစ္ပ်က္သြားခဲ့ျခင္းျဖစ္ကာ ထိုအခိုက္အတြင္းတြင္ပင္ ခ်ဴဟြမ္တစ္‌ေယာက္ သူႏွင့္ တစ္ဖက္ရန္သူတို႔ၾကားမွ ခြန္အားကြာျခားခ်က္ကို နားလည္သြားရေပသည္။ သူလည္း ေမာင္ေခါင္းေျပာင္ေလးကို လက္တစ္ဖက္မွခ်ီထားရင္းျဖင့္ တစ္ကိုယ္လုံးကို ေနာက္ဘက္သို႔လွန္ခ်လိုက္ကာ သူ႔ခါးမွာ တံတားခုံးတစ္ခုျဖစ္လုနီးပါးအထိ ေကြးၫြတ္ထားရေလ၏။ အကယ္၍ အႏွီလက္သြက္ေျခသြက္ခ်ဴဟြမ္သည္သာ အေရွာင္အတိမ္းစေကးတြင္အမွတ္ျပည့္ရႏိုင္ေလာက္ေသာ ထိပ္တန္းဆရာ့ဆရာႀကီးတစ္ေယာက္မဟုတ္ခဲ့ပါလွ်င္ ခ်ဴဟြမ္မွာ အႏွီ႐ုတ္တရက္တိုက္ခိုက္လာမႈေၾကာင့္ သူ႔ဓားေျမႇာင္ေရာ လက္တစ္ဖက္လုံးပါ သြင္သြင္က်ိဳးသြားေလာက္ေလမလားဟုပင္ ေတြးမိေခ်သည္။

ခ်ဴဟြမ္မွာ သူ႔ဆီေျပးဝင္လာေသာသတၱဝါသည္ ထိုေန႔ညတုန္းက သူ႔အိမ္ထဲကိုခိုးဝင္လာ၍ နန္ရွန္းဇက္ခ်ိဳးပစ္ခဲ့ေသာ မိစာၦေကာင္ကေလးျဖစ္ေၾကာင္း အေသအခ်ာျမင္လိုက္ရ၏။

၎၏ကိုယ္ခႏၶာကား မာေက်ာလွေသာအေၾကးခြံမ်ား၊ သံမဏိအပ္ေခ်ာင္းမ်ားကဲ့သို႔ေသာ အေမြးၾကမ္းမ်ားျဖင့္ အၾကားအလပ္မရွိဖုံးအုပ္ထားကာ လည္ပင္းေဘးတစ္ေနရာတြင္သာ အသားႏုေပၚေနလ်က္ ထိုေနရာတြင္ အေၾကးခြံမ်ားႏွင့္ အေမြးၾကမ္းမ်ားအၾကား ေနရာလြတ္ကေလးတစ္ခုအျဖစ္ရွိေနေလသည္။ အကယ္၍ သူ႔အေနျဖင့္ လူအိုႀကီးတစ္ေယာက္ကဲ့သို႔ အလြန္ဆိုး႐ြားေသာအျမင္အာ႐ုံသာ ရွိမေနခဲ့႐ိုးမွန္ပါလွ်င္ ထိုအခ်ိန္တုန္းက နန္ရွန္းသည္ လက္ေခ်ာင္းငါးေခ်ာင္းကိုအသုံးျပဳလ်က္ မိစာၦသတၱဝါ၏လည္ပင္းေဘးသားကိုဆြဲကိုင္လ်က္ ကိုယ္ခႏၶာလွည့္အားကိုအသုံးျပဳကာ ထိုသတၱဝါ၏လည္ကို တစ္ခ်က္တည္းျဖင့္လိမ္ခ်ိဳးႏိုင္လိုက္ျခင္းျဖစ္ေၾကာင္း မွတ္မိေပ၏။

ခ်ဴဟြမ္ : "ငါ့ကို ေသခ်ာကိုင္ထား!"

ေမာင္ေခါင္းေျပာင္ေလးမွာ ခ်က္ခ်င္းပင္ သူ႔ေခါင္းကေလးကို ထိုသူ၏ရင္ထဲတိုးဝင္လာၿပီး တင္းၾကပ္စြာဖက္ထားေလ၏။ ခ်ဴဟြမ္က လက္တစ္ဖက္ကိုလႊတ္လိုက္လ်က္ မိစာၦႏွင့္သူႏွင့္ေခါင္းခ်င္းဆိုင္သြားသည့္ အခ်ိန္အတိအက်တြင္ ၎၏လည္မ်ိဳကို ဖမ္းဆြဲလိုက္ေခ်သည္။

ထိုသူသည္ လက္ငါးေခ်ာင္းကို လက္သည္းကုပ္မ်ားသဏၭာန္ေကြးၫြတ္လိုက္ၿပီး အားကုန္သုံး၍ဖ်စ္ညႇစ္လိုက္သည္တြင္ ထိုသတၱဝါမွာ အသံစူးစူးျဖင့္ တစ္ခ်က္မွ်ေအာ္ျမည္လာေပ၏။ ထိုသူက ေလထဲတြင္ေျမာက္ေနဆဲအခ်ိန္အတြင္း၌ပင္ မိစာၦကို ေရထဲသို႔လႊင့္ပစ္လိုက္ကာ ျပဳတ္က်သြားၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ ခ်ဴဟြမ္လည္း သုံးေျမႇာင့္ဓားေျမႇာင္ကိုေျမႇာက္ကိုင္လ်က္ ထိုသတၱဝါ၏အသားထဲသို႔ ထိုးစိုက္ခ်လိုက္ေလသည္။

မ်ားျပားလွသည့္ေသြးစေသြးနမ်ားကား ရင္သပ္ရႈေမာဖြယ္ရာမီးရႉးမီးပန္းမ်ားသဖြယ္ ေနရာအႏွံ႔လြင့္စင္ျပန႔္က်ဲေနေတာ့၏။ ေသအံ့မူးမူးအခ်ိန္တြင္ မိစာၦသတၱဝါမွာ ခ်ဴဟြမ္ဘက္သို႔လွည့္၍ ပါးစပ္ဟလာကာ အသံစူးစူးတစ္ခ်က္ထြက္လာေပသည္။ ခ်ဴဟြမ္တစ္ေယာက္ ဆန္းၾကယ္လွေသာေလစီးေၾကာင္းတစ္ခုကို ခံစားလိုက္ရကာ ႐ုတ္တရက္ ထိုညတုန္းက အလိုအေလ်ာက္ပြင့္သြားေသာတံခါးခ်က္အေၾကာင္းကို ျပတ္ေတြးမိသြားေလ၏။ သို႔ရာတြင္ သူ႔အေနျဖင့္ ထိုအေၾကာင္းကို ေသခ်ာစဥ္းစားရန္အခ်ိန္မရလိုက္မီတြင္ ခႏၶာကိုယ္ကအရင္လႈပ္ရွားလိုက္ႏွင့္ၿပီးျဖစ္ကာ - ေဘးတေစာင္းလွည့္လိုက္ၿပီး သူ႔ဦးေခါင္းႏွင့္ သူ႔လက္ထဲမွကေလးကို သူ႔လက္ေမာင္းမ်ားႏွင့္ ဘယ္ဘက္ပခုံးတို႔ျဖင့္ ကာထားလိုက္ၿပီျဖစ္ေလသည္။

သူ႔လက္ေမာင္းတြင္ အပ္အရွည္တစ္ေခ်ာင္းျဖင့္ထိုးဆြခံလိုက္ရသကဲ့သို႔ စူးကနဲတစ္ခ်က္ေအာင့္သြားေပသည္။ သို႔ရာတြင္ သူ႔အက်ႌမွာကား တစ္ခ်က္ကေလးမွ်မေပါက္မၿပဲ အေကာင္းအတိုင္းရွိေနဆဲပင္ျဖစ္၏။ ခ်ဴဟြမ္မွာ သုံးေျမႇာင့္ဓားေျမႇာင္ျဖင့္ ေနရာအႏွံ႔ထိုးခြဲၾကည့္ေသးေသာ္လည္း မည္သည့္အရာကိုမွ် မစမ္းမိေခ်။

ထိုအရာသည္ကား ေလျဖင့္ျပဳလုပ္ထားေသာ အပ္ေခ်ာင္းကဲ့သို႔ပင္ျဖစ္ေလသည္။

ေနာက္စကၠန႔္အနည္းငယ္မွ်အတြင္း ခ်ဴဟြမ္တစ္ေယာက္ မိစာၦသတၱဝါ၏အေလာင္းႏွင့္ သူ၏ အေကာင္းအတိုင္းရွိေနဆဲျဖစ္ေသာအက်ႌကို တစ္လွည့္စီၾကည့္ေနရင္းျဖင့္ သူသည္ ယုတၱိမရွိ ထင္ေယာင္ထင္မွားျဖစ္ေနျပန္ၿပီေလာဟု ေတြးထင္လာမိရျပန္၏။

သို႔ရာတြင္ ေမာင္ေခါင္းေျပာင္ေလးကို ရစ္ပတ္လ်က္ရွိေနေသာ ေႁမြကေလးမွာ ႐ုတ္တရက္ေခါင္းေထာင္လာလ်က္ သူ႔လက္ေမာင္းကိုၾကည့္လာကာ အလြန္စိတ္ပူေနသည့္ဟန္ရွိေခ်သည္။

ေနာက္တစ္ခဏတြင္ ခ်ဴဟြမ္မွာ စူးသြားေသာေနရာမွစ၍ တျဖည္းျဖည္းေအးစက္ထုံက်ဥ္လာေၾကာင္း ခံစားလာရ၏။ ထုံက်ဥ္ေနေသာခံစားခ်က္သည္ သူ႔ဘယ္လက္ေမာင္းတစ္ေလွ်ာက္ လ်င္ျမန္စြာပ်ံ႕ႏွံ႔လာေတာ့သည္။ ခ်ဴဟြမ္တစ္ေယာက္ အႏွီအျဖစ္အပ်က္အေျခအေနမ်ားမွာ အားတက္ဖြယ္ရာမရွိလွေၾကာင္း ခံစားမိကာ ခ်က္ခ်င္းပင္ အက်ႌလက္ကိုေခါက္တင္၍ လက္ေမာင္းအေပၚဘက္ကို လွန္ၾကည့္လိုက္ေလ၏။ ေသခ်ာေပါက္ပင္ ထိုးသြင္းဒဏ္ရာတစ္ေပါက္ရွိေနကာ ေသြးထြက္မမ်ားလွေသာ္လည္း ဒဏ္ရာမွာ ညိဳပုပ္ပုပ္အေရာင္ရင့္ရင့္သို႔ ေျပာင္းေနၿပီျဖစ္ေပသည္။

ဤသည္မွာ မည္သို႔ေသာဒဏ္ရာမ်ိဳးျဖစ္ၿပီး မည္သို႔ရရွိလာျခင္းျဖစ္ပါသနည္း? ခ်ဴဟြမ္မွာ ယခုအခ်ိန္အထိကို အတိအက်နားမလည္ႏိုင္ေသးပါေလ။ သူအသက္ရွင္ေနထိုင္ခဲ့သည္မွာ ႏွစ္‌ေပါင္းမ်ားစြာၾကာခဲ့ၿပီျဖစ္ေသာ္လည္း ယခုကဲ့သို႔ေသာကိစၥမ်ိဳးကို ၾကားပင္မၾကားဖူးခဲ့ေလရာ - သို႔ရာတြင္ ယခုအခိုက္မွာ အက်ိဳးအေၾကာင္းသက္ေသရွာရမည့္အခ်ိန္ မဟုတ္ေခ်။ သူသည္ လ်င္ျမန္စြာဆုံးျဖတ္ခ်က္ခ်လိုက္ၿပီးေနာက္ သုံးေျမႇာင့္ဓားေျမႇာင္၏လက္ကိုင္ကို တင္းတင္းဆုပ္ကိုင္လ်က္ ေသြးထြက္ေနေသာလမ္းေၾကာင္းကို ယာယီပိတ္ဆို႔ထားလိုက္၏။ ထို႔ေနာက္ နန္ရွန္းေပးထားေသာဓားကေလးကိုထုတ္၍ သူ႔ဒဏ္ရာကို ဓားျဖင့္ထိုးခြဲလိုက္သည္တြင္ အမည္းေရာင္ေသြးပုပ္မ်ား အေျမာက္အျမားစီးက်လာေတာ့သည္။ ခ်ဴဟြမ္က ထိုေသြးမ်ားကို ညႇစ္ထုတ္ပစ္လိုက္ၿပီးေနာက္ ပါးစပ္ျဖင့္လည္း အေတာ္မ်ားမ်ားကိုစုပ္ထုတ္ပစ္လိုက္ကာ ေသြးမ်ားအနီေရာင္ျပန္ျဖစ္လာသည္အထိ ေဆာင္႐ြက္လိုက္ေပ၏။

ခ်ဴဟြမ့္ကိုယ္ေပၚတြင္ ဘာမွ်ေထြေထြထူးထူးသယ္မလာမိဘဲ - နန္ရွန္း သူ႔ကိုေပးထားေသာ ေသရည္ဝါးက်ည္ေတာက္တစ္ေခ်ာင္းသာ ပါလာေခ်သည္။ ယခုအခ်ိန္တြင္ သူ႔အေနျဖင့္ ေမွ်ာ္လင့္ခ်က္မရွိေတာ့သည့္အေျခအေနထဲမွ ေနာက္ဆုံးအႀကိမ္အျဖစ္ အေကာင္းဆုံးႀကိဳးစားၾကည့္ရန္သာရွိေတာ့ေလ၏။ ခ်ဴဟြမ္လည္း ဝါးက်ည္ေတာက္ကိုျဖဳတ္ယူလိုက္ကာ အာေခါင္စြတ္႐ုံတစ္ငုံမွ်ေမာ့လိုက္ၿပီးေနာက္ က်န္ေသာေသရည္မ်ားအားလုံးကို သူ႔ဒဏ္ရာေပၚေလာင္းခ်လိုက္ေပသည္။

ခ်ဴဟြမ္ႏွင့္ ဓားဒဏ္ရာေပၚသို႔ အရက္တိုက္႐ိုက္အေလာင္းခံရေသာခံစားခ်က္တို႔မွာ သူစိမ္းမ်ားမဟုတ္ပါေခ်။

ထိုခံစားခ်က္မွာ ပူကနဲစပ္ကနဲျဖင့္ အေတာ္ေလးနာက်င္ရေသာ္လည္း ေသခ်ာသည္ကား ယခုခံစားေနရသေလာက္ေတာ့ အခံရမခက္လွဘဲ - ဤခံစားခ်က္သည္မူ ႐ိုးတြင္းျခင္ဆီအထိ စိမ့္ဝင္ပ်ံ႕ႏွံ႔လာေနကာ ဦးေႏွာက္ထဲသို႔ပင္ တိုက္႐ိုက္ေဆာင့္တက္လာၿပီး ႏွလုံးအိမ္တစ္ခုလုံးတိုက္စားခံလိုက္ရသည့္အလား ခ႐ူရွီယားတပ္စ္ က်ိန္စာ*ႏွယ္ ရွိေပ၏။
[ခ႐ူရွီယားတပ္စ္က်ိန္စာ (Cruciatus Curse) - Harry Potter ဇာတ္လမ္းထဲက က်ိန္စာတစ္မ်ိဳးပါ။ ခြင့္လႊတ္လို႔မရႏိုင္တဲ့ က်ိန္စာသုံးမ်ိဳးထဲက တစ္မ်ိဳးျဖစ္ၿပီးေတာ့ ဒီက်ိန္စာအတိုက္ခံရတဲ့သူဟာ မခံမရပ္ႏိုင္ေလာက္ေအာင္ျပင္းထန္ဆိုး႐ြားလွတဲ့ နာက်င္မႈကို ခံစားရမွာျဖစ္ပါတယ္။ နာက်င္လြန္းလို႔ မွတ္ဉာဏ္ေတြဆုံးရႈံးသြားတာ၊ ႐ူးသြားတာေတြအျပင္ ဘယ္လိုမွမခံစားႏိုင္ေတာ့တဲ့အဆုံး ဒီလိုခံစားေနရမယ့္အစား သတ္သာသတ္လိုက္ပါေတာ့လို႔ ေတာင္းဆိုလာၾကရတဲ့အထိ ဆိုးဆိုး႐ြား႐ြားအခံရခက္ေစမွာပါ]

ဤဝါးက်ည္ေတာက္ထဲတြင္ ေဆးေသရည္မ်ား အျပည့္ရွိေနျခင္းျဖစ္ေလသည္။

အႏွီေဆးေသရည္ကို မဆင္မျခင္ ေသာက္ခ်င္သလိုေသာက္၍ ရပါ၏ေလာ? အဆိပ္ႏွင့္ဓာတ္ျပဳသြားကာ ပို၍ျပင္းထန္ေသာအဆိပ္မ်ိဳး ျဖစ္လာႏိုင္မည္ေလာ? ခ်ဴဟြမ္တစ္ေယာက္ စိတ္မပူႏိုင္ေတာ့ပါေလ။ နာက်င္လြန္းေသာေၾကာင့္ သူ႔တစ္ကိုယ္လုံးတြင္ ေခြၽးမ်ားျဖင့္႐ႊဲနစ္ေနၿပီျဖစ္ကာ ထိုေခြၽးမ်ားမွာ ေအးစက္လွေသာျမဴမ်ားႏွင့္ေတြ႕သည့္အခိုက္၌ ခ်က္ခ်င္းေျခာက္ေသြ႕သြားေလရာ လက္ရွိသူ႔အေျခအေနသည္ အေတာ္ေလးသနားစရာေကာင္းေသာပုံေပါက္ေနမည္မွာ အထူးတလည္ေျပာေနစရာပင္မလိုေတာ့ေခ်။

ေရစီးသံမွာ ပိုမိုၾကမ္းတမ္းၿပီး မတည္မၿငိမ္ျဖစ္လာသည္တြင္ ျမင္းျဖဴႀကီးလည္း တဒဂၤမွ်ေတြေဝသြားၿပီးေနာက္ ႐ုတ္တရက္ ေခါင္းလွည့္သြားကာ လီယီမ်ိဳးႏြယ္စုတည္ရွိရာဘက္ကမ္းသို႔ဦးတည္လ်က္ ျပန္လွည့္ေျပးေတာ့၏။ ခ်ဴဟြမ္မွာ အနည္းငယ္မွ်ယမ္းခါသြားရၿပီးမွ သူ႔ကိုယ္သူၿငိမ္ေအာင္ျပန္ထိန္းလိုက္ႏိုင္လ်က္ ျမင္းကိုကား မတားခဲ့ေပ။

တစ္ခါတရံတြင္ တိရစာၦန္မ်ား၏ အခြင့္အေရးကိုရွာေဖြႏိုင္စြမ္းႏွင့္ အႏၲရာယ္ကိုေရွာင္လႊဲႏိုင္စြမ္းတို႔မွာ လူသားတို႔ထက္ ပိုမိုစူးရွထက္ျမက္တတ္ေလရာ ေစာေစာက သူတို႔၏အေရွ႕တြင္ ျမင္းကိုေၾကာက္လန႔္ေစေသာ တစ္စုံတရာရွိေနျခင္းျဖစ္ရေပမည္။

ေလာကႀကီးတြင္ အိမ္ေခါင္မိုးေပါက္ေနပါသည္ဆိုမွ ထိုညတြင္းခ်င္းပင္ တည့္တည့္မိုး႐ြာခ်တတ္သည့္အျဖစ္မ်ိဳးမွာ တကယ္ကိုျဖစ္တတ္လြန္းလွေလသည္။ ဤအခိုက္တြင္ပင္ ခ်ဴဟြမ္တစ္ေယာက္ သူ႔ေနာက္ဘက္နားမွေရစီးသံမွာ ႐ုတ္တရက္ေဘာင္ဘင္ခတ္လာသည္ကို ၾကားလိုက္ရ၏။ သူလည္း ေနာက္လွည့္ၾကည့္လိုက္ရာ အနက္ေရာင္အေၾကးခြံ၊ အေမြးၾကမ္းႀကီးမ်ားႏွင့္ ေစာေစာကတစ္ေကာင္ကဲ့သို႔ေသာ မိစာၦသုံးေလးေကာင္ သူတို႔ေနာက္မွ ေျပးလိုက္လာေနသည္ကို ျမင္လိုက္ရေခ်သည္။

အေဝးဆီမွ မိုးႀကိဳးပစ္သံကဲ့သို႔နက္ရႈိင္းက်ယ္ေလာင္လွေသာ တဂ်ဳန္းဂ်ဳန္းတဂ်ိမ္းဂ်ိမ္းအသံမ်ားႏွင့္အတူ လႈပ္ရွား႐ိုက္ခတ္လာကာ တစ္ခ်ိန္တည္း၌ ထူးဆန္းလွေသာေလစီးေၾကာင္းတစ္ခု သူတို႔ထံဦးတည္လ်က္ ေနာက္တစ္ႀကိမ္တိုက္ခတ္လာျပန္ေလ၏။

ခ်ဴဟြမ္မွာ ျမင္လည္းမျမင္ရ၊ ၾကားလည္းမၾကားရဘဲ ဘာမွန္းလည္းခြဲျခားမသိႏိုင္ဘဲ ရွိေနရေပသည္။ သူ႔အေနျဖင့္ ရွင္ျခင္းႏွင့္ေသျခင္းနယ္နိမိတ္စည္းတည့္တည့္တြင္ လမ္းေခ်ာ္မသြားေစရန္ တစ္ခ်ိန္လုံးအေထာက္အပံ့ျဖစ္ေပးေနခဲ့ေသာ အလိုအေလ်ာက္သိစိတ္ကိုသာအားကိုး၍ ေရွ႕သို႔ခုန္အုပ္ခ်လိုက္၏။ အဝတ္မ်ားၿပဲစုတ္သြားေသာအသံတစ္ခ်က္ကို ၾကားလိုက္ရၿပီးလွ်င္ ခ်ဴဟြမ္၏ေလကာအက်ႌကား ေက်ာကုန္းေနရာတြင္ေပါက္သြားကာ ေကာ္လံအထိေတာက္ေလွ်ာက္စုတ္ၿပဲသြားေလသည္။

သူ႔ဘယ္လက္ထဲတြင္ အဆိပ္အႂကြင္းအက်န္မ်ား က်န္ရွိေနေသးပုံရၿပီး သူ႔ကိုယ္ခႏၶာဘယ္ဖက္တစ္ျခမ္းလုံး ေအးစက္ထုံက်ဥ္လာေပ၏။

ယခုကဲ့သို႔ အေရးႀကီးေနသည့္အခ်ိန္မ်ိဳးတြင္ ကိုယ္တစ္ျခမ္းထုံက်ဥ္သြားျခင္းကား ေသခ်ာေပါက္ကိုပင္ ေကာင္းမြန္ေသာကိစၥမ်ိဳးမဟုတ္ေခ်။

ထို႔ေနာက္ခ်က္ခ်င္းပင္ ဒုတိယႏွင့္ တတိယေျမာက္ေလစီးေၾကာင္းမ်ား ေနာက္မွကပ္ပါလာကာ ခ်ဴဟြမ္မွာ ႏွစ္ခါမွ် လြတ္သည္ဆို႐ုံကေလးေရွာင္တိမ္းႏိုင္လိုက္ၿပီးေနာက္ တတိယတစ္ႀကိမ္တြင္မူ ထိုအနက္ေရာင္သတၱဝါမွာ သူ႔ေဘးသို႔ေရာက္လာၿပီျဖစ္၍ ၎၏လက္သည္းခြၽန္မ်ားကိုဆန႔္တန္းလာလ်က္ သူ႔ထံတည့္တည့္ဦးတည္ၿပီး လွမ္းကုတ္ေလေတာ့သည္။

ခ်ဴဟြမ္က ထိုသတၱဝါ၏ရင္ၫြန႔္တည့္တည့္ကို ကန္ခ်လိုက္သည္တြင္ အနက္ေရာင္မိစာၦမွာ နာက်င္မႈေၾကာင့္တစ္ခ်က္ေအာ္ျမည္လိုက္ကာ ႐ုတ္တရက္ သူ႔ဘက္သို႔လွည့္၍ ပါးစပ္ဟလာလ်က္ ၎၏ ခြၽန္ထက္လွေသာအစြယ္ခြၽန္ခြၽန္မ်ားေနာက္ကြယ္မွ နက္ရႈိင္းမည္းေမွာင္လွေသာလည္မ်ိဳေပါက္ကို လွစ္ဟျပသေနေတာ့၏။

/ေသစမ္း... ဒီလွည့္ကြက္ပဲလား!/

သည္တစ္ႀကိမ္တြင္မူ ခ်ဴဟြမ္အေနျဖင့္ အႏၲရာယ္မ်ားလွေသာအေနအထားေၾကာင့္ ေရွာင္၍မရႏိုင္ေတာ့ဘဲ - အကယ္၍ သူေရွာင္လိုက္မည္ဆိုပါက ေလစီးေၾကာင္းမွာ ေမာင္ေခါင္းေျပာင္ေလးထံ တည့္တည့္ထိသြားေပလိမ့္မည္။

သို႔ရာတြင္ အတင္းအၾကပ္ခုခံေနဦးမည္ဆိုလွ်င္လည္း သူသည္ ဖုတ္အေလာင္းေကာင္တစ္ေကာင္အျဖစ္ ေျပာင္းလဲသြားလ်က္ အသက္ရႉ႐ုံသာလုပ္ႏိုင္ေတာ့မည္လား ခ်ဴဟြမ္တစ္ေယာက္မသိႏိုင္ဘဲ... သို႔မဟုတ္ပါက ထုံက်ဥ္ေနေသာခံစားခ်က္မွာ သူ႔ႏွလုံး၊ အဆုတ္မ်ားအထိပ်ံ႕ႏွံ႔လာ၍ အသက္ပင္မရႉႏိုင္ေတာ့ေသာ ဖုတ္အေလာင္းေကာင္ျဖစ္လာရေခ်မည္။

မ်က္စိတစ္မွိတ္၊ လွ်ပ္တစ္ျပက္စာမွ်သာရွိသည့္ တိုေတာင္းလွေသာအခ်ိန္ေလးအတြင္း သူ႔အေနျဖင့္ ေမာင္ေခါင္းေျပာင္ေလးကိုသာ ေသခ်ာကာကြယ္ေပးထားရင္းျဖင့္ သူ႔လက္ထဲမွဓားေျမႇာင္ကိုေျမႇာက္ကိုင္ကာ ထိုတိုက္ခိုက္မႈကို အရာမေရာက္ႏိုင္သည့္နည္းလမ္းမ်ိဳးျဖင့္သာ တားဆီးႏိုင္ေလ၏။

ထို႔ေနာက္ကား အလြန္ဆန္းၾကယ္လွေသာအရာတစ္ခု ျဖစ္ပ်က္သြားေပသည္။ ဓားကိုတစ္ဝက္မွ်သာထုတ္ရေသးခ်ိန္၌ ခ်ဴဟြမ္မွာ "တစ္ခုခုကိုေတာ့ခုတ္မိၿပီ"ဟူသည့္ခံစားခ်က္မ်ိဳး ရလာေခ်၏။ ဓားကိုကိုင္ထားေသာသူ႔လက္မွာ ႐ုတ္တရက္ပိုမိုခိုင္ၿမဲသြားရကာ အားစိုက္၍ခုတ္ခ်လိုက္ေလသည္။ ေလဟာနယ္ထဲတြင္ ျပတ္သားၾကည္လင္လွေသာအသံတစ္ခ်က္ထြက္ေပၚလာၿပီး 'ေလ'ႏွစ္ျခမ္းကြဲသြားသည့္အလား တစ္ျခမ္းမွာ ခ်ဴဟြမ္၏ပခုံးေဘးနားမွ ပြတ္ကာသီကာမွ်ျဖတ္သန္းသြားကာ တစ္ျခမ္းသည္မူ မိစာၦသတၱဝါ၏မ်က္ႏွာထံ တည့္တည့္ေျပးဝင္လာလ်က္ ၎မ်က္ခြက္ကို ထိထိေရာက္ေရာက္ျဖတ္႐ိုက္လိုက္သည့္ႏွယ္ရွိ၍ မ်က္ႏွာတစ္ျခမ္းတြင္ ဓားဒဏ္ရာအနက္ႀကီးတစ္ခု ျဖစ္ေပၚသြားရေပ၏။

ဤသည္ကား ေလဟုန္ကိုခြင္းႏိုင္ေသာ ဓားတစ္စင္းပင္...။

သို႔ရာတြင္ ခ်ဴဟြမ္မွာ "ကိုယ္ပိုင္ေမွာ္ဝင္ပစၥည္းတစ္ခုကိုင္ထားရသည္"ဟူေသာအသိမွ ျပန္၍သတိလည္မလာႏိုင္မီတြင္ သူ၏ျမင္းျဖဴႀကီးကား ဗီဇေျပာင္းမိေက်ာင္းမ်ားျဖစ္ရမည္ဟု သူသံသယဝင္ခဲ့ေသာသတၱဝါႀကီး၏ အေလာင္းကို ခုန္ေက်ာ္လိုက္ကာ - သူတို႔ထြက္လာခဲ့ၿပီးသားေနရာသို႔ ျပန္ေရာက္လာျခင္းျဖစ္ေၾကာင္း ထင္ရွားေနေလသည္။ ထို႔ေနာက္ သူတို႔အလဲထိုးခ်ခဲ့ႏိုင္ေသာ 'ဗီဇေျပာင္းမိေက်ာင္း'ႏွစ္ေကာင္မွာ ေဘးႏွစ္ဖက္လုံးမွပိတ္ထားလ်က္ သူတို႔ကိုထပ္မံတိုက္ခိုက္လာေခ်၏။

ခ်ဴဟြမ္ကား ၎တို႔၏အေမမ်ားကိုကေလာ္တုတ္ခ်င္လာသည္အထိ ေဒါသထြက္ေနၿပီျဖစ္ကာ တစ္ျခမ္းလုံးလုံးလႈပ္ရွား၍မရေတာ့ေသာ သူ႔ကိုယ္ခႏၶာကို အတင္းဆြဲလြဲလ်က္ ေနာက္တစ္ႀကိမ္တိုက္ပြဲဝင္ရေပေတာ့သည္။

ျမင္းျဖဴႀကီးမွာ ျမည္ဟည္းလ်က္ မိစာၦႀကီးႏွစ္ေကာင္အၾကားတြင္ ရဲရင့္စြာျဖတ္သန္းသြားေလ၏။ ခ်ဴဟြမ္က အလင္း၏အျမန္ႏႈန္းျဖင့္ မိစာၦႀကီးတစ္ေကာင္၏ ေငါထြက္ေနေသာႏွာ႐ိုးႏွင့္ ပါးစပ္ကို ခုတ္ျဖတ္ပစ္လိုက္ေခ်သည္။ ထိုသတၱဝါႀကီး၏ေအာ္ဟစ္သံေၾကာင့္ျဖစ္ေပၚလာရသည့္ မူးေဝေနေသာခံစားခ်က္ကိုပင္ လ်စ္လ်ဴရႈထားလိုက္လ်က္ ေရွ႕သို႔သာဆက္တိုးလိုက္ရကာ - အေၾကာင္းကား ေနာက္တစ္ေကာင္မွာ ၎၏ဧရာမေခါင္းႀကီးကို ခါယမ္းလ်က္ သူ႔ထံေျပးဝင္လာေနၿပီျဖစ္ေသာေၾကာင့္ပင္။

ခ်ဴဟြမ္မွာ အေကာင္းအတိုင္းက်န္ေနေသးေသာ သူ႔ညာလက္တစ္ဖက္ကိုလည္း ခ်န္မထားေတာ့ရန္ဆုံးျဖတ္ထားၿပီးျဖစ္၍ ဓားေျမႇာင္ကိုကိုင္ေျမႇာက္လ်က္ ထိုသတၱဝါႀကီးကိုႀကိဳဆိုလိုက္ေလသည္။

ဤအခ်ိန္တြင္ပင္ ထူးဆန္းလွေသာအျဖစ္အပ်က္တစ္ခုႏွင့္ ႀကဳံလာရျပန္၏။

အျဖဴေရာင္ျမဴထုထဲမွ ဆန္းၾကယ္လွေသာလႈိင္းအခ်ိဳ႕ ေပၚထြက္လာေပသည္။ ခ်ဴဟြမ္၏ဓားသည္ ပုံရိပ္ေယာင္တစ္ခုအလား မိစာၦႀကီးကိုမထိမခိုက္ျဖတ္သန္းသြားလ်က္ မိစာၦႀကီးမွာလည္း သူ႔ကိုယ္ခႏၶာကို ေဖာက္ထြင္းျဖတ္ဝင္သြားကာ... ထူးထူးျခားျခားအသက္ဝင္လြန္းလွသည့္ သုံးဖက္ျမင္ပုံရိပ္တစ္ခုကဲ့သို႔ပင္ ရွိေနေတာ့၏။

သို႔တည္းမဟုတ္... တေစၦအရိပ္တစ္ခုႏွယ္။

မိစာၦႀကီးမွာ ေရထဲသို႔ျပဳတ္က်သြားေသာ္လည္း လႈိင္းထမလာဘဲ သူတို႔ေနာက္မွ အသည္းအသန္ေတာက္ေလွ်ာက္လိုက္ေနခဲ့ေသာ မိစာၦေကာင္ေလးမ်ားသည္လည္း ေလထဲတြင္ပင္ အေငြ႕ပ်ံေပ်ာက္ကြယ္သြားၾကပုံရေခ်သည္။

/ဘာေတြျဖစ္ေနတာလဲ?/

တစ္ေလွ်ာက္လုံး ဒေရာေသာပါးထြက္ေျပးေနခဲ့ၾကရသည့္ သူတို႔အုပ္စုကား သံသယေပါင္းစုံျဖင့္ စိတ္မသက္သာစြာ ရပ္တန႔္ေနၾကရ၏။ အဆိပ္ေႁမြကေလးမွာ ႐ုတ္တရက္ ေမာင္ေခါင္းေျပာင္ေလးထံမွ ေလွ်ာဆင္းသြားကာ ခ်ဴဟြမ္ ၎ကိုမိေအာင္မဖမ္းလိုက္ႏိုင္မီတြင္ ထိုသတၱဝါေလးသည္ ေရထဲသို႔ခုန္ဆင္းသြားၿပီျဖစ္ကာ အရိပ္အေယာင္ပင္မက်န္ေတာ့ဘဲ ေရကူးေျပးသြားေတာ့သည္။

အေဝးမွဟိန္းေဟာက္သံသည္လည္း အားလုံးသတိမထားလိုက္မိဘဲ ေပ်ာက္ကြယ္သြားေလ၏။

ယခုအခ်ိန္က်မွ ခ်ဴဟြမ္တစ္ေယာက္ ဤေနရာမွျမစ္ေရမွာ ယခင္ကထက္ မ်ားစြာပို၍တိမ္သည့္ပုံရွိေၾကာင္း သိလိုက္ရေလသည္။

ထိုသို႔ဆိုလွ်င္... သူတို႔ မၾကာမီ ကမ္းေပၚေရာက္ႏိုင္ေတာ့မည္ဟု ဆိုလိုျခင္းေပေလာ?

အရာအားလုံးမွာ အိပ္မက္တစ္ခုကဲ့သို႔ပင္ရွိေနေသာ္လည္း ကိုယ္ေပၚမွေခြၽးေစးမ်ားသည္လည္း သည္အတိုင္း၊ ေသြးမ်ားျဖင့္႐ႊဲနစ္ေနေသာ အက်ႌလက္ေမာင္းမ်ားသည္လည္း သည္အတိုင္း၊ ဘယ္ဘက္ကိုယ္တစ္ျခမ္း၏ ထုံက်ဥ္ေတာင့္တင္းေနမႈသည္လည္း သည္အတိုင္းပင္ ရွိေနဆဲျဖစ္ေပ၏။ မိနစ္ႏွစ္ဆယ္အၾကာ ခ်ဴဟြမ္အသက္ရႉရစတင္ခက္ခဲလာခ်ိန္တြင္ ျမင္းခြာမ်ားမွာ ေျမျပင္ေပၚသို႔က်ေရာက္လာေလေတာ့သည္။

သူ႔အျမင္အာ႐ုံမွာ ေဝဝါးလာေနၿပီျဖစ္ၿပီး သူ႔နားမ်ားသည္လည္း တျဖည္းျဖည္းႏွင့္ အသံမၾကားရေတာ့ေခ်။ ခ်ဴဟြမ္မွာ သူ႔အေနျဖင့္ ပို၍အေကာင္းျမင္တတ္သင့္သည္ဟု ခံစားမိကာ - ဥပမာအားျဖင့္ ထြက္ေျပးသြားေသာေႁမြကေလးသည္ စင္စစ္အားျဖင့္ အကူအညီသြားေတာင္းေနျခင္းျဖစ္ၿပီး... သို႔ရာတြင္ ေစာေစာက သူတို႔ကို လမ္းေပ်ာက္ေအာင္ျပႆနာရွာခဲ့ပုံအရဆိုလွ်င္ သူ၏ဤအေတြးကား စိတ္ကူးယဥ္ေမွ်ာ္လင့္ေနမိျခင္းသက္သက္သာျဖစ္သည္ဟု ခံစားရေပသည္။

႐ုတ္တရက္ႀကီးထြက္ေပၚလာၿပီး ႐ုတ္တရက္ႀကီးေပ်ာက္ကြယ္သြားေသာ မိစာၦသတၱဝါမ်ား၏ကိစၥကား ႐ုပ္ေလာကတစ္ခုတည္းသာရွိ၍ နာမ္ေလာကမရွိဟု စြဲစြဲၿမဲၿမဲယုံၾကည္ခဲ့ေသာသူ႔ဦးေႏွာက္ကို လုံးဝကေမာက္ကမျဖစ္သြားေစလ်က္ရွိ၏။ ခ်ဴဟြမ္တစ္ေယာက္ သူသတိရွိေနေသးသေလာဆိုသည္ကို သူ႔ကိုယ္သူပင္မသိႏိုင္ေတာ့ေအာင္ ရွိေနေလသည္။ သူ႔လက္ထဲတြင္ေထြးေပြ႕ခံထားရေသာ ေမာင္ေခါင္းေျပာင္ေလးသည္မူ အသက္ပင္က်ယ္က်ယ္မရႉရဲေတာ့ေပ။

႐ုတ္တရက္ ေမာင္ေခါင္းေျပာင္ေလးမွာ လည္ပင္းကိုဆန႔္တန္းလာကာ တစ္စုံတစ္ခုကို လွမ္းျမင္လိုက္ရဟန္ရွိ၏။ ခ်ဴဟြမ္လည္း နားထဲတြင္ျမည္ဟိန္းေနေသာ တဝီဝီအသံမ်ားၾကားမွ "အပါ" ဟုလွမ္းေခၚလိုက္သံကို ၾကားလိုက္ရၿပီးေနာက္ အေဝးဆီမွ တျဖည္းျဖည္းနီးကပ္လာေနေသာအသံမ်ားကို သတိျပဳမိလာေတာ့သည္။

ခ်ဴဟြမ္က မ်က္လုံးမ်ားကိုေမွးစင္းလ်က္ အားစိုက္ၾကည့္လိုက္သည္တြင္ နန္ရွန္း၊ ေရွာင္ဖန္းႏွင့္ ေမာင္ေခါင္းေျပာင္ေလး၏ဖခင္တို႔ကို မႈန္ဝါးဝါးျမင္လိုက္ရေပသည္။

ေႁမြကေလးသည္ နန္ရွန္း၏လက္ေမာင္းေပၚတြင္ ရစ္ေခြေနလ်က္ - ထိုသတၱဝါကား အမွန္တကယ္ကို အကူအညီသြားရွာလာခဲ့ျခင္းပင္ျဖစ္၏။

/ဒီ ေသခ်င္းဆိုးေႁမြတိရစာၦန္... မင္းပေထြးကို အခါတစ္ေသာင္းေလာက္ အဝီစိေရာက္ေအာင္ ဒုကၡတြင္းထဲတြန္းပို႔ၿပီးေတာ့မွပဲ တစ္ခါေလာက္ အသုံးက်လာေတာ့တယ္/

လီယီမ်ိဳးႏြယ္စုမွ ေယာက္်ားသားအခ်ိဳ႕ သူ႔အနီးသို႔ ခ်က္ခ်င္းဝန္းရံလာၾကကာ သူတို႔ေျပာေနၾကသည့္အရာမ်ားကိုကား ခ်ဴဟြမ္တစ္ေယာက္ မၾကားႏိုင္ေတာ့ပါေလ။ သူ၏ လက္က်န္အင္အားကို အကုန္စုစည္းလိုက္လ်က္ ေမာင္ေခါင္းေျပာင္ေလးကို ဖခင္ျဖစ္သူ၏လက္ထဲသို႔ ထည့္ေပးလိုက္ေပ၏။

သူ႔အေနျဖင့္ နန္ရွန္းကို အလိုအေလ်ာက္ရွာေဖြမိသည့္အခါတြင္မွ နန္ရွန္း သူ႔ဘယ္ဘက္လက္ကိုဆြဲကိုင္ထားသည္မွာ အေတာ္ေလးၾကာၿပီျဖစ္ေၾကာင္းကို သိလိုက္ရကာ - သူ႔ဘယ္လက္တစ္ဖက္လုံးမွာ ထုံက်ဥ္ေနလ်က္ အာ႐ုံခံႏိုင္စြမ္းလုံးဝေပ်ာက္ဆုံးသြားေခ်ၿပီ။

ခ်ဴဟြမ္မွာ နန္ရွန္းကိုအားျပဳလ်က္ ျမင္းေပၚမွဆင္းလာရန္ ရည္႐ြယ္ခဲ့ေသာ္လည္း တစ္ခ်က္မွ်သာလႈပ္လိုက္ရေသးသည္ႏွင့္ ေျခနင္းကြင္းထဲတြင္ရွိေနဆဲျဖစ္ေသာ ေျခေထာက္တစ္ဖက္မွာ ေပ်ာ့ေခြက်သြားရၿပီးေနာက္ ျမင္းထက္မွ ဦးစိုက္ကြၽမ္းျပန္ျပဳတ္က်လာေလေတာ့သည္။

--- End of Book One. ---

----------------------

T/N:

ေနာက္ဆုံးေတာ့ ဆူး tran တာ Book 1 ေတာ့ၿပီးသြားပါၿပီ 🥳

"ဤကမာၻ" arc ကလည္း ဒီအခန္းမွာ အဆုံးသတ္ခဲ့ပါၿပီ။ ေနာက္တစ္ခန္းကစၿပီး Book 2 ရဲ႕ arc အသစ္စေတာ့မွာျဖစ္ပါတယ္ရွင့္ 💗

Please support NUG. အေရးေတာ္ပုံ ေအာင္ရမည္ 💪

May you all be safe from Covid, too 🙏

29.7.2021

❤❤❤

Continue Reading

You'll Also Like

1.8M 185K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
696K 40.1K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
2.8M 188K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
3.6M 534K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...