တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်...

Por SuzanneM4Y

23.9K 2.9K 200

Original novel - Of Mountains and Rivers (Shan He Biao Li - 山河表里) by Priest Year - 2015 No. of chapters - 77... Mais

Introduction
Story Brief
Chapter - 1: Prologue
Chapter -2: Prologue
Chapter - 3: Prologue
Chapter - 4: Prologue
Chapter - 5: Prologue
Chapter - 6: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 7: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 8: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 9: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 10: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 11: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 12: ဤကမ္ဘာ (ဤကမာၻ)
Chapter -13: ဤကမ္ဘာ (ဤကမာၻ)
Chapter - 14: ဤကမ္ဘာ (ဤကမာၻ)
Chapter - 15: ဤကမ္ဘာ (ဤကမာၻ)
Chapter - 16: ဤကမ္ဘာ (ဤကမ႓ာ)
Chapter-17: ဤကမ္ဘာ ( ဤကမာၻ )
Chapter-18: ဤကမ္ဘာ ( ဤကမာၻ )
Chapter-19: ဤကမ္ဘာ ( ဤကမာၻ )
Chapter-21: ဤကမ္ဘာ ( ဤကမာၻ )
Chapter-22: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 23: ဤကမ္ဘာ ( ဤကမာၻ )
Chapter-24: ဤကမ္ဘာ ( ဤကမာၻ )
Chapter-25: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-26: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-27: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter - 28: အခြားကမ္ဘာ (အျခားကမာၻ)
Chapter - 29: အခြားကမ္ဘာ (အျခားကမာၻ)
To my translation readers
Chapter - 30: အခြားကမ္ဘာ (အျခားကမာၻ)

Chapter-20: ဤကမ္ဘာ ( ဤကမာၻ )

329 81 3
Por SuzanneM4Y

(Uni)

ဆူးအရင်အပိုင်းတွေတုန်းက Notes တွေကို အောက်ဆုံးမှစုထည့်ခဲ့တာရယ်။ သာသာတစ်ယောက်က ဖတ်နေရင်းအောက်ကိုဆွဲဆွဲရှာနေရတာထက် ကြားထဲမှာ တစ်ခါတည်းထည့်သွားရင် ပိုအဆင်ပြေလောက်မယ်လို့အကြံပေးတာနဲ့ ဆူး ဒီအပိုင်းကစပြီး Notes တွေကို ကြားမှာပဲထည့်ထည့်သွားလိုက်ပါမယ်နော်။ ပုံတွေပါရင်တော့ အောက်ဆုံးကျမှပဲ ထည့်ပေးလိုက်ပါတော့မယ်ရှင့် 💗

---

မင်း ဘာလုပ်နေတာလဲ။ ဖက်ချင်တာတော့ မဟုတ်ဘူးမလား

အကယ်၍ လူတစ်ယောက်သည် ဘဝတစ်ခုကို ငြီးငွေ့လာမည်ဆိုလျှင်ပင် သူ မကြာခင် ထွက်ခွာရတော့မည်ဟု သိလာရသောအခါ သာမန်လူတို့အတွက် စိတ်ဝင်စားစရာမကောင်းသောအရာများကိုပါ တွယ်တာမှုတို့ဖြစ်တည်လာတတ်ကာ - ချူဟွမ်သည်ကား လီယီမျိူးနွယ်စုကို အနည်းငယ်သော်မှ မငြီးငွေ့သေးပါချေ။

မြစ်တစ်ဖက်ကမ်းမှ ပြန်ရောက်လာပြီးသည့်နောက် ချူဟွမ်တစ်ယောက် နေ့တိုင်းလိုလို တောအုပ်ထဲတွင် အချိန်ဖြုန်းမနေတော့ပေ။ ဤအခြင်းအရာကို နန်ရှန်းမှတစ်ပါး အခြားသူများအနေဖြင့် သတိထားမိကြပုံမရပါလေ။ မျိုးနွယ်စုထဲတွင် သူပေါ်လာတတ်သောအချိန်အတိုင်းအတာမှာ ရုတ်ချည်းမြင့်တက်လာတော့၏။

ယခင်ကဆိုလျှင် ချူဟွမ်သည် ကလေးများနှင့် တိရစ္ဆာန်ငယ်လေးများကို လုံးဝကို သဘောမကျသူဖြစ်လေသည်။ ကလေးများကိုတွေ့လျှင် ဝေးဝေးမှရှောင်ကွင်းသွားမည်ဖြစ်ပြီး ကလေးများ၏ ပေါက်ပေါက်ဖောက်နေသောစကားသံကို ကြားလိုက်ရသည်နှင့် သူ့ခေါင်းမှာ နှစ်ဆမျှ ကြီးလာမည်ဖြစ်ပေသည်။

သို့ရာတွင် တစ်နေ့၌ သူ ပြတင်းပေါက်ရှေ့တွင်ရပ်နေရင်း အပေါ်သို့မော့ကြည့်လိုက်သည့်အခါ သစ်ပင်ထိပ်‌ဖျားဝယ် လင်းနို့များပမာတွဲလောင်းခိုနေကြသော ကလေးအချို့ကို မြင်လိုက်ရပြီးနောက် သူ့လည်ကိုဆန့်တန်း၍ ကြည့်လိုက်မိ၏။ အနှီသတ္တဝါလေးများမှာ သူ့ကို အောင်မြင်စွာချောင်းမြောင်းကြည့်ရှုနိုင်ခဲ့ပြီဟု ထင်နေကြပုံရနေကြသည်ကို ချူဟွမ်မှာ ဆန်းကြယ်လှစွာပင် စိတ်ရှုပ်သည်ဟု မခံစားရတော့ပေ။

သူ့အနေဖြင့် သူငယ်စဉ်တုန်းက မည်မျှဆိုးသွမ်းခဲ့ကြောင်းကို အမှတ်ရမိသွားပြီးနောက် တွေးလိုက်မိချေသည်။
/"တကယ်လို့ လုအာလေးက ကလေးနှစ်ယောက်မွေးမယ်ဆိုရင် သူ့အိမ်မှာ ငြိမ်းချမ်းမှုဆိုတာ ရှိနိုင်ပါ့ဦးမလား?"/

ချူဟွမ်တစ်ယောက် သစ်ပင်ပေါ်မှ စုံထောက်ကလေးများကို လက်ယပ်ခေါ်လိုက်၏။ ကလေးများ၏လည်ပင်းများမှာ ငှက်ကြီးဝန်ပိုလည်ပင်းရှည်များအဖြစ်မှ လိပ်တစ်ကောင်ပမာ တိုဝင်သွားပြီးနောက် အချင်းချင်း 'သူဆိတ်၊ ကိုယ်လိမ်၊ သူရိုက်၊ ကိုယ်ကန်၊ သူတွန်း၊ ကိုယ်ထိုး' ဖြင့် မည်သူမျှ ထွက်မလာရဲကြပဲရှိနေကြလေသည်။

နောက်ဆုံးတွင်ကား ‌မောင်ခေါင်းပြောင်လေးက ဦးဆောင်လိုက်ပြီး သကြားလုံးတစ်လုံးစာခင်မင်မှုဖြင့် သစ်ပင်ပေါ်မှ ခုန်ဆင်းချလာတော့၏။

စုံထောက်အဖွဲ့မှာ ရေဆူဆူထဲသို့ ဖက်ထုပ်များပစ်ထည့်လိုက်သည့်နှယ် သစ်ပင်ပေါ်မှ အားလုံးခုန်ချလာကြပေသည်။ ချူဟွမ်လည်း အိမ်ထဲသို့ပြန်ဝင်သွား၍ သကြားလုံးလက်တစ်ဆုပ်စာယူလာကာ တစ်ယောက်တစ်လုံးစီဝေပေးလိုက်ပြီးနောက် ကလေးများကို ပြန်လွှတ်လိုက်၏။

သေချာပေါက်ပင် လွယ်လွယ်နှင့် ပြန်လွှတ်၍မရသောသူများလည်း ရှိသည်ပင်။ ဥပမာအားဖြင့် မောင်ခေါင်းပြောင်ကလေး ဖြစ်လေ၏။

မောင်ခေါင်းပြောင်လေးမှာ ဆင်ကိုအကောင်လိုက်မျိုချင်နေသော မြွေတစ်ကောင်ပမာ လောဘကြီး၍ မတင်းတိမ်နိုင်ဘဲ ရှိနေချေသည်။ သကြားလုံးစားပြီးသည့်နောက်တွင်ပင် ထိုသူ့အကြောင်းကို စဉ်းစားနေမိဆဲ ဖြစ်လေသည်။ ထိုကလေးမှာ ခေတ္တမျှ သေချာတွေးတောနေပြီးသည့်နောက် မျက်နှာပြောင်တိုက်ခြင်းသည် လူတစ်ယောက်အောင်မြင်နိုင်ရန်အတွက် ပထမဆုံးသောခြေလှမ်းဖြစ်သည်ဟု ဆုံးဖြတ်လိုက်၏။ ထိုသို့ဖြင့် မောင်ခေါင်းပြောင်ကလေးသည် ရှက်ရွံ့ခြင်းကင်းစွာဖြင့် ဘေးဘက်မှနေ၍ ချူဟွမ်ထံသို့ လက်နှစ်ဖက်ကိုဆန့်တန်းလာပေသည်။

ချူဟွမ်မှာ လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သွား၏။
"ဘာလို့လဲ? မင်း ဖက်ချင်တာတော့ မဟုတ်ဘူးမလား?"

မောင်ခေါင်းပြောင်လေးကား သူ့အတွေးကို ထင်ထင်ရှားရှားပင် အတည်ပြုပေးလိုက်လေသည်။
"ဖက်!"

ချူဟွမ်တစ်ယောက် မြေမြှုပ်မိုင်းဗုံးများအကြား သွားနေရသည့်အတိုင်း တုန်တုန်ချည့်ချည့်ဖြင့် ခြေလှမ်းတစ်ဝက်စာမျှ ရှေ့သို့လှမ်းလာပေ၏။ ထို့နောက် မောင်ခေါင်းပြောင်လေးထံမှ စိတ်ချရလောက်သောအကွာအဝေးတစ်ခုတွင်ရပ်လျက် အသံကိုနှိမ့်လိုက်ကာ သူ၏ မတောက်တခေါက်လီယီဘာသာစကားဖြင့် မောင်ခေါင်းပြောင်လေးကို ရှင်းပြရန် ကြိုးစားရတော့သည်။

"မှုန်ကုပ်ကုပ်နဲ့ ကြမ်းတမ်းတဲ့လူအိုကြီးတစ်ယောက်ရယ် စိတ်အားထက်သန်မှုတွေ ပြည့်လျှံနေတဲ့ ကလေးလေးတစ်ယောက်ရယ်... ဒီနှစ်ယောက်ကြားက အကွာအဝေးဆိုတာ အရမ်းကြီးလွန်းတယ်။ မြေပြင်နဲ့ နေနဲ့ကြားက အကွာအဝေးလိုပဲ။ ငါက အခုမှ ခရီးလမ်းကြောင်းပေါ် စထွက်ရုံပဲရှိသေးတာမို့ မင်း ငါ့ကို အချိန်တော့ပေးဖို့ လိုဦးမှာ"

သူ့အသံထွက် မပီသ၍ပေလော၊ သူ့အနေဖြင့် ရှင်းရှင်းလင်းလင်းပြောမပြနိုင်လိုက်၍ပေလော၊ အခြားအကြောင်းတစ်ခုကြောင့်ပေလောတော့မသိ။ မောင်ခေါင်းပြောင်လေးမှာ ထိုစကားကိုကြားပြီးသည့်တိုင် မလှုပ်မယှက်ဖြင့် သူ့ထံသို့လက်ဆန့်တန်းလျက် ခေါင်းမာနေဆဲပင်ဖြစ်၏။

ချူဟွမ်လည်း ရှင်းပြခြင်းဖြင့် အလုပ်မဖြစ်နိုင်ကြောင်း မြင်လိုက်ရပြီးနောက် သူ၏ မေတ္တာတရားကို ထုတ်သုံးလိုက်ရတော့ကာ - သကြားလုံးတစ်လုံး ထုတ်ပေးလိုက်လေသည်။

"စား။ ပြီးရင် ကိုယ့်ဘာကိုယ် သွားဆော့တော့နော်။ လိမ္မာတယ်"

လီယီမျိုးနွယ်စု၏ မြင့်မြတ်သော တောဝက်ရိုင်းများပမာ ကလေးများကား ဤမျှလောက်လွယ်လွယ်ကူကူနှင့် လာဘ်ထိုး၍ ရနိုင်ပါရိုးလော? မောင်ခေါင်းပြောင်လေးမှာ သကြားလုံးကိုယူလိုက်ပြီးနောက် ထွက်မသွားရုံမျှမက သူ၏အကောင်းဆုံးသောအကွက်ကို ချူဟွမ်ထံ ထုတ်သုံးလိုက်ကာ : ထိုသူ့ပေါင်များကို လှမ်းဖက်လာချေ၏။

ထူးဆန်းသော အဆိပ်ရှိမြွေကလေးကလည်း မည်သည့်နေရာကမှန်းမသိ ထွက်လာပြန်ကာ လက်ရှိအခြေအနေကို မြင်သွားပြီးသကာလ သူလည်း အတူတကွရစ်ပတ်ရန် ချက်ချင်းဆုံးဖြတ်လိုက်လျက် - ထိုသတ္တဝါလေးမှာ ချူဟွမ်၏ဘောင်းဘီပေါ်သို့ တွယ်တက်လာပြီးနောက် ထိုသူ၏နောက်ထပ်ခြေတစ်ဖက်ကို ရစ်ပတ်ထားတော့သည်။

ချူဟွမ် : "..."

သူ့အနေဖြင့် 'လူသားနှင့် သဘာဝတရား' တို့၏အလေးချိန်ကို ခြေထောက်ပေါ်တွင် သယ်ထားရလေရာ အတော်လေးအခက်ကြုံနေရ၏။

ချူဟွမ်မှာ မောင်ခေါင်းပြောင်ကလေးကို သေချာကိုင်ထားလျက် ပေါက်ကွဲစေတတ်သောပစ္စည်းများပါဝင်နေသည့်အိတ်ကို သယ်လာရသည့်အတိုင်း လှုပ်ရှားနေရကာ ထိုကလေးကို သူ့မိဘများထံ ပြန်ပို့လိုက်ရပေသည်။

မိခင်ဖြစ်သူမှာ ထိုကလေးဆိုးလေး၏လုပ်ရပ်ကို တွေ့မြင်ရပြီးနောက် အလွန်အရှက်ရသွားပြီးလျှင် ချူဟွမ်၏အရှေ့တွင်ပင် မောင်ခေါင်းပြောင်လေးအား ခြေထောက်မှတွဲလောင်းဆွဲလျက် တင်ပါးကိုခပ်နာနာရိုက်လေတော့၏။

ချူဟွမ်ကမူ မမြင်ချင်ယောင်ဆောင်လျက် အသံတိတ်နည်းဖြင့် လစ်ထွက်သွားချေတော့သည်။ မြွေကလေးမှာကား ချူဟွမ်၏ပခုံးပေါ်မှ ခေါင်းထောင်ကြည့်လာကာ သည်းထန်စွာငိုကြွေးနေသောဘိုးတော်လေးကို စာနာသနားစွာ ငေးကြည့်နေပေ၏။

ဤနည်းဖြင့် မောင်ခေါင်းပြောင်လေးတစ်ယောက် လောကကြီး၏နိယာမတစ်ခုဖြစ်သည့် "အချစ်စစ်ဆိုသည်မှာ အလကား" ဟူသောသဘောတရားကို သူ့ဘဝအစပိုင်းတွင်ပင် သိရှိခံစားလိုက်ရကာ ဝမ်းနည်းပက်လက်ဖြင့် အော်ဟစ်ငိုယိုနေတော့သတည်း။

ချူဟွမ်မှာ တောင်ကုန်းလေးတစ်ခုကို ဖြတ်လျှောက်သွားချိန်တွင် တိရစ္ဆာန်ကျောင်းသောလူငယ်လေးတစ်စု အားလပ်ချိန်၌ အတူတကွစုရုံးနေကြသည်နှင့် ဝင်တိုးလေသည်။ သူတို့၏ အတင်းအဖျင်းများနှင့် စကားသံများမှာ ချူဟွမ်၏နားဝသို့ လေနှင့်အတူရောက်လာတော့၏။

မည်မျှပင်ရိုးသား၍ သဘောကောင်းသောအဖွဲ့ငယ်လေးပင်ဖြစ်ပါစေ လူတိုင်း၏အနိုင်ကျင့်ခြင်းကိုခံကြရရှာသော ကံဆိုးသူလေးများ တစ်ယောက်စနှစ်ယောက်စ,တော့ ရှိစမြဲပင်ဖြစ်ချေသည်။ လီယီမျိုးနွယ်စု၏ အမျိုးသားအသိုင်းအဝိုင်းထဲတွင် မာပြန်းမှာ "အိပ်သည်၊ စားသည်၊ 'မောင်ပဲသီး'ကို ရိုက်သည်" * ဟူသည့်စကားထဲမှ "မောင်ပဲသီး" ပင် ဖြစ်ပေ၏။

["အိပ်သည်၊ စားသည်၊ 'မောင်ပဲသီး'ကို ရိုက်သည်" - နာမည်ကြီး တရုတ်ဟာသတစ်ခုကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ သတင်းသမားတစ်ယောက်က အန္တာတိကကိုသွားပြီး ပင်ဂွင်းတစ်အုပ်ကို သူတို့ရဲ့နေ့စဉ်ဘဝအကြောင်း အင်တာဗျူးပါတယ်တဲ့။ ပထမပင်ဂွင်းတစ်ကောင်က "အိပ်တယ်၊ စားတယ်၊ 'မောင်ပဲသီး'ကို ရိုက်တယ်"လို့ ဖြေတယ်။ ဒုတိယတစ်ကောင်၊ တတိယတစ်ကောင် နောက်အကောင်တွေလည်း အားလုံးအဲ့လိုပဲဖြေကြတယ်။ နောက်ဆုံးတစ်ကောင်လည်းကျရော "အိပ်တယ်၊ စားတယ်"လို့ပဲ ဖြေသတဲ့။ ဒါနဲ့ သတင်းသမားလည်း "မောင်ပဲသီးကို ဘာလို့မရိုက်တာလဲ?" လို့မေးတော့ နောက်ဆုံးပင်ဂွင်းလေးက ဝမ်းနည်းစွာနဲ့ "မောင်ပဲသီးဆိုတာ ကျွန်တော်ပါပဲခင်ဗျာ" လို့ ဖြေပါတယ်တဲ့]

လူအချို့မှာ မာပြန်းကို အလယ်တွင်ထားလျက် ဝိုင်းထားကြကာ မာပြန်းသည်ကား သူ့အတွက်သူ ခုခံငြင်းခုံနေရင်းဖြင့် မျက်နှာမှာနီရဲနေလေပြီ။

"ဟိုဘက်ကမ်းမှာတုန်းက ငါက 'ဘုရင်ကြီး ဘုရင်ကြီး'နဲ့ ရက်တွေအများကြီးအတူတူနေလာတာ။ စာရင်းတွက်ရင်လည်း ငါပဲ သူ့ကိုကူလုပ်ပေးရတာ! သူက ငါ့ကို သူ့ရဲ့ ညီအစ်ကိုကောင်းလို့လည်း ပြောတယ်"

အခြားသူများကား လှောင်ပြောင်နေကြ၏။

"လျှောက်ကြွားနေတာ!"

လူငယ်လေးတစ်ယောက်က မာပြန်း၏ရင်ဘတ်ကိုတွန်း၍ ရန်စလိုက်ချေသည်။

"မင်းပြောပုံအရ မင်းက သူ့ရဲ့ညီအစ်ကိုကောင်းဆိုရင် မင်း သူ့ကို တစ်ခါလောက်အတူတူသောက်ဖို့ ခေါ်ရဲလား?"

မာပြန်း : "ငါ ... ငါ ..."

"အိုင်း... ငါအခု သူ့ကိုတွေ့တယ်! မင်းသွားလေ - သူနဲ့ မင်းနဲ့က ညီအစ်ကိုကောင်းတွေလို့ မင်းပဲမပြောခဲ့ဘူးလား။ မင်း လှမ်းလက်ပြလိုက်ရင် သူချက်ချင်းလာမှာပေါ့!"

"ဆက်ပြီး အာချောင်နေဦးလေ!"

"ဟုတ်တယ်။ မင်းက မြစ်ဟိုဘက်ကမ်းကို အတူတူသွားတာနဲ့ပဲ လျှောက်လေလုံးထွားနေတာမဟုတ်ဘူးလား? တာ့ရှန်းလည်း လိုက်သွားတာပဲကို"

"ငါတို့လည်း 'ဘုရင်ကြီး ဘုရင်ကြီး'ရဲ့အတန်းကို နေ့တိုင်းသွားတက်နေရတယ်လေ။ မင်းက သူ့စကားကိုတောင် ကောင်းကောင်းမပြောတတ်ဘဲနဲ့ ညီအစ်ကိုတဲ့လား"

မာပြန်း၏မျက်နှာတစ်ခုလုံး သွေးရောင်လွှမ်းသွားတော့၏။ သူက အခြားသူများကိုတွန်းထုတ်လိုက်ပြီး အသက်အောင့်လျက် ချူဟွမ်ထံ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာလေသည်။

သို့ရာတွင် လမ်းတစ်လျှောက်ဝယ် သူ့သတ္တိများမှာ တဖြည်းဖြည်းလျော့ပါးသွားရကာ ချူဟွမ်၏ရှေ့မှောက်ရောက်လာသည့်အချိန်တွင်ကား တစ်စက်မျှကိုမကျန်တော့ပေ။ သူသည် ခေါင်းကိုငုံ့လျက် ချူဟွမ်အနားသို့ တရွေ့ရွေ့တိုးလာကာ အပြစ်ဝန်ခံချက်တစ်ခုပေးတော့မည့်နှယ် ရှိနေလေ၏။ သူ၏ညစ်ပေနေသောလက်များကို တောင့်တောင့်ကြီးဖြင့် ဘောင်းဘီနှင့်ပွတ်သုတ်နေလျက် သူ့မျက်နှာထားမှာ နိုင်ငံခြားဘာသာစာမေးပွဲတစ်ခုကို ကျထားပြီးသည့်နောက် နိုင်ငံခြားဆရာနှင့် မလွှဲမရှောင်သာရင်ဆိုင်လိုက်ရသော အလယ်တန်းကျောင်းသားတစ်ယောက်ပမာ စိတ်ဓာတ်ကျနေပုံပေါက်နေပေသည်။

ချူဟွမ်တစ်ယောက် ထိုလူငယ်လေး၏အမူအရာကိုကြည့်၍ 'ဆရာဖြစ်'ရသည်ကို အနည်းငယ်တော့ သဘောကျသွားမိကာ - သူ့အနေဖြင့် အစားထိုးဆရာတစ်ယောက်ဆိုသည်ထက် သင်ကြားရေးကိုယ်စားလှယ်တစ်‌ယောက်ဟု ပို၍ခံစားမိပေ၏။

ချူဟွမ် : "မာပြန်း... ငါ့ကို ပြောစရာရှိနေတာလား?"

မာပြန်းကား အထစ်ထစ်အငေါ့ငေါ့ဖြစ်နေကာ သူ့မျက်နှာမှာ နီရဲလွန်းလှသောကြောင့် လမ်းဆုံမှကားများကိုပင် ရပ်တန့်သွားစေရန် အသုံးပြုနိုင်လောက်ချေသည်။

"ကျွန်တော်... ကျွန်တော်... သောက်... သောက်... သောက်... သေရည်သောက်..."

... သူ့ကြည့်ရသည်မှာ ငိုတော့မည့်ပုံပေါက်နေလေပြီ။

ချူဟွမ်ကား မာပြန်းကို အနည်းငယ်မျှ ထပ်စနောက်ချင်ခဲ့ခြင်းဖြစ်သော်လည်း လူငယ်လေးမှာ အလွန်ရှက်ရွံ့တုန်လှုပ်နေသည်ကို မြင်လိုက်ရသောအခါ ထိုသို့လုပ်လိုက်လျှင် မကောင်းလှကြောင်းတွေးမိသွားကာ သူ့လက်ကိုသာဆန့်တန်းလိုက်ပြီး လူငယ်လေး၏ပခုံးကို ပုတ်လိုက်လျက် စိတ်ပါလက်ပါသဘောတူလိုက်၏။

"သွားမယ်လေ"

မာပြန်းမှာ ဤမျှလောက်လွယ်လိမ့်မည်ဟု ထင်မထားခဲ့လေရာ ထိုနေရာတွင်ပင် ခေါင်းတလားပြားကြီးတစ်ခုနှယ် တောင့်ခဲသွားချေသည်။ သူတင်မဟုတ်၊ ဟိုဘက်နားဆီမှ ကြီးကောင်ကြီးမားကလေးကြီးများသည်လည်း တစ်စုတစ်စည်းတည်း မလှုပ်မယှက်ငြိမ်သက်သွားကြလျက် "ကျောက်ရုပ်ဖြစ်စေ" ကျိန်စာမိသွားသည့်အလား ရှိနေကြတော့၏။

ချူဟွမ်တစ်ယောက် သူ့နှာခေါင်းကိုပွတ်နေလျက် သူ့အနေဖြင့် ပုံမှန်ဆိုလျှင် မည်မျှတည်ကြည်၍ ဣန္ဒြေသိက္ခာကြီးမားနေကြောင်းကို စဉ်းစား၍မရနိုင်ဘဲရှိနေရလေသည်။

လူငယ်လေးများအုပ်စုမှာ ချူဟွမ်နှင့်စကားသွားပြောရန် မလုပ်ရဲဘဲရှိနေခဲ့ကြခြင်းဖြစ်၍ အချင်းချင်းတွန်းထိုးနေရင်းဖြင့် နောက်ဆုံးတွင် မာပြန်းကို တညီတညွတ်တည်းတွန်းထုတ်လိုက်ကြခြင်း ဖြစ်ပေသည်။ မာပြန်းမှာမူ ယိုင်တိယိုင်တိုင်ဖြင့် ရှေ့သို့နှစ်လှမ်းမျှတိုးလာသော်လည်း သူ့ကိုယ်သူတည်ငြိမ်အောင်ဆောက်တည်ခြင်းငှာ မတတ်နိုင်ဘဲ ဒူးတစ်ဖက်ထောက်လျက် ထိုင်ကျသွားရလေ၏။

ချူဟွမ်က တောင်ကမူမြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး အလိုအလျောက်ပင် ခြေတစ်ချောင်းကိုတင်၍ ခြေချိတ်ထိုင်လိုက်ကာ အေးအေးဆေးဆေးပင် ဆိုချေသည်။
"ချာတိတ်ရေ ငါတို့ နှစ်သစ်ကူးပွဲတော်ဆင်နွှဲနေတာမဟုတ်တာမို့ ဒူးထောက်ရင်တောင် မုန့်ဖိုးမပေးနိုင်ဘူးနော်"

မာပြန်းကား အလွန်စိတ်လှုပ်ရှားနေသောကြောင့် ဘာမျှကို နားမလည်နိုင်ဘဲရှိပေ၏။ ထိုလူငယ်လေးမှာ သူ့ကို သူ့အပေါင်းအဖော်များက လူသိရှင်ကြား မီးဖိုပေါ်တင်၍အကင်ခံရရန် တွန်းထုတ်လိုက်သည်ဟု ခံစားနေရကာ ခေါင်းထဲတွင် လောင်မြိုက်လျက် စိတ်ရှုပ်ထွေးနေလေသည်။

နားရွက်ကိုလိမ်လိုက်၊ ပါးကိုပွတ်လိုက်ဖြင့် အချိန်အတော်ကြာအောင်လုပ်နေပြီးမှ မာပြန်းတစ်ယောက် စကားတစ်ခွန်း ဖျစ်ဖျစ်ညှစ်ညှစ်ထွက်လာတော့၏။
"ဘုရင် ... ဘုရင်ကြီး ခင်ဗျား ... ခင်ဗျားအိမ်မှာတုန်းကရော မြင်းထိန်းတာလား?"

ချူဟွမ်က မျက်နှာတစ်ချက်မပြောင်းဘဲ ဆိုချေသည်။
"ငါက မြင်းမထိန်းဘူး။ မြင်းလိုက်တာ"

အားလုံးထဲတွင် နားမလည်ကြသောသူများလည်းပါလေရာ အုပ်စုထဲ၌ တိုးတိုးကြိတ်ကြိတ်ဆွေးနွေးတိုင်ပင်နေလျက် ချူဟွမ်ပြောသွားသောစကားကို အဓိပ္ပာယ်ဖော်နေကြလေ၏။ ထို့နောက် နားလည်သွားကြသောအခါ အားလုံးပင် မယုံကြည်နိုင်သောအမူအရာမျိုး ဖြစ်သွားကြပေသည်။

လူငယ်လေးတစ်ယောက်က အသံကျယ်ကျယ်ဖြင့် မေးလာ၏။
"ယုန်အမဲလိုက်တာလား?"

စကားပြောနေသော လူငယ်လေး၏မျက်နှာမှာ ကလေးဆန်လှပြီး ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်မျှသာ ရှိသေးပုံပေါ်၍ အမည်မှာကား "မဟာပထဝီမြေကြီး တုန်ဟည်းရိုက်ခတ်စေမည့် ဝရဇိန်မိုးကြိုးသွား" ဟူ၍ဖြစ်လေသည်။ ချူဟွမ်ကား သူ့အမည်ကိုအတိုချုံ့လိုက်ကာ "နှစ်ချက်ကန်" ဟု ကင်ပွန်းတပ်ပေးလိုက်၏။

"အဲ့တာက 'ယုန်လိုက်တယ်' * လို့ ပြောရတာ။ 'ယုန်အမဲလိုက်တယ်' မဟုတ်ဘူး။ တရုတ်စကားမှာ တချို့စာလုံးတွေကို ချန်ခဲ့ဖို့လိုတာတွေရှိတယ်"
['ယုန်လိုက်တယ်' - နှစ်ချက်ကန်ပြောလိုက်တာက '打猎兔子?' (တာလျဲ့ထုဇီ) လို့ပါ။ တရုတ်လိုမှာ သတ္တဝါတွေကို အမဲလိုက်တယ်လို့ပြောတဲ့အခါကျ 打猎 လို့မပြောဘဲ 打 တစ်လုံးတည်းသုံးလေ့ရှိပါတယ်။ အဲ့ဒါကြောင့် ချူဟွမ်က '打兔子' (တာထုဇီ) လို့ပဲပြောရမှာလို့ ပြင်ပေးလိုက်တာပါ]

ချူဟွမ်က မျက်မှန်ကိုပင့်တင်လိုက်ရင်းဖြင့် သူ့ကိုယ်သူ ဆရာနှင့်ပိုတူသွားအောင် ပြင်ဆင်လိုက်ကာ ဆိုပေသည်။
"ငါက အဓိကအားဖြင့် တောခွေးတွေကို လိုက်တာ။ အဲ့ကောင်တွေ လူတွေကိုကိုက်မှာစိုးလို့လေ။ ငါက ခွေးလိုက်တဲ့နေရာမှာ ကျွမ်းကျင်အဆင့်လို့ ပြောလို့ရတယ်"

နှစ်ချက်ကန်က မာပြန်းကို ဆွဲခေါ်သွားကာ လီယီဘာသာစကားဖြင့် မေးလိုက်၏။
"ငါ မယုံဘူးဆိုတာကို ဘယ်လိုပြောရလဲ?"

မာပြန်းက လမ်းညွှန်ပေးလိုက်လေသည်။
"ပုရှန်းချင်း" *
['ပုရှန်းချင်း' (不相亲) - တရုတ်လို "မယုံဘူး"ဆိုတာက 'ပုရှန်းရှင့်' (不相信) လို့ပြောရတာပါ။ မာပြန်းပြောလိုက်တဲ့ 'ပုရှန်းချင်း' (不相亲) ဆိုတာက "ဖူးစာဖက်မတွေ့ဘူး"လို့ အဓိပ္ပာယ်ရပါတယ်။ ဂျင်းထည့်လိုက်တာပေါ့နော် ;) ]

နှစ်ချက်ကန်မှာ ထိုစာလုံးကို အကြိမ်ရေအနည်းငယ်မျှ ခပ်တိုးတိုးရေရွတ်နေပြီးနောက် သူ့အနေဖြင့် သေချာပိုင်နိုင်သွားပြီဟု ခံစားလိုက်ရချိန်တွင် ကျယ်လောင်စွာပြောချလိုက်တော့၏။
"ဖူးစာဖက်မတွေ့ဘူး!"

ချူဟွမ်က သူ့ကို အကြံဆိုးဖြင့်လှမ်းကြည့်လိုက်ကာ အပြုံးစစဖြင့် ဆိုပေသည်။
"ဖူးစာဖက်တွေ့တာ? ဒီအရွယ်ကတည်းက မိန်းကလေးတွေအကြောင်း စဉ်းစားနေပြီပေါ့။ မင်း လူကြီးရောဖြစ်ပြီလား?"

တိရစ္ဆာန်ကျောင်းနေကြသော လူငယ်လေးများမှာ ဘာသာစကားလေ့လာရေးယာယီအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်ကြကာ ကြီးကျယ်လှသောဆွေးနွေးပွဲကြီးတစ်ခု နောက်တစ်ကြိမ်စတင်လာပြန်တော့သည်။ ငါးမိနစ်တိုင်တိုင်အချိန်ယူလိုက်ရပြီးနောက် လူတိုင်း မီးစာထည့်၍ မီးတောက်အောင်ဆောင်ရွက်*လိုက်ပြီးကြသည့်အချိန်တွင် ချူဟွမ်ပြောလိုက်သောစကား၏ အဓိပ္ပာယ်ကို ဖော်ထုတ်နိုင်လိုက်ကြလေ၏။
[လူတိုင်း မီးစာထည့်၍ မီးတောက်အောင်ဆောင်ရွက်သည် - အားလုံးစုပေါင်းအားစိုက်ပြီး ကြီးကျယ်တဲ့အလုပ်ကြီးတစ်ခုကို ပြီးမြောက်အောင်လုပ်နိုင်တယ်လို့ အဓိပ္ပာယ်ရတဲ့ စကားပုံတစ်ခုပါ။]

နှစ်ချက်ကန်၏အမူအရာမှာ ဇဝေဇဝါဖြစ်နေရာမှ ရှက်ရွံ့ခြင်းသို့ တဖြည်းဖြည်းပြောင်းလဲလာသည်ကို မြင်လိုက်ရပြီးနောက် နောက်ဆုံးတွင်ကား ဒေါသပေါက်ကွဲလျက် ကဆုန်ပေါက်ကာ မာပြန်းကို တစ်ယောက်ချင်းစာရင်းရှင်းရန် ဆွဲထုတ်သွားတော့သတည်း။

နန်ရှန်းနှင့် မျိုးနွယ်စုအကြီးအကဲများမှာ ခပ်လှမ်းလှမ်းတစ်နေရာမှ လျှောက်လှမ်းလာကြသည်တွင် မျိုးနွယ်စုထဲမှသူများအားလုံးပင် ချူဟွမ်ကဲ့သို့ ခြေချိတ်ထိုင်ရန် သင်ယူလိုက်ကြပြီးဖြစ်ကာ သူလုပ်သည့်အတိုင်း ထပ်တူလိုက်၍လုပ်နေကြလျက် ကိုးရိုးကားယားဖြစ်နေကြသည်ကို တွေ့လိုက်ကြရပေသည်။ မတ်တပ်ရပ်နေကြလျှင်ပင် အလွန်ထူးဆန်းသော ပန်းအလှလေးများသဖွယ်ရှိနေသည်ကို - မတ်တပ်ကြီးဖြင့် အနှီပုံစံမျိုးလိုက်ထိုင်ရန် သင်ယူလိုက်ပြီးသည့်အခါတွင်ကား တစ်ဖက်သို့ယိုင်နေသည့် မြင်ရခဲလှစွာသော ပန်းကလေးများ ဖြစ်လာကြတော့၏။ ခြေတစ်ဖက်မှာ မြေပြင်နှင့်ထိနေပြီးလျှင် နောက်တစ်ဖက်မှာကား ဒူးကိုခက်ခက်ခဲခဲမြှောက်ထားရလျက် ခြေတစ်ပေါင်ကျိုးရပ်နေကြကာ ရွှေရစ်ငှက်ခြေတစ်ဖက်ထောက်နေသကဲ့သို့ တင့်တယ်ဝံ့ကြွားစွာ ပြုမူနေကြချေသည်။

လီယီမျိုးနွယ်စုမှ အမျိုးသားများကား စွမ်းအင်များအလွန်ပြည့်လျှံနေကြပုံရပေ၏။ မတ်တပ်ရပ်နေကြသည်ဖြစ်စေ၊ ထိုင်နေကြသည်ဖြစ်စေ ထင်းရူးပင်နှင့် ခေါင်းလောင်းများပမာ ဖြောင့်မတ်နေကြလေသည်။

ဤမျိုးနွယ်စုထဲတွင် ပျင်းရိပျင်းတွဲခွေခွေခေါက်ခေါက်ဖြင့် တွေ့ကရာကိုလျော့တိလျော့ရဲမှီတွယ်နေလျက် ခြေချိတ်ထိုင်နေသည့် ချူဟွမ်ကဲ့သို့သောသူမျိုး တစ်ယောက်မှမရှိချေ။

ထိုသူများအ‌နေဖြင့် ချူဟွမ်၏ "လူသားများက သည်မှာနေ၊ နတ်ဘုရားက ဟိုမှာနေ" ဟူသောအပျင်းကြီးမှုမျိုးနှင့် စိတ်လွတ်ကိုယ်လွတ်နေမှုမျိုးကို မည်သည့်အခါမျှ သင်ယူနိုင်မည်မဟုတ်ပါလေ။

မျိုးနွယ်စုအကြီးအကဲက နန်ရှန်းကိုလှည့်ကြည့်လာကာ ဆိုပေ၏။
"သူ အရင်တုန်းက မျိုးနွယ်စုကလူတွေနဲ့ အရောတဝင်နေရတာ မကြိုက်ဘူးလားလို့?"

အကြီးအကဲမှာ လူအိုကြီးတစ်ယောက်ဖြစ်ပြီး ရင်ဘတ်ရှေ့တွင် အိတ်ကပ်ကြီးတစ်ခုရှိ၍ မီးဖိုချောင်သုံးရှေ့ဖုံးအဝတ်နှင့်တူသော ထူးဆန်းသည့်ဝတ်စုံကိုတစ်ခုကို ဝတ်ဆင်ထားလေသည်။ ထိုအိတ်ကပ်ကြီးထဲတွင် သစ်သီးမျိုးစုံကို အပြည့်အလျှံထည့်ထားလေရာ ကြီးမားလှသော G အရွယ်အစား* ရင်အုံကြီးတစ်ခုအဖြစ် အသက်ဝင်လျက်ရှိနေ၏။
[G အရွယ်အစား - ဒါကအမျိုးသမီးရင်အုံအရွယ်အစား အတိုင်းအတာသတ်မှတ်ချက်တစ်ခုပေါ့နော်။ သိတဲ့သူတွေသိလောက်ပေမယ့်လည်း မသိတဲ့သူတွေရှိမှာစိုးလို့ ရှင်းလိုက်ပါမယ်။ အမျိုးသမီးရင်အုံအရွယ်အစားကို အင်္ဂလိပ်အက္ခရာ A ကနေစပြီး ငယ်စဉ်ကြီးလိုက်သတ်မှတ်ပါတယ်။ အခုက G size ဆိုတော့ စပယ်ရှယ်အကိတ်ကြီးပေါ့  :X ]

ဤပုဂ္ဂိုလ်မှာ ချူဟွမ်ထက်ပင်ဆိုးသေး၍ သူ့အိမ်ခေါင်းထဲတွင်သာ တစ်ချိန်လုံးအောင်းနေတတ်သူဖြစ်ချေသည်။ များသောအားဖြင့် ထိုသူမှာ မည်သူနှင့်မျှတွေ့ဆုံလေ့မရှိဘဲ တံခါးအစောင့်များလာစဉ်တုန်းကပင် လူလုံးထွက်မပြခဲ့ပေ။ နောက်ဆုံးတွင်ကား ရူဂါက သူပြန်တော့မည့်အချိန်တွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်နှုတ်ဆက်ရလေ၏။

ချူဟွမ်တစ်ယောက် လီယီမျိုးနွယ်စုတွင် လပေါင်းများစွာနေထိုင်နေသည့်အတောအတွင်း ဤလူအိုကြီးကို တစ်ခါသာ တွေ့ဆုံဖူးခဲ့လေသည်။

အကြီးအကဲအပေါ်တွင်ထားရှိသော နန်ရှန်း၏သဘောထားမှာ ရိုသေလေးစားမှုတို့အပြင် ရင်းနှီးချစ်ခင်မှုတို့ပါ ရောစွက်ပါဝင်ပေသည်။ သူက အကြီးအကဲ၏မျက်လုံးများကို တည့်တည့်ကြည့်လျက် နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု အလိုအလျောက်ပေါ်လာ၏။

"မွန်းကြပ်လို့နေမှာပေါ့"

အကြီးအကဲက သူ့ရင်ဘတ်ပေါ်ရှိအိတ်ကပ်ထဲမှ သစ်သီးတစ်လုံးနှိုက်ထုတ်လိုက်သည်။ ထို့နောက် သူ၏ အရိုးပေါ်အရေတင်လက်များဖြင့် သစ်သီးကိုနှစ်ပိုင်းခွဲလိုက်ကာ ပုပ်နေသောအူတိုင်ကိုကြည့်၍ နှုတ်ခမ်းများမှာ တံတားခုံးတစ်ခုပုံဖြစ်သွားသည်အထိ မဲ့သွားတော့၏။

"ပိုးကိုက်ထားတယ်"

နန်ရှန်းက သူ့အကြည့်များကို ချူဟွမ်ထံမှ ပြန်ရုပ်လိုက်ပေသည်။

"ဟမ်?"

အကြီးအကဲက သွယ်ဝိုက်သောနည်းဖြင့် ဆူလိုက်၏။
"တချို့အရာတွေက ဒီအသီးလိုပဲ။ အပြင်ပန်းတော့ လှပါရဲ့။ ခွဲလည်းကြည့်လိုက်ရော မမှည့်သေးဘူးဆိုတာထက် ပိုးကိုက်နေနှင့်ပြီးသားက များနေတတ်တယ်"

နန်ရှန်းက မျက်မှောင်ကြုတ်လိုက်၏။

"ခင်ဗျား ချူဟွမ်ကို ပြောတာလား? သူက အဲ့လိုမဟုတ်ပါဘူး"

အကြီးအကဲက ပိုးကိုက်ထားသောအသီးကို လွှင့်ပစ်လိုက်ကာ အရွက်ညွန့်များလေးများရှိနေဆဲဖြစ်သော စတော်ဘယ်ရီရိုင်းနှစ်လုံးကို အင်္ကျီအိတ်ထဲမှ ထုတ်လာလေသည်။ ထို့နောက် တစ်လုံးကို နန်ရှန်းထံပစ်ပေးလိုက်ကာ ကျန်တစ်လုံးကို စင်ကြယ်အောင်သုတ်လိုက်ပြီးမှ သူ့ပါးစပ်ထဲသူထည့်လိုက်၏။

အကြီးအကဲက နန်ရှန်းခါးတွင်ချိတ်ထားသော ဘာဂျာကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်ကာ မသဲမကွဲသဘောဖြင့် ဆိုချေသည်။
"မင်း ဘာလို့ အဲ့လိုပြောနိုင်ရတာလဲ? သူက မင်းကို ပစ္စည်းအသေးအမွှားလေး နည်းနည်းပါးပါးနဲ့ စာအုပ်ကလေး နည်းနည်ပါးပါး ပေးဖူးတာကြောင့်လား?"

နန်ရှန်းတစ်ယောက် ဘာမျှပြန်မပြောပေ။

"မင်း အပြင်လူတွေနဲ့ အပေးအယူလုပ်လိုက်မိလို့လား? မင်းက မင်းအဖေကိုတောင် မမှတ်မိတော့ဘူးပေါ့။ အဲ့တုန်းက သူက..."

"ကျုပ် သိပါတယ်"
နန်ရှန်းက ရုတ်တရက်ပင် အကြီးအကဲ၏စကားကို ဖြတ်ပြောလိုက်လေသည်။

သူ့အနေဖြင့် ရူဂါဖြစ်စေ၊ အကြီးအကဲပင်ဖြစ်စေ အခြားသူများ ချူဟွမ်အား မေးခွန်းထုတ်ကြသည်ကို သဘောမကျကြောင်း ရုတ်တရက်သဘောပေါက်သွားရပြီးနောက် နန်ရှန်းမှာ ရှင်းရှင်းလင်းလင်းနှင့် ခပ်ကြမ်းကြမ်းပင် စကားဖြတ်လိုက်ရန် ဆုံးဖြတ်လိုက်ကာ ပြောလိုက်တော့၏။
"ကျုပ် စိတ်ဆိုးတယ်"

သူစကားပြောပြီးသွားသည်နှင့် ရေစပ်ဆီသို့လျှောက်သွားလိုက်ကာ စတော်ဘယ်ရီသီးကို ရေဆေးပြီးလျှင် ချူဟွမ်ထံလျှောက်လာပြီး အကြီးအကဲပေးထားသောစတော်ဘယ်ရီသီးကိုသုံး၍ ချူဟွမ်ကိုမျက်နှာလိုမျက်နှာရလုပ်လျက် ထိုသူ့ရှေ့မှောက်တွင်ပင် ပန်းငှား၍ ဘုရားလှူ*ပြလိုက်ချေသည်။
[ပန်းငှား၍ ဘုရားလှူ - မြန်မာစကားပုံ "အလှူလက်ဖက်နဲ့ မျက်နှာလုပ်"ဆိုတာမျိုးနဲ့ အတူတူပါပဲ။ ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘဲနဲ့ သူများဟာကိုယူပြီး နောက်တစ်ယောက်ဆီသွားဖားနေတာကို ဆိုလိုပါတယ်]

ခေါင်းဆောင်ကြီးလာနေသည်ကို မြင်လိုက်ကြရသည်နှင့် တိရစ္ဆာန်ကျောင်းနေသော လူငယ်လေးများမှာ ချက်ချင်းလူစုခွဲသွားကြ၏။ နန်ရှန်းက လတ်ဆတ်နူးညံ့လှ၍ ရေစက်ကလေးများတွဲခိုနေသော စတော်ဘယ်ရီရိုင်းလေးကို ချူဟွမ်ထံ ပေးလိုက်ပေသည်။

"စားပါ"

"ဒါမျိုးတောင်မှပဲလား?"

ချူဟွမ်၏မျက်လုံးများ အရောင်တောက်သွားရကာ - သူသည် အသီးအနှံစားရသည်ကို မကြိုက်လှသော်လည်း နီနီရဲရဲ စိမ်းဖန့်ဖန့်ဖြင့် စိုပြည်တောက်ပနေသည့် ဤသို့သောအသီးအနှံလေးကို သဘောကျသွားခြင်းဖြစ်၏။

"မင်းတို့နေရာက တကယ့်ကို ဖုန်းရွှေရတနာသိုက်ပဲ။ ဆောင်းတွင်းလည်းမအေးဘူး။ နွေဆိုလည်း မပူဘူး ဟုတ်တယ်မလား? "

"အဲ့ဒါက ဆောင်းတွင်းမရောက်သေးလို့ပါ"
နန်ရှန်းက ဆိုလေသည်။
"မင်း ငါတို့နေရာကို သဘောကျလား?"

ချူဟွမ်က တုန့်ဆိုင်းခြင်းမရှိ ချက်ချင်းပင် ခေါင်းညိတ်ပြပေ၏။

ထို့နောက်တွင်ကား နန်ရှန်း မေးလိုက်တော့သည်။
"မင်း ငါ့ကို သဘောကျလား?"

ချူဟွမ် : "..."

သူ့အနေဖြင့် နန်ရှန်းမှာ တစ်ခါတရံတွင် ယဉ်ကျေးမှုနှင့် ဘာသာစကားကွာဟချက်များကြောင့် ဆိုလိုရင်းအဓိပ္ပာယ်ကိုမရောက်ဘဲဖြစ်သွားတတ်သော စကားမျိုးများပြောတတ်သည်ကို သိနေသည့်တိုင်အောင် သူကိုယ်တိုင်၏ မဖြူစင်လှတော့သောအတွေးများကြောင့် အလိုအလျောက်မလုံမလဲဖြစ်နေလျက် အပြစ်ရှိနေသလို ခံစားနေရကာ သီးသွားရလေ၏။

နန်ရှန်းကား ထိုသူပြန်မဖြေသည်ကိုတွေ့လိုက်ရလျှင် အနည်းငယ်စိတ်ပူလာကာ စစ်သင်တန်းဆင်းတစ်ယောက်ပမာ ဖြောင့်မတ်နေခဲ့သော သူ့ခါးမှာ ပို၍ဖြောင့်မတ်လာပေသည်။

ချူဟွမ်ကမူ ခေတ္တမျှရပ်တန့်သွားပြီးနောက် ထိပ်တိုက်ရင်ဆိုင်ရမည့်ကိစ္စကြီးကို သတိထား၍ရှောင်လိုက်ကာ စကားလမ်းကြောင်းလွှဲလိုက်ချေ၏။

"မင်းလူတစ်ယောက်ကိုခေါ်ဖို့ဆိုရင် ဘယ်လိုလူမျိုးကို သဘောမကျဘူးလဲ?"

နန်ရှန်းတစ်ယောက် သူ့စကားများတွင်ပါဝင်နေသော တုန့်ဆိုင်းမှုကို ကြားလိုက်ရပြီးနောက် တဒင်္ဂမျှ စိတ်နှလုံးညှိုးချုံးသွားရလေသည်။

အတော်ကြာအောင်တိတ်ဆိတ်နေပြီးမှ စိတ်ဓာတ်ကျစွာ မေးလိုက်ပေ၏။
"မင်း ဒီနေရာကို သဘောကျတယ်ဆိုရင် ဒီမှာဘာလို့မနေမှာလဲ?"

ချူဟွမ်က ခေါင်းကိုစောင်းငဲ့၍ ထိုသူ့ကို ကြည့်လာလေသည်။

"ငါက ထွက်သွားချင်တယ်ဆိုရင် မင်း ငါနဲ့အတူတူ အပြင်ကိုလိုက်မှာလား?"

"လိုက်ချင်တယ်"
နန်ရှန်းက ပွင့်လင်းစွာပင် ဖြေလိုက်သည်။
"ဒါပေမယ့် ငါ ထွက်သွားလို့မရဘူး"

ချူဟွမ်တစ်ယောက် ထိုသူ့ဆံနွယ်တစ်စကို ဆွဲယူလျက် လက်ချောင်းထိပ်‌ဖျားလေးအကြားတွင်လိမ်၍ ကစားနေချေ၏။

"အဲ့လိုဆို ငါကလည်း မင်းလိုပဲလေ - ငါတို့ဆီမှာဆိုရင် ငါက မင်းလောက်အရေးပါတဲ့သူမျိုးမဟုတ်ဘူးဆိုပေမယ့် ဒီအတိုင်းလက်အောက်ငယ်သားလေးတစ်ယောက်ဆိုပေမယ့်လည်း ငါလုပ်ရမယ့်ကိစ္စတစ်ခုခုပေါ်လာရင် ချက်ချင်းသွားရမှာ။ မင်းနားလည်တယ်မလား? "

နန်ရှန်းက သူ့ကို လေးနက်စွာစိုက်ကြည့်လာလေသည်။

ချူဟွမ်က ထိုသူ၏ပခုံးကို ပုတ်လိုက်ကာ မတ်တပ်ရပ်လိုက်ပြီးနောက် နန်ရှန်းခါးတွင်ချိတ်ထားသော ဘာဂျာကို ညွှန်ပြ၍ ဆိုပေ၏။
"အဲ့ဒါကြီးကို မင်းခါးပတ်မှာ ချိတ်မထားစမ်းပါနဲ့။ ကြောင်တောင်တောင်မနိုင်ဘူးလား? ဘောင်းဘီက လျှောကျတော့မယ်"

နန်ရှန်းက သူ့ပခုံးပေါ်တင်ထားသော ချူဟွမ့်လက်ကို ဆွဲကိုင်လိုက်ပေသည်။

"မင်း... မင်းသွားချင်တယ်ဆိုရင်..."

နန်ရှန်းအသံမှာ အနည်းငယ်ကွဲအက်နေလေ၏။

"ဆောင်းမဝင်ခင်သွားမှဖြစ်လိမ့်မယ်။ ဆောင်းရာသီရောက်ရင် ငါတို့က တောင်ကိုချိတ်ပိတ်လိုက်မှာမို့ အဲ့အချိန်ကျ မင်းထွက်သွားလို့ရမှာမဟုတ်တော့ဘူး"

--------------------

Please support NUG. အရေးတော်ပုံ အောင်ရမည် 💪

25.6.2021

❤❤❤

(Zawgyi)

ဆူးအရင္အပိုင္းေတြတုန္းက Notes ေတြကို ေအာက္ဆုံးမွစုထည့္ခဲ့တာရယ္။ သာသာတစ္ေယာက္က ဖတ္ေနရင္းေအာက္ကိုဆြဲဆြဲရွာေနရတာထက္ ၾကားထဲမွာ တစ္ခါတည္းထည့္သြားရင္ ပိုအဆင္ေျပေလာက္မယ္လို႔အႀကံေပးတာနဲ႔ ဆူး ဒီအပိုင္းကစၿပီး Notes ေတြကို ၾကားမွာပဲထည့္ထည့္သြားလိုက္ပါမယ္ေနာ္။ ပုံေတြပါရင္ေတာ့ ေအာက္ဆုံးက်မွပဲ ထည့္ေပးလိုက္ပါေတာ့မယ္ရွင့္ 💗

---

မင္း ဘာလုပ္ေနတာလဲ။ ဖက္ခ်င္တာေတာ့ မဟုတ္ဘူးမလား

အကယ္၍ လူတစ္ေယာက္သည္ ဘဝတစ္ခုကို ၿငီးေငြ႕လာမည္ဆိုလွ်င္ပင္ သူ မၾကာခင္ ထြက္ခြာရေတာ့မည္ဟု သိလာရေသာအခါ သာမန္လူတို႔အတြက္ စိတ္ဝင္စားစရာမေကာင္းေသာအရာမ်ားကိုပါ တြယ္တာမႈတို႔ျဖစ္တည္လာတတ္ကာ - ခ်ဴဟြမ္သည္ကား လီယီမ်ိဴးႏြယ္စုကို အနည္းငယ္ေသာ္မွ မၿငီးေငြ႕ေသးပါေခ်။

ျမစ္တစ္ဖက္ကမ္းမွ ျပန္ေရာက္လာၿပီးသည့္ေနာက္ ခ်ဴဟြမ္တစ္ေယာက္ ေန႔တိုင္းလိုလို ေတာအုပ္ထဲတြင္ အခ်ိန္ျဖဳန္းမေနေတာ့ေပ။ ဤအျခင္းအရာကိုနေ နန္ရွန္းမွတစ္ပါး အျခားသူမ်ားအေနျဖင့္ သတိထားမိၾကပုံမရပါေလ။ မ်ိဳးႏြယ္စုထဲတြင္ သူေပၚလာတတ္ေသာအခ်ိန္အတိုင္းအတာမွာ ႐ုတ္ခ်ည္းျမင့္တက္လာေတာ့၏။

ယခင္ကဆိုလွ်င္ ခ်ဴဟြမ္သည္ ကေလးမ်ားႏွင့္ တိရစာၦန္ငယ္ေလးမ်ားကို လုံးဝကို သေဘာမက်သူျဖစ္ေလသည္။ ကေလးမ်ားကိုေတြ႕လွ်င္ ေဝးေဝးမွေရွာင္ကြင္းသြားမည္ျဖစ္ၿပီး ကေလးမ်ား၏ ေပါက္ေပါက္ေဖာက္ေနေသာစကားသံကို ၾကားလိုက္ရသည္ႏွင့္ သူ႔ေခါင္းမွာ ႏွစ္ဆမွ် ႀကီးလာမည္ျဖစ္ေပသည္။

သို႔ရာတြင္ တစ္ေန႔၌ သူ ျပတင္းေပါက္ေရွ႕တြင္ရပ္ေနရင္း အေပၚသို႔ေမာ့ၾကည့္လိုက္သည့္အခါ သစ္ပင္ထိပ္‌ဖ်ားဝယ္ လင္းႏို႔မ်ားပမာတြဲေလာင္းခိုေနၾကေသာ ကေလးအခ်ိဳ႕ကို ျမင္လိုက္ရၿပီးေနာက္ သူ႔လည္ကိုဆန႔္တန္း၍ ၾကည့္လိုက္မိ၏။ အႏွီသတၱဝါေလးမ်ားမွာ သူ႔ကို ေအာင္ျမင္စြာေခ်ာင္းေျမာင္းၾကည့္ရႈႏိုင္ခဲ့ၿပီဟု ထင္ေနၾကပုံရေနၾကသည္ကို ခ်ဴဟြမ္မွာ ဆန္းၾကယ္လွစြာပင္ စိတ္ရႈပ္သည္ဟု မခံစားရေတာ့ေပ။

သူ႔အေနျဖင့္ သူငယ္စဥ္တုန္းက မည္မွ်ဆိုးသြမ္းခဲ့ေၾကာင္းကို အမွတ္ရမိသြားၿပီးေနာက္ ေတြးလိုက္မိေခ်သည္။
/"တကယ္လို႔ လုအာေလးက ကေလးႏွစ္ေယာက္ေမြးမယ္ဆိုရင္ သူ႔အိမ္မွာ ၿငိမ္းခ်မ္းမႈဆိုတာ ရွိႏိုင္ပါ့ဦးမလား?"/

ခ်ဴဟြမ္တစ္ေယာက္ သစ္ပင္ေပၚမွ စုံေထာက္ကေလးမ်ားကို လက္ယပ္ေခၚလိုက္၏။ ကေလးမ်ား၏လည္ပင္းမ်ားမွာ ငွက္ႀကီးဝန္ပိုလည္ပင္းရွည္မ်ားအျဖစ္မွ လိပ္တစ္ေကာင္ပမာ တိုဝင္သြားၿပီးေနာက္ အခ်င္းခ်င္း 'သူဆိတ္၊ ကိုယ္လိမ္၊ သူ႐ိုက္၊ ကိုယ္ကန္၊ သူတြန္း၊ ကိုယ္ထိုး' ျဖင့္ မည္သူမွ် ထြက္မလာရဲၾကပဲရွိေနၾကေလသည္။

ေနာက္ဆုံးတြင္ကား ‌ေမာင္ေခါင္းေျပာင္ေလးက ဦးေဆာင္လိုက္ၿပီး သၾကားလုံးတစ္လုံးစာခင္မင္မႈျဖင့္ သစ္ပင္ေပၚမွ ခုန္ဆင္းခ်လာေတာ့၏။

စုံေထာက္အဖြဲ႕မွာ ေရဆူဆူထဲသို႔ ဖက္ထုပ္မ်ားပစ္ထည့္လိုက္သည့္ႏွယ္ သစ္ပင္ေပၚမွ အားလုံးခုန္ခ်လာၾကေပသည္။ ခ်ဴဟြမ္လည္း အိမ္ထဲသို႔ျပန္ဝင္သြား၍ သၾကားလုံးလက္တစ္ဆုပ္စာယူလာကာ တစ္ေယာက္တစ္လုံးစီေဝေပးလိုက္ၿပီးေနာက္ ကေလးမ်ားကို ျပန္လႊတ္လိုက္၏။

ေသခ်ာေပါက္ပင္ လြယ္လြယ္ႏွင့္ ျပန္လႊတ္၍မရေသာသူမ်ားလည္း ရွိသည္ပင္။ ဥပမာအားျဖင့္ ေမာင္ေခါင္းေျပာင္ကေလး ျဖစ္ေလ၏။

ေမာင္ေခါင္းေျပာင္ေလးမွာ ဆင္ကိုအေကာင္လိုက္မ်ိဳခ်င္ေနေသာ ေႁမြတစ္ေကာင္ပမာ ေလာဘႀကီး၍ မတင္းတိမ္ႏိုင္ဘဲ ရွိေနေခ်သည္။ သၾကားလုံးစားၿပီးသည့္ေနာက္တြင္ပင္ ထိုသူ႔အေၾကာင္းကို စဥ္းစားေနမိဆဲ ျဖစ္ေလသည္။ ထိုကေလးမွာ ေခတၱမွ် ေသခ်ာေတြးေတာေနၿပီးသည့္ေနာက္ မ်က္ႏွာေျပာင္တိုက္ျခင္းသည္ လူတစ္ေယာက္ေအာင္ျမင္ႏိုင္ရန္အတြက္ ပထမဆုံးေသာေျခလွမ္းျဖစ္သည္ဟု ဆုံးျဖတ္လိုက္၏။ ထိုသို႔ျဖင့္ ေမာင္ေခါင္းေျပာင္ကေလးသည္ ရွက္႐ြံ႕ျခင္းကင္းစြာျဖင့္ ေဘးဘက္မွေန၍ ခ်ဴဟြမ္ထံသို႔ လက္ႏွစ္ဖက္ကိုဆန႔္တန္းလာေပသည္။

ခ်ဴဟြမ္မွာ လန႔္သြားၿပီး ေနာက္သို႔ ေျခတစ္လွမ္းဆုတ္သြား၏။
"ဘာလို႔လဲ? မင္း ဖက္ခ်င္တာေတာ့ မဟုတ္ဘူးမလား?"

ေမာင္ေခါင္းေျပာင္ေလးကား သူ႔အေတြးကို ထင္ထင္ရွားရွားပင္ အတည္ျပဳေပးလိုက္ေလသည္။
"ဖက္!"

ခ်ဴဟြမ္တစ္ေယာက္ ေျမျမႇဳပ္မိုင္းဗုံးမ်ားအၾကား သြားေနရသည့္အတိုင္း တုန္တုန္ခ်ည့္ခ်ည့္ျဖင့္ ေျခလွမ္းတစ္ဝက္စာမွ် ေရွ႕သို႔လွမ္းလာေပ၏။ ထို႔ေနာက္ ေမာင္ေခါင္းေျပာင္ေလးထံမွ စိတ္ခ်ရေလာက္ေသာအကြာအေဝးတစ္ခုတြင္ရပ္လ်က္ အသံကိုႏွိမ့္လိုက္ကာ သူ၏ မေတာက္တေခါက္လီယီဘာသာစကားျဖင့္ ေမာင္ေခါင္းေျပာင္ေလးကို ရွင္းျပရန္ ႀကိဳးစားရေတာ့သည္။

"မႈန္ကုပ္ကုပ္နဲ႔ ၾကမ္းတမ္းတဲ့လူအိုႀကီးတစ္ေယာက္ရယ္ စိတ္အားထက္သန္မႈေတြ ျပည့္လွ်ံေနတဲ့ ကေလးေလးတစ္ေယာက္ရယ္... ဒီႏွစ္ေယာက္ၾကားက အကြာအေဝးဆိုတာ အရမ္းႀကီးလြန္းတယ္။ ေျမျပင္နဲ႔ ေနနဲ႔ၾကားက အကြာအေဝးလိုပဲ။ ငါက အခုမွ ခရီးလမ္းေၾကာင္းေပၚ စထြက္႐ုံပဲရွိေသးတာမို႔ မင္း ငါ့ကို အခ်ိန္ေတာ့ေပးဖို႔ လိုဦးမွာ"

သူ႔အသံထြက္ မပီသ၍ေပေလာ၊ သူ႔အေနျဖင့္ ရွင္းရွင္းလင္းလင္းေျပာမျပႏိုင္လိုက္၍ေပေလာ၊ အျခားအေၾကာင္းတစ္ခုေၾကာင့္ေပေလာေတာ့မသိ။ ေမာင္ေခါင္းေျပာင္ေလးမွာ ထိုစကားကိုၾကားၿပီးသည့္တိုင္ မလႈပ္မယွက္ျဖင့္ သူ႔ထံသို႔လက္ဆန႔္တန္းလ်က္ ေခါင္းမာေနဆဲပင္ျဖစ္၏။

ခ်ဴဟြမ္လည္း ရွင္းျပျခင္းျဖင့္ အလုပ္မျဖစ္ႏိုင္ေၾကာင္း ျမင္လိုက္ရၿပီးေနာက္ သူ၏ ေမတၱာတရားကို ထုတ္သုံးလိုက္ရေတာ့ကာ - သၾကားလုံးတစ္လုံး ထုတ္ေပးလိုက္ေလသည္။

"စား။ ၿပီးရင္ ကိုယ့္ဘာကိုယ္ သြားေဆာ့ေတာ့ေနာ္။ လိမၼာတယ္"

လီယီမ်ိဳးႏြယ္စု၏ ျမင့္ျမတ္ေသာ ေတာဝက္႐ိုင္းမ်ားပမာ ကေလးမ်ားကား ဤမွ်ေလာက္လြယ္လြယ္ကူကူႏွင့္ လာဘ္ထိုး၍ ရႏိုင္ပါ႐ိုးေလာ? ေမာင္ေခါင္းေျပာင္ေလးမွာ သၾကားလုံးကိုယူလိုက္ၿပီးေနာက္ ထြက္မသြား႐ုံမွ်မက သူ၏အေကာင္းဆုံးေသာအကြက္ကို ခ်ဴဟြမ္ထံ ထုတ္သုံးလိုက္ကာ : ထိုသူ႔ေပါင္မ်ားကို လွမ္းဖက္လာေခ်၏။

ထူးဆန္းေသာ အဆိပ္ရွိေႁမြကေလးကလည္း မည္သည့္ေနရာကမွန္းမသိ ထြက္လာျပန္ကာ လက္ရွိအေျခအေနကို ျမင္သြားၿပီးသကာလ သူလည္း အတူတကြရစ္ပတ္ရန္ ခ်က္ခ်င္းဆုံးျဖတ္လိုက္လ်က္ - ထိုသတၱဝါေလးမွာ ခ်ဴဟြမ္၏ေဘာင္းဘီေပၚသို႔ တြယ္တက္လာၿပီးေနာက္ ထိုသူ၏ေနာက္ထပ္ေျခတစ္ဖက္ကို ရစ္ပတ္ထားေတာ့သည္။

ခ်ဴဟြမ္ : "..."

သူ႔အေနျဖင့္ 'လူသားႏွင့္ သဘာဝတရား' တို႔၏အေလးခ်ိန္ကို ေျခေထာက္ေပၚတြင္ သယ္ထားရေလရာ အေတာ္ေလးအခက္ႀကဳံေနရ၏။

ခ်ဴဟြမ္မွာ ေမာင္ေခါင္းေျပာင္ကေလးကို ေသခ်ာကိုင္ထားလ်က္ ေပါက္ကြဲေစတတ္ေသာပစၥည္းမ်ားပါဝင္ေနသည့္အိတ္ကို သယ္လာရသည့္အတိုင္း လႈပ္ရွားေနရကာ ထိုကေလးကို သူ႔မိဘမ်ားထံ ျပန္ပို႔လိုက္ရေပသည္။

မိခင္ျဖစ္သူမွာ ထိုကေလးဆိုးေလး၏လုပ္ရပ္ကို ေတြ႕ျမင္ရၿပီးေနာက္ အလြန္အရွက္ရသြားၿပီးလွ်င္ ခ်ဴဟြမ္၏အေရွ႕တြင္ပင္ ေမာင္ေခါင္းေျပာင္ေလးအား ေျခေထာက္မွတြဲေလာင္းဆြဲလ်က္ တင္ပါးကိုခပ္နာနာ႐ိုက္ေလေတာ့၏။

ခ်ဴဟြမ္ကမူ မျမင္ခ်င္ေယာင္ေဆာင္လ်က္ အသံတိတ္နည္းျဖင့္ လစ္ထြက္သြားေခ်ေတာ့သည္။ ေႁမြကေလးမွာကား ခ်ဴဟြမ္၏ပခုံးေပၚမွ ေခါင္းေထာင္ၾကည့္လာကာ သည္းထန္စြာငိုေႂကြးေနေသာဘိုးေတာ္ေလးကို စာနာသနားစြာ ေငးၾကည့္ေနေပ၏။

ဤနည္းျဖင့္ ေမာင္ေခါင္းေျပာင္ေလးတစ္ေယာက္ ေလာကႀကီး၏နိယာမတစ္ခုျဖစ္သည့္ "အခ်စ္စစ္ဆိုသည္မွာ အလကား"ဟူေသာသေဘာတရားကို သူ႔ဘဝအစပိုင္းတြင္ပင္ သိရွိခံစားလိုက္ရကာ ဝမ္းနည္းပက္လက္ျဖင့္ ေအာ္ဟစ္ငိုယိုေနေတာ့သတည္း။

ခ်ဴဟြမ္မွာ ေတာင္ကုန္းေလးတစ္ခုကို ျဖတ္ေလွ်ာက္သြားခ်ိန္တြင္ တိရစာၦန္ေက်ာင္းေသာလူငယ္ေလးတစ္စု အားလပ္ခ်ိန္၌ အတူတကြစု႐ုံးေနၾကသည္ႏွင့္ ဝင္တိုးေလသည္။ သူတို႔၏ အတင္းအဖ်င္းမ်ားႏွင့္ စကားသံမ်ားမွာ ခ်ဴဟြမ္၏နားဝသို႔ ေလႏွင့္အတူေရာက္လာေတာ့၏။

မည္မွ်ပင္႐ိုးသား၍ သေဘာေကာင္းေသာအဖြဲ႕ငယ္ေလးပင္ျဖစ္ပါေစ လူတိုင္း၏အႏိုင္က်င့္ျခင္းကိုခံၾကရရွာေသာ ကံဆိုးသူေလးမ်ား တစ္ေယာက္စႏွစ္ေယာက္စေတာ့ ရွိစၿမဲပင္ျဖစ္ေခ်သည္။ လီယီမ်ိဳးႏြယ္စု၏ အမ်ိဳးသားအသိုင္းအဝိုင္းထဲတြင္ မာျပန္းမွာ "အိပ္သည္၊ စားသည္၊ 'ေမာင္ပဲသီး'ကို ႐ိုက္သည္" * ဟူသည့္စကားထဲမွ "ေမာင္ပဲသီး" ပင္ ျဖစ္ေပ၏။

["အိပ္သည္၊ စားသည္၊ 'ေမာင္ပဲသီး'ကို ႐ိုက္သည္" - နာမည္ႀကီး တ႐ုတ္ဟာသတစ္ခုကေန ဆင္းသက္လာတာျဖစ္ပါတယ္။ သတင္းသမားတစ္ေယာက္က အႏၲာတိကကိုသြားၿပီး ပင္ဂြင္းတစ္အုပ္ကို သူတို႔ရဲ႕ေန႔စဥ္ဘဝအေၾကာင္း အင္တာဗ်ဴးပါတယ္တဲ့။ ပထမပင္ဂြင္းတစ္ေကာင္က "အိပ္တယ္၊ စားတယ္၊ 'ေမာင္ပဲသီး'ကို ႐ိုက္တယ္"လို႔ ေျဖတယ္။ ဒုတိယတစ္ေကာင္၊ တတိယတစ္ေကာင္ ေနာက္အေကာင္ေတြလည္း အားလုံးအဲ့လိုပဲေျဖၾကတယ္။ ေနာက္ဆုံးတစ္ေကာင္လည္းက်ေရာ "အိပ္တယ္၊ စားတယ္"လို႔ပဲ ေျဖသတဲ့။ ဒါနဲ႔ သတင္းသမားလည္း "ေမာင္ပဲသီးကို ဘာလို႔မ႐ိုက္တာလဲ?" လို႔ေမးေတာ့ ေနာက္ဆုံးပင္ဂြင္းေလးက ဝမ္းနည္းစြာနဲ႔ "ေမာင္ပဲသီးဆိုတာ ကြၽန္ေတာ္ပါပဲခင္ဗ်ာ" လို႔ ေျဖပါတယ္တဲ့]

လူအခ်ိဳ႕မွာ မာျပန္းကို အလယ္တြင္ထားလ်က္ ဝိုင္းထားၾကကာ မာျပန္းသည္ကား သူ႔အတြက္သူ ခုခံျငင္းခုံေနရင္းျဖင့္ မ်က္ႏွာမွာနီရဲေနေလၿပီ။

"ဟိုဘက္ကမ္းမွာတုန္းက ငါက 'ဘုရင္ႀကီး ဘုရင္ႀကီး'နဲ႔ ရက္ေတြအမ်ားႀကီးအတူတူေနလာတာ။ စာရင္းတြက္ရင္လည္း ငါပဲ သူ႔ကိုကူလုပ္ေပးရတာ! သူက ငါ့ကို သူ႔ရဲ႕ ညီအစ္ကိုေကာင္းလို႔လည္း ေျပာတယ္"

အျခားသူမ်ားကား ေလွာင္ေျပာင္ေနၾက၏။

"ေလွ်ာက္ႂကြားေနတာ!"

လူငယ္ေလးတစ္ေယာက္က မာျပန္း၏ရင္ဘတ္ကိုတြန္း၍ ရန္စလိုက္ေခ်သည္။

"မင္းေျပာပုံအရ မင္းက သူ႔ရဲ႕ညီအစ္ကိုေကာင္းဆိုရင္ မင္း သူ႔ကို တစ္ခါေလာက္အတူတူေသာက္ဖို႔ ေခၚရဲလား?"

မာျပန္း : "ငါ ... ငါ ..."

"အိုင္း... ငါအခု သူ႔ကိုေတြ႕တယ္! မင္းသြားေလ - သူနဲ႔ မင္းနဲ႔က ညီအစ္ကိုေကာင္းေတြလို႔ မင္းပဲမေျပာခဲ့ဘူးလား။ မင္း လွမ္းလက္ျပလိုက္ရင္ သူခ်က္ခ်င္းလာမွာေပါ့!"

"ဆက္ၿပီး အာေခ်ာင္ေနဦးေလ!"

"ဟုတ္တယ္။ မင္းက ျမစ္ဟိုဘက္ကမ္းကို အတူတူသြားတာနဲ႔ပဲ ေလွ်ာက္ေလလုံးထြားေနတာမဟုတ္ဘူးလား? တာ့ရွန္းလည္း လိုက္သြားတာပဲကို"

"ငါတို႔လည္း 'ဘုရင္ႀကီး ဘုရင္ႀကီး'ရဲ႕အတန္းကို ေန႔တိုင္းသြားတက္ေနရတယ္ေလ။ မင္းက သူ႔စကားကိုေတာင္ ေကာင္းေကာင္းမေျပာတတ္ဘဲနဲ႔ ညီအစ္ကိုတဲ့လား"

မာျပန္း၏မ်က္ႏွာတစ္ခုလုံး ေသြးေရာင္လႊမ္းသြားေတာ့၏။ သူက အျခားသူမ်ားကိုတြန္းထုတ္လိုက္ၿပီး အသက္ေအာင့္လ်က္ ခ်ဴဟြမ္ထံ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ေလွ်ာက္လာေလသည္။

သို႔ရာတြင္ လမ္းတစ္ေလွ်ာက္ဝယ္ သူ႔သတၱိမ်ားမွာ တျဖည္းျဖည္းေလ်ာ့ပါးသြားရကာ ခ်ဴဟြမ္၏ေရွ႕ေမွာက္ေရာက္လာသည့္အခ်ိန္တြင္ကား တစ္စက္မွ်ကိုမက်န္ေတာ့ေပ။ သူသည္ ေခါင္းကိုငုံ႔လ်က္ ခ်ဴဟြမ္အနားသို႔ တေ႐ြ႕ေ႐ြ႕တိုးလာကာ အျပစ္ဝန္ခံခ်က္တစ္ခုေပးေတာ့မည့္ႏွယ္ ရွိေနေလ၏။ သူ၏ညစ္ေပေနေသာလက္မ်ားကို ေတာင့္ေတာင့္ႀကီးျဖင့္ ေဘာင္းဘီႏွင့္ပြတ္သုတ္ေနလ်က္ သူ႔မ်က္ႏွာထားမွာ ႏိုင္ငံျခားဘာသာစာေမးပြဲတစ္ခုကို က်ထားၿပီးသည့္ေနာက္ ႏိုင္ငံျခားဆရာႏွင့္ မလႊဲမေရွာင္သာရင္ဆိုင္လိုက္ရေသာ အလယ္တန္းေက်ာင္းသားတစ္ေယာက္ပမာ စိတ္ဓာတ္က်ေနပုံေပါက္ေနေပသည္။

ခ်ဴဟြမ္တစ္ေယာက္ ထိုလူငယ္ေလး၏အမူအရာကိုၾကည့္၍ 'ဆရာျဖစ္'ရသည္ကို အနည္းငယ္ေတာ့ သေဘာက်သြားမိကာ - သူ႔အေနျဖင့္ အစားထိုးဆရာတစ္ေယာက္ဆိုသည္ထက္ သင္ၾကားေရးကိုယ္စားလွယ္တစ္‌ေယာက္ဟု ပို၍ခံစားမိေပ၏။

ခ်ဴဟြမ္ : "မာျပန္း... ငါ့ကို ေျပာစရာရွိေနတာလား?"

မာျပန္းကား အထစ္ထစ္အေငါ့ေငါ့ျဖစ္ေနကာ သူ႔မ်က္ႏွာမွာ နီရဲလြန္းလွေသာေၾကာင့္ လမ္းဆုံမွကားမ်ားကိုပင္ ရပ္တန႔္သြားေစရန္ အသုံးျပဳႏိုင္ေလာက္ေခ်သည္။

"ကြၽန္ေတာ္... ကြၽန္ေတာ္... ေသာက္... ေသာက္... ေသာက္... ေသရည္ေသာက္..."

... သူ႔ၾကည့္ရသည္မွာ ငိုေတာ့မည့္ပုံေပါက္ေနေလၿပီ။

ခ်ဴဟြမ္ကား မာျပန္းကို အနည္းငယ္မွ် ထပ္စေနာက္ခ်င္ခဲ့ျခင္းျဖစ္ေသာ္လည္း လူငယ္ေလးမွာ အလြန္ရွက္႐ြံ႕တုန္လႈပ္ေနသည္ကို ျမင္လိုက္ရေသာအခါ ထိုသို႔လုပ္လိုက္လွ်င္ မေကာင္းလွေၾကာင္းေတြးမိသြားကာ သူ႔လက္ကိုသာဆန႔္တန္းလိုက္ၿပီး လူငယ္ေလး၏ပခုံးကို ပုတ္လိုက္လ်က္ စိတ္ပါလက္ပါသေဘာတူလိုက္၏။

"သြားမယ္ေလ"

မာျပန္းမွာ ဤမွ်ေလာက္လြယ္လိမ့္မည္ဟု ထင္မထားခဲ့ေလရာ ထိုေနရာတြင္ပင္ ေခါင္းတလားျပားႀကီးတစ္ခုႏွယ္ ေတာင့္ခဲသြားေခ်သည္။ သူတင္မဟုတ္၊ ဟိုဘက္နားဆီမွ ႀကီးေကာင္ႀကီးမားကေလးႀကီးမ်ားသည္လည္း တစ္စုတစ္စည္းတည္း မလႈပ္မယွက္ၿငိမ္သက္သြားၾကလ်က္ "ေက်ာက္႐ုပ္ျဖစ္ေစ" က်ိန္စာမိသြားသည့္အလား ရွိေနၾကေတာ့၏။

ခ်ဴဟြမ္တစ္ေယာက္ သူ႔ႏွာေခါင္းကိုပြတ္ေနလ်က္ သူ႔အေနျဖင့္ ပုံမွန္ဆိုလွ်င္ မည္မွ်တည္ၾကည္၍ ဣေျႏၵသိကၡာႀကီးမားေနေၾကာင္းကို စဥ္းစား၍မရႏိုင္ဘဲရွိေနရေလသည္။

လူငယ္ေလးမ်ားအုပ္စုမွာ ခ်ဴဟြမ္ႏွင့္စကားသြားေျပာရန္ မလုပ္ရဲဘဲရွိေနခဲ့ၾကျခင္းျဖစ္၍ အခ်င္းခ်င္းတြန္းထိုးေနရင္းျဖင့္ ေနာက္ဆုံးတြင္ မာျပန္းကို တညီတၫြတ္တည္းတြန္းထုတ္လိုက္ၾကျခင္း ျဖစ္ေပသည္။ မာျပန္းမွာမူ ယိုင္တိယိုင္တိုင္ျဖင့္ ေရွ႕သို႔ႏွစ္လွမ္းမွ်တိုးလာေသာ္လည္း သူ႔ကိုယ္သူတည္ၿငိမ္ေအာင္ေဆာက္တည္ျခင္းငွာ မတတ္ႏိုင္ဘဲ ဒူးတစ္ဖက္ေထာက္လ်က္ ထိုင္က်သြားရေလ၏။

ခ်ဴဟြမ္က ေတာင္ကမူေျမျပင္ေပၚတြင္ ထိုင္ခ်လိုက္ၿပီး အလိုအေလ်ာက္ပင္ ေျခတစ္ေခ်ာင္းကိုတင္၍ ေျခခ်ိတ္ထိုင္လိုက္ကာ ေအးေအးေဆးေဆးပင္ ဆိုေခ်သည္။
"ခ်ာတိတ္ေရ ငါတို႔ ႏွစ္သစ္ကူးပြဲေတာ္ဆင္ႏႊဲေနတာမဟုတ္တာမို႔ ဒူးေထာက္ရင္ေတာင္ မုန႔္ဖိုးမေပးႏိုင္ဘူးေနာ္"

မာျပန္းကား အလြန္စိတ္လႈပ္ရွားေနေသာေၾကာင့္ ဘာမွ်ကို နားမလည္ႏိုင္ဘဲရွိေပ၏။ ထိုလူငယ္ေလးမွာ သူ႔ကို သူ႔အေပါင္းအေဖာ္မ်ားက လူသိရွင္ၾကား မီးဖိုေပၚတင္၍အကင္ခံရရန္ တြန္းထုတ္လိုက္သည္ဟု ခံစားေနရကာ ေခါင္းထဲတြင္ ေလာင္ၿမိဳက္လ်က္ စိတ္ရႈပ္ေထြးေနေလသည္။

နား႐ြက္ကိုလိမ္လိုက္၊ ပါးကိုပြတ္လိုက္ျဖင့္ အခ်ိန္အေတာ္ၾကာေအာင္လုပ္ေနၿပီးမွ မာျပန္းတစ္ေယာက္ စကားတစ္ခြန္း ဖ်စ္ဖ်စ္ညႇစ္ညႇစ္ထြက္လာေတာ့၏။
"ဘုရင္ ... ဘုရင္ႀကီး ခင္ဗ်ား ... ခင္ဗ်ားအိမ္မွာတုန္းကေရာ ျမင္းထိန္းတာလား?"

ခ်ဴဟြမ္က မ်က္ႏွာတစ္ခ်က္မေျပာင္းဘဲ ဆိုေခ်သည္။
"ငါက ျမင္းမထိန္းဘူး။ ျမင္းလိုက္တာ"

အားလုံးထဲတြင္ နားမလည္ၾကေသာသူမ်ားလည္းပါေလရာ အုပ္စုထဲ၌ တိုးတိုးႀကိတ္ႀကိတ္ေဆြးေႏြးတိုင္ပင္ေနလ်က္ ခ်ဴဟြမ္ေျပာသြားေသာစကားကို အဓိပၸာယ္ေဖာ္ေနၾကေလ၏။ ထို႔ေနာက္ နားလည္သြားၾကေသာအခါ အားလုံးပင္ မယုံၾကည္ႏိုင္ေသာအမူအရာမ်ိဳး ျဖစ္သြားၾကေပသည္။

လူငယ္ေလးတစ္ေယာက္က အသံက်ယ္က်ယ္ျဖင့္ ေမးလာ၏။
"ယုန္အမဲလိုက္တာလား?"

စကားေျပာေနေသာ လူငယ္ေလး၏မ်က္ႏွာမွာ ကေလးဆန္လွၿပီး ဆယ့္ေျခာက္၊ ဆယ့္ခုနစ္ႏွစ္မွ်သာ ရွိေသးပုံေပၚ၍ အမည္မွာကား "မဟာပထဝီေျမႀကီး တုန္ဟည္း႐ိုက္ခတ္ေစမည့္ ဝရဇိန္မိုးႀကိဳးသြား" ဟူ၍ျဖစ္ေလသည္။ ခ်ဴဟြမ္ကား သူ႔အမည္ကိုအတိုခ်ဳံ႕လိုက္ကာ "ႏွစ္ခ်က္ကန္" ဟု ကင္ပြန္းတပ္ေပးလိုက္၏။

"အဲ့တာက 'ယုန္လိုက္တယ္' * လို႔ ေျပာရတာ။ 'ယုန္အမဲလိုက္တယ္' မဟုတ္ဘူး။ တ႐ုတ္စကားမွာ တခ်ိဳ႕စာလုံးေတြကို ခ်န္ခဲ့ဖို႔လိုတာေတြရွိတယ္"
['ယုန္လိုက္တယ္' - ႏွစ္ခ်က္ကန္ေျပာလိုက္တာက '打猎兔子?' (တာလ်ဲ႕ထုဇီ) လို႔ပါ။ တ႐ုတ္လိုမွာ သတၱဝါေတြကို အမဲလိုက္တယ္လို႔ေျပာတဲ့အခါက် 打猎 လို႔မေျပာဘဲ 打 တစ္လုံးတည္းသုံးေလ့ရွိပါတယ္။ အဲ့ဒါေၾကာင့္ ခ်ဴဟြမ္က '打兔子' (တာထုဇီ) လို႔ပဲေျပာရမွာလို႔ ျပင္ေပးလိုက္တာပါ]

ခ်ဴဟြမ္က မ်က္မွန္ကိုပင့္တင္လိုက္ရင္းျဖင့္ သူ႔ကိုယ္သူ ဆရာႏွင့္ပိုတူသြားေအာင္ ျပင္ဆင္လိုက္ကာ ဆိုေပသည္။
"ငါက အဓိကအားျဖင့္ ေတာေခြးေတြကို လိုက္တာ။ အဲ့ေကာင္ေတြ လူေတြကိုကိုက္မွာစိုးလို႔ေလ။ ငါက ေခြးလိုက္တဲ့ေနရာမွာ ကြၽမ္းက်င္အဆင့္လို႔ ေျပာလို႔ရတယ္"

ႏွစ္ခ်က္ကန္က မာျပန္းကို ဆြဲေခၚသြားကာ လီယီဘာသာစကားျဖင့္ ေမးလိုက္၏။
"ငါ မယုံဘူးဆိုတာကို ဘယ္လိုေျပာရလဲ?"

မာျပန္းက လမ္းၫႊန္ေပးလိုက္ေလသည္။
"ပုရွန္းခ်င္း" *
['ပုရွန္းခ်င္း' (不相亲) - တ႐ုတ္လို "မယုံဘူး"ဆိုတာက 'ပုရွန္းရွင့္' (不相信) လို႔ေျပာရတာပါ။ မာျပန္းေျပာလိုက္တဲ့ 'ပုရွန္းခ်င္း' (不相亲) ဆိုတာက "ဖူးစာဖက္မေတြ႕ဘူး"လို႔ အဓိပၸာယ္ရပါတယ္။ ဂ်င္းထည့္လိုက္တာေပါ့ေနာ္ ;) ]

ႏွစ္ခ်က္ကန္မွာ ထိုစာလုံးကို အႀကိမ္ေရအနည္းငယ္မွ် ခပ္တိုးတိုးေရ႐ြတ္ေနၿပီးေနာက္ သူ႔အေနျဖင့္ ေသခ်ာပိုင္ႏိုင္သြားၿပီဟု ခံစားလိုက္ရခ်ိန္တြင္ က်ယ္ေလာင္စြာေျပာခ်လိုက္ေတာ့၏။
"ဖူးစာဖက္မေတြ႕ဘူး!"

ခ်ဴဟြမ္က သူ႔ကို အႀကံဆိုးျဖင့္လွမ္းၾကည့္လိုက္ကာ အၿပဳံးစစျဖင့္ ဆိုေပသည္။
"ဖူးစာဖက္ေတြ႕တာ? ဒီအ႐ြယ္ကတည္းက မိန္းကေလးေတြအေၾကာင္း စဥ္းစားေနၿပီေပါ့။ မင္း လူႀကီးေရာျဖစ္ၿပီလား?"

တိရစာၦန္ေက်ာင္းေနၾကေသာ လူငယ္ေလးမ်ားမွာ ဘာသာစကားေလ့လာေရးယာယီအဖြဲ႕တစ္ဖြဲ႕ ဖြဲ႕စည္းလိုက္ၾကကာ ႀကီးက်ယ္လွေသာေဆြးေႏြးပြဲႀကီးတစ္ခု ေနာက္တစ္ႀကိမ္စတင္လာျပန္ေတာ့သည္။ ငါးမိနစ္တိုင္တိုင္အခ်ိန္ယူလိုက္ရၿပီးေနာက္ လူတိုင္း မီးစာထည့္၍ မီးေတာက္ေအာင္ေဆာင္႐ြက္*လိုက္ၿပီးၾကသည့္အခ်ိန္တြင္ ခ်ဴဟြမ္ေျပာလိုက္ေသာစကား၏ အဓိပၸာယ္ကို ေဖာ္ထုတ္ႏိုင္လိုက္ၾကေလ၏။
[လူတိုင္း မီးစာထည့္၍ မီးေတာက္ေအာင္ေဆာင္႐ြက္သည္ - အားလုံးစုေပါင္းအားစိုက္ၿပီး ႀကီးက်ယ္တဲ့အလုပ္ႀကီးတစ္ခုကို ၿပီးေျမာက္ေအာင္လုပ္ႏိုင္တယ္လို႔ အဓိပၸာယ္ရတဲ့ စကားပုံတစ္ခုပါ]

ႏွစ္ခ်က္ကန္၏အမူအရာမွာ ဇေဝဇဝါျဖစ္ေနရာမွ ရွက္႐ြံ႕ျခင္းသို႔ တျဖည္းျဖည္းေျပာင္းလဲလာသည္ကို ျမင္လိုက္ရၿပီးေနာက္ ေနာက္ဆုံးတြင္ကား ေဒါသေပါက္ကြဲလ်က္ ကဆုန္ေပါက္ကာ မာျပန္းကို တစ္ေယာက္ခ်င္းစာရင္းရွင္းရန္ ဆြဲထုတ္သြားေတာ့သတည္း။

နန္ရွန္းႏွင့္ မ်ိဳးႏြယ္စုအႀကီးအကဲမ်ားမွာ ခပ္လွမ္းလွမ္းတစ္ေနရာမွ ေလွ်ာက္လွမ္းလာၾကသည္တြင္ မ်ိဳးႏြယ္စုထဲမွသူမ်ားအားလုံးပင္ ခ်ဴဟြမ္ကဲ့သို႔ ေျခခ်ိတ္ထိုင္ရန္ သင္ယူလိုက္ၾကၿပီးျဖစ္ကာ သူလုပ္သည့္အတိုင္း ထပ္တူလိုက္၍လုပ္ေနၾကလ်က္ ကိုး႐ိုးကားယားျဖစ္ေနၾကသည္ကို ေတြ႕လိုက္ၾကရေပသည္။ မတ္တပ္ရပ္ေနၾကလွ်င္ပင္ အလြန္ထူးဆန္းေသာ ပန္းအလွေလးမ်ားသဖြယ္ရွိေနသည္ကို - မတ္တပ္ႀကီးျဖင့္ အႏွီပုံစံမ်ိဳးလိုက္ထိုင္ရန္ သင္ယူလိုက္ၿပီးသည့္အခါတြင္ကား တစ္ဖက္သို႔ယိုင္ေနသည့္ ျမင္ရခဲလွစြာေသာ ပန္းကေလးမ်ား ျဖစ္လာၾကေတာ့၏။ ေျခတစ္ဖက္မွာ ေျမျပင္ႏွင့္ထိေနၿပီးလွ်င္ ေနာက္တစ္ဖက္မွာကား ဒူးကိုခက္ခက္ခဲခဲေျမႇာက္ထားရလ်က္ ေျခတစ္ေပါင္က်ိဳးရပ္ေနၾကကာ ေ႐ႊရစ္ငွက္ေျခတစ္ဖက္ေထာက္ေနသကဲ့သို႔ တင့္တယ္ဝံ့ႂကြားစြာ ျပဳမူေနၾကေခ်သည္။

လီယီမ်ိဳးႏြယ္စုမွ အမ်ိဳးသားမ်ားကား စြမ္းအင္မ်ားအလြန္ျပည့္လွ်ံေနၾကပုံရေပ၏။ မတ္တပ္ရပ္ေနၾကသည္ျဖစ္ေစ၊ ထိုင္ေနၾကသည္ျဖစ္ေစ ထင္း႐ူးပင္ႏွင့္ ေခါင္းေလာင္းမ်ားပမာ ေျဖာင့္မတ္ေနၾကေလသည္။

ဤမ်ိဳးႏြယ္စုထဲတြင္ ပ်င္းရိပ်င္းတြဲေခြေခြေခါက္ေခါက္ျဖင့္ ေတြ႕ကရာကိုေလ်ာ့တိေလ်ာ့ရဲမွီတြယ္ေနလ်က္ ေျခခ်ိတ္ထိုင္ေနသည့္ ခ်ဴဟြမ္ကဲ့သို႔ေသာသူမ်ိဳး တစ္ေယာက္မွမရွိေခ်။

ထိုသူမ်ားအ‌ေနျဖင့္ ခ်ဴဟြမ္၏ "လူသားမ်ားက သည္မွာေန၊ နတ္ဘုရားက ဟိုမွာေန" ဟူေသာအပ်င္းႀကီးမႈမ်ိဳးႏွင့္ စိတ္လြတ္ကိုယ္လြတ္ေနမႈမ်ိဳးကို မည္သည့္အခါမွ် သင္ယူႏိုင္မည္မဟုတ္ပါေလ။

မ်ိဳးႏြယ္စုအႀကီးအကဲက နန္ရွန္းကိုလွည့္ၾကည့္လာကာ ဆိုေပ၏။
"သူ အရင္တုန္းက မ်ိဳးႏြယ္စုကလူေတြနဲ႔ အေရာတဝင္ေနရတာ မႀကိဳက္ဘူးလားလို႔?"

အႀကီးအကဲမွာ လူအိုႀကီးတစ္ေယာက္ျဖစ္ၿပီး ရင္ဘတ္ေရွ႕တြင္ အိတ္ကပ္ႀကီးတစ္ခုရွိ၍ မီးဖိုေခ်ာင္သုံးေရွ႕ဖုံးအဝတ္ႏွင့္တူေသာ ထူးဆန္းသည့္ဝတ္စုံကိုတစ္ခုကို ဝတ္ဆင္ထားေလသည္။ ထိုအိတ္ကပ္ႀကီးထဲတြင္ သစ္သီးမ်ိဳးစုံကို အျပည့္အလွ်ံထည့္ထားေလရာ ႀကီးမားလွေသာ G အ႐ြယ္အစား* ရင္အုံႀကီးတစ္ခုအျဖစ္ အသက္ဝင္လ်က္ရွိေန၏။
[G အ႐ြယ္အစား - ဒါကအမ်ိဳးသမီးရင္အုံအ႐ြယ္အစား အတိုင္းအတာသတ္မွတ္ခ်က္တစ္ခုေပါ့ေနာ္။ သိတဲ့သူေတြသိေလာက္ေပမယ့္လည္း မသိတဲ့သူေတြရွိမွာစိုးလို႔ ရွင္းလိုက္ပါမယ္။ အမ်ိဳးသမီးရင္အုံအ႐ြယ္အစားကို အဂၤလိပ္အကၡရာ A ကေနစၿပီး ငယ္စဥ္ႀကီးလိုက္သတ္မွတ္ပါတယ္။ အခုက G size ဆိုေတာ့ စပယ္ရွယ္အကိတ္ႀကီးေပါ့  :X ]

ဤပုဂၢိဳလ္မွာ ခ်ဴဟြမ္ထက္ပင္ဆိုးေသး၍ သူ႔အိမ္ေခါင္းထဲတြင္သာ တစ္ခ်ိန္လုံးေအာင္းေနတတ္သူျဖစ္ေခ်သည္။ မ်ားေသာအားျဖင့္ ထိုသူမွာ မည္သူႏွင့္မွ်ေတြ႕ဆုံေလ့မရွိဘဲ တံခါးအေစာင့္မ်ားလာစဥ္တုန္းကပင္ လူလုံးထြက္မျပခဲ့ေပ။ ေနာက္ဆုံးတြင္ကား ႐ူဂါက သူျပန္ေတာ့မည့္အခ်ိန္တြင္ ကိုယ္တိုင္ကိုယ္က် သြားေရာက္ႏႈတ္ဆက္ရေလ၏။

ခ်ဴဟြမ္တစ္ေယာက္ လီယီမ်ိဳးႏြယ္စုတြင္ လေပါင္းမ်ားစြာေနထိုင္ေနသည့္အေတာအတြင္း ဤလူအိုႀကီးကို တစ္ခါသာ ေတြ႕ဆုံဖူးခဲ့ေလသည္။

အႀကီးအကဲအေပၚတြင္ထားရွိေသာ နန္ရွန္း၏သေဘာထားမွာ ႐ိုေသေလးစားမႈတို႔အျပင္ ရင္းႏွီးခ်စ္ခင္မႈတို႔ပါ ေရာစြက္ပါဝင္ေပသည္။ သူက အႀကီးအကဲ၏မ်က္လုံးမ်ားကို တည့္တည့္ၾကည့္လ်က္ ႏႈတ္ခမ္းေထာင့္စြန္းတြင္ အၿပဳံးတစ္ခု အလိုအေလ်ာက္ေပၚလာ၏။

"မြန္းၾကပ္လို႔ေနမွာေပါ့"

အႀကီးအကဲက သူ႔ရင္ဘတ္ေပၚရွိအိတ္ကပ္ထဲမွ သစ္သီးတစ္လုံးႏႈိက္ထုတ္လိုက္သည္။ ထို႔ေနာက္ သူ၏ အ႐ိုးေပၚအေရတင္လက္မ်ားျဖင့္ သစ္သီးကိုႏွစ္ပိုင္းခြဲလိုက္ကာ ပုပ္ေနေသာအူတိုင္ကိုၾကည့္၍ ႏႈတ္ခမ္းမ်ားမွာ တံတားခုံးတစ္ခုပုံျဖစ္သြားသည္အထိ မဲ့သြားေတာ့၏။

"ပိုးကိုက္ထားတယ္"

နန္ရွန္းက သူ႔အၾကည့္မ်ားကို ခ်ဴဟြမ္ထံမွ ျပန္႐ုပ္လိုက္ေပသည္။

"ဟမ္?"

အႀကီးအကဲက သြယ္ဝိုက္ေသာနည္းျဖင့္ ဆူလိုက္၏။
"တခ်ိဳ႕အရာေတြက ဒီအသီးလိုပဲ။ အျပင္ပန္းေတာ့ လွပါရဲ႕။ ခြဲလည္းၾကည့္လိုက္ေရာ မမွည့္ေသးဘူးဆိုတာထက္ ပိုးကိုက္ေနႏွင့္ၿပီးသားက မ်ားေနတတ္တယ္"

နန္ရွန္းက မ်က္ေမွာင္ၾကဳတ္လိုက္၏။

"ခင္ဗ်ား ခ်ဴဟြမ္ကို ေျပာတာလား? သူက အဲ့လိုမဟုတ္ပါဘူး"

အႀကီးအကဲက ပိုးကိုက္ထားေသာအသီးကို လႊင့္ပစ္လိုက္ကာ အ႐ြက္ၫြန႔္မ်ားေလးမ်ားရွိေနဆဲျဖစ္ေသာ စေတာ္ဘယ္ရီ႐ိုင္းႏွစ္လုံးကို အက်ႌအိတ္ထဲမွ ထုတ္လာေလသည္။ ထို႔ေနာက္ တစ္လုံးကို နန္ရွန္းထံပစ္ေပးလိုက္ကာ က်န္တစ္လုံးကို စင္ၾကယ္ေအာင္သုတ္လိုက္ၿပီးမွ သူ႔ပါးစပ္ထဲသူထည့္လိုက္၏။

အႀကီးအကဲက နန္ရွန္းခါးတြင္ခ်ိတ္ထားေသာ ဘာဂ်ာကို အဓိပၸာယ္ပါပါ လွမ္းၾကည့္လိုက္ကာ မသဲမကြဲသေဘာျဖင့္ ဆိုေခ်သည္။
"မင္း ဘာလို႔ အဲ့လိုေျပာႏိုင္ရတာလဲ? သူက မင္းကို ပစၥည္းအေသးအမႊားေလး နည္းနည္းပါးပါးနဲ႔ စာအုပ္ကေလး နည္းနည္ပါးပါး ေပးဖူးတာေၾကာင့္လား?"

နန္ရွန္းတစ္ေယာက္ ဘာမွ်ျပန္မေျပာေပ။

"မင္း အျပင္လူေတြနဲ႔ အေပးအယူလုပ္လိုက္မိလို႔လား? မင္းက မင္းအေဖကိုေတာင္ မမွတ္မိေတာ့ဘူးေပါ့။ အဲ့တုန္းက သူက..."

"က်ဳပ္ သိပါတယ္"
နန္ရွန္းက ႐ုတ္တရက္ပင္ အႀကီးအကဲ၏စကားကို ျဖတ္ေျပာလိုက္ေလသည္။

သူ႔အေနျဖင့္ ႐ူဂါျဖစ္ေစ၊ အႀကီးအကဲပင္ျဖစ္ေစ အျခားသူမ်ား ခ်ဴဟြမ္အား ေမးခြန္းထုတ္ၾကသည္ကို သေဘာမက်ေၾကာင္း ႐ုတ္တရက္သေဘာေပါက္သြားရၿပီးေနာက္ နန္ရွန္းမွာ ရွင္းရွင္းလင္းလင္းႏွင့္ ခပ္ၾကမ္းၾကမ္းပင္ စကားျဖတ္လိုက္ရန္ ဆုံးျဖတ္လိုက္ကာ ေျပာလိုက္ေတာ့၏။
"က်ဳပ္ စိတ္ဆိုးတယ္"

သူစကားေျပာၿပီးသြားသည္ႏွင့္ ေရစပ္ဆီသို႔ေလွ်ာက္သြားလိုက္ကာ စေတာ္ဘယ္ရီသီးကို ေရေဆးၿပီးလွ်င္ ခ်ဴဟြမ္ထံေလွ်ာက္လာၿပီး အႀကီးအကဲေပးထားေသာစေတာ္ဘယ္ရီသီးကိုသုံး၍ ခ်ဴဟြမ္ကိုမ်က္ႏွာလိုမ်က္ႏွာရလုပ္လ်က္ ထိုသူ႔ေရွ႕ေမွာက္တြင္ပင္ ပန္းငွား၍ ဘုရားလႉ*ျပလိုက္ေခ်သည္။
[ပန္းငွား၍ ဘုရားလႉ - ျမန္မာစကားပုံ "အလႉလက္ဖက္နဲ႔ မ်က္ႏွာလုပ္"ဆိုတာမ်ိဳးနဲ႔ အတူတူပါပဲ။ ကိုယ္ပိုင္ပစၥည္းမဟုတ္ဘဲနဲ႔ သူမ်ားဟာကိုယူၿပီး ေနာက္တစ္ေယာက္ဆီသြားဖားေနတာကို ဆိုလိုပါတယ္]

ေခါင္းေဆာင္ႀကီးလာေနသည္ကို ျမင္လိုက္ၾကရသည္ႏွင့္ တိရစာၦန္ေက်ာင္းေနေသာ လူငယ္ေလးမ်ားမွာ ခ်က္ခ်င္းလူစုခြဲသြားၾက၏။ နန္ရွန္းက လတ္ဆတ္ႏူးညံ့လွ၍ ေရစက္ကေလးမ်ားတြဲခိုေနေသာ စေတာ္ဘယ္ရီ႐ိုင္းေလးကို ခ်ဴဟြမ္ထံ ေပးလိုက္ေပသည္။

"စားပါ"

"ဒါမ်ိဳးေတာင္မွပဲလား?"

ခ်ဴဟြမ္၏မ်က္လုံးမ်ား အေရာင္ေတာက္သြားရကာ - သူသည္ အသီးအႏွံစားရသည္ကို မႀကိဳက္လွေသာ္လည္း နီနီရဲရဲ စိမ္းဖန႔္ဖန႔္ျဖင့္ စိုျပည္ေတာက္ပေနသည့္ ဤသို႔ေသာအသီးအႏွံေလးကို သေဘာက်သြားျခင္းျဖစ္၏။

"မင္းတို႔ေနရာက တကယ့္ကို ဖုန္းေ႐ႊရတနာသိုက္ပဲ။ ေဆာင္းတြင္းလည္းမေအးဘူး။ ေႏြဆိုလည္း မပူဘူး ဟုတ္တယ္မလား? "

"အဲ့ဒါက ေဆာင္းတြင္းမေရာက္ေသးလို႔ပါ"
နန္ရွန္းက ဆိုေလသည္။
"မင္း ငါတို႔ေနရာကို သေဘာက်လား?"

ခ်ဴဟြမ္က တုန္႔ဆိုင္းျခင္းမရွိ ခ်က္ခ်င္းပင္ ေခါင္းညိတ္ျပေပ၏။

ထို႔ေနာက္တြင္ကား နန္ရွန္း ေမးလိုက္ေတာ့သည္။
"မင္း ငါ့ကို သေဘာက်လား?"

ခ်ဴဟြမ္ : "..."

သူ႔အေနျဖင့္ နန္ရွန္းမွာ တစ္ခါတရံတြင္ ယဥ္ေက်းမႈႏွင့္ ဘာသာစကားကြာဟခ်က္မ်ားေၾကာင့္ ဆိုလိုရင္းအဓိပၸာယ္ကိုမေရာက္ဘဲျဖစ္သြားတတ္ေသာ စကားမ်ိဳးမ်ားေျပာတတ္သည္ကို သိေနသည့္တိုင္ေအာင္ သူကိုယ္တိုင္၏ မျဖဴစင္လွေတာ့ေသာအေတြးမ်ားေၾကာင့္ အလိုအေလ်ာက္မလုံမလဲျဖစ္ေနလ်က္ အျပစ္ရွိေနသလို ခံစားေနရကာ သီးသြားရေလ၏။

နန္ရွန္းကား ထိုသူျပန္မေျဖသည္ကိုေတြ႕လိုက္ရလွ်င္ အနည္းငယ္စိတ္ပူလာကာ စစ္သင္တန္းဆင္းတစ္ေယာက္ပမာ ေျဖာင့္မတ္ေနခဲ့ေသာ သူ႔ခါးမွာ ပို၍ေျဖာင့္မတ္လာေပသည္။

ခ်ဴဟြမ္ကမူ ေခတၱမွ်ရပ္တန႔္သြားၿပီးေနာက္ ထိပ္တိုက္ရင္ဆိုင္ရမည့္ကိစၥႀကီးကို သတိထား၍ေရွာင္လိုက္ကာ စကားလမ္းေၾကာင္းလႊဲလိုက္ေခ်၏။

"မင္းလူတစ္ေယာက္ကိုေခၚဖို႔ဆိုရင္ ဘယ္လိုလူမ်ိဳးကို သေဘာမက်ဘူးလဲ?"

နန္ရွန္းတစ္ေယာက္ သူ႔စကားမ်ားတြင္ပါဝင္ေနေသာ တုန႔္ဆိုင္းမႈကို ၾကားလိုက္ရၿပီးေနာက္ တဒဂၤမွ် စိတ္ႏွလုံးညႇိဳးခ်ဳံးသြားရေလသည္။

အေတာ္ၾကာေအာင္တိတ္ဆိတ္ေနၿပီးမွ စိတ္ဓာတ္က်စြာ ေမးလိုက္ေပ၏။
"မင္း ဒီေနရာကို သေဘာက်တယ္ဆိုရင္ ဒီမွာဘာလို႔မေနမွာလဲ?"

ခ်ဴဟြမ္က ေခါင္းကိုေစာင္းငဲ့၍ ထိုသူ႔ကို ၾကည့္လာေလသည္။

"ငါက ထြက္သြားခ်င္တယ္ဆိုရင္ မင္း ငါနဲ႔အတူတူ အျပင္ကိုလိုက္မွာလား?"

"လိုက္ခ်င္တယ္"
နန္ရွန္းက ပြင့္လင္းစြာပင္ ေျဖလိုက္သည္။
"ဒါေပမယ့္ ငါ ထြက္သြားလို႔မရဘူး"

ခ်ဴဟြမ္တစ္ေယာက္ ထိုသူ႔ဆံႏြယ္တစ္စကို ဆြဲယူလ်က္ လက္ေခ်ာင္းထိပ္‌ဖ်ားေလးအၾကားတြင္လိမ္၍ ကစားေနေခ်၏။

"အဲ့လိုဆို ငါကလည္း မင္းလိုပဲေလ - ငါတို႔ဆီမွာဆိုရင္ ငါက မင္းေလာက္အေရးပါတဲ့သူမ်ိဳးမဟုတ္ဘူးဆိုေပမယ့္ ဒီအတိုင္းလက္ေအာက္ငယ္သားေလးတစ္ေယာက္ဆိုေပမယ့္လည္း ငါလုပ္ရမယ့္ကိစၥတစ္ခုခုေပၚလာရင္ ခ်က္ခ်င္းသြားရမွာ။ မင္းနားလည္တယ္မလား? "

နန္ရွန္းက သူ႔ကို ေလးနက္စြာစိုက္ၾကည့္လာေလသည္။

ခ်ဴဟြမ္က ထိုသူ၏ပခုံးကို ပုတ္လိုက္ကာ မတ္တပ္ရပ္လိုက္ၿပီးေနာက္ နန္ရွန္းခါးတြင္ခ်ိတ္ထားေသာ ဘာဂ်ာကို ၫႊန္ျပ၍ ဆိုေပ၏။
"အဲ့ဒါႀကီးကို မင္းခါးပတ္မွာ ခ်ိတ္မထားစမ္းပါနဲ႔။ ေၾကာင္ေတာင္ေတာင္မႏိုင္ဘူးလား? ေဘာင္းဘီက ေလွ်ာက်ေတာ့မယ္"

နန္ရွန္းက သူ႔ပခုံးေပၚတင္ထားေသာ ခ်ဴဟြမ့္လက္ကို ဆြဲကိုင္လိုက္ေပသည္။

"မင္း... မင္းသြားခ်င္တယ္ဆိုရင္..."

နန္ရွန္းအသံမွာ အနည္းငယ္ကြဲအက္ေနေလ၏။

"ေဆာင္းမဝင္ခင္သြားမွျဖစ္လိမ့္မယ္။ ေဆာင္းရာသီေရာက္ရင္ ငါတို႔က ေတာင္ကိုခ်ိတ္ပိတ္လိုက္မွာမို႔ အဲ့အခ်ိန္က် မင္းထြက္သြားလို႔ရမွာမဟုတ္ေတာ့ဘူး"

--------------------

Please support NUG. အေရးေတာ္ပုံ ေအာင္ရမည္ 💪

25.6.2021

❤❤❤

Continuar a ler

Também vai Gostar

75.4K 11.7K 53
၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိ...
8.7K 282 25
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
987K 58.7K 40
( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့​ကြောင့်တစ်စုံတစ်ရာ နာမည်...
696K 40.1K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...