တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်...

By SuzanneM4Y

24K 2.9K 200

Original novel - Of Mountains and Rivers (Shan He Biao Li - 山河表里) by Priest Year - 2015 No. of chapters - 77... More

Introduction
Story Brief
Chapter - 1: Prologue
Chapter -2: Prologue
Chapter - 3: Prologue
Chapter - 4: Prologue
Chapter - 5: Prologue
Chapter - 6: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 7: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 8: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 9: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 10: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 11: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 12: ဤကမ္ဘာ (ဤကမာၻ)
Chapter -13: ဤကမ္ဘာ (ဤကမာၻ)
Chapter - 14: ဤကမ္ဘာ (ဤကမာၻ)
Chapter - 15: ဤကမ္ဘာ (ဤကမာၻ)
Chapter - 16: ဤကမ္ဘာ (ဤကမ႓ာ)
Chapter-18: ဤကမ္ဘာ ( ဤကမာၻ )
Chapter-19: ဤကမ္ဘာ ( ဤကမာၻ )
Chapter-20: ဤကမ္ဘာ ( ဤကမာၻ )
Chapter-21: ဤကမ္ဘာ ( ဤကမာၻ )
Chapter-22: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 23: ဤကမ္ဘာ ( ဤကမာၻ )
Chapter-24: ဤကမ္ဘာ ( ဤကမာၻ )
Chapter-25: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-26: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-27: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter - 28: အခြားကမ္ဘာ (အျခားကမာၻ)
Chapter - 29: အခြားကမ္ဘာ (အျခားကမာၻ)
To my translation readers
Chapter - 30: အခြားကမ္ဘာ (အျခားကမာၻ)

Chapter-17: ဤကမ္ဘာ ( ဤကမာၻ )

303 72 4
By SuzanneM4Y

(Uni)

ရေသရဲတစ်ကောင် ထွက်လာပြီ

တာ့ရှန်းနှင့်အတူပါလာသော နောက်ထပ်ကောင်လေးတစ်ယောက်က လျင်မြန်စွာပင် မြင်းများကို ဆွဲခေါ်လာပြီး ဇက်ကြိုးများကို ချူဟွမ့်လက်ထဲ ထည့်ပေးလိုက်လေသည်။

ချူဟွမ်မှာ ဤကောင်လေးနှင့်ပတ်သက်၍လည်း အမြင်တစ်ခု ရှိနေပါ၏။ ထိုကောင်လေး၏အသွင်အပြင်မှာ အနည်းငယ်မိန်းမဆန်ဆန်ရှိပြီး အခြားသူများကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်ပေသည်။ အမျိုးသားများရော အမျိုးသမီးများပါ ပုံမှန်အားဖြင့် အခြားသူများထက်ပို၍ လူကောင်ကြီးကြသော လီယီမျိုးနွယ်စုထဲတွင် ထိုကောင်လေးကား အလွန်သေးသေးညှက်ညှက်ဖြစ်နေချေ၏။ သူ့တွင်လည်း အမည်တစ်ခုရှိကာ ထိုအမည်ကား ဘာသာပြန်ဆိုလိုက်လျှင် "ရှည်လျားသော မြင်းကြာပွတ်"ဟု အဓိပ္ပာယ်ရကာ...

မည်သည့် 'ကြာပွတ်* ' မျိုးဖြစ်ကြောင်း မသိရသကဲ့သို့ သူ့မိဘများက သူ့အပေါ်တွင် မည်သို့သော မြင့်မားလှသည့်မျှော်လင့်ချက်များ ရှိနေကြောင်းကိုကား မသိပါချေ။

မာပြန်း*ကား မျိုးနွယ်စုထဲတွင် သင်္ချာအတော်ဆုံးဟု ဆိုကြပေ၏။ သူသည် အခေါက်တိုင်းပင် မြစ်ကိုဖြတ်၍ ပစ္စည်းများရောင်းချရန် နန်ရှန်းနောက်သို့ အမြဲလိုက်ပါရသူဖြစ်လေသည်။ သူ့အနေဖြင့် တစ်နှစ်လျှင် အကြိမ်ရေအနည်းငယ်သာ သွားရခြင်းဖြစ်သော်လည်း အခြားသူများထက်စာလျှင် လမ်းကြောင်းနှင့် ပိုမိုရင်းနှီးလေ၏။ သူ၏ တရုတ်စကားမှာလည်း အခြားသူများထက် အနည်းငယ်ပိုကောင်းပေသည်။

[1. ကြာပွတ်(鞭) - ဒီစာလုံးက ရိုက်တဲ့ ကြာပွတ်လို့လည်း အဓိပ္ပာယ်ရသလို ‌ယောက်ျားတွေရဲ့ ဟိုပစ္စည်းကိုခေါ်တဲ့ ဗန်းစကားလည်း ဖြစ်ပါတယ်တဲ့။ Pi ရဲ့ wordplay တွေကတော့လေ တကယ် •́⁠ ⁠ ⁠‿⁠ ⁠,⁠•̀

2. မာပြန်း(马鞭) - 马 က "မြင်း"၊ 鞭 က " ကြာပွတ်"ဆိုတော့ အဓိပ္ပာယ်ကတော့ "မြင်းကြာပွတ်" ပါပဲ။ နာမည်မို့လို့ pinyin နဲ့ပဲ ထားလိုက်ပါတယ်။ ပြီးတော့ "မြင်းကြာပွတ်"လို့ရေးရတာက ပိုရှည်တာမို့ ဆူးအပျင်းထူတာကြောင့်လည်း ပါပါတယ်ပေါ့ :3 ]

မာပြန်းတစ်ယောက် ချူဟွမ်အား ရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြလျက် မြင်းကိုဆွဲလာပြီးနောက် ထပ်ခါထပ်ခါ တိုက်တိုက်တွန်းတွန်းပြောလာပေ၏။
"မြန်မြန်သွားကြစို့"

သူသည် ထိုစကားကို သုံးလေးခေါက်မျှ ပြန်ပြောနေခြင်းဖြစ်၏။ ချူဟွမ်မြင်သလောက် မာပြန်းမှာ စိတ်မရှည်တတ်သောလူစားမျိုး မဟုတ်ပါလေ။ စကားပြောနေစဉ်တွင်ပင် မာပြန်းတစ်ယောက် တောင်ခြေနှင့် တောအုပ်များဆီသို့ ဝေ့ဝဲကြည့်နေလျက် ထိုနေရာမှ တစ်စုံတစ်ခုက ထိုကောင်လေးကို အလျင်လိုအောင် လုပ်နေသည့်နှယ်ဖြစ်ကြောင်း သူသိမြင်လိုက်ရချေသည်။

တာ့ရှန်းကား သူ့ဓားကို ခါးတွင်ချိတ်ထားလျက် တင်းမာသောမျက်နှာထားဖြင့် သူ့လှုပ်ရှားမှုများသည်လည်း ခါတိုင်းထက်ပို၍ အလျင်လိုနေလေ၏။

ထိုသူနှစ်ယောက်မှာ မတော်တဆပေလော တမင်တကာပေလောတော့မသိရဘဲ တစ်ယောက်ကရှေ့က၊ တစ်ယောက်ကနောက်က လျှောက်နေကြလျက် ချူဟွမ်ကို အလယ်တွင်ထား၍ ဆင်းဒဝစ်ချ်ကဲ့သို့ နှစ်ဖက်ညှပ်ထားကြလေသည်။

သိသူများက သူတို့သည် ဈေးသို့သွားနေကြခြင်းဖြစ်သည်ဟု ပြောကြမည်ဖြစ်ကာ မသိသူများကား ဤမျှလောက် တင်းမာ၍ အလျင်လို‌နေသောအငွေ့အသက်များကိုကြည့်ပြီးနောက် သူတို့သည် နည်းစနစ်တကျ တပ်ဆုတ်နေကြခြင်းဖြစ်မည်ဟု ထင်ကြပေတော့မည်။

လူသုံးယောက်နှင့် မြင်းအချို့မှာ မြူများဆိုင်းနေသော မြစ်ဆီသို့ လျင်မြန်စွာ ရောက်လာကြတော့၏။ ဤနေ့တွင် အဝတ်လျှော်နေကြသော အမျိုးသမီးများ မရှိသကဲ့သို့ ရေထဲတွင် ဆော့ကစားနေကြသော ကလေးများလည်း မရှိပေ။ လျင်မြန်လှသော မြင်းများက ရှေ့ခြေနှစ်ချောင်းကို ရေထဲသို့ လှမ်းလိုက်ရုံသာ ရှိသေးချိန်တွင် ချူဟွမ်တစ်ယောက် ရှည်လျားစူးရှလှသော လင်းယုန်ငှက်ဟစ်ကြွေးသံတစ်ချက်ကို နောက်ဖက်မှ ကြားလိုက်ရကာ တဖြည်းဖြည်းနီးလာပြီးနောက် ကြီးမားလှသောတောင်ပံများ လေထဲတွင် ရိုက်ခတ်နေသောကြောင့်သာ ဖြစ်လာနိုင်သည့် ဝစီသံကဲ့သို့သောအသံမျိုးကို ကြားလာရချေသည်။

မာပြန်းမှာ မျက်မှောင်ကြုံ့လျက် တာ့ရှန်းကို လှည့်ကြည့်၍ အသံတိုးတိုးဖြင့် မေးလာ၏။
"ဘာလို့ အဲ့ဒါက ဒီတစ်ခေါက် အစောကြီးရောက်လာရတာလဲ?"

တာ့ရှန်းက ခေါင်းသာခါလျက် အပိုစကားများ ပြောမနေတော့ဘဲ တိုက်တွန်း၍သာနေလေသည်။
"မြန်မြန်"

ချူဟွမ်က နောက်လှည့်ကြည့်လိုက်ရာတွင် ကောင်းကင်ယံမှ လင်းယုန်ကြီးတစ်ကောင် ဆင်းလာသည်ကို တွေ့လိုက်ရကာ သူတို့နှင့် ဆယ်မီတာမျှပင်မဝေးသည့်နေရာသို့ ဆင်းသက်လျက် ထိုသတ္တဝါ၏ မျက်လုံးများကား သူ့ကို စူးရှစွာ ကြည့်နေသည်ကို မြင်လိုက်ရ၏။

၎င်း၏ အတောင်များကို ဖြန့်လိုက်လျင် အရှည်အားဖြင့် နှစ်မီတာ သုံးမီတာလောက်အထိ ရှိလောက်ပေသည်။

/ဒါပေမယ့် ဒီလောက်အရွယ်အစားရှိတဲ့ သိမ်းငှက်ကြီးတွေဆိုတာက ပုံမှန်ဆိုရင် အရှေ့မြောက်ပိုင်းနဲ့ အတွင်းမွန်ဂိုလီးယားတို့မှာပဲ တွေ့ရတတ်တာ မဟုတ်ဘူးလား?/

ချူဟွမ်တစ်ယောက် ထိုအကြောင်းကို သေချာစဉ်းစားတွေးခေါ်ရန် အချိန်မရလိုက်မီတွင်ပင် နောက်ထပ်ဟစ်ကြွေးသံများကို ဆက်တိုက်ကြားလိုက်ရ၏။ သူမော့ကြည့်လိုက်သည်နှင့် လင်းယုန်ငှက်ကြီးများမှာ မိုးရွာချနေသကဲ့သို့ တစ်ကောင်ပြီးတစ်ကောင် ထိုးဆင်းလာကြကာ သတ်ဖြတ်ချင်စိတ်အပြည့်ရှိနေကြသော တပ်ဖွဲ့ကြီးတစ်ခုနှယ် ရှိနေလေသည်။

ချူဟွမ်မှာ နားမလည်နိုင်စွာဖြင့် ပတ်ဝန်းကျင်ကို ဟိုဟိုသည်သည် လိုက်ကြည့်နေမိ၏။ အနီးအနားတွင် အမဲလိုက်ငှက်များမွေးမြူသည့်နေရာတစ်ခု ရှိနေခြင်းပေလော?

သူ့မြင်းကား အနည်းငယ်ကြောက်လန့်သွားလျက် ၎င်း၏ခြေလှမ်းများ အမှားမှားအယွင်းယွင်းဖြစ်သွားကာ ရှေ့ခြေများမှာလည်း မတည်မငြိမ်ဖြင့် မြေကြီးကို ယက်နေချေသည်။

ချူဟွမ်မှာ တိရစ္ဆာန်များနှင့်ပတ်သက်သည့် သူ၏ မပြည့်မစုံဗဟုသုတများကို ပြန်လည်စုစည်းရန် အကောင်းဆုံး ကြိုးစားပြီးသည့်တိုင် မြင်းများက လင်းယုန်များကို ကြောက်ကြသည်ဟူ၍ တစ်ခါမျှပင် မကြားဖူးပါလေ။

သူ့မျက်လုံးထောင့်စွန်းများမှနေ၍ ထိုသိန်းငှက်အုပ်စုကို တစ်ချက်မျှ စွေကြည့်လိုက်ပြီးသည့်နောက် မြင်း၏ လည်ပင်းကို ယုယစွာ ပွတ်သပ်ပေးလျက် နူးညံ့စွာ ပြောလိုက်ပေသည်။
"အေးပါ အေးပါ။ ဒီလောက် ငတုံးရုပ်တွေနဲ့ ကောင်တွေကို။ အဲ့ကောင်တွေမှာ တပ်ကူရှိရင်တောင်မှ ငါတို့က ဘာကိုကြောက်နေရမှာလဲ?"

လူ၏ စိတ်အခြေအနေမှာ မြင်း၏ အခြေအနေကိုလည်း သက်ရောက်မှုရှိချေသည်။ သူ၏ အားပေးမှုကြောင့် မြင်းမှာ လျင်မြန်စွာပင် ငြိမ်ကျသွားသော်လည်း လင်းယုန်တစ်စုက ၎င်းအား စိုက်ကြည့်နေခြင်းကိုမူ သဘောကျလှပုံမရှိပေ။ ချူဟွမ်၏ အနည်းငယ်ထိန်းချူပ်ထားမှုသာ မရှိပါလျှင် ထိုမြင်းမှာ 'ကသမ်းကရမ်း အထူးမြန်နှုန်းမြင့် ကဆုန်ပေါက်ထွက်ပြေးခြင်း' ဇာတ်ခင်းသွားလောက်လေ၏။

တာ့ရှန်းက အလိုအလျောက်ပင် လမ်းပြဦးဆောင်လျက် ထူထပ်လှသော မြူများအကြား ရောက်လာသည့်အခါတွင် မာပြန်းက သူ့မြင်းကို ဇက်ကြိုးမှဆွဲလျက် ခေါ်သွားပေးပေသည်။

ချူဟွမ်မှာ ဤအခွင့်အရေးကို အသုံးချလျက် မျက်မှန်ပင့်တင်လိုက်ဟန်ဖြင့် အချက်ပြလက်ခံစနစ်ကို ဖွင့်လိုက်ပြီး တာ့ရှန်း သူ့ဘေးမှဖြတ်သွားချိန်တွင် အချက်ပြကိရိယာတစ်ခုကို တပ်ပေးလိုက်၏။

ထူထပ်လှသော မြူထုကြီးကား သဘာဝဝင်္ကပါတစ်ခုနှယ် ရှိနေလေသည်။ ထိုထဲသို့ ဝင်လိုက်သူများမှာ အလိုအလျောက်ပင် ဦးတည်ရာပျောက်သွားကြမည် ဖြစ်ပေ၏။ ထိုအရာထဲတွင် စိတ်ထင်ယောင်ထင်မှားဖြစ်စေတတ်သော ပါဝင်ပစ္စည်းများ ရှိနေပုံရသော်လည်း စိတ်ထွေပြားစေမှုပမာဏမှာ မျိုးရိုးပေါ်မူတည်၍ ကွာခြားပုံရချေသည်။ ဥပမာအားဖြင့် လီယီမျိုးနွယ်စုမှလူများဆိုလျှင် အပြည့်အဝခံနိုင်ရည်ရှိနေကြလေ၏။

ဤကဲ့သို့သော သဘာဝတရား၏ အံ့ဩဖွယ်ရာများကို ချူဟွမ်တစ်ယောက် မငြင်းဆန်နိုင်လောက်အောင် စိတ်ဝင်စားမိပါ၏။

သိုရာတွင် ဆန်းကြယ်လှသော ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပေသည်။ မြူများပို၍ထူထပ်လာသည်နှင့်အမျှ တာ့ရှန်းထံမှ အချက်ပြမီးမှာ ပို၍ မှိန်ဖျော့လာပြီး ထို့နောက်တွင်ကား လုံးဝကို ပျောက်သွားတော့၏။ ဤအချိန်တွင် တာ့ရှန်းမှာ ချူဟွမ်ထက် မြင်းအကောင်တစ်ဝက်စာသာ ကျောနေခြင်းဖြစ်ကာ သူ့ကျောပြင်ကို ချူဟွမ်အနေဖြင့် သာမန်မျက်လုံးဖြင့်ပင် မြင်နေနိုင်သေးလေသည်။

သူ့အချက်ပြမှာ တားဆီးခံလိုက်ရချေပြီ။

သိပ်သည်းလှသော မြူနှင်းထုကြီးမှာ လီယီမျိုးနွယ်စုကို သီးသန့်ကမ္ဘာငယ်လေးတစ်ခုအဖြစ် လွှမ်းခြုံကန့်သတ်ထားပေ၏။ ချူဟွမ်မှာ သူ့မျက်မှန်များကို ချွတ်လိုက်ပြီး ကပ်ငြိနေသော ရေငွေ့များကို သုတ်လိုက်ရင်း ကိရိယာကိုလည်း ပြန်ပြင်ရန် ကြိုးစားနေစဉ်တွင် တွေးနေမိလေသည်။

/"နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသားပဲ"/

ရုတ်တရက် ချူဟွမ်တစ်ယောက် ကျောချမ်းသွားကာ ခေါင်းကို ချက်ချင်းလှည့်ကြည့်လိုက်သည်တွင် မြစ်အလယ်၌ လူတစ်ယောက်ကို မြင်လိုက်ရ၏။

ဤအချိန်တွင် မြူများမှာ ကိုယ့်လက်ချောင်းများကိုပင် ပြန်၍မမြင်ရတော့လောက်အောင် မထူထပ်လှသေးလေရာ ချူဟွမ်အနေဖြင့် ရေထဲမှလူကို မသဲမကွဲသာဖြစ်သော်လည်း မြင်နေရကာ - အမျိုးသားဖြစ်ပြီး ဆံပင်ရှည်ဖြင့်ပင်ဖြစ်၍ သူ့ဆံပင်များမှာ မြစ်ရေပြင်ကို ရေညှိဖတ်များ အလျှံအပယ်ပါဝင်နေသည့် ရေညှိဟင်းချိုတစ်ခွက်နှင့် တူသွားစေလောက်အောင် ရေထဲတွင် မျောလွင့်နေပေသည်။ အဝတ်မပါသော ထိုသူ့ခန္ဓာကိုယ်အပေါ်ပိုင်းတွင် နန်ရှန်းကိုယ်ပေါ်မှကဲ့သို့ပင် ဆင်တူသော ဆေးမင်ကြောင်ပုံတစ်ခုရှိနေပြီး အသေးစိတ်အစိတ်အပိုင်းကလေးများကား အနည်းငယ်မျှ ကွဲပြားနေပုံရလေ၏။ မြူနှင်းများဖုံးလွှမ်းနေသောကြောင့် မည်သို့မည်ပုံ မတူညီကြောင်းကိုကား ချူဟွမ်တစ်‌ယောက် အတိအကျ မပြောနိုင်ပါချေ။

ထိုသူ၏အသားအရည်မှာ ဖြူဖွေးလွန်းလှသောကြောင့် အရှေ့တိုင်းသားတစ်ယောက်ပင် မဟုတ်သည့်တော့ပမာရှိနေလျက် ဖောက်ထွင်းမြင်ရလုနီးနီးပင် ဖြစ်နေကာ သူ့နှုတ်ခမ်းများကို ပို၍ နီစွေးသွားစေပေသည်။ သို့ရာတွင် အရာအားလုံးမှာ အလွန်အကြူးဖြစ်လာသည့်အခါ ဆန့်ကျင်ဘက်တွင် ပို၍ အားကောင်းလာတတ်ချေ၏။ လူတစ်ယောက်၏ နှုတ်ခမ်းများမှာ နီရဲလွန်းပြီး အသားအရောင်မှာလည်း အတိုင်းအတာတစ်ခုအထိ ဖြူလွန်းနေသည့်အခါ အလောင်းတစ်လောင်းကို လောလောလတ်လတ်ကိုက်စားထားပြီးခါစ မိစ္ဆာတစ်ကောင်နှင့် တူသွားလေတော့သည်။

/ရုပ်ဆိုးလားဆိုတော့ မဆိုးပေမယ့် အဲ့ဒါက လူနဲ့ကိုမတူတာ/

မြစ်လယ်ခေါင်အထိ ဖြတ်ကူးပြီးသည့်အချိန်တွင် ထိုသူကို မြင်လိုက်ရသည်မှာ ချူဟွမ်အတွက် "စိမ်းစိုလွှမ်းခြုံ ကျူဝါးရုံနှင့် ရည်ပုံသက်ထား တစ်ယောက်အားလျှင်* " ဟူသည့် ကဗျာဆန်ဆန်အာရုံမျိုး ရမလာစေဘဲနှင့် ရေသရဲတစ်ကောင် ထွက်လာပြီဟူ၍သာ ခံစားမိစေချေ၏။
["စိမ်းစိုလွှမ်းခြုံ ...တစ်ယောက်အားလျှင်" - ချင်ခေတ် တေးကဗျာများ (秦风 - Odes of Qin) ထဲက ကျူပင်တေး (蒹葭 - ကျန်းကျား) ဆိုတဲ့ထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်]

မာပြန်းနှင့် တာ့ရှန်းကား မြင်းများကို တစ်ပြိုင်နက်ပင် ဇက်ကြိုးဆွဲ၍ ရပ်လိုက်ကြပေသည်။ တာ့ရှန်းက တစ်စုံတစ်ခုကို တီးတိုးရေရွတ်လေ၏။ ထိုစကားမှာ ချူဟွမ် တစ်ခါမှမကြားခဲ့ဖူးသော လီယီစကားတစ်ခုဖြစ်၍ နန်ရှန်းကို သူတို့ခေါ်ဝေါ်သည့် စာလုံးနှင့် အနည်းငယ်မျှ ဆင်တူသော်လည်း အတိအကျတူခြင်းတော့ မဟုတ်လေ။

ထိုလူငယ်လေး၏ လေယူလေသိမ်းအရ တစ်ဖက်လူကို ရိုသေလေးစားသည့်ပုံရသော်လည်း သတိထားနေသည့်အရိပ်အယောင်များလည်း ပါဝင်နေပြီး နန်ရှန်းနှင့် စကားပြောနေစဉ်ကကဲ့သို့ တရင်းတနှီးမရှိလှချေ။

/သူတို့က နန်ရှန်းကို "ခေါင်းဆောင်"လို့ ခေါ်ကြတာဆိုရင် ဒီစာလုံးကရော ဘာအဓိပ္ပာယ်လဲ?

"ခေါင်းဆောင်ဟောင်း"လား? "ကွယ်လွန်ပြီး ခေါင်းဆောင်"လား? "တမလွန်မှ ခေါင်းဆောင်"လား?/

'ရေသရဲ' ကား ချူဟွမ်ကို တည့်တည့်ကြီးသာ စိုက်ကြည့်နေလျက် ဘာတစ်ခွန်းမှ မပြောပေ။

မာပြန်းနှင့် တာ့ရှန်းတို့မှာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြည့်နေကြပြီးနောက် မာပြန်းက ရှေ့သို့ထွက်လာလျက် သူတို့၏ခရီးစဉ်အကြောင်းကို အသေးစိတ်ရှင်းပြလေသည်။ သည်တစ်ခေါက်တော့ သူပြောနေသည်များကို ချူဟွမ်နားလည်နိုင်ပါ၏။

"ခေါင်းဆောင်က ကျွန်တော်တို့ကို ဆောင်းတွင်းမရောက်ခင် နောက်ဆုံးအခေါက်အနေနဲ့ ပစ္စည်းတွေ သွားရောင်းခိုင်းလိုက်တာပါ။ အခုမှ... အခုလေးတင်မှ သွားတော့မလို့ပါပဲ"

'ရေသရဲ' မှာ သူညွှန်ပြနေသော ကုန်ပစ္စည်းများကို လှည့်ပင်မကြည့်ဘဲ သူ့လက်ကိုမြှောက်လာ၍ ချူဟွမ်ကို ညွှန်ပြကာ "မိန်းမဆန်သည်"ဟု ဆိုရမည်လော၊ "နူးညံ့သိမ်မွေ့သည်"ဟု ဆိုရမည်လော မသိနိုင်သော အသံမျိုးဖြင့် ဆိုလာချေသည်။
"သူက ဘယ်သူလဲ?"

မာပြန်းက ရိုးသားစွာပင် ပြန်ဖြေ၏။
"ခေါင်းဆောင်ကြီး ခေါ်လာခဲ့တဲ့ ဧည့်သည်တစ်ယောက်ပါ"

"ဧည့်သည်လား?"

ရုတ်တရက်ပင် ရေသရဲ၏ ရဲရဲနီသော နှုတ်ခမ်းများမှာ ကွေးညွတ်သွားကာ ထိုသူကား ပြုံးပုံပြုံးနည်းကအစ သာမန်လူများနှင့် မတူပေ။

ပြုံးပြနေစဉ်တွင် ထိုသူ၏ မျက်နှာအပေါ်တစ်ခြမ်းမှာ ရေခဲရိုက်ထားသည့်နှယ်ရှိကာ လုံးဝကိုလှုပ်ရှားသွားခြင်းမရှိဘဲ နှုတ်ခမ်းများကသာ အပေါ်ဘက်သို့ ကွေးညွတ်နေသည့်ပုံစံအဖြစ်သို့ တောင့်တောင့်တင်းတင်းကြီး ပြောင်းလဲသွားခြင်းပင်။ "အရေပြားတစ်ထောက်စာ အပေါ်ယံအပြုံး"တစ်ခု၏ စံနမူနာပြ အဓိပ္ပာယ်ပင် ဖြစ်တော့သည်။

ချူဟွမ်မှာ မြင်းပေါ်တွင် မတ်မတ်ထိုင်နေရင်းနှင့်ပင် သူ့အကြောများ အလိုအလျောက်တောင့်တင်းသွားလျက် တစ်ဖက်လူထံမှ ခြိမ်းခြောက်ရန်လိုမှုများကို ခံစားမိလိုက်၏။

ရေသရဲမှာ ရုတ်တရက် ရေထဲမှ ခုန်ထွက်လာပြီးနောက် ရေမျက်နှာပြင်ကို အားဖြင့်ရိုက်ချလိုက်လေသည်။ သို့ရာတွင် ရေမှုန်ရေမွှားလေးတစ်စက်ပင် လွင့်စင်ထွက်မလာပါလေ။ ထိုအစား သူ့လက်ဝါးအောက်ဖက်မှ ကြီးမားလှသော ရေအောက်စီးကြောင်းကြီးတစ်ခုကို ခပ်တိမ်တိမ်မြစ်ကြောထဲသို့ တွန်းထုတ်လိုက်ပုံရချေ၏။ မြင်းများသည်ပင် ထိုရေစီးကြောင့် ယိုင်သွားလျက် နောက်သို့ ခြေလှမ်းတစ်ဝက်မျှ အတူတကွ နောက်ဆုတ်သွားကြရပေသည်။

ထိုသူမည်သို့လုပ်လိုက်သည်ကို မသိရသော်လည်း ဤရေညှိဟင်းချိုတစ်ခွက်ကား လျှော့တွက်ထား၍မရသော အစားထဲမှပင် ဖြစ်ချေသည်။

ရေသရဲ၏ ပုံရိပ်ကား လျင်မြန်စွာပင် ဖြတ်သန်းသွားပြီးနောက် ချူဟွမ်ရှေ့သို့ လျှပ်တစ်ပြက်အတွင်း ရောက်ချလာ၏။ သူက မြင်းပေါ်တွင်ထိုင်နေသော ချူဟွမ်ကို အဆုံးမဲ့သောတွင်းနက်များပမာ နက်ရှိုင်းလှသည့် မျက်ဝန်းအစုံဖြင့် ခေါင်းအစခြေအဆုံးကြည့်နေလေသည်။ ထိုမျက်ဝန်းများကား ကြောက်စရာကောင်းလောက်အောင်ပင် နက်မှောင်လှပေ၏။ ထို့နောက် ဖြူဖျော့လှသော လက်ဖဝါးထံမှ သတ္ထုရောင်တစ်ချက် ဝင်းလက်သွားကာ ချူဟွမ်၏ခြေထောက်များကို လှမ်းဆွဲလာချေသည်။

ဤအခိုက်အတန့်တွင်ပင် ချူဟွမ်၏မြင်းမှာ အချိန်ကိုက် နောက်ဆုတ်သွားလေ၏။ ရှေ့ခြေနှစ်ဖက်ကို အသာကြွလိုက်ပြီး မြေပြင်ပေါ်ပြန်ချလိုက်သည့်အချိန်တွင် မြင်း၏ ခေါင်းပိုင်းမှာ အနည်းငယ် ဘေးသို့ရွေ့သွားလေပြီ။ ထိုသတ္တဝါမှာ စက်ဝိုင်းတစ်ဝက်စာမျှ လှည့်လိုက်ကာ ရေသရဲ၏ လက်သည်းချွန်များကို အချိန်မီသည်ဆိုရုံမျှ ရှောင်လိုက်နိုင်ပေသည်။

အရာအားလုံးမှာ သဘာဝကျစွာပင် ဖြစ်ပျက်သွားပြီး မြင်းက ၎င်းရှေ့မှသူကို ကြောက်သောကြောင့် အလိုအလျောက် နောက်သို့ဆုတ်သွားသည့်နှယ်ပင် ရှိနေချေ၏။

ချူဟွမ်က မြင်း၏ဦးခေါင်းကို ညင်သာစွာပွတ်သပ်ပေးလျက်ပင် သူ့မျက်နှာပေါ်မှ နူးညံ့သိမ်မွေ့သော အမူအရာများမှာ လွင့်ပြယ်သွားကာ ရေထဲမှလူကို အေးစက်စွာပင် စိုက်ကြည့်နေလေသည်။

မာပြန်းမှာ ချက်ချင်းပင် ချူဟွမ်ရှေ့သို့ ဝင်ရပ်လိုက်ပြီး တာ့ရှန်းသည်လည်း သူ့ဘောင်းဘီများကို ခေါက်တင်လိုက်ကာ အောက်သို့ ခုန်ဆင်းလာပေ၏။ လူငယ်လေးနှစ်ယောက်ကား အလွန်ပင် စိတ်လှုပ်ရှားနေကြချေသည်။ ချူဟွမ်အနေဖြင့် တာ့ရှန်းတစ်ယောက် တစ်ဖက်လူကို ပြောသည့်လေသံမှာ ပို၍ လေးနက်လာသော်လည်း ရိုသေလေးစားမှုဖြင့် အသံကို နှိမ့်ထားဆဲပင်ဖြစ်ကြောင်း ကြားလိုက်ရ၏။

"သူက ခေါင်းဆောင်ကြီး ဖိတ်ခေါ်ထားတဲ့ ဧည့်သည်ပါ"

'ရေသရဲ'ကား ချူဟွမ်ကို ရန်လိုစွာ စိုက်ကြည့်နေသည်ပင်။

"သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတယ်"

တာ့ရှန်းတစ်ယောက် မျက်မှောင်တင်းတင်းကြုံ့သွားလေသည်။

"ဖယ်နေ"
ရေသရဲက လေသံမာမာဖြင့်ပြောလိုက်ကာ တာ့ရှန်းပခုံးကို ဆွဲလိုက်ပေ၏။

တာ့ရှန်းက ရုတ်တရက် သူ့ပခုံးများကို မြှောက်လိုက်ပြီး ခါးမှဓားကို ဆွဲထုတ်လာကာ တစ်ဖက်လူ၏လက်ကောက်ဝတ်ကို စိုက်ချလိုက်တော့သည်။ ဓား၏ သတ္ထုကိုယ်ထည်မှာ ရေသရဲ၏ ဖြူဖျော့နေသောလက်များနှင့် ထိခတ်သွားလျက် ပြင်းထန်လှသော အားကြောင့် ချွင်ကနဲ မြည်ဟည်းသွားလေ၏။

တာ့ရှန်း၏ဓားမှာ တစ်ဝက်လောက်သာ ပြန်ဆွဲထုတ်ရသေးချိန်တွင် ရေသရဲက တာ့ရှန်းလက်ကောက်ဝတ်ကို အံ့ဩလောက်စရာအမြန်နှုန်းဖြင့် ချုပ်ထားလိုက်လျက် တစ်ယောက်ချင်းအားပြိုင်တွန်းနေသည့် အနေအထားသို့ ရောက်သွားပေသည်။ ထို့နောက်တွင်ကား ဓားသွားမှာ ပြင်းထန်စွာ ပြန်တွန်းထုတ်ခံလိုက်ရပြီး တာ့ရှန်းလက်ထဲမှ မြစ်ထဲသို့ ပလုံကနဲအသံဖြင့်အတူ ကျသွားချေ၏။

ရေသရဲက တာ့ရှန်းပခုံးများကို ကြမ်းတမ်းစွာ ဖိချလိုက်သည်တွင် သူ့လက်သည်းများကား တစ်ဖက်လူ၏ပခုံးတစ်ဖက်စီတွင် ထင်ရှားလှသော သွေးစွန်းကွက်ငါးခု ချန်ရစ်ခဲ့ပေ၏။ ထိုအားကိုသုံးလျက် ထိုသူက လက်များကိုဆန့်တန်းလိုက်ပြီး လက်သည်းများထုတ်ကာ ချူဟွမ့်ပခုံးများကိုလည်း လှမ်းဆွဲလာတော့သည်။

ချူဟွမ်၏မြင်းမှာ နောက်တစ်ကြိမ်ထပ်၍ ခြေတစ်လှမ်းဆုတ်သွားကာ မြင်းပေါ်မှသူက နက်မှောင်လှသော 'သံချောင်း'တစ်ခုကို ဖြည်းညင်းစွာ ထုတ်လာပုံရကာ တစ်နည်းတစ်ဖုံဖြင့် ရေသရဲ၏လက်သည်းများအကြားသို့ အတိအကျ ထိုးစိုက်လိုက်၏။

ရေသရဲမှာ အလိုအလျောက်ပင် လက်ကိုပြန်ရုတ်လိုက်မိကာ လေထဲတွင်ပင် ချူဟွမ်၏ ပြုံးယောင်သမ်းသောအကြည့်နှင့် ဆုံသွားရပေသည်။

ချူဟွမ် : "ဘာလို့များ ကျုပ်က မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေရမှာတဲ့လဲ? ခင်ဗျားရဲ့ တခြားသူတွေ ကိုယ့်ကိုအန္တရာယ်ပြုတော့မယ်ဆိုပြီး သံသယလွန်နေတဲ့ စိတ်ရောဂါက နောက်ဆုံးအဆင့်အထိတောင် ရောက်နေပြီလား?"

စကားပြောနေရင်းဖြင့်ပင် သူက မြင်း၏ နံဘေးနှစ်ဖက်ကို ခပ်ဖွဖွကန်ပေးလိုက်သည်တွင် မြင်းမှာ ‌ရှေ့ဖက်သို့ ခြေလှမ်းကျယ်ကျယ်တစ်လှမ်း တက်လာလေ၏။ ချူဟွမ့်လက်ထဲမှ မြင်းစီးကြာပွတ်မှာ တစ်ဖက်လူ၏တံတောင်ဆစ်ကို 'မတော်တဆ'ထိခိုက်မိသွားပုံရလေသည်။

ရေသရဲ၏ လက်သည်းချွန်များမှာ မရည်ရွယ်ဘဲနှင့် အားလျော့သွားရကာ ရေထဲသို့ ဗွမ်းကနဲ ပြုတ်ကျသွားရတော့၏။

သည်တစ်ခေါက်တွင်ကား ထိုပုဂ္ဂိုလ်မှာ သိသိသာသာပင် ဒေါသထွက်သွားချေပြီ။

ရေသရဲက ခြေတစ်လှမ်းဆုတ်လိုက်ကာ ချူဟွမ်ကို အေးစက်စွာစိုက်ကြည့်လိုက်လျက် သူ့လက်ကိုမြှောက်၍ လက်ချောင်းများကို ဝစီမှုတ်ရန် ကွေးညွတ်လိုက်ပြီး ရှည်လျားစူးရှသော လေချွန်သံတစ်ချက် ပေးလိုက်ပေသည်။

ဝစီသံထွက်လာသည်နှင့်တစ်ပြိုင်နက် မာပြန်း၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားကာ ရှင်းပြနေရန် အချိန်မရှိတော့သည်နှင့် ရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ဘဲ ချူဟွမ်၏မြင်းကို ကြာပွတ်ဖြင့် တစ်ချက်ရိုက်ချလိုက်တော့၏။ ချူဟွမ့်မြင်းလည်း သတိမထားမိစဉ်တွင် ရုတ်တရက်ခံလိုက်ရသောကြောင့် သူ့ရှေ့ခြေနှစ်ဖက်ကို မြှောက်လျက် တငြိမ့်ငြိမ့်စီးဆင်းနေသော မြစ်ရေအလျဉ်ကို ပွက်ပွက်ဆူနေသော ဖက်ထုပ်စွတ်ပြုတ်တစ်ခွက်အဖြစ် ပြောင်းလဲသွားစေလောက်အောင် ကဆုန်ပေါက်လျက် ချက်ချင်းပင် တန်းနေအောင် ထွက်ပြေးလေတော့သည်။

ရေသရဲမှာ သူ့ကိုလွှတ်ပေးရန် ငြင်းဆန်လျက် မာပြန်းနှင့် တာ့ရှန်းကို ကျော်ခွသွားပြီး ထိုနှစ်ယောက်ကိုလည်း အလွတ်ပေးမထား၊ မျက်ခြေပြတ်မခံဘဲနှင့်ပင် သူ့ကိုဖမ်းရန် နောက်မှလိုက်လာပေ၏။

ဤတစ်ကြိမ်တွင်မူ ချူဟွမ်တစ်ယောက် သူ့မြင်းမှာ ကြောက်နေသလောဟူ၍ပင် စိတ်မပူနိုင်တော့ပါချေ။

သူ့အနေဖြင့် အဆိုပါ သေတစ်ဝက်ရှင်တစ်ဝက်ရုပ်ဖြင့် မျက်နှာဖြူကောင်လေးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို မသိပါလေ။ ကောင်လေးနှစ်ယောက်၏ အပြုအမူများမှနေ၍ ဤပုဂ္ဂိုလ်မှာ လီယီမျိုးနွယ်စုနှင့် နှစ်ဦးနှစ်ဖက်အပေးအယူလုပ်ထားသူ သို့မဟုတ်ပါက မျိုးနွယ်စုထဲတွင် အတော်လေးအရေးပါအရာရောက်သူတစ်ဦးဖြစ်ရမည်ဟု သူ ခန့်မှန်းလိုက်မိလေသည်။ သူနေခဲ့သည့်တစ်လျှောက်လုံး မျိုးနွယ်စုမှသူများမှာ သူ့အပေါ် အတော်လေးဂရုစိုက်ပေးခဲ့ကြလေရာ တစ်ဖက်လူမှာ မည်မျှပင်ရန်လိုကြမ်းတမ်းနေပါစေ သူ့အနေဖြင့် အကြိမ်ကြိမ်အခါအခါပင် နောက်ဆုတ်ပေးရပေမည်။

သို့ရာတွင် အချိန်နှင့် အတွေ့အကြုံက သူ့ကို ရင့်ကျက်မှုနှင့် ဆင်ခြင်တုံတရားတို့ ပေးစွမ်းခဲ့သည်ဆိုခြင်းမှာ ချူဟွမ်သည် စိတ်ရှည်လှသူတစ်ဦးဖြစ်သည်ဟူ၍တော့ မဆိုလိုပါချေ။ သူငယ်စဉ်တုန်းက အပေအတေအရိုင်းအစိုင်းတစ်ကောင် ဖြစ်ခဲ့ဖူးလေရာ ယဉ်ကျေးသိမ်မွေ့၍ လူကြီးလူကောင်းဆန်သော စံပြလူငယ်တစ်ယောက်အဖြစ် ကြီးပြင်းလာနိုင်မည့် ဖြစ်နိုင်ချေကား အတော်လေးကို နည်းပါးလေ၏။

မြင်းမှာ ‌နောက်တစ်ကြိမ် ကြောက်သွားပြန်ကာ ချူဟွမ်သည်လည်း အနည်းငယ်တော့ စိတ်ဆိုးလာလေပြီ။ သူက နောက်လှည့်လိုက်ပြီး နန်ရှန်းသူ့ကိုပေးထားသော ဓားကို ထုတ်လိုက်လျက် သူ့ကိုယ်ထဲမှ မိုက်ရူးရဲကောင်ကလေးတစ်‌ယောက်၏ ဒေါသကို လွှတ်ပေးလိုက်ကာ ထိုနေရာတွင်ပင် စာရင်းရှင်းပစ်လိုက်ရန် ရည်ရွယ်လိုက်၏။

သို့သော် ဤအခိုက်အတန့်တွင်ပင် ရုတ်တရက် ရေအောက်ထဲမှ လှိုင်းကြီးတစ်လုံး ရိုက်ခတ်ဖြတ်သန်းသွားပြီး ချူဟွမ်၏မြင်းမှာလည်း တုန်လှုပ်စွာ မြည်ဟည်းလျက် ကိုးလိုးကန့်လန့်ကြီး ရပ်သွားချေသည်။

သည်တစ်ကြိမ်တွင်မူ ၎င်းကို မည်သည့်နည်းဖြင့်မျှ စိတ်ငြိမ်သွားအောင် ထိန်း၍မရတော့ပေ။ ထိုသတ္တဝါမှာ ဒူးများချောင်လျက် ချက်ချင်းပင် ဒူးထောက်ကျသွားတော့၏။ ချူဟွမ်တွင် အတော်လေးမြဲမြံသော မြင်းစီးစွမ်းရည်သာ ပိုင်ဆိုင်မထားခဲ့ပါလျှင် သူ့အနေဖြင့် ဤသို့သော အပေါ်မြောက်သွားလိုက် အောက်သို့ဆောင့်ကျလာလိုက်လှုပ်ရှားမှုများကြောင့် မြင်းပေါ်မှ ပြုတ်ကျသွားလောက်ပြီဖြစ်လေသည်။

/နေပါဦး။ ဒီလိုမျိုး ချနေရင်းတန်းလန်းကြီး အပြင်ကို စစ်ကူလှမ်းခေါ်တဲ့ဓလေ့က ဘာကြီးမို့လို့လဲကွာ?/

ညှီစို့စို့ရနံ့တစ်ခုက ရေထဲမှ ပျံ့လွင့်တက်လာကာ ကျယ်လောင်လှသော အသံကြီးတစ်ခုကို ကြားလိုက်ရပေ၏။ ရေတိမ်ပိုင်းမှာ သက်ရှိတစ်ကောင်ကြောင့် နှစ်ခြမ်းကွဲသွားလျက် ရေသရဲ၏ ခြေအောက်မှ ကြီးမားလှသောခေါင်းကြီးတစ်လုံး ထွက်လာကာ ထိုသူ့ကို အမြင့်သို့ ပင့်မြှောက်ထားချေသည်။

ချူဟွမ် : "..."

အနှီ အပြင်မှ စစ်ကူသည်ကား ဧရာမစပါးကြီးမြွေကြီးတစ်ကောင်ပင်။

သူ့မျက်လုံးများဖြင့် ကိုယ်တိုင်မြင်ရရန်မဆိုထားနှင့်၊ ချူဟွမ်မှာ မြွေတစ်ကောင်အနေဖြင့် ဤအရွယ်အစားလောက်ကြီးအထိ ကြီးထွားနိုင်သည်ဟူ၍ စိတ်ပင်ကူးမကြည့်ဖူးပါလေ။ ထိုသတ္တဝါကြီး၏ ကိုယ်ခန္ဓာမှာ ကြီးမားလွန်းလှပြီး လူကြီးတစ်ယောက်အနေဖြင့် ၎င်း၏လုံးပတ်ကို လက်ဖြင့်ဖက်၍တိုင်းတာကြည့်လျှင် လက်နှစ်ဖက်ပင်ထိနိုင်မည်မဟုတ်ဘဲ ခေါင်းထောင်လာလျှင် ထိုခေါင်းပေါ်တွင် အရွယ်ရောက်ပြီးယောက်ျားတစ်ယောက် ကောင်းကောင်းမတ်တပ်ရပ်နေနိုင်လေ၏။

မြွေကြီးမှာ တစ်ကိုယ်လုံးပင် အနက်ရောင်နီးနီး အရောင်ရင့်လှသော စိမ်းပြာရောင်ရှိကာ ၎င်း၏ပါးစပ်ကို ဟ လာသည်တွင် သံဆူးချွန်များကဲ့သို့သော အစွယ်ကြီးများထွက်ပေါ်နေလျက် ခံတွင်းနံ့မှာလည်း မူးနောက်သွားရလောက်အောင်ပင် ညှီဟောက်နံစော်လှပေသည်။

ရုတ်တရက် ချူဟွမ်တစ်ယောက် 'ရှဲ'ဟူသော အသံသေးသေးလေးတစ်ချက်ကို ကြားလိုက်ရကာ ငုံ့ကြည့်လိုက်သည်တွင် သစ်သားလက်မှုပစ္စည်းများ ထည့်ထားသော ကုန်ပစ္စည်းတစ်အိတ်ထဲမှ ခေါင်းသေးသေးလေးတစ်လုံး ထွက်လာသည်ကို မြင်လိုက်ရချေသည်။ ထို့အရင်က မည်သူကမျှသတိမထားမိခဲ့သည့်အချိန်တွင် အနှီအစိမ်းရင့်ရောင်မြွေကလေးမှာ အခွင့်ကောင်းယူ၍ ဝင်ခွေနေခြင်းဖြစ်၏။ ထိုသတ္တဝါလေးက မော့ကြည့်လာပြီးသည့်နောက် နောက်သို့ ပြန်ဆုတ်ဝင်သွားပြန်လေသည်။ ထို့နောက်တွင်မှ လက်သည်းခွံအရွယ်လောက်သာရှိသော ငှက်ရုပ်ကလေးတစ်ရုပ်ကို ၎င်း၏ခေါင်းပေါ်တွင် တင်ထားလျက် မြင်းကျောပေါ်သို့ လျှောတက်လာကာ မြွေမိစ္ဆာကြီး၏ အမူအရာအတိုင်း တစ်ပုံစံတည်းတူအောင်လုပ်ပြနေပေ၏။

သူ၏ မိတ်‌ဆွေအသစ်ကလေးမှာ ဤကဲ့သို့သော အန္တရာယ်နှင့်ကြုံနေသည့်အခြေအနေမျိုးတွင်ပင် မတုန်မလှုပ်ဖြင့် သူ့ဘက်မှရပ်တည်ပေးနေသည်ကို ချူဟွမ်အနေဖြင့် ကျေးဇူးတင်သင့်သည်ဟု ခံစားမိသည့်တိုင် တစ်ချိန်တည်းတွင်ပင် သူဝန်ခံရမည်မှာ - ထိုသတ္တဝါလေးကား 'အရှက်ကွဲ'အောင်လုပ်သည့်နေရာတွင် အမှန်တကယ်ကို ထူးချွန်လှသည်ဟူ၍ပင်။

မြွေကြီး၏ခေါင်းပေါ်တွင် ရပ်နေဆဲဖြစ်သော ရေသရဲကား ခေါင်းငုံ့လျက်ပင် ချူဟွမ်ကို ခက်ထန်စွာဖြင့် စိုက်ကြည့်နေလေသည်။ ထိုသူ၏မျက်ဝန်းများကား လူသေကောင်တစ်ကောင်ကို ကြည့်နေသည့်နှယ်။ သူ့နှုတ်မှ ရုတ်တရက်ဟစ်ကြွေးသံတစ်ချက်ထွက်လာသည်နှင့် မြွေကြီးမှာ တိုက်ခိုက်ရန်အမိန့်ပေးလာမှုကို နားလည်စွာဖြင့် ၎င်း၏လည်ကို ဆန့်တန်းလျက် လျှပ်စီးတမျှသော အမြန်နှုန်းဖြင့် လှမ်းပေါက်ပေတော့၏။

ထိုအခိုက်တွင် ချူဟွမ်ကား ဓားတိုကလေးကို သူ့ပေါင်တွင်ပတ်ထားသော သားရေအိတ်ကလေးထဲသို့ ပြန်သွင်းလိုက်ကာ သူ့ရင်ဘတ်ဆီသို့ လက်လှမ်းလိုက်ပြီး ပစ္စတိုသေနတ်ကို လက်ဖြင့်စမ်းမိနေပြီဖြစ်ပေသည်။

/ငါ့ရှေ့မှာ ပါးစပ်လာဟပြရဲတဲ့ ဘယ်ကောင်မဆို ခေါင်းပွင့်သွားအောင် သေနတ်နဲ့ပစ်ခံရဖို့သာ ပြင်ထား/

ညှီနံ့ပြင်းလှသော လေက သူ့နှာခေါင်းဝအထိ ရောက်နေလေပြီ။ ရုတ်တရက် အလျင်စလိုရှိနေပုံရသော သစ်ရွက်ပုလွေသံတစ်ချက် ထွက်လာချေ၏။ ထိုအသံမှာ စူးရှလှကာ ထူထပ်လှသောမြူထုကြီးကို ဖြိုခွင်းပစ်ချင်သည့်နှယ် ရှိနေပေသည်။

စောစောလေးကမှ လှမ်းပေါက်တော့မည်တကဲကဲဖြစ်နေခဲ့သည့် မြွေကြီးမှာ လေထဲ၌ 'ကျောက်ရုပ်ဖြစ်စေ'ကျိန်စာမိသွားသည့်အလား ထိုနေရာတွင် တောင့်တောင့်ကြီးရပ်သွားလျက် တိုက်ခိုက်နေရင်းအမူအရာကြီးဖြင့်ပင် မလှုပ်မယှက်ဖြင့် တန်းလန်းကြီးဖြစ်သွားတော့သတည်း။

အားလုံးမှာ နောက်သို့ တညီတညာတည်း လှည့်ကြည့်လိုက်ကြသည်တွင် ရေထဲသို့ တစ်လှမ်းချင်းဝင်လာနေသော အမျိုးသားတစ်ဦးကို မြင်လိုက်ကြရလေ၏။

/နန်ရှန်း?/

နန်ရှန်းတစ်ယောက် ဧရာမမြွေကြီးနှင့် ချူဟွမ်တို့ကြားတည့်တည့်သို့ လျှောက်လာကာ မြင့်မားကြံ့ခိုင်လှသော တောင်ကြီးတစ်လုံးပမာ ထိုနေရာတွင် ဝင်ရပ်နေပေသည်။

"မင်း သွားတော့"
သူက ဆိုလေ၏။

------------------

T/N:

Please support NUG. အရေးတော်ပုံ အောင်ရမည် 💪

BTW, ဒီနေ့က Shan He Biao Li အပါအဝင် တခြားလက်ရာကောင်းများစွာရဲ့ ဖန်တီးရှင် Pi ကျဲရဲ့ ၃၃ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်ရှင် 💗

生日快乐 Pi 姐 🎂

13. 6. 2021

❤️❤️❤️

(Zawgyi)

ေရသရဲတစ္ေကာင္ ထြက္လာၿပီ

တာ့ရွန္းႏွင့္အတူပါလာေသာ ေနာက္ထပ္ေကာင္ေလးတစ္ေယာက္က လ်င္ျမန္စြာပင္ ျမင္းမ်ားကို ဆြဲေခၚလာၿပီး ဇက္ႀကိဳးမ်ားကို ခ်ဴဟြမ့္လက္ထဲ ထည့္ေပးလိုက္ေလသည္။

ခ်ဴဟြမ္မွာ ဤေကာင္ေလးႏွင့္ပတ္သက္၍လည္း အျမင္တစ္ခု ရွိေနပါ၏။ ထိုေကာင္ေလး၏အသြင္အျပင္မွာ အနည္းငယ္မိန္းမဆန္ဆန္ရွိၿပီး အျခားသူမ်ားကို ယဥ္ေက်းပ်ဴငွာစြာ ဆက္ဆံတတ္ေပသည္။ အမ်ိဳးသားမ်ားေရာ အမ်ိဳးသမီးမ်ားပါ ပုံမွန္အားျဖင့္ အျခားသူမ်ားထက္ပို၍ လူေကာင္ႀကီးၾကေသာ လီယီမ်ိဳးႏြယ္စုထဲတြင္ ထိုေကာင္ေလးကား အလြန္ေသးေသးညႇက္ညႇက္ျဖစ္ေနေခ်၏။ သူ႔တြင္လည္း အမည္တစ္ခုရွိကာ ထိုအမည္ကား ဘာသာျပန္ဆိုလိုက္လွ်င္ "ရွည္လ်ားေသာ ျမင္းၾကာပြတ္"ဟု အဓိပၸာယ္ရကာ...

မည္သည့္ 'ၾကာပြတ္* ' မ်ိဳးျဖစ္ေၾကာင္း မသိရသကဲ့သို႔ သူ႔မိဘမ်ားက သူ႔အေပၚတြင္ မည္သို႔ေသာ ျမင့္မားလွသည့္ေမွ်ာ္လင့္ခ်က္မ်ား ရွိေနေၾကာင္းကိုကား မသိပါေခ်။

မာျပန္း*ကား မ်ိဳးႏြယ္စုထဲတြင္ သခ်ၤာအေတာ္ဆုံးဟု ဆိုၾကေပ၏။ သူသည္ အေခါက္တိုင္းပင္ ျမစ္ကိုျဖတ္၍ ပစၥည္းမ်ားေရာင္းခ်ရန္ နန္ရွန္းေနာက္သို႔ အၿမဲလိုက္ပါရသူျဖစ္ေလသည္။ သူ႔အေနျဖင့္ တစ္ႏွစ္လွ်င္ အႀကိမ္ေရအနည္းငယ္သာ သြားရျခင္းျဖစ္ေသာ္လည္း အျခားသူမ်ားထက္စာလွ်င္ လမ္းေၾကာင္းႏွင့္ ပိုမိုရင္းႏွီးေလ၏။ သူ၏ တ႐ုတ္စကားမွာလည္း အျခားသူမ်ားထက္ အနည္းငယ္ပိုေကာင္းေပသည္။

[1. ၾကာပြတ္(鞭) - ဒီစာလုံးက ႐ိုက္တဲ့ ၾကာပြတ္လို႔လည္း အဓိပၸာယ္ရသလို ‌ေယာက္်ားေတြရဲ႕ ဟိုပစၥည္းကိုေခၚတဲ့ ဗန္းစကားလည္း ျဖစ္ပါတယ္တဲ့။ Pi ရဲ႕ wordplay ေတြကေတာ့ေလ တကယ္  •́⁠ ⁠ ⁠‿⁠ ⁠,⁠•̀

2. မာျပန္း(马鞭) - 马 က "ျမင္း"၊ 鞭 က " ၾကာပြတ္"ဆိုေတာ့ အဓိပၸာယ္ကေတာ့ "ျမင္းၾကာပြတ္" ပါပဲ။ နာမည္မို႔လို႔ pinyin နဲ႔ပဲ ထားလိုက္ပါတယ္။ ၿပီးေတာ့ "ျမင္းၾကာပြတ္"လို႔ေရးရတာက ပိုရွည္တာမို႔ ဆူးအပ်င္းထူတာေၾကာင့္လည္း ပါပါတယ္ေပါ့  :3 ]

မာျပန္းတစ္ေယာက္ ခ်ဴဟြမ္အား ရွက္ကိုးရွက္ကန္းျဖင့္ ၿပဳံးျပလ်က္ ျမင္းကိုဆြဲလာၿပီးေနာက္ ထပ္ခါထပ္ခါ တိုက္တိုက္တြန္းတြန္းေျပာလာေပ၏။
"ျမန္ျမန္သြားၾကစို႔"

သူသည္ ထိုစကားကို သုံးေလးေခါက္မွ် ျပန္ေျပာေနျခင္းျဖစ္၏။ ခ်ဴဟြမ္ျမင္သေလာက္ မာျပန္းမွာ စိတ္မရွည္တတ္ေသာလူစားမ်ိဳး မဟုတ္ပါေလ။ စကားေျပာေနစဥ္တြင္ပင္ မာျပန္းတစ္ေယာက္ ေတာင္ေျခႏွင့္ ေတာအုပ္မ်ားဆီသို႔ ေဝ့ဝဲၾကည့္ေနလ်က္ ထိုေနရာမွ တစ္စုံတစ္ခုက ထိုေကာင္ေလးကို အလ်င္လိုေအာင္ လုပ္ေနသည့္ႏွယ္ျဖစ္ေၾကာင္း သူသိျမင္လိုက္ရေခ်သည္။

တာ့ရွန္းကား သူ႔ဓားကို ခါးတြင္ခ်ိတ္ထားလ်က္ တင္းမာေသာမ်က္ႏွာထားျဖင့္ သူ႔လႈပ္ရွားမႈမ်ားသည္လည္း ခါတိုင္းထက္ပို၍ အလ်င္လိုေနေလ၏။

ထိုသူႏွစ္ေယာက္မွာ မေတာ္တဆေပေလာ တမင္တကာေပေလာေတာ့မသိရဘဲ တစ္ေယာက္ကေရွ႕က၊ တစ္ေယာက္ကေနာက္က ေလွ်ာက္ေနၾကလ်က္ ခ်ဴဟြမ္ကို အလယ္တြင္ထား၍ ဆင္းဒဝစ္ခ်္ကဲ့သို႔ ႏွစ္ဖက္ညႇပ္ထားၾကေလသည္။

သိသူမ်ားက သူတို႔သည္ ေဈးသို႔သြားေနၾကျခင္းျဖစ္သည္ဟု ေျပာၾကမည္ျဖစ္ကာ မသိသူမ်ားကား ဤမွ်ေလာက္ တင္းမာ၍ အလ်င္လို‌ေနေသာအေငြ႕အသက္မ်ားကိုၾကည့္ၿပီးေနာက္ သူတို႔သည္ နည္းစနစ္တက် တပ္ဆုတ္ေနၾကျခင္းျဖစ္မည္ဟု ထင္ၾကေပေတာ့မည္။

လူသုံးေယာက္ႏွင့္ ျမင္းအခ်ိဳ႕မွာ ျမဴမ်ားဆိုင္းေနေသာ ျမစ္ဆီသို႔ လ်င္ျမန္စြာ ေရာက္လာၾကေတာ့၏။ ဤေန႔တြင္ အဝတ္ေလွ်ာ္ေနၾကေသာ အမ်ိဳးသမီးမ်ား မရွိသကဲ့သို႔ ေရထဲတြင္ ေဆာ့ကစားေနၾကေသာ ကေလးမ်ားလည္း မရွိေပ။ လ်င္ျမန္လွေသာ ျမင္းမ်ားက ေရွ႕ေျခႏွစ္ေခ်ာင္းကို ေရထဲသို႔ လွမ္းလိုက္႐ုံသာ ရွိေသးခ်ိန္တြင္ ခ်ဴဟြမ္တစ္ေယာက္ ရွည္လ်ားစူးရွလွေသာ လင္းယုန္ငွက္ဟစ္ေႂကြးသံတစ္ခ်က္ကို ေနာက္ဖက္မွ ၾကားလိုက္ရကာ တျဖည္းျဖည္းနီးလာၿပီးေနာက္ ႀကီးမားလွေသာေတာင္ပံမ်ား ေလထဲတြင္ ႐ိုက္ခတ္ေနေသာေၾကာင့္သာ ျဖစ္လာႏိုင္သည့္ ဝစီသံကဲ့သို႔ေသာအသံမ်ိဳးကို ၾကားလာရေခ်သည္။

မာျပန္းမွာ မ်က္ေမွာင္ႀကဳံ႕လ်က္ တာ့ရွန္းကို လွည့္ၾကည့္၍ အသံတိုးတိုးျဖင့္ ေမးလာ၏။
"ဘာလို႔ အဲ့ဒါက ဒီတစ္ေခါက္ အေစာႀကီးေရာက္လာရတာလဲ?"

တာ့ရွန္းက ေခါင္းသာခါလ်က္ အပိုစကားမ်ား ေျပာမေနေတာ့ဘဲ တိုက္တြန္း၍သာေနေလသည္။
"ျမန္ျမန္"

ခ်ဴဟြမ္က ေနာက္လွည့္ၾကည့္လိုက္ရာတြင္ ေကာင္းကင္ယံမွ လင္းယုန္ႀကီးတစ္ေကာင္ ဆင္းလာသည္ကို ေတြ႕လိုက္ရကာ သူတို႔ႏွင့္ ဆယ္မီတာမွ်ပင္မေဝးသည့္ေနရာသို႔ ဆင္းသက္လ်က္ ထိုသတၱဝါ၏ မ်က္လုံးမ်ားကား သူ႔ကို စူးရွစြာ ၾကည့္ေနသည္ကို ျမင္လိုက္ရ၏။

၎၏ အေတာင္မ်ားကို ျဖန႔္လိုက္လ်င္ အရွည္အားျဖင့္ ႏွစ္မီတာ သုံးမီတာေလာက္အထိ ရွိေလာက္ေပသည္။

/ဒါေပမယ့္ ဒီေလာက္အ႐ြယ္အစားရွိတဲ့ သိမ္းငွက္ႀကီးေတြဆိုတာက ပုံမွန္ဆိုရင္ အေရွ႕ေျမာက္ပိုင္းနဲ႔ အတြင္းမြန္ဂိုလီးယားတို႔မွာပဲ ေတြ႕ရတတ္တာ မဟုတ္ဘူးလား?/

ခ်ဴဟြမ္တစ္ေယာက္ ထိုအေၾကာင္းကို ေသခ်ာစဥ္းစားေတြးေခၚရန္ အခ်ိန္မရလိုက္မီတြင္ပင္ ေနာက္ထပ္ဟစ္ေႂကြးသံမ်ားကို ဆက္တိုက္ၾကားလိုက္ရ၏။ သူေမာ့ၾကည့္လိုက္သည္ႏွင့္ လင္းယုန္ငွက္ႀကီးမ်ားမွာ မိုး႐ြာခ်ေနသကဲ့သို႔ တစ္ေကာင္ၿပီးတစ္ေကာင္ ထိုးဆင္းလာၾကကာ သတ္ျဖတ္ခ်င္စိတ္အျပည့္ရွိေနၾကေသာ တပ္ဖြဲ႕ႀကီးတစ္ခုႏွယ္ ရွိေနေလသည္။

ခ်ဴဟြမ္မွာ နားမလည္ႏိုင္စြာျဖင့္ ပတ္ဝန္းက်င္ကို ဟိုဟိုသည္သည္ လိုက္ၾကည့္ေနမိ၏။ အနီးအနားတြင္ အမဲလိုက္ငွက္မ်ားေမြးျမဴသည့္ေနရာတစ္ခု ရွိေနျခင္းေပေလာ?

သူ႔ျမင္းကား အနည္းငယ္ေၾကာက္လန႔္သြားလ်က္ ၎၏ေျခလွမ္းမ်ား အမွားမွားအယြင္းယြင္းျဖစ္သြားကာ ေရွ႕ေျခမ်ားမွာလည္း မတည္မၿငိမ္ျဖင့္ ေျမႀကီးကို ယက္ေနေခ်သည္။

ခ်ဴဟြမ္မွာ တိရစာၦန္မ်ားႏွင့္ပတ္သက္သည့္ သူ၏ မျပည့္မစုံဗဟုသုတမ်ားကို ျပန္လည္စုစည္းရန္ အေကာင္းဆုံး ႀကိဳးစားၿပီးသည့္တိုင္ ျမင္းမ်ားက လင္းယုန္မ်ားကို ေၾကာက္ၾကသည္ဟူ၍ တစ္ခါမွ်ပင္ မၾကားဖူးပါေလ။

သူ႔မ်က္လုံးေထာင့္စြန္းမ်ားမွေန၍ ထိုသိန္းငွက္အုပ္စုကို တစ္ခ်က္မွ် ေစြၾကည့္လိုက္ၿပီးသည့္ေနာက္ ျမင္း၏ လည္ပင္းကို ယုယစြာ ပြတ္သပ္ေပးလ်က္ ႏူးညံ့စြာ ေျပာလိုက္ေပသည္။
"ေအးပါ ေအးပါ။ ဒီေလာက္ ငတုံး႐ုပ္ေတြနဲ႔ ေကာင္ေတြကို။ အဲ့ေကာင္ေတြမွာ တပ္ကူရွိရင္ေတာင္မွ ငါတို႔က ဘာကိုေၾကာက္ေနရမွာလဲ?"

လူ၏ စိတ္အေျခအေနမွာ ျမင္း၏ အေျခအေနကိုလည္း သက္ေရာက္မႈရွိေခ်သည္။ သူ၏ အားေပးမႈေၾကာင့္ ျမင္းမွာ လ်င္ျမန္စြာပင္ ၿငိမ္က်သြားေသာ္လည္း လင္းယုန္တစ္စုက ၎အား စိုက္ၾကည့္ေနျခင္းကိုမူ သေဘာက်လွပုံမရွိေပ။ ခ်ဴဟြမ္၏ အနည္းငယ္ထိန္းခ်ဴပ္ထားမႈသာ မရွိပါလွ်င္ ထိုျမင္းမွာ 'ကသမ္းကရမ္း အထူးျမန္ႏႈန္းျမင့္ ကဆုန္ေပါက္ထြက္ေျပးျခင္း' ဇာတ္ခင္းသြားေလာက္ေလ၏။

တာ့ရွန္းက အလိုအေလ်ာက္ပင္ လမ္းျပဦးေဆာင္လ်က္ ထူထပ္လွေသာ ျမဴမ်ားအၾကား ေရာက္လာသည့္အခါတြင္ မာျပန္းက သူ႔ျမင္းကို ဇက္ႀကိဳးမွဆြဲလ်က္ ေခၚသြားေပးေပသည္။

ခ်ဴဟြမ္မွာ ဤအခြင့္အေရးကို အသုံးခ်လ်က္ မ်က္မွန္ပင့္တင္လိုက္ဟန္ျဖင့္ အခ်က္ျပလက္ခံစနစ္ကို ဖြင့္လိုက္ၿပီး တာ့ရွန္း သူ႔ေဘးမွျဖတ္သြားခ်ိန္တြင္ အခ်က္ျပကိရိယာတစ္ခုကို တပ္ေပးလိုက္၏။

ထူထပ္လွေသာ ျမဴထုႀကီးကား သဘာဝဝကၤပါတစ္ခုႏွယ္ ရွိေနေလသည္။ ထိုထဲသို႔ ဝင္လိုက္သူမ်ားမွာ အလိုအေလ်ာက္ပင္ ဦးတည္ရာေပ်ာက္သြားၾကမည္ ျဖစ္ေပ၏။ ထိုအရာထဲတြင္ စိတ္ထင္ေယာင္ထင္မွားျဖစ္ေစတတ္ေသာ ပါဝင္ပစၥည္းမ်ား ရွိေနပုံရေသာ္လည္း စိတ္ေထြျပားေစမႈပမာဏမွာ မ်ိဳး႐ိုးေပၚမူတည္၍ ကြာျခားပုံရေခ်သည္။ ဥပမာအားျဖင့္ လီယီမ်ိဳးႏြယ္စုမွလူမ်ားဆိုလွ်င္ အျပည့္အဝခံႏိုင္ရည္ရွိေနၾကေလ၏။

ဤကဲ့သို႔ေသာ သဘာဝတရား၏ အံ့ဩဖြယ္ရာမ်ားကို ခ်ဴဟြမ္တစ္ေယာက္ မျငင္းဆန္ႏိုင္ေလာက္ေအာင္ စိတ္ဝင္စားမိပါ၏။

သိုရာတြင္ ဆန္းၾကယ္လွေသာ ျဖစ္ရပ္တစ္ခု ျဖစ္လာခဲ့ေပသည္။ ျမဴမ်ားပို၍ထူထပ္လာသည္ႏွင့္အမွ် တာ့ရွန္းထံမွ အခ်က္ျပမီးမွာ ပို၍ မွိန္ေဖ်ာ့လာၿပီး ထို႔ေနာက္တြင္ကား လုံးဝကို ေပ်ာက္သြားေတာ့၏။ ဤအခ်ိန္တြင္ တာ့ရွန္းမွာ ခ်ဴဟြမ္ထက္ ျမင္းအေကာင္တစ္ဝက္စာသာ ေက်ာေနျခင္းျဖစ္ကာ သူ႔ေက်ာျပင္ကို ခ်ဴဟြမ္အေနျဖင့္ သာမန္မ်က္လုံးျဖင့္ပင္ ျမင္ေနႏိုင္ေသးေလသည္။

သူ႔အခ်က္ျပမွာ တားဆီးခံလိုက္ရေခ်ၿပီ။

သိပ္သည္းလွေသာ ျမဴႏွင္းထုႀကီးမွာ လီယီမ်ိဳးႏြယ္စုကို သီးသန႔္ကမာၻငယ္ေလးတစ္ခုအျဖစ္ လႊမ္းၿခဳံကန႔္သတ္ထားေပ၏။ ခ်ဴဟြမ္မွာ သူ႔မ်က္မွန္မ်ားကို ခြၽတ္လိုက္ၿပီး ကပ္ၿငိေနေသာ ေရေငြ႕မ်ားကို သုတ္လိုက္ရင္း ကိရိယာကိုလည္း ျပန္ျပင္ရန္ ႀကိဳးစားေနစဥ္တြင္ ေတြးေနမိေလသည္။

/"နည္းနည္းေတာ့ စိတ္ဝင္စားစရာေကာင္းသားပဲ"/

႐ုတ္တရက္ ခ်ဴဟြမ္တစ္ေယာက္ ေက်ာခ်မ္းသြားကာ ေခါင္းကို ခ်က္ခ်င္းလွည့္ၾကည့္လိုက္သည္တြင္ ျမစ္အလယ္၌ လူတစ္ေယာက္ကို ျမင္လိုက္ရ၏။

ဤအခ်ိန္တြင္ ျမဴမ်ားမွာ ကိုယ့္လက္ေခ်ာင္းမ်ားကိုပင္ ျပန္၍မျမင္ရေတာ့ေလာက္ေအာင္ မထူထပ္လွေသးေလရာ ခ်ဴဟြမ္အေနျဖင့္ ေရထဲမွလူကို မသဲမကြဲသာျဖစ္ေသာ္လည္း ျမင္ေနရကာ - အမ်ိဳးသားျဖစ္ၿပီး ဆံပင္႐ွည္ျဖင့္ပင္ျဖစ္၍ သူ႔ဆံပင္မ်ားမွာ ျမစ္ေရျပင္ကို ေရညႇိဖတ္မ်ား အလွ်ံအပယ္ပါဝင္ေနသည့္ ေရညႇိဟင္းခ်ိဳတစ္ခြက္ႏွင့္ တူသြားေစေလာက္ေအာင္ ေရထဲတြင္ ေမ်ာလြင့္ေနေပသည္။ အဝတ္မပါေသာ ထိုသူ႔ခႏၶာကိုယ္အေပၚပိုင္းတြင္ နန္ရွန္းကိုယ္ေပၚမွကဲ့သို႔ပင္ ဆင္တူေသာ ေဆးမင္ေၾကာင္ပုံတစ္ခုရွိေနၿပီး အေသးစိတ္အစိတ္အပိုင္းကေလးမ်ားကား အနည္းငယ္မွ် ကြဲျပားေနပုံရေလ၏။ ျမဴႏွင္းမ်ားဖုံးလႊမ္းေနေသာေၾကာင့္ မည္သို႔မည္ပုံ မတူညီေၾကာင္းကိုကား ခ်ဴဟြမ္တစ္‌ေယာက္ အတိအက် မေျပာႏိုင္ပါေခ်။

ထိုသူ၏အသားအရည္မွာ ျဖဴေဖြးလြန္းလွေသာေၾကာင့္ အေရွ႕တိုင္းသားတစ္ေယာက္ပင္ မဟုတ္သည့္ေတာ့ပမာရွိေနလ်က္ ေဖာက္ထြင္းျမင္ရလုနီးနီးပင္ ျဖစ္ေနကာ သူ႔ႏႈတ္ခမ္းမ်ားကို ပို၍ နီေစြးသြားေစေပသည္။ သို႔ရာတြင္ အရာအားလုံးမွာ အလြန္အၾကဴးျဖစ္လာသည့္အခါ ဆန႔္က်င္ဘက္တြင္ ပို၍ အားေကာင္းလာတတ္ေခ်၏။ လူတစ္ေယာက္၏ ႏႈတ္ခမ္းမ်ားမွာ နီရဲလြန္းၿပီး အသားအေရာင္မွာလည္း အတိုင္းအတာတစ္ခုအထိ ျဖဴလြန္းေနသည့္အခါ အေလာင္းတစ္ေလာင္းကို ေလာေလာလတ္လတ္ကိုက္စားထားၿပီးခါစ မိစာၦတစ္ေကာင္ႏွင့္ တူသြားေလေတာ့သည္။

/႐ုပ္ဆိုးလားဆိုေတာ့ မဆိုးေပမယ့္ အဲ့ဒါက လူနဲ႔ကိုမတူတာ/

ျမစ္လယ္ေခါင္အထိ ျဖတ္ကူးၿပီးသည့္အခ်ိန္တြင္ ထိုသူကို ျမင္လိုက္ရသည္မွာ ခ်ဴဟြမ္အတြက္ "စိမ္းစိုလႊမ္းၿခဳံ က်ဴဝါး႐ုံႏွင့္ ရည္ပုံသက္ထား တစ္ေယာက္အားလွ်င္* " ဟူသည့္ ကဗ်ာဆန္ဆန္အာ႐ုံမ်ိဳး ရမလာေစဘဲႏွင့္ ေရသရဲတစ္ေကာင္ ထြက္လာၿပီဟူ၍သာ ခံစားမိေစေခ်၏။
["စိမ္းစိုလႊမ္းၿခဳံ ...တစ္ေယာက္အားလွ်င္" - ခ်င္ေခတ္ ေတးကဗ်ာမ်ား (秦风 - Odes of Qin) ထဲက က်ဴပင္ေတး (蒹葭 - က်န္းက်ား) ဆိုတဲ့ထဲက ေကာက္ႏုတ္ခ်က္ျဖစ္ပါတယ္]

မာျပန္းႏွင့္ တာ့ရွန္းကား ျမင္းမ်ားကို တစ္ၿပိဳင္နက္ပင္ ဇက္ႀကိဳးဆြဲ၍ ရပ္လိုက္ၾကေပသည္။ တာ့ရွန္းက တစ္စုံတစ္ခုကို တီးတိုးေရ႐ြတ္ေလ၏။ ထိုစကားမွာ ခ်ဴဟြမ္ တစ္ခါမွမၾကားခဲ့ဖူးေသာ လီယီစကားတစ္ခုျဖစ္၍ နန္ရွန္းကို သူတို႔ေခၚေဝၚသည့္ စာလုံးႏွင့္ အနည္းငယ္မွ် ဆင္တူေသာ္လည္း အတိအက်တူျခင္းေတာ့ မဟုတ္ေလ။

ထိုလူငယ္ေလး၏ ေလယူေလသိမ္းအရ တစ္ဖက္လူကို ႐ိုေသေလးစားသည့္ပုံရေသာ္လည္း သတိထားေနသည့္အရိပ္အေယာင္မ်ားလည္း ပါဝင္ေနၿပီး နန္ရွန္းႏွင့္ စကားေျပာေနစဥ္ကကဲ့သို႔ တရင္းတႏွီးမရွိလွေခ်။

/သူတို႔က နန္ရွန္းကို "ေခါင္းေဆာင္"လို႔ ေခၚၾကတာဆိုရင္ ဒီစာလုံးကေရာ ဘာအဓိပၸာယ္လဲ?

"ေခါင္းေဆာင္ေဟာင္း"လား? "ကြယ္လြန္ၿပီး ေခါင္းေဆာင္"လား? "တမလြန္မွ ေခါင္းေဆာင္"လား?/

'ေရသရဲ' ကား ခ်ဴဟြမ္ကို တည့္တည့္ႀကီးသာ စိုက္ၾကည့္ေနလ်က္ ဘာတစ္ခြန္းမွ မေျပာေပ။

မာျပန္းႏွင့္ တာ့ရွန္းတို႔မွာ တစ္ေယာက္ႏွင့္တစ္ေယာက္ အျပန္အလွန္ ၾကည့္ေနၾကၿပီးေနာက္ မာျပန္းက ေရွ႕သို႔ထြက္လာလ်က္ သူတို႔၏ခရီးစဥ္အေၾကာင္းကို အေသးစိတ္ရွင္းျပေလသည္။ သည္တစ္ေခါက္ေတာ့ သူေျပာေနသည္မ်ားကို ခ်ဴဟြမ္နားလည္ႏိုင္ပါ၏။

"ေခါင္းေဆာင္က ကြၽန္ေတာ္တို႔ကို ေဆာင္းတြင္းမေရာက္ခင္ ေနာက္ဆုံးအေခါက္အေနနဲ႔ ပစၥည္းေတြ သြားေရာင္းခိုင္းလိုက္တာပါ။ အခုမွ... အခုေလးတင္မွ သြားေတာ့မလို႔ပါပဲ"

'ေရသရဲ' မွာ သူၫႊန္ျပေနေသာ ကုန္ပစၥည္းမ်ားကို လွည့္ပင္မၾကည့္ဘဲ သူ႔လက္ကိုေျမႇာက္လာ၍ ခ်ဴဟြမ္ကို ၫႊန္ျပကာ "မိန္းမဆန္သည္"ဟု ဆိုရမည္ေလာ၊ "ႏူးညံ့သိမ္ေမြ႕သည္"ဟု ဆိုရမည္ေလာ မသိႏိုင္ေသာ အသံမ်ိဳးျဖင့္ ဆိုလာေခ်သည္။
"သူက ဘယ္သူလဲ?"

မာျပန္းက ႐ိုးသားစြာပင္ ျပန္ေျဖ၏။
"ေခါင္းေဆာင္ႀကီး ေခၚလာခဲ့တဲ့ ဧည့္သည္တစ္ေယာက္ပါ"

"ဧည့္သည္လား?"

႐ုတ္တရက္ပင္ ေရသရဲ၏ ရဲရဲနီေသာ ႏႈတ္ခမ္းမ်ားမွာ ေကြးၫြတ္သြားကာ ထိုသူကား ၿပဳံးပုံၿပဳံးနည္းကအစ သာမန္လူမ်ားႏွင့္ မတူေပ။

ၿပဳံးျပေနစဥ္တြင္ ထိုသူ၏ မ်က္ႏွာအေပၚတစ္ျခမ္းမွာ ေရခဲ႐ိုက္ထားသည့္ႏွယ္ရွိကာ လုံးဝကိုလႈပ္ရွားသြားျခင္းမရွိဘဲ ႏႈတ္ခမ္းမ်ားကသာ အေပၚဘက္သို႔ ေကြးၫြတ္ေနသည့္ပုံစံအျဖစ္သို႔ ေတာင့္ေတာင့္တင္းတင္းႀကီး ေျပာင္းလဲသြားျခင္းပင္။ "အေရျပားတစ္ေထာက္စာ အေပၚယံအၿပဳံး"တစ္ခု၏ စံနမူနာျပ အဓိပၸာယ္ပင္ ျဖစ္ေတာ့သည္။

ခ်ဴဟြမ္မွာ ျမင္းေပၚတြင္ မတ္မတ္ထိုင္ေနရင္းႏွင့္ပင္ သူ႔အေၾကာမ်ား အလိုအေလ်ာက္ေတာင့္တင္းသြားလ်က္ တစ္ဖက္လူထံမွ ၿခိမ္းေျခာက္ရန္လိုမႈမ်ားကို ခံစားမိလိုက္၏။

ေရသရဲမွာ ႐ုတ္တရက္ ေရထဲမွ ခုန္ထြက္လာၿပီးေနာက္ ေရမ်က္ႏွာျပင္ကို အားျဖင့္႐ိုက္ခ်လိုက္ေလသည္။ သို႔ရာတြင္ ေရမႈန္ေရမႊားေလးတစ္စက္ပင္ လြင့္စင္ထြက္မလာပါေလ။ ထိုအစား သူ႔လက္ဝါးေအာက္ဖက္မွ ႀကီးမားလွေသာ ေရေအာက္စီးေၾကာင္းႀကီးတစ္ခုကို ခပ္တိမ္တိမ္ျမစ္ေၾကာထဲသို႔ တြန္းထုတ္လိုက္ပုံရေခ်၏။ ျမင္းမ်ားသည္ပင္ ထိုေရစီးေၾကာင့္ ယိုင္သြားလ်က္ ေနာက္သို႔ ေျခလွမ္းတစ္ဝက္မွ် အတူတကြ ေနာက္ဆုတ္သြားၾကရေပသည္။

ထိုသူမည္သို႔လုပ္လိုက္သည္ကို မသိရေသာ္လည္း ဤေရညႇိဟင္းခ်ိဳတစ္ခြက္ကား ေလွ်ာ့တြက္ထား၍မရေသာ အစားထဲမွပင္ ျဖစ္ေခ်သည္။

ေရသရဲ၏ ပုံရိပ္ကား လ်င္ျမန္စြာပင္ ျဖတ္သန္းသြားၿပီးေနာက္ ခ်ဴဟြမ္ေရွ႕သို႔ လွ်ပ္တစ္ျပက္အတြင္း ေရာက္ခ်လာ၏။ သူက ျမင္းေပၚတြင္ထိုင္ေနေသာ ခ်ဴဟြမ္ကို အဆုံးမဲ့ေသာတြင္းနက္မ်ားပမာ နက္ရႈိင္းလွသည့္ မ်က္ဝန္းအစုံျဖင့္ ေခါင္းအစေျခအဆုံးၾကည့္ေနေလသည္။ ထိုမ်က္ဝန္းမ်ားကား ေၾကာက္စရာေကာင္းေလာက္ေအာင္ပင္ နက္ေမွာင္လွေပ၏။ ထို႔ေနာက္ ျဖဴေဖ်ာ့လွေသာ လက္ဖဝါးထံမွ သတၳဳေရာင္တစ္ခ်က္ ဝင္းလက္သြားကာ ခ်ဴဟြမ္၏ေျခေထာက္မ်ားကို လွမ္းဆြဲလာေခ်သည္။

ဤအခိုက္အတန႔္တြင္ပင္ ခ်ဴဟြမ္၏ျမင္းမွာ အခ်ိန္ကိုက္ ေနာက္ဆုတ္သြားေလ၏။ ေရွ႕ေျခႏွစ္ဖက္ကို အသာႂကြလိုက္ၿပီး ေျမျပင္ေပၚျပန္ခ်လိုက္သည့္အခ်ိန္တြင္ ျမင္း၏ ေခါင္းပိုင္းမွာ အနည္းငယ္ ေဘးသို႔ေ႐ြ႕သြားေလၿပီ။ ထိုသတၱဝါမွာ စက္ဝိုင္းတစ္ဝက္စာမွ် လွည့္လိုက္ကာ ေရသရဲ၏ လက္သည္းခြၽန္မ်ားကို အခ်ိန္မီသည္ဆို႐ုံမွ် ေရွာင္လိုက္ႏိုင္ေပသည္။

အရာအားလုံးမွာ သဘာဝက်စြာပင္ ျဖစ္ပ်က္သြားၿပီး ျမင္းက ၎ေရွ႕မွသူကို ေၾကာက္ေသာေၾကာင့္ အလိုအေလ်ာက္ ေနာက္သို႔ဆုတ္သြားသည့္ႏွယ္ပင္ ရွိေနေခ်၏။

ခ်ဴဟြမ္က ျမင္း၏ဦးေခါင္းကို ညင္သာစြာပြတ္သပ္ေပးလ်က္ပင္ သူ႔မ်က္ႏွာေပၚမွ ႏူးညံ့သိမ္ေမြ႕ေသာ အမူအရာမ်ားမွာ လြင့္ျပယ္သြားကာ ေရထဲမွလူကို ေအးစက္စြာပင္ စိုက္ၾကည့္ေနေလသည္။

မာျပန္းမွာ ခ်က္ခ်င္းပင္ ခ်ဴဟြမ္ေရွ႕သို႔ ဝင္ရပ္လိုက္ၿပီး တာ့ရွန္းသည္လည္း သူ႔ေဘာင္းဘီမ်ားကို ေခါက္တင္လိုက္ကာ ေအာက္သို႔ ခုန္ဆင္းလာေပ၏။ လူငယ္ေလးႏွစ္ေယာက္ကား အလြန္ပင္ စိတ္လႈပ္ရွားေနၾကေခ်သည္။ ခ်ဴဟြမ္အေနျဖင့္ တာ့ရွန္းတစ္ေယာက္ တစ္ဖက္လူကို ေျပာသည့္ေလသံမွာ ပို၍ ေလးနက္လာေသာ္လည္း ႐ိုေသေလးစားမႈျဖင့္ အသံကို ႏွိမ့္ထားဆဲပင္ျဖစ္ေၾကာင္း ၾကားလိုက္ရ၏။

"သူက ေခါင္းေဆာင္ႀကီး ဖိတ္ေခၚထားတဲ့ ဧည့္သည္ပါ"

'ေရသရဲ'ကား ခ်ဴဟြမ္ကို ရန္လိုစြာ စိုက္ၾကည့္ေနသည္ပင္။

"သူ႔မွာ မေကာင္းတဲ့ရည္႐ြယ္ခ်က္ေတြ ရွိေနတယ္"

တာ့ရွန္းတစ္ေယာက္ မ်က္ေမွာင္တင္းတင္းႀကဳံ႕သြားေလသည္။

"ဖယ္ေန"
ေရသရဲက ေလသံမာမာျဖင့္ေျပာလိုက္ကာ တာ့ရွန္းပခုံးကို ဆြဲလိုက္ေပ၏။

တာ့ရွန္းက ႐ုတ္တရက္ သူ႔ပခုံးမ်ားကို ေျမႇာက္လိုက္ၿပီး ခါးမွဓားကို ဆြဲထုတ္လာကာ တစ္ဖက္လူ၏လက္ေကာက္ဝတ္ကို စိုက္ခ်လိုက္ေတာ့သည္။ ဓား၏ သတၳဳကိုယ္ထည္မွာ ေရသရဲ၏ ျဖဴေဖ်ာ့ေနေသာလက္မ်ားႏွင့္ ထိခတ္သြားလ်က္ ျပင္းထန္လွေသာ အားေၾကာင့္ ခြၽင္ကနဲ ျမည္ဟည္းသြားေလ၏။

တာ့ရွန္း၏ဓားမွာ တစ္ဝက္ေလာက္သာ ျပန္ဆြဲထုတ္ရေသးခ်ိန္တြင္ ေရသရဲက တာ့ရွန္းလက္ေကာက္ဝတ္ကို အံ့ဩေလာက္စရာအျမန္ႏႈန္းျဖင့္ ခ်ဳပ္ထားလိုက္လ်က္ တစ္ေယာက္ခ်င္းအားၿပိဳင္တြန္းေနသည့္ အေနအထားသို႔ ေရာက္သြားေပသည္။ ထို႔ေနာက္တြင္ကား ဓားသြားမွာ ျပင္းထန္စြာ ျပန္တြန္းထုတ္ခံလိုက္ရၿပီး တာ့ရွန္းလက္ထဲမွ ျမစ္ထဲသို႔ ပလုံကနဲအသံျဖင့္အတူ က်သြားေခ်၏။

ေရသရဲက တာ့ရွန္းပခုံးမ်ားကို ၾကမ္းတမ္းစြာ ဖိခ်လိုက္သည္တြင္ သူ႔လက္သည္းမ်ားကား တစ္ဖက္လူ၏ပခုံးတစ္ဖက္စီတြင္ ထင္ရွားလွေသာ ေသြးစြန္းကြက္ငါးခု ခ်န္ရစ္ခဲ့ေပ၏။ ထိုအားကိုသုံးလ်က္ ထိုသူက လက္မ်ားကိုဆန႔္တန္းလိုက္ၿပီး လက္သည္းမ်ားထုတ္ကာ ခ်ဴဟြမ့္ပခုံးမ်ားကိုလည္း လွမ္းဆြဲလာေတာ့သည္။

ခ်ဴဟြမ္၏ျမင္းမွာ ေနာက္တစ္ႀကိမ္ထပ္၍ ေျခတစ္လွမ္းဆုတ္သြားကာ ျမင္းေပၚမွသူက နက္ေမွာင္လွေသာ "သံေခ်ာင္း"တစ္ခုကို ျဖည္းညင္းစြာ ထုတ္လာပုံရကာ တစ္နည္းတစ္ဖုံျဖင့္ ေရသရဲ၏လက္သည္းမ်ားအၾကားသို႔ အတိအက် ထိုးစိုက္လိုက္၏။

ေရသရဲမွာ အလိုအေလ်ာက္ပင္ လက္ကိုျပန္႐ုတ္လိုက္မိကာ ေလထဲတြင္ပင္ ခ်ဴဟြမ္၏ ၿပဳံးေယာင္သမ္းေသာအၾကည့္ႏွင့္ ဆုံသြားရေပသည္။

ခ်ဴဟြမ္ : "ဘာလို႔မ်ား က်ဳပ္က မေကာင္းတဲ့ရည္႐ြယ္ခ်က္ေတြ ရွိေနရမွာတဲ့လဲ? ခင္ဗ်ားရဲ႕ တျခားသူေတြ ကိုယ့္ကိုအႏၲရာယ္ျပဳေတာ့မယ္ဆိုၿပီး သံသယလြန္ေနတဲ့ စိတ္ေရာဂါက ေနာက္ဆုံးအဆင့္အထိေတာင္ ေရာက္ေနၿပီလား?"

စကားေျပာေနရင္းျဖင့္ပင္ သူက ျမင္း၏ နံေဘးႏွစ္ဖက္ကို ခပ္ဖြဖြကန္ေပးလိုက္သည္တြင္ ျမင္းမွာ ‌ေရွ႕ဖက္သို႔ ေျခလွမ္းက်ယ္က်ယ္တစ္လွမ္း တက္လာေလ၏။ ခ်ဴဟြမ့္လက္ထဲမွ ျမင္းစီးၾကာပြတ္မွာ တစ္ဖက္လူ၏တံေတာင္ဆစ္ကို 'မေတာ္တဆ'ထိခိုက္မိသြားပုံရေလသည္။

ေရသရဲ၏ လက္သည္းခြၽန္မ်ားမွာ မရည္႐ြယ္ဘဲႏွင့္ အားေလ်ာ့သြားရကာ ေရထဲသို႔ ဗြမ္းကနဲ ျပဳတ္က်သြားရေတာ့၏။

သည္တစ္ေခါက္တြင္ကား ထိုပုဂၢိဳလ္မွာ သိသိသာသာပင္ ေဒါသထြက္သြားေခ်ၿပီ။

ေရသရဲက ေျခတစ္လွမ္းဆုတ္လိုက္ကာ ခ်ဴဟြမ္ကို ေအးစက္စြာစိုက္ၾကည့္လိုက္လ်က္ သူ႔လက္ကိုေျမႇာက္၍ လက္ေခ်ာင္းမ်ားကို ဝစီမႈတ္ရန္ ေကြးၫြတ္လိုက္ၿပီး ရွည္လ်ားစူးရွေသာ ေလခြၽန္သံတစ္ခ်က္ ေပးလိုက္ေပသည္။

ဝစီသံထြက္လာသည္ႏွင့္တစ္ၿပိဳင္နက္ မာျပန္း၏ မ်က္ႏွာအမူအရာမွာ ပ်က္ယြင္းသြားကာ ရွင္းျပေနရန္ အခ်ိန္မရွိေတာ့သည္ႏွင့္ ရွည္ရွည္ေဝးေဝးစဥ္းစားမေနေတာ့ဘဲ ခ်ဴဟြမ္၏ျမင္းကို ၾကာပြတ္ျဖင့္ တစ္ခ်က္႐ိုက္ခ်လိုက္ေတာ့၏။ ခ်ဴဟြမ့္ျမင္းလည္း သတိမထားမိစဥ္တြင္ ႐ုတ္တရက္ခံလိုက္ရေသာေၾကာင့္ သူ႔ေရွ႕ေျခႏွစ္ဖက္ကို ေျမႇာက္လ်က္ တၿငိမ့္ၿငိမ့္စီးဆင္းေနေသာ ျမစ္ေရအလ်ဥ္ကို ပြက္ပြက္ဆူေနေသာ ဖက္ထုပ္စြတ္ျပဳတ္တစ္ခြက္အျဖစ္ ေျပာင္းလဲသြားေစေလာက္ေအာင္ ကဆုန္ေပါက္လ်က္ ခ်က္ခ်င္းပင္ တန္းေနေအာင္ ထြက္ေျပးေလေတာ့သည္။

ေရသရဲမွာ သူ႔ကိုလႊတ္ေပးရန္ ျငင္းဆန္လ်က္ မာျပန္းႏွင့္ တာ့ရွန္းကို ေက်ာ္ခြသြားၿပီး ထိုႏွစ္ေယာက္ကိုလည္း အလြတ္ေပးမထား၊ မ်က္ေျချပတ္မခံဘဲႏွင့္ပင္ သူ႔ကိုဖမ္းရန္ ေနာက္မွလိုက္လာေပ၏။

ဤတစ္ႀကိမ္တြင္မူ ခ်ဴဟြမ္တစ္ေယာက္ သူ႔ျမင္းမွာ ေၾကာက္ေနသေလာဟူ၍ပင္ စိတ္မပူႏိုင္ေတာ့ပါေခ်။

သူ႔အေနျဖင့္ အဆိုပါ ေသတစ္ဝက္ရွင္တစ္ဝက္႐ုပ္ျဖင့္ မ်က္ႏွာျဖဴေကာင္ေလးမွာ မည္သူမည္ဝါျဖစ္ေၾကာင္းကို မသိပါေလ။ ေကာင္ေလးႏွစ္ေယာက္၏ အျပဳအမူမ်ားမွေန၍ ဤပုဂၢိဳလ္မွာ လီယီမ်ိဳးႏြယ္စုႏွင့္ ႏွစ္ဦးႏွစ္ဖက္အေပးအယူလုပ္ထားသူ သို႔မဟုတ္ပါက မ်ိဳးႏြယ္စုထဲတြင္ အေတာ္ေလးအေရးပါအရာေရာက္သူတစ္ဦးျဖစ္ရမည္ဟု သူ ခန႔္မွန္းလိုက္မိေလသည္။ သူေနခဲ့သည့္တစ္ေလွ်ာက္လုံး မ်ိဳးႏြယ္စုမွသူမ်ားမွာ သူ႔အေပၚ အေတာ္ေလးဂ႐ုစိုက္ေပးခဲ့ၾကေလရာ တစ္ဖက္လူမွာ မည္မွ်ပင္ရန္လိုၾကမ္းတမ္းေနပါေစ သူ႔အေနျဖင့္ အႀကိမ္ႀကိမ္အခါအခါပင္ ေနာက္ဆုတ္ေပးရေပမည္။

သို႔ရာတြင္ အခ်ိန္ႏွင့္ အေတြ႕အႀကဳံက သူ႔ကို ရင့္က်က္မႈႏွင့္ ဆင္ျခင္တုံတရားတို႔ ေပးစြမ္းခဲ့သည္ဆိုျခင္းမွာ ခ်ဴဟြမ္သည္ စိတ္ရွည္လွသူတစ္ဦးျဖစ္သည္ဟူ၍ေတာ့ မဆိုလိုပါေခ်။ သူငယ္စဥ္တုန္းက အေပအေတအ႐ိုင္းအစိုင္းတစ္ေကာင္ ျဖစ္ခဲ့ဖူးေလရာ ယဥ္ေက်းသိမ္ေမြ႕၍ လူႀကီးလူေကာင္းဆန္ေသာ စံျပလူငယ္တစ္ေယာက္အျဖစ္ ႀကီးျပင္းလာႏိုင္မည့္ ျဖစ္ႏိုင္ေခ်ကား အေတာ္ေလးကို နည္းပါးေလ၏။

ျမင္းမွာ ‌ေနာက္တစ္ႀကိမ္ ေၾကာက္သြားျပန္ကာ ခ်ဴဟြမ္သည္လည္း အနည္းငယ္ေတာ့ စိတ္ဆိုးလာေလၿပီ။ သူက ေနာက္လွည့္လိုက္ၿပီး နန္ရွန္းသူ႔ကိုေပးထားေသာ ဓားကို ထုတ္လိုက္လ်က္ သူ႔ကိုယ္ထဲမွ မိုက္႐ူးရဲေကာင္ကေလးတစ္‌ေယာက္၏ ေဒါသကို လႊတ္ေပးလိုက္ကာ ထိုေနရာတြင္ပင္ စာရင္းရွင္းပစ္လိုက္ရန္ ရည္႐ြယ္လိုက္၏။

သို႔ေသာ္ ဤအခိုက္အတန႔္တြင္ပင္ ႐ုတ္တရက္ ေရေအာက္ထဲမွ လႈိင္းႀကီးတစ္လုံး ႐ိုက္ခတ္ျဖတ္သန္းသြားၿပီး ခ်ဴဟြမ္၏ျမင္းမွာလည္း တုန္လႈပ္စြာ ျမည္ဟည္းလ်က္ ကိုးလိုးကန႔္လန႔္ႀကီး ရပ္သြားေခ်သည္။

သည္တစ္ႀကိမ္တြင္မူ ၎ကို မည္သည့္နည္းျဖင့္မွ် စိတ္ၿငိမ္သြားေအာင္ ထိန္း၍မရေတာ့ေပ။ ထိုသတၱဝါမွာ ဒူးမ်ားေခ်ာင္လ်က္ ခ်က္ခ်င္းပင္ ဒူးေထာက္က်သြားေတာ့၏။ ခ်ဴဟြမ္တြင္ အေတာ္ေလးၿမဲၿမံေသာ ျမင္းစီးစြမ္းရည္သာ ပိုင္ဆိုင္မထားခဲ့ပါလွ်င္ သူ႔အေနျဖင့္ ဤသို႔ေသာ အေပၚေျမာက္သြားလိုက္ ေအာက္သို႔ေဆာင့္က်လာလိုက္လႈပ္ရွားမႈမ်ားေၾကာင့္ ျမင္းေပၚမွ ျပဳတ္က်သြားေလာက္ၿပီျဖစ္ေလသည္။

/ေနပါဦး။ ဒီလိုမ်ိဳး ခ်ေနရင္းတန္းလန္းႀကီး အျပင္ကို စစ္ကူလွမ္းေခၚတဲ့ဓေလ့က ဘာႀကီးမို႔လို႔လဲကြာ?/

ညႇီစို႔စို႔ရနံ႔တစ္ခုက ေရထဲမွ ပ်ံ႕လြင့္တက္လာကာ က်ယ္ေလာင္လွေသာ အသံႀကီးတစ္ခုကို ၾကားလိုက္ရေပ၏။ ေရတိမ္ပိုင္းမွာ သက္ရွိတစ္ေကာင္ေၾကာင့္ ႏွစ္ျခမ္းကြဲသြားလ်က္ ေရသရဲ၏ ေျခေအာက္မွ ႀကီးမားလွေသာေခါင္းႀကီးတစ္လုံး ထြက္လာကာ ထိုသူ႔ကို အျမင့္သို႔ ပင့္ေျမႇာက္ထားေခ်သည္။

ခ်ဴဟြမ္ : "..."

အႏွီ အျပင္မွ စစ္ကူသည္ကား ဧရာမစပါးႀကီးေႁမြႀကီးတစ္ေကာင္ပင္။

သူ႔မ်က္လုံးမ်ားျဖင့္ ကိုယ္တိုင္ျမင္ရရန္မဆိုထားႏွင့္၊ ခ်ဴဟြမ္မွာ ေႁမြတစ္ေကာင္အေနျဖင့္ ဤအ႐ြယ္အစားေလာက္ႀကီးအထိ ႀကီးထြားႏိုင္သည္ဟူ၍ စိတ္ပင္ကူးမၾကည့္ဖူးပါေလ။ ထိုသတၱဝါႀကီး၏ ကိုယ္ခႏၶာမွာ ႀကီးမားလြန္းလွၿပီး လူႀကီးတစ္ေယာက္အေနျဖင့္ ၎၏လုံးပတ္ကို လက္ျဖင့္ဖက္၍တိုင္းတာၾကည့္လွ်င္ လက္ႏွစ္ဖက္ပင္ထိႏိုင္မည္မဟုတ္ဘဲ ေခါင္းေထာင္လာလွ်င္ ထိုေခါင္းေပၚတြင္ အ႐ြယ္ေရာက္ၿပီးေယာက္်ားတစ္ေယာက္ ေကာင္းေကာင္းမတ္တပ္ရပ္ေနႏိုင္ေလ၏။

ေႁမြႀကီးမွာ တစ္ကိုယ္လုံးပင္ အနက္ေရာင္နီးနီး အေရာင္ရင့္လွေသာ စိမ္းျပာေရာင္ရွိကာ ၎၏ပါးစပ္ကို ဟ လာသည္တြင္ သံဆူးခြၽန္မ်ားကဲ့သို႔ေသာ အစြယ္ႀကီးမ်ားထြက္ေပၚေနလ်က္ ခံတြင္းနံ႔မွာလည္း မူးေနာက္သြားရေလာက္ေအာင္ပင္ ညႇီေဟာက္နံေစာ္လွေပသည္။

႐ုတ္တရက္ ခ်ဴဟြမ္တစ္ေယာက္ 'ရွဲ'ဟူေသာ အသံေသးေသးေလးတစ္ခ်က္ကို ၾကားလိုက္ရကာ ငုံ႔ၾကည့္လိုက္သည္တြင္ သစ္သားလက္မႈပစၥည္းမ်ား ထည့္ထားေသာ ကုန္ပစၥည္းတစ္အိတ္ထဲမွ ေခါင္းေသးေသးေလးတစ္လုံး ထြက္လာသည္ကို ျမင္လိုက္ရေခ်သည္။ ထို႔အရင္က မည္သူကမွ်သတိမထားမိခဲ့သည့္အခ်ိန္တြင္ အႏွီအစိမ္းရင့္ေရာင္ေႁမြကေလးမွာ အခြင့္ေကာင္းယူ၍ ဝင္ေခြေနျခင္းျဖစ္၏။ ထိုသတၱဝါေလးက ေမာ့ၾကည့္လာၿပီးသည့္ေနာက္ ေနာက္သို႔ ျပန္ဆုတ္ဝင္သြားျပန္ေလသည္။ ထို႔ေနာက္တြင္မွ လက္သည္းခြံအ႐ြယ္ေလာက္သာရွိေသာ ငွက္႐ုပ္ကေလးတစ္႐ုပ္ကို ၎၏ေခါင္းေပၚတြင္ တင္ထားလ်က္ ျမင္းေက်ာေပၚသို႔ ေလွ်ာတက္လာကာ ေႁမြမိစာၦႀကီး၏ အမူအရာအတိုင္း တစ္ပုံစံတည္းတူေအာင္လုပ္ျပေနေပ၏။

သူ၏ မိတ္‌ေဆြအသစ္ကေလးမွာ ဤကဲ့သို႔ေသာ အႏၲရာယ္ႏွင့္ႀကဳံေနသည့္အေျခအေနမ်ိဳးတြင္ပင္ မတုန္မလႈပ္ျဖင့္ သူ႔ဘက္မွရပ္တည္ေပးေနသည္ကို ခ်ဴဟြမ္အေနျဖင့္ ေက်းဇူးတင္သင့္သည္ဟု ခံစားမိသည့္တိုင္ တစ္ခ်ိန္တည္းတြင္ပင္ သူဝန္ခံရမည္မွာ - ထိုသတၱဝါေလးကား 'အရွက္ကြဲ'ေအာင္လုပ္သည့္ေနရာတြင္ အမွန္တကယ္ကို ထူးခြၽန္လွသည္ဟူ၍ပင္။

ေႁမြႀကီး၏ေခါင္းေပၚတြင္ ရပ္ေနဆဲျဖစ္ေသာ ေရသရဲကား ေခါင္းငုံ႔လ်က္ပင္ ခ်ဴဟြမ္ကို ခက္ထန္စြာျဖင့္ စိုက္ၾကည့္ေနေလသည္။ ထိုသူ၏မ်က္ဝန္းမ်ားကား လူေသေကာင္တစ္ေကာင္ကို ၾကည့္ေနသည့္ႏွယ္။ သူ႔ႏႈတ္မွ ႐ုတ္တရက္ဟစ္ေႂကြးသံတစ္ခ်က္ထြက္လာသည္ႏွင့္ ေႁမြႀကီးမွာ တိုက္ခိုက္ရန္အမိန႔္ေပးလာမႈကို နားလည္စြာျဖင့္ ၎၏လည္ကို ဆန႔္တန္းလ်က္ လွ်ပ္စီးတမွ်ေသာ အျမန္ႏႈန္းျဖင့္ လွမ္းေပါက္ေပေတာ့၏။

ထိုအခိုက္တြင္ ခ်ဴဟြမ္ကား ဓားတိုကေလးကို သူ႔ေပါင္တြင္ပတ္ထားေသာ သားေရအိတ္ကေလးထဲသို႔ ျပန္သြင္းလိုက္ကာ သူ႔ရင္ဘတ္ဆီသို႔ လက္လွမ္းလိုက္ၿပီး ပစၥတိုေသနတ္ကို လက္ျဖင့္စမ္းမိေနၿပီျဖစ္ေပသည္။

/ငါ့ေရွ႕မွာ ပါးစပ္လာဟျပရဲတဲ့ ဘယ္ေကာင္မဆို ေခါင္းပြင့္သြားေအာင္ ေသနတ္နဲ႔ပစ္ခံရဖို႔သာ ျပင္ထား/

ညႇီနံ႔ျပင္းလွေသာ ေလက သူ႔ႏွာေခါင္းဝအထိ ေရာက္ေနေလၿပီ။ ႐ုတ္တရက္ အလ်င္စလိုရွိေနပုံရေသာ သစ္႐ြက္ပုေလြသံတစ္ခ်က္ ထြက္လာေခ်၏။ ထိုအသံမွာ စူးရွလွကာ ထူထပ္လွေသာျမဴထုႀကီးကို ၿဖိဳခြင္းပစ္ခ်င္သည့္ႏွယ္ ရွိေနေပသည္။

ေစာေစာေလးကမွ လွမ္းေပါက္ေတာ့မည္တကဲကဲျဖစ္ေနခဲ့သည့္ ေႁမြႀကီးမွာ ေလထဲ၌ 'ေက်ာက္႐ုပ္ျဖစ္ေစ'က်ိန္စာမိသြားသည့္အလား ထိုေနရာတြင္ ေတာင့္ေတာင့္ႀကီးရပ္သြားလ်က္ တိုက္ခိုက္ေနရင္းအမူအရာႀကီးျဖင့္ပင္ မလႈပ္မယွက္ျဖင့္ တန္းလန္းႀကီးျဖစ္သြားေတာ့သတည္း။

အားလုံးမွာ ေနာက္သို႔ တညီတညာတည္း လွည့္ၾကည့္လိုက္ၾကသည္တြင္ ေရထဲသို႔ တစ္လွမ္းခ်င္းဝင္လာေနေသာ အမ်ိဳးသားတစ္ဦးကို ျမင္လိုက္ၾကရေလ၏။

/နန္ရွန္း?/

နန္ရွန္းတစ္ေယာက္ ဧရာမေႁမြႀကီးႏွင့္ ခ်ဴဟြမ္တို႔ၾကားတည့္တည့္သို႔ ေလွ်ာက္လာကာ ျမင့္မားႀကံ့ခိုင္လွေသာ ေတာင္ႀကီးတစ္လုံးပမာ ထိုေနရာတြင္ ဝင္ရပ္ေနေပသည္။

"မင္း သြားေတာ့"
သူက ဆိုေလ၏။

------------------

T/N:

Please support NUG. အေရးေတာ္ပုံ ေအာင္ရမည္ 💪

BTW, ဒီေန႔က Shan He Biao Li အပါအဝင္ တျခားလက္ရာေကာင္းမ်ားစြာရဲ႕ ဖန္တီးရွင္ Pi က်ဲရဲ႕ ၃၃ ႏွစ္ေျမာက္ ေမြးေန႔ျဖစ္ပါတယ္ရွင္ 💗

生日快乐 Pi 姐 🎂

13. 6. 2021

❤️❤️❤️

Continue Reading

You'll Also Like

99.8K 13.8K 108
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။
648K 87.7K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
368K 26.4K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
3.1M 237K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023