တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်...

By SuzanneM4Y

24K 2.9K 200

Original novel - Of Mountains and Rivers (Shan He Biao Li - 山河表里) by Priest Year - 2015 No. of chapters - 77... More

Introduction
Story Brief
Chapter - 1: Prologue
Chapter -2: Prologue
Chapter - 3: Prologue
Chapter - 4: Prologue
Chapter - 5: Prologue
Chapter - 6: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 7: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 8: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 9: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 10: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 11: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 12: ဤကမ္ဘာ (ဤကမာၻ)
Chapter -13: ဤကမ္ဘာ (ဤကမာၻ)
Chapter - 14: ဤကမ္ဘာ (ဤကမာၻ)
Chapter - 16: ဤကမ္ဘာ (ဤကမ႓ာ)
Chapter-17: ဤကမ္ဘာ ( ဤကမာၻ )
Chapter-18: ဤကမ္ဘာ ( ဤကမာၻ )
Chapter-19: ဤကမ္ဘာ ( ဤကမာၻ )
Chapter-20: ဤကမ္ဘာ ( ဤကမာၻ )
Chapter-21: ဤကမ္ဘာ ( ဤကမာၻ )
Chapter-22: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 23: ဤကမ္ဘာ ( ဤကမာၻ )
Chapter-24: ဤကမ္ဘာ ( ဤကမာၻ )
Chapter-25: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-26: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-27: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter - 28: အခြားကမ္ဘာ (အျခားကမာၻ)
Chapter - 29: အခြားကမ္ဘာ (အျခားကမာၻ)
To my translation readers
Chapter - 30: အခြားကမ္ဘာ (အျခားကမာၻ)

Chapter - 15: ဤကမ္ဘာ (ဤကမာၻ)

332 76 8
By SuzanneM4Y

(Uni)

တကယ်တော့ "ကောင်ချောလေး"ဆိုရင်ပဲ ရပါပြီ

မည်းမှောင်နေသော သူ့အိမ်အဝင်ဝတွင် တြိဂံပုံခေါင်းဖြင့် အဆိပ်ရှိမြွေတစ်ကောင်ရောက်နေသည်ကို တွေ့လိုက်ရသည့်အချိန်၌ ချူဟွမ်၏ ခံစားချက်ကား အတော်လေး ရှင်းပြ၍မရနိုင်လောက်အောင် ဖြစ်သွားရလေ၏။ သူသည် တိရစ္ဆာန်ငယ်လေးများနှင့် မည်သည့်အခါကမျှ ရေစက်မရှိဖူးဘဲ တိရစ္ဆာန်များအနေဖြင့် အသက်ရှင်ချင်စိတ်ကလေး အရိပ်အငွေ့မျှသာရှိမည်ဆိုလျှင်ပင် ပုံမှန်အားဖြင့် သူ့ကို အလိုအလျောက်ရှောင်ကွင်းသွားတတ်ကြသည်သာ။ သူ့နောက်ကို လိုက်နေမည့် တစ်ကောင်တလေရှိလာရန်ဆိုသည်မှာ ရှားရှားပါးပါးအခြေအနေပင်ဖြစ်ပြီး နောက်ဆုံး ရလာသည့်သတ္တဝါကား အေးစက်စက် အဆိပ်ရှိမြွေတစ်ကောင် ဖြစ်နေချေသည်။

/တခြား ထပ်ပြီးမတောင်းဆိုချင်ပါဘူး။ ဒီအတိုင်း... သွေးနွေးသတ္တဝါတစ်ကောင်ကောင် ဖြစ်လို့မရနိုင်ဘူးလားလို့?/

သူ့အသံနှင့် ခြေလှမ်းများမှာ ပြိုင်တူ ရပ်တန့်သွားပြီးနောက် နန်ရှန်းက ချက်ချင်းပင် သူ့အကြည့်အတိုင်း လိုက်ကြည့်ပေ၏။ ထိုအခိုက်တွင် ချူဟွမ်အမြင်မှားခြင်းပေလောတော့ မသိ၊ မြွေမှာ နန်ရှန်းနှင့် အကြည့်ချင်းဆုံသွားချိန်၌ ထိုသတ္တဝါကား အလိုလို ကြောက်ရွံ့တုန်လှုပ်သွားသည့်ပုံ ရှိလေသည်။

မျှော်လင့်မထားသော အကြောက်တရားနှင့် ရင်ဆိုင်လိုက်ရသော မြွေကလေး၏ အမြီးထိပ်ဖျားမှာ တုန်ယင်နေကာ အမြီးကုပ်၍ ထွက်ပြေးချင်နေပုံရသော်လည်း အမြီးထည့်ကုပ်ထားနိုင်မည့် နေရာမရှိရှာသော ၎င်း၏ ချို့ယွင်းချက်ကို နောက်တစ်ကြိမ် တွေ့သွားရပေ၏။ ၎င်းမှာ ပို၍တင်းတင်းကြပ်ကြပ် ခွေနေရန်သာ လုပ်နိုင်ကာ တစ်ခါတစ်ခါတွင် လျှာလေးတစ်လစ်တစ်လစ်ထုတ်လျက် ခေါင်းကို အပေါ်အောက်လှုပ်ရှားနေပြီး ဦးညွတ်အရိုအသေပေးနေသည့်နှယ် ရှိနေပေသည်။

ချူဟွမ်တစ်ယောက် မျက်မှန်ကို သတိလက်လွတ်ပင့်တင်လိုက်မိရင်း တွေးလိုက်မိ၏။
/"ဒီမြွေက မသေမျိုးဖြစ်သွားပြီပဲ"/

နောက်တစ်ခဏတွင်ပင် သူ၏ အားကောင်းလှသော ယုတ္တိဗေဒက ပြန်လည်ချေပလာလေသည်။
/"မဟုတ်သေးဘူး။ ငါ ပိုပြီး ဂေါက်လာတာ ဖြစ်ရမယ်"/

ဤအမြင်မှာ သူ့အတွက် လက်ခံနိုင်ရန် အနည်းငယ်ခက်ခဲသော်လည်း ချူဟွမ်၏ ကျိုးကြောင်းဆင်ခြင်မှုက သူ့ကိုယ်သူ အယုံသွင်းနိုင်ရန် ကြိုးစားနေဆဲပင်။

/"ပထမအချက်အနေနဲ့ မြွေတွေက အဝေးမှုန်တယ်။ လူတွေကို မှတ်မိနိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး"/
သူက ကျိုးကြောင်းခိုင်လုံစွာ စဉ်းစားလိုက်၏။
/"ဒုတိယအချက်က အဲ့ကောင်မှာ ရှိတဲ့ခေါင်းက ဒီလောက်ပိစိလေးကို။ ပြီးတော့ အဆိပ်ဂလင်းအကြီးကြီးလည်း သယ်ထားရသေးတာဆိုတော့ ကျန်တဲ့နေရာလွတ်ထဲမှာ အသိဉာဏ်ရှိဖို့ နေရာတောင်လောက်ပါ့မလား?"/

ထိုအချိန်တွင်ပင် နန်ရှန်းက လက်တစ်ဖက်မြှောက်လိုက်လျက် သူ့နောက်မှ ချူဟွမ်ကို ကာပေးထားကာ ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး အနှီ သာမန်ထက်ပို၍ ထူးခြားသောအရည်အသွေးများ ပိုင်ဆိုင်ထားသော အဆိပ်မြွေကို လက်ဗလာဖြင့် ဖမ်းဆွဲလိုက်ချေသည်။ ချောမောလှသော ခေါင်းဆောင်၏ မျက်နှာထားမှာ မှုန်ကုပ်ကုပ်ဖြစ်နေသည်ကိုသာ မြင်ရမည်ဖြစ်ကာ ထိုသူက သူ့လက်ထဲမှအရာမှာ နွယ်ကြိုးတစ်ချောင်းသာ ဖြစ်သည့်အတိုင်း ထိုသတ္တဝါကို မညှာမတာဆွဲမွှေ့ပစ်လိုက်ပြီး အလွန်အဆိပ်ပြင်းလှသောမြွေတစ်ကောင်ဖြစ်သော ထိုသတ္တဝါ၏ ဂုဏ်သိက္ခာကို ဂရုပင်စိုက်ပုံမရှိပေ။

ပြာနှမ်းနေရှာပြီဖြစ်သော မြွေကလေး၏ ထွက်ပြေးရန်ကြိုးစားမှုများသည် အချည်းနှီးသာဖြစ်လျက် ၎င်းကိုဖမ်းထားသော ထိုပုဂ္ဂိုလ်၏လက်ထဲဝယ် ပျော့ခွေနေကာ ထူးဆန်းစွာပင် ပြန်လည်တိုက်ခိုက်လိုသော ရည်ရွယ်ချက် အလျဉ်းရှိပုံမရလေ။

နန်ရှန်းက အသံတိုးတိုးဖြင့် သတိပေးလိုက်၏။
"နောက်တစ်ခါ မင်းသူ့ကို နှောင့်ယှက်နေတာ ငါမြင်ရကြည့်။ ငါ မင်းကို သုံးပိုင်းပိုင်းပစ်မယ်"

သူသည် လီယီဘာသာစကားဖြင့် ပြောလိုက်ခြင်းဖြစ်ပေသည်။ သူ့အသံမှာ ချိုသာသော်လည်း လေယူလေသိမ်းကား အလွန်မာကျောလှလေ၏။ အဆိပ်မြွေမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် ၎င်း၏ ကိုယ်ခန္ဓာမှာ တုတ်ချောင်းဖြောင့်ဖြောင့်ကြီးတစ်ချောင်းသဖွယ် ဆန့်သွားလျက် ယုံကြည်ချင်စရာကောင်းလောက်သည်အထိ သေချင်ယောင်ဆောင်နေပြီး အလောင်းကောင်တစ်ကောင်၏ အေးစက်တောင့်တင်းမှုအနေအထားကိုပင် အပင်ပန်းခံ၍ ထည့်သွင်းတွက်ချက်ထားပုံရချေသည်။

ချူဟွမ်ကား နောက်ဆုံးတွင် ပါးစပ်မှ ထုတ်မေးလိုက်မိလေတော့၏။
"မင်း အဲ့အကောင်ကို စကားပြောနေတာလား?"

နန်ရှန်းက ထိုမြွေကို ဘေးဘက်ရှိမြက်တောထဲသို့ လက်လွတ်စပယ် လွှင့်ပစ်လိုက်လေသည်။ အဆိပ်ရှိမြွေလေးမှာ လွတ်ငြိမ်းချမ်းသာခွင့်ရသွားသည့်အတိုင်း ချက်ချင်းပင် မြက်ပင်များကြားသို့ လျှပ်စီးအရှိန်နှုန်းဖြင့် တိုးဝင်သွားပေ၏။ အတော်လေးကြာသွားပြီးသည့်နောက်တွင်မူ မြက်တောထဲမှနေ၍ ခေါင်းလေးထွက်လာကာ နန်ရှန်းက ၎င်းကိုလိုက်ဖမ်းမည့် အရိပ်အခြေမျိုးမရှိသည်ကို တွေ့လိုက်ရပြီးမှ နောက်ဆုံးတွင် တုန်တုန်ယင်ယင်ဖြင့် ထွက်သွားချေသည်။

နန်ရှန်း : "အဲ့ကောင်က လူစကားနားလည်ပြီး မကိုက်တတ်ပါဘူး"

/အဲ့လိုဆိုတော့ ဒါက မျိုးနွယ်စုထဲက တစ်ယောက်ယောက် မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်မြွေတစ်ကောင်လား? အဲ့တော့က စောစောက အဲ့ကောင်လုပ်တာတွေက သင်ပေးထားတာမို့လို့ပေါ့?

ဒါဆိုရင်တော့ မဖြစ်နိုင်တာမျိုး မဟုတ်တဲ့ ကိစ္စပဲ။ ဒီကမ္ဘာကြီးက အကျယ်ကြီးဆိုပေမယ့်လည်း ဘယ်ဟာမှ အဲ့လောက် အထူးတဆန်းတွေ မရှိနိုင်ပါဘူး/

ချူဟွမ်မှာ အံ့အားသင့်သွားရရုံမျှမက အနည်းငယ်လည်း စိတ်သက်သာရာရသွားပေ၏။ အကြောင်းကား နန်ရှန်း၏ စကားများကို အခြားတစ်ဖက်မှ ရှုမြင်ကြည့်မည်ဆိုလျှင် သူသည် လောကကြီးအကြောင်းနှင့်ပတ်သက်၍ အနည်းငယ် ဗဟုသုတနည်းနေခဲ့ခြင်းသာဖြစ်၍ ပုံရိပ်ယောင်များမြင်လျက် စိတ်ကစဉ့်ကလျားဖြစ်နေခြင်းမျိုး မဟုတ်သေးချေ။

ချူဟွမ်က ခေါင်းဆောင်ကြီး၏ ကျိုင်းကို ပြန်ပြင်ပေးလိုက်ပြီး သူ့ကို နှုတ်ဆက်၍ လိုက်ပို့ပေးလိုက်လေသည်။ ပုံမှန်အားဖြင့် နန်ရှန်းမှာ အခွင့်အရေးရတိုင်း သူနှင့် အချိန်ကြာကြာ အတူရှိနေတတ်၏။ ထိုသူသည် မြစ်တစ်ဖက်ကမ်းမှ အရာအားလုံးအကြောင်းကို သိချင်နေတတ်ကာ "ကားနှင့် မြေအောက်ရထား မည်သည်က ပိုမြန်သည်"ကဲ့သို့သော အသေးအဖွဲကိစ္စလေးမျိုးကိုပင် တစ်နေ့ခင်းလုံးအချိန်ယူ၍ စိတ်အာရုံအပြည့်နှစ်လျက် စူးစမ်းရှာဖွေနေတတ်သော သက်ရှိထင်ရှား " 'အဘယ်ကြောင့်နည်း' အမေးပေါင်း တစ်သိန်း* " စစ်စစ်ပင် ဖြစ်ပေသည်။
[ " 'အဘယ်ကြောင့်နည်း' အမေးပေါင်း တစ်သိန်း" ("十万个为什么") - သိပ္ပံပညာဆိုင်ရာ အမေးအဖြေတွေပါတဲ့ ကလေးတွေအတွက် စာအုပ်တစ်မျိုးပါ။ ပထမအကြိမ်ထုတ်ဝေတဲ့စာအုပ်ကတော့ အဲ့ခေါင်းစဉ်နဲ့ပဲဖြစ်တဲ့ ရုရှားစာရေးဆရာ Mikhail Il'in ရဲ့ စာအုပ်ကို တုန်းချွင်းချိုင် (董纯才) က မှီငြမ်းပြီး ဘာသာပြန်ထားခဲ့တာပါတဲ့]

သို့ရာတွင် သည်နေ့တွင်ကား နန်ရှန်းတစ်ယောက် အလာရော အပြန်တွင်ပါ အလျင်စလိုနီးပါးပင် ဖြစ်နေချေ၏။ ချူဟွမ်က သူ့ကို အဝင်ဝအထိ လိုက်ပို့သည်တွင် လီယီမျိုးနွယ်စုမှ လူငယ်လူရွယ်အမြောက်အမြား မျိုးနွယ်စုအတွင်း ပိုက်စိပ်တိုက် ကင်းလှည့်နေကြကာ အားကောင်းမောင်းသန်အမျိုးသမီးအချို့သည်ပင် ခေါင်မိုးများပေါ်တက်လျက် တစ်စုံတရာကို ခါးကိုင်း၍ တစ်ခုခုလုပ်နေကြပြီး ပုံမှန်နှင့်မတူ လင်းထိန်လွန်းလှသော လရောင်အောက်၌ ချူဟွမ်အနေဖြင့် သူတို့သည် ခေါင်မိုးများပေါ်တွင် ဒူးလေးအရွယ်အစားပေါင်းစုံကို အများအပြားတပ်ဆင်နေကြခြင်းဖြစ်ကြောင်း မြင်နိုင်လေသည်။

ချူဟွမ်၏ စိတ်ကူးစိတ်သန်းစွမ်းရည်မှာ အတော်လေးကို ခေါင်လှလေရာ လီယီလူမျိုးများ၏ ပိုမိုမြှင့်တင်လာသော တင်းကြပ်သည့် လုံခြုံရေးစောင့်ကြပ်မှုများနှင့် ပတ်သက်၍ သူ ပထမဆုံးတွေးမိသည်ကား တောရိုင်းတိရစ္ဆာန်များ၏ အန္တရာယ်ကြောင့်များလော ဟူ၍ပင်။

သို့ရာတွင် ချက်ချင်းပင် ချူဟွမ်တစ်ယောက် ဟွားကူးသွော်နှင့် သူ့နောက်လိုက်ကလေးတို့ တောဝက်ရိုင်းကို အမဲလိုက်သတ်ဖြတ်ခဲ့သော မြင်ကွင်းကို ပြန်၍အမှတ်ရသွားပြီး ဤအမြင်ကို စွန့်လွှတ်လိုက်၏။

အခြားမျိုးနွယ်စုများနှင့် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုများကြောင့်ပေလော?

ဤကိစ္စလည်း မဟုတ်နိုင်လောက်ချေ။ အနည်းဆုံးအနေဖြင့် ချူဟွမ်တစ်ယောက် ဤရက်ပိုင်းအတွင်း အမြင့်သို့တက်၍ မြင်နိုင်သမျှကြည့်ထားသလောက်တွင် အနီးအနား၌ အခြားမျိုးနွယ်စုတစ်ခုခု နေထိုင်သည့်အရိပ်အယောင်မျိုး မတွေ့မိပါလေ။

/နိုင်ငံထဲကို တရားမဝင်ခိုးဝင်လာကြတဲ့ နိုင်ငံခြားသားတွေက ဒီနေရာကို ဖြတ်သွားကြမှာမို့တော့ မဟုတ်လောက်ဘူးမလား?/

ဤကိစ္စဆိုလျှင်လည်း သာမန်ပြည်သူများဖြစ်ကြသော တိုင်းရင်းသားမျိုးနွယ်စုလေးတစ်ခုက စိတ်ပူရလောက်သည့်ကိစ္စမျိုး မဟုတ်ပါချေ။

ချူဟွမ်ကား အိပ်ရာပေါ်တွင် မရေမရာခန့်မှန်းချက်ပေါင်းစုံဖြင့် လဲလျောင်းနေမိပေသည်။ ထို့နောက် အိပ်ရာခေါင်းရင်းဘက်ရှိ သေတ္တာ‌လေးတစ်လုံးထဲမှ သူ့သေနတ်ကို ထုတ်ယူလိုက်ကာ ခေါင်းအုံးပေါ် တင်ထားလျက် - စင်စစ်အားဖြင့် သူ့ကိုယ်သူကာကွယ်ရန် မဟုတ်ဘဲ ချူဟွမ်အနေဖြင့် အနည်းငယ် စိတ်မငြိမ်မသက်ဖြစ်နေသောကြောင့်သာ ဖြစ်လေ၏။ ထိုသေနတ်သည် သူ၏ အကြောများကို ပြေလျော့စေကာ သူ့အတွက် ထိုအရာကို လိုအပ်သည်မှာ ကလေးများ ဝက်ဝံရုပ်ကလေး ဖက်၍အိပ်တတ်ကြသကဲ့သို့ပင် ဖြစ်လေသည်။

ညသန်းခေါင်ယံ၌ လီယီမျိုးနွယ်စုတို့ နေထိုင်ရာဝယ် အားလုံးတိတ်ဆိတ်နေလျက် မဝေးလှသည့်တောအုပ်အတွင်းမှ ညဉ့်ဇီးကွက်တစ်ကောင်နှစ်ကောင်၏ အော်သံများကိုသာ ကြားရပေ၏။ ရုတ်တရက် ကျွိကနဲအသံတစ်ချက် ကြားလိုက်ရကာ ချူဟွမ်နေသော အိမ်ကလေး၏ သစ်သားတံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီး ထိုလှုပ်ရှားမှုက အအိပ်ဆတ်သော အိမ်ပိုင်ရှင်ကို ချက်ချင်းပင် နိုးသွားစေချေသည်။

/ဘယ်သူလဲ?/

လီယီမျိုးနွယ်စုကား ခွေးကျင့်ခွေးကြံဖြင့် ကြက်လိုက်ခိုးတတ်သော* အစားမျိုးထဲမှ မဟုတ်ချေ။ မျိုးနွယ်စုထဲမှသူများမှာ အတူတကွအလုပ်ကြိုးစားကြပြီး သူတို့အပင်ပန်းခံထားသမျှ၏ အသီးအပွင့်များကို ဝေမျှခံစားတတ်ကြသူများပင် ဖြစ်ကာ လူတိုင်းအနေဖြင့် အလုပ်တစ်ခုခုလုပ်နေသ‌ရွေ့ ထမင်းမငတ်နိုင်ကြလေ။ ထို့အပြင် ခေါင်းဆောင်ကြီး၏ ဖြောင့်မတ်တည်ကြည်သော အာဏာစက်တစ်ခုတည်းကပင် လူထုကို စိတ်ချယုံကြည်စေရန် လုံလောက်နေကာ လိုအပ်ချက်များနှင့်ကိုက်ညီစွာ ခွင့်တူညီမျှ ခွဲခြမ်းဝေမျှနိုင်လျက် တစ်နည်းအားဖြင့် ထိုရလဒ်မျိုးကို ခေတ်‌ရှေ့ပြေး၍ တည်ဆောက်ထားနိုင်ခြင်းမျိုးဟု ဆိုနိုင်ပေသည်။
[ခွေးကျင့်ခွေးကြံဖြင့် ကြက်လိုက်ခိုးတတ်သော (偷鸡摸狗) - ခိုးကြောင်ခိုးဝှက်လုပ်တတ်တဲ့ အလေ့အထမျိုးရှိတယ်လို့ ဆိုလိုတဲ့ ဆိုရိုးဖြစ်ပါတယ်။ ဒီစာကြောင်းကြီး မြင်လိုက်ရတော့ မူးနေတဲ့ ဟန်ကွမ်းကျွင်းကြီးကို ပြေးမြင်သွားမိတာ သွေ့ပုချီပါ လန်အာ့ကောကောရေ  (⁠人⁠ ⁠•͈⁠ᴗ⁠•͈⁠) ]

မည်သူကများ ညသန်းခေါင်ကြီး သူတစ်ပါးအိမ်ကို ခိုးဝင်ပါလိမ့်မည်နည်း?

ချူဟွမ်တစ်ယောက် အသံမထွက်စေဘဲ တစ်ဖက်သို့လှိမ့်လိုက်ကာ တံခါးကို မျက်နှာမူလျက် သူ့မျက်လုံးများ အစင်းရာလေးတစ်ခုအဖြစ် ဟ ထားသည်ဆိုရုံမျှ ပွင့်လာသော်လည်း သူ၏ အသက်ရှူသံမှာ ချောမွေ့စွာဖြင့် ရှည်လျားနေဆဲပင်။ ထိုအသံမှာ သူ့အနေဖြင့် အိပ်ပျော်နေရာမှ နိုးမလာသေးသည့်အတိုင်းပင် ရှိနေလျက် လက်ချောင်းများကား သူ့နံဘေးမှ သေနတ်ကို တင်းတင်းဆုပ်ထားပြီး ဖြစ်လေ၏။

ပုံမှန်မဟုတ်ဘဲ တောက်ပလွန်းနေသော လရောင်နှင့် ချူဟွမ်က သူ့တံခါးတွင်တပ်ထားသော မင်းတုတ်မှာ လှုပ်ရှားသွားသည်ကို မြင်လိုက်ရချေသည်။

သူ့အခန်း၏ တံခါးမင်းတုတ်သည် မြောင်းထဲသို့ သစ်သားချောင်းတစ်ချောင်းထိုးထားသော ရှေးခေတ်မင်းတုတ်မျိုးပင် ဖြစ်၏။ ယခုမူကား ဘာမျှမရှိဘဲနှင့် ထို သစ်သားမင်းတုတ်တံကြီးမှာ အလိုလိုရွေ့နေခြင်းဖြစ်ပြီး မျက်စိဖြင့်မမြင်ရနိုင်သော တစ်စုံတစ်ယောက်က အိမ်ထဲမှနေ၍ တံခါးကို ဖွင့်နေသည့်ပုံစံမျိုး ဖြစ်လေသည်။

'ဂလောက်' ဟူသော အသံတစ်ချက်နှင့်အတူ ထိုးထားသောသစ်သားချောင်း ပြုတ်ကျလာပြီးနောက် တံခါးမှာ တွန်းဖွင့်ခံလိုက်ရလေ၏။ ခပ်ပျော့ပျော့ အနံ့ဆိုးတစ်ခု ရောပါလာသော ညလေပြည်တစ်ချက်က တံခါးမှ ဝင်ရောက်လာကာ ချူဟွမ်မှာ တံခါးဝ၌ အလင်းရောင်ဘက်ကို နောက်ကျောပေးထားသော 'လူတစ်ယောက်'ကို မြင်လိုက်ရပေသည်။

/ငါးနှစ် ခြောက်နှစ်သား ကလေးတစ်ယောက်လောက် အရပ်အမြင့်နဲ့ ခေါင်းက တကယ့်ကို သေးသေးလေး... နေဦး မဟုတ်သေးဘူး။ အဲ့ဒါ လူမဟုတ်ဘူးဟ/

ထို့နောက် ရုတ်တရက် ထိုအရာက ၎င်း၏ လက်များကို ဆန့်တန်းလာသည်တွင် ကြည်လင်သော ရေယက်အရေပြားများက ကိုယ်ခန္ဓာနှင့် လက်မောင်းရင်းများကြားတွင် တွဲဆက်နေကာ လရောင်က ထိုသတ္တဝါ၏ အမွေးအမျှင်ထူထပ်လှသော မျက်နှာအပေါ်သို့ ဖြာကျနေလျက် ဆွဲငင်စွာ အူလိုက်ပုံရသော်လည်း ချူဟွမ်တစ်ယောက် ဘာသံကိုမျှ မကြားရပေ။

သို့ရာတွင် သူ့အိမ်အဝင်ဝရှိ သစ်ပင်ကြီးပေါ်တွင် ချိတ်ဆွဲထားသော ခေါင်းလောင်းမှာ တစ်စုံတရာက ဝင်တိုက်လိုက်သည့်အတိုင်း မြည်ဟည်းလာလေတော့သည်။

ခေါင်းလောင်းလေးမှာ သူပြောင်းလာပြီးမှ ရောက်လာခြင်းဖြစ်ပြီး တစ်နေ့ သူအိမ်တွင်ရှိမနေသည့်အချိန် တစ်ယောက်ယောက် လာချိတ်ဆွဲသွားခြင်း ဖြစ်လေ၏။ ချူဟွမ်က စနောက်ချင်သော ကလေးတစ်ယောက်ယောက် လာလုပ်သွားသည်ဟုသာ တွေးမိကာ တစ်ခါတရံ လေပြည်လေညင်းလေး တိုက်ခတ်လာသည့်အခါ ခေါင်းလောင်းလေးက တချွင်ချွင်မြည်နေတတ်သည်မှာ သာယာနာပျော်ဖွယ်ရှိလှလေရာ သူ့အနေဖြင့် စိတ်အနှောင့်အယှက်မဖြစ်မိပါချေ။

ယခုအချိန်တွင်ကား ခေါင်းလောင်းလေးသည် အလွန်ပြင်းထန်စွာ ခါယမ်းနေလျက် လျင်မြန်လှပြီး နားစည်ကွဲမတတ်စူးရှလှသောအသံမျိုး ထွက်ပေါ်နေကာ ဆက်တိုက်ထွက်ပေါ်နေသည့် သတိပေးသံများသဖွယ်ပင် ရှိပေသည်။

တံခါးဝမှ သတ္တဝါက ၎င်း၏ကျောဘက်တွင် ခေါက်သိမ်းထားသော ရေယက်ပြားကို ဖြန့်ထုတ်လိုက်ပြီး ချူဟွမ်ထံ အားကုန်သုံးလျက် ပျံသန်းလာချေ၏။ ထိုအခိုက်တွင်ပင် အရိပ်မည်းတစ်ခုက ရုတ်တရက် ဖြတ်သန်းလာကာ ချဉ်းကပ်လာသောအရိပ်ကို ဆွဲဖမ်းပြီး မြေပြင်ပေါ် သို့ ဆောင့်ရိုက်ချလိုက်လေသည်။

ချူဟွမ်၏ နားရွက်များမှာ အလိုအလျောက်ပင် အနည်းငယ်မျှ လှုပ်ရှားသွားလျက် 'ဂျွတ်'ဟူသော အသံတစ်ချက်ကို ကြားလိုက်ရ၏။

ထိုအရာကား ဇက်ချိုးခံလိုက်ရလေပြီ။

အားလုံးမှာ လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားကာ ချူဟွမ်ကား အိပ်ရာပေါ်တွင် တစ်ဝက်တစ်ပျက် ထထိုင်နေမိလျက်သားဖြစ်နေလျက် အိပ်ရာခင်းအောက်တွင် ဖိကိုင်ထားသော လက်မှာ သေနတ်မောင်းခလုတ်ကို ဆွဲလိုက်ပြီးသား ဖြစ်နေခဲ့ပေသည်။ သူ့လက်ချောင်းများမှာ ပထမဆုံး တောင့်တင်းသွားပြီးမှ ပြန်လည်ပြေလျော့သွားကာ ထိုတစ်ခုမှလွဲ၍ သူ့ပုံစံမှာ တည်ငြိမ်လှသော တောင်ကြီးတစ်လုံးနှယ် ဣန္ဒြေရလှလေ၏။

စောစောလေးကမှ ဇက်တစ်ချောင်းကို လိမ်ချိုးထားခဲ့သော အရိပ်မည်းက ခေါင်းမော့လာကာ ထိုသူမှာ နန်ရှန်းပင် ဖြစ်ချေ၏။

ချူဟွမ်တစ်ယောက် သေနတ်မောင်းပေါ်တင်ထားခဲ့သော လက်ချောင်းကို ဘာမျှမဖြစ်ခဲ့သည့်အတိုင်း လက်လွှတ်လိုက်ပြီးနောက် ပုပ်အဲ့အဲ့ ညှီစို့စို့အနံ့တစ်မျိုးကို ခံစားမိလိုက်လေသည်။

လေထုမှာ အေးစက်၍ စိုစွတ်ထိုင်းမှိုင်းလှ၏။

ဤကိစ္စကား ပုံရိပ်ယောင်များမြင်နေခြင်း မဖြစ်နိုင်တော့ချေ။ ပုံရိပ်ယောင်မြင်ခြင်းဟူသည် တစ်ဆင့်ပြီးတစ်ဆင့်မှ တဖြည်းဖြည်းပီပြင်လာခြင်းမျိုးဖြစ်ကာ ဤမျှလောက် အစစ်အမှန်နှင့် တူမနေနိုင်လောက်ပါပေ။

ချူဟွမ်က အိပ်ရာခေါင်းရင်းမှ ဓာတ်မီးကို လှမ်းယူရန် လက်လှမ်းလိုက်သည်တွင် လမ်းတစ်ဝက်၌ နန်ရှန်းက သူ့လက်ကို ဖမ်းဆွဲလိုက်ပေသည်။

နန်ရှန်း လက်ဖဝါးမှ အနွေးဓာတ်တစ်ခု ရနေလေသည်။ သူက ပြောလာ၏။
"မကြည့်နဲ့တော့။ အဲ့ဒါကြီးက သေနေပြီ"

ချူဟွမ် : "အဲ့ဒါ ဘာကြီးလဲ?"

နန်ရှန်းက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလာလေသည်။
"အိမ်ထဲ မဆင်မခြင်ဝင်လာတဲ့ တောရိုင်းကောင်တစ်ကောင်ပါပဲ။ ခဏစောင့်။ ငါ မင်းအတွက် သန့်ရှင်းရေးလုပ်ပေးမယ်"

သူ့စကားဆုံးသွားသည်နှင့် မြေပြင်ပေါ်မှ ထိုအရာကို တရွတ်ဆွဲသယ်လျက် အပြင်ထွက်သွားတော့သည်။

ချူဟွမ်မှာ သူ့အင်္ကျီအဝတ်အစားများကို ကပျာကယာဆွဲဝတ်လိုက်လျက် အိပ်ရာပေါ်တွင် ထထိုင်လိုက်ပေသည်။ သူ့အနေဖြင့် ညသန်းခေါင်အချိန်တွင် မီးမထွန်းဘဲ စာအုပ်ဖတ်နိုင်သည့်စွမ်းရည်မျိုး မရှိသည့်တိုင် သူ၏ ညဘက်အမြင်အာရုံမှာ အတော်လေးတော့ မဆိုးလှပါလေ။ ဓာတ်မီးနှင့်ထိုးမကြည့်လျှင်ပင် သူ့အနေဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော သတ္တဝါ၏ ပုံစံကို လရောင်အနည်းငယ်မျှဖြင့်လည်း မြင်နိုင်ပါ၏။

ထိုသတ္တဝါမှာ ယခင်က သူတစ်ခါမျှမမြင်ဘူးသည့်အရာမျိုးပင် ဖြစ်ချေသည်။ ကိုယ်ခန္ဓာတစ်ခုလုံးကို အကြမ်းဖျင်းကြည့်လျှင် လူနှင့်ဆင်တူသောပုံစံရှိသော်လည်း ၎င်း၏မျက်နှာတစ်ခုလုံးမှာ အမွေးများဖုံးလွှမ်းနေပြီး - တောဝက်များတွင်ရှိတတ်သော သံမဏိအပ်ချောင်းများကဲ့သို့ အမွေးကြမ်းကြီးများဖြစ်ကာ ကိုယ်ပေါ်တွင်ကား တောက်ပြောင်သော အကြေးခွံများနှင့် ညှပ်ရိုးများမှာမူ ငေါထွက်နေလျက် လက်မောင်းအောက်ဘက်၌ ရှိနေသည့် ကြည်လင်၍ဖောက်ထွင်းမြင်နေနိုင်သော ရေယက်ပြားများမှာ လေဟုန်စီးနိုင်ရန်အတွက်‌ အတောင်ပံများနှယ်ပင် ဖြစ်လေရာ ပျံသန်းနိုင်ပုံရ၏။

နန်ရှန်းက ဆွဲသွားသည့်အချိန်တွင် ထိုသတ္တဝါ၏ လက်သည်းများမှာ မြေကြီးနှင့်ထိလျက် သတ္ထုအချင်းချင်းထိခတ်သံကဲ့သို့သော အသံမျိုးပင် ဖြစ်ပေါ်စေလေရာ မည်မျှမာကျောကြောင်းကို ဖော်ပြနေလေသည်။

ချူဟွမ်မှာ တောရိုင်းအတွေ့အကြုံနှင့်ပတ်သက်၍ မသိနားမလည်သူမဟုတ်ရဘဲ တိရစ္ဆာန်ရုံကို တစ်ခါမျှမရောက်ဖူးသောသူလည်း မဟုတ်သည့်တိုင် ဤသတ္တဝါမှာ သူသိထားသည့်အမျိုးအစားများထဲမှ လုံးဝကိုမဟုတ်ပေ။

/သိတောင်မသိတဲ့ တိရစ္ဆာန်တွေ၊ မမြင်ဖူးတဲ့ အပင်မျိုးတွေနဲ့ သံသယဖြစ်စရာကောင်းလောက်အောင် အားကောင်းမောင်းသန်ဖြစ်နေကြတဲ့ ကလေးတွေ/

ချူဟွမ်၏ အကြည့်များကား တံခါးဝဆီ ရောက်သွားလျက် - ထို့အပြင် တံခါးမင်းတုတ်တံကြီးမှာ မည်သို့မည်ပုံ ပြုတ်ကျလာခြင်းပါနည်း?

ဤအချိန်တွင်ပင် နန်ရှန်းက အပြင်ဘက်မှတစ်ယောက်ယောက်ကို တစ်စုံတစ်ခုတီးတိုးပြောနေသည်ကို သူကြားလိုက်ရ၏။ ထို့နောက်တွင်ကား သူ့ခြံဝန်းအတွင်းမှ ရေစီးသံကြားလိုက်ရပြီး တစ်စုံတစ်ယောက်က တစ်ခုခုကို ဆေးကြောနေသည်နှင့် တူပေသည်။ အတော်ကြာသွားပြီးသည့်နောက်မှ နန်ရှန်းတစ်ယောက် တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်၍ ဝင်လာလေသည်။

ဤတစ်ကြိမ်တွင်ကား နန်ရှန်းတစ်ယောက် ဘာစကားမျှမဆိုဘဲ တိတ်ဆိတ်စွာပင် လျှောက်လာသည်မှာ ချူဟွမ်၏ အိပ်ရာနံဘေးသို့ ရောက်လာသည်အထိပင်။

သူ့လက်များနှင့် မျက်နှာတို့မှာ ဆေးကြောသန့်စင်ထားပြီး သူ့ကိုယ်ပေါ်တွင်ကား အေးမြသော ရေငွေ့များ ဖုံးလွှမ်းလျက် ဆံပင်ထိပ်ဖျားများလည်း အနည်းငယ် စိုစွတ်နေပေ၏။ ချူဟွမ်၏ အိပ်ရာဘေးတွင် အချိန်အတော်ကြာရပ်နေပြီးသည့်နောက် နောက်ဆုံးတွင် သူ့နှုတ်မှ  စကားလုံးနှစ်လုံးသာ ဖျစ်ဖျစ်ညှစ်ညှစ် ထွက်လာလေတော့သည်။
"အိပ်တော့"

စကားပြောပြီးသွားသည်နှင့် နန်ရှန်းတစ်ယောက် ချူဟွမ်၏ခုတင်ကို နောက်ကျောမှီလျက် ထိုင်ချလိုက်ကာ တံခါးကိုမျက်နှာမူထားချေ၏။

နန်ရှန်းအနေဖြင့် စကားကို ကောင်းကောင်းမပြောတတ်သောကြောင့် မဟုတ်ရပါလေ။ သူ့အနေဖြင့် လှပချောမွေ့သော တရုတ်စာတစ်ပိုင်းတစ်စကို သီကုံးဖွဲ့နွဲ့နိုင်ရန်ဆိုသည်မှာ သူစွမ်းနိုင်သည်ထက် အမြဲတမ်းလိုလို အနည်းငယ်မျှ ပို၍ဝေးကွာနေတတ်သောကြောင့်ပင် ဖြစ်ရှာချေသည်။

သူ့အနေဖြင့် ချူဟွမ်ကို ပြောလိုက်ချင်ခဲ့သည်ကား "မကြောက်နဲ့။ ငါ ဒီမှာ စောင့်ရှောက်ပေးမယ်" ဟူ၍ ဖြစ်၏။ ထိုစကားမှာ သူ့ပါးစပ်ဝအထိ ရောက်လာပြီးကာမှ ပြန်၍ မျိုသိပ်လိုက်ခြင်းပင်။ နန်ရှန်းမှာ နေ့လယ်တုန်းက အကြိမ်ပေါင်းများစွာ အမှားများလုပ်ခဲ့မိလေရာ သည်တစ်ကြိမ်တွင်ကား စကားတစ်ခွန်းကို ထုတ်မပြောမီ အချိန်ယူ၍ အခေါက်ခေါက်အခါခါ သေသေချာချာ စစ်ဆေးသုံးသပ်မိလိုက်လေရာ ထိုစကား၏ မသင့်တော်မှုကို ခံစားမိလိုက်လေသည်။

/ဟုတ်တယ်။ ချူဟွမ်က 'ထိခိုက်လွယ်'တယ်ဆိုပေမယ့်လည်း သူက ကလေးမှမဟုတ်တာပဲ။ "မကြောက်နဲ့"လို့ပြောရင် လေးစားမှုမရှိရာကျသွားမှာပေါ့/

သူ့အနေဖြင့် ထိုသို့ထုတ်မပြောနိုင်သည့်အတွက် အပြူအမူအားဖြင့်သာ ဖော်ပြရပေတော့သည်။

အနှီ ကသမ်းကရမ်းနိုင်လှသော ထည့်သွင်းစဉ်းစားပေးမှုလေးမှာ ချူဟွမ်၏အမြင်မှ ပြေးမလွတ်ခဲ့လေရာ သူ့အနေဖြင့် နှလုံးသားလေး အနည်းငယ်မျှ ပျော့ပျောင်းသွားသည်ဟု ခံစားလိုက်ရ၏။

ချူဟွမ်က အတွင်းဘက်သို့ ရွှေ့လိုက်လျက် မာကျောလှသောခုတင်ကို ပုတ်လိုက်လေသည်။
"တက်လာခဲ့"

နန်ရှန်းကား မငြင်းဘဲ ထလိုက်ပြီး အပေါ်သို့တက်လာကာ လှဲလိုက်၏။ ခေါင်းဆောင်၏ အိမ်အနီးတွင် ကွေ့ဟွားပန်းပင်အချို့ရှိကာ နန်ရှန်းအနေဖြင့် မျိုးနွယ်စုဝင်များကို မကြာခဏခေါ်၍ အချို့သောကိစ္စများကို ဆွေးနွေးတတ်ပေရာ သဘဝကျစွာပင် သူ့ကိုယ်ပေါ်၌ အလွန်မှိန်ဖျော့လှသော ပန်းရနံ့သင်းသင်းတစ်ခု စွဲညိနေလျက် ထိုရနံ့က ချူဟွမ်၏နှာခေါင်းထဲသို့ တိုးဝှေ့ဝင်ရောက်လာတော့သည်။ ထိုရနံ့၏ ကျီစယ်မှုကြောင့် ချူဟွမ်တစ်ယောက် ထိုအချိန်၌ သူ့ဘောင်းဘီထဲ ပုရွက်ဆိတ်ဝင်ကိုက်နေသကဲ့သို့ပင် မရိုးမရွဖြစ်လျက် မသက်မသာခံစားနေရပေ၏။

သူ၏ ယိုင်နဲ့နေပြီဖြစ်သော သမာဓိကို ပြန်လည်ထိန်းသိမ်းရန်အလို့ငှာ ချူဟွမ်တစ်ယောက် ခေါင်းစဉ်တစ်ခုဖြင့် စကားစလိုက်လေသည်။

"ဟေ့"
သူက နန်ရှန်းပခုံးကို ပုတ်လိုက်၏။
"ခုနက အဲ့အကောင်ကြီးလေ... သူ့အသားက စားလို့ရလား?"

နန်ရှန်း : "..."

သူက အတော်ကြာအောင် စဉ်းစားပြီးမှ ပြန်ဖြေလာပေသည်။
"ဟင့်အင်း။ အရေပြားက ထူလွန်းတယ်"

ချူဟွမ်၏ အကြောက်အလန့်အရှိ 'စားမည် ဝါးမည် မြိုမည်' ဟူသော စိတ်ဓာတ်နှင့် ရင်ဆိုင်လိုက်ရသည်တွင် နန်ရှန်းမှာ သူဆေးထည့်ပေးစဉ်တုန်းက ချူဟွမ်၏ ကြံ့ကြံ့ခံနေသော တိတ်ဆိတ်မှုကို အမှတ်ရသွားပေ၏။ သူ့အနေဖြင့် စိတ်အပူလွန်နေမိခြင်းဖြစ်သည်ဟုသာ ခံစားလာရလေရာ သူ၏ ရိုးရိုးသားသားချီးကျူးစကားကို ချူဟွမ်အား ပြောလိုက်လေတော့သည်။
"မင်းက ကြမ်းတမ်းတဲ့ အမွေးထူဆင်ကြီးပဲ"

ဤတစ်ခေါက်တွင်ကား သူသည် တရုတ်စကားဖြင့် ဖော်ပြနိုင်ခဲ့လေပြီ။

ချူဟွမ်၏ အစာမကြေခြင်းမှာ အခြေအနေပိုဆိုးသွားရတော့၏။
"ကဲ - 'သတ္တိရှိတယ်' လို့ပဲပြောကြရအောင်လေ... ဟုတ်ပြီလား? ငါ မင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အမွေးထူဆင်ကြီးဆိုတာတော့ မလိုဘူးလားလို့။ ပြီးတော့ ငါက အဲ့လောက်ကြီးလည်း မကြမ်းတမ်းရပါဘူး။ တကယ်တော့ 'ကောင်ချောလေး'ဆိုရင်ပဲ ရပါပြီ"

လီယီလူမျိုးတို့၏ ဘာသာစကားတွင် "ကြမ်းတမ်းခြင်း"နှင့် "သတ္တိရှိခြင်း"တို့ကြား၌ ကွာခြားချက်မရှိလေ။ နှစ်ခုလုံးမှာ ချီးကျူးစကားများပင် ဖြစ်ပေသည်။ ဤမျိုးနွယ်စုမှာ ဖော်ရွေ၍ စိတ်အားထက်သန်ကြသော်လည်း သူတို့ကိုယ်ပိုင် အရိုင်းဆန်သည့် အငွေ့အသက်တစ်ခုရှိနေကြောင်းကို မြင်နိုင်လေ၏။

သို့ဖြစ်လေရာ နန်ရှန်းတစ်ယောက် အလွန်ရှုပ်ထွေးသွားလျက် မေးလာချေသည်။
"ကြမ်းတမ်းတာနဲ့ သတ္တိရှိတာက ဘာကွာတာလဲ?"

ချူဟွမ်မှာ ခေတ္တမျှ စဉ်းစားလိုက်ရ၏။

"... 'သတ္တိရှိတယ်' ဆိုတာက ပိုပြီး ရုပ်ချောတဲ့ပုံပေါက်စေတယ်လေ"

ဤစာကြောင်းထဲတွင် ရှုပ်ထွေးစွာ ဆက်နွယ်ထားသည့် အမျိုးအစားမတူသော အာရုံခံစားချက်များ စုပေါင်းပါဝင်နေကာ နန်ရှန်း၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေပေသည်။ သို့ရာတွင် သည်တစ်ခေါက်တွင် သူ့ထံမှ မြောက်မြားလှစွာသော မေးခွန်းများထွက်မလာတော့ဘဲ တစ်ဖက်သို့ လှည့်လာလျက် ချူဟွမ်ကို မျက်နှာချင်းဆိုင်၍ ဆိုလေ၏။
"မကြာခင် ဆောင်းတွင်းရောက်တော့မယ်။ ငါတို့တွေ ဒီနှစ်အတွက် နောက်ဆုံးအနေနဲ့ မြစ်ကိုဖြတ်ပြီး ပစ္စည်းတချို့သွားရောင်းဖို့ရှိတယ်။ ခါတိုင်းတော့ ငါက တခြားသူတွေကို ဦးဆောင်ပြီး လိုက်ပို့တာ။ ဒါပေမယ့် ဒီတစ်ခါတော့ မျိုးနွယ်စုထဲမှာ ပြဿနာလေးတွေရှိနေတာမို့ ငါ ထွက်သွားလို့မဖြစ်ဘူး။ မင်း  ငါ့အစား ဒီတစ်ခါလောက် လုပ်ပေးလို့ရနိုင်မလား?"

ဤတောင်းဆိုချက်မှာ အရင်းမရှိအဖျားမရှိ ထုတ်ပြောလာခြင်းဖြစ်လေရာ ဖြစ်နိုင်သည်ကား သူ့ကို နှင်ထုတ်လိုသောကြောင့်လည်း ဟုတ်နိုင်သလို သူ့ကို ကာကွယ်ပေးရန်အတွက်လည်း ဖြစ်နိုင်လေသည်။ ချူဟွမ်က ထိုကိစ္စကို စဉ်းစားကြည့်လိုက်သည်တွင် - နန်ရှန်းမှာ မျိုးနွယ်စုခေါင်းဆောင်ဖြစ်သည့်အလျောက် သူ့ကိုယ်ပိုင်အတွေးနှင့် အစီအစဉ်များ ရှိပေလိမ့်မည်။ အပြင်လူတစ်ယောက်ဖြစ်သော သူ့အနေဖြင့် အခြားသူများကို အနှောင့်အယှက်မပေးဘဲ တတ်နိုင်သမျှနေရမည့် ဝတ္တရားရှိနေ၏။ ထို့နောက်တွင်ကား လျင်မြန်စွာပင် သဘောတူလိုက်ပေသည်။
"ရတယ်လေ။ ငါ တူရိယာအသေးလေးတွေရောင်းတာရော ရှိလား ကြည့်ခဲ့ပြီး မင်းအတွက် ဝယ်လာခဲ့မယ်"

သူ၏ ချက်ချင်းလက်ခံလိုက်မှုကြောင့် နန်ရှန်းမှာ စိတ်သက်သာရာရသွားကာ သူနှင့် စကားစမြည်ပြောရန် စိတ်ပါလာချေ၏။
"ငါ့ကို လက်ဆောင်ပေးပြန်ပြီလား? ငါက ပေးတာတွေကျ မင်း ဘာလို့ တစ်ခုမှ မယူတာလဲ?"

"မင်း ငါ့ကိုပေးတာတွေက အရမ်းတန်ဖိုးကြီးလွန်းတယ်။ ငါမင်းကိုပေးတာလေးတွေက သာမန် အသေးအမွှားပစ္စည်းလေးတွေလေ"
ချူဟွမ်ကား ကျောက်မျက်တုံးကြီးအကြောင်း ပြန်အမှတ်ရသွားသည်နှင့် လန့်နေရဆဲပင်။
"တကယ်လို့ မင်းရဲ့ ကျောက်က ကျောက်စိမ်းတုံးကြီးဆိုရင် ငါ့ရဲ့ တစ်သက်လုံးစာရသမျှ လခတွေလောက် တန်ကြေးရှိလိမ့်မယ်။ အင်း... အပြင်လောကမှာဆို ငါအဲ့ဒါကြီးကို လက်ခံလိုက်မယ်ဆိုရင် အဲ့ဒါက အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုပဲ။ ငါ အပြစ်ပေးခံရမှာ"

နန်ရှန်းမှာမူ "အကျင့်ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှု" ဆိုသည်များကို နားမလည်သကဲ့သို့ "အပြစ်ပေးခံရသည်" ဆိုသည်ကိုလည်း မသိပါချေ။ သူက တစ်ချက်လှည့်ကြည့်လာပြီး ရှင်းပြလေသည်။
"ဒါဖြင့်ရင် ငါတို့က မင်းတို့နဲ့မတူဘူးဘဲ။ ငါတို့အတွက်က ဘာပစ္စည်းကိုပဲ လက်ဆောင်ပေးပေး အဓိပ္ပာယ်က အတူတူပဲ"

လီယီလူမျိုးများကား လုံးဝကို လောကနိဗ္ဗာန်တစ်ခုတွင် နေထိုင်နေကြပုံရကာ ငွေကြေးဥစ္စာဓနတို့၏ တန်ဖိုးသတ်မှတ်ချက်များလည်း မရှိကြပေ။ ချူဟွမ်က ထိုစကားကို ထိုသူအား ရှင်းပြရန် စကားလုံးစီစဉ်နေဆဲတွင်ပင် နန်ရှန်းက ထပ်၍ ဖြည့်စွက်ပြောလိုက်သည်ကို ကြားလိုက်ရချေသည်။
"ဥပမာအားဖြင့် မင်းက ငါ့ရဲ့မိတ်ဆွေဖြစ်တယ်။ ငါ မင်းကို သေရည်တစ်အိုး အတူသောက်ကြဖို့ ဖိတ်ခေါ်မယ်။ မင်းလိုအပ်လာရင် ငါ့အသက်ကို မင်းအတွက် ပေးနိုင်တယ်။ မင်းပြောတဲ့ 'တန်ဖိုးကြီးတယ်' တို့ 'တန်ဖိုးနည်းတယ်'တို့ဆိုတာတွေက ငါ့အတွက်တော့ ဘာမှမကွာခြားဘူး"

--------------------

T/N:

Please support NUG. အရေးတော်ပုံ အောင်ရမည် 💪

3. 6. 2021

Late "Hello to Pride month 🌈" 😁

Pride month special အနေနဲ့ ဆူး ဒီလထဲမှာ hiatus ထားခဲ့တဲ့ ရေးလက်စတွေလည်း ပြန် up ပေးဖို့ ရှိတဲ့အပြင် ဒီနှစ်ထဲမှာပဲ donghua ထွက်ဖို့ရှိတဲ့ Pi ရဲ့ fic လေးတစ်ခုလည်း ထပ် tran ပေးပါမယ်ရှင့် 💗

❤❤❤

(Zawgyi)

တကယ္ေတာ့ "ေကာင္ေခ်ာေလး"ဆိုရင္ပဲ ရပါၿပီ

မည္းေမွာင္ေနေသာ သူ႔အိမ္အဝင္ဝတြင္ ႀတိဂံပုံေခါင္းျဖင့္ အဆိပ္ရွိေႁမြတစ္ေကာင္ေရာက္ေနသည္ကို ေတြ႕လိုက္ရသည့္အခ်ိန္၌ ခ်ဴဟြမ္၏ ခံစားခ်က္ကား အေတာ္ေလး ရွင္းျပ၍မရႏိုင္ေလာက္ေအာင္ ျဖစ္သြားရေလ၏။ သူသည္ တိရစာၦန္ငယ္ေလးမ်ားႏွင့္ မည္သည့္အခါကမွ် ေရစက္မရွိဖူးဘဲ တိရစာၦန္မ်ားအေနျဖင့္ အသက္ရွင္ခ်င္စိတ္ကေလး အရိပ္အေငြ႕မွ်သာရွိမည္ဆိုလွ်င္ပင္ ပုံမွန္အားျဖင့္ သူ႔ကို အလိုအေလ်ာက္ေရွာင္ကြင္းသြားတတ္ၾကသည္သာ။ သူ႔ေနာက္ကို လိုက္ေနမည့္ တစ္ေကာင္တေလရွိလာရန္ဆိုသည္မွာ ရွားရွားပါးပါးအေျခအေနပင္ျဖစ္ၿပီး ေနာက္ဆုံး  ရလာသည့္သတၱဝါကား ေအးစက္စက္ အဆိပ္႐ွိေႁမြတစ္ေကာင္ ျဖစ္ေနေခ်သည္။

/တျခား ထပ္ၿပီးမေတာင္းဆိုခ်င္ပါဘူး။ ဒီအတိုင္း... ေသြးေႏြးသတၱဝါတစ္ေကာင္ေကာင္ ျဖစ္လို႔မရႏိုင္ဘူးလားလို႔?/

သူ႔အသံႏွင့္ ေျခလွမ္းမ်ားမွာ ၿပိဳင္တူ ရပ္တန႔္သြားၿပီးေနာက္ နန္ရွန္းက ခ်က္ခ်င္းပင္ သူ႔အၾကည့္အတိုင္း လိုက္ၾကည့္ေပ၏။ ထိုအခိုက္တြင္ ခ်ဴဟြမ္အျမင္မွားျခင္းေပေလာေတာ့ မသိ၊ ေႁမြမွာ နန္ရွန္းႏွင့္ အၾကည့္ခ်င္းဆုံသြားခ်ိန္၌ ထိုသတၱဝါကား အလိုလို ေၾကာက္႐ြံ႕တုန္လႈပ္သြားသည့္ပုံ ရွိေလသည္။

ေမွ်ာ္လင့္မထားေသာ အေၾကာက္တရားႏွင့္ ရင္ဆိုင္လိုက္ရေသာ ေႁမြကေလး၏ အၿမီးထိပ္ဖ်ားမွာ တုန္ယင္ေနကာ အၿမီးကုပ္၍ ထြက္ေျပးခ်င္ေနပုံရေသာ္လည္း အၿမီးထည့္ကုပ္ထားႏိုင္မည့္ ေနရာမရွိရွာေသာ ၎၏ ခ်ိဳ႕ယြင္းခ်က္ကို ေနာက္တစ္ႀကိမ္ ေတြ႕သြားရေပ၏။ ၎မွာ ပို၍တင္းတင္းၾကပ္ၾကပ္ ေခြေနရန္သာ လုပ္ႏိုင္ကာ တစ္ခါတစ္ခါတြင္ လွ်ာေလးတစ္လစ္တစ္လစ္ထုတ္လ်က္ ေခါင္းကို အေပၚေအာက္လႈပ္ရွားေနၿပီး ဦးၫြတ္အ႐ိုအေသေပးေနသည့္ႏွယ္ ရွိေနေပသည္။

ခ်ဴဟြမ္တစ္ေယာက္ မ်က္မွန္ကို သတိလက္လြတ္ပင့္တင္လိုက္မိရင္း ေတြးလိုက္မိ၏။
/"ဒီေႁမြက မေသမ်ိဳးျဖစ္သြားၿပီပဲ"/

ေနာက္တစ္ခဏတြင္ပင္ သူ၏ အားေကာင္းလွေသာ ယုတၱိေဗဒက ျပန္လည္ေခ်ပလာေလသည္။
/"မဟုတ္ေသးဘူး။ ငါ ပိုၿပီး ေဂါက္လာတာ ျဖစ္ရမယ္"/

ဤအျမင္မွာ သူ႔အတြက္ လက္ခံႏိုင္ရန္ အနည္းငယ္ခက္ခဲေသာ္လည္း ခ်ဴဟြမ္၏ က်ိဳးေၾကာင္းဆင္ျခင္မႈက သူ႔ကိုယ္သူ အယုံသြင္းႏိုင္ရန္ ႀကိဳးစားေနဆဲပင္။

/"ပထမအခ်က္အေနနဲ႔ ေႁမြေတြက အေဝးမႈန္တယ္။ လူေတြကို မွတ္မိႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္ေလာက္ဘူး"/
သူက က်ိဳးေၾကာင္းခိုင္လုံစြာ စဥ္းစားလိုက္၏။
/"ဒုတိယအခ်က္က အဲ့ေကာင္မွာ ရွိတဲ့ေခါင္းက ဒီေလာက္ပိစိေလးကို။ ၿပီးေတာ့ အဆိပ္ဂလင္းအႀကီးႀကီးလည္း သယ္ထားရေသးတာဆိုေတာ့ က်န္တဲ့ေနရာလြတ္ထဲမွာ အသိဉာဏ္ရွိဖို႔ ေနရာေတာင္ေလာက္ပါ့မလား?"/

ထိုအခ်ိန္တြင္ပင္ နန္ရွန္းက လက္တစ္ဖက္ေျမႇာက္လိုက္လ်က္ သူ႔ေနာက္မွ ခ်ဴဟြမ္ကို ကာေပးထားကာ ကိုယ္ကိုကိုင္းၫြတ္လိုက္ၿပီး အႏွီ သာမန္ထက္ပို၍ ထူးျခားေသာအရည္အေသြးမ်ား ပိုင္ဆိုင္ထားေသာ အဆိပ္ေႁမြကို လက္ဗလာျဖင့္ ဖမ္းဆြဲလိုက္ေခ်သည္။ ေခ်ာေမာလွေသာ ေခါင္းေဆာင္၏ မ်က္ႏွာထားမွာ မႈန္ကုပ္ကုပ္ျဖစ္ေနသည္ကိုသာ ျမင္ရမည္ျဖစ္ကာ ထိုသူက သူ႔လက္ထဲမွအရာမွာ ႏြယ္ႀကိဳးတစ္ေခ်ာင္းသာ ျဖစ္သည့္အတိုင္း ထိုသတၱဝါကို မညႇာမတာဆြဲေမႊ႕ပစ္လိုက္ၿပီး အလြန္အဆိပ္ျပင္းလွေသာေႁမြတစ္ေကာင္ျဖစ္ေသာ ထိုသတၱဝါ၏ ဂုဏ္သိကၡာကို ဂ႐ုပင္စိုက္ပုံမရွိေပ။

ျပာႏွမ္းေနရွာၿပီျဖစ္ေသာ ေႁမြကေလး၏ ထြက္ေျပးရန္ႀကိဳးစားမႈမ်ားသည္ အခ်ည္းႏွီးသာျဖစ္လ်က္ ၎ကိုဖမ္းထားေသာ ထိုပုဂၢိဳလ္၏လက္ထဲဝယ္ ေပ်ာ့ေခြေနကာ ထူးဆန္းစြာပင္ ျပန္လည္တိုက္ခိုက္လိုေသာ ရည္႐ြယ္ခ်က္ အလ်ဥ္းရွိပုံမရေလ။

နန္ရွန္းက အသံတိုးတိုးျဖင့္ သတိေပးလိုက္၏။
"ေနာက္တစ္ခါ မင္းသူ႔ကို ေႏွာင့္ယွက္ေနတာ ငါျမင္ရၾကည့္။ ငါ မင္းကို သုံးပိုင္းပိုင္းပစ္မယ္"

သူသည္ လီယီဘာသာစကားျဖင့္ ေျပာလိုက္ျခင္းျဖစ္ေပသည္။ သူ႔အသံမွာ ခ်ိဳသာေသာ္လည္း ေလယူေလသိမ္းကား အလြန္မာေက်ာလွေလ၏။ အဆိပ္ေႁမြမွာ ထိုစကားကို ၾကားလိုက္ရသည္ႏွင့္ ခ်က္ခ်င္းပင္ ၎၏ ကိုယ္ခႏၶာမွာ တုတ္ေခ်ာင္းေျဖာင့္ေျဖာင့္ႀကီးတစ္ေခ်ာင္းသဖြယ္ ဆန႔္သြားလ်က္ ယုံၾကည္ခ်င္စရာေကာင္းေလာက္သည္အထိ ေသခ်င္ေယာင္ေဆာင္ေနၿပီး အေလာင္းေကာင္တစ္ေကာင္၏ ေအးစက္ေတာင့္တင္းမႈအေနအထားကိုပင္ အပင္ပန္းခံ၍ ထည့္သြင္းတြက္ခ်က္ထားပုံရေခ်သည္။

ခ်ဴဟြမ္ကား ေနာက္ဆုံးတြင္ ပါးစပ္မွ ထုတ္ေမးလိုက္မိေလေတာ့၏။
"မင္း အဲ့အေကာင္ကို စကားေျပာေနတာလား?"

နန္ရွန္းက ထိုေႁမြကို ေဘးဘက္ရွိျမက္ေတာထဲသို႔ လက္လြတ္စပယ္ လႊင့္ပစ္လိုက္ေလသည္။ အဆိပ္ရွိေႁမြေလးမွာ လြတ္ၿငိမ္းခ်မ္းသာခြင့္ရသြားသည့္အတိုင္း ခ်က္ခ်င္းပင္ ျမက္ပင္မ်ားၾကားသို႔ လွ်ပ္စီးအရွိန္ႏႈန္းျဖင့္ တိုးဝင္သြားေပ၏။ အေတာ္ေလးၾကာသြားၿပီးသည့္ေနာက္တြင္မူ ျမက္ေတာထဲမွေန၍ ေခါင္းေလးထြက္လာကာ နန္ရွန္းက ၎ကိုလိုက္ဖမ္းမည့္ အရိပ္အေျခမ်ိဳးမရွိသည္ကို ေတြ႕လိုက္ရၿပီးမွ ေနာက္ဆုံးတြင္ တုန္တုန္ယင္ယင္ျဖင့္ ထြက္သြားေခ်သည္။

နန္ရွန္း : "အဲ့ေကာင္က လူစကားနားလည္ၿပီး မကိုက္တတ္ပါဘူး"

/အဲ့လိုဆိုေတာ့ ဒါက မ်ိဳးႏြယ္စုထဲက တစ္ေယာက္ေယာက္ ေမြးထားတဲ့ အိမ္ေမြးတိရစာၦန္ေႁမြတစ္ေကာင္လား? အဲ့ေတာ့က ေစာေစာက အဲ့ေကာင္လုပ္တာေတြက သင္ေပးထားတာမို႔လို႔ေပါ့?

ဒါဆိုရင္ေတာ့ မျဖစ္ႏိုင္တာမ်ိဳး မဟုတ္တဲ့ ကိစၥပဲ။ ဒီကမာၻႀကီးက အက်ယ္ႀကီးဆိုေပမယ့္လည္း ဘယ္ဟာမွ အဲ့ေလာက္ အထူးတဆန္းေတြ မရွိႏိုင္ပါဘူး/

ခ်ဴဟြမ္မွာ အံ့အားသင့္သြားရ႐ုံမွ်မက အနည္းငယ္လည္း စိတ္သက္သာရာရသြားေပ၏။ အေၾကာင္းကား နန္ရွန္း၏ စကားမ်ားကို အျခားတစ္ဖက္မွ ရႈျမင္ၾကည့္မည္ဆိုလွ်င္ သူသည္ ေလာကႀကီးအေၾကာင္းႏွင့္ပတ္သက္၍ အနည္းငယ္ ဗဟုသုတနည္းေနခဲ့ျခင္းသာျဖစ္၍ ပုံရိပ္ေယာင္မ်ားျမင္လ်က္ စိတ္ကစဥ့္ကလ်ားျဖစ္ေနျခင္းမ်ိဳး မဟုတ္ေသးေခ်။

ခ်ဴဟြမ္က ေခါင္းေဆာင္ႀကီး၏ က်ိဳင္းကို ျပန္ျပင္ေပးလိုက္ၿပီး သူ႔ကို ႏႈတ္ဆက္၍ လိုက္ပို႔ေပးလိုက္ေလသည္။ ပုံမွန္အားျဖင့္ နန္ရွန္းမွာ အခြင့္အေရးရတိုင္း သူႏွင့္ အခ်ိန္ၾကာၾကာ အတူရွိေနတတ္၏။ ထိုသူသည္ ျမစ္တစ္ဖက္ကမ္းမွ အရာအားလုံးအေၾကာင္းကို သိခ်င္ေနတတ္ကာ "ကားႏွင့္ ေျမေအာက္ရထား မည္သည္က ပိုျမန္သည္"ကဲ့သို႔ေသာ အေသးအဖြဲကိစၥေလးမ်ိဳးကိုပင္ တစ္ေန႔ခင္းလုံးအခ်ိန္ယူ၍ စိတ္အာ႐ုံအျပည့္ႏွစ္လ်က္ စူးစမ္းရွာေဖြေနတတ္ေသာ သက္ရွိထင္ရွား " 'အဘယ္ေၾကာင့္နည္း' အေမးေပါင္း တစ္သိန္း* " စစ္စစ္ပင္ ျဖစ္ေပသည္။
[ " 'အဘယ္ေၾကာင့္နည္း' အေမးေပါင္း တစ္သိန္း" ("十万个为什么") - သိပၸံပညာဆိုင္ရာ အေမးအေျဖေတြပါတဲ့ ကေလးေတြအတြက္ စာအုပ္တစ္မ်ိဳးပါ။ ပထမအႀကိမ္ထုတ္ေဝတဲ့စာအုပ္ကေတာ့ အဲ့ေခါင္းစဥ္နဲ႔ပဲျဖစ္တဲ့ ႐ုရွားစာေရးဆရာ Mikhail Il'in ရဲ႕ စာအုပ္ကို တုန္းခြၽင္းခ်ိဳင္ (董纯才) က မွီျငမ္းၿပီး ဘာသာျပန္ထားခဲ့တာပါတဲ့]

သို႔ရာတြင္ သည္ေန႔တြင္ကား နန္ရွန္းတစ္ေယာက္ အလာေရာ အျပန္တြင္ပါ အလ်င္စလိုနီးပါးပင္ ျဖစ္ေနေခ်၏။ ခ်ဴဟြမ္က သူ႔ကို အဝင္ဝအထိ လိုက္ပို႔သည္တြင္ လီယီမ်ိဳးႏြယ္စုမွ လူငယ္လူ႐ြယ္အေျမာက္အျမား မ်ိဳးႏြယ္စုအတြင္း ပိုက္စိပ္တိုက္ ကင္းလွည့္ေနၾကကာ အားေကာင္းေမာင္းသန္အမ်ိဳးသမီးအခ်ိဳ႕သည္ပင္ ေခါင္မိုးမ်ားေပၚတက္လ်က္ တစ္စုံတရာကို ခါးကိုင္း၍ တစ္ခုခုလုပ္ေနၾကၿပီး ပုံမွန္ႏွင့္မတူ လင္းထိန္လြန္းလွေသာ လေရာင္ေအာက္၌ ခ်ဴဟြမ္အေနျဖင့္ သူတို႔သည္ ေခါင္မိုးမ်ားေပၚတြင္ ဒူးေလးအ႐ြယ္အစားေပါင္းစုံကို အမ်ားအျပားတပ္ဆင္ေနၾကျခင္းျဖစ္ေၾကာင္း ျမင္ႏိုင္ေလသည္။

ခ်ဴဟြမ္၏ စိတ္ကူးစိတ္သန္းစြမ္းရည္မွာ အေတာ္ေလးကို ေခါင္လွေလရာ လီယီလူမ်ိဳးမ်ား၏ ပိုမိုျမႇင့္တင္လာေသာ တင္းၾကပ္သည့္ လုံၿခဳံေရးေစာင့္ၾကပ္မႈမ်ားႏွင့္ ပတ္သက္၍ သူ ပထမဆုံးေတြးမိသည္ကား ေတာ႐ိုင္းတိရစာၦန္မ်ား၏ အႏၲရာယ္ေၾကာင့္မ်ားေလာ ဟူ၍ပင္။

သို႔ရာတြင္ ခ်က္ခ်င္းပင္ ခ်ဴဟြမ္တစ္ေယာက္ ဟြားကူးေသြာ္ႏွင့္ သူ႔ေနာက္လိုက္ကေလးတို႔ ေတာဝက္႐ိုင္းကို အမဲလိုက္သတ္ျဖတ္ခဲ့ေသာ ျမင္ကြင္းကို ျပန္၍အမွတ္ရသြားၿပီး ဤအျမင္ကို စြန႔္လႊတ္လိုက္၏။

အျခားမ်ိဳးႏြယ္စုမ်ားႏွင့္ နယ္နိမိတ္ဆိုင္ရာ အျငင္းပြားမႈမ်ားေၾကာင့္ေပေလာ?

ဤကိစၥလည္း မဟုတ္ႏိုင္ေလာက္ေခ်။ အနည္းဆုံးအေနျဖင့္ ခ်ဴဟြမ္တစ္ေယာက္ ဤရက္ပိုင္းအတြင္း အျမင့္သို႔တက္၍ ျမင္ႏိုင္သမွ်ၾကည့္ထားသေလာက္တြင္ အနီးအနား၌ အျခားမ်ိဳးႏြယ္စုတစ္ခုခု ေနထိုင္သည့္အရိပ္အေယာင္မ်ိဳး မေတြ႕မိပါေလ။

/ႏိုင္ငံထဲကို တရားမဝင္ခိုးဝင္လာၾကတဲ့ ႏိုင္ငံျခားသားေတြက ဒီေနရာကို ျဖတ္သြားၾကမွာမို႔ေတာ့ မဟုတ္ေလာက္ဘူးမလား?/

ဤကိစၥဆိုလွ်င္လည္း သာမန္ျပည္သူမ်ားျဖစ္ၾကေသာ တိုင္းရင္းသားမ်ိဳးႏြယ္စုေလးတစ္ခုက စိတ္ပူရေလာက္သည့္ကိစၥမ်ိဳး မဟုတ္ပါေခ်။

ခ်ဴဟြမ္ကား အိပ္ရာေပၚတြင္ မေရမရာခန႔္မွန္းခ်က္ေပါင္းစုံျဖင့္ လဲေလ်ာင္းေနမိေပသည္။ ထို႔ေနာက္ အိပ္ရာေခါင္းရင္းဘက္ရွိ ေသတၱာ‌ေလးတစ္လုံးထဲမွ သူ႔ေသနတ္ကို ထုတ္ယူလိုက္ကာ ေခါင္းအုံးေပၚ တင္ထားလ်က္ - စင္စစ္အားျဖင့္ သူ႔ကိုယ္သူကာကြယ္ရန္ မဟုတ္ဘဲ ခ်ဴဟြမ္အေနျဖင့္ အနည္းငယ္ စိတ္မၿငိမ္မသက္ျဖစ္ေနေသာေၾကာင့္သာ ျဖစ္ေလ၏။ ထိုေသနတ္သည္ သူ၏ အေၾကာမ်ားကို ေျပေလ်ာ့ေစကာ သူ႔အတြက္ ထိုအရာကို လိုအပ္သည္မွာ ကေလးမ်ား ဝက္ဝံ႐ုပ္ကေလး ဖက္၍အိပ္တတ္ၾကသကဲ့သို႔ပင္ ျဖစ္ေလသည္။

ညသန္းေခါင္ယံ၌ လီယီမ်ိဳးႏြယ္စုတို႔ ေနထိုင္ရာဝယ္ အားလုံးတိတ္ဆိတ္ေနလ်က္ မေဝးလွသည့္ေတာအုပ္အတြင္းမွ ညဥ့္ဇီးကြက္တစ္ေကာင္ႏွစ္ေကာင္၏ ေအာ္သံမ်ားကိုသာ ၾကားရေပ၏။ ႐ုတ္တရက္ ကြၽိကနဲအသံတစ္ခ်က္ ၾကားလိုက္ရကာ ခ်ဴဟြမ္ေနေသာ အိမ္ကေလး၏ သစ္သားတံခါးမွာ တြန္းဖြင့္ခံလိုက္ရၿပီး ထိုလႈပ္ရွားမႈက အအိပ္ဆတ္ေသာ အိမ္ပိုင္ရွင္ကို ခ်က္ခ်င္းပင္ ႏိုးသြားေစေခ်သည္။

/ဘယ္သူလဲ?/

လီယီမ်ိဳးႏြယ္စုကား ေခြးက်င့္ေခြးႀကံျဖင့္ ၾကက္လိုက္ခိုးတတ္ေသာ* အစားမ်ိဳးထဲမွ မဟုတ္ေခ်။ မ်ိဳးႏြယ္စုထဲမွသူမ်ားမွာ အတူတကြအလုပ္ႀကိဳးစားၾကၿပီး သူတို႔အပင္ပန္းခံထားသမွ်၏ အသီးအပြင့္မ်ားကို ေဝမွ်ခံစားတတ္ၾကသူမ်ားပင္ ျဖစ္ကာ လူတိုင္းအေနျဖင့္ အလုပ္တစ္ခုခုလုပ္ေနသ‌ေ႐ြ႕ ထမင္းမငတ္ႏိုင္ၾကေလ။ ထို႔အျပင္ ေခါင္းေဆာင္ႀကီး၏ ေျဖာင့္မတ္တည္ၾကည္ေသာ အာဏာစက္တစ္ခုတည္းကပင္ လူထုကို စိတ္ခ်ယုံၾကည္ေစရန္ လုံေလာက္ေနကာ လိုအပ္ခ်က္မ်ားႏွင့္ကိုက္ညီစြာ ခြင့္တူညီမွ် ခြဲျခမ္းေဝမွ်ႏိုင္လ်က္ တစ္နည္းအားျဖင့္ ထိုရလဒ္မ်ိဳးကို ေခတ္‌ေရွ႕ေျပး၍ တည္ေဆာက္ထားႏိုင္ျခင္းမ်ိဳးဟု ဆိုႏိုင္ေပသည္။
[ေခြးက်င့္ေခြးႀကံျဖင့္ ၾကက္လိုက္ခိုးတတ္ေသာ (偷鸡摸狗) - ခိုးေၾကာင္ခိုးဝွက္လုပ္တတ္တဲ့ အေလ့အထမ်ိဳးရွိတယ္လို႔ ဆိုလိုတဲ့ ဆို႐ိုးျဖစ္ပါတယ္။ ဒီစာေၾကာင္းႀကီး ျမင္လိုက္ရေတာ့ မူးေနတဲ့ ဟန္ကြမ္းကြၽင္းႀကီးကို ေျပးျမင္သြားမိတာ ေသြ႕ပုခ်ီပါ လန္အာ့ေကာေကာေရ  (⁠人⁠ ⁠•͈⁠ᴗ⁠•͈⁠) ]

မည္သူကမ်ား ညသန္းေခါင္ႀကီး သူတစ္ပါးအိမ္ကို ခိုးဝင္ပါလိမ့္မည္နည္း?

ခ်ဴဟြမ္တစ္ေယာက္ အသံမထြက္ေစဘဲ တစ္ဖက္သို႔လွိမ့္လိုက္ကာ တံခါးကို မ်က္ႏွာမူလ်က္ သူ႔မ်က္လုံးမ်ား အစင္းရာေလးတစ္ခုအျဖစ္ ဟ ထားသည္ဆို႐ုံမွ် ပြင့္လာေသာ္လည္း သူ၏ အသက္ရႉသံမွာ ေခ်ာေမြ႕စြာျဖင့္ ရွည္လ်ားေနဆဲပင္။ ထိုအသံမွာ သူ႔အေနျဖင့္ အိပ္ေပ်ာ္ေနရာမွ ႏိုးမလာေသးသည့္အတိုင္းပင္ ရွိေနလ်က္ လက္ေခ်ာင္းမ်ားကား သူ႔နံေဘးမွ ေသနတ္ကို တင္းတင္းဆုပ္ထားၿပီး ျဖစ္ေလ၏။

ပုံမွန္မဟုတ္ဘဲ ေတာက္ပလြန္းေနေသာ လေရာင္ႏွင့္ ခ်ဴဟြမ္က သူ႔တံခါးတြင္တပ္ထားေသာ မင္းတုတ္မွာ လႈပ္ရွားသြားသည္ကို ျမင္လိုက္ရေခ်သည္။

သူ႔အခန္း၏ တံခါးမင္းတုတ္သည္ ေျမာင္းထဲသို႔ သစ္သားေခ်ာင္းတစ္ေခ်ာင္းထိုးထားေသာ ေရွးေခတ္မင္းတုတ္မ်ိဳးပင္ ျဖစ္၏။ ယခုမူကား ဘာမွ်မရွိဘဲႏွင့္ ထို သစ္သားမင္းတုတ္တံႀကီးမွာ အလိုလိုေ႐ြ႕ေနျခင္းျဖစ္ၿပီး မ်က္စိျဖင့္မျမင္ရႏိုင္ေသာ တစ္စုံတစ္ေယာက္က အိမ္ထဲမွေန၍ တံခါးကို ဖြင့္ေနသည့္ပုံစံမ်ိဳး ျဖစ္ေလသည္။

'ဂေလာက္' ဟူေသာ အသံတစ္ခ်က္ႏွင့္အတူ ထိုးထားေသာသစ္သားေခ်ာင္း ျပဳတ္က်လာၿပီးေနာက္ တံခါးမွာ တြန္းဖြင့္ခံလိုက္ရေလ၏။ ခပ္ေပ်ာ့ေပ်ာ့ အနံ႔ဆိုးတစ္ခု ေရာပါလာေသာ ညေလျပည္တစ္ခ်က္က တံခါးမွ ဝင္ေရာက္လာကာ ခ်ဴဟြမ္မွာ တံခါးဝ၌ အလင္းေရာင္ဘက္ကို ေနာက္ေက်ာေပးထားေသာ 'လူတစ္ေယာက္'ကို ျမင္လိုက္ရေပသည္။

/ငါးႏွစ္ ေျခာက္ႏွစ္သား ကေလးတစ္ေယာက္ေလာက္ အရပ္အျမင့္နဲ႔ ေခါင္းက တကယ့္ကို ေသးေသးေလး... ေနဦး မဟုတ္ေသးဘူး။ အဲ့ဒါ လူမဟုတ္ဘူးဟ/

ထို႔ေနာက္ ႐ုတ္တရက္ ထိုအရာက ၎၏ လက္မ်ားကို ဆန႔္တန္းလာသည္တြင္ ၾကည္လင္ေသာ ေရယက္အေရျပားမ်ားက ကိုယ္ခႏၶာႏွင့္ လက္ေမာင္းရင္းမ်ားၾကားတြင္ တြဲဆက္ေနကာ လေရာင္က ထိုသတၱဝါ၏ အေမြးအမွ်င္ထူထပ္လွေသာ မ်က္ႏွာအေပၚသို႔ ျဖာက်ေနလ်က္ ဆြဲငင္စြာ အူလိုက္ပုံရေသာ္လည္း ခ်ဴဟြမ္တစ္ေယာက္ ဘာသံကိုမွ် မၾကားရေပ။

သို႔ရာတြင္ သူ႔အိမ္အဝင္ဝရွိ သစ္ပင္ႀကီးေပၚတြင္ ခ်ိတ္ဆြဲထားေသာ ေခါင္းေလာင္းမွာ တစ္စုံတရာက ဝင္တိုက္လိုက္သည့္အတိုင္း ျမည္ဟည္းလာေလေတာ့သည္။

ေခါင္းေလာင္းေလးမွာ သူေျပာင္းလာၿပီးမွ ေရာက္လာျခင္းျဖစ္ၿပီး တစ္ေန႔ သူအိမ္တြင္ရွိမေနသည့္အခ်ိန္ တစ္ေယာက္ေယာက္ လာခ်ိတ္ဆြဲသြားျခင္း ျဖစ္ေလ၏။ ခ်ဴဟြမ္က စေနာက္ခ်င္ေသာ ကေလးတစ္ေယာက္ေယာက္ လာလုပ္သြားသည္ဟုသာ ေတြးမိကာ တစ္ခါတရံ ေလျပည္ေလညင္းေလး တိုက္ခတ္လာသည့္အခါ ေခါင္းေလာင္းေလးက တခြၽင္ခြၽင္ျမည္ေနတတ္သည္မွာ သာယာနာေပ်ာ္ဖြယ္ရွိလွေလရာ သူ႔အေနျဖင့္ စိတ္အေႏွာင့္အယွက္မျဖစ္မိပါေခ်။

ယခုအခ်ိန္တြင္ကား ေခါင္းေလာင္းေလးသည္ အလြန္ျပင္းထန္စြာ ခါယမ္းေနလ်က္ လ်င္ျမန္လွၿပီး နားစည္ကြဲမတတ္စူးရွလွေသာအသံမ်ိဳး ထြက္ေပၚေနကာ ဆက္တိုက္ထြက္ေပၚေနသည့္ သတိေပးသံမ်ားသဖြယ္ပင္ ရွိေပသည္။

တံခါးဝမွ သတၱဝါက ၎၏ေက်ာဘက္တြင္ ေခါက္သိမ္းထားေသာ ေရယက္ျပားကို ျဖန႔္ထုတ္လိုက္ၿပီး ခ်ဴဟြမ္ထံ အားကုန္သုံးလ်က္ ပ်ံသန္းလာေခ်၏။ ထိုအခိုက္တြင္ပင္ အရိပ္မည္းတစ္ခုက ႐ုတ္တရက္ ျဖတ္သန္းလာကာ ခ်ဥ္းကပ္လာေသာအရိပ္ကို ဆြဲဖမ္းၿပီး ေျမျပင္ေပၚ သို႔ ေဆာင့္႐ိုက္ခ်လိုက္ေလသည္။

ခ်ဴဟြမ္၏ နား႐ြက္မ်ားမွာ အလိုအေလ်ာက္ပင္ အနည္းငယ္မွ် လႈပ္ရွားသြားလ်က္ 'ဂြၽတ္'ဟူေသာ အသံတစ္ခ်က္ကို ၾကားလိုက္ရ၏။

ထိုအရာကား ဇက္ခ်ိဳးခံလိုက္ရေလၿပီ။

အားလုံးမွာ လွ်ပ္တစ္ျပက္အတြင္း ျဖစ္ပ်က္သြားကာ ခ်ဴဟြမ္ကား အိပ္ရာေပၚတြင္ တစ္ဝက္တစ္ပ်က္ ထထိုင္ေနမိလ်က္သားျဖစ္ေနလ်က္ အိပ္ရာခင္းေအာက္တြင္ ဖိကိုင္ထားေသာ လက္မွာ ေသနတ္ေမာင္းခလုတ္ကို ဆြဲလိုက္ၿပီးသား ျဖစ္ေနခဲ့ေပသည္။ သူ႔လက္ေခ်ာင္းမ်ားမွာ ပထမဆုံး ေတာင့္တင္းသြားၿပီးမွ ျပန္လည္ေျပေလ်ာ့သြားကာ ထိုတစ္ခုမွလြဲ၍ သူ႔ပုံစံမွာ တည္ၿငိမ္လွေသာ ေတာင္ႀကီးတစ္လုံးႏွယ္ ဣေျႏၵရလွေလ၏။

ေစာေစာေလးကမွ ဇက္တစ္ေခ်ာင္းကို လိမ္ခ်ိဳးထားခဲ့ေသာ အရိပ္မည္းက ေခါင္းေမာ့လာကာ ထိုသူမွာ နန္ရွန္းပင္ ျဖစ္ေခ်၏။

ခ်ဴဟြမ္တစ္ေယာက္ ေသနတ္ေမာင္းေပၚတင္ထားခဲ့ေသာ လက္ေခ်ာင္းကို ဘာမွ်မျဖစ္ခဲ့သည့္အတိုင္း လက္လႊတ္လိုက္ၿပီးေနာက္ ပုပ္အဲ့အဲ့ ညႇီစို႔စို႔အနံ႔တစ္မ်ိဳးကို ခံစားမိလိုက္ေလသည္။

ေလထုမွာ ေအးစက္၍ စိုစြတ္ထိုင္းမႈိင္းလွ၏။

ဤကိစၥကား ပုံရိပ္ေယာင္မ်ားျမင္ေနျခင္း မျဖစ္ႏိုင္ေတာ့ေခ်။ ပုံရိပ္ေယာင္ျမင္ျခင္းဟူသည္ တစ္ဆင့္ၿပီးတစ္ဆင့္မွ တျဖည္းျဖည္းပီျပင္လာျခင္းမ်ိဳးျဖစ္ကာ ဤမွ်ေလာက္ အစစ္အမွန္ႏွင့္ တူမေနႏိုင္ေလာက္ပါေပ။

ခ်ဴဟြမ္က အိပ္ရာေခါင္းရင္းမွ ဓာတ္မီးကို လွမ္းယူရန္ လက္လွမ္းလိုက္သည္တြင္ လမ္းတစ္ဝက္၌ နန္ရွန္းက သူ႔လက္ကို ဖမ္းဆြဲလိုက္ေပသည္။

နန္ရွန္း လက္ဖဝါးမွ အေႏြးဓာတ္တစ္ခု ရေနေလသည္။ သူက ေျပာလာ၏။
"မၾကည့္နဲ႔ေတာ့။ အဲ့ဒါႀကီးက ေသေနၿပီ"

ခ်ဴဟြမ္ : "အဲ့ဒါ ဘာႀကီးလဲ?"

နန္ရွန္းက တစ္ခဏမွ် တိတ္ဆိတ္သြားၿပီးမွ ျပန္ေျဖလာေလသည္။
"အိမ္ထဲ မဆင္မျခင္ဝင္လာတဲ့ ေတာ႐ိုင္းေကာင္တစ္ေကာင္ပါပဲ။ ခဏေစာင့္။ ငါ မင္းအတြက္ သန႔္ရွင္းေရးလုပ္ေပးမယ္"

သူ႔စကားဆုံးသြားသည္ႏွင့္ ေျမျပင္ေပၚမွ ထိုအရာကို တ႐ြတ္ဆြဲသယ္လ်က္ အျပင္ထြက္သြားေတာ့သည္။

ခ်ဴဟြမ္မွာ သူ႔အက်ႌအဝတ္အစားမ်ားကို ကပ်ာကယာဆြဲဝတ္လိုက္လ်က္ အိပ္ရာေပၚတြင္ ထထိုင္လိုက္ေပသည္။ သူ႔အေနျဖင့္ ညသန္းေခါင္အခ်ိန္တြင္ မီးမထြန္းဘဲ စာအုပ္ဖတ္ႏိုင္သည့္စြမ္းရည္မ်ိဳး မရွိသည့္တိုင္ သူ၏ ညဘက္အျမင္အာ႐ုံမွာ အေတာ္ေလးေတာ့ မဆိုးလွပါေလ။ ဓာတ္မီးႏွင့္ထိုးမၾကည့္လွ်င္ပင္ သူ႔အေနျဖင့္ ေျမျပင္ေပၚတြင္ လဲေလ်ာင္းေနေသာ သတၱဝါ၏ ပုံစံကို လေရာင္အနည္းငယ္မွ်ျဖင့္လည္း ျမင္ႏိုင္ပါ၏။

ထိုသတၱဝါမွာ ယခင္က သူတစ္ခါမွ်မျမင္ဘူးသည့္အရာမ်ိဳးပင္ ျဖစ္ေခ်သည္။ ကိုယ္ခႏၶာတစ္ခုလုံးကို အၾကမ္းဖ်င္းၾကည့္လွ်င္ လူႏွင့္ဆင္တူေသာပုံစံရွိေသာ္လည္း ၎၏မ်က္ႏွာတစ္ခုလုံးမွာ အေမြးမ်ားဖုံးလႊမ္းေနၿပီး - ေတာဝက္မ်ားတြင္ရွိတတ္ေသာ သံမဏိအပ္ေခ်ာင္းမ်ားကဲ့သို႔ အေမြးၾကမ္းႀကီးမ်ားျဖစ္ကာ ကိုယ္ေပၚတြင္ကား ေတာက္ေျပာင္ေသာ အေၾကးခြံမ်ားႏွင့္ ညႇပ္႐ိုးမ်ားမွာမူ ေငါထြက္ေနလ်က္ လက္ေမာင္းေအာက္ဘက္၌ ရွိေနသည့္ ၾကည္လင္၍ေဖာက္ထြင္းျမင္ေနႏိုင္ေသာ ေရယက္ျပားမ်ားမွာ ေလဟုန္စီးႏိုင္ရန္အတြက္‌ အေတာင္ပံမ်ားႏွယ္ပင္ ျဖစ္ေလရာ ပ်ံသန္းႏိုင္ပုံရ၏။

နန္ရွန္းက ဆြဲသြားသည့္အခ်ိန္တြင္ ထိုသတၱဝါ၏ လက္သည္းမ်ားမွာ ေျမႀကီးႏွင့္ထိလ်က္ သတၳဳအခ်င္းခ်င္းထိခတ္သံကဲ့သို႔ေသာ အသံမ်ိဳးပင္ ျဖစ္ေပၚေစေလရာ မည္မွ်မာေက်ာေၾကာင္းကို ေဖာ္ျပေနေလသည္။

ခ်ဴဟြမ္မွာ ေတာ႐ိုင္းအေတြ႕အႀကဳံႏွင့္ပတ္သက္၍ မသိနားမလည္သူမဟုတ္ရဘဲ တိရစာၦန္႐ုံကို တစ္ခါမွ်မေရာက္ဖူးေသာသူလည္း မဟုတ္သည့္တိုင္ ဤသတၱဝါမွာ သူသိထားသည့္အမ်ိဳးအစားမ်ားထဲမွ လုံးဝကိုမဟုတ္ေပ။

/သိေတာင္မသိတဲ့ တိရစာၦန္ေတြ၊ မျမင္ဖူးတဲ့ အပင္မ်ိဳးေတြနဲ႔ သံသယျဖစ္စရာေကာင္းေလာက္ေအာင္ အားေကာင္းေမာင္းသန္ျဖစ္ေနၾကတဲ့ ကေလးေတြ/

ခ်ဴဟြမ္၏ အၾကည့္မ်ားကား တံခါးဝဆီ ေရာက္သြားလ်က္ - ထို႔အျပင္ တံခါးမင္းတုတ္တံႀကီးမွာ မည္သို႔မည္ပုံ ျပဳတ္က်လာျခင္းပါနည္း?

ဤအခ်ိန္တြင္ပင္ နန္ရွန္းက အျပင္ဘက္မွတစ္ေယာက္ေယာက္ကို တစ္စုံတစ္ခုတီးတိုးေျပာေနသည္ကို သူၾကားလိုက္ရ၏။ ထို႔ေနာက္တြင္ကား သူ႔ၿခံဝန္းအတြင္းမွ ေရစီးသံၾကားလိုက္ရၿပီး တစ္စုံတစ္ေယာက္က တစ္ခုခုကို ေဆးေၾကာေနသည္ႏွင့္ တူေပသည္။ အေတာ္ၾကာသြားၿပီးသည့္ေနာက္မွ နန္ရွန္းတစ္ေယာက္ တံခါးကို ျဖည္းညင္းစြာ တြန္းဖြင့္၍ ဝင္လာေလသည္။

ဤတစ္ႀကိမ္တြင္ကား နန္႐ွန္းတစ္ေယာက္ ဘာစကားမွ်မဆိုဘဲ တိတ္ဆိတ္စြာပင္ ေလွ်ာက္လာသည္မွာ ခ်ဴဟြမ္၏ အိပ္ရာနံေဘးသို႔ ေရာက္လာသည္အထိပင္။

သူ႔လက္မ်ားႏွင့္ မ်က္ႏွာတို႔မွာ ေဆးေၾကာသန႔္စင္ထားၿပီး သူ႔ကိုယ္ေပၚတြင္ကား ေအးျမေသာ ေရေငြ႕မ်ား ဖုံးလႊမ္းလ်က္ ဆံပင္ထိပ္ဖ်ားမ်ားလည္း အနည္းငယ္ စိုစြတ္ေနေပ၏။ ခ်ဴဟြမ္၏ အိပ္ရာေဘးတြင္ အခ်ိန္အေတာ္ၾကာရပ္ေနၿပီးသည့္ေနာက္ ေနာက္ဆုံးတြင္ သူ႔ႏႈတ္မွ စကားလုံးႏွစ္လုံးသာ ဖ်စ္ဖ်စ္ညႇစ္ညႇစ္ ထြက္လာေလေတာ့သည္။
"အိပ္ေတာ့"

စကားေျပာၿပီးသြားသည္ႏွင့္ နန္ရွန္းတစ္ေယာက္ ခ်ဴဟြမ္၏ခုတင္ကို ေနာက္ေက်ာမွီလ်က္ ထိုင္ခ်လိုက္ကာ တံခါးကိုမ်က္ႏွာမူထားေခ်၏။

နန္ရွန္းအေနျဖင့္ စကားကို ေကာင္းေကာင္းမေျပာတတ္ေသာေၾကာင့္ မဟုတ္ရပါေလ။ သူ႔အေနျဖင့္ လွပေခ်ာေမြ႕ေသာ တ႐ုတ္စာတစ္ပိုင္းတစ္စကို သီကုံးဖြဲ႕ႏြဲ႕ႏိုင္ရန္ဆိုသည္မွာ သူစြမ္းႏိုင္သည္ထက္ အၿမဲတမ္းလိုလို အနည္းငယ္မွ် ပို၍ေဝးကြာေနတတ္ေသာေၾကာင့္ပင္ ျဖစ္ရွာေခ်သည္။

သူ႔အေနျဖင့္ ခ်ဴဟြမ္ကို ေျပာလိုက္ခ်င္ခဲ့သည္ကား "မေၾကာက္နဲ႔။ ငါ ဒီမွာ ေစာင့္ေရွာက္ေပးမယ္" ဟူ၍ ျဖစ္၏။ ထိုစကားမွာ သူ႔ပါးစပ္ဝအထိ ေရာက္လာၿပီးကာမွ ျပန္၍ မ်ိဳသိပ္လိုက္ျခင္းပင္။ နန္ရွန္းမွာ ေန႔လယ္တုန္းက အႀကိမ္ေပါင္းမ်ားစြာ အမွားမ်ားလုပ္ခဲ့မိေလရာ သည္တစ္ႀကိမ္တြင္ကား စကားတစ္ခြန္းကို ထုတ္မေျပာမီ အခ်ိန္ယူ၍ အေခါက္ေခါက္အခါခါ ေသေသခ်ာခ်ာ စစ္ေဆးသုံးသပ္မိလိုက္ေလရာ ထိုစကား၏ မသင့္ေတာ္မႈကို ခံစားမိလိုက္ေလသည္။

/ဟုတ္တယ္။ ခ်ဴဟြမ္က 'ထိခိုက္လြယ္'တယ္ဆိုေပမယ့္လည္း သူက ကေလးမွမဟုတ္တာပဲ။ "မေၾကာက္နဲ႔"လို႔ေျပာရင္ ေလးစားမႈမရွိရာက်သြားမွာေပါ့/

သူ႔အေနျဖင့္ ထိုသို႔ထုတ္မေျပာႏိုင္သည့္အတြက္ အျပဴအမူအားျဖင့္သာ ေဖာ္ျပရေပေတာ့သည္။

အႏွီ ကသမ္းကရမ္းႏိုင္လွေသာ ထည့္သြင္းစဥ္းစားေပးမႈေလးမွာ ခ်ဴဟြမ္၏အျမင္မွ ေျပးမလြတ္ခဲ့ေလရာ သူ႔အေနျဖင့္ ႏွလုံးသားေလး အနည္းငယ္မွ် ေပ်ာ့ေပ်ာင္းသြားသည္ဟု ခံစားလိုက္ရ၏။

ခ်ဴဟြမ္က အတြင္းဘက္သို႔ ေ႐ႊ႕လိုက္လ်က္ မာေက်ာလွေသာခုတင္ကို ပုတ္လိုက္ေလသည္။
"တက္လာခဲ့"

နန္ရွန္းကား မျငင္းဘဲ ထလိုက္ၿပီး အေပၚသို႔တက္လာကာ လွဲလိုက္၏။ ေခါင္းေဆာင္၏ အိမ္အနီးတြင္ ေကြ႕ဟြားပန္းပင္အခ်ိဳ႕ရွိကာ နန္ရွန္းအေနျဖင့္ မ်ိဳးႏြယ္စုဝင္မ်ားကို မၾကာခဏေခၚ၍ အခ်ိဳ႕ေသာကိစၥမ်ားကို ေဆြးေႏြးတတ္ေပရာ သဘဝက်စြာပင္ သူ႔ကိုယ္ေပၚ၌ အလြန္မွိန္ေဖ်ာ့လွေသာ ပန္းရနံ႔သင္းသင္းတစ္ခု စြဲညိေနလ်က္ ထိုရနံ႔က ခ်ဴဟြမ္၏ႏွာေခါင္းထဲသို႔ တိုးေဝွ႔ဝင္ေရာက္လာေတာ့သည္။ ထိုရနံ႔၏ က်ီစယ္မႈေၾကာင့္ ခ်ဴဟြမ္တစ္ေယာက္ ထိုအခ်ိန္၌ သူ႔ေဘာင္းဘီထဲ ပု႐ြက္ဆိတ္ဝင္ကိုက္ေနသကဲ့သို႔ပင္ မ႐ိုးမ႐ြျဖစ္လ်က္ မသက္မသာခံစားေနရေပ၏။

သူ၏ ယိုင္နဲ႔ေနၿပီျဖစ္ေသာ သမာဓိကို ျပန္လည္ထိန္းသိမ္းရန္အလို႔ငွာ ခ်ဴဟြမ္တစ္ေယာက္ ေခါင္းစဥ္တစ္ခုျဖင့္ စကားစလိုက္ေလသည္။

"ေဟ့"
သူက နန္ရွန္းပခုံးကို ပုတ္လိုက္၏။
"ခုနက အဲ့အေကာင္ႀကီးေလ... သူ႔အသားက စားလို႔ရလား?"

နန္ရွန္း : "..."

သူက အေတာ္ၾကာေအာင္ စဥ္းစားၿပီးမွ ျပန္ေျဖလာေပသည္။
"ဟင့္အင္း။ အေရျပားက ထူလြန္းတယ္"

ခ်ဴဟြမ္၏ အေၾကာက္အလန႔္အရွိ 'စားမည္ ဝါးမည္ ၿမိဳမည္' ဟူေသာ စိတ္ဓာတ္ႏွင့္ ရင္ဆိုင္လိုက္ရသည္တြင္ နန္ရွန္းမွာ သူေဆးထည့္ေပးစဥ္တုန္းက ခ်ဴဟြမ္၏ ႀကံ့ႀကံ့ခံေနေသာ တိတ္ဆိတ္မႈကို အမွတ္ရသြားေပ၏။ သူ႔အေနျဖင့္ စိတ္အပူလြန္ေနမိျခင္းျဖစ္သည္ဟုသာ ခံစားလာရေလရာ သူ၏ ႐ိုး႐ိုးသားသားခ်ီးက်ဴးစကားကို ခ်ဴဟြမ္အား ေျပာလိုက္ေလေတာ့သည္။
"မင္းက ၾကမ္းတမ္းတဲ့ အေမြးထူဆင္ႀကီးပဲ"

ဤတစ္ေခါက္တြင္ကား သူသည္ တ႐ုတ္စကားျဖင့္ ေဖာ္ျပႏိုင္ခဲ့ေလၿပီ။

ခ်ဴဟြမ္၏ အစာမေၾကျခင္းမွာ အေျခအေနပိုဆိုးသြားရေတာ့၏။
"ကဲ - 'သတၱိရွိတယ္' လို႔ပဲေျပာၾကရေအာင္ေလ... ဟုတ္ၿပီလား? ငါ မင္းကို ေက်းဇူးတင္ပါတယ္။ ဒါေပမယ့္ အေမြးထူဆင္ႀကီးဆိုတာေတာ့ မလိုဘူးလားလို႔။ ၿပီးေတာ့ ငါက အဲ့ေလာက္ႀကီးလည္း မၾကမ္းတမ္းရပါဘူး။ တကယ္ေတာ့ 'ေကာင္ေခ်ာေလး'ဆိုရင္ပဲ ရပါၿပီ"

လီယီလူမ်ိဳးတို႔၏ ဘာသာစကားတြင္ "ၾကမ္းတမ္းျခင္း"ႏွင့္ "သတၱိရွိျခင္း"တို႔ၾကား၌ ကြာျခားခ်က္မရွိေလ။ ႏွစ္ခုလုံးမွာ ခ်ီးက်ဴးစကားမ်ားပင္ ျဖစ္ေပသည္။ ဤမ်ိဳးႏြယ္စုမွာ ေဖာ္ေ႐ြ၍ စိတ္အားထက္သန္ၾကေသာ္လည္း သူတို႔ကိုယ္ပိုင္ အ႐ိုင္းဆန္သည့္ အေငြ႕အသက္တစ္ခုရွိေနေၾကာင္းကို ျမင္ႏိုင္ေလ၏။

သို႔ျဖစ္ေလရာ နန္ရွန္းတစ္ေယာက္ အလြန္ရႈပ္ေထြးသြားလ်က္ ေမးလာေခ်သည္။
"ၾကမ္းတမ္းတာနဲ႔ သတၱိရွိတာက ဘာကြာတာလဲ?"

ခ်ဴဟြမ္မွာ ေခတၱမွ် စဥ္းစားလိုက္ရ၏။

"... 'သတၱိရွိတယ္' ဆိုတာက ပိုၿပီး ႐ုပ္ေခ်ာတဲ့ပုံေပါက္ေစတယ္ေလ"

ဤစာေၾကာင္းထဲတြင္ ရႈပ္ေထြးစြာ ဆက္ႏြယ္ထားသည့္ အမ်ိဳးအစားမတူေသာ အာ႐ုံခံစားခ်က္မ်ား စုေပါင္းပါဝင္ေနကာ နန္ရွန္း၏ နားလည္ႏိုင္စြမ္းကို ေက်ာ္လြန္ေနေပသည္။ သို႔ရာတြင္ သည္တစ္ေခါက္တြင္ သူ႔ထံမွ ေျမာက္ျမားလွစြာေသာ ေမးခြန္းမ်ားထြက္မလာေတာ့ဘဲ တစ္ဖက္သို႔ လွည့္လာလ်က္ ခ်ဴဟြမ္ကို မ်က္ႏွာခ်င္းဆိုင္၍ ဆိုေလ၏။
"မၾကာခင္ ေဆာင္းတြင္းေရာက္ေတာ့မယ္။ ငါတို႔ေတြ ဒီႏွစ္အတြက္ ေနာက္ဆုံးအေနနဲ႔ ျမစ္ကိုျဖတ္ၿပီး ပစၥည္းတခ်ိဳ႕သြားေရာင္းဖို႔ရွိတယ္။ ခါတိုင္းေတာ့ ငါက တျခားသူေတြကို ဦးေဆာင္ၿပီး လိုက္ပို႔တာ။ ဒါေပမယ့္ ဒီတစ္ခါေတာ့ မ်ိဳးႏြယ္စုထဲမွာ ျပႆနာေလးေတြရွိေနတာမို႔ ငါ ထြက္သြားလို႔မျဖစ္ဘူး။ မင္း ငါ့အစား ဒီတစ္ခါေလာက္ လုပ္ေပးလို႔ရႏိုင္မလား?"

ဤေတာင္းဆိုခ်က္မွာ အရင္းမရွိအဖ်ားမရွိ ထုတ္ေျပာလာျခင္းျဖစ္ေလရာ ျဖစ္ႏိုင္သည္ကား သူ႔ကို ႏွင္ထုတ္လိုေသာေၾကာင့္လည္း ဟုတ္ႏိုင္သလို သူ႔ကို ကာကြယ္ေပးရန္အတြက္လည္း ျဖစ္ႏိုင္ေလသည္။ ခ်ဴဟြမ္က ထိုကိစၥကို စဥ္းစားၾကည့္လိုက္သည္တြင္ - နန္ရွန္းမွာ မ်ိဳးႏြယ္စုေခါင္းေဆာင္ျဖစ္သည့္အေလ်ာက္ သူ႔ကိုယ္ပိုင္အေတြးႏွင့္ အစီအစဥ္မ်ား ရွိေပလိမ့္မည္။ အျပင္လူတစ္ေယာက္ျဖစ္ေသာ သူ႔အေနျဖင့္ အျခားသူမ်ားကို အေႏွာင့္အယွက္မေပးဘဲ တတ္ႏိုင္သမွ်ေနရမည့္ ဝတၱရားရွိေန၏။ ထို႔ေနာက္တြင္ကား လ်င္ျမန္စြာပင္ သေဘာတူလိုက္ေပသည္။
"ရတယ္ေလ။ ငါ တူရိယာအေသးေလးေတြေရာင္းတာေရာ ရွိလား ၾကည့္ခဲ့ၿပီး မင္းအတြက္ ဝယ္လာခဲ့မယ္"

သူ၏ ခ်က္ခ်င္းလက္ခံလိုက္မႈေၾကာင့္ နန္ရွန္းမွာ စိတ္သက္သာရာရသြားကာ သူႏွင့္ စကားစျမည္ေျပာရန္ စိတ္ပါလာေခ်၏။
"ငါ့ကို လက္ေဆာင္ေပးျပန္ၿပီလား? ငါက ေပးတာေတြက် မင္း ဘာလို႔ တစ္ခုမွ မယူတာလဲ?"

"မင္း ငါ့ကိုေပးတာေတြက အရမ္းတန္ဖိုးႀကီးလြန္းတယ္။ ငါမင္းကိုေပးတာေလးေတြက သာမန္ အေသးအမႊားပစၥည္းေလးေတြေလ"
ခ်ဴဟြမ္ကား ေက်ာက္မ်က္တုံးႀကီးအေၾကာင္း ျပန္အမွတ္ရသြားသည္ႏွင့္ လန႔္ေနရဆဲပင္။
"တကယ္လို႔ မင္းရဲ႕ ေက်ာက္က ေက်ာက္စိမ္းတုံးႀကီးဆိုရင္ ငါ့ရဲ႕ တစ္သက္လုံးစာရသမွ် လခေတြေလာက္ တန္ေၾကးရွိလိမ့္မယ္။ အင္း... အျပင္ေလာကမွာဆို ငါအဲ့ဒါႀကီးကို လက္ခံလိုက္မယ္ဆိုရင္ အဲ့ဒါက အက်င့္ပ်က္ျခစားမႈနဲ႔ လာဘ္ေပးလာဘ္ယူမႈပဲ။ ငါ အျပစ္ေပးခံရမွာ"

နန္ရွန္းမွာမူ "အက်င့္ပ်က္ျခစားမႈႏွင့္ လာဘ္ေပးလာဘ္ယူမႈ" ဆိုသည္မ်ားကို နားမလည္သကဲ့သို႔ "အျပစ္ေပးခံရသည္" ဆိုသည္ကိုလည္း မသိပါေခ်။ သူက တစ္ခ်က္လွည့္ၾကည့္လာၿပီး ရွင္းျပေလသည္။
"ဒါျဖင့္ရင္ ငါတို႔က မင္းတို႔နဲ႔မတူဘူးဘဲ။ ငါတို႔အတြက္က ဘာပစၥည္းကိုပဲ လက္ေဆာင္ေပးေပး အဓိပၸာယ္က အတူတူပဲ"

လီယီလူမ်ိဳးမ်ားကား လုံးဝကို ေလာကနိဗၺာန္တစ္ခုတြင္ ေနထိုင္ေနၾကပုံရကာ ေငြေၾကးဥစၥာဓနတို႔၏ တန္ဖိုးသတ္မွတ္ခ်က္မ်ားလည္း မရွိၾကေပ။ ခ်ဴဟြမ္က ထိုစကားကို ထိုသူအား ရွင္းျပရန္ စကားလုံးစီစဥ္ေနဆဲတြင္ပင္ နန္ရွန္းက ထပ္၍ ျဖည့္စြက္ေျပာလိုက္သည္ကို ၾကားလိုက္ရေခ်သည္။
"ဥပမာအားျဖင့္ မင္းက ငါ့ရဲ႕မိတ္ေဆြျဖစ္တယ္။ ငါ မင္းကို ေသရည္တစ္အိုး အတူေသာက္ၾကဖို႔ ဖိတ္ေခၚမယ္။ မင္းလိုအပ္လာရင္ ငါ့အသက္ကို မင္းအတြက္ ေပးႏိုင္တယ္။ မင္းေျပာတဲ့ 'တန္ဖိုးႀကီးတယ္' တို႔ 'တန္ဖိုးနည္းတယ္' တို႔ဆိုတာေတြက ငါ့အတြက္ေတာ့ ဘာမွမကြာျခားဘူး"

--------------------

T/N:

Please support NUG. အေရးေတာ္ပုံ ေအာင္ရမည္ 💪

3. 6. 2021

Late "Hello to Pride month 🌈" 😁

Pride month special အေနနဲ႔ ဆူး ဒီလထဲမွာ hiatus ထားခဲ့တဲ့ ေရးလက္စေတြလည္း ျပန္ up ေပးဖို႔ ရွိတဲ့အျပင္ ဒီႏွစ္ထဲမွာပဲ donghua ထြက္ဖို႔ရွိတဲ့ Pi ရဲ႕ fic ေလးတစ္ခုလည္း ထပ္ tran ေပးပါမယ္ရွင့္ 💗

❤❤❤

Continue Reading

You'll Also Like

741K 29.7K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
1.8M 186K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
406K 8.9K 36
လြတ္လပ္ျခင္း💕ကညႇာပ်ိဳ လွတ်လပ်ခြင်း💕ကညှာပျို "ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့ အတိတ်နိမိတ်..''ဟုပြောတတ်သူ.. ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန...
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022