တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်...

By SuzanneM4Y

24K 2.9K 200

Original novel - Of Mountains and Rivers (Shan He Biao Li - 山河表里) by Priest Year - 2015 No. of chapters - 77... More

Introduction
Story Brief
Chapter - 1: Prologue
Chapter -2: Prologue
Chapter - 3: Prologue
Chapter - 4: Prologue
Chapter - 5: Prologue
Chapter - 6: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 7: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 8: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 9: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 10: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 11: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 12: ဤကမ္ဘာ (ဤကမာၻ)
Chapter - 14: ဤကမ္ဘာ (ဤကမာၻ)
Chapter - 15: ဤကမ္ဘာ (ဤကမာၻ)
Chapter - 16: ဤကမ္ဘာ (ဤကမ႓ာ)
Chapter-17: ဤကမ္ဘာ ( ဤကမာၻ )
Chapter-18: ဤကမ္ဘာ ( ဤကမာၻ )
Chapter-19: ဤကမ္ဘာ ( ဤကမာၻ )
Chapter-20: ဤကမ္ဘာ ( ဤကမာၻ )
Chapter-21: ဤကမ္ဘာ ( ဤကမာၻ )
Chapter-22: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 23: ဤကမ္ဘာ ( ဤကမာၻ )
Chapter-24: ဤကမ္ဘာ ( ဤကမာၻ )
Chapter-25: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-26: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-27: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter - 28: အခြားကမ္ဘာ (အျခားကမာၻ)
Chapter - 29: အခြားကမ္ဘာ (အျခားကမာၻ)
To my translation readers
Chapter - 30: အခြားကမ္ဘာ (အျခားကမာၻ)

Chapter -13: ဤကမ္ဘာ (ဤကမာၻ)

339 80 6
By SuzanneM4Y

(Uni)

သန်မာသောယောက်ျားသားများကား သံမဏိထောက်တိုင်ကြီးများပမာ

ထိုနေ့က ချူဟွမ်တစ်ယောက် ပါးစပ်ထဲတွင် သစ်သီးရိုင်းတစ်လုံး၊ လက်ထဲတွင် စာတစ်အုပ်နှင့် တောထဲတွင် ငြိမ်းချမ်းစွာ လာရောက် အလေလိုက်နေခဲ့လေသည်။ နန်ရှန်းက တောထဲတွင် တိရစ္ဆာန်ရိုင်းများရှိသောကြောင့် တတ်နိုင်သမျှ ဝေးဝေးနေရန် တစ်ခါပြောထားခဲ့ဖူးသော်လည်း ချူဟွမ်ကား ဂရုမစိုက်လှပါချေ။ သူ့အနေဖြင့် တောရိုင်းတိရစ္ဆာန်များမှာ အတော်လေး ချစ်စရာကောင်းသည်ဟုသာ တွေးမိချေ၏။

သူသည် အမြင့်ဆုံးသစ်ပင်ကို ရှာဖွေပြီးနောက် လျင်မြန်ဖျတ်လတ်စွာ တက်သွားလိုက်ပေသည်။ လမ်းတစ်ဝက်တွင်မူ သစ်ကိုင်းပေါ်တွင် တွဲခိုနေသော အဆိပ်ရှိမြွေတစ်ကောင်နှင့် တိုးလေတော့၏။ မြွေမှာ သူ့ပိုင်နက်ကို ကျူးကျော်ခံလိုက်ရသည့်အတွက် ချက်ချင်းပင် အလိုအလျောက် လှုပ်ရှားတိုက်ခိုက်လာတော့သည်။ ချူဟွမ်က လက်ကိုဆန့်တန်း၍ တိကျစွာဖမ်းဆုပ်ဖျစ်ညှစ်လိုက်သည်တွင် မြွေ၏ခုနစ်လက်မအရှည်နေရာ နှလုံးတည်ရှိရာတည့်တည့်ကို ကွက်တိထိသွားလေသည်။ သူက ထိုသတ္တဝါကို အသာလေးလွှင့်ပစ်လိုက်ပြီး နေရာမှအတင်းအကြပ်ပြောင်းရွှေ့ခိုင်းခြင်းနှင့် နေရာအသစ်ချပေးထားခြင်းတို့ကို ဆောင်ရွက်လိုက်ပေ၏။

သူ့ကြောင့် အဆိပ်မြွေမှာ ဒေါသဖြစ်လွန်း၍ သစ်ကိုင်းပေါ်တွင် အလိပ်လိုက် ခွေသွားရှာတော့သတည်း။

ထို့နောက်တွင်မူ ချူဟွမ်တစ်ယောက် မြွေ၏အသိုက်အမြုံကို မောင်ပိုင်စီးလိုက်ကာ တောနက်ထဲတွင် မြင်ကွင်းမှကွယ်နေသည့် အမြင့်တစ်နေရာကို ရှာဖွေတွေ့ရှိသွားပြီးသည့်နောက် သစ်ပင်ကြီး၏ပင်စည်ကို ကျောမှီ၍ ထိုင်ချလိုက်လေသည်။

စာအုပ်များမှာ ခရိုင်မြို့ထဲမှ မကြာမီပိတ်တော့မည်ဖြစ်သော စာအုပ်ဆိုင်လေးတစ်ဆိုင်မှ ဝယ်လာခဲ့ခြင်းပင်။ "စာအုပ်ဆိုင်"ဟုသာပြောရသော်လည်း အဓိကလုပ်ငန်းမှာ အေးစက်စက်မွဲခြောက်ခြောက်ငါးဟင်းများနှင့် အာလူးချောင်းကြော်တို့ ရောင်းချခြင်းပင် ဖြစ်ချေသည်။ ထိုဆိုင်တွင် စာအုပ်ဟောင်းများနှင့် မဂ္ဂဇင်းများကို အချိန်ပိုင်းတစ်ခုလောက်အတွက် ခေတ္တရောင်းချနေခြင်းဖြစ်၏။ ထိုအချိန်တုန်းက အလျင်စလိုထွက်ခွာရတော့မည်ဖြစ်သောကြောင့် ချူဟွမ်မှာ စာအုပ်များထဲတွင် ရေးထားသည့်အကြောင်းအရာများကို ကြည့်ပင်မကြည့်ပဲ ဒါဇင်ပေါင်းများစွာ လက်ကားဝယ်ချလာခဲ့ခြင်းဖြစ်ပေသည်။ လီယီမျိုးနွယ်စုသို့ ရောက်ပြီးသည့်အခါတွင်မှ လှန်လှောကြည့်ရှုဖြစ်ကာ ရုပ်ပုံများပါသည့် မဂ္ဂဇင်း‌ဟောင်းများကိုမူ နန်ရှန်းက အကုန် မ သွားလေရာ သူ့ထံတွင် အတည်အခန့်လက်ရာကြီးများသာ ကျန်ခဲ့တော့၏။

စာပေအနုပညာကိုခံစားတတ်သောဗီဇ လုံးဝကိုမရှိသည့် ချူဟွမ်ကဲ့သို့သော လူတစ်ယောက်အတွက်ကား ထိုအရာများမှာ အိပ်ချင်စရာကောင်းအောင် ဆွဲဆောင်နိုင်သော ဖတ်စရာများသက်သက် ဖြစ်လေသည်။

စာအုပ်ထဲမှ အကြောင်းအရာများမှာ နဂိုတည်းကကို နားလည်နိုင်ရန် ခက်ခဲရှုပ်ထွေးလှနှင့်ပြီးဖြစ်၏။ တစ်ခါတရံတွင် ကြွက်ကိုက်ထားသောကြောင့် ဟောင်းလောင်းပေါက်များဖြစ်နေသည့်နေရာများကို နေ့တစ်ဝက်လောက်ကြာအောင် စိုက်ကြည့်နေရကာ ဦးနှောက်ပွင့်ထွက်မတတ် စဉ်းစားတွေးခေါ်ပြီးမှ အကြောင်းအရာကို ဆက်စပ်သိနိုင်ရပေတော့သည်။ ချူဟွမ်သည် သက်သက်မဲ့အချိန်ဖြုန်းနေခြင်းသာဖြစ်ပြီး အလွန်နှေးကွေးစွာ ဖတ်ရှုနေခြင်းဖြစ်ကာ စိတ်ဝင်တစားလည်း မရှိလှပါချေ။ တစ်ခါတရံတွင် စာလေးတစ်လုံးနှစ်လုံးလောက်ကို ခက်ခက်ခဲခဲခေါင်းထဲဝင်စေပြီး တစ်ခါတစ်ခါတွင်မူ မှိန်ဖျော့တွန့်လိပ်နေသော စာမျက်နှာတစ်ခုကို ဟာလာဟင်းလင်းကြီး ငေးကြည့်နေလေ၏။

ထိုနေ့တွင်ကား သစ်သီးရိုင်းတစ်လုံးကို ကိုက်စားပြီးရုံသာရှိသေးသည့်အချိန်တွင် သူ့ပတ်ဝန်းကျင် သစ်ပင်အောက်နားလောက်မှ အသံများကြားလိုက်ရပေသည်။

ချူဟွမ်တစ်ယောက် နားစွင့်နေလိုက်ပြီးသည့်နောက် ထိုအသံဗလံများအနက် တစ်ခုခုက ပုံမှန်မဟုတ်သည်ကို အာရုံခံလိုက်မိသောကြောင့် ခေါင်းငုံ့ကြည့်လိုက်မိလေ၏။ ထို့နောက် ထိတ်လန့်စရာကောင်းစွာပင် တစ်နေရာရာမှ တောထဲသို့ ပြေးဝင်လာသော တောဝက်ရိုင်းတစ်ကောင်ကို မြင်လိုက်ရပေတော့သည်။

ချူဟွမ်ကား တောဝက်ရိုင်းများကို မကြောက်ပါလေ။ ထိုအကောင်မှာ ကျားရိုင်းတစ်ကောင်ဖြစ်နေလျှင်ပင် သူ့ကို ဘာမှလာလုပ်နိုင်မည်မဟုတ်သော်လည်း - ကိစ္စရှိသည်မှာ သစ်ပင်အောက်တွင် ကလေးနှစ်ယောက်ရှိနေသောကြောင့် ဖြစ်၏။

သူတို့ထဲမှ တစ်ယောက်မှာ ရှောင်ဖန်း၏ ဆယ့်နှစ်နှစ်အရွယ်သမီး ဟွားကူးသွော် * ဖြစ်ချေသည်။ ထိုကလေးမ၏ ဆံပင်ပုံစံမှာ တစ်မူထူးခြားပေ၏။ အခြားသူများမှာ ကျစ်ဆံမြီးကျစ်သည့်အခါတွင် တစ်ချောင်း သို့မဟုတ် နှစ်ချောင်းသာကျစ်လေ့ရှိကြသော်လည်း သူ့တွင်မူ ကျစ်ဆံမြီးသုံးချောင်းရှိလေသည်။ ဘယ်တစ်ချောင်း၊ ညာတစ်ချောင်းနှင့် နောက်ဖက်တည့်တည့်တွင် တစ်ချောင်းတို့ ဖြစ်၏။ စကြည့်ကြည့်ချင်းတွင် လူမျက်နှာနောက်၌ ကပ်တွယ်နေသော နက်မှောင်တောက်ပနေသည့် ဆင်ကြီးတစ်ကောင်နှင့်တူလှသောကြောင့် ချူဟွမ်က အမြင့်မှနေ၍ တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုကလေးမမှန်း တန်းမှတ်မိနေခြင်းပင်။
[ဟွားကူးသွော် (花骨朵) - ရှောင်ဖန်းသမီးရဲ့ နာမည်ပါ။ ဒီဟာကလည်း တရုတ်လို "ပန်းငုံလေး"ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ရှေ့အခန်းမှာတုန်းကကျ မြန်မာလို ဘာသာပြန်ထားတာနဲ့ "ပန်းငုံလေး" လို့ပဲသုံးခဲ့ပေမယ့် ခုအခန်းကစပြီး နာမည်ဖြစ်တဲ့အတွက်ကြောင့်မို့ "ဟွားကူးသွော်"လို့ပဲ ဆက်သုံးတော့မှာ ဖြစ်ပါတယ်]

ဟွားကူးသွော်၏ ထာဝရခိုင်းဖတ်ကလေးဖြစ်ပုံရသော နောက်ထပ်ကောင်ငယ်လေးတစ်ယောက်လည်း ရှိနေသေး၏။ ချူဟွမ်တစ်ယောက် ထိုကလေးမှာ သန်မာ၍ ရိုးသားကာ ဟွားကူးသွော်ထက် ပိုငယ်ကြောင်းကို မှတ်မိချေသည်။

ချူဟွမ်မှာ အချိန်မဆွဲရဲဘဲ စာအုပ်ကို တစ်ဖက်သို့ပစ်ချလိုက်ပြီး ပင်စည်တစ်လျှောက် တိတ်တဆိတ်လျှောဆင်းလာပေ၏။ သူသည် ကျွမ်းကျင်အဆင့် လူသတ်သမားတစ်ယောက်ဖြစ်လေရာ သူဖြတ်သန်းသွားသောနေရာတိုင်းမှာ လေပြည်လေးတစ်ချက်တိုက်သွားသကဲ့သို့ပင်ရှိနေကာ သစ်ရွက်လေးတစ်ရွက်မျှပင် လှုပ်ခတ်မသွားပါလေ။

သူထွက်လာတုန်းက သေနတ်သယ်မလာခဲ့မိပေ။ သူ့ထံတွင် စစ်တပ်သုံးဓားမြှောင်နှင့် နန်ရှန်းပေးထားသော ဓားတိုလေးတစ်ချောင်းသာရှိကာ နှစ်ခုလုံးမှာ လက်နက်အေး*များဖြစ်ကြ၏။ အနီးအနား ဆယ်မီတာပတ်လည်ခန့်အကွာအဝေးအတွင်းသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် တောဝက်ရိုင်းမှာ လူနံ့ကိုရသွားတော့မည်။ သူ့အနေဖြင့် အချိန်မီနိုင်အောင် လျင်မြန်ရန်လိုအပ်ပြီး တစ်ချက်တည်းအပြတ်ရှင်းပစ်ရပေမည်။ တောဝက်ရိုင်းက ရုန်းကန်ရန် သို့မဟုတ် ထွက်ပြေးရန် အခွင့်အရေးရသွား၍ လုံးဝမဖြစ်။ သို့တည်းမဟုတ်က ကလေးနှစ်ကောင်တွင် အန္တရာယ်ရှိနိုင်လေ၏။
[လက်နက်အေး - ယမ်းမှုန့်တို့၊ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းမျိုးတွေတို့၊ ဓာတုဓာတ်ပြုတာတို့ကနေဖြစ်တဲ့ မီးတွေ ပေါက်ကွဲတာတွေမပါတဲ့ လက်နက်အမျိုးအစားတွေကို ခေါ်တာပါ]

ချူဟွမ်က သုံးမြှောင့်ဓားသွားကို လက်ထဲတွင် မြှောက်ကိုင်လျက် မျက်စိတစ်မှိတ်အတွင်းတွင်ပင် သူတိုက်ခိုက်မည့် ထောင့်အနေအထားကို ချိန်ညှိလိုက်ပြီးဖြစ်ချေသည်။ သူစတင်တိုက်ခိုက်ရန် အသင့်ဖြစ်ရုံသာရှိသေးချိန်တွင် မည်သူက ကြိုသိထားနှင့်ပါမည်နည်း... ဟွားကူးသွော်က အချက်မပေးဘဲ ရုတ်တရက် တောဝက်ရိုင်းရှေ့မှောက်သို့ ပြေးချသွားပေ၏။ ကလေးမလေး၏ ကိုယ်ခန္ဓာမှာ ချူဟွမ်နှင့် တောဝက်ရိုင်းတို့ကြားတွင် တည့်တည့်ကြီးပိတ်နေလေသည်။

/ဒီ သတ္တဝါလေးကတော့ တန်းကနဲကို မသာပေါ်ချင်နေတာပဲ!/

ချူဟွမ်မှာ ထိုနေရာတွင်ပင် ချွေးစေးများ ပြန်သွားရတော့၏။

အနှီတောဝက်ရိုင်းမှာ သိပ်မကြီးလှဘဲ အမြင်အရ တရုတ်ပိဿာချိန်*တစ်ရာခန့်ရှိမည်ဟု ခန့်မှန်းရလေသည်။ ထိုသတ္တဝါမှာ မည်သို့မည်ပုံ တစ်ကောင်တည်းဖြစ်နေသည်ကို မသိရသော်လည်း တောဝက်များထဲတွင် အကောင်ကြီးကြီးဟုတ်မနေသည့်တိုင် ကြမ်းတမ်းရန်မူတတ်သော သတ္တဝါမျိုးစိတ်တစ်မျိုးအဖြစ် အသာစီးရနေပေသည်။ လူသားကလေးမလေးတစ်ယောက်လောက်ကို မျက်လုံးထဲတွင်ပင် ထည့်မထားကြောင်းကား ထင်ရှားလေ၏။ တောဝက်ရိုင်းက မိန်းကလေးငယ်ဘက်သို့ဦးတည်လျက် အစွယ်တဖွေးဖွေးဖြင့် ပြေးလာနေပြီဖြစ်သည့်အပြင် ချူဟွမ်၏ တိုက်ခိုက်ရမည့်လမ်းကြောင်းကိုလည်း ထိုကလေးမက ဖျက်ဆီးထားလိုက်ပြီဖြစ်ချေသည်။ သူ့အနေဖြင့် တည်နေရာကိုအခွင့်ကောင်းယူလျက် လျင်မြန်စွာ နေရာရွှေ့လိုက်ရန်သာ ရှိပေတော့သည်။
[တရုတ်ပိဿာချိန် (斤) - တရုတ်အလေးချိန်အတိုင်းအတာတစ်မျိုးဖြစ်ပါတယ်။ ဒီအလေးနဲ့ တစ်ပိဿာအလေးချိန်က တရုတ်နိုင်ငံမှာဆိုရင် ၅၀၀ ဂရမ်လောက်၊ ထိုင်ဝမ်နဲ့ ဂျပန်မှာဆိုရင် ၆၀၀ ဂရမ်လောက်နဲ့ ဟောင်ကောင်၊ မလေး၊ စင်္ကာပူတို့မှာဆို ၆၀၄ ဂရမ်လောက် အလေးချိန်ပါ]

ထိုအချိန်တွင်ပင် ချူဟွမ်တစ်ယောက် ဟွားကူးသွော်၏ သူငယ်ချင်းလေးက ဒူးလေးတစ်ချောင်း ထုတ်လာသည်ကို တွေ့လိုက်ရလေ၏။

သူ့မျက်ဝန်းထောင့်စွန်းများ လှုပ်ခတ်သွားရပြီးနောက် ချက်ချင်းပင်သဘောပေါက်သွားရတော့သည်။ ထိုကလေးနှစ်ယောက် ဤမျှကြာအောင် တဝဲလည်လည်လုပ်နေကြသည်မှာ တိုက်ဆိုင်ခြင်းသက်သက်တော့ မဟုတ်နိုင်။ သူတို့သည် ဤနေရာ၌ တောဝက်ဖမ်းရန် အချိန်အတော်ကြာအောင် အစီအစဉ်ဆွဲထားခဲ့ကြခြင်းပင် ဖြစ်ချေမည်။

တောဝက်များ၏ အရေပြားမှာ ထူထပ်ကြမ်းတမ်းလှလေရာ တစ်ခါမှ လေ့ကျင့်သင်ကြားမထားဖူးသူတစ်ယောက်အတွက် ရိုင်ဖယ်သေနတ်နှင့် ပစ်မည်ဆိုလျှင်ပင် လဲကျသွားအောင်ပစ်နိုင်ရန် မဖြစ်နိုင်ပေ။ ရှောင်ဖန်း၏သမီးမှာ ခေါင်းဆောင်ကြီးရှေ့မှောက်တွင်ပင် ဖခင်ဖြစ်သူ၏ လက်ကိုကိုက်ချရဲသော အာဂသတ္တိပိုင်ရှင် သူရဲကောင်းအမျိုးသမီးပင် ဖြစ်ကာ မိုးမြေတို့၏ အတိမ်အနက်ကိုပင် မသိတော့သည့် အခြေအနေ*သို့ ဆိုက်ရောက်နေချေပြီ။
[မိုးမြေတို့၏...အခြေအနေ - ကိုယ့်အရည်အချင်းတွေကို ဘဝင်မြင့်လွန်းနေပြီလို့ ဆိုလိုတဲ့ အသုံးအနှုန်းဖြစ်ပါတယ်]

သို့ရာတွင် မိတ်ဆွေငယ်လေးတစ်ယောက် တောဝက်ရိုင်းအလိုက်ခံနေရချိန်တွင် အမြဲတမ်းအထုအရိုက်ခံနေရသည့် သဲအိတ်တစ်လုံးနှယ် ရှိနေခဲ့သော နောက်လိုက်ကောင်ကလေးမှာ အံ့ဩစရာကောင်းလှစွာ မျက်နှာတစ်ချက်ပြောင်း၍ပင်မသွားပါလေ။ ကောင်လေး၏ ခြေအစုံမှာ မြေပြင်တွင် မြဲမြံစွာရပ်ထားမြဲပင်ရှိနေကာ ကလေးမလေးက လှစ်ကနဲ သစ်ပင်ပေါ်သို့ ခုန်တက်သွားလေ၏။ တောဝက်မှာ သစ်ပင်၏အမြစ်ကို ဝင်တိုက်မိတော့မလိုပင် ဖြစ်သွားလျက် အတော်လေးအားသုံး၍ အရှိန်သတ်လိုက်ရကာ ၎င်း၏ လှုပ်ရှားမှုများမှာ နှေးကွေးသွားရတော့သည်။ ကောင်ကလေးက ဤလျှပ်တစ်ပြက်အခွင့်အရေးကို မလွတ်တမ်းဖမ်းဆုပ်လျက် ဒူးလေးမှ ပစ်လွှတ်လိုက်သောမြားချက်က တောဝက်၏ခေါင်းကို တည့်တည့်မှန်သွားလေ၏။

ချုံနွယ်များကြားတွင် ပုန်းနေခဲ့သော ချူဟွမ်မှာ ထိုကောင်လေးအတွက် ချီးကျူးစကားတစ်ခွန်းလောက် အော်ပြောလိုက်ချင်စိတ်ကို မနည်းထိန်းထားရပေသည်။

ဤအချိန်တွင် ချူဟွမ်တစ်ယောက် တောဝက်၏နောက်ကျောဘက်ဆီ ရောက်နေပြီဖြစ်၏။ သည်အနေအထားမှဆိုလျှင် သူ့လက်ဖြင့် ထိုသတ္တဝါကို ဝက်ပေါက်ကင်တစ်ပွဲဘဝရောက်သွားအောင် ပြောင်းလဲပစ်နိုင်လေသည်။ သူ့ဘက်မှ ထိုကဲ့သို့သေချာနေသည့်အတွက် မလှုပ်ရှားဘဲ ခေတ္တမျှ ငြိမ်သက်နေလိုက်၏။ သူ့အနေဖြင့် ကလေးနှစ်ကောင် ဘာဆက်လုပ်မည်ဆိုသည်ကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ချေသည်။

ကောင်လေး၏လက်ထဲမှ ဒူးလေးမှာ လက်ရာကြမ်းကြမ်းဖြင့်ပင် ပြုလုပ်ထားခြင်းဖြစ်၍ ပြင်းအားအရရော တိကျမှုတွင်ပါ အကန့်အသတ်ရှိနေ၏။ ဤလက်နက်မျိုးကိုသုံး၍ တောဝက်ရိုင်း၏ခေါင်းကို အားပြင်းပြင်းဖြင့် ပစ်ခွင်းနိုင်ရန်ဆိုသည်မှာ နည်းစနစ်ပိုင်းကိုလည်း ကျွမ်းကျင်ရမည့်အပြင် အလွန်တည်ငြိမ်သော ကိုယ်ခန္ဓာအရည်အချင်းမျိုးလည်း လိုအပ်လှပေသည်။ ဤရှုထောင့်မျိုးမှဆိုလျှင် သည်ကောင်လေးမှာ လူကြီးအများစုထက်ပင်ပို၍ သာလွန်နေပြီဖြစ်၏။

ချူဟွမ်တစ်ယောက် ခံစားလိုက်မိသည်မှာ ကလေးနှစ်ကောင်သည် သူတို့၏အရည်အချင်းများကို ဘဝင်မြင့်လွန်းနေရလောက်အောင် တုံးအနေသူများ မဟုတ်ကြ ဟူ၍ပင်။

တစ်ချိန်တည်းတွင်ပင် သစ်ပင်ထိပ်ဖျားမှ မိန်းကလေးငယ်က ကျွမ်းထိုးလျက်ခုန်ချလာပြီး သစ်ပင်နောက်ကွယ်တွင် ဝှက်ထားခဲ့သော မှိန်းတစ်ချောင်းကို ထုတ်လာပေသည်။ အပေါ်မှ ခုန်ချလာချိန်တွင် သူ့အလေးချိန်ကိုသုံးလျက် တောဝက်၏လည်မြိုတည့်တည့်ကို ထိုးစိုက်ချလိုက်ချေ၏။

တောဝက်မှာ နောက်ဆုံးအကြိမ်အဖြစ် ရုန်းကန်နေလျက် ထိုအကြောက်အကန်လှုပ်ရှားမှုကြောင့် မှိန်းတံမှာ ကလေးမ၏ လက်ထဲမှ လွတ်ထွက်သွားလေသည်။ သို့ရာတွင် ထိုမိန်းကလေးမှာ တွန့်ဆုတ်မသွားဘဲ တည်ငြိမ်စွာပင် လက်လွှတ်ပေးလိုက်ကာ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီးနောက် မြဲမြံစွာရပ်လျက် ကောင်လေးထံ အော်ပြောလိုက်ပေ၏။
"သူ့ပါးစပ်ကို ပစ်။ ပါးစပ်ကိုပစ်!"

ဤသည်ကား လီယီမျိုးနွယ်စုဘာသာစကားပင် ဖြစ်ချေသည်။ ဤအတောအတွင်း ချူဟွမ်တစ်ယောက် ကျောင်းသားများကို တရုတ်စာသင်နေစဉ်အခါတိုင်း နန်ရှန်းက သူ့ဘေးမှနေ၍ တစ်ချိန်လုံး ဘာသာပြန်ပြနေခဲ့ခြင်း ဖြစ်လေ၏။ ချူဟွမ်မှာ တစ်လျှောက်လုံး မျက်နှာသေဖြင့် နေနေခဲ့သော်လည်း မည်သူမျှမသိစေဘဲ တိတ်တဆိတ် တစ်ခုချင်းစီ မှတ်သားနေခဲ့ခြင်းပင်။

မရင်းနှီးသည့် ပတ်ဝန်းကျင်သို့ ရောက်နေချိန်၌ သူ့စိတ်ထဲတွင် သက်သောင့်သက်သာဖြစ်နေသည်ဆိုလျှင်တောင် သူ့အနေဖြင့် အချိန်တိုအတွင်းတွင် ရနိုင်သမျှသတင်းအချက်အလက်များကို အစွမ်းကုန်စုဆောင်းနေမိမည်သာ။ သူ့အနေဖြင့် များများစားစားမတတ်ကျွမ်းလှသော်လည်း ကလေးများသုံးသော စကားလုံးများမှာ ရိုးရှင်းသည်ဟု ဆိုနိုင်လေရာ သူတို့ပြောနေသမျှကို အကုန်နားလည်နေနိုင်ပေသည်။

... သဘာဝကျကျပင် ချူဟွမ်တစ်ယောက် အပေါ်ယံတွင်မူ လုံးဝနားမလည်နိုင်ကြောင်း ဟန်ဆောင်နေခဲ့ခြင်းဖြစ်ချေ၏။ သို့မဟုတ်ပါက လီယီမျိုးနွယ်စု၏ စိတ်အားထက်သန်မှုမျိုးဖြင့်ဆိုလျှင် သူ့ကို သူတို့ဘာသာစကားကိုပြန်သင်ပေးရန် လုပ်အားပေးအဖွဲ့တစ်ဖွဲ့ပါ တည်ထောင်လာနိုင်လေသည်။

ကောင်ကလေးက အမိန့်ကို ချက်ချင်းပင်နာခံလျက် နောက်ထပ်မြားတစ်စင်းကို ပစ်ခွင်းလိုက်သည်တွင် တောဝက်၏ခေါင်းကို တူညီသည့်ဘက်ခြမ်းတွင်ပင် ထပ်၍ထိမှန်သွားလေ၏။ ထလာရန် စတင်ကြိုးစားနေရုံရှိသေးသော တောဝက်မှာ ချက်ချင်းပင် ပစ်လဲကျသွားပြန်တော့သည်။ ထို့နောက် ကောင်လေးက အလွန်စဉ်းလဲသော လုပ်ရပ်တစ်ခုကို လုပ်လိုက်ပေသည်။ နာကျင်မှုကြောင့် ပါးစပ်ဟ၍ အော်ဟစ်လိုက်သည်ကို အခွင့်ကောင်းယူလျက် ထိုသတ္တဝါ၏ လည်ချောင်းထဲသို့ ဒူးလေးဖြင့် ထပ်ပစ်လိုက်ခြင်းပင် ဖြစ်ချေ၏။

ချူဟွမ်၏မျက်စိရှေ့မှောက်တွင်ပင် သတ္တဝါကြီးမှာ လုံးဝအသက်ထွက်သွားခဲ့လေပြီ။

သူ့အနေဖြင့် သက်ပြင်းဖွဖွတစ်ချက်သာချလျက် အနည်းငယ်တော့ မယုံနိုင်စရာကောင်းသည်ဟု ခံစားမိပေ၏။

ချူဟွမ်ကား နောက်ဆုံးအချိန်အထိ လူလုံးထွက်မပြပါချေ။ သူသည် မိန်းကလေး ဟွားကူးသွော်တစ်ယောက် အကြိမ်ရေအနည်းငယ်မျှ အသက်ပြင်းပြင်းရှူလျက် သူ့နောက်လိုက်ကောင်ကလေးကို အမိန့်ပေးနေသည်ကို ကြည့်၍သာနေလေသည်။

"တစ်ယောက်ကို ခြေထောက်တစ်ဖက်စီ ဆွဲသယ်သွားကြမယ်။ နင်က ဟိုဘက်၊ ငါက ဒီဘက်"

နောက်လိုက်ကလေးမှာ တစ်ချက်မျှပင် အထွန့်မတက်ရဲပါပေ။ သူက တောဝက်ရိုင်း၏ ခြေတစ်ဖက်ကို နာခံစွာ ဆွဲမလိုက်ပြီး နှစ်ယောက်သား အတူတကွ တရွတ်ဆွဲသယ်သွားကြတော့၏။ ခြေတစ်လှမ်းနှစ်လှမ်းမျှ စလှမ်းပြီးချိန်တွင် ဟွားကူးသွော်မှာ တစ်ခုခုကို ခံစားမိသွားပုံရကာ ချူဟွမ်ပုန်းနေခဲ့သောနေရာကို လှည့်ကြည့်လာချေသည်။ ဘာကိုမှရှာမတွေ့သည့်အတွက် သူ့ခေါင်းသူကုတ်လျက် အနည်းငယ်စိတ်ရှုပ်စွာ ထွက်ခွာသွားလေ၏။

ချူဟွမ်တစ်ယောက် နောက်တစ်ကြိမ်ထပ်၍ သေချာသွားရသည်မှာ လီယီမျိုးနွယ်စုတွင် ထူးခြားသောစွမ်းရည်များ ပိုင်ဆိုင်ထားကြပုံရှိကာ - သန်မာသောယောက်ျားသားများကား သံမဏိထောက်တိုင်ကြီးများပမာ ရှိကြပြီး ကလေးများကမူ တောဝက်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကြပေသည်။

ယခုအချိန်မှာ စာသင်ချိန်စရမည့်အချိန် မရောက်သေးသဖြင့် ချူဟွမ်လည်း သုံးမြှောင့်ဓားမြှောင်ကို ပြန်သိမ်းလိုက်လျက် သစ်ပင်များကြားမှ ဖြည်းညင်းစွာပင် လျှောက်လှမ်းထွက်လာခဲ့၏။ ရုတ်တရက် သူ့နားထဲတွင် မူမမှန်သောလှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရလေသည်။ ချူဟွမ် မော့ကြည့်လိုက်သည်တွင် သူအတင်းအကြပ်လွှင့်ပစ်ထားခဲ့သော အဆိပ်ပြင်းမြွေမှာ ပြန်ရောက်လာပြီဖြစ်ပြီး ခက်ထန်၍သေးငယ်သော မျက်ဝန်းအစုံဖြင့် သူ့ကို သတိကြီးစွာ စူးစမ်းကြည့်ရှုနေသည်ကို တွေ့လိုက်ရ၏။

တြိဂံပုံမျက်နှာကျရှိသော အဆိပ်မြွေတစ်ကောင်အနေဖြင့် အကဲဖြတ်ရလျှင် ထိုသတ္တဝါမှာ ကြည့်ကောင်းချောမောလှပေသည်။

ချူဟွမ်က ထိုသတ္တဝါကို ခံစားချက်ကင်းမဲ့စွာဖြင့် ခဏမျှ စိုက်ကြည့်နေခဲ့ပြီးနောက် သူ့အမှားကို ရိုးသားပွင့်လင်းစွာ ဝန်ခံလိုက်ချေ၏။
"အိုး... ကျွန်တော် ခုနက ရိုင်းပျသွားမိပါတယ်။ ခင်ဗျားအဲ့အပေါ်မှာ ဆက်ပြီး တွဲလောင်းခိုနေနိုင်ပါတယ်"

စကားဆုံးသွားသည်နှင့် အေးအေးဆေးဆေး လမ်းလေးတစ်ပတ်မျှ လျှောက်ပြီးသည့်နောက် လီယီမျိုးနွယ်စုထံသို့ သူ ပြန်လာခဲ့တော့သည်။

အဝေးမှနေ၍ ချူဟွမ်တစ်ယောက် ဟွားကူးသွော်နှင့် သူ၏သူငယ်ချင်းလေးတို့ တောဝက်ကို မြစ်ထဲသို့ ဆွဲသွားသည်ကို မြင်လိုက်ရ၏။ မြစ်ထဲတွင် ရေငင်လျက် ချက်ပြုတ်နေကြသော မိန်းမကြီးများအုပ်စုမှာလည်း ထိုအခြင်းအရာကို မြင်လိုက်ကြရလေသည်။ သူတို့က ချက်ချင်းပင် တောဝက်ကို ဝိုင်းကူသယ်ပေးနေကြသည်တွင် ဟွားကူးသွော်ကား ထွက်နေသောနှပ်ချေးများကို လက်ဖြင့်သာ ပွတ်ပစ်လိုက်လျက် ရေထဲတွင် ခုန်ဆွခုန်ဆွဖြင့် ဆော့နေပေ၏။

ချူဟွမ်ကား စိတ်ထဲမှ တွေးလိုက်မိချေသည်။
/"မင်းအမေက မင်းရဲ့ ခွေးခြေထောက်လေးတွေကို ရိုက်ချိုးမချိုး ကြည့်ရသေးတာပေါ့"/

စိတ်မကောင်းစရာပင် သူ့ဆုတောင်းများ မပြည့်ခဲ့ပါလေ။ ရှောင်ဖန်း၏ ဇနီးမှာ တောဝက်ကိုတွေ့သောအခါ မဆူရုံမျှမက သမီးဖြစ်သူ၏ နှာမောင်းကဲ့သို့သော ကျစ်ဆံမြီးသုံးချောင်းကို ကြင်နာစွာပွတ်သပ်ပေးလျက် လွယ်လင့်တကူပင် သွားဆော့နေစေပေ၏။ အလွန်ဝေးနေသည့်အပြင် ဘာသာစကားကိုလည်း မရင်းနှီးလှသောကြောင့် ချူဟွမ်တစ်ယောက် နားစွန်နားဖျားကြားသည်ဆိုရုံမျှသာ ကြားလိုက်ရသည့်အသံအရမူ ထိုအမျိုးသမီးက ညစာကျလျှင် ဟွားကူးသွော်အတွက် ဝက်အသည်းကင်ပေးမည်ဟု ပြောလိုက်ပုံရလေသည်။

ချူဟွမ်ကား သူ့အကြည့်ကို တိတ်ဆိတ်စွာလွှဲလိုက်ကာ ရုတ်တရက် "ပညာရေးတွင် ထိရောက်သောအကျိုးကျေးဇူးကို နှစ်ပေါင်းများစွာကြာရှည်ခံ စေနိုင်သည့် အရေးပါလှသော လုပ်ငန်းစဉ်တစ်ခု တည်ရှိနေသည်" ဟူသော ဆိုလိုရင်းနှင့် "ဝက်ဝံအမေမှသာ ဝက်ဝံပေါက်ကလေးများ မွေးလာနိုင်သည်* " ဟူသည့် အဓိပ္ပာယ်ကို ကောင်းကောင်းကြီး သဘောပေါက်သွားရပေ၏။
['ဝက်ဝံအမေမှသာ ဝက်ဝံပေါက်ကလေးများ မွေးလာနိုင်သည်' (有熊妈就有熊孩子) - ဆိုးသွမ်းတဲ့သားသမီးတွေက အလိုလိုက်လွန်းထားတဲ့အမေတွေကြောင့်မို့ ဆိုတဲ့အဓိပ္ပာယ်ပါ။ တရုတ်လိုက ဆိုးပေနေတဲ့ကလေးတွေကို "ဝက်ဝံပေါက်ကလေး"လို့ခေါ်ကြပြီး "ဝက်ဝံအမေ"ဆိုတာကတော့ အဲ့လိုမျိုးကလေးတွေရထားပြီး သူတို့သားသမီးကို အရမ်းအလိုလိုက်ထားတဲ့အမေမျိုးတွေကို ပြောတာပါ]

သူက ခေါင်းငိုက်စိုက်ဖြင့်ပင် အကြည့်များကိုထိန်းသိမ်းလျက် လူအုပ်ကြားထဲ ဖြတ်သန်း၍ လျှောက်လှမ်းသွားသည်တွင် မည်သူမျှ သူ့ရှေ့သို့ လှမ်းမလာရဲကြချေ။ လူကြီးများမှာ ခပ်ဝေးဝေးသို့ ရှောင်သွားကြပြီး မတောက်တခေါက်တရုတ်စကားဖြင့် သတိကြီးစွာ တုန့်တုန့်ဆိုင်းဆိုင်း နှုတ်ဆက်လာကြလျက် ကလေးများသည်ကား "ဟူးလား" ဟူ၍သာ အော်ဟစ်ပြီး ထွက်ပြေးသွားကြလေသည်။

ချူဟွမ်မှာ တစ်ရက်လေးမျှပင်မပျက်မကွက် နေ့စဉ်အတန်းများ သင်ကြားတက်ရောက်ရသည့်နေရာဖြစ်သော မြေကွက်ကျယ်ကြီး၏ အလယ်သို့ လျှောက်လာချေ၏။ ထို့နောက် အဖြူရောင်ကျောက်သင်ပုန်းပြားကြီးကို မှီ၍ ထိုင်ချလိုက်ကာ စာအုပ်ကိုလှန်လှောလျက် လူအကုန်စုံသည်အထိ စောင့်ဆိုင်းနေပေသည်။

မကြာမီအချိန်အတွင်းတွင်ပင် သူ့ကိုဗဟိုပြုလျက် အချင်းဝက် ငါးမီတာ ခြောက်မီတာခန့်ရှိလောက်မည့် စက်ဝိုင်းတစ်ခုပုံစံဖြင့် ကလေးများ ဝိုင်းပတ်၍ ထိုင်နေကြလေ၏။ သူတို့ကား ထိုသူအနေဖြင့် ဘာမျှနားလည်နိုင်မည်မဟုတ်ဟု ထင်နေကြလေရာ သူ့ရှေ့တွင်ပင် မထိန်းမသိမ်း ပေါ်တင်အတင်းတုတ်လျက် ကြည့်ရှုအကဲခတ်နေကြချေသည်။

ချူဟွမ်တစ်ယောက် ဝက်သတ်သမားသူရဲကောင်း ဟွားကူးသွော်က သူ့နောက်လိုက်ကလေးကို ပြောပြနေသည်ကို ကြားလိုက်ရ၏။
"မနေ့က ငါ့အမေက ငါ့ကို ပြောတာတော့ 'ဘုရင်ကြီး'ရဲ့နှာခေါင်းပေါ်က ပစ္စည်းက ရေခဲနဲ့လုပ်ထားတာတဲ့။ နင် ရေခဲဆိုတာ ဘာလဲ သိလား? အဲ့ဟာက ထူရင် ဖြူပြီး ပိတ်နေမှာဆိုတော့ ဒါက တော်တော်ပါးလို့ဖြစ်ရမယ်။ ထိရုံနဲ့ ကွဲသွားလောက်မယ့် ဟာမျိုးပဲ"

ချူဟွမ်ကား နားထောင်နေရင်းဖြင့် နှာရိုးပေါ်တွင် အေးစက်စက်ခံစားလိုက်ရချေ၏။

နှပ်ချေးတွဲလောင်းနှင့် နောက်လိုက်ကောင်ငယ်လေးမှာ သူ၏ "ပညာရှိ" အစ်မကြီးကို လေးစားရိုကျိုးစွာဖြင့် မေးမြန်းလာလေသည်။
"အဲ့ဒါ ဘာအတွက်လဲဟင်?"

ဟွားကူးသွော် : "ငါလည်းမသိဘူး‌လေ။ ကြည့်ကောင်းဖို့ နေရင်နေမှာပေါ့"

ဤအချိန်တွင် သုံးလေးနှစ်အရွယ်မျှ ရှိမည်ဖြစ်သော ခေါင်းတုံးပြောင်ပြောင်နှင့် ကောင်ကလေးတစ်ယောက်က ရုတ်တရက်အသံကိုမြှင့်လျှက် ကလေးဆန်လှသည့် အသံစူးစူးလေးဖြင့် အော်ဟစ်လိုက်ပေ၏။
"ခေါင်းဆောင်ကြီးက ကြည့်အကောင်းဆုံးပဲ!"

ဟွားကူးသွော် : "ပါးစပ်ပိတ်စမ်း!"

မောင်ခေါင်းပြောင်လေး*သည်ကား လျစ်လျူရှုလျက်ပင် ဆက်လက်အော်ဟစ်နေချေသည်။
"ခေါင်းဆောင်ကြီးက ကြည့်အကောင်းဆုံး!"
[မောင်ခေါင်းပြောင်လေး - ကိုယ်တော်ချော ချူဟွမ်ရဲ့ အမြင်နဲ့ နာမည်ပြောင်ပေးတဲ့ စကေးတွေပေါ့နော်။ ခေါင်းတုံးလေးနဲ့မို့ "မောင်ခေါင်းပြောင်လေး"တဲ့ ಥ⁠‿⁠ಥ ]

ဟွားကူးသွော်က ရုတ်တရက်ခုန်လျက် မောင်ခေါင်းပြောင်၏ အောက်ပိုင်းအဝတ်ကိုဆွဲကာ ထိုကောင်လေး၏ ခြေထောက် မြေပြင်မှလွတ်သွားသည်အထိ မြှောက်လိုက်ပြီး ကိုင်ပေါက်ပစ်လိုက်လေ၏။

ကလေးအုပ်စုမှာ ဤမိန်းကလေး၏ အာဏာအလွဲသုံးစားပြုမှုကြောင့် ချက်ချင်းပင် ငြိမ်ကျသွားရန် တွန်းအားပေးခံလိုက်ရကာ စကားဝိုင်းထဲတွင် ဝင်ပါ၍ အငြင်းအခုံမလုပ်ရဲကြတော့ပဲ ညီညီညာညာ စီတန်းထိုင်နေကြလျက် သူတို့၏ဘော့စ် ထိုမိန်းကလေးဘက်မှ ထင်မြင်ချက်ကို ပြောပြလာရန် စောင့်ဆိုင်းနေကြပေသည်။

ချူဟွမ်သည်ကား ထိုကလေးမကို ကြည့်နေမိကာ ဤမိန်းကလေးအနေဖြင့် အနာဂတ်တွင် ကြီးကျယ်လှစွာသော လူဆိုးဓားပြကြီးတစ်ယောက် ဖြစ်လာနိုင်သည့် အလားအလာကောင်းရှိနိုင်သည်ဟူ၍ တွေးမိ၏။

ဟွားကူးသွော် : "အိုး... သူ ငါ့ကိုကြည့်နေတယ်ဟ"

ချူဟွမ်ထံမှ ထိုအကြည့်တစ်ချက်မှာ ဟွားကူးသွော်ကို ရုတ်တရက် ချွေးမလေးတစ်ယောက်သဖွယ် ဖြစ်သွားအောင် လုပ်နိုင်လိုက်လေသည်။ ထိုမိန်းကလေးမှာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့သွားပြီး ဇက်ကလေးပုလျက် မျက်နှာတစ်ခုလုံးလည်း နားရွက်များအထိ နီရဲသွားပေ၏။

ချူဟွမ် : "..."

သူက သူ့အကြည့်များကို စာအုပ်ထဲမှ စာမျက်နှာများထံ ပြန်‌ရွှေ့လိုက်ကာ ပိုင်ဆိုင်နိုင်ခြင်းနှင့် မသက်ဆိုင်သောအရာများကို လုံးဝမကြည့်ရန် ပြတ်သားစွာ ဆုံးဖြတ်ထားပေသည်။

ကလေးများမှာ သူ့ကို ချန်ထားလျက် ပွစိပွစိနှင့် ဆက်လေပေါနေကြသည်ကိုသာ နားထောင်နေလိုက်လေ၏။

"သူ့လက်မှာ ပတ်ထားတဲ့အကွင်းကြီးက အချိန်ကိုကြည့်လို့ရတယ်လို့ ခေါင်းဆောင်ကြီးကပြောတယ်။ အဲ့ဒါ အမှန်ပဲလား၊ မဟုတ်ဘူးလား?"

ဟွားကူးသွော်တစ်ယောက် ကြားထားသော အတင်းအဖျင်းသတင်းများမှာ မနည်းမနောပင်ဖြစ်လေရာ ဤစကားကိုကြားလိုက်ရသည်နှင့် စောစောက လန့်သွားခဲ့သည်ကို ချက်ချင်းပင်မေ့သွားပြီးနောက် သူမ၏ 'အသိပညာ'များကို အလျင်အမြန်ပင် ဝေမျှလာချေသည်။
"တကယ်ဟ။ ငါ့အမေပြောတာတော့ အဲ့ပစ္စည်းကလည်း အထိမခံဘူးတဲ့။ အဲ့ထဲက လက်တံလေးက ဆံချည်တစ်မျှင်စာလောက်ပဲ ရှိတာမို့ သွားထိရင် ကျိုးသွားလိမ့်မယ်"

ကလေးအုပ်စုမှာ ချက်ချင်းပင် သက်ပြင်းချလျက် အနှီ 'မြစ်ဟိုဘက်ကမ်း'မှ ပုဂ္ဂိုလ်ထံတွင် တန်ဖိုးမကြီးသည့်နေရာဟူ၍ တစ်ခုလေးမျှပင်မရှိဟု ခံစားမိလိုက်ကြရ၏။

"မကြီး၊ တခြား ဘာတွေက အထိမခံ ကျိုးလွယ်ပဲ့လွယ်တာတွေ ရှိသေးလဲဟင်?"

ဟွားကူးသွော်က ချူဟွမ်ကို ခိုးကြည့်လိုက်သည်တွင် ထိုသူ၏ 'ဘာမျှ မကြား၊ ဘာမျှ နားမလည်'ဟူသော ဟန်ဆောင်ထားမှု၌ အောင်မြင်စွာ လှည့်စားခံလိုက်ရကာ စိတ်လွတ်ကိုယ်လွတ်ပင် ပြောချလာပေသည်။
"အထိမခံနိုင်တဲ့အထဲမှာ 'ဘုရင်ကြီး ဘုရင်ကြီး'လည်းပါတယ်။ ဟိုဘက်ကမ်းက လူတွေအားလုံးက အဲ့အတိုင်းပဲ။ စက္ကူတစ်ရွက်လောက်တောင် အကြမ်းမခံနိုင်ကြဘူး။ ငါ့အဖေက သူ့ကို ခေါ်ဖို့ ခေါင်းဆောင်ကြီးနဲ့ လိုက်သွားတုန်းက သူ့ကိုယ်ပေါ်မှာ ဒီလောက်ကြီး ကြီးတဲ့ ဒဏ်ရာကြီးတစ်ခု တွေ့ခဲ့တာတဲ့... "

ဟွားကူးသွော်တစ်ယောက် လက်များကို ဆန့်တန်း၍ အမူအရာလုပ်ပြလိုက်ကာ အလေးအနက် ပြောလိုက်၏။
"နောက်ကျောကနေ ရှေ့ဘက်ထိ ထုတ်ချင်းပေါက်နေတာ။ ခေါင်းဆောင်ကြီးပြောတာတော့ အဲ့ဒါက သစ်ကိုင်းနဲ့ ထိုးမိလို့ဖြစ်မယ်နဲ့ တူတယ်တဲ့"

ကလေးများအားလုံးမှာ အကြီးအကျယ်လန့်သွားကြကာ ချုဟွမ်ဆီ တညီတညာတည်း အကြည့်များကိုပို့လွှတ်လျက် ကြောက်ရွံ့တုန်လှုပ်လုနီးနီး ရှိနေကြလေသည်။

ချုဟွမ် : "..."

/နန်ရှန်း... မင်းဟာလေ ရုပ်ကလေးက လုံးဝကို ချောချောလေးနဲ့ ဒီလိုမျိုး ကောလဟာလတွေ လျှောက်ပြောနေတာ သင့်တော်ရဲ့လားကွာ?/

"သစ်ကိုင်းလေးတစ်ကိုင်းက ... ဒီကနေ ဒီအထိ ထုတ်ချင်းဖောက်သွားနိုင်တာ? အမလေး အဲ့ဒါဆို ငါဖြင့် ထိတောင် မထိရဲတော့ဘူးဟေ!"

ဟွားကူးသွော်က မျက်ခုံးပင့်လိုက်၏။

"လုပ်ကြည့်လိုက်လေ! ခေါင်းဆောင်ကြီးက 'နယ်စပ်' အထိသွားပြီး ခေါ်လာရတဲ့ဟာကို တစ်ခုခုသာ ကျိုးပဲ့သွားရင် နင်တော့ သေပြီပဲ!"

"အဲ့ဒါဆို... သူ နေ့တိုင်း ညနေဘက်မှ ထွက်ထွက်လာတာ နေရောင်ကို ကြောက်လို့လား?"

"နေပူထဲ ကြာကြာနေမိရင် အရည်ပျော်သွားမှာများလား?"

"သူ့ဆံပင်ကလည်း တိုလိုက်တာ။ ဆံပင်ရှည်က လေးနေရင် ခေါင်းကြီး ပြုတ်ကျသွားမှာမို့လို့များလား?"

"ခေါင်းပြုတ်ကျသွားပြီးရင် ဆက်အသက်ရှင်နေနိုင်‌သေးလားဟင်?"

ချူဟွမ်ကား ကျောက်တုံးအောက်နားတွင်ထိုင်လျက် တစ်ဖက်တွင် မတုန်လှုပ်နိုင်သော နတ်ဘုရားတစ်ပါး၏ မြင့်မြတ်သောဣန္ဒြေကို ဆောင်ထားလျက် ကျန်တစ်ဖက်တွင်မူ စိတ်မချမ်းမြေ့ဖွယ်ရာ အတွေ့အကြုံများဖြစ်သည့် "နေရောင်ကြောင့် သေရခြင်း"၊ "ဆံပင်လေးသောကြောင့် ခေါင်းပြုတ်ကျခြင်း"၊ "လေတိုက်သောကြောင့် ခေါင်းဟက်တက်ကွဲလျက် သွေးစိမ်းရှင်ရှင်ထွက်ကာ ဒဏ်ရာရသွားခြင်း" တို့အပြင် "ကျောက်တုံးပေါ်ထိုင်နေရုံဖြင့် နှစ်ခြမ်းကွဲရခြင်း"... စသည့် စသည့် သူ့အလောင်းကိုပင် တစ်ဆက်တစ်စပ်တည်းကျန်မနေစေနိုင်လောက်အောင် လှပလွန်းသော အဆုံးသတ်မျိုးစုံကို တွေ့ကြုံခံစားနေရရှာလေသည်။

သူ့စိတ်ထဲတွင် ရှုပ်ထွေးမှုအချို့ကို မလွှဲမရှောင်သာပင် ခံစားနေရချေ၏။

ဤအချိန်တွင်ပင် ဘော့စ်အစ်မကြီးဟွားကူးသွော်၏ ကိုင်ပေါက်ခြင်းကို ခံထားခဲ့ရသော မောင်ခေါင်းပြောင်လေးမှာ သန္နိဋ္ဌာန်အပြည့်ဖြင့် ပြန်ကုန်းထလာကာ အဆုတ်ထဲသို့ လေအပြည့်ရှူသွင်းလျက် ကျယ်လောင်စွာ အော်ဟစ်ပေတော့သည်။
"ခေါင်းဆောင်ကြီးက ကြည့်အကောင်းဆုံး!"

ထို့နောက်တွင်ကား သတ္တိကောင်းလှသော အနှီ'ဖန်ဘွိုင်း'လေးမှာ လူကြမ်းမကလေး ဟွားကူးသွော်က မျက်ရည်နှင့်မျက်ခွက်ဖြစ်သည်အထိ ဆော်ပလော်တီးခြင်းကို ခံလိုက်ရတော့သတည်း။

သုံးလေးနှစ်အရွယ် ကိုယ်တုံးလုံးနှင့်ကောင်ကလေးတစ်ယောက် သူ့မျက်စိရှေ့တွင် ငိုနေသည်ကို မြင်နေရသောအခါ လူကြီးတစ်ယောက်အနေဖြင့်... စောစောလေးကမှ တစ်စစီကျိုးပဲ့၍ အသေခံခဲ့ရသည်ဆိုလျှင်ပင် ချူဟွမ်အနေဖြင့် ဘေးမှသာရပ်ကြည့်ပြီး ဂရုမစိုက်ဘဲနေ၍မရပါချေ။

သူသည် နားရွက်များကိုသာ နာနာပွတ်လျက် မြေကြီးပေါ်တွင် ထိုင်ငိုနေသော မောင်ခေါင်းပြောင်လေးထံ လျှောက်လာလေ၏။ ကလေးများမှာ သူလာသည်ကိုမြင်သည်နှင့် ရန်သူတော်ကြီးတစ်ယောက်နှင့် ရင်ဆိုင်လိုက်ရသည့်နှယ် ချက်ချင်းလူစုခွဲသွားကြတော့သည်။ သို့ရာတွင် သူတို့မှာ အလွန်အဝေးကြီးသို့လည်း သွားချင်ပုံမရကြဘဲ ခြေလှမ်းဆယ်လှမ်းမျှ အကွာအဝေးလောက်မှ ခပ်ခွာခွာနေ၍ ကြီးမား၍ မသိနားမလည်သော မျက်လုံးအစုံတို့ဖြင့် 'သစ်ကိုင်းဖြင့် ထုတ်ချင်းဖောက်သွား'နိုင်သော အနှီအဖိုးတန်အရာကို စူးစိုက်ကြည့်နေကြလေ၏။

ချူဟွမ်မှာ ကလေးတစ်ယောက်ကို မည်သို့ချော့ရမည် မသိလေရာ ကိုယ်ကိုကိုင်းလျက် ငိုယိုနေသော မောင်ခေါင်းပြောင်လေးကို ချီလိုက်ပေသည်။

ကလေးများအားလုံးမှာ သူ့လှုပ်ရှားမှုနှင့်အညီ ခေါင်းမော့ကြည့်လာကြကာ မောင်ခေါင်းပြောင်လေးသည်ပင်လျှင် အငိုတိတ်သွားလျက် သူ့အမူအရာမှာ "ကြည့်စမ်း... ဝက်တွေပျံနေတယ်ဟ" ဟူသကဲ့သို့ ရှိချေ၏။

ချူဟွမ်ကား မောင်ခေါင်းပြောင်လေးမှာ ဤမျှလောက်ထိန်းရလွယ်မည်ဟု မျှော်လင့်မထားမိပေ။ ထိုကောင်လေးကို ချော့စရာမလိုဘဲနှင့်ပင် အငိုတိတ်သွားပြီဖြစ်ချေရာ သူ့အိတ်ကပ်ထဲကို နှိုက်ချွတ်ရှာဖွေလိုက်သည်တွင် ခရိုင်မြို့မှ ဝယ်လာခဲ့သော နို့သကြားလုံးအချို့ကို ထုတ်လာလျက် အံ့ဩဆွံ့အနေသော မောင်ခေါင်းပြောင်လေး၏ ပါးစပ်ထဲသို့ တစ်လုံးထိုးထည့်လိုက်ပြီး အောက်ချပေးလိုက်လေသည်။

"ဟုတ်ပြီ။ သွားဆော့တော့"

မောင်ခေါင်းပြောင်လေးမှာ ချိုချဉ်ကို လျှာဖြင့်လျှက်လျက် တုန့်ဆိုင်းစွာဖြင့် ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးနောက် ချူဟွမ်ကို ပြန်လှည့်ကြည့်လာကာ ခြေလှမ်းတိုင်းတွင် ထိုသို့ ပြန်ကြည့်ကြည့်နေပြီး အတော်ဝေးဝေးရောက်သည်အထိ ဆက်တိုက်လှည့်ကြည့်နေဆဲပင်။

ထိုကလေးမှာ ခိုင်မာသောဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်ပုံရှိကာ ချူဟွမ်တစ်ယောက် ထိုကလေး အသက်ပြင်းပြင်းရှူသွင်းလျက် ကမ္ဘာကြီးအပေါ် သူ့၏ နောက်ဆုံးသောအမြင်ကို အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်ကို ကြားလိုက်ရပေ၏။
" 'ဘုရင်ကြီး ဘုရင်ကြီး'က အချောဆုံးပဲ!"

/ဟေ့... သစ္စာဖောက်သွားပြီလား? တကယ့်ကို ဖူကျစ်ကောင်း* ရဲ့ မျိုးစေ့ကောင်းလေးပဲ/
[ဖူကျစ်ကောင်း (蒲志高: Pú ZhìGāo) - "ကမ်းပါးနီ"(红岩 - Red Crag) ဆိုတဲ့ ကွန်မြူနစ်တော်လှန်ရေးခေတ်နောက်ခံ ဝတ္ထုတစ်ပုဒ်ထဲက ဇာတ်ကောင်နာမည်ပါ။ ဇာတ်လိုက် "အစ်မကြီး ကျန်း" ကို သစ္စာဖောက်သွားတဲ့ သူပေါ့]

ချူဟွမ်တစ်ယောက် ရယ်ရန်အချိန်မရလိုက်ပါလေ။ ရုတ်တရက် သူ့ခြေအစုံအောက်တွင် ကြီးမားလှသောလှုပ်ခတ်မှုတစ်ခုကို ခံစားလိုက်ရ၏။

/ငလျင်လား?/

------------------------

Please support NUG. အရေးတေ်ာပုံ အောင်ရမည် 💪

27. 5. 2021

❤❤❤

(Zawgyi)

သန္မာေသာေယာက္်ားသားမ်ားကား သံမဏိေထာက္တိုင္ႀကီးမ်ားပမာ

ထိုေန႔က ခ်ဴဟြမ္တစ္ေယာက္ ပါးစပ္ထဲတြင္ သစ္သီး႐ိုင္းတစ္လုံး၊ လက္ထဲတြင္ စာတစ္အုပ္ႏွင့္ ေတာထဲတြင္ ၿငိမ္းခ်မ္းစြာ လာေရာက္ အေလလိုက္ေနခဲ့ေလသည္။ နန္ရွန္းက ေတာထဲတြင္ တိရစာၦန္႐ိုင္းမ်ားရွိေသာေၾကာင့္ တတ္ႏိုင္သမွ် ေဝးေဝးေနရန္ တစ္ခါေျပာထားခဲ့ဖူးေသာ္လည္း ခ်ဴဟြမ္ကား ဂ႐ုမစိုက္လွပါေခ်။ သူ႔အေနျဖင့္ ေတာ႐ိုင္းတိရစာၦန္မ်ားမွာ အေတာ္ေလး ခ်စ္စရာေကာင္းသည္ဟုသာ ေတြးမိေခ်၏။

သူသည္ အျမင့္ဆုံးသစ္ပင္ကို ရွာေဖြၿပီးေနာက္ လ်င္ျမန္ဖ်တ္လတ္စြာ တက္သြားလိုက္ေပသည္။ လမ္းတစ္ဝက္တြင္မူ သစ္ကိုင္းေပၚတြင္ တြဲခိုေနေသာ အဆိပ္ရွိေႁမြတစ္ေကာင္ႏွင့္ တိုးေလေတာ့၏။ ေႁမြမွာ သူ႔ပိုင္နက္ကို က်ဴးေက်ာ္ခံလိုက္ရသည့္အတြက္ ခ်က္ခ်င္းပင္ အလိုအေလ်ာက္ လႈပ္ရွားတိုက္ခိုက္လာေတာ့သည္။ ခ်ဴဟြမ္က လက္ကိုဆန႔္တန္း၍ တိက်စြာဖမ္းဆုပ္ဖ်စ္ညႇစ္လိုက္သည္တြင္ ေႁမြ၏ခုနစ္လက္မအရွည္ေနရာ ႏွလုံးတည္ရွိရာတည့္တည့္ကို ကြက္တိထိသြားေလသည္။ သူက ထိုသတၱဝါကို အသာေလးလႊင့္ပစ္လိုက္ၿပီး ေနရာမွအတင္းအၾကပ္ေျပာင္းေ႐ႊ႕ခိုင္းျခင္းႏွင့္ ေနရာအသစ္ခ်ေပးထားျခင္းတို႔ကို ေဆာင္႐ြက္လိုက္ေပ၏။

သူ႔ေၾကာင့္ အဆိပ္ေႁမြမွာ ေဒါသျဖစ္လြန္း၍ သစ္ကိုင္းေပၚတြင္ အလိပ္လိုက္ ေခြသြားရွာေတာ့သတည္း။

ထို႔ေနာက္တြင္မူ ခ်ဴဟြမ္တစ္ေယာက္ ေႁမြ၏အသိုက္အၿမဳံကို ေမာင္ပိုင္စီးလိုက္ကာ ေတာနက္ထဲတြင္ ျမင္ကြင္းမွကြယ္ေနသည့္ အျမင့္တစ္ေနရာကို ရွာေဖြေတြ႕ရွိသြားၿပီးသည့္ေနာက္ သစ္ပင္ႀကီး၏ပင္စည္ကို ေက်ာမွီ၍ ထိုင္ခ်လိုက္ေလသည္။

စာအုပ္မ်ားမွာ ခ႐ိုင္ၿမိဳ႕ထဲမွ မၾကာမီပိတ္ေတာ့မည္ျဖစ္ေသာ စာအုပ္ဆိုင္ေလးတစ္ဆိုင္မွ ဝယ္လာခဲ့ျခင္းပင္။ "စာအုပ္ဆိုင္"ဟုသာေျပာရေသာ္လည္း အဓိကလုပ္ငန္းမွာ ေအးစက္စက္မြဲေျခာက္ေျခာက္ငါးဟင္းမ်ားႏွင့္ အာလူးေခ်ာင္းေၾကာ္တို႔ ေရာင္းခ်ျခင္းပင္ ျဖစ္ေခ်သည္။ ထိုဆိုင္တြင္ စာအုပ္ေဟာင္းမ်ားႏွင့္ မဂၢဇင္းမ်ားကို အခ်ိန္ပိုင္းတစ္ခုေလာက္အတြက္ ေခတၱေရာင္းခ်ေနျခင္းျဖစ္၏။ ထိုအခ်ိန္တုန္းက အလ်င္စလိုထြက္ခြာရေတာ့မည္ျဖစ္ေသာေၾကာင့္ ခ်ဴဟြမ္မွာ စာအုပ္မ်ားထဲတြင္ ေရးထားသည့္အေၾကာင္းအရာမ်ားကို ၾကည့္ပင္မၾကည့္ပဲ ဒါဇင္ေပါင္းမ်ားစြာ လက္ကားဝယ္ခ်လာခဲ့ျခင္းျဖစ္ေပသည္။ လီယီမ်ိဳးႏြယ္စုသို႔ ေရာက္ၿပီးသည့္အခါတြင္မွ လွန္ေလွာၾကည့္ရႈျဖစ္ကာ ႐ုပ္ပုံမ်ားပါသည့္ မဂၢဇင္း‌ေဟာင္းမ်ားကိုမူ နန္ရွန္းက အကုန္ မ သြားေလရာ သူ႔ထံတြင္ အတည္အခန႔္လက္ရာႀကီးမ်ားသာ က်န္ခဲ့ေတာ့၏။

စာေပအႏုပညာကိုခံစားတတ္ေသာဗီဇ လုံးဝကိုမရွိသည့္ ခ်ဴဟြမ္ကဲ့သို႔ေသာ လူတစ္ေယာက္အတြက္ကား ထိုအရာမ်ားမွာ အိပ္ခ်င္စရာေကာင္းေအာင္ ဆြဲေဆာင္ႏိုင္ေသာ ဖတ္စရာမ်ားသက္သက္ ျဖစ္ေလသည္။

စာအုပ္ထဲမွ အေၾကာင္းအရာမ်ားမွာ နဂိုတည္းကကို နားလည္ႏိုင္ရန္ ခက္ခဲရႈပ္ေထြးလွႏွင့္ၿပီးျဖစ္၏။ တစ္ခါတရံတြင္ ႂကြက္ကိုက္ထားေသာေၾကာင့္ ေဟာင္းေလာင္းေပါက္မ်ားျဖစ္ေနသည့္ေနရာမ်ားကို ေန႔တစ္ဝက္ေလာက္ၾကာေအာင္ စိုက္ၾကည့္ေနရကာ ဦးေႏွာက္ပြင့္ထြက္မတတ္ စဥ္းစားေတြးေခၚၿပီးမွ အေၾကာင္းအရာကို ဆက္စပ္သိႏိုင္ရေပေတာ့သည္။ ခ်ဴဟြမ္သည္ သက္သက္မဲ့အခ်ိန္ျဖဳန္းေနျခင္းသာျဖစ္ၿပီး အလြန္ေႏွးေကြးစြာ ဖတ္ရႈေနျခင္းျဖစ္ကာ စိတ္ဝင္တစားလည္း မရွိလွပါေခ်။ တစ္ခါတရံတြင္ စာေလးတစ္လုံးႏွစ္လုံးေလာက္ကို ခက္ခက္ခဲခဲေခါင္းထဲဝင္ေစၿပီး တစ္ခါတစ္ခါတြင္မူ မွိန္ေဖ်ာ့တြန႔္လိပ္ေနေသာ စာမ်က္ႏွာတစ္ခုကို ဟာလာဟင္းလင္းႀကီး ေငးၾကည့္ေနေလ၏။

ထိုေန႔တြင္ကား သစ္သီး႐ိုင္းတစ္လုံးကို ကိုက္စားၿပီး႐ုံသာရွိေသးသည့္အခ်ိန္တြင္ သူ႔ပတ္ဝန္းက်င္ သစ္ပင္ေအာက္နားေလာက္မွ အသံမ်ားၾကားလိုက္ရေပသည္။

ခ်ဴဟြမ္တစ္ေယာက္ နားစြင့္ေနလိုက္ၿပီးသည့္ေနာက္ ထိုအသံဗလံမ်ားအနက္ တစ္ခုခုက ပုံမွန္မဟုတ္သည္ကို အာ႐ုံခံလိုက္မိေသာေၾကာင့္ ေခါင္းငုံ႔ၾကည့္လိုက္မိေလ၏။ ထို႔ေနာက္ ထိတ္လန႔္စရာေကာင္းစြာပင္ တစ္ေနရာရာမွ ေတာထဲသို႔ ေျပးဝင္လာေသာ ေတာဝက္႐ိုင္းတစ္ေကာင္ကို ျမင္လိုက္ရေပေတာ့သည္။

ခ်ဴဟြမ္ကား ေတာဝက္႐ိုင္းမ်ားကို မေၾကာက္ပါေလ။ ထိုအေကာင္မွာ က်ား႐ိုင္းတစ္ေကာင္ျဖစ္ေနလွ်င္ပင္ သူ႔ကို ဘာမွလာလုပ္ႏိုင္မည္မဟုတ္ေသာ္လည္း - ကိစၥရွိသည္မွာ သစ္ပင္ေအာက္တြင္ ကေလးႏွစ္ေယာက္ရွိေနေသာေၾကာင့္ ျဖစ္၏။

သူတို႔ထဲမွ တစ္ေယာက္မွာ ေရွာင္ဖန္း၏ ဆယ့္ႏွစ္ႏွစ္အ႐ြယ္သမီး ဟြားကူးေသြာ္ * ျဖစ္ေခ်သည္။ ထိုကေလးမ၏ ဆံပင္ပုံစံမွာ တစ္မူထူးျခားေပ၏။ အျခားသူမ်ားမွာ က်စ္ဆံၿမီးက်စ္သည့္အခါတြင္ တစ္ေခ်ာင္း သို႔မဟုတ္ ႏွစ္ေခ်ာင္းသာက်စ္ေလ့ရွိၾကေသာ္လည္း သူ႔တြင္မူ က်စ္ဆံၿမီးသုံးေခ်ာင္းရွိေလသည္။ ဘယ္တစ္ေခ်ာင္း၊ ညာတစ္ေခ်ာင္းႏွင့္ ေနာက္ဖက္တည့္တည့္တြင္ တစ္ေခ်ာင္းတို႔ ျဖစ္၏။ စၾကည့္ၾကည့္ခ်င္းတြင္ လူမ်က္ႏွာေနာက္၌ ကပ္တြယ္ေနေသာ နက္ေမွာင္ေတာက္ပေနသည့္ ဆင္ႀကီးတစ္ေကာင္ႏွင့္တူလွေသာေၾကာင့္ ခ်ဴဟြမ္က အျမင့္မွေန၍ တစ္ခ်က္ၾကည့္လိုက္႐ုံႏွင့္ ထိုကေလးမမွန္း တန္းမွတ္မိေနျခင္းပင္။
[ဟြားကူးေသြာ္ (花骨朵) - ေရွာင္ဖန္းသမီးရဲ႕ နာမည္ပါ။ ဒီဟာကလည္း တ႐ုတ္လို "ပန္းငုံေလး"ဆိုတဲ့အဓိပၸာယ္ပါပဲ။ ေရွ႕အခန္းမွာတုန္းကက် ျမန္မာလို ဘာသာျပန္ထားတာနဲ႔ "ပန္းငုံေလး" လို႔ပဲသုံးခဲ့ေပမယ့္ ခုအခန္းကစၿပီး နာမည္ျဖစ္တဲ့အတြက္ေၾကာင့္မို႔ "ဟြားကူးေသြာ္"လို႔ပဲ ဆက္သုံးေတာ့မွာ ျဖစ္ပါတယ္]

ဟြားကူးေသြာ္၏ ထာဝရခိုင္းဖတ္ကေလးျဖစ္ပုံရေသာ ေနာက္ထပ္ေကာင္ငယ္ေလးတစ္ေယာက္လည္း ရွိေနေသး၏။ ခ်ဴဟြမ္တစ္ေယာက္ ထိုကေလးမွာ သန္မာ၍ ႐ိုးသားကာ ဟြားကူးေသြာ္ထက္ ပိုငယ္ေၾကာင္းကို မွတ္မိေခ်သည္။

ခ်ဴဟြမ္မွာ အခ်ိန္မဆြဲရဲဘဲ စာအုပ္ကို တစ္ဖက္သို႔ပစ္ခ်လိုက္ၿပီး ပင္စည္တစ္ေလွ်ာက္ တိတ္တဆိတ္ေလွ်ာဆင္းလာေပ၏။ သူသည္ ကြၽမ္းက်င္အဆင့္ လူသတ္သမားတစ္ေယာက္ျဖစ္ေလရာ သူျဖတ္သန္းသြားေသာေနရာတိုင္းမွာ ေလျပည္ေလးတစ္ခ်က္တိုက္သြားသကဲ့သို႔ပင္ရွိေနကာ သစ္႐ြက္ေလးတစ္႐ြက္မွ်ပင္ လႈပ္ခတ္မသြားပါေလ။

သူထြက္လာတုန္းက ေသနတ္သယ္မလာခဲ့မိေပ။ သူ႔ထံတြင္ စစ္တပ္သုံးဓားေျမႇာင္ႏွင့္ နန္ရွန္းေပးထားေသာ ဓားတိုေလးတစ္ေခ်ာင္းသာရွိကာ ႏွစ္ခုလုံးမွာ လက္နက္ေအး*မ်ားျဖစ္ၾက၏။ အနီးအနား ဆယ္မီတာပတ္လည္ခန႔္အကြာအေဝးအတြင္းသို႔ ေရာက္လာသည္ႏွင့္တစ္ၿပိဳင္နက္ ေတာဝက္႐ိုင္းမွာ လူနံ႔ကိုရသြားေတာ့မည္။ သူ႔အေနျဖင့္ အခ်ိန္မီႏိုင္ေအာင္ လ်င္ျမန္ရန္လိုအပ္ၿပီး တစ္ခ်က္တည္းအျပတ္ရွင္းပစ္ရေပမည္။ ေတာဝက္႐ိုင္းက ႐ုန္းကန္ရန္ သို႔မဟုတ္ ထြက္ေျပးရန္ အခြင့္အေရးရသြား၍ လုံးဝမျဖစ္။ သို႔တည္းမဟုတ္က ကေလးႏွစ္ေကာင္တြင္ အႏၲရာယ္ရွိႏိုင္ေလ၏။
[လက္နက္ေအး - ယမ္းမႈန႔္တို႔၊ တျခားေပါက္ကြဲေစတတ္တဲ့ ပစၥည္းမ်ိဳးေတြတို႔၊ ဓာတုဓာတ္ျပဳတာတို႔ကေနျဖစ္တဲ့ မီးေတြ ေပါက္ကြဲတာေတြမပါတဲ့ လက္နက္အမ်ိဳးအစားေတြကို ေခၚတာပါ]

ခ်ဴဟြမ္က သုံးေျမႇာင့္ဓားသြားကို လက္ထဲတြင္ ေျမႇာက္ကိုင္လ်က္ မ်က္စိတစ္မွိတ္အတြင္းတြင္ပင္ သူတိုက္ခိုက္မည့္ ေထာင့္အေနအထားကို ခ်ိန္ညႇိလိုက္ၿပီးျဖစ္ေခ်သည္။ သူစတင္တိုက္ခိုက္ရန္ အသင့္ျဖစ္႐ုံသာရွိေသးခ်ိန္တြင္ မည္သူက ႀကိဳသိထားႏွင့္ပါမည္နည္း... ဟြားကူးေသြာ္က အခ်က္မေပးဘဲ ႐ုတ္တရက္ ေတာဝက္႐ိုင္းေရွ႕ေမွာက္သို႔ ေျပးခ်သြားေပ၏။ ကေလးမေလး၏ ကိုယ္ခႏၶာမွာ ခ်ဴဟြမ္ႏွင့္ ေတာဝက္႐ိုင္းတို႔ၾကားတြင္ တည့္တည့္ႀကီးပိတ္ေနေလသည္။

/ဒီ သတၱဝါေလးကေတာ့ တန္းကနဲကို မသာေပၚခ်င္ေနတာပဲ!/

ခ်ဴဟြမ္မွာ ထိုေနရာတြင္ပင္ ေခြၽးေစးမ်ား ျပန္သြားရေတာ့၏။

အႏွီေတာဝက္႐ိုင္းမွာ သိပ္မႀကီးလွဘဲ အျမင္အရ တ႐ုတ္ပိႆာခ်ိန္*တစ္ရာခန႔္ရွိမည္ဟု ခန႔္မွန္းရေလသည္။ ထိုသတၱဝါမွာ မည္သို႔မည္ပုံ တစ္ေကာင္တည္းျဖစ္ေနသည္ကို မသိရေသာ္လည္း ေတာဝက္မ်ားထဲတြင္ အေကာင္ႀကီးႀကီးဟုတ္မေနသည့္တိုင္ ၾကမ္းတမ္းရန္မူတတ္ေသာ သတၱဝါမ်ိဳးစိတ္တစ္မ်ိဳးအျဖစ္ အသာစီးရေနေပသည္။ လူသားကေလးမေလးတစ္ေယာက္ေလာက္ကို မ်က္လုံးထဲတြင္ပင္ ထည့္မထားေၾကာင္းကား ထင္ရွားေလ၏။ ေတာဝက္႐ိုင္းက မိန္းကေလးငယ္ဘက္သို႔ဦးတည္လ်က္ အစြယ္တေဖြးေဖြးျဖင့္ ေျပးလာေနၿပီျဖစ္သည့္အျပင္ ခ်ဴဟြမ္၏ တိုက္ခိုက္ရမည့္လမ္းေၾကာင္းကိုလည္း ထိုကေလးမက ဖ်က္ဆီးထားလိုက္ၿပီျဖစ္ေခ်သည္။ သူ႔အေနျဖင့္ တည္ေနရာကိုအခြင့္ေကာင္းယူလ်က္ လ်င္ျမန္စြာ ေနရာေ႐ႊ႕လိုက္ရန္သာ ရွိေပေတာ့သည္။
[တ႐ုတ္ပိႆာခ်ိန္ - တ႐ုတ္အေလးခ်ိန္အတိုင္းအတာတစ္မ်ိဳးျဖစ္ပါတယ္။ ဒီအေလးနဲ႔ တစ္ပိႆာအေလးခ်ိန္က တ႐ုတ္ႏိုင္ငံမွာဆိုရင္ ၅၀၀ ဂရမ္ေလာက္၊ ထိုင္ဝမ္နဲ႔ ဂ်ပန္မွာဆိုရင္ ၆၀၀ ဂရမ္ေလာက္နဲ႔ ေဟာင္ေကာင္၊ မေလး၊ စကၤာပူတို႔မွာဆို ၆၀၄ ဂရမ္ေလာက္ အေလးခ်ိန္ပါ။]

ထိုအခ်ိန္တြင္ပင္ ခ်ဴဟြမ္တစ္ေယာက္ ဟြားကူးေသြာ္၏ သူငယ္ခ်င္းေလးက ဒူးေလးတစ္ေခ်ာင္း ထုတ္လာသည္ကို ေတြ႕လိုက္ရေလ၏။

သူ႔မ်က္ဝန္းေထာင့္စြန္းမ်ား လႈပ္ခတ္သြားရၿပီးေနာက္ ခ်က္ခ်င္းပင္သေဘာေပါက္သြားရေတာ့သည္။ ထိုကေလးႏွစ္ေယာက္ ဤမွ်ၾကာေအာင္ တဝဲလည္လည္လုပ္ေနၾကသည္မွာ တိုက္ဆိုင္ျခင္းသက္သက္ေတာ့ မဟုတ္ႏိုင္။ သူတို႔သည္ ဤေနရာ၌ ေတာဝက္ဖမ္းရန္ အခ်ိန္အေတာ္ၾကာေအာင္ အစီအစဥ္ဆြဲထားခဲ့ၾကျခင္းပင္ ျဖစ္ေခ်မည္။

ေတာဝက္မ်ား၏ အေရျပားမွာ ထူထပ္ၾကမ္းတမ္းလွေလရာ တစ္ခါမွ ေလ့က်င့္သင္ၾကားမထားဖူးသူတစ္ေယာက္အတြက္ ႐ိုင္ဖယ္ေသနတ္ႏွင့္ ပစ္မည္ဆိုလွ်င္ပင္ လဲက်သြားေအာင္ပစ္ႏိုင္ရန္ မျဖစ္ႏိုင္ေပ။ ေရွာင္ဖန္း၏သမီးမွာ ေခါင္းေဆာင္ႀကီးေရွ႕ေမွာက္တြင္ပင္ ဖခင္ျဖစ္သူ၏ လက္ကိုကိုက္ခ်ရဲေသာ အာဂသတၱိပိုင္ရွင္ သူရဲေကာင္းအမ်ိဳးသမီးပင္ ျဖစ္ကာ မိုးေျမတို႔၏ အတိမ္အနက္ကိုပင္ မသိေတာ့သည့္ အေျခအေန*သို႔ ဆိုက္ေရာက္ေနေခ်ၿပီ။
[မိုးေျမတို႔၏ အတိမ္အနက္ကိုပင္ မသိေတာ့သည့္ အေျခအေန - ကိုယ့္အရည္အခ်င္းေတြကို ဘဝင္ျမင့္လြန္းေနၿပီလို႔ ဆိုလိုတဲ့ အသုံးအႏႈန္းျဖစ္ပါတယ္]

သို႔ရာတြင္ မိတ္ေဆြငယ္ေလးတစ္ေယာက္ ေတာဝက္႐ိုင္းအလိုက္ခံေနရခ်ိန္တြင္ အၿမဲတမ္းအထုအ႐ိုက္ခံေနရသည့္ သဲအိတ္တစ္လုံးႏွယ္ ရွိေနခဲ့ေသာ ေနာက္လိုက္ေကာင္ကေလးမွာ အံ့ဩစရာေကာင္းလွစြာ မ်က္ႏွာတစ္ခ်က္ေျပာင္း၍ပင္မသြားပါေလ။ ေကာင္ေလး၏ ေျခအစုံမွာ ေျမျပင္တြင္ ၿမဲၿမံစြာရပ္ထားၿမဲပင္ရွိေနကာ ကေလးမေလးက လွစ္ကနဲ သစ္ပင္ေပၚသို႔ ခုန္တက္သြားေလ၏။ ေတာဝက္မွာ သစ္ပင္၏အျမစ္ကို ဝင္တိုက္မိေတာ့မလိုပင္ ျဖစ္သြားလ်က္ အေတာ္ေလးအားသုံး၍ အရွိန္သတ္လိုက္ရကာ ၎၏ လႈပ္ရွားမႈမ်ားမွာ ေႏွးေကြးသြားရေတာ့သည္။ ေကာင္ကေလးက ဤလွ်ပ္တစ္ျပက္အခြင့္အေရးကို မလြတ္တမ္းဖမ္းဆုပ္လ်က္ ဒူးေလးမွ ပစ္လႊတ္လိုက္ေသာျမားခ်က္က ေတာဝက္၏ေခါင္းကို တည့္တည့္မွန္သြားေလ၏။

ခ်ဳံႏြယ္မ်ားၾကားတြင္ ပုန္းေနခဲ့ေသာ ခ်ဴဟြမ္မွာ ထိုေကာင္ေလးအတြက္ ခ်ီးက်ဴးစကားတစ္ခြန္းေလာက္ ေအာ္ေျပာလိုက္ခ်င္စိတ္ကို မနည္းထိန္းထားရေပသည္။

ဤအခ်ိန္တြင္ ခ်ဴဟြမ္တစ္ေယာက္ ေတာဝက္၏ေနာက္ေက်ာဘက္ဆီ ေရာက္ေနၿပီျဖစ္၏။ သည္အေနအထားမွဆိုလွ်င္ သူ႔လက္ျဖင့္ ထိုသတၱဝါကို ဝက္ေပါက္ကင္တစ္ပြဲဘဝေရာက္သြားေအာင္ ေျပာင္းလဲပစ္ႏိုင္ေလသည္။ သူ႔ဘက္မွ ထိုကဲ့သို႔ေသခ်ာေနသည့္အတြက္ မလႈပ္ရွားဘဲ ေခတၱမွ် ၿငိမ္သက္ေနလိုက္၏။ သူ႔အေနျဖင့္ ကေလးႏွစ္ေကာင္ ဘာဆက္လုပ္မည္ဆိုသည္ကို ေစာင့္ၾကည့္ရန္ ဆုံးျဖတ္လိုက္ေခ်သည္။

ေကာင္ေလး၏လက္ထဲမွ ဒူးေလးမွာ လက္ရာၾကမ္းၾကမ္းျဖင့္ပင္ ျပဳလုပ္ထားျခင္းျဖစ္၍ ျပင္းအားအရေရာ တိက်မႈတြင္ပါ အကန္႔အသတ္ရွိေန၏။ ဤလက္နက္မ်ိဳးကိုသုံး၍ ေတာဝက္႐ိုင္း၏ေခါင္းကို အားျပင္းျပင္းျဖင့္ ပစ္ခြင္းႏိုင္ရန္ဆိုသည္မွာ နည္းစနစ္ပိုင္းကိုလည္း ကြၽမ္းက်င္ရမည့္အျပင္ အလြန္တည္ၿငိမ္ေသာ ကိုယ္ခႏၶာအရည္အခ်င္းမ်ိဳးလည္း လိုအပ္လွေပသည္။ ဤရႈေထာင့္မ်ိဳးမွဆိုလွ်င္ သည္ေကာင္ေလးမွာ လူႀကီးအမ်ားစုထက္ပင္ပို၍ သာလြန္ေနၿပီျဖစ္၏။

ခ်ဴဟြမ္တစ္ေယာက္ ခံစားလိုက္မိသည္မွာ ကေလးႏွစ္ေကာင္သည္ သူတို႔၏အရည္အခ်င္းမ်ားကို ဘဝင္ျမင့္လြန္းေနရေလာက္ေအာင္ တုံးအေနသူမ်ား မဟုတ္ၾက ဟူ၍ပင္။

တစ္ခ်ိန္တည္းတြင္ပင္ သစ္ပင္ထိပ္ဖ်ားမွ မိန္းကေလးငယ္က ကြၽမ္းထိုးလ်က္ခုန္ခ်လာၿပီး သစ္ပင္ေနာက္ကြယ္တြင္ ဝွက္ထားခဲ့ေသာ မွိန္းတစ္ေခ်ာင္းကို ထုတ္လာေပသည္။ အေပၚမွ ခုန္ခ်လာခ်ိန္တြင္ သူ႔အေလးခ်ိန္ကိုသုံးလ်က္ ေတာဝက္၏လည္ၿမိဳတည့္တည့္ကို ထိုးစိုက္ခ်လိုက္ေခ်၏။

ေတာဝက္မွာ ေနာက္ဆုံးအႀကိမ္အျဖစ္ ႐ုန္းကန္ေနလ်က္ ထိုအေၾကာက္အကန္လႈပ္ရွားမႈေၾကာင့္ မွိန္းတံမွာ ကေလးမ၏ လက္ထဲမွ လြတ္ထြက္သြားေလသည္။ သို႔ရာတြင္ ထိုမိန္းကေလးမွာ တြန႔္ဆုတ္မသြားဘဲ တည္ၿငိမ္စြာပင္ လက္လႊတ္ေပးလိုက္ကာ ေနာက္သို႔ေျခလွမ္းအနည္းငယ္ဆုတ္လိုက္ၿပီးေနာက္ ၿမဲၿမံစြာရပ္လ်က္ ေကာင္ေလးထံ ေအာ္ေျပာလိုက္ေပ၏။
"သူ႔ပါးစပ္ကို ပစ္။ ပါးစပ္ကိုပစ္!"

ဤသည္ကား လီယီမ်ိဳးႏြယ္စုဘာသာစကားပင္ ျဖစ္ေခ်သည္။ ဤအေတာအတြင္း ခ်ဴဟြမ္တစ္ေယာက္ ေက်ာင္းသားမ်ားကို တ႐ုတ္စာသင္ေနစဥ္အခါတိုင္း နန္ရွန္းက သူ႔ေဘးမွေန၍ တစ္ခ်ိန္လုံး ဘာသာျပန္ျပေနခဲ့ျခင္း ျဖစ္ေလ၏။ ခ်ဴဟြမ္မွာ တစ္ေလွ်ာက္လုံး မ်က္ႏွာေသျဖင့္ ေနေနခဲ့ေသာ္လည္း မည္သူမွ်မသိေစဘဲ တိတ္တဆိတ္ တစ္ခုခ်င္းစီ မွတ္သားေနခဲ့ျခင္းပင္။

မရင္းႏွီးသည့္ ပတ္ဝန္းက်င္သို႔ ေရာက္ေနခ်ိန္၌ သူ႔စိတ္ထဲတြင္ သက္ေသာင့္သက္သာျဖစ္ေနသည္ဆိုလွ်င္ေတာင္ သူ႔အေနျဖင့္ အခ်ိန္တိုအတြင္းတြင္ ရႏိုင္သမွ်သတင္းအခ်က္အလက္မ်ားကို အစြမ္းကုန္စုေဆာင္းေနမိမည္သာ။ သူ႔အေနျဖင့္ မ်ားမ်ားစားစားမတတ္ကြၽမ္းလွေသာ္လည္း ကေလးမ်ားသုံးေသာ စကားလုံးမ်ားမွာ ႐ိုးရွင္းသည္ဟု ဆိုႏိုင္ေလရာ သူတို႔ေျပာေနသမွ်ကို အကုန္နားလည္ေနႏိုင္ေပသည္။

... သဘာဝက်က်ပင္ ခ်ဴဟြမ္တစ္ေယာက္ အေပၚယံတြင္မူ လုံးဝနားမလည္ႏိုင္ေၾကာင္း ဟန္ေဆာင္ေနခဲ့ျခင္းျဖစ္ေခ်၏။ သို႔မဟုတ္ပါက လီယီမ်ိဳးႏြယ္စု၏ စိတ္အားထက္သန္မႈမ်ိဳးျဖင့္ဆိုလွ်င္ သူ႔ကို သူတို႔ဘာသာစကားကိုျပန္သင္ေပးရန္ လုပ္အားေပးအဖြဲ႕တစ္ဖြဲ႕ပါ တည္ေထာင္လာႏိုင္ေလသည္။

ေကာင္ကေလးက အမိန႔္ကို ခ်က္ခ်င္းပင္နာခံလ်က္ ေနာက္ထပ္ျမားတစ္စင္းကို ပစ္ခြင္းလိုက္သည္တြင္ ေတာဝက္၏ေခါင္းကို တူညီသည့္ဘက္ျခမ္းတြင္ပင္ ထပ္၍ထိမွန္သြားေလ၏။ ထလာရန္ စတင္ႀကိဳးစားေန႐ုံရွိေသးေသာ ေတာဝက္မွာ ခ်က္ခ်င္းပင္ ပစ္လဲက်သြားျပန္ေတာ့သည္။ ထို႔ေနာက္ ေကာင္ေလးက အလြန္စဥ္းလဲေသာ လုပ္ရပ္တစ္ခုကို လုပ္လိုက္ေပသည္။ နာက်င္မႈေၾကာင့္ ပါးစပ္ဟ၍ ေအာ္ဟစ္လိုက္သည္ကို အခြင့္ေကာင္းယူလ်က္ ထိုသတၱဝါ၏ လည္ေခ်ာင္းထဲသို႔ ဒူးေလးျဖင့္ ထပ္ပစ္လိုက္ျခင္းပင္ ျဖစ္ေခ်၏။

ခ်ဴဟြမ္၏မ်က္စိေရွ႕ေမွာက္တြင္ပင္ သတၱဝါႀကီးမွာ လုံးဝအသက္ထြက္သြားခဲ့ေလၿပီ။

သူ႔အေနျဖင့္ သက္ျပင္းဖြဖြတစ္ခ်က္သာခ်လ်က္ အနည္းငယ္ေတာ့ မယုံႏိုင္စရာေကာင္းသည္ဟု ခံစားမိေပ၏။

ခ်ဴဟြမ္ကား ေနာက္ဆုံးအခ်ိန္အထိ လူလုံးထြက္မျပပါေခ်။ သူသည္ မိန္းကေလး ဟြားကူးေသြာ္တစ္ေယာက္ အႀကိမ္ေရအနည္းငယ္မွ် အသက္ျပင္းျပင္းရႉလ်က္ သူ႔ေနာက္လိုက္ေကာင္ကေလးကို အမိန႔္ေပးေနသည္ကို ၾကည့္၍သာေနေလသည္။

"တစ္ေယာက္ကို ေျခေထာက္တစ္ဖက္စီ ဆြဲသယ္သြားၾကမယ္။ နင္က ဟိုဘက္၊ ငါက ဒီဘက္"

ေနာက္လိုက္ကေလးမွာ တစ္ခ်က္မွ်ပင္ အထြန္႔မတက္ရဲပါေပ။ သူက ေတာဝက္႐ိုင္း၏ ေျခတစ္ဖက္ကို နာခံစြာ ဆြဲမလိုက္ၿပီး ႏွစ္ေယာက္သား အတူတကြ တ႐ြတ္ဆြဲသယ္သြားၾကေတာ့၏။ ေျခတစ္လွမ္းႏွစ္လွမ္းမွ် စလွမ္းၿပီးခ်ိန္တြင္ ဟြားကူးေသြာ္မွာ တစ္ခုခုကို ခံစားမိသြားပုံရကာ ခ်ဴဟြမ္ပုန္းေနခဲ့ေသာေနရာကို လွည့္ၾကည့္လာေခ်သည္။ ဘာကိုမွရွာမေတြ႕သည့္အတြက္ သူ႔ေခါင္းသူကုတ္လ်က္ အနည္းငယ္စိတ္ရႈပ္စြာ ထြက္ခြာသြားေလ၏။

ခ်ဴဟြမ္တစ္ေယာက္ ေနာက္တစ္ႀကိမ္ထပ္၍ ေသခ်ာသြားရသည္မွာ လီယီမ်ိဳးႏြယ္စုတြင္ ထူးျခားေသာစြမ္းရည္မ်ား ပိုင္ဆိုင္ထားၾကပုံရွိကာ - သန္မာေသာေယာက္်ားသားမ်ားကား သံမဏိေထာက္တိုင္ႀကီးမ်ားပမာ ရွိၾကၿပီး ကေလးမ်ားကမူေတာဝက္မ်ားႏွင့္ ယွဥ္ၿပိဳင္တိုက္ခိုက္ႏိုင္ၾကေပသည္။

ယခုအခ်ိန္မွာ စာသင္ခ်ိန္စရမည့္အခ်ိန္ မေရာက္ေသးသျဖင့္ ခ်ဴဟြမ္လည္း သုံးေျမႇာင့္ဓားေျမႇာင္ကို ျပန္သိမ္းလိုက္လ်က္ သစ္ပင္မ်ားၾကားမွ ျဖည္းညင္းစြာပင္ ေလွ်ာက္လွမ္းထြက္လာခဲ့၏။ ႐ုတ္တရက္ သူ႔နားထဲတြင္ မူမမွန္ေသာလႈပ္ရွားမႈတစ္ခုကို ၾကားလိုက္ရေလသည္။ ခ်ဴဟြမ္ ေမာ့ၾကည့္လိုက္သည္တြင္ သူအတင္းအၾကပ္လႊင့္ပစ္ထားခဲ့ေသာ အဆိပ္ျပင္းေႁမြမွာ ျပန္ေရာက္လာၿပီျဖစ္ၿပီး ခက္ထန္၍ေသးငယ္ေသာ မ်က္ဝန္းအစုံျဖင့္ သူ႔ကို သတိႀကီးစြာ စူးစမ္းၾကည့္ရႈေနသည္ကို ေတြ႕လိုက္ရ၏။

ႀတိဂံပုံမ်က္ႏွာက်ရွိေသာ အဆိပ္ေႁမြတစ္ေကာင္အေနျဖင့္ အကဲျဖတ္ရလွ်င္ ထိုသတၱဝါမွာ ၾကည့္ေကာင္းေခ်ာေမာလွေပသည္။

ခ်ဴဟြမ္က ထိုသတၱဝါကို ခံစားခ်က္ကင္းမဲ့စြာျဖင့္ ခဏမွ် စိုက္ၾကည့္ေနခဲ့ၿပီးေနာက္ သူ႔အမွားကို ႐ိုးသားပြင့္လင္းစြာ ဝန္ခံလိုက္ေခ်၏။
"အိုး... ကြၽန္ေတာ္ ခုနက ႐ိုင္းပ်သြားမိပါတယ္။ ခင္ဗ်ားအဲ့အေပၚမွာ ဆက္ၿပီး တြဲေလာင္းခိုေနႏိုင္ပါတယ္"

စကားဆုံးသြားသည္ႏွင့္ ေအးေအးေဆးေဆး လမ္းေလးတစ္ပတ္မွ် ေလွ်ာက္ၿပီးသည့္ေနာက္ လီယီမ်ိဳးႏြယ္စုထံသို႔ သူ ျပန္လာခဲ့ေတာ့သည္။

အေဝးမွေန၍ ခ်ဴဟြမ္တစ္ေယာက္ ဟြားကူးေသြာ္ႏွင့္ သူ၏သူငယ္ခ်င္းေလးတို႔ ေတာဝက္ကို ျမစ္ထဲသို႔ ဆြဲသြားသည္ကို ျမင္လိုက္ရ၏။ ျမစ္ထဲတြင္ ေရငင္လ်က္ ခ်က္ျပဳတ္ေနၾကေသာ မိန္းမႀကီးမ်ားအုပ္စုမွာလည္း ထိုအျခင္းအရာကို ျမင္လိုက္ၾကရေလသည္။ သူတို႔က ခ်က္ခ်င္းပင္ ေတာဝက္ကို ဝိုင္းကူသယ္ေပးေနၾကသည္တြင္ ဟြားကူးေသြာ္ကား ထြက္ေနေသာႏွပ္ေခ်းမ်ားကို လက္ျဖင့္သာ ပြတ္ပစ္လိုက္လ်က္ ေရထဲတြင္ ခုန္ဆြခုန္ဆြျဖင့္ ေဆာ့ေနေပ၏။

ခ်ဴဟြမ္ကား စိတ္ထဲမွ ေတြးလိုက္မိေခ်သည္။
/"မင္းအေမက မင္းရဲ႕ ေခြးေျခေထာက္ေလးေတြကို ႐ိုက္ခ်ိဳးမခ်ိဳး ၾကည့္ရေသးတာေပါ့"/

စိတ္မေကာင္းစရာပင္ သူ႔ဆုေတာင္းမ်ား မျပည့္ခဲ့ပါေလ။ ေရွာင္ဖန္း၏ ဇနီးမွာ ေတာဝက္ကိုေတြ႕ေသာအခါ မဆူ႐ုံမွ်မက သမီးျဖစ္သူ၏ ႏွာေမာင္းကဲ့သို႔ေသာ က်စ္ဆံၿမီးသုံးေခ်ာင္းကို ၾကင္နာစြာပြတ္သပ္ေပးလ်က္ လြယ္လင့္တကူပင္ သြားေဆာ့ေနေစေပ၏။ အလြန္ေဝးေနသည့္အျပင္ ဘာသာစကားကိုလည္း မရင္းႏွီးလွေသာေၾကာင့္ ခ်ဴဟြမ္တစ္ေယာက္ နားစြန္နားဖ်ားၾကားသည္ဆို႐ုံမွ်သာ ၾကားလိုက္ရသည့္အသံအရမူ ထိုအမ်ိဳးသမီးက ညစာက်လွ်င္ ဟြားကူးေသြာ္အတြက္ ဝက္အသည္းကင္ေပးမည္ဟု ေျပာလိုက္ပုံရေလသည္။

ခ်ဴဟြမ္ကား သူ႔အၾကည့္ကို တိတ္ဆိတ္စြာလႊဲလိုက္ကာ ႐ုတ္တရက္ "ပညာေရးတြင္ ထိေရာက္ေသာအက်ိဳးေက်းဇူးကို ႏွစ္ေပါင္းမ်ားစြာၾကာရွည္ခံ ေစႏိုင္သည့္ အေရးပါလွေသာ လုပ္ငန္းစဥ္တစ္ခု တည္ရွိေနသည္" ဟူေသာ ဆိုလိုရင္းႏွင့္ "ဝက္ဝံအေမမွသာ ဝက္ဝံေပါက္ကေလးမ်ား ေမြးလာႏိုင္သည္* " ဟူသည့္ အဓိပၸာယ္ကို ေကာင္းေကာင္းႀကီး သေဘာေပါက္သြားရေပ၏။
['ဝက္ဝံအေမမွသာ ဝက္ဝံေပါက္ကေလးမ်ား ေမြးလာႏိုင္သည္' (有熊妈就有熊孩子) - ဆိုးသြမ္းတဲ့သားသမီးေတြက အလိုလိုက္လြန္းထားတဲ့အေမေတြေၾကာင့္မို႔ ဆိုတဲ့အဓိပၸာယ္ပါ။ တ႐ုတ္လိုက ဆိုးေပေနတဲ့ကေလးေတြကို "ဝက္ဝံေပါက္ကေလး"လို႔ေခၚၾကၿပီး "ဝက္ဝံအေမ"ဆိုတာကေတာ့ အဲ့လိုမ်ိဳးကေလးေတြရထားၿပီး သူတို႔သားသမီးကို အရမ္းအလိုလိုက္ထားတဲ့အေမမ်ိဳးေတြကို ေျပာတာပါ]

သူက ေခါင္းငိုက္စိုက္ျဖင့္ပင္ အၾကည့္မ်ားကိုထိန္းသိမ္းလ်က္ လူအုပ္ၾကားထဲ ျဖတ္သန္း၍ ေလွ်ာက္လွမ္းသြားသည္တြင္ မည္သူမွ် သူ႔ေရွ႕သို႔ လွမ္းမလာရဲၾကေခ်။ လူႀကီးမ်ားမွာ ခပ္ေဝးေဝးသို႔ ေရွာင္သြားၾကၿပီး မေတာက္တေခါက္တ႐ုတ္စကားျဖင့္ သတိႀကီးစြာ တုန႔္တုန႔္ဆိုင္းဆိုင္း ႏႈတ္ဆက္လာၾကလ်က္ ကေလးမ်ားသည္ကား "ဟူးလား" ဟူ၍သာ ေအာ္ဟစ္ၿပီး ထြက္ေျပးသြားၾကေလသည္။

ခ်ဴဟြမ္မွာ တစ္ရက္ေလးမွ်ပင္မပ်က္မကြက္ ေန႔စဥ္အတန္းမ်ား သင္ၾကားတက္ေရာက္ရသည့္ေနရာျဖစ္ေသာ ေျမကြက္က်ယ္ႀကီး၏ အလယ္သို႔ ေလွ်ာက္လာေခ်၏။ ထို႔ေနာက္ အျဖဴေရာင္ေက်ာက္သင္ပုန္းျပားႀကီးကို မွီ၍ ထိုင္ခ်လိုက္ကာ စာအုပ္ကိုလွန္ေလွာလ်က္ လူအကုန္စုံသည္အထိ ေစာင့္ဆိုင္းေနေပသည္။

မၾကာမီအခ်ိန္အတြင္းတြင္ပင္ သူ႔ကိုဗဟိုျပဳလ်က္ အခ်င္းဝက္ ငါးမီတာ ေျခာက္မီတာခန္႔ရွိေလာက္မည့္ စက္ဝိုင္းတစ္ခုပုံစံျဖင့္ ကေလးမ်ား ဝိုင္းပတ္၍ ထိုင္ေနၾကေလ၏။ သူတို႔ကား ထိုသူအေနျဖင့္ ဘာမွ်နားလည္ႏိုင္မည္မဟုတ္ဟု ထင္ေနၾကေလရာ သူ႔ေရွ႕တြင္ပင္ မထိန္းမသိမ္း ေပၚတင္အတင္းတုတ္လ်က္ ၾကည့္ရႈအကဲခတ္ေနၾကေခ်သည္။

ခ်ဴဟြမ္တစ္ေယာက္ ဝက္သတ္သမားသူရဲေကာင္း ဟြားကူးေသြာ္က သူ႔ေနာက္လိုက္ကေလးကို ေျပာျပေနသည္ကို ၾကားလိုက္ရ၏။
"မေန႔က ငါ့အေမက ငါ့ကို ေျပာတာေတာ့ 'ဘုရင္ႀကီး'ရဲ႕ႏွာေခါင္းေပၚက ပစၥည္းက ေရခဲနဲ႔လုပ္ထားတာတဲ့။ နင္ ေရခဲဆိုတာ ဘာလဲ သိလား? အဲ့ဟာက ထူရင္ ျဖဴၿပီး ပိတ္ေနမွာဆိုေတာ့ ဒါက ေတာ္ေတာ္ပါးလို႔ျဖစ္ရမယ္။ ထိ႐ုံနဲ႔ ကြဲသြားေလာက္မယ့္ ဟာမ်ိဳးပဲ"

ခ်ဴဟြမ္ကား နားေထာင္ေနရင္းျဖင့္ ႏွာ႐ိုးေပၚတြင္ ေအးစက္စက္ခံစားလိုက္ရေခ်၏။

ႏွပ္ေခ်းတြဲေလာင္းႏွင့္ ေနာက္လိုက္ေကာင္ငယ္ေလးမွာ သူ၏ "ပညာရွိ" အစ္မႀကီးကို ေလးစား႐ိုက်ိဳးစြာျဖင့္ ေမးျမန္းလာေလသည္။
"အဲ့ဒါ ဘာအတြက္လဲဟင္?"

ဟြားကူးေသြာ္ : "ငါလည္းမသိဘူး‌ေလ။ ၾကည့္ေကာင္းဖို႔ ေနရင္ေနမွာေပါ့"

ဤအခ်ိန္တြင္ သုံးေလးႏွစ္အ႐ြယ္မွ် ရွိမည္ျဖစ္ေသာ ေခါင္းတုံးေျပာင္ေျပာင္ႏွင့္ ေကာင္ကေလးတစ္ေယာက္က ႐ုတ္တရက္အသံကိုျမႇင့္လွ်က္ ကေလးဆန္လွသည့္ အသံစူးစူးေလးျဖင့္ ေအာ္ဟစ္လိုက္ေပ၏။
"ေခါင္းေဆာင္ႀကီးက ၾကည့္အေကာင္းဆုံးပဲ!"

ဟြားကူးေသြာ္ : "ပါးစပ္ပိတ္စမ္း!"

ေမာင္ေခါင္းေျပာင္ေလး*သည္ကား လ်စ္လ်ဴရႈလ်က္ပင္ ဆက္လက္ေအာ္ဟစ္ေနေခ်သည္။
"ေခါင္းေဆာင္ႀကီးက ၾကည့္အေကာင္းဆုံး!"
[ေမာင္ေခါင္းေျပာင္ေလး - ကိုယ္ေတာ္ေခ်ာ ခ်ဴဟြမ္ရဲ႕ အျမင္နဲ႔ နာမည္ေျပာင္ေပးတဲ့ စေကးေတြေပါ့ေနာ္။ ေခါင္းတုံးေလးနဲ႔မို႔ "ေမာင္ေခါင္းေျပာင္ေလး"တဲ့ ಥ⁠‿⁠ಥ ]

ဟြားကူးေသြာ္က ႐ုတ္တရက္ခုန္လ်က္ ေမာင္ေခါင္းေျပာင္၏ ေအာက္ပိုင္းအဝတ္ကိုဆြဲကာ ထိုေကာင္ေလး၏ ေျခေထာက္ ေျမျပင္မွလြတ္သြားသည္အထိ ေျမႇာက္လိုက္ၿပီး ကိုင္ေပါက္ပစ္လိုက္ေလ၏။

ကေလးအုပ္စုမွာ ဤမိန္းကေလး၏ အာဏာအလြဲသုံးစားျပဳမႈေၾကာင့္ ခ်က္ခ်င္းပင္ ၿငိမ္က်သြားရန္ တြန္းအားေပးခံလိုက္ရကာ စကားဝိုင္းထဲတြင္ ဝင္ပါ၍ အျငင္းအခုံမလုပ္ရဲၾကေတာ့ပဲ ညီညီညာညာ စီတန္းထိုင္ေနၾကလ်က္ သူတို႔၏ေဘာ့စ္ ထိုမိန္းကေလးဘက္မွ ထင္ျမင္ခ်က္ကို ေျပာျပလာရန္ ေစာင့္ဆိုင္းေနၾကေပသည္။

ခ်ဴဟြမ္သည္ကား ထိုကေလးမကို ၾကည့္ေနမိကာ ဤမိန္းကေလးအေနျဖင့္ အနာဂတ္တြင္ ႀကီးက်ယ္လွစြာေသာ လူဆိုးဓားျပႀကီးတစ္ေယာက္ ျဖစ္လာႏိုင္သည့္ အလားအလာေကာင္းရွိႏိုင္သည္ဟူ၍ ေတြးမိ၏။

ဟြားကူးေသြာ္ : "အိုး... သူ ငါ့ကိုၾကည့္ေနတယ္ဟ"

ခ်ဴဟြမ္ထံမွ ထိုအၾကည့္တစ္ခ်က္မွာ ဟြားကူးေသြာ္ကို ႐ုတ္တရက္ ေခြၽးမေလးတစ္ေယာက္သဖြယ္ ျဖစ္သြားေအာင္ လုပ္ႏိုင္လိုက္ေလသည္။ ထိုမိန္းကေလးမွာ ရွက္ကိုးရွက္ကန္းျဖင့္ ေခါင္းငုံ႔သြားၿပီး ဇက္ကေလးပုလ်က္ မ်က္ႏွာတစ္ခုလုံးလည္း နား႐ြက္မ်ားအထိ နီရဲသြားေပ၏။

ခ်ဴဟြမ္ : "..."

သူက သူ႔အၾကည့္မ်ားကို စာအုပ္ထဲမွ စာမ်က္ႏွာမ်ားထံ ျပန္‌ေ႐ႊ႕လိုက္ကာ ပိုင္ဆိုင္ႏိုင္ျခင္းႏွင့္ မသက္ဆိုင္ေသာအရာမ်ားကို လုံးဝမၾကည့္ရန္ ျပတ္သားစြာ ဆုံးျဖတ္ထားေပသည္။

ကေလးမ်ားမွာ သူ႔ကို ခ်န္ထားလ်က္ ပြစိပြစိႏွင့္ ဆက္ေလေပါေနၾကသည္ကိုသာ နားေထာင္ေနလိုက္ေလ၏။

"သူ႔လက္မွာ ပတ္ထားတဲ့အကြင္းႀကီးက အခ်ိန္ကိုၾကည့္လို႔ရတယ္လို႔ ေခါင္းေဆာင္ႀကီးကေျပာတယ္။ အဲ့ဒါ အမွန္ပဲလား၊ မဟုတ္ဘူးလား?"

ဟြားကူးေသြာ္တစ္ေယာက္ ၾကားထားေသာ အတင္းအဖ်င္းသတင္းမ်ားမွာ မနည္းမေနာပင္ျဖစ္ေလရာ ဤစကားကိုၾကားလိုက္ရသည္ႏွင့္ ေစာေစာက လန႔္သြားခဲ့သည္ကို ခ်က္ခ်င္းပင္ေမ့သြားၿပီးေနာက္ သူမ၏ 'အသိပညာ'မ်ားကို အလ်င္အျမန္ပင္ ေဝမွ်လာေခ်သည္။
"တကယ္ဟ။ ငါ့အေမေျပာတာေတာ့ အဲ့ပစၥည္းကလည္း အထိမခံဘူးတဲ့။ အဲ့ထဲက လက္တံေလးက ဆံခ်ည္တစ္မွ်င္စာေလာက္ပဲ ရွိတာမို႔ သြားထိရင္ က်ိဳးသြားလိမ့္မယ္"

ကေလးအုပ္စုမွာ ခ်က္ခ်င္းပင္ သက္ျပင္းခ်လ်က္ အႏွီ 'ျမစ္ဟိုဘက္ကမ္း'မွ ပုဂၢိဳလ္ထံတြင္ တန္ဖိုးမႀကီးသည့္ေနရာဟူ၍ တစ္ခုေလးမွ်ပင္မရွိဟု ခံစားမိလိုက္ၾကရ၏။

"မႀကီး၊ တျခား ဘာေတြက အထိမခံ က်ိဳးလြယ္ပဲ့လြယ္တာေတြ ရွိေသးလဲဟင္?"

ဟြားကူးေသြာ္က ခ်ဴဟြမ္ကို ခိုးၾကည့္လိုက္သည္တြင္ ထိုသူ၏ 'ဘာမွ် မၾကား၊ ဘာမွ် နားမလည္'ဟူေသာ ဟန္ေဆာင္ထားမႈ၌ ေအာင္ျမင္စြာ လွည့္စားခံလိုက္ရကာ စိတ္လြတ္ကိုယ္လြတ္ပင္ ေျပာခ်လာေပသည္။
"အထိမခံႏိုင္တဲ့အထဲမွာ 'ဘုရင္ႀကီး ဘုရင္ႀကီး'လည္းပါတယ္။ ဟိုဘက္ကမ္းက လူေတြအားလုံးက အဲ့အတိုင္းပဲ။ စကၠဴတစ္႐ြက္ေလာက္ေတာင္ အၾကမ္းမခံႏိုင္ၾကဘူး။ ငါ့အေဖက သူ႔ကို ေခၚဖို႔ ေခါင္းေဆာင္ႀကီးနဲ႔ လိုက္သြားတုန္းက သူ႔ကိုယ္ေပၚမွာ ဒီေလာက္ႀကီး ႀကီးတဲ့ ဒဏ္ရာႀကီးတစ္ခု ေတြ႕ခဲ့တာတဲ့... "

ဟြားကူးေသြာ္တစ္ေယာက္ လက္မ်ားကို ဆန႔္တန္း၍ အမူအရာလုပ္ျပလိုက္ကာ အေလးအနက္ ေျပာလိုက္၏။
"ေနာက္ေက်ာကေန ေရွ႕ဘက္ထိ ထုတ္ခ်င္းေပါက္ေနတာ။ ေခါင္းေဆာင္ႀကီးေျပာတာေတာ့ အဲ့ဒါက သစ္ကိုင္းနဲ႔ ထိုးမိလို႔ျဖစ္မယ္နဲ႔ တူတယ္တဲ့"

ကေလးမ်ားအားလုံးမွာ အႀကီးအက်ယ္လန႔္သြားၾကကာ ခ်ဳဟြမ္ဆီ တညီတညာတည္း အၾကည့္မ်ားကိုပို႔လႊတ္လ်က္ ေၾကာက္႐ြံ႕တုန္လႈပ္လုနီးနီး ရွိေနၾကေလသည္။

ခ်ဳဟြမ္ : "..."

/နန္ရွန္း... မင္းဟာေလ ႐ုပ္ကေလးက လုံးဝကို ေခ်ာေခ်ာေလးနဲ႔ ဒီလိုမ်ိဳး ေကာလဟာလေတြ ေလွ်ာက္ေျပာေနတာ သင့္ေတာ္ရဲ႕လားကြာ?/

"သစ္ကိုင္းေလးတစ္ကိုင္းက ... ဒီကေန ဒီအထိ ထုတ္ခ်င္းေဖာက္သြားႏိုင္တာ? အမေလး အဲ့ဒါဆို ငါျဖင့္ ထိေတာင္ မထိရဲေတာ့ဘူးေဟ!"

ဟြားကူးေသြာ္က မ်က္ခုံးပင့္လိုက္၏။

"လုပ္ၾကည့္လိုက္ေလ! ေခါင္းေဆာင္ႀကီးက 'နယ္စပ္& အထိသြားၿပီး ေခၚလာရတဲ့ဟာကို တစ္ခုခုသာ က်ိဳးပဲ့သြားရင္ နင္ေတာ့ ေသၿပီပဲ!"

"အဲ့ဒါဆို... သူ ေန႔တိုင္း ညေနဘက္မွ ထြက္ထြက္လာတာ ေနေရာင္ကို ေၾကာက္လို႔လား?"

"ေနပူထဲ ၾကာၾကာေနမိရင္ အရည္ေပ်ာ္သြားမွာမ်ားလား?"

"သူ႔ဆံပင္ကလည္း တိုလိုက္တာ။ ဆံပင္ရွည္က ေလးေနရင္ ေခါင္းႀကီး ျပဳတ္က်သြားမွာမို႔လို႔မ်ားလား?"

"ေခါင္းျပဳတ္က်သြားၿပီးရင္ ဆက္အသက္ရွင္ေနႏိုင္‌ေသးလားဟင္?"

ခ်ဴဟြမ္ကား ေက်ာက္တုံးေအာက္နားတြင္ထိုင္လ်က္ တစ္ဖက္တြင္ မတုန္လႈပ္ႏိုင္ေသာ နတ္ဘုရားတစ္ပါး၏ ျမင့္ျမတ္ေသာဣေျႏၵကို ေဆာင္ထားလ်က္ က်န္တစ္ဖက္တြင္မူ စိတ္မခ်မ္းေျမ့ဖြယ္ရာ အေတြ႕အႀကဳံမ်ားျဖစ္သည့္ "ေနေရာင္ေၾကာင့္ ေသရျခင္း"၊ "ဆံပင္ေလးေသာေၾကာင့္ ေခါင္းျပဳတ္က်ျခင္း"၊ "ေလတိုက္ေသာေၾကာင့္ ေခါင္းဟက္တက္ကြဲလ်က္ ေသြးစိမ္းရွင္ရွင္ထြက္ကာ ဒဏ္ရာရသြားျခင္း" တို႔အျပင္ "ေက်ာက္တုံးေပၚထိုင္ေန႐ုံျဖင့္ ႏွစ္ျခမ္းကြဲရျခင္း"... စသည့္ စသည့္ သူ႔အေလာင္းကိုပင္ တစ္ဆက္တစ္စပ္တည္းက်န္မေနေစႏိုင္ေလာက္ေအာင္ လွပလြန္းေသာ အဆုံးသတ္မ်ိဳးစုံကို ေတြ႕ႀကဳံခံစားေနရရွာေလသည္။

သူ႔စိတ္ထဲတြင္ ရႈပ္ေထြးမႈအခ်ိဳ႕ကို မလႊဲမေရွာင္သာပင္ ခံစားေနရေခ်၏။

ဤအခ်ိန္တြင္ပင္ ေဘာ့စ္အစ္မႀကီးဟြားကူးေသြာ္၏ ကိုင္ေပါက္ျခင္းကို ခံထားခဲ့ရေသာ ေမာင္ေခါင္းေျပာင္ေလးမွာ သႏၷိ႒ာန္အျပည့္ျဖင့္ ျပန္ကုန္းထလာကာ အဆုတ္ထဲသို႔ ေလအျပည့္ရႉသြင္းလ်က္ က်ယ္ေလာင္စြာ ေအာ္ဟစ္ေပေတာ့သည္။
"ေခါင္းေဆာင္ႀကီးက ၾကည့္အေကာင္းဆုံး!"

ထို႔ေနာက္တြင္ကား သတၱိေကာင္းလွေသာ အႏွီ'ဖန္ဘြိဳင္း'ေလးမွာ လူၾကမ္းမကေလး ဟြားကူးေသြာ္က မ်က္ရည္ႏွင့္မ်က္ခြက္ျဖစ္သည္အထိ ေဆာ္ပေလာ္တီးျခင္းကို ခံလိုက္ရေတာ့သတည္း။

သုံးေလးႏွစ္အ႐ြယ္ ကိုယ္တုံးလုံးႏွင့္ေကာင္ကေလးတစ္ေယာက္ သူ႔မ်က္စိေရွ႕တြင္ ငိုေနသည္ကို ျမင္ေနရေသာအခါ လူႀကီးတစ္ေယာက္အေနျဖင့္... ေစာေစာေလးကမွ တစ္စစီက်ိဳးပဲ့၍ အေသခံခဲ့ရသည္ဆိုလွ်င္ပင္ ခ်ဴဟြမ္အေနျဖင့္ ေဘးမွသာရပ္ၾကည့္ၿပီး ဂ႐ုမစိုက္ဘဲေန၍မရပါေခ်။

သူသည္ နား႐ြက္မ်ားကိုသာ နာနာပြတ္လ်က္ ေျမႀကီးေပၚတြင္ ထိုင္ငိုေနေသာ ေမာင္ေခါင္းေျပာင္ေလးထံ ေလွ်ာက္လာေလ၏။ ကေလးမ်ားမွာ သူလာသည္ကိုျမင္သည္ႏွင့္ ရန္သူေတာ္ႀကီးတစ္ေယာက္ႏွင့္ ရင္ဆိုင္လိုက္ရသည့္ႏွယ္ ခ်က္ခ်င္းလူစုခြဲသြားၾကေတာ့သည္။ သို႔ရာတြင္ သူတို႔မွာ အလြန္အေဝးႀကီးသို႔လည္း သြားခ်င္ပုံမရၾကဘဲ ေျခလွမ္းဆယ္လွမ္းမွ် အကြာအေဝးေလာက္မွ ခပ္ခြာခြာေန၍ ႀကီးမား၍ မသိနားမလည္ေသာ မ်က္လုံးအစုံတို႔ျဖင့္ 'သစ္ကိုင္းျဖင့္ ထုတ္ခ်င္းေဖာက္သြား'ႏိုင္ေသာ အႏွီအဖိုးတန္အရာကို စူးစိုက္ၾကည့္ေနၾကေလ၏။

ခ်ဴဟြမ္မွာ ကေလးတစ္ေယာက္ကို မည္သို႔ေခ်ာ့ရမည္ မသိေလရာ ကိုယ္ကိုကိုင္းလ်က္ ငိုယိုေနေသာ ေမာင္ေခါင္းေျပာင္ေလးကို ခ်ီလိုက္ေပသည္။

ကေလးမ်ားအားလုံးမွာ သူ႔လႈပ္ရွားမႈႏွင့္အညီ ေခါင္းေမာ့ၾကည့္လာၾကကာ ေမာင္ေခါင္းေျပာင္ေလးသည္ပင္လွ်င္ အငိုတိတ္သြားလ်က္ သူ႔အမူအရာမွာ "ၾကည့္စမ္း... ဝက္ေတြပ်ံေနတယ္ဟ" ဟူသကဲ့သို႔ ရွိေခ်၏။

ခ်ဴဟြမ္ကား ေမာင္ေခါင္းေျပာင္ေလးမွာ ဤမွ်ေလာက္ထိန္းရလြယ္မည္ဟု ေမွ်ာ္လင့္မထားမိေပ။ ထိုေကာင္ေလးကို ေခ်ာ့စရာမလိုဘဲႏွင့္ပင္ အငိုတိတ္သြားၿပီျဖစ္ေခ်ရာ သူ႔အိတ္ကပ္ထဲကို ႏႈိက္ခြၽတ္ရွာေဖြလိုက္သည္တြင္ ခ႐ိုင္ၿမိဳ႕မွ ဝယ္လာခဲ့ေသာ ႏို႔သၾကားလုံးအခ်ိဳ႕ကို ထုတ္လာလ်က္ အံ့ဩဆြံ႕အေနေသာ ေမာင္ေခါင္းေျပာင္ေလး၏ ပါးစပ္ထဲသို႔ တစ္လုံးထိုးထည့္လိုက္ၿပီး ေအာက္ခ်ေပးလိုက္ေလသည္။

"ဟုတ္ၿပီ။ သြားေဆာ့ေတာ့"

ေမာင္ေခါင္းေျပာင္ေလးမွာ ခ်ိဳခ်ဥ္ကို လွ်ာျဖင့္လွ်က္လ်က္ တုန႔္ဆိုင္းစြာျဖင့္ ေျခလွမ္းအနည္းငယ္မွ် လွမ္းၿပီးေနာက္ ခ်ဴဟြမ္ကို ျပန္လွည့္ၾကည့္လာကာ ေျခလွမ္းတိုင္းတြင္ ထိုသို႔ ျပန္ၾကည့္ၾကည့္ေနၿပီး အေတာ္ေဝးေဝးေရာက္သည္အထိ ဆက္တိုက္လွည့္ၾကည့္ေနဆဲပင္။

ထိုကေလးမွာ ခိုင္မာေသာဆုံးျဖတ္ခ်က္တစ္ခု ခ်လိုက္သည့္ပုံ႐ွိကာ ခ်ဴဟြမ္တစ္ေယာက္ ထိုကေလး အသက္ျပင္းျပင္းရႉသြင္းလ်က္ ကမာၻႀကီးအေပၚ သူ႔၏ ေနာက္ဆုံးေသာအျမင္ကို အသံက်ယ္က်ယ္ျဖင့္ ေၾကညာလိုက္သည္ကို ၾကားလိုက္ရေပ၏။
" 'ဘုရင္ႀကီး ဘုရင္ႀကီး'က အေခ်ာဆုံးပဲ!"

/ေဟ့... သစၥာေဖာက္သြားၿပီလား? တကယ့္ကို ဖူက်စ္ေကာင္း* ရဲ႕ မ်ိဳးေစ့ေကာင္းေလးပဲ/
[ဖူက်စ္ေကာင္း (蒲志高: Pú ZhìGāo) - "ကမ္းပါးနီ"(红岩 - Red Crag) ဆိုတဲ့ ကြန္ျမဴနစ္ေတာ္လွန္ေရးေခတ္ေနာက္ခံ ဝတၳဳတစ္ပုဒ္ထဲက ဇာတ္ေကာင္နာမည္ပါ။ ဇာတ္လိုက္ "အစ္မႀကီး က်န္း" ကို သစၥာေဖာက္သြားတဲ့ သူေပါ့]

ခ်ဴဟြမ္တစ္ေယာက္ ရယ္ရန္အခ်ိန္မရလိုက္ပါေလ။ ႐ုတ္တရက္ သူ႔ေျခအစုံေအာက္တြင္ ႀကီးမားလွေသာလႈပ္ခတ္မႈတစ္ခုကို ခံစားလိုက္ရ၏။

/ငလ်င္လား?/

------------------------

Please support NUG. အေရးေတ္ာပုံ ေအာင္ရမည္ 💪

27. 5. 2021

❤❤❤

Continue Reading

You'll Also Like

99.7K 13.8K 108
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။
406K 8.9K 36
လြတ္လပ္ျခင္း💕ကညႇာပ်ိဳ လွတ်လပ်ခြင်း💕ကညှာပျို "ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့ အတိတ်နိမိတ်..''ဟုပြောတတ်သူ.. ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန...
10.3K 333 27
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
1.9M 126K 82
ကိုယ့္ကိုမခ်စ္ဘူး အႀကိမ္ႀကိမ္ေျပာလည္း ကိုယ္ကေတာ့ ေနာင့္ကိုအၿမဲခ်စ္သြားမွာ❣️