တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်...

Galing kay SuzanneM4Y

24K 2.9K 200

Original novel - Of Mountains and Rivers (Shan He Biao Li - 山河表里) by Priest Year - 2015 No. of chapters - 77... Higit pa

Introduction
Story Brief
Chapter - 1: Prologue
Chapter -2: Prologue
Chapter - 3: Prologue
Chapter - 4: Prologue
Chapter - 5: Prologue
Chapter - 6: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 7: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 8: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 9: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 10: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 12: ဤကမ္ဘာ (ဤကမာၻ)
Chapter -13: ဤကမ္ဘာ (ဤကမာၻ)
Chapter - 14: ဤကမ္ဘာ (ဤကမာၻ)
Chapter - 15: ဤကမ္ဘာ (ဤကမာၻ)
Chapter - 16: ဤကမ္ဘာ (ဤကမ႓ာ)
Chapter-17: ဤကမ္ဘာ ( ဤကမာၻ )
Chapter-18: ဤကမ္ဘာ ( ဤကမာၻ )
Chapter-19: ဤကမ္ဘာ ( ဤကမာၻ )
Chapter-20: ဤကမ္ဘာ ( ဤကမာၻ )
Chapter-21: ဤကမ္ဘာ ( ဤကမာၻ )
Chapter-22: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 23: ဤကမ္ဘာ ( ဤကမာၻ )
Chapter-24: ဤကမ္ဘာ ( ဤကမာၻ )
Chapter-25: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-26: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-27: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter - 28: အခြားကမ္ဘာ (အျခားကမာၻ)
Chapter - 29: အခြားကမ္ဘာ (အျခားကမာၻ)
To my translation readers
Chapter - 30: အခြားကမ္ဘာ (အျခားကမာၻ)

Chapter - 11: ဤကမ္ဘာ ( ဤကမာၻ )

385 79 2
Galing kay SuzanneM4Y

SHBL မှာက arc တွေရှိတာကို ခုမှ သတိထားမိလိုက်တယ်။ အရင်အပိုင်းတွေတုန်းက ထည့်တောင် မထည့်လိုက်ရဘူး။ ပြန်ထည့်ရင် နောက်တစ်ခေါက် ထပ် publish ရမှာမို့ ဖတ်ပြီးသားအပိုင်းတွေ ပြန်တက်လာရင် ဒါဒါတွေ အာရုံနောက်သွားမှာစိုးလို့ publish ပြီးသားဟာတွေမှာ ပြန်မထည့်တော့ဘဲ ဒီမှာပဲ ရှင်းလိုက်ပါတော့မယ်နော်။ Me so careless 🤧

Chapter 1-5 ကတော့ Prologue ပါ။

Chapter 6 ကစတဲ့ arc ကတော့ ဒီ "ဤကမ္ဘာ" ဆိုတဲ့ arc ဖြစ်ပါတယ်။ 

နောက်အပိုင်းတွေအတွက်ကတော့ Chapter ခေါင်းစဉ်မှာ တွဲပါတာက arc ဖြစ်ပြီးတော့ အစပိုင်းမှာ စာလုံးမည်း(bold) တင်ထားတာနဲ့ ထည့်ထားတာက Chapter တစ်ခုချင်းစီရဲ့ ကိုယ်ပိုင်ခေါင်းစဉ်ခွဲလေးတွေ အဖြစ် ရေးပါမယ်။

ဒါနဲ့ ဒီ ၂ ရက် ၃ ရက်လောက်အတွင်းမှာ အိမ်ကလူကြီးတွေ ဆေးသွားပြစရာရှိတာကို ဆူး လိုက်သွားရမှာမို့ နည်းနည်းလောက် ပျောက်ရပါဦးမယ်။ ပြန်ရောက်ပြီး လိုင်းတက်နိုင်တာနဲ့ တန်း up ပေးပါ့မယ်နော် 💗

---

ငါက မကိုက်တတ်ပါဘူး... တကယ်ပါ

ချူဟွမ်တစ်ယောက် သူ၏အခြေအနေအသစ်များကို လောင်ဟွမ်ထံ ဖြည်းဖြည်းလေးလေးနှင့် တိကျရှင်းလင်းစွာ သတင်းပို့လျက် တစ်ဖက်လူက သူ့ထင်မြင်ချက်ကို မပေးမီ - ဆိုလိုသည်မှာ 'မအေ..'ကိုင်၍ ကလော်တုတ်မခံရမီတွင် အရင်ဦးအောင် ဖုန်းချလိုက်လေသည်။ ထို့နောက် ဘယ်မှန်းမသိရသည့် နေရာဆီဦးတည်နေသော အဝေးပြေးကားတစ်စင်းပေါ်သို့ သူတို့နှင့်အတူတူ တက်လိုက်သွားပေတော့၏။

ချူဟွမ်မှာ ကားပေါ်တက်ပြီးပြီးချင်းပင် မျက်လုံးကိုမှိတ်လျက် အနားယူနေတော့သည်။ ယခုအချိန်အထိ သူ့စိတ်ထဲတွင် နန်ရှန်းတစ်ယောက် အချောင်သမားကို ပညာပေးလိုက်သည်ကို ပြန်လည်မြင်ယောင်နေမိခြင်းကို မရပ်တန့်နိုင်လေ။ ဖြစ်နိုင်မည်ဆိုလျှင် သူ့အနေဖြင့် ထိုအခြင်းအရာကို မှတ်တမ်းရိုက်ယူထားကာ ပြကွက်တစ်ကွက်ချင်းကို စစ်ဆေးသုံးသပ်မိပေလိမ့်မည်။

ထိုစဉ်တုန်းက အချောင်သမားမှာ ပါးစပ်မှအမြှုပ်တစီစီထွက်လျက် မြေကြီးပေါ်လဲကျသွားသည်တွင် အနီးအနားရှိ လူအုပ်ကြီးထံမှ ရပ်ကြည့်နေသော အကြည့်များစွာကို ရယူနိုင်လိုက်လေ၏။ သို့ရာတွင် အနှီအချောင်သမားသည် ဤနယ်မြေအတွင်း ကျက်စားနေသည်မှာ အတော်လေးကြာနေပြီဖြစ်လေရာ ဒေသခံများအနေဖြင့် သူ့မျက်နှာကိုမှတ်မိနေသည့်အတွက် ဘေးမှသာ ရပ်ကြည့်နေကြချေသည်။ လူတိုင်းက ဤကိစ္စမှာ ဟန်ဆောင်နေခြင်းသာဖြစ်မည်ဟု တွေးမိသောကြောင့် မည်သူမျှ အဖက်မလုပ်ကြပေ။

နန်ရှန်းဟူသည့် အဓိကတရားခံကြီးသည်ကား လူအုပ်ကြီးမှခွဲထွက်၍ ထင်းထင်းကြီးရပ်လျက် လက်နှစ်ဖက်လုံးကိုနောက်ပစ်နေကာ တည်ငြိမ်အေးဆေးလှသော မျက်နှာထားဖြင့် ထိုကိစ္စမှာ သူ့လက်ချက်မဟုတ်သည့်နှယ် ရှိနေလေသည်။

အချောင်သမားသည် တွန့်လိမ်နေရင်း အော့အန်လျက် သူလူးလှိမ့်နေပုံမှာ ကြိုးဆွဲရုပ်သေးရုပ်ကဲ့သို့ သူ့ခြေလက်လေးချောင်းလုံးကို မမြင်ရသည့် လက်တစ်စုံက ထိန်းချုပ်ထားသည့်နှယ် ကော့ကလန်ထိုးနေပေ၏။ ရုတ်တရက်ကြည့်လိုက်လျှင် ဟန်ဆောင်နေသည်နှင့်တူရုံသာမက ပုံကြီးချဲ့၍ အလွန်အကျူးသရုပ်ဆောင်ပြနေပုံပေါက်နေလေရာ ဘေးပတ်ဝန်းကျင်မှ အချို့လူများမှာ ပျော်ရွှင်စွာပင် ပွဲကြည့်နေကြချေသည်။ အချောင်သမားထွေးချလိုက်သည့်အထဲတွင် အနီရောင်ရှိသောတစ်စုံတစ်ခု ပါမလာမီအထိဖြစ်၏။

စစချင်းမှာ သွေးအမြှုပ်များဖြစ်ကာ ထို့နောက်တွင်မူ သွေးခဲအစအနများပါ ရောပါလာလေတော့သည်။

သွေးကိုမြင်လိုက်ရသည့်အခါတွင်မူ ပတ်ဝန်းကျင်မှလူများမှာ တလေးတနက်ဖြစ်သွားကြပေသည်။ အသက်ကြီးကြီးလူတစ်ယောက်က ရှေးဦးစွာ ရှေ့ထွက်လာကာ တုန့်တုန့်ဆိုင်းဆိုင်းဖြင့် စစ်ဆေးကြည့်လျက် ဆေးရုံပို့ပေးရန်လုပ်လေ၏။ ချူဟွမ်တစ်ယောက် နန်ရှန်းကို လှည့်ကြည့်လိုက်သည်တွင် အနှီ တုနှိုင်းမဲ့ 'မယ်တော် မာရီ'မှာ မျက်ခုံးများကို အနည်းငယ်ပင့်လိုက်လျက် ညှာတာထောက်ထားသောအားဖြင့် "ငါ့မှာ အခု လုပ်စရာတွေကျန်သေးတယ်။ ဒါနဲ့ပဲ တော်လိုက်ကြတာပေါ့" ဟူ၍ ရပ်ထားလိုက်ကာ စင်စစ်အားဖြင့်မူ ထပ်ပညာပေးချင်နေသည့်ပုံမျိုးဖြင့် အဝေးကို လျှောက်သွားပေတော့သည်။

သူခြေလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် သွေးအန်ကောင်းနေဆဲဖြစ်သော ပုဂ္ဂိုလ်သည် 'ရပ်' ခလုတ်ကိုနှိပ်လိုက်သည့်အတိုင်း ချက်ချင်းပင် လူးလှိမ့်နေခြင်းတို့ ရပ်သွားချေ၏။ တစ်စက္ကန့်အကြာတွင်မူ အချောင်သမားမှာ ဖော်ပြရန်ခက်ခဲလှသော မျက်နှာထားမျိုးဖြင့် မျှော်လင့်မထားရလောက်အောင် ခြေနှစ်ချောင်းပေါ် မတ်မတ်ရပ်လာလေသည်။

ပွဲကြည့်နေသော လူအုပ်ကြီးကား စိတ်ရှုပ်ထွေးစွာပင် လူစုခွဲသွားကြကာ စိတ်အားထက်သန်စွာ အကူအညီပေးနေခဲ့သော လူအိုကြီး၏မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွား‌တော့သည်။ သူ လှည့်စားခံလိုက်ရသည်ဟု ခံစားလိုက်ရလေရာ အချောင်သမား၏ မျက်ခွက်ကို တံတွေးဖြင့်ထွေးလွှတ်ပြီးနောက် လူစင်စစ်မှ ဘူးသီးပုံပေါက်လာသည်အထိ ဒေါသအလိပ်လိုက်ထွက်လျက် ထွက်ခွာသွားချေသည်။

နန်ရှန်းက ဆေးရွက်ဆေးမြစ်တစ်မျိုးမျိုးကို သုံးလိုက်ခြင်းမျိုး ဖြစ်နိုင်ပေသည်။ ချူဟွမ်မှာ တရုတ်တိုင်းရင်းဆေးများနှင့် မရင်းနှီးလေရာ ဤကိစ္စအကြောင်းကို အသေးစိတ် ထပ်၍မစဉ်းစားချင်တော့ပါလေ။ သို့ရာတွင် လွင့်ပျံလာသော ယွမ်နှစ်ဆယ်အတွက် မည်သို့သောရှင်းပြချက်မျိုး ရှိနိုင်ပါသနည်း?

ထိုအချိန်တုန်းက တိုက်ခတ်နေခဲ့သော ထူးဆန်းလှသည့် လေက အလွန်ကံကောင်းစွာဖြင့် အချောင်သမား၏ခွက်ထဲမှ ပိုက်ဆံများကို မှောက်ချလိုက်ကာ အလွန်တိုက်ဆိုင်စွာဖြင့် ယွမ်နှစ်ဆယ်အတိအကျကို နန်ရှန်းလက်ထဲသို့ အပိုအလိုမရှိ လွင့်လာစေခဲ့ခြင်းလော?

ချူဟွမ်တစ်ယောက် ထိုအရာမှာ ဒဏ္ဍာရီလာ ချိကုန်း* ပညာပင် ဖြစ်လိမ့်မည်ဟု သံသယဝင်ချင်လာပေတော့သည်။ သူ့အနေဖြင့် အငြင်းပွားဖွယ်ရာ ရှေးဟောင်းအယူသီးမှုများကို လူသိရှင်ကြားကြော်ညာချင်၍ မဟုတ်။ ပြကွက်တစ်ကွက်ချင်းကို အမှန်တကယ်စစ်ဆေးပြီးသည့်အခါတွင်ပင် နန်ရှန်းတစ်ယောက် မည်သို့မည်ပုံလုပ်လိုက်သည်ကို လုံးဝကို စဉ်းစား၍ မရနိုင်သောကြောင့်ပင် ဖြစ်ချေသည်။
[ချိကုန်း (气功) - အရှင်းဆုံးပြောရရင်တော့ အတွင်းအားပေါ့နော်။ အဓိကအားဖြင့်တော့ ဝင်သက်ထွက်သက်ကို အခြေခံတဲ့ ကျင့်စဉ်စွမ်းအားတွေအတွက် သုံးပါတယ်။ ခုခေတ်မှာတော့ အသက်ရှူလေ့ကျင့်ခန်းတွေကိုလည်း ဒီစာလုံးနဲ့ သုံးကြပါတယ်]

ဤသို့ဖြင့် စိတ်ကူးယဉ်နိဗ္ဗာန်ဘုံလေးကို ဖုံးလွှမ်းထားသော အခြေအမြစ်မရှိသည့် မြူနှင်းများမှာ ဆန်းကြယ်ခြင်းဖြင့် အရောင်ခြယ်သခံလိုက်ရလေ၏။

ချူဟွမ်က ဤခရီးကို ရှည်လျားလိမ့်မည်ဟု မျှော်လင့်ထားနှင့်ပြီးဖြစ်သော်လည်း ဤမျှလောက်ရှည်လျားလိမ့်မည်ဟု ထင်မထားခဲ့ပါပေ။

သူတို့သည် ပထမဆုံးအနေဖြင့် နေရာတိုင်းမှ လေများ ဒလဟောထွက်နေသော ကားကြီးတစ်စင်းပေါ်သို့ တက်သွားကာ လူသူကင်းမဲ့နေသည့် ဂိတ်ဆုံးအထိ ထိုင်လိုက်သွားရချေ၏။ နန်ရှန်းနှင့် ရှောင်ဖန်းကား နားမလည်နိုင်ရှာဖြစ်နေသော ကားဆရာကြီးကို စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်ကြောင်း အခါရှစ်ရာခန့် ပြသလေသည်။ ထို့နောက် တောင်ပေါ်လမ်းကို ကီလိုမီတာတစ်ဒါဇင်ခန့် ခြေလျင်လျှောက်ပြီးသည့်နောက် တစ်ပတ်လည်လုံး လူတစ်ယောက်တလေမျှမရှိဘဲ ခြောက်ကပ်လှသော တောတွင်းတောင်တန်းတစ်နေရာသို့ ရောက်သွားတော့သည်။

နန်ရှန်းတစ်ယောက် ရပ်လိုက်သည်ကို မြင်လိုက်သည်တွင် ချူဟွမ်က တစ်ဖက်လူများ တစ်ထောက်နားတော့မည်ဟု ထင်မိလိုက်၏။ မထင်မှတ်ဘဲ ရှောင်ဖန်းက သူ၏ ကြီးမားလေးလံလှသော ကိုယ်လုံးကြီးနှင့်မလိုက် ပေါ့ပါးသွက်လက်စွာဖြင့် သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ခုန်တက်သွားပေသည်။

သစ်ပင်ကြီးမှာ အတော်လေးသက်တမ်းရင့်နေပြီဖြစ်ကာ တုတ်ခိုင်၍ ဖြောင့်တန်းလှပြီး ခုနစ်မီတာ ရှစ်မီတာခန့် မြင့်လောက်သည်။ ရှောင်ဖန်းသည်ကား တက်လိုက် ကျလိုက်ဖြင့် သစ်ပင်ထိပ်ဖျားဆီ တက်သွားသည်မှာ မြေပြင်ပေါ်တွင် လမ်းလျှောက်နေသည့်အလား လွယ်လင့်တကူပင်။ ချူဟွမ်တစ်ယောက် မျက်လုံးများကို လက်ဖြင့် အလင်းကာကြည့်လျက် "အမွေးထူမျောက်" ၏ စတင်ရာအကြောင်းရင်းကို နားလည်သွားချေတော့သည်။

ရှောင်ဖန်းက သူ့ခါးမှ သတ္ထုခရာတစ်ခုကို ဖြုတ်လိုက်ကာ ပါးစပ်တွင်တေ့၍ မှုတ်လိုက်၏။ ထိုပစ္စည်းမှာ သူ့လက်တစ်ဖဝါးစာမျှပင် မရှိလေရာ ချူဟွမ်က ခါးပတ်တွင် အလှဆင်ထားသောပစ္စည်းတစ်ခုဟူ၍သာ တောက်လျှောက်ထင်နေခဲ့မိလေသည်။

ခရာသံမှာ နက်ရှိုင်း၍ ကျယ်ဝန်းစွာ ပျံ့လွင့်နေကာ သတ္ထုသံ၏ အေးစက်ခြင်းတို့ ပါဝင်ရောစွက်နေဟန် ရှိပေ၏။ ထိုအသံ လေနှင့်အတူလွင့်ပါသွားချိန်တွင် ချူဟွမ်တစ်ယောက် မျက်လုံးများကို မှေးစင်းလျက် ဤခရာသံမှာ ခေါ်သံတစ်မျိုးနှင့်တူသည်ဟု ခံစားမိချေသည်။

အသေအချာကိုပင် ခေတ္တမျှအကြာတွင် မြင်းခွာသံများ ကြားလာရလေ၏။ ချူဟွမ်မှာ အံ့အားသင့်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်တွင် အဝေးမှလာနေသော မြင်းသုံးကောင်ကို မြင်ရလေသည်။ နန်ရှန်း၏ ရှေ့မှောက်သို့ရောက်သည်နှင့် စည်းစနစ်တကျ ရပ်တန့်သွားကြကာ ရှေ့ဆုံးမှ ဦးဆောင်လာသော တစ်ကောင်သာလျှင် ချွဲနွဲ့သည့်အမူအရာမျိုးဖြင့် ၎င်း၏ ရှည်လျားကြီးမားသောဦးခေါင်းကို ညွတ်လျက် နန်ရှန်းကို သူ့နှာရိုးအား ပွတ်သပ်စေပေ၏။

/နောက်ထပ် အံ့ဩလောက်စရာ အရည်အချင်းတစ်ခုပဲ/

ဤသို့ဖြင့် သူတို့၏ ပို့ဆောင်ရေးနည်းလမ်းမှာ ခြေနှစ်ချောင်းမှ ခြေလေးချောင်းသို့ * ပြောင်းသွားပေသည်။
[ခြေနှစ်ချောင်းမှ ခြေလေးချောင်းသို့ ("十一路" 换成了 "四路") - မူရင်းအရေးအသားမှာတော့ တိုက်ရိုက်ဘာသာပြန်ရင် " '၁၁ လမ်း' မှ '၄ လမ်း' သို့" လို့ အဓိပ္ပာယ်ရတဲ့ အသုံးအနှုန်းမျိုးနဲ့ ရေးထားတာပါ။ တရုတ်ဗန်းစကားမှာက "၁၁ လမ်း" ဆိုတာက လမ်းလျှောက်တာကို ပြောတာဖြစ်ပါတယ်။ အဲ့လိုကြီး တိုက်ရိုက်ရေးလိုက်ရင် ဖတ်နေရင်းနဲ့ ရှုပ်သွားမှာစိုးလို့ ဒီလိုပြန်ပြင်ထည့်လိုက်တာပါ  (⁠・⁠∀⁠・⁠)]

လမ်းတစ်လျှောက်လုံး ချူဟွမ်ကား စိတ်လွတ်ကိုယ်လွတ် အတွေးပွားနေမိချေ၏။ သူ့ခရီးတွင် လမ်းတစ်ဝက်အထိ တွေ့ဆုံလာခဲ့သော ထိုလူငယ်လေးမှာ မြင်းပင် စီးတတ်ပါ့မည်လော မသိ။ ပုံမှန်လူအများစုမှာ အားလပ်ချိန်နှင့် အပန်းဖြေသည့်နေရာများတွင်သာ မြင်းများနှင့် ကြုံတွေ့တတ်ကြချေသည်။ အချိန်တိုလေးအတွက် စီးရသည်မှာ ပြဿနာမရှိနိုင်လောက်သော်လည်း ဤသို့သော ကြမ်းတမ်းလှသည့် တောင်ပေါ်လမ်းတွင် မြင်းစီး၍ခရီးသွားရခြင်းသည်ကား... ဤကိစ္စမှာ သိပ်အပန်းပြေစရာမကောင်းလှဟု သူတွေးမိလေတော့သည်။

ဤရှုထောင့်မှကြည့်လျှင် ထိုမိတ်ဆွေ၏ စစ်ရောက်မလာခင် တပ်ဆုတ်ပြေးသည့် ဆုံးဖြတ်ချက်မှာ လုံးဝကို မှန်ကန်လှလေ၏။

သူတို့သည် ခြောက်ကပ်လှသော တောင်တန်းတစ်လျှောက် ဝေးလံ၍ လူသူကင်းမဲ့သည့် နေရာများကို ဖြတ်သန်းလျှောက်လှမ်းပြီးနောက် မိုးချုပ်သည့်အခါ ကောင်းကင်အမိုး၊ မြေပြင်အခင်းဖြင့်ပင် တစ်ညတာကို ဖြတ်သန်းကြ‌ပေသည်။

နန်ရှန်းနှင့် ရှောင်ဖန်းဟူသည့် တောသားနှစ်ကောင်ကား ချက်ချင်းရိုက်ချက်ချင်းထုတ်ကင်မရာကို မည်သို့မည်ပုံသုံးရမည်ကိုပင် ယခုအချိန်ထိ နားမလည်နိုင်ကြသေးလေရာ ဤကမ္ဘာထဲတွင် "ရွက်ဖျင်တဲ"ကဲ့သို့သောပစ္စည်းမျိုးကို ရှိသည်ဟူ၍ အရိပ်အယောင်မျှပင် မသိနိုင်လောက်သည်မှာ ဖြစ်နိုင်ပေသည်။ သူတို့နှစ်ယောက်လုံးက အမိုးအကာမရှိဘဲ ခရီးသွားရသည့်အခက်အခဲကို ကြံ့ကြံ့ခံနိုင်လောက်အောင် အရေထူ၍ အသားကြမ်းလှသည်ကို အပြည့်အဝဖော်ပြနေကာ ညအချိန်ကို ထင်းမီးပုံတစ်ခုနှင့်ပင် ကျေကျေနပ်နပ် ရင်ဆိုင်ကြချေ၏။

သူ့နေရာတွင် အခြားသော ခပ်ပျော့ပျော့ စာပေသမားတစ်ယောက်ယောက်ဖြင့်သာ အစားထိုးလိုက်မည်ဆိုပါက ဤနှစ်ယောက်၏ ဦးဆောင်မှုဖြင့် သွားရမည့်နေရာကို အသက်ရှင်လျက်ပင် ရောက်နိုင်ပါ့မည်လောဆိုသည်ကို ချူဟွမ်မသိတော့ပါလေ။

နှစ်ပေါင်းများစွာလျှောက်ထားသည့်တိုင် မည်သူမျှမလာသည်မှာ ပုံမှန်ပင်ဖြစ်ကြောင်း ရှင်းလင်းစွာပင် သိနိုင်လေ၏။

သို့ရာတွင် ချူဟွမ်ခံစားမိသလောက် ခရီးလမ်းသည် အလွန်ပင် သာယာလှပေသည်။ အကြောင်းမှာကား နန်ရှန်းမှာ သူညကင်းစောင့်သည့်အခါတိုင်း မတူညီသည့် ကျေးလက်တေးသွားအမျိုးမျိုးကို သစ်ရွက်များသုံး၍ မှုတ်ပြတတ်သောကြောင့်ပေတည်း။ သူတီးမှုတ်နေသည့်တစ်လျှောက် ချူဟွမ်က သူ့မျက်မှန်ထဲတွင် မြှုပ်ထားသော မိုက်ကရိုချစ်ပ်ပြားလေးဖြင့် အသံသွင်းထားချေ၏။ ညလေပြည်နှင့် ရောယှက်နေသော သစ်ရွက်ပလွေသံမှာ ရိုမန်တစ်ဆန်လှပြီး သာယာညင်းပျောင်းလှကာ တစ်ခုနှင့်တစ်ခု အကြားအလပ်မရှိ လိုက်ဖက်ညီစွာ ပျော်ဝင်နေလျက် နောက်ထပ် ထပ်မံဖြည့်စွက်စရာမလိုလောက်အောင်ပင် ကိုယ်ပိုင်ဟန်တစ်ခုအဖြစ် ရှိနှင့်ပြီးဖြစ်လေသည်။

ချူဟွမ်သည်ကား အနှီ ပင်ကိုယ်မူလ သဘာဝဂီတပညာရှင်၏ အမာခံပရိသတ်တစ်ယောက် ဖြစ်သွားပေပြီ။

တစ်နေ့နှင့် တစ်ညလုံး မြင်းစီးလာပြီးသည့်နောက် ချူဟွမ်တစ်ယောက် နိုင်ငံတကာနယ်စပ်မျဉ်းကိုပင် ကျော်သွားပြီးလောက်ပြီဟု သံသယဝင်လာမိသည့်အချိန်တွင် မြစ်တစ်စင်းဘေးသို့ ‌ရောက်လာကြတော့၏။

မြစ်ကိုမြင်လိုက်ရသည့်အချိန်တွင်မှ ချူဟွမ်မှာ နန်ရှန်းက အဘယ်ကြောင့် "မြစ်ရဲ့ ဒီဘက်ခြမ်း" ဟု ပြောဆိုသုံးနှုန်းသည်ကို သဘောပေါက်သွားရတော့သည်။ ထို့အရင်တုန်းက သူ့ကိုယ်သူ ကမ္ဘာအနှံ့ခြေဆန့်၍သွားခဲ့ဖူးပြီးပြီဟု ထင်ထားခဲ့မိသော ချူဟွမ်ကား မြစ်တစ်စင်းရှေ့တွင် အံ့အားသင့်စွာဖြင့် ရပ်နေမိရသည့် နေ့တစ်နေ့သို့ အမှန်တကယ်ရောက်လာရလိမ့်မည်ဟု စိတ်ပင်မကူးမိခဲ့ပါချေ။

မြစ်၏အလွန်တွင် တောင်စဉ်တောင်တန်းတို့ ထောင်သောင်းပေါင်းများစွာ အစဉ်စဉ်အထပ်ထပ် သွယ်တန်းတည်ရှိနေကာ တစ်ဖက်ကမ်းမှာမူ ပါးလွှာသည့် မြူနှင်းတို့ဖြင့် ရစ်သိုင်းလွှမ်းခြုံနေပေ၏။ အံ့ဩစရာကောင်းသည်မှာ သူ့အမြင်အာရုံဖြင့် သေသေချာချာသဲသဲကွဲကွဲ မမြင်ရခြင်းပင်။ မြစ်ရေကား တောင်တန်းများကြားမှ ဖြာကျလာနေသော ပိုးသားကြိုးစတစ်စကဲ့သို့ အောက်အရပ်ဆီ ရစ်ခွေစီးဆင်းနေလေသည်။ ရေမှာ သိပ်မနက်လှဘဲ အလွန်ကြည်လင်လှလေရာ မြင်းပေါ်မှမဆင်းဘဲ တောက်လျှောက်ဖြတ်ကူး၍ ရနိုင်လောက်၏။ သို့ရာတွင် ချူဟွမ်တစ်ယောက် တစ်မျိုးတစ်ဖုံဖြင့် ခံစားနေမိသည်ကား - မြစ်၏ တစ်ဖက်ကမ်းသည် အခြားသော လောကတစ်ခုဖြစ်သည် ဟူ၍ပင်။

ရှောင်ဖန်းမှာ ရှေ့ကို အသော့နှင်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်ရာတွင် သူ့အသံသည် တောင်စဉ်များအကြား အခေါက်ခေါက်အပြန်ပြန် ပဲ့တင်ထပ်နေကာ တောထဲမှ ငှက်အုပ်များပင် ကြောက်လန့်တကြားဖြင့် ထပျံကုန်ကြပြီး ကြည်လင်နေသော ကောင်းကင်ပြာကြီးထံသို့ ဦးတည်ထွက်ခွာသွားကြချေသည်။

နန်ရှန်းက ချူဟွမ်ကို လှည့်ကြည့်လျက် ဆိုလေ၏။
"မြစ်ကို ဖြတ်ကူးပြီးရင် ရောက်ပြီ"

ချူဟွမ် : "မင်းအိမ်ကိုလား?"

နန်ရှန်းမျက်ဝန်းများ ကွေးညွတ်သွားပေသည်။

"ငါ့အိမ်"

စကားဆုံးသွားသည်နှင့် သူက မြင်း၏ဝမ်းဗိုက်ကို ခပ်ဖွဖွ ဖိလိုက်ပြီးနောက် မြစ်ကို ဖြတ်ကူးသွားတော့သည်။ ချူဟွမ်လည်း နောက်မှလိုက်လျက် မြစ်အလယ်အထိ ရောက်သွားချေသည်။ မြူများမှာ ပိုမိုထူထပ်လာပုံရှိကာ တဖြည်းဖြည်းဖြင့် ရေထဲအထိ တလိမ့်လိမ့်ပြိုဆင်းလျက် ဘေးပတ်ဝန်းကျင်ကို မြင်ရနိုင်စွမ်းကား ပိုမိုဆိုးရွားလာတော့၏။

ချူဟွမ်တစ်ယောက် တဒင်္ဂမျှ မှင်သက်သွားမိကာ သူငယ်စဉ်က သင်ခဲ့ရသော "မက်မွန်ပွင့်နယ်မြေမှတ်တမ်း* "ကို ပြန်လည်အမှတ်ရသွားမိပေ၏။
[မက်မွန်ပွင့်နယ်မြေမှတ်တမ်း (桃花源记 - The Peach Blossom Spring) - ခြောက်ပြည်ထောင်ခေတ်မှာ ကျော်ကြားခဲ့တဲ့ တရုတ်ကဗျာဆရာ ထောင်ယွမ်းမင် (陶渊明)ရဲ့ လင်္ကာတစ်ပုဒ်ဖြစ်ပါတယ်]

'တောမြိုင်များနှင့် ရေပြင်တို့၏အဆုံးတွင် တောင်တစ်လုံးဆီသို့ ရောက်သွားလေသည်။ ထိုတောင်တွင် သေးငယ်သော အ‌ပေါက်ဝလေးတစ်ခုရှိကာ ထိုနေရာ၌ အလင်းရောင်ရှိနေသကဲ့သို့ပင်။' *
['တောမြိုင်များနှင့် ရေပြင်တို့၏ ... အလင်းရောင်ရှိနေသကဲ့သို့ပင်' - "မက်မွန်ပွင့်နယ်မြေမှတ်တမ်း"က ကောက်နုတ်ချက်တစ်ခုပါ]

လက်တစ်ဖက်က ဖြတ်သန်းလာကာ သူ့မြင်း၏ ဇက်ကြိုးကို လှမ်းဆွဲလာချေသည်။

နန်ရှန်း : "ငါ မင်းကို ခေါ်သွားမယ်"

အစပိုင်းတွင် မြူထုကြီးမှာ ထူထပ်သည်ထက် ပိုမိုထူထပ်လာလျက် အသိပ်သည်းဆုံးနေရာများတွင် မြင်နိုင်သောအကွာအဝေးမှာ တစ်ပေပင်မပြည့်ပေ။ မည်မျှအကွာအဝေးအထိမှန်းမသိ သွားပြီးသည့်နောက်တွင်မှ မြူများ စတင်၍လွင့်ပြယ်လာကာ တဖြည်းဖြည်းဖြင့် နေရောင်ခြည်ထိုးဖောက်ဝင်လာလျက် အလင်းရောင်ကြောင့် ပြိုကွဲသွားသော မြူများထဲက ထိုနေရာမှာ ရုတ်တရက် ကောင်းကင်ဘုံမှ နတ်ပြည်တစ်နေရာအလား ရှိနေပေတော့သည်။

'လှေကို ထို့အတွက်ကြောင့် စွန့်ခွာလျက် ဝင်သွားလိုက်၏။ အစပိုင်းတွင် အလွန်ကျဉ်းမြောင်းလှကာ လူတစ်ယောက်တည်း ဝင်သာလောက်ပေသည်။ ခြေလှမ်းအနည်းငယ်မျှ ရှေ့ဆက်တိုးပြီးသည့်အခါတွင်ကား ရုတ်တရက် ကျယ်ပြန့်လှသည့် ရှုခင်းကြီးအဖြစ် ပြောင်းလဲသွားလေ၏။ မြေပြင်မှာ ပြန့်ပြူးပြီး မျှော်မဆုံးနိုင်အောင်ထိ ရှိနေလျက် အိမ်များသည်ကား စနစ်တကျ တည်ရှိနေပြီး ...' *
['လှေကို ထို့အတွက်ကြောင့် ... စနစ်တကျ တည်ရှိနေပြီး ...' - ဒါလည်း "မက်မွန်ပွင့်နယ်မြေမှတ်တမ်း"က ကောက်နုတ်ချက်ပါပဲ]

ရုတ်တရက် ချူဟွမ်၏ နားရွက်များလှုပ်သွားပြီးနောက် ကြာရှည်၍ ငယ်ရွယ်ပုံရသော အော်သံတစ်ချက်ကို ကြားလိုက်ရကာ ကလေးတစ်ယောက်၏ အသံနှင့် တူလေသည်။ ဘာပြောလိုက်သည်ဆိုသည်ကို နားမလည်နိုင်သော်လည်း အသံမှာ ကြည်လင်သာယာ၍ ရွှင်မြူးလှချေ၏။

ထို့နောက်တွင်မူ ပို၍တိုးသွားသော်လည်း နောက်ထပ်ကလေးသံများ စုပေါင်းလာကာ တက်ကြွသော စကားဝိုင်းတစ်ခုအဖြစ် ရှိနေလေတော့သည်။

နန်ရှန်းက ရုတ်တရက် ချူဟွမ်စီးလာသောမြင်း၏ နောက်ဖက်ကို ပုတ်လိုက်သည်နှင့် ချူဟွမ်တစ်ယောက် ထိုမြင်းမှာ လေထဲသို့မြောက်လျက် ခုန်လွှားသွားသည်ကို ခံစားလိုက်ရသည်တွင် မြင်းဇက်ကြိုးကို ဆွဲထားမိပေ၏။ သူ့ရှေ့မှောက်တွင်ပင် မြူထုကြီးမှာ လွင့်ပါးသွားကာ သူ့မြင်ကွင်းသည်လည်း ချက်ချင်းပင် ကြည်လင်သွားပေသည်။

ချူဟွမ်မှာ ထိန်းမထားနိုင်တော့ဘဲ အတော်လေးကြာအောင် တောင့်ခဲသွားရတော့၏။

အနောက်တောင်ပိုင်းဒေသမှာ တောင်တန်းများထူထပ်ပြီး ထိုနေရာမှ ရွာများသည် မြေပြန့်မှရွာများနှင့် မတူလေ။ ၎င်းတို့သည် များသောအားဖြင့် အရွယ်အစား အလွန်သေးငယ်လှကာ အိမ်အချို့စီတန်းနေလျှင်ပင် ရွာတစ်ရွာဖြစ်နေလေပြီ။ သို့ရာတွင် သည်နေရာတွင်ကား ရှားရှားပါးပါးဖြင့် တောက်လျှောက်ခုန်ပေါက်သွား၍ရလောက်သော မြေပြန့်လွင်ပြင်ကြီးတစ်ခုရှိနေကာ ထူးဆန်းလှသည့် ထိုမြစ်မှာလည်း ဤနေရာတွင် သုံးခုခွဲဖြာသွားပေသည်။ အလယ်မှတစ်စင်းသည် ရွာများထဲသို့ တွန့်လိမ်ဝင်ရောက်နေသော အစောင့်မြွေကြီးနှယ် ရှိနေကာ နောက်တစ်စင်းမှာ မျက်စိတစ်ဆုံး ထူထပ်သိပ်သည်းလှသော တောအုပ်ထဲသို့ ဦးတည်နေပြီး နောက်ဆုံးတစ်စင်းကား အမြင့်အနိမ့်ပေါင်းစုံဖြင့် လူနေအိမ်များကြား ဖြတ်သန်းနေလေ၏။

နေရာကျယ်လှသောကြောင့် တစ်အိမ်နှင့်တစ်အိမ်ကြား ကွက်လပ်များသည်ပင် အတော်လေးကျယ်ဝန်းကာ လှပစွာပင် ပြောက်တိပြောက်ကြား ဖြစ်နေချေသည်။ လမ်းလျှောက်တတ်ခါစဖြစ်ပုံပေါ်သော ကလေးငယ်လေးများမှာ အုပ်စုဖွဲ့၍ ပြေးလွှားနေကြပြီး လူကြီးများသည်ကား ဂရုပင်မစိုက်ကြပါလေ။ မတော်တဆ မြစ်ထဲသို့ ပြုတ်ကျသွားကြမည်ကို တစိုးတစိမျှပင် စိတ်မပူကြလေဟန် ရှိပေသည်။

နည်းနည်းပိုကြီးသော ကလေးအချို့သည်ကား မြစ်ကမ်းဘေးမှ စောင့်နေနှင့်ကာ သူတို့လာသည်ကို မြင်လိုက်ရသည်နှင့် ထိပ်ဆုံးမှ အမျိုးသမီးငယ်လေးမှာ သုံးပေခန့်အမြင့်အထိ ခုန်နေလျက် သူ့လက်ကိုလည်း သူတို့ထံသို့ အသည်းအသန်ဝှေ့ရမ်းပြရင်း ရှည်လျားလှသည့် အမည်နာမတစ်ခုကို အော်ဟစ်ခေါ်တွင်နေပေ၏။ ချူဟွမ်မှာ ရှောင်ဖန်းက နန်ရှန်းကို ထိုအတိုင်းခေါ်ဝေါ်သည်ကို ကြားဖူးလေရာ ထိုအမည်နာမသည် မျိုးနွယ်စုအတွင်းတွင် နန်ရှန်း၏ ရာထူးကို ကိုယ်စားပြုပုံရသည်ဟု ခန့်မှန်းမိလေ၏။

ချူဟွမ်ကား အစောတလျင် မမေးလိုက်ပါချေ။ ဤနေရာတွင် အထူးတလည် ဆန်းကြယ်လှစွာသော အရာပေါင်းများစွာ ရှိနေပေရာ သူ့မျက်လုံးများမှာ အလုပ်များနေနှင့်ပေပြီ။

မြစ်ကမ်းဘေးမှ တုတ်တုတ်ခိုင်ခိုင်ရှိလှသော မိန်းကလေးမှာ ခုန်ပျံကန်ချက်တစ်ချက်ဖြင့် သူ့နောက်မှ ကပ်လိုက်လာသော ကောင်ငယ်လေးတစ်ယောက်၏ တင်ပါးကို ဆောင့်ကန်လိုက်သည်တွင် အပေါ်ပိုင်းအင်္ကျီမပါသော ထိုကောင်လေးကား ရှေ့သို့ ခြေလှမ်းအနည်းငယ်မျှ ယိုင်ကျသွားချေသည်။ ကလေးမလေးက "ဝါးလားဝါးလား" ဟူ၍ ဆက်လက်အော်ဟစ်နေပြီး ကောင်ငယ်လေးသည်လည်း စိတ်ဆိုးပုံမရှိဘဲ နဖူးကို ပျော်ရွှင်စွာပွတ်လျက် လှည့်ထွက်ကာ ပြေးသွားလေတော့သည်။ အခြားသူများကိုခေါ်ရန် ဖြစ်နိုင်ပေ၏။

သုံးယောက်သား ကမ်းပေါ်သို့ တက်လာချိန်တွင် လက်ရဲဇက်ရဲ မိန်းကလေးငယ်က သိပ်မငယ်လှတော့သော ကလေးတစ်အုပ်ကြီးကိုဦးဆောင်လျက် နန်ရှန်းကို ဝိုင်းလာကြပေသည်။

ရှောင်ဖန်းမှာ ဒေါသတကြီးဖြင့် ကလေးမ၏ နဖူးကို ဖြတ်ရိုက်ဟန်ပြုကာ ရိုင်းစိုင်းလှသောကြောင့် ဆုံးမချင်နေပုံရလေ၏။ ကလေးမလေးမှာကား မကြောက်မလန့်ပင် ခွေးရိုင်းပေါက်လေးတစ်ကောင်ကဲ့သို့ အရိုက်ခံလိုက်ရသည်နှင့် ချက်ချင်းတန်ပြန်တိုက်ခိုက်လာကာ ရှောင်ဖန်း၏ လက်ဝါးကို အားနှင့် ကိုက်ချလိုက်တော့သည်။

အကြီးတစ်ကောင်နှင့် အငယ်တစ်ကောင်တို့သည် ဤသို့ဖြင့် ပတ်ဝန်းကျင်တွင် မည်သူမျှရှိမနေသည့်အတိုင်း လုံးထွေးသတ်ပုတ်နေကြတော့သတည်း။

နန်ရှန်းက သူတို့ကို မတားပါချေ။ သူက မြစ်ကမ်းနားတွင်ရပ်နေဆဲဖြစ်သည့် ချူဟွမ်ထံ လှည့်လာပြီးနောက် ကလေးမကို လက်ညှိုးညွှန်ပြပေ၏။

"အဲ့ဒါ သူ့ကလေး။ 'မုမုကုထူ'တဲ့။ အဓိပ္ပာယ်ကတော့ ... ထွက်ပြူစ ပန်းငုံလေး တဲ့"

ချူဟွမ် : "..."

အနှီ "ပန်းငုံလေး" သည်ကား တကယ့်ကိုပင် ကျားအဖေမှ ခွေးပေါက်လေးမွေးမလာနိုင်* ဆိုသည့်အတိုင်း ကြမ်းတမ်းခက်ထန်မှုကို အပြည့်အဝ အမွေဆက်ခံထားလေသည်။
[ကျားအဖေမှ ခွေးပေါက်လေးမွေးမလာနိုင် (虎父无犬子/女)- အဖေ့ပုံအတိုင်း သားသမီးက ထွက်လာမယ်လို့ ဆိုလိုတဲ့ အသုံးအနှုန်းဖြစ်ပါတယ်]

ကြီးမားလှသော ကလေးအုပ်ကြီးက နန်ရှန်းပတ်လည်တွင် ဝန်းရံစုစည်းနေကြလျက် လည်များကိုဆန့်တန်းကာ ချူဟွမ်ကို ပတ်ချာလည်လှည့်၍ စစ်ဆေးကြည့်ရှုနေကြ၏။ ထိုသူသည် တောင်များ၏ အပြင်ဘက်မှ ရောက်လာသော ပန်ဒါကြီးတစ်ကောင်နှယ် အလွန်အသစ်အဆန်းဖြစ်လှသော်လည်း ထိုရှားပါးပစ္စည်းတွင် မည်သို့သော အမူအကျင့်များရှိနေသည်ကို မသိကြသေးလေရာ တစ်ယောက်ချင်းစီမှာ ကြည့်ရုံသာကြည့်လျက် အနားမကပ်ရဲကြပါပေ။

ချူဟွမ်ကား စင်စစ်အားဖြင့် ကလေးများကို မကြိုက်လှပါလေ။ ဆိုးဆိုးရွားရွားကလေးတစ်ယောက်လောက်က ကဂျီကဂျောင်ကျလျက် ဆူညံနေပါလျှင် သူ့ခေါင်းမှာ နှစ်ဆခန့် ပိုကြီးလာပေလိမ့်မည်။ သို့ရာတွင် သူအစားဝင်ထားရသော 'ဆရာ'ဟူသည့်နေရာအကြောင်းကို အမှတ်ရသွားလေရာ ကလေးများအပေါ် အလွန်အမင်း ပွဲကြမ်းပြ၍မရနိုင်ကြောင်း ခံစားသွားမိချေ၏။ ထို့ကြောင့် ခေါင်းကိုအနည်းငယ်ငုံ့လျက် ကလေးများကို ပြုံးပြလိုက်ကာ သူ၏ ဖော်ရွေမှုကို ပြသလိုက်ပေသည်။

ကလေးများသည်ကား ပါးစပ်ဟောင်းလောင်းပွင့်လျက် အလန့်ကြီးလန့်သွားကြပုံပေါ်ကာ နန်ရှန်းနောက်တွင် ဝင်ပုန်းနေကြလေတော့၏။

ချူဟွမ် : "... ငါက မကိုက်တတ်ပါဘူး။ တကယ်ပါ"

မကြာမီတွင် အခြားလူများလည်း သတင်းရသွားပြီးနောက် လူကြီးများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြလေသည်။

ဤနေရာမှ လူများမှာ ကျားမ မရွေး ဆံပင်အရှည်ထားကြပြီး ‌အမျိုးသားအများစုက အပေါ်အင်္ကျီမဝတ်ကြဘဲ အမျိုးသမီးများသည်ကား အားလုံးလိုပင် ကြီးမားရွှန်းစို၍ တောက်ပလှသည့် မျက်လုံးများရှိကြသော်လည်း ကိုယ်ခန္ဓာအချိုးအဆက်မှာမူ တောင့်တင်းကြံ့ခိုင်လှကာ ရဲရင့်သန်မာသည့် အရှိန်အဝါရှိပေ၏။

အလေးထားအာရုံစိုက်ပုံမရကြသော ကလေးများမှလွဲ၍ နန်ရှန်းကိုမြင်လိုက်ရသည်နှင့် လူကြီးတိုင်းမှာ ရပ်တန့်လျက် ရိုသေစွာဂါရဝပြုပြီးမှ ဆက်သွားကြပေသည်။ ထို့နောက် လူအုပ်ကြီးတစ်အုပ်က အသက်ကြီးကြီးအမျိုးသားကြီးအချို့ကို ဝန်းရံခေါ်ဆောင်လာကြ‌ကာ မြင့်မားလှသည့်ရာထူးများ ပိုင်ဆိုင်ထားကြပုံပေါ်သော ထိုလူကြီးများသည် စီတန်းရပ်လျက် နန်ရှန်းကို အရိုအသေပြုကြလေ၏။ နန်ရှန်းသည်ကား လက်ကို ပေါ့ပါးစွာဝှေ့ယမ်းလိုက်ပြီး လှည့်လာကာ ချူဟွမ်၏လက်ကောက်ဝတ်ကို ဆွဲ၍ ကိုင်မြှောက်ထားလျက် တစ်စုံတစ်ခုကို ကြေညာချေသည်။

သူ့စကားဆုံးသွားသည်နှင့် လူအုပ်ကြီးထဲမှ ချူဟွမ်ကို ဆွဲထုတ်လာရာတွင် လူအားလုံးမှာ နောက်ဘက်မှသာလိုက်လာကြကာ မည်သူမျှ ကျော်မတက်ရဲကြပါလေ။

ချူဟွမ်တစ်ယောက် ကန်းနေသည်ဆိုလျှင်တောင်မှ နန်ရှန်းသည် မျိုးနွယ်စုခေါင်းဆောင်ဖြစ်ကြောင်းကို နားလည်နိုင်ပေလိမ့်မည်။

မျိုးနွယ်စုတစ်ခု၏ အကြီးအကဲခေါင်းဆောင်၊ သူ့နယ်မြေအတွင်းတွင် တစ်ခွန်းခေါ်လိုက်သည်နှင့် ထူးသံတစ်ရာမျှ ပြန်လည်ရရှိနိုင်သူ၊ နှုတ်ထွက်စကားတိုင်းတွင် တစ်ချက်လွှတ်အမိန့်ဖြင့် ဥပဒေတည်နိုင်သူ၊ သက်ကြီးဝါကြီးပုဂ္ဂိုလ်ကြီးများပင်လျှင် တစ်ချက်မြင်လိုက်သည်နှင့် လိုလိုလားလား အရိုအသေပေးခံရသူ။ သို့တိုင်အောင် ထိုသူသည် နောက်လိုက်တစ်ယောက်သာခေါ်လာကာ သူမကျွမ်းဝင်သည့်ခရိုင်မြို့ဆီသို့ မိုင်ထောင်ပေါင်းများစွာ ခရီးနှင်လျက် ဧည့်သည်တစ်ယောက်ကို လာစောင့်ချေ၏။ သူ့ဝတ်စုံမှာ ကြောင်တောင်တောင်နိုင်လှပြီး တရုတ်စကားကိုလည်း ထူးဆန်းသည့်နည်းလမ်းဖြင့် ပြောကာ ထို့ထက်ပို၍ သူ့အပြုအမူများမှာလည်း ပုံမှန်မှ အလွန်ကွဲထွက်နေလေရာ သူ့ကို လူအချို့က ဝိုင်းရယ်သည်ကို ခံရလောက်သော်လည်း... သို့ရာတွင် ထိုသူမှာ မျှော်လင့်ချက်များ အလွန်ပြည့်ဝစွာဖြင့်ပင်။ သို့တိုင်အောင် ထပ်ခါထပ်ခါပင် သဲထဲရေသွန်ဖြစ်ရကာ အခါတိုင်း သူရှာနေသောသူကို မကြိုဆိုနိုင်ခဲ့ရှာပေ။

ချူဟွမ်မှာ ဤငယ်ရွယ်သော မိတ်ဆွေလေးမှာ အတော်လေး အံ့ချီးဖွယ်ရာကောင်းလှသည်ဟု ရုတ်တရက်ကြီး ခံစားလာရလေတော့သည်။

----------------

Please support NUG. အရေးတေ်ာပုံ အောင်ရမည် 💪

4. 5. 2021

❤❤❤

(Zawgyi)

SHBL မွာက arc ေတြရွိတာကို ခုမွ သတိထားမိလိုက္တယ္။ အရင္အပိုင္းေတြတုန္းက ထည့္ေတာင္ မထည့္လိုက္ရဘူး။ ျပန္ထည့္ရင္ ေနာက္တစ္ေခါက္ ထပ္ publish ရမွာမို႔ ဖတ္ၿပီးသားအပိုင္းေတြ ျပန္တက္လာရင္ ဒါဒါေတြ အာ႐ုံေနာက္သြားမွာစိုးလို႔ publish ၿပီးသားဟာေတြမွာ ျပန္မထည့္ေတာ့ဘဲ ဒီမွာပဲ ရွင္းလိုက္ပါေတာ့မယ္ေနာ္။ Me so careless 🤧

Chapter 1-5 ကေတာ့ Prologue ပါ။

Chapter 6 ကစတဲ့ arc ကေတာ့ ဒီ "ဤကမာၻ" ဆိုတဲ့ arc ျဖစ္ပါတယ္။

ေနာက္အပိုင္းေတြအတြက္ကေတာ့ Chapter ေခါင္းစဥ္မွာ တြဲပါတာက arc ျဖစ္ၿပီးေတာ့ အစပိုင္းမွာ စာလုံးမည္း(bold) တင္ထားတာနဲ႔ ထည့္ထားတာက Chapter တစ္ခုခ်င္းစီရဲ႕ ကိုယ္ပိုင္ေခါင္းစဥ္ခြဲေလးေတြ အျဖစ္ ေရးပါမယ္။

ဒါနဲ႔ ဒီ ၂ ရက္ ၃ ရက္ေလာက္အတြင္းမွာ အိမ္ကလူႀကီးေတြ ေဆးသြားျပစရာရွိတာကို ဆူး လိုက္သြားရမွာမို႔ နည္းနည္းေလာက္ ေပ်ာက္ရပါဦးမယ္။ ျပန္ေရာက္ၿပီး လိုင္းတက္ႏိုင္တာနဲ႔ တန္း up ေပးပါ့မယ္ေနာ္ 💗

---

ငါက မကိုက္တတ္ပါဘူး... တကယ္ပါ

ခ်ဴဟြမ္တစ္ေယာက္ သူ၏အေျခအေနအသစ္မ်ားကို ေလာင္ဟြမ္ထံ ျဖည္းျဖည္းေလးေလးႏွင့္ တိက်ရွင္းလင္းစြာ သတင္းပို႔လ်က္ တစ္ဖက္လူက သူ႔ထင္ျမင္ခ်က္ကို မေပးမီ - ဆိုလိုသည္မွာ 'မေအ..'ကိုင္၍ ကေလာ္တုတ္မခံရမီတြင္ အရင္ဦးေအာင္ ဖုန္းခ်လိုက္ေလသည္။ ထို႔ေနာက္ ဘယ္မွန္းမသိရသည့္ ေနရာဆီဦးတည္ေနေသာ အေဝးေျပးကားတစ္စင္းေပၚသို႔ သူတို႔ႏွင့္အတူတူ တက္လိုက္သြားေပေတာ့၏။

ခ်ဴဟြမ္မွာ ကားေပၚတက္ၿပီးၿပီးခ်င္းပင္ မ်က္လုံးကိုမွိတ္လ်က္ အနားယူေနေတာ့သည္။ ယခုအခ်ိန္အထိ သူ႔စိတ္ထဲတြင္ နန္ရွန္းတစ္ေယာက္ အေခ်ာင္သမားကို ပညာေပးလိုက္သည္ကို ျပန္လည္ျမင္ေယာင္ေနမိျခင္းကို မရပ္တန္႔ႏိုင္ေလ။ ျဖစ္ႏိုင္မည္ဆိုလွ်င္ သူ႔အေနျဖင့္ ထိုအျခင္းအရာကို မွတ္တမ္း႐ိုက္ယူထားကာ ျပကြက္တစ္ကြက္ခ်င္းကို စစ္ေဆးသုံးသပ္မိေပလိမ့္မည္။

ထိုစဥ္တုန္းက အေခ်ာင္သမားမွာ ပါးစပ္မွအျမႇဳပ္တစီစီထြက္လ်က္ ေျမႀကီးေပၚလဲက်သြားသည္တြင္ အနီးအနားရွိ လူအုပ္ႀကီးထံမွ ရပ္ၾကည့္ေနေသာ အၾကည့္မ်ားစြာကို ရယူႏိုင္လိုက္ေလ၏။ သို႔ရာတြင္ အႏွီအေခ်ာင္သမားသည္ ဤနယ္ေျမအတြင္း က်က္စားေနသည္မွာ အေတာ္ေလးၾကာေနၿပီျဖစ္ေလရာ ေဒသခံမ်ားအေနျဖင့္ သူ႔မ်က္ႏွာကိုမွတ္မိေနသည့္အတြက္ ေဘးမွသာ ရပ္ၾကည့္ေနၾကေခ်သည္။ လူတိုင္းက ဤကိစၥမွာ ဟန္ေဆာင္ေနျခင္းသာျဖစ္မည္ဟု ေတြးမိေသာေၾကာင့္ မည္သူမွ် အဖက္မလုပ္ၾကေပ။

နန္ရွန္းဟူသည့္ အဓိကတရားခံႀကီးသည္ကား လူအုပ္ႀကီးမွခြဲထြက္၍ ထင္းထင္းႀကီးရပ္လ်က္ လက္ႏွစ္ဖက္လုံးကိုေနာက္ပစ္ေနကာ တည္ၿငိမ္ေအးေဆးလွေသာ မ်က္ႏွာထားျဖင့္ ထိုကိစၥမွာ သူ႔လက္ခ်က္မဟုတ္သည့္ႏွယ္ ရွိေနေလသည္။

အေခ်ာင္သမားသည္ တြန႔္လိမ္ေနရင္း ေအာ့အန္လ်က္ သူလူးလွိမ့္ေနပုံမွာ ႀကိဳးဆြဲ႐ုပ္ေသး႐ုပ္ကဲ့သို႔ သူ႔ေျခလက္ေလးေခ်ာင္းလုံးကို မျမင္ရသည့္ လက္တစ္စုံက ထိန္းခ်ဳပ္ထားသည့္ႏွယ္ ေကာ့ကလန္ထိုးေနေပ၏။ ႐ုတ္တရက္ၾကည့္လိုက္လွ်င္ ဟန္ေဆာင္ေနသည္ႏွင့္တူ႐ုံသာမက ပုံႀကီးခ်ဲ႕၍ အလြန္အက်ဴးသ႐ုပ္ေဆာင္ျပေနပုံေပါက္ေနေလရာ ေဘးပတ္ဝန္းက်င္မွ အခ်ိဳ႕လူမ်ားမွာ ေပ်ာ္႐ႊင္စြာပင္ ပြဲၾကည့္ေနၾကေခ်သည္။ အေခ်ာင္သမားေထြးခ်လိုက္သည့္အထဲတြင္ အနီေရာင္ရွိေသာတစ္စုံတစ္ခု ပါမလာမီအထိျဖစ္၏။

စစခ်င္းမွာ ေသြးအျမႇဳပ္မ်ားျဖစ္ကာ ထို႔ေနာက္တြင္မူ ေသြးခဲအစအနမ်ားပါ ေရာပါလာေလေတာ့သည္။

ေသြးကိုျမင္လိုက္ရသည့္အခါတြင္မူ ပတ္ဝန္းက်င္မွလူမ်ားမွာ တေလးတနက္ျဖစ္သြားၾကေပသည္။ အသက္ႀကီးႀကီးလူတစ္ေယာက္က ေရွးဦးစြာ ေရွ႕ထြက္လာကာ တုန႔္တုန႔္ဆိုင္းဆိုင္းျဖင့္ စစ္ေဆးၾကည့္လ်က္ ေဆး႐ုံပို႔ေပးရန္လုပ္ေလ၏။ ခ်ဴဟြမ္တစ္ေယာက္ နန္ရွန္းကို လွည့္ၾကည့္လိုက္သည္တြင္ အႏွီ တုႏႈိင္းမဲ့ 'မယ္ေတာ္ မာရီ'မွာ မ်က္ခုံးမ်ားကို အနည္းငယ္ပင့္လိုက္လ်က္ ညႇာတာေထာက္ထားေသာအားျဖင့္ "ငါ့မွာ အခု လုပ္စရာေတြက်န္ေသးတယ္။ ဒါနဲ႔ပဲ ေတာ္လိုက္ၾကတာေပါ့" ဟူ၍ ရပ္ထားလိုက္ကာ စင္စစ္အားျဖင့္မူ ထပ္ပညာေပးခ်င္ေနသည့္ပုံမ်ိဳးျဖင့္ အေဝးကို ေလွ်ာက္သြားေပေတာ့သည္။

သူေျခလွမ္းလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ေသြးအန္ေကာင္းေနဆဲျဖစ္ေသာ ပုဂၢိဳလ္သည္ 'ရပ္' ခလုတ္ကိုႏွိပ္လိုက္သည့္အတိုင္း ခ်က္ခ်င္းပင္ လူးလွိမ့္ေနျခင္းတို႔ ရပ္သြားေခ်၏။ တစ္စကၠန႔္အၾကာတြင္မူ အေခ်ာင္သမားမွာ ေဖာ္ျပရန္ခက္ခဲလွေသာ မ်က္ႏွာထားမ်ိဳးျဖင့္ ေမွ်ာ္လင့္မထားရေလာက္ေအာင္ ေျခႏွစ္ေခ်ာင္းေပၚ မတ္မတ္ရပ္လာေလသည္။

ပြဲၾကည့္ေနေသာ လူအုပ္ႀကီးကား စိတ္ရႈပ္ေထြးစြာပင္ လူစုခြဲသြားၾကကာ စိတ္အားထက္သန္စြာ အကူအညီေပးေနခဲ့ေသာ လူအိုႀကီး၏မ်က္ႏွာမွာ ခ်က္ခ်င္းပင္ ေျပာင္းလဲသြား‌ေတာ့သည္။ သူ လွည့္စားခံလိုက္ရသည္ဟု ခံစားလိုက္ရေလရာ အေခ်ာင္သမား၏ မ်က္ခြက္ကို တံေတြးျဖင့္ေထြးလႊတ္ၿပီးေနာက္ လူစင္စစ္မွ ဘူးသီးပုံေပါက္လာသည္အထိ ေဒါသအလိပ္လိုက္ထြက္လ်က္ ထြက္ခြာသြားေခ်သည္။

နန္ရွန္းက ေဆး႐ြက္ေဆးျမစ္တစ္မ်ိဳးမ်ိဳးကို သုံးလိုက္ျခင္းမ်ိဳး ျဖစ္ႏိုင္ေပသည္။ ခ်ဴဟြမ္မွာ တ႐ုတ္တိုင္းရင္းေဆးမ်ားႏွင့္ မရင္းႏွီးေလရာ ဤကိစၥအေၾကာင္းကို အေသးစိတ္ ထပ္၍မစဥ္းစားခ်င္ေတာ့ပါေလ။ သို႔ရာတြင္ လြင့္ပ်ံလာေသာ ယြမ္ႏွစ္ဆယ္အတြက္ မည္သို႔ေသာရွင္းျပခ်က္မ်ိဳး ရွိႏိုင္ပါသနည္း?

ထိုအခ်ိန္တုန္းက တိုက္ခတ္ေနခဲ့ေသာ ထူးဆန္းလွသည့္ ေလက အလြန္ကံေကာင္းစြာျဖင့္ အေခ်ာင္သမား၏ခြက္ထဲမွ ပိုက္ဆံမ်ားကို ေမွာက္ခ်လိုက္ကာ အလြန္တိုက္ဆိုင္စြာျဖင့္ ယြမ္ႏွစ္ဆယ္အတိအက်ကို နန္ရွန္းလက္ထဲသို႔ အပိုအလိုမရွိ လြင့္လာေစခဲ့ျခင္းေလာ?

ခ်ဴဟြမ္တစ္ေယာက္ ထိုအရာမွာ ဒ႑ာရီလာ ခ်ိကုန္း* ပညာပင္ ျဖစ္လိမ့္မည္ဟု သံသယဝင္ခ်င္လာေပေတာ့သည္။ သူ႔အေနျဖင့္ အျငင္းပြားဖြယ္ရာ ေရွးေဟာင္းအယူသီးမႈမ်ားကို လူသိရွင္ၾကားေၾကာ္ညာခ်င္၍ မဟုတ္။ ျပကြက္တစ္ကြက္ခ်င္းကို အမွန္တကယ္စစ္ေဆးၿပီးသည့္အခါတြင္ပင္ နန္ရွန္းတစ္ေယာက္ မည္သို႔မည္ပုံလုပ္လိုက္သည္ကို လုံးဝကို စဥ္းစား၍ မရႏိုင္ေသာေၾကာင့္ပင္ ျဖစ္ေခ်သည္။
[ခ်ိကုန္း (气功) - အရွင္းဆုံးေျပာရရင္ေတာ့ အတြင္းအားေပါ့ေနာ္။ အဓိကအားျဖင့္ေတာ့ ဝင္သက္ထြက္သက္ကို အေျခခံတဲ့ က်င့္စဥ္စြမ္းအားေတြအတြက္ သုံးပါတယ္။ ခုေခတ္မွာေတာ့ အသက္ရႉေလ့က်င့္ခန္းေတြကိုလည္း ဒီစာလုံးနဲ႔ သုံးၾကပါတယ္]

ဤသို႔ျဖင့္ စိတ္ကူးယဥ္နိဗၺာန္ဘုံေလးကို ဖုံးလႊမ္းထားေသာ အေျခအျမစ္မရွိသည့္ ျမဴႏွင္းမ်ားမွာ ဆန္းၾကယ္ျခင္းျဖင့္ အေရာင္ျခယ္သခံလိုက္ရေလ၏။

ခ်ဴဟြမ္က ဤခရီးကို ရွည္လ်ားလိမ့္မည္ဟု ေမွ်ာ္လင့္ထားႏွင့္ၿပီးျဖစ္ေသာ္လည္း ဤမွ်ေလာက္ရွည္လ်ားလိမ့္မည္ဟု ထင္မထားခဲ့ပါေပ။

သူတို႔သည္ ပထမဆုံးအေနျဖင့္ ေနရာတိုင္းမွ ေလမ်ား ဒလေဟာထြက္ေနေသာ ကားႀကီးတစ္စင္းေပၚသို႔ တက္သြားကာ လူသူကင္းမဲ့ေနသည့္ ဂိတ္ဆုံးအထိ ထိုင္လိုက္သြားရေခ်၏။ နန္ရွန္းႏွင့္ ေရွာင္ဖန္းကား နားမလည္ႏိုင္ရွာျဖစ္ေနေသာ ကားဆရာႀကီးကို စိတ္ရင္းအမွန္ျဖင့္ ေက်းဇူးတင္ေၾကာင္း အခါရွစ္ရာခန႔္ ျပသေလသည္။ ထို႔ေနာက္ ေတာင္ေပၚလမ္းကို ကီလိုမီတာတစ္ဒါဇင္ခန႔္ ေျခလ်င္ေလွ်ာက္ၿပီးသည့္ေနာက္ တစ္ပတ္လည္လုံး လူတစ္ေယာက္တေလမွ်မရွိဘဲ ေျခာက္ကပ္လွေသာ ေတာတြင္းေတာင္တန္းတစ္ေနရာသို႔ ေရာက္သြားေတာ့သည္။

နန္ရွန္းတစ္ေယာက္ ရပ္လိုက္သည္ကို ျမင္လိုက္သည္တြင္ ခ်ဴဟြမ္က တစ္ဖက္လူမ်ား တစ္ေထာက္နားေတာ့မည္ဟု ထင္မိလိုက္၏။ မထင္မွတ္ဘဲ ေရွာင္ဖန္းက သူ၏ ႀကီးမားေလးလံလွေသာ ကိုယ္လုံးႀကီးႏွင့္မလိုက္ ေပါ့ပါးသြက္လက္စြာျဖင့္ သစ္ပင္ႀကီးတစ္ပင္ေပၚသို႔ ခုန္တက္သြားေပသည္။

သစ္ပင္ႀကီးမွာ အေတာ္ေလးသက္တမ္းရင့္ေနၿပီျဖစ္ကာ တုတ္ခိုင္၍ ေျဖာင့္တန္းလွၿပီး ခုနစ္မီတာ ရွစ္မီတာခန႔္ ျမင့္ေလာက္သည္။ ေရွာင္ဖန္းသည္ကား တက္လိုက္ က်လိုက္ျဖင့္ သစ္ပင္ထိပ္ဖ်ားဆီ တက္သြားသည္မွာ ေျမျပင္ေပၚတြင္ လမ္းေလွ်ာက္ေနသည့္အလား လြယ္လင့္တကူပင္။ ခ်ဴဟြမ္တစ္ေယာက္ မ်က္လုံးမ်ားကို လက္ျဖင့္ အလင္းကာၾကည့္လ်က္ "အေမြးထူေမ်ာက္" ၏ စတင္ရာအေၾကာင္းရင္းကို နားလည္သြားေခ်ေတာ့သည္။

ေရွာင္ဖန္းက သူ႔ခါးမွ သတၳဳခရာတစ္ခုကို ျဖဳတ္လိုက္ကာ ပါးစပ္တြင္ေတ့၍ မႈတ္လိုက္၏။ ထိုပစၥည္းမွာ သူ႔လက္တစ္ဖဝါးစာမွ်ပင္ မရွိေလရာ ခ်ဴဟြမ္က ခါးပတ္တြင္ အလွဆင္ထားေသာပစၥည္းတစ္ခုဟူ၍သာ ေတာက္ေလွ်ာက္ထင္ေနခဲ့မိေလသည္။

ခရာသံမွာ နက္ရႈိင္း၍ က်ယ္ဝန္းစြာ ပ်ံ႕လြင့္ေနကာ သတၳဳသံ၏ ေအးစက္ျခင္းတို႔ ပါဝင္ေရာစြက္ေနဟန္ ရွိေပ၏။ ထိုအသံ ေလႏွင့္အတူလြင့္ပါသြားခ်ိန္တြင္ ခ်ဴဟြမ္တစ္ေယာက္ မ်က္လုံးမ်ားကို ေမွးစင္းလ်က္ ဤခရာသံမွာ ေခၚသံတစ္မ်ိဳးႏွင့္တူသည္ဟု ခံစားမိေခ်သည္။

အေသအခ်ာကိုပင္ ေခတၱမွ်အၾကာတြင္ ျမင္းခြာသံမ်ား ၾကားလာရေလ၏။ ခ်ဴဟြမ္မွာ အံ့အားသင့္စြာျဖင့္ ေခါင္းလွည့္ၾကည့္လိုက္သည္တြင္ အေဝးမွလာေနေသာ ျမင္းသုံးေကာင္ကို ျမင္ရေလသည္။ နန္ရွန္း၏ ေရွ႕ေမွာက္သို႔ေရာက္သည္ႏွင့္ စည္းစနစ္တက် ရပ္တန႔္သြားၾကကာ ေရွ႕ဆုံးမွ ဦးေဆာင္လာေသာ တစ္ေကာင္သာလွ်င္ ခြၽဲႏြဲ႕သည့္အမူအရာမ်ိဳးျဖင့္ ၎၏ ရွည္လ်ားႀကီးမားေသာဦးေခါင္းကို ၫြတ္လ်က္ နန္ရွန္းကို သူ႔ႏွာ႐ိုးအား ပြတ္သပ္ေစေပ၏။

/ေနာက္ထပ္ အံ့ဩေလာက္စရာ အရည္အခ်င္းတစ္ခုပဲ/

ဤသို႔ျဖင့္ သူတို႔၏ ပို႔ေဆာင္ေရးနည္းလမ္းမွာ ေျခႏွစ္ေခ်ာင္းမွ ေျခေလးေခ်ာင္းသို႔ * ေျပာင္းသြားေပသည္။
[ေျခႏွစ္ေခ်ာင္းမွ ေျခေလးေခ်ာင္းသို႔ ("十一路" 换成 "四路") - မူရင္းအေရးအသားမွာေတာ့ တိုက္႐ိုက္ဘာသာျပန္ရင္ " '၁၁ လမ္း' မွ '၄ လမ္း' သို႔" လို႔ အဓိပၸာယ္ရတဲ့ အသုံးအႏႈန္းမ်ိဳးနဲ႔ ေရးထားတာပါ။ တ႐ုတ္ဗန္းစကားမွာက "၁၁ လမ္း" ဆိုတာက လမ္းေလွ်ာက္တာကို ေျပာတာျဖစ္ပါတယ္။ အဲ့လိုႀကီး တိုက္႐ိုက္ေရးလိုက္ရင္ ဖတ္ေနရင္းနဲ႔ ရႈပ္သြားမွာစိုးလို႔ ဒီလိုျပန္ျပင္ထည့္လိုက္တာပါ  (⁠・⁠∀⁠・⁠)]

လမ္းတစ္ေလွ်ာက္လုံး ခ်ဴဟြမ္ကား စိတ္လြတ္ကိုယ္လြတ္ အေတြးပြားေနမိေခ်၏။ သူ႔ခရီးတြင္ လမ္းတစ္ဝက္အထိ ေတြ႕ဆုံလာခဲ့ေသာ ထိုလူငယ္ေလးမွာ ျမင္းပင္ စီးတတ္ပါ့မည္ေလာ မသိ။ ပုံမွန္လူအမ်ားစုမွာ အားလပ္ခ်ိန္ႏွင့္ အပန္းေျဖသည့္ေနရာမ်ားတြင္သာ ျမင္းမ်ားႏွင့္ ႀကဳံေတြ႕တတ္ၾကေခ်သည္။ အခ်ိန္တိုေလးအတြက္ စီးရသည္မွာ ျပႆနာမရွိႏိုင္ေလာက္ေသာ္လည္း ဤသို႔ေသာ ၾကမ္းတမ္းလွသည့္ ေတာင္ေပၚလမ္းတြင္ ျမင္းစီး၍ခရီးသြားရျခင္းသည္ကား... ဤကိစၥမွာ သိပ္အပန္းေျပစရာမေကာင္းလွဟု သူေတြးမိေလေတာ့သည္။

ဤရႈေထာင့္မွၾကည့္လွ်င္ ထိုမိတ္ေဆြ၏ စစ္ေရာက္မလာခင္ တပ္ဆုတ္ေျပးသည့္ ဆုံးျဖတ္ခ်က္မွာ လုံးဝကို မွန္ကန္လွေလ၏။

သူတို႔သည္ ေျခာက္ကပ္လွေသာ ေတာင္တန္းတစ္ေလွ်ာက္ ေဝးလံ၍ လူသူကင္းမဲ့သည့္ ေနရာမ်ားကို ျဖတ္သန္းေလွ်ာက္လွမ္းၿပီးေနာက္ မိုးခ်ဳပ္သည့္အခါ ေကာင္းကင္အမိုး၊ ေျမျပင္အခင္းျဖင့္ပင္ တစ္ညတာကို ျဖတ္သန္းၾက‌ေပသည္။

နန္ရွန္းႏွင့္ ေရွာင္ဖန္းဟူသည့္ ေတာသားႏွစ္ေကာင္ကား ခ်က္ခ်င္း႐ိုက္ခ်က္ခ်င္းထုတ္ကင္မရာကို မည္သို႔မည္ပုံသုံးရမည္ကိုပင္ ယခုအခ်ိန္ထိ နားမလည္ႏိုင္ၾကေသးေလရာ ဤကမာၻထဲတြင္ "႐ြက္ဖ်င္တဲ"ကဲ့သို႔ေသာပစၥည္းမ်ိဳးကို ရွိသည္ဟူ၍ အရိပ္အေယာင္မွ်ပင္ မသိႏိုင္ေလာက္သည္မွာ ျဖစ္ႏိုင္ေပသည္။ သူတို႔ႏွစ္ေယာက္လုံးက အမိုးအကာမရွိဘဲ ခရီးသြားရသည့္အခက္အခဲကို ႀကံ့ႀကံ့ခံႏိုင္ေလာက္ေအာင္ အေရထူ၍ အသားၾကမ္းလွသည္ကို အျပည့္အဝေဖာ္ျပေနကာ ညအခ်ိန္ကို ထင္းမီးပုံတစ္ခုႏွင့္ပင္ ေက်ေက်နပ္နပ္ ရင္ဆိုင္ၾကေခ်၏။

သူ႔ေနရာတြင္ အျခားေသာ ခပ္ေပ်ာ့ေပ်ာ့ စာေပသမားတစ္ေယာက္ေယာက္ျဖင့္သာ အစားထိုးလိုက္မည္ဆိုပါက ဤႏွစ္ေယာက္၏ ဦးေဆာင္မႈျဖင့္ သြားရမည့္ေနရာကို အသက္ရွင္လ်က္ပင္ ေရာက္ႏိုင္ပါ့မည္ေလာဆိုသည္ကို ခ်ဴဟြမ္မသိေတာ့ပါေလ။

ႏွစ္ေပါင္းမ်ားစြာေလွ်ာက္ထားသည့္တိုင္ မည္သူမွ်မလာသည္မွာ ပုံမွန္ပင္ျဖစ္ေၾကာင္း ရွင္းလင္းစြာပင္ သိႏိုင္ေလ၏။

သို႔ရာတြင္ ခ်ဴဟြမ္ခံစားမိသေလာက္ ခရီးလမ္းသည္ အလြန္ပင္ သာယာလွေပသည္။ အေၾကာင္းမွာကား နန္ရွန္းမွာ သူညကင္းေစာင့္သည့္အခါတိုင္း မတူညီသည့္ ေက်းလက္ေတးသြားအမ်ိဳးမ်ိဳးကို သစ္႐ြက္မ်ားသုံး၍ မႈတ္ျပတတ္ေသာေၾကာင့္ေပတည္း။ သူတီးမႈတ္ေနသည့္တစ္ေလွ်ာက္ ခ်ဴဟြမ္က သူ႔မ်က္မွန္ထဲတြင္ ျမႇဳပ္ထားေသာ မိုက္က႐ိုခ်စ္ပ္ျပားေလးျဖင့္ အသံသြင္းထားေခ်၏။ ညေလျပည္ႏွင့္ ေရာယွက္ေနေသာ သစ္႐ြက္ပေလြသံမွာ ႐ိုမန္တစ္ဆန္လွၿပီး သာယာညင္းေပ်ာင္းလွကာ တစ္ခုႏွင့္တစ္ခု အၾကားအလပ္မရွိ လိုက္ဖက္ညီစြာ ေပ်ာ္ဝင္ေနလ်က္ ေနာက္ထပ္ ထပ္မံျဖည့္စြက္စရာမလိုေလာက္ေအာင္ပင္ ကိုယ္ပိုင္ဟန္တစ္ခုအျဖစ္ ရွိႏွင့္ၿပီးျဖစ္ေလသည္။

ခ်ဴဟြမ္သည္ကား အႏွီ ပင္ကိုယ္မူလ သဘာဝဂီတပညာရွင္၏ အမာခံပရိသတ္တစ္ေယာက္ ျဖစ္သြားေပၿပီ။

တစ္ေန႔ႏွင့္ တစ္ညလုံး ျမင္းစီးလာၿပီးသည့္ေနာက္ ခ်ဴဟြမ္တစ္ေယာက္ ႏိုင္ငံတကာနယ္စပ္မ်ဥ္းကိုပင္ ေက်ာ္သြားၿပီးေလာက္ၿပီဟု သံသယဝင္လာမိသည့္အခ်ိန္တြင္ ျမစ္တစ္စင္းေဘးသို႔ ‌ေရာက္လာၾကေတာ့၏။

ျမစ္ကိုျမင္လိုက္ရသည့္အခ်ိန္တြင္မွ ခ်ဴဟြမ္မွာ နန္ရွန္းက အဘယ္ေၾကာင့္ "ျမစ္ရဲ႕ ဒီဘက္ျခမ္း" ဟု ေျပာဆိုသုံးႏႈန္းသည္ကို သေဘာေပါက္သြားရေတာ့သည္။ ထို႔အရင္တုန္းက သူ႔ကိုယ္သူ ကမာၻအႏွံ႔ေျခဆန္႔၍သြားခဲ့ဖူးၿပီးၿပီဟု ထင္ထားခဲ့မိေသာ ခ်ဴဟြမ္ကား ျမစ္တစ္စင္းေရွ႕တြင္ အံ့အားသင့္စြာျဖင့္ ရပ္ေနမိရသည့္ ေန႔တစ္ေန႔သို႔ အမွန္တကယ္ေရာက္လာရလိမ့္မည္ဟု စိတ္ပင္မကူးမိခဲ့ပါေခ်။

ျမစ္၏အလြန္တြင္ ေတာင္စဥ္ေတာင္တန္းတို႔ ေထာင္ေသာင္းေပါင္းမ်ားစြာ အစဥ္စဥ္အထပ္ထပ္ သြယ္တန္းတည္ရွိေနကာ တစ္ဖက္ကမ္းမွာမူ ပါးလႊာသည့္ ျမဴႏွင္းတို႔ျဖင့္ ရစ္သိုင္းလႊမ္းၿခဳံေနေပ၏။ အံ့ဩစရာေကာင္းသည္မွာ သူ႔အျမင္အာ႐ုံျဖင့္ ေသေသခ်ာခ်ာသဲသဲကြဲကြဲ မျမင္ရျခင္းပင္။ ျမစ္ေရကား ေတာင္တန္းမ်ားၾကားမွ ျဖာက်လာေနေသာ ပိုးသားႀကိဳးစတစ္စကဲ့သို႔ ေအာက္အရပ္ဆီ ရစ္ေခြစီးဆင္းေနေလသည္။ ေရမွာ သိပ္မနက္လွဘဲ အလြန္ၾကည္လင္လွေလရာ ျမင္းေပၚမွမဆင္းဘဲ ေတာက္ေလွ်ာက္ျဖတ္ကူး၍ ရႏိုင္ေလာက္၏။ သို႔ရာတြင္ ခ်ဴဟြမ္တစ္ေယာက္ တစ္မ်ိဳးတစ္ဖုံျဖင့္ ခံစားေနမိသည္ကား - ျမစ္၏ တစ္ဖက္ကမ္းသည္ အျခားေသာ ေလာကတစ္ခုျဖစ္သည္ ဟူ၍ပင္။

ေရွာင္ဖန္းမွာ ေရွ႕ကို အေသာ့ႏွင္လ်က္ က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္ရာတြင္ သူ႕အသံသည္ ေတာင္စဥ္မ်ားအၾကား အေခါက္ေခါက္အျပန္ျပန္ ပဲ့တင္ထပ္ေနကာ ေတာထဲမွ ငွက္အုပ္မ်ားပင္ ေၾကာက္လန႔္တၾကားျဖင့္ ထပ်ံကုန္ၾကၿပီး ၾကည္လင္ေနေသာ ေကာင္းကင္ျပာႀကီးထံသို႔ ဦးတည္ထြက္ခြာသြားၾကေခ်သည္။

နန္ရွန္းက ခ်ဴဟြမ္ကို လွည့္ၾကည့္လ်က္ ဆိုေလ၏။
"ျမစ္ကို ျဖတ္ကူးၿပီးရင္ ေရာက္ၿပီ"

ခ်ဴဟြမ္ : "မင္းအိမ္ကိုလား?"

နန္ရွန္းမ်က္ဝန္းမ်ား ေကြးၫြတ္သြားေပသည္။

"ငါ့အိမ္"

စကားဆုံးသြားသည္ႏွင့္ သူက ျမင္း၏ဝမ္းဗိုက္ကို ခပ္ဖြဖြ ဖိလိုက္ၿပီးေနာက္ ျမစ္ကို ျဖတ္ကူးသြားေတာ့သည္။ ခ်ဴဟြမ္လည္း ေနာက္မွလိုက္လ်က္ ျမစ္အလယ္အထိ ေရာက္သြားေခ်သည္။ ျမဴမ်ားမွာ ပိုမိုထူထပ္လာပုံရွိကာ တျဖည္းျဖည္းျဖင့္ ေရထဲအထိ တလိမ့္လိမ့္ၿပိဳဆင္းလ်က္ ေဘးပတ္ဝန္းက်င္ကို ျမင္ရႏိုင္စြမ္းကား ပိုမိုဆိုး႐ြားလာေတာ့၏။

ခ်ဴဟြမ္တစ္ေယာက္ တဒဂၤမွ် မွင္သက္သြားမိကာ သူငယ္စဥ္က သင္ခဲ့ရေသာ "မက္မြန္ပြင့္နယ္ေျမမွတ္တမ္း* "ကို ျပန္လည္အမွတ္ရသြားမိေပ၏။
[မက္မြန္ပြင့္နယ္ေျမမွတ္တမ္း (桃花源记 - The Peach Blossom Spring) - ေျခာက္ျပည္ေထာင္ေခတ္မွာ ေက်ာ္ၾကားခဲ့တဲ့ တ႐ုတ္ကဗ်ာဆရာ ေထာင္ယြမ္းမင္ (陶渊明)ရဲ႕ လကၤာတစ္ပုဒ္ျဖစ္ပါတယ္]

'ေတာၿမိဳင္မ်ားႏွင့္ ေရျပင္တို႔၏အဆုံးတြင္ ေတာင္တစ္လုံးဆီသို႔ ေရာက္သြားေလသည္။ ထိုေတာင္တြင္ ေသးငယ္ေသာ အ‌ေပါက္ဝေလးတစ္ခုရွိကာ ထိုေနရာ၌ အလင္းေရာင္ရွိေနသကဲ့သို႔ပင္။' *
['ေတာၿမိဳင္မ်ားႏွင့္ ေရျပင္တို႔၏ ... အလင္းေရာင္ရွိေနသကဲ့သို႔ပင္' - "မက္မြန္ပြင့္နယ္ေျမမွတ္တမ္း"က ေကာက္ႏုတ္ခ်က္တစ္ခုပါ]

လက္တစ္ဖက္က ျဖတ္သန္းလာကာ သူ႔ျမင္း၏ ဇက္ႀကိဳးကို လွမ္းဆြဲလာေခ်သည္။

နန္ရွန္း : "ငါ မင္းကို ေခၚသြားမယ္"

အစပိုင္းတြင္ ျမဴထုႀကီးမွာ ထူထပ္သည္ထက္ ပိုမိုထူထပ္လာလ်က္ အသိပ္သည္းဆုံးေနရာမ်ားတြင္ ျမင္ႏိုင္ေသာအကြာအေဝးမွာ တစ္ေပပင္မျပည့္ေပ။ မည္မွ်အကြာအေဝးအထိမွန္းမသိ သြားၿပီးသည့္ေနာက္တြင္မွ ျမဴမ်ား စတင္၍လြင့္ျပယ္လာကာ တျဖည္းျဖည္းျဖင့္ ေနေရာင္ျခည္ထိုးေဖာက္ဝင္လာလ်က္ အလင္းေရာင္ေၾကာင့္ ၿပိဳကြဲသြားေသာ ျမဴမ်ားထဲက ထိုေနရာမွာ ႐ုတ္တရက္ ေကာင္းကင္ဘုံမွ နတ္ျပည္တစ္ေနရာအလား ရွိေနေပေတာ့သည္။

'ေလွကို ထို႔အတြက္ေၾကာင့္ စြန႔္ခြာလ်က္ ဝင္သြားလိုက္၏။ အစပိုင္းတြင္ အလြန္က်ဥ္းေျမာင္းလွကာ လူတစ္ေယာက္တည္း ဝင္သာေလာက္ေပသည္။ ေျခလွမ္းအနည္းငယ္မွ် ေရွ႕ဆက္တိုးၿပီးသည့္အခါတြင္ကား ႐ုတ္တရက္ က်ယ္ျပန႔္လွသည့္ ရႈခင္းႀကီးအျဖစ္ ေျပာင္းလဲသြားေလ၏။ ေျမျပင္မွာ ျပန႔္ျပဴးၿပီး ေမွ်ာ္မဆုံးႏိုင္ေအာင္ထိ ရွိေနလ်က္ အိမ္မ်ားသည္ကား စနစ္တက် တည္ရွိေနၿပီး ...' *
['ေလွကို ထို႔အတြက္ေၾကာင့္ ... စနစ္တက် တည္ရွိေနၿပီး ...' - ဒါလည္း "မက္မြန္ပြင့္နယ္ေျမမွတ္တမ္း"က ေကာက္ႏုတ္ခ်က္ပါပဲ]

႐ုတ္တရက္ ခ်ဴဟြမ္၏ နား႐ြက္မ်ားလႈပ္သြားၿပီးေနာက္ ၾကာရွည္၍ ငယ္႐ြယ္ပုံရေသာ ေအာ္သံတစ္ခ်က္ကို ၾကားလိုက္ရကာ ကေလးတစ္ေယာက္၏ အသံႏွင့္ တူေလသည္။ ဘာေျပာလိုက္သည္ဆိုသည္ကို နားမလည္ႏိုင္ေသာ္လည္း အသံမွာ ၾကည္လင္သာယာ၍ ႐ႊင္ျမဴးလွေခ်၏။

ထို႔ေနာက္တြင္မူ ပို၍တိုးသြားေသာ္လည္း ေနာက္ထပ္ကေလးသံမ်ား စုေပါင္းလာကာ တက္ႂကြေသာ စကားဝိုင္းတစ္ခုအျဖစ္ ရွိေနေလေတာ့သည္။

နန္ရွန္းက ႐ုတ္တရက္ ခ်ဴဟြမ္စီးလာေသာျမင္း၏ ေနာက္ဖက္ကို ပုတ္လိုက္သည္ႏွင့္ ခ်ဴဟြမ္တစ္ေယာက္ ထိုျမင္းမွာ ေလထဲသို႔ေျမာက္လ်က္ ခုန္လႊားသြားသည္ကို ခံစားလိုက္ရသည္တြင္ ျမင္းဇက္ႀကိဳးကို ဆြဲထားမိေပ၏။ သူ႔ေရွ႕ေမွာက္တြင္ပင္ ျမဴထုႀကီးမွာ လြင့္ပါးသြားကာ သူ႔ျမင္ကြင္းသည္လည္း ခ်က္ခ်င္းပင္ ၾကည္လင္သြားေပသည္။

ခ်ဴဟြမ္မွာ ထိန္းမထားႏိုင္ေတာ့ဘဲ အေတာ္ေလးၾကာေအာင္ ေတာင့္ခဲသြားရေတာ့၏။

အေနာက္ေတာင္ပိုင္းေဒသမွာ ေတာင္တန္းမ်ားထူထပ္ၿပီး ထိုေနရာမွ ႐ြာမ်ားသည္ ေျမျပန္႔မွ႐ြာမ်ားႏွင့္ မတူေလ။ ၎တို႔သည္ မ်ားေသာအားျဖင့္ အ႐ြယ္အစား အလြန္ေသးငယ္လွကာ အိမ္အခ်ိဳ႕စီတန္းေနလွ်င္ပင္ ႐ြာတစ္႐ြာျဖစ္ေနေလၿပီ။ သို႔ရာတြင္ သည္ေနရာတြင္ကား ရွားရွားပါးပါးျဖင့္ ေတာက္ေလွ်ာက္ခုန္ေပါက္သြား၍ရေလာက္ေသာ ေျမျပန႔္လြင္ျပင္ႀကီးတစ္ခုရွိေနကာ ထူးဆန္းလွသည့္ ထိုျမစ္မွာလည္း ဤေနရာတြင္ သုံးခုခြဲျဖာသြားေပသည္။ အလယ္မွတစ္စင္းသည္ ႐ြာမ်ားထဲသို႔ တြန႔္လိမ္ဝင္ေရာက္ေနေသာ အေစာင့္ေႁမြႀကီးႏွယ္ ရွိေနကာ ေနာက္တစ္စင္းမွာ မ်က္စိတစ္ဆုံး ထူထပ္သိပ္သည္းလွေသာ ေတာအုပ္ထဲသို႔ ဦးတည္ေနၿပီး ေနာက္ဆုံးတစ္စင္းကား အျမင့္အနိမ့္ေပါင္းစုံျဖင့္ လူေနအိမ္မ်ားၾကား ျဖတ္သန္းေနေလ၏။

ေနရာက်ယ္လွေသာေၾကာင့္ တစ္အိမ္ႏွင့္တစ္အိမ္ၾကား ကြက္လပ္မ်ားသည္ပင္ အေတာ္ေလးက်ယ္ဝန္းကာ လွပစြာပင္ ေျပာက္တိေျပာက္ၾကား ျဖစ္ေနေခ်သည္။ လမ္းေလွ်ာက္တတ္ခါစျဖစ္ပုံေပၚေသာ ကေလးငယ္ေလးမ်ားမွာ အုပ္စုဖြဲ႕၍ ေျပးလႊားေနၾကၿပီး လူႀကီးမ်ားသည္ကား ဂ႐ုပင္မစိုက္ၾကပါေလ။ မေတာ္တဆ ျမစ္ထဲသို႔ ျပဳတ္က်သြားၾကမည္ကို တစိုးတစိမွ်ပင္ စိတ္မပူၾကေလဟန္ ရွိေပသည္။

နည္းနည္းပိုႀကီးေသာ ကေလးအခ်ိဳ႕သည္ကား ျမစ္ကမ္းေဘးမွ ေစာင့္ေနႏွင့္ကာ သူတို႔လာသည္ကို ျမင္လိုက္ရသည္ႏွင့္ ထိပ္ဆုံးမွ အမ်ိဳးသမီးငယ္ေလးမွာ သုံးေပခန႔္အျမင့္အထိ ခုန္ေနလ်က္ သူ႔လက္ကိုလည္း သူတို႔ထံသို႔ အသည္းအသန္ေဝွ႔ရမ္းျပရင္း ရွည္လ်ားလွသည့္ အမည္နာမတစ္ခုကို ေအာ္ဟစ္ေခၚတြင္ေနေပ၏။ ခ်ဴဟြမ္မွာ ေရွာင္ဖန္းက နန္ရွန္းကို ထိုအတိုင္းေခၚေဝၚသည္ကို ၾကားဖူးေလရာ ထိုအမည္နာမသည္ မ်ိဳးႏြယ္စုအတြင္းတြင္ နန္ရွန္း၏ ရာထူးကို ကိုယ္စားျပဳပုံရသည္ဟု ခန႔္မွန္းမိေလ၏။

ခ်ဴဟြမ္ကား အေစာတလ်င္ မေမးလိုက္ပါေခ်။ ဤေနရာတြင္ အထူးတလည္ ဆန္းၾကယ္လွစြာေသာ အရာေပါင္းမ်ားစြာ ရွိေနေပရာ သူ႔မ်က္လုံးမ်ားမွာ အလုပ္မ်ားေနႏွင့္ေပၿပီ။

ျမစ္ကမ္းေဘးမွ တုတ္တုတ္ခိုင္ခိုင္ရွိလွေသာ မိန္းကေလးမွာ ခုန္ပ်ံကန္ခ်က္တစ္ခ်က္ျဖင့္ သူ႔ေနာက္မွ ကပ္လိုက္လာေသာ ေကာင္ငယ္ေလးတစ္ေယာက္၏ တင္ပါးကို ေဆာင့္ကန္လိုက္သည္တြင္ အေပၚပိုင္းအက်ႌမပါေသာ ထိုေကာင္ေလးကား ေရွ႕သို႔ ေျခလွမ္းအနည္းငယ္မွ် ယိုင္က်သြားေခ်သည္။ ကေလးမေလးက "ဝါးလားဝါးလား" ဟူ၍ ဆက္လက္ေအာ္ဟစ္ေနၿပီး ေကာင္ငယ္ေလးသည္လည္း စိတ္ဆိုးပုံမ႐ွိဘဲ နဖူးကို ေပ်ာ္႐ႊင္စြာပြတ္လ်က္ လွည့္ထြက္ကာ ေျပးသြားေလေတာ့သည္။ အျခားသူမ်ားကိုေခၚရန္ ျဖစ္ႏိုင္ေပ၏။

သုံးေယာက္သား ကမ္းေပၚသို႔ တက္လာခ်ိန္တြင္ လက္ရဲဇက္ရဲ မိန္းကေလးငယ္က သိပ္မငယ္လွေတာ့ေသာ ကေလးတစ္အုပ္ႀကီးကိုဦးေဆာင္လ်က္ နန္ရွန္းကို ဝိုင္းလာၾကေပသည္။

ေရွာင္ဖန္းမွာ ေဒါသတႀကီးျဖင့္ ကေလးမ၏ နဖူးကို ျဖတ္႐ိုက္ဟန္ျပဳကာ ႐ိုင္းစိုင္းလွေသာေၾကာင့္ ဆုံးမခ်င္ေနပုံရေလ၏။ ကေလးမေလးမွာကား မေၾကာက္မလန္႔ပင္ ေခြး႐ိုင္းေပါက္ေလးတစ္ေကာင္ကဲ့သို႔ အ႐ိုက္ခံလိုက္ရသည္ႏွင့္ ခ်က္ခ်င္းတန္ျပန္တိုက္ခိုက္လာကာ ေ႐ွာင္ဖန္း၏ လက္ဝါးကို အားႏွင့္ ကိုက္ခ်လိုက္ေတာ့သည္။

အႀကီးတစ္ေကာင္ႏွင့္ အငယ္တစ္ေကာင္တို႔သည္ ဤသို႔ျဖင့္ ပတ္ဝန္းက်င္တြင္ မည္သူမွ်ရွိမေနသည့္အတိုင္း လုံးေထြးသတ္ပုတ္ေနၾကေတာ့သတည္း။

နန္ရွန္းက သူတို႔ကို မတားပါေခ်။ သူက ျမစ္ကမ္းနားတြင္ရပ္ေနဆဲျဖစ္သည့္ ခ်ဴဟြမ္ထံ လွည့္လာၿပီးေနာက္ ကေလးမကို လက္ညႇိဳးၫႊန္ျပေပ၏။

"အဲ့ဒါ သူ႔ကေလး။ 'မုမုကုထူ'တဲ့။ အဓိပၸာယ္ကေတာ့ ... ထြက္ျပဴစ ပန္းငုံေလး တဲ့"

ခ်ဴဟြမ္ : "..."

အႏွီ "ပန္းငုံေလး" သည္ကား တကယ့္ကိုပင္ က်ားအေဖမွ ေခြးေပါက္ေလးေမြးမလာႏိုင္* ဆိုသည့္အတိုင္း ၾကမ္းတမ္းခက္ထန္မႈကို အျပည့္အဝ အေမြဆက္ခံထားေလသည္။
[က်ားအေဖမွ ေခြးေပါက္ေလးေမြးမလာႏိုင္ (虎父无犬子/女)- အေဖ့ပုံအတိုင္း သားသမီးက ထြက္လာမယ္လို႔ ဆိုလိုတဲ့ အသုံးအႏႈန္းျဖစ္ပါတယ္]

ႀကီးမားလွေသာ ကေလးအုပ္ႀကီးက နန္႐ွန္းပတ္လည္တြင္ ဝန္းရံစုစည္းေနၾကလ်က္ လည္မ်ားကိုဆန႔္တန္းကာ ခ်ဴဟြမ္ကို ပတ္ခ်ာလည္လွည့္၍ စစ္ေဆးၾကည့္ရႈေနၾက၏။ ထိုသူသည္ ေတာင္မ်ား၏ အျပင္ဘက္မွ ေရာက္လာေသာ ပန္ဒါႀကီးတစ္ေကာင္ႏွယ္ အလြန္အသစ္အဆန္းျဖစ္လွေသာ္လည္း ထိုရွားပါးပစၥည္းတြင္ မည္သို႔ေသာ အမူအက်င့္မ်ားရွိေနသည္ကို မသိၾကေသးေလရာ တစ္ေယာက္ခ်င္းစီမွာ ၾကည့္႐ုံသာၾကည့္လ်က္ အနားမကပ္ရဲၾကပါေပ။

ခ်ဴဟြမ္ကား စင္စစ္အားျဖင့္ ကေလးမ်ားကို မႀကိဳက္လွပါေလ။ ဆိုးဆိုး႐ြား႐ြားကေလးတစ္ေယာက္ေလာက္က ကဂ်ီကေဂ်ာင္က်လ်က္ ဆူညံေနပါလွ်င္ သူ႔ေခါင္းမွာ ႏွစ္ဆခန႔္ ပိုႀကီးလာေပလိမ့္မည္။ သို႔ရာတြင္ သူအစားဝင္ထားရေသာ 'ဆရာ'ဟူသည့္ေနရာအေၾကာင္းကို အမွတ္ရသြားေလရာ ကေလးမ်ားအေပၚ အလြန္အမင္း ပြဲၾကမ္းျပ၍မရႏိုင္ေၾကာင္း ခံစားသြားမိေခ်၏။ ထို႔ေၾကာင့္ ေခါင္းကိုအနည္းငယ္ငုံ႔လ်က္ ကေလးမ်ားကို ၿပဳံးျပလိုက္ကာ သူ၏ ေဖာ္ေ႐ြမႈကို ျပသလိုက္ေပသည္။

ကေလးမ်ားသည္ကား ပါးစပ္ေဟာင္းေလာင္းပြင့္လ်က္ အလန႔္ႀကီးလန႔္သြားၾကပုံေပၚကာ နန္ရွန္းေနာက္တြင္ ဝင္ပုန္းေနၾကေလေတာ့၏။

ခ်ဴဟြမ္ : "... ငါက မကိုက္တတ္ပါဘူး။ တကယ္ပါ"

မၾကာမီတြင္ အျခားလူမ်ားလည္း သတင္းရသြားၿပီးေနာက္ လူႀကီးမ်ား တစ္ေယာက္ၿပီးတစ္ေယာက္ ထြက္လာၾကေလသည္။

ဤေနရာမွ လူမ်ားမွာ က်ားမ မေ႐ြး ဆံပင္အရွည္ထားၾကၿပီး ‌အမ်ိဳးသားအမ်ားစုက အေပၚအက်ႌမဝတ္ၾကဘဲ အမ်ိဳးသမီးမ်ားသည္ကား အားလုံးလိုပင္ ႀကီးမား႐ႊန္းစို၍ ေတာက္ပလွသည့္ မ်က္လုံးမ်ားရွိၾကေသာ္လည္း ကိုယ္ခႏၶာအခ်ိဳးအဆက္မွာမူ ေတာင့္တင္းႀကံ့ခိုင္လွကာ ရဲရင့္သန္မာသည့္ အရွိန္အဝါရွိေပ၏။

အေလးထားအာ႐ုံစိုက္ပုံမရၾကေသာ ကေလးမ်ားမွလြဲ၍ နန္ရွန္းကိုျမင္လိုက္ရသည္ႏွင့္ လူႀကီးတိုင္းမွာ ရပ္တန႔္လ်က္ ႐ိုေသစြာဂါရဝျပဳၿပီးမွ ဆက္သြားၾကေပသည္။ ထို႔ေနာက္ လူအုပ္ႀကီးတစ္အုပ္က အသက္ႀကီးႀကီးအမ်ိဳးသားႀကီးအခ်ိဳ႕ကို ဝန္းရံေခၚေဆာင္လာၾက‌ကာ ျမင့္မားလွသည့္ရာထူးမ်ား ပိုင္ဆိုင္ထားၾကပုံေပၚေသာ ထိုလူႀကီးမ်ားသည္ စီတန္းရပ္လ်က္ နန္ရွန္းကို အ႐ိုအေသျပဳၾကေလ၏။ နန္ရွန္းသည္ကား လက္ကို ေပါ့ပါးစြာေဝွ႔ယမ္းလိုက္ၿပီး လွည့္လာကာ ခ်ဴဟြမ္၏လက္ေကာက္ဝတ္ကို ဆြဲ၍ ကိုင္ေျမႇာက္ထားလ်က္ တစ္စုံတစ္ခုကို ေၾကညာေခ်သည္။

သူ႔စကားဆုံးသြားသည္ႏွင့္ လူအုပ္ႀကီးထဲမွ ခ်ဴဟြမ္ကို ဆြဲထုတ္လာရာတြင္ လူအားလုံးမွာ ေနာက္ဘက္မွသာလိုက္လာၾကကာ မည္သူမွ် ေက်ာ္မတက္ရဲၾကပါေလ။

ခ်ဴဟြမ္တစ္ေယာက္ ကန္းေနသည္ဆိုလွ်င္ေတာင္မွ နန္ရွန္းသည္ မ်ိဳးႏြယ္စုေခါင္းေဆာင္ျဖစ္ေၾကာင္းကို နားလည္ႏိုင္ေပလိမ့္မည္။

မ်ိဳးႏြယ္စုတစ္ခု၏ အႀကီးအကဲေခါင္းေဆာင္၊ သူ႔နယ္ေျမအတြင္းတြင္ တစ္ခြန္းေခၚလိုက္သည္ႏွင့္ ထူးသံတစ္ရာမွ် ျပန္လည္ရရွိႏိုင္သူ၊ ႏႈတ္ထြက္စကားတိုင္းတြင္ တစ္ခ်က္လႊတ္အမိန႔္ျဖင့္ ဥပေဒတည္ႏိုင္သူ၊ သက္ႀကီးဝါႀကီးပုဂၢိဳလ္ႀကီးမ်ားပင္လွ်င္ တစ္ခ်က္ျမင္လိုက္သည္ႏွင့္ လိုလိုလားလား အ႐ိုအေသေပးခံရသူ။ သို႔တိုင္ေအာင္ ထိုသူသည္ ေနာက္လိုက္တစ္ေယာက္သာေခၚလာကာ သူမကြၽမ္းဝင္သည့္ခ႐ိုင္ၿမိဳ႕ဆီသို႔ မိုင္ေထာင္ေပါင္းမ်ားစြာ ခရီးႏွင္လ်က္ ဧည့္သည္တစ္ေယာက္ကို လာေစာင့္ေခ်၏။ သူ႔ဝတ္စုံမွာ ေၾကာင္ေတာင္ေတာင္ႏိုင္လွၿပီး တ႐ုတ္စကားကိုလည္း ထူးဆန္းသည့္နည္းလမ္းျဖင့္ ေျပာကာ ထို႔ထက္ပို၍ သူ႔အျပဳအမူမ်ားမွာလည္း ပုံမွန္မွ အလြန္ကြဲထြက္ေနေလရာ သူ႔ကို လူအခ်ိဳ႕က ဝိုင္းရယ္သည္ကို ခံရေလာက္ေသာ္လည္း... သို႔ရာတြင္ ထိုသူမွာ ေမွ်ာ္လင့္ခ်က္မ်ား အလြန္ျပည့္ဝစြာျဖင့္ပင္။ သို႔တိုင္ေအာင္ ထပ္ခါထပ္ခါပင္ သဲထဲေရသြန္ျဖစ္ရကာ အခါတိုင္း သူရွာေနေသာသူကို မႀကိဳဆိုႏိုင္ခဲ့ရွာေပ။

ခ်ဴဟြမ္မွာ ဤငယ္႐ြယ္ေသာ မိတ္ေဆြေလးမွာ အေတာ္ေလး အံ့ခ်ီးဖြယ္ရာေကာင္းလွသည္ဟု ႐ုတ္တရက္ႀကီး ခံစားလာရေလေတာ့သည္။

----------------

Please support NUG. အေရးေတ္ာပုံ ေအာင္ရမည္ 💪

4. 5. 2021

❤❤❤

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

99.7K 13.8K 108
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။
1.8M 186K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
10.3K 333 27
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
93.6K 5K 113
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann