တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်...

By SuzanneM4Y

23.9K 2.9K 200

Original novel - Of Mountains and Rivers (Shan He Biao Li - 山河表里) by Priest Year - 2015 No. of chapters - 77... More

Introduction
Story Brief
Chapter - 1: Prologue
Chapter -2: Prologue
Chapter - 3: Prologue
Chapter - 4: Prologue
Chapter - 5: Prologue
Chapter - 6: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 7: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 8: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 9: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 11: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 12: ဤကမ္ဘာ (ဤကမာၻ)
Chapter -13: ဤကမ္ဘာ (ဤကမာၻ)
Chapter - 14: ဤကမ္ဘာ (ဤကမာၻ)
Chapter - 15: ဤကမ္ဘာ (ဤကမာၻ)
Chapter - 16: ဤကမ္ဘာ (ဤကမ႓ာ)
Chapter-17: ဤကမ္ဘာ ( ဤကမာၻ )
Chapter-18: ဤကမ္ဘာ ( ဤကမာၻ )
Chapter-19: ဤကမ္ဘာ ( ဤကမာၻ )
Chapter-20: ဤကမ္ဘာ ( ဤကမာၻ )
Chapter-21: ဤကမ္ဘာ ( ဤကမာၻ )
Chapter-22: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 23: ဤကမ္ဘာ ( ဤကမာၻ )
Chapter-24: ဤကမ္ဘာ ( ဤကမာၻ )
Chapter-25: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-26: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-27: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter - 28: အခြားကမ္ဘာ (အျခားကမာၻ)
Chapter - 29: အခြားကမ္ဘာ (အျခားကမာၻ)
To my translation readers
Chapter - 30: အခြားကမ္ဘာ (အျခားကမာၻ)

Chapter - 10: ဤကမ္ဘာ ( ဤကမာၻ )

362 80 2
By SuzanneM4Y

(Uni)

တစ်ဖက်မစောင်းသင့်ဘူး...

ခရိုင်မြို့လေးမှာ တစ်ချက်မျှလေလည်လိုက်လျှင်ပင် ကိုယ့်ခြေဖနောင့်ကို ပြန်မှန်ကာ ခလုတ်တိုက်နိုင်လောက်သည်အထိ တစ်ချက်ကြည့်ရုံနှင့် အားလုံးကို မြင်နေရနိုင်သော နေရာငယ်လေးတစ်ခုပင်။

သူတို့ "ခန်တန်းကျီး"မှ ထွက်လာပြီးနောက် ချူဟွမ်ရောက်လာခဲ့သော ကားဂိတ်ကို ဖြတ်သွားရခြင်းမှ ရှောင်လွှဲ၍ မရနိုင်ပါလေ။ ယခုအချိန်မှာ မွန်းတည့်ချိန်လောက်ရှိနေပြီဖြစ်ပြီး ဒေသတွင်းခရီးသွားများ အထူထပ်ဆုံးအခြေအနေသို့ ရောက်နေပြီဖြစ်လေသည်။ ဦးထုပ်အနီလေးများ ဆောင်းထားကြသော ဧည့်လမ်းညွှန်အချို့က လော်စပီကာများဖြင့် သူတို့၏ အသီးသီးသော ခရီးသွားများကို နောက်မှ လိုက်လာရန် အော်နေပေ၏။

ခရီးသွားဧည့်သည်များကား စုစည်းထိန်းကျောင်း၍မရနိုင်သော သိုးတစ်အုပ်နှင့်ပင် တူချေသည်။ ကားပေါ်မှ ဆင်းသည်နှင့် ကိုယ့်သဘောနှင့်ကိုယ် သွားချင်ရာသွားကြလေတော့၏။ ပင်ပန်းနွမ်းနယ်စွာဖြင့် နောက်ကလိုက်သည့်သူက လိုက်၊ အိမ်သာကို နေရာအနှံ့ လိုက်ရှာသည့်သူကရှာနှင့် ခရိုင်မြို့၏ စုတ်စုတ်ပြတ်ပြတ်လမ်းများကို ဓာတ်ပုံရိုက်နေကြသည့် သူများပင် ရှိသေးလေသည်။

ဤ ချောင်ကြိုချောင်ကြားနေရာတွင် မည်သို့သော ဓာတ်ပုံရိုက်စရာကောင်းကောင်း ရှိနေသည်တော့ မသိ၊ ခရီးသွားများအတွက် သီးသန့်ပွဲတော်တစ်မျိုးနှင့်ပင် တူနေပေသည်။

နန်ရှန်းနှင့် ရှောင်ဖန်းကား ဤမျှလောက် လူအများကြီးနှင့် တွေ့ရသည့်အခါတွင် လန့်သွားကြကာ တမင်တကာပင် ရှောင်ကွင်းလျက် လမ်းဖယ်ပေးထားကြ၏။

"ကျယ်ပြန့်သည့်နေရာ၊ ထူထပ်သည့် လူဦးရေ"ဟူသည်မှာ မည်သည်ကို ဆိုလိုပါသနည်း? တောင်တန်းကြီးများပေါ်မှလာသော အနှီကလေးနှစ်ယောက်အား ရေခဲစိုင်ကြီး၏ ထိပ်ဖျားလေးလောက်ကို ညှိုးငယ်စွာ ကြည့်ခွင့်ပေးထားရုံမျှဖြင့် သူတို့အတွက် တစ်နှစ်စာအတွ့အကြုံထက်ပင် အပုံကြီးပိုများစေရန် လုံလောက်လေသည်။

နန်ရှန်းကား တစ်ယောက်ယောက် ချူဟွမ်ကို ဝင်တိုက်မိမည်စိုးသဖြင့် သူ့ရှေ့တွင်တမင်ရပ်၍ ကာပေးထားကာ တစ်ချိန်တည်းတွင်ပင် ခရီးသွားများကို စိတ်ဝင်တစား လက်ညှိုးထိုးပြလျက် မေးပေ၏။
"ဘာလုပ်နေကြတာလဲ?"

ချူဟွမ်မှာ လူအများကြီးကို မြင်ရသည့်အခါတွင် စိတ်ရှုပ်သွားသော်လည်း နန်ရှန်းနှင့် မျက်နှာချင်းဆိုင်နေရသောကြောင့် စိတ်ထဲမှ အလိုမကျမှုများကို အပြင်သို့ ထွက်မလာစေဘဲ ပျင်းရိစွာ ဆိုလေသည်။
"ခရီးထွက်တာ"

နန်ရှန်းနှင့် ရှောင်ဖန်းတို့က သူ့ကို ပြိုင်တူပင် လှည့်ကြည့်လာကြကာ မျက်လုံးနှစ်စုံတို့ထဲတွင် ထပ်တူကျနေသော စူးစမ်းမှုနှင့် အကြောင်းရင်းကို နားမလည်နိုင်မှုတို့ ရှိနေ၏။

ချူဟွမ် : "... အဝေးကြီးကနေ လာပြီးတော့ အပန်းဖြေကြတာပေါ့။ တောကြမ်းလမ်းလျှောက်တာတို့ - ဟိုက တောင်လိုမျိုးမှာပေါ့။ အဲ့ပေါ်ကိုတက်ပြီး အပန်းဖြေကြတာ"

နားမလည်နိုင်ကြသေးပါချေ။ တောင်ပေါ်သားများအနေဖြင့် တွေးကြည့်၍ပင် ရနိုင်မည်မဟုတ်။ တောင်တက်ခြင်းသီးသန့်အတွက် အဘယ်ကြောင့်များ ရေးကြီးခွင်ကျယ် အထူးတဆန်းလုပ်နေရပါမည်နည်း။

ချူဟွမ်က တဒင်္ဂမျှ ရပ်၍ စဉ်းစားနေပြီးမှ ပို၍ နားလည်လွယ်နိုင်မည့်နည်းလမ်းကို ရွေးချယ်လိုက်လေသည်။ သူ့လက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်ပြီး ပါးစပ်ဆီဆွဲယူသည့်ပုံ လုပ်ပြပေ၏။
"စားတယ် --"

ထို့နောက် လက်ကို ပြန်ရုတ်လိုက်ကာ ရှောင်ဖန်း၏ ဗိုက်ကို ပုတ်ပြလိုက်သည်။
"ဗိုက်ပြည့်တယ် --"

နောက်ဆုံးတွင် ချူဟွမ်က လက်နှစ်ဖက်ကို ထိကာ "အများအပြား"ဟူသော အမူအရာမျိုး လုပ်ပြ၏။
"ပွေ့ဖက်တာ"

နန်ရှန်းနှင့် ရှောင်ဖန်းမှာ ရုတ်တရက် သဘောပေါက်သွားလျက် အားကျမှုများ ရောစွက်နေသော နားလည်ရခက်သည့် အကြည့်မျိုးဖြင့် သွားလာနေကြသော လူအုပ်ကြီးကို အကဲခတ်နေကြချေသည်။

သည်တစ်ကြိမ်တွင် မိန်းကလေးငယ်တစ်ယောက်က "ချက်ချင်းရိုက် ချက်ချင်းထုတ်" ကင်မရာတစ်လုံးကို လက်ထဲတွင် ကိုင်လျက် သူတို့အနီးမှ ဖြတ်သွားကာ လမ်းဘေးတွင် ထိုင်၍နေဆာလှုံနေသော အစောင့်ခွေးတစ်ကောင်ကို ဓာတ်ပုံရိုက်လိုက်၏။

"ချပ်" ဟူသည့် အသံက ချူဟွမ်ဘေးမှ နှစ်ယောက်သား၏ အာရုံကို ဖမ်းစားလိုက်ပေသည်။ ခေတ္တမျှအကြာတွင် ပုံနှိပ်ပြီးသား ဓာတ်ပုံစာရွက်တစ်ခု ထွက်လာလေ၏။ မိန်းကလေးက ထိုပုံကို ခပ်ဖွဖွကိုင်လျက် ခဏမျှယပ်ခတ်လိုက်ပြီးသည့်နောက်တွင် ခွေး၏ ဓာတ်ပုံမှာ ကြည်လင်သွားလေတော့သည်။ သူက သူနှင့်အတူပါလာသော အဖော်ထံ ပြန်ပြေးသွားကာ ဓာတ်ပုံကို သွားပြသည်တွင် နန်ရှန်းနှင့် သူ့မိတ်ဆွေကြီးမှာ ထွက်သွားသော ကျောပြင်ကို လိုက်ကြည့်နေကြပေသည်။

လန့်သွားသော ရှောင်ဖန်းမှာ သွားရောက်စစ်ဆေးရန်အလို့ငှာ မကြာမီပင် အပြေးတစ်ပိုင်းဖြင့် မြေပြင်ပါ်မှ ခွေးကို ခါးကိုင်း၍ အနီးကပ်ကြည့်နေပေ၏။ ခွေးကား ခါးအထိအဝတ်မရှိသော လူကြီးကို ကြည့်လျက် အမြီးကို တည်ငြိမ်စွာပင် ခါယမ်းနေကာ ၎င်းအသက်ရှင်နေသေးကြောင်း၊ စာရွက်ပေါ်တွင် အကောင်လိုက် ဖိကပ်ခံလိုက်ရပြီး ပါသွားခြင်းမဟုတ်ကြောင်း၊ တောသားငပိန်းများ လာ၍ စိတ်ပူပေးရန်မလိုကြောင်း ပြသချေသည်။

ရှောင်ဖန်းလည်း ချက်ချင်းပင် တက်ကြွစွာ ပြန်ပြေးလာကာ သူ့အနေဖြင့် ထူးဆန်းအံ့ဩဖွယ်ရာတစ်ခု တွေ့လာခဲ့ကြောင်းကို နန်ရှန်းထံ ဆူညံစွာ အစီအရင်ခံနေလေ၏။ ခြေကားယားလက်ကားယားဖြင့် အလွန့်အလွန်ကို ပျော်ရွှင်တက်ကြွစွာ ပြန်ပြောင်းပြောပြနေခြင်း ဖြစ်ပေသည်။

ချုဟွမ်၏ အကြည့်သည်ကား နန်ရှန်း၏ ဆေးမင်ကြောင်ပေါ် ရောက်သွားပြီး ထိုပုံမှာ ကြမ်းတမ်းရက်စက်သည့် သားရဲတစ်ကောင်၏ ပုံဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ သူသည် ကျေးလက်ဒဏ္ဍာရီဆိုင်ရာ ပညာရှင်မဟုတ်သောကြောင့် မည်သို့သော မျိုးနွယ်စုက ထိုပုံမျိုးကို အလေးအမြတ်ထားကြောင်း မသိပေ။ ဤပုံမျိုးကို မြင်ပင်မမြင်ဖူးပါချေ။

ရှောင်ဖန်းက နန်ရှန်းအပေါ်ဆက်ဆံပုံကို ကြည့်ခြင်းအားဖြင့် ထိုဆံပင်ရှည်နှင့် ကိုလူချောမှာ သူတို့၏ မျိုးနွယ်စုနယ်ပယ်ထဲတွင် အလွန်မြင့်မားသည့် အဆင့်အတန်းမျိုး ရှိပုံရကာ မျိုးနွယ်စုအကြီးအကဲ သို့မဟုတ်လျှင်တောင် အကြီးအကဲ၏ အမျိုးအဆွေဖြစ်နိုင်ချေ များစွာရှိလေ၏။

ချူဟွမ်မှာ အဓိကတိုင်းရင်းသားမျိုးနွယ်စုကြီး ငါးဆယ့်ခြောက်စုအပြင် တရုတ်ပြည်အတွင်းတွင် အကြောင်းကြောင်းကြောင့် စာရင်းဇယားအတိအကျနှင့် မှတ်တမ်းမတင်နိုင်သေးသော တိုင်းရင်းသားမျိုးနွယ်စုပေါင်းများစွာ ရှိသေးကြောင်းကို သိပေသည်။ နန်ရှန်းမှာ ထိုထဲမှတစ်မျိုး ဖြစ်နိုင်၏။

သူက နန်ရှန်းကို မည်သည့်လူမျိုးဖြစ်ကြောင်း မေးလိုက်သည်တွင် တရုတ်စာနှင့် အတိအကျဖော်ပြ၍မရနိုင်သော အဖြေတစ်ခု ရလိုက်လေသည်။ အသံထွက်မှာ တရုတ်လို "လီယီ"နှင့် နီးစပ်ကာ တရုတ်အသံထွက်ထက် များစွာပို၍ ရှုပ်ထွေးလေ၏။ "လီယီ မျိုးနွယ်စု" ဟူသော အမည်၏ အဓိပ္ပာယ်အတိအကျမှာ မည်သို့ဆိုလိုကြောင်းကိုမူ နန်ရှန်းတစ်ယောက် သေချာအလေးမထား၍ပဲလော၊ ဖြေရန်အဆင်မပြေ၍ပဲလောမသိ၊ "တောင်အစောင့်" တစ်မျိုးမျိုးဟု ယူဆရသည့် မတိမကျအဖြေတစ်ခုသာ ပေးချေသည်။

နန်ရှန်းသည် မန်ဒရင်းတရုတ်စာအနည်းငယ်တတ်ကျွမ်းကာ သူသိသည့် စာလုံးများမှာ သူပြောနိုင်သည်ထက် ပိုများ၏။ သူ့တွင် ငွေသားရှိပြီး ပစ္စည်းများကို မည်သို့ ဝယ်ခြမ်းရမည်ကို သိကာ ငွေကြေး၏ တန်ဖိုးကိုလည်း အမြင်နှင့် နားလည်ပေသည်။ သူ့အနေဖြင့် ပြင်ပကမ္ဘာနှင့် လုံးဝအဆက်အသွယ်မရှိခြင်းမျိုး မဟုတ်ကြောင်းကို တွေ့နိုင်သော်လည်း ထိုဆက်သွယ်ခြင်းမှာ လေးလေးနက်နက်မဟုတ်သလို မကြာခဏလည်း ဟုတ်ပုံမရချေ။ မည်သို့ပင်ဆိုစေကာမူ ဤမျှလောက်သေးငယ်သော နယ်စပ်မြို့လေးတွင်ပင် အရာရာတိုင်းက သူ့အတွက် အသစ်အဆန်းဖြစ်နေလေသည်။ သူ့အနေဖြင့် ဣန္ဒြေသိက္ခာကို ထိန်းသိမ်းနေရသည့်အတွက် ရှောင်ဖန်းကဲ့သို့ ခုန်ဆွခုန်ဆွဖြင့် နေရာအနှံ့လျှောက်ပြေးနေ၍ မရသော်လည်း သူ့မျက်ဝန်းများထဲတွင် ထက်သန်သော စူးစမ်းမှုတို့ ပြည့်နှက်နေချေသည်။

/ ပို့ဆောင်ဆက်သွယ်ရေးက အဆင်မပြေလို့ အပြင်ကို ခဏခဏမထွက်နိုင်တာလား?

ပြီးတော့ သူတို့သယ်လာတဲ့ ထူးဆန်းတဲ့ ဆေးရွက်ဆေးမြစ်တွေ - အထူးသဖြင့် အဲ့အဖြူရောင်အမှုန့် ... တကယ်လို့သာ အဲ့ဒါက ဆဲလ်တွေရဲ့အလုပ်လုပ်နှုန်းကို တကယ်မြှင့်တင်ပေးနိုင်တယ်ဆိုရင် လူတွေဘယ်လောက်တောင်များ ငမ်းငမ်းတက် လိုချင်သွားကြလိမ့်မလဲ? /

ဤအခိုက်အတန့်တွင်ပင် နန်ရှန်းက ပြန်လှည့်လာကာ ချူဟွမ်ကို လက်ကမ်းလျက် တွဲခေါ်ပေးမည့်ပုံကဲ့သို့ ဖော်ပြလေ၏။ ထို့နောက် အစိမ်းသက်သက် မန်ဒရင်းတရုတ်စကားဖြင့် တည့်တိုးပြောပေသည်။
"မြစ်ရဲ့ ဒီဘက်ခြမ်းက ကောင်းတယ်"

ချူဟွမ်မှာ သူ့ကို လှည့်ကြည့်မိလိုက်တော့သည်။ သူ့အနေဖြင့် "မြစ်ရဲ့ဒီဘက်ခြမ်း"ဟူသည်မှာ မည်သည်ကို ဆိုလိုခြင်းဖြစ်ပါသနည်း?

ထို့နောက် နန်ရှန်းက တစ်ခုခုကို တွေးမိသွားပုံဖြင့် ခေါင်းကို ငုံ့၍ ပြုံးလေ၏။

"ငါတို့ဘက်က ကလေးတွေ ... မူလတန်းကျောင်းသားတွေလည်း ဒီဘက်ကို လာနိုင်ရင်... ကောင်းတယ်"

ချူဟွမ်က "မူလတန်းကျောင်းသား" ဟူသည်မှာ "ကလေး" ဟုဆိုလိုကြောင်း သူ့ကို တစ်ခါတုန်းက ပြောပြထားဖူးလေရာ သူက ထိုစာလုံးကို ချက်ချင်းမှတ်ထားခြင်း ဖြစ်ချေသည်။ သူနားလည်လိုက်သည့် အဓိပ္ပာယ်မှာ အနည်းငယ်လွဲသွားသော်ငြားပင်။ နန်ရှန်းက ဤစကားကို ပြောရာတွင် ညည်းညူနေပုံမပေါက်သော်လည်း သူ့တွင် မပြည့်မြောက်နိုင်သည့် အနာဂတ်မျှော်မှန်းချက်တစ်ခု ရှိနေပုံရကာ ထိုအရာမှာ အကောင်အထည်ဖော်၍ မဖြစ်နိုင်သည့်အတွက် သူ့အနေဖြင့် မကျေမချမ်းဖြစ်နေပုံ ရှိပေ၏။

သူညည်းညူနေလျှင်တောင်မှ ချူဟွမ်က အတိုင်းထက်အလွန် နားလည်ပေးနိုင်မည်ဖြစ်သော်လည်း မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူတစ်ပါး၏ ကိစ္စသာ ဖြစ်လေသည်။ နားလည်ပြီးလျှင်တောင်မှ သူ့အနေဖြင့် လိုက်ခံစားပေးမည် မဟုတ်လေ။

သို့ရာတွင် နန်ရှန်း၏ မကျေနပ်မှုသေးသေးလေးမှာ ဘာရယ်မသိ၊ အသွားတုံးနေသော ဓားဦးချွန်လေးတစ်ခုနှယ် ချူဟွမ်၏ နှလုံးသားကို မထိတထိလာမွှန်းနေသကဲ့သို့ ရှိကာ ချူဟွမ်၏ စိတ်ထဲမှ အတွေးတစ်ခုသည် ဒုတိယအကြိမ်အဖြစ် ထွက်လာချေသည်။

/"သူက တရုတ်စာသင်ပေးနိုင်မယ့် လူတစ်ယောက်လောက်ပဲ ရှာချင်တာကို ဘာကြောင့်များ အဲ့လောက် ခက်ခဲနေရတာပါလိမ့်? ဒါမှမဟုတ် ငါလိုက်သွားလို့လည်း ရတာပဲ"/

ထိုအတွေးမှာ ပျောက်ကွယ်သွားပြီး ချူဟွမ်၏ အကြည့်များက လူအုပ်ကြီးနှင့် ကားများပြည့်နေသော ကားဂိတ်တို့ထံ ရွေ့သွားပြီးနောက် နောက်တစ်ကြိမ် ခေါင်းကိုမသိမသာယမ်းလျက် စဉ်းစားမိပေသည်။
/"ဘာတွေများ တွေးမိနေတာလဲ?"/

သူ့တွင် လုပ်စရာများ တစ်ပုံတပင်ကြီး ကျန်နေသေး၏။ သရဲလေးကို ဖမ်းမိသွားပြီဖြစ်သောကြောင့် သူ့အနေဖြင့် သရဲလေး၏ တရားစီရင်ခြင်း အဆုံးသတ်သည်အထိ ကြည့်သင့်သည်မဟုတ်ပါလော?

ကြားနာစစ်ဆေးမှုအစအဆုံးကိုလည်း နားထောင်ကာ ထိုလူများ၏ အဆုံးသတ်မှာ မည်သို့ဖြစ်မည်ကို ကြည့်ရဦးမည်မဟုတ်ပါလော?

ပြန်သွားပြီးလျှင် ဆရာဝန်ကောင်းကောင်းတစ်ယောက်ရှာကာ စစ်ဆေးမှုခံယူလျက် သူ့ကိုယ်သူ ပြန်လည်ထိန်းညှိပြီးနောက် ဖြစ်နိုင်လျှင် အလုပ်ပြန်ဆင်းချင်သေးသည် ...

ရှောင်လု၏ ကလေးက ယောက်ျားလေးလော မိန်းကလေးလောဆိုသည်ကိုလည်း မြင်ချင်ပါ၏။

ဤကိစ္စများကို တွေးလိုက်မိပြီးနောက် မိုးကုပ်စက်ဝိုင်းအစွန်ဆီ လွင့်မျောနေခဲ့သော ချူဟွမ်၏အတွေးများမှာ လေးလံစွာဖြင့် မူလနေရာသို့ ပြန်လည်ဖိနှိပ်ခံလိုက်ရတော့သည်။ သူက နန်ရှန်းကို တစ်ချက်ကြည့်လိုက်ကာ သူ့ပခုံးကို ပုတ်လိုက်လေသည်။

"ဒီမှာ ခဏစောင့်နေ"

စကားဆုံးသည်နှင့် သူ၏ လက်ဖြစ်တုတ်ကောက်ကို အားပြုလျက် ခရီးသွားများထံ လျှောက်သွားလေ၏။

နန်ရှန်းမှာ အံ့ဩသွားပြီးနောက် ချက်ချင်းပင် စိတ်ပူမှုကြောင့် လိုက်လာသော်လည်း ချူဟွမ်၏ "ဒီမှာ စောင့်နေ" ဟူသော စကားကို နားလည်သောကြောင့် သူ့အနေဖြင့် တစ်ခုခုလုပ်စရာရှိ၍ဖြစ်မည်ဟု တွေးလိုက်မိကာ နောက်မှ ကပ်မလိုက်ဘဲ မနီးလွန်းမဝေးလွန်းသော အကွာအဝေးတစ်ခုမှသာ ကျန်နေခဲ့ပေသည်။ ချူဟွမ်တစ်ယောက် စောစောကမှ ဓာတ်ပုံရိုက်သွားသော မိန်းကလေးထံ လျှောက်သွားကာ ခေါင်းကိုငုံ့လျက် တစ်ခုခုကို ဆွေးနွေးနေချေ၏။

သူတစ်ပါးစကားပြောနေချိန်တွင် နန်ရှန်းအနေဖြင့် အလွန်အမင်းအနားကပ်မသွားသင့်ဟု ခံစားမိသဖြင့် လမ်းဘေးမှသာ စောင့်နေလေသည်။ ရုတ်တရက် လမ်းဆုံတွင် ခေါင်းငုံ့၍ ဒူးထောက်နေသော လူတစ်ယောက်ကို တွေ့လိုက်ရကာ ထိုသူ၏ရှေ့တွင် စာများအပြည့်ရေးထားသော စာရွက်ကြီးတစ်ခု ဖြန့်ခင်းထားပေ၏။

/ဘာအတွက်လဲ?/

သူနားမလည်ပါလေ။ စင်စစ်အားဖြင့် ဤကဲ့သို့သော အနည်းငယ်သာစည်ကားသည့်နေရာမျိုးတွင်ပင် ထိုသို့သောလူမျိုးများ ရှိနေပေသည်။ များသောအားဖြင့် သန်သန်မြန်မြန် လူငယ်များနှင့် ကျောင်းဝတ်စုံဝတ်ထားသော ကျောင်းသားများဖြစ်လေ၏။ ရှေ့တွင် စာရွက်တစ်ရွက်ဖြန့်ချကာ ထိုအပေါ်တွင် ခရီးသွားရင်း သူခိုးနှင့် တွေ့လာကြောင်း သို့မဟုတ် ကျောင်းသွားရန် အဆင်မပြေတော့သည့်အကြောင်း စသည်ဖြင့် ရေးထားပြီး အထိုင်ချ၍ ပိုက်ဆံတောင်းကြခြင်းပင်။

နန်ရှန်းက ထိုနေရာသို့ လျှောက်လှမ်းသွားကာ သုတေသနပြုနေသည့်နီးပါး အပြုအမူမျိုးဖြင့် ထိုင်ချလိုက်ကာ အချောင်သမား၏ လိမ်ဆင်ဇာတ်လမ်းကို တစ်လုံးချင်း သေချာဖတ်နေလေသည်။ ထို့နောက် အကြောင်းပြချက်အားလုံးကို ဖတ်ပြီးသွားသည့်နောက် နောက်ဆုံးစာကြောင်းဖြစ်သော "ခရီးစရိတ်အတွက် ယွမ် နှစ်ဆယ်မျှ တောင်းခံပါသည်" ဆိုသည်ကို မြင်လိုက်ရသည်တွင် အိတ်ထဲမှ ငွေစက္ကူအတန်ကြီးတစ်ထပ်နှင့် အကြွေအချို့ကို သူ့အိတ်ကပ်ထဲမှ တိတ်ဆိတ်စွာ နှိုက်ထုတ်လိုက်ပေ၏။ ငွေတန်ဖိုးကို သေချာစွာ စစ်ဆေးပြီးသည့်နောက် ယွမ် ၂၀ ထုတ်လာကာ တစ်ဖက်လူ၏ ခွက်ထဲသို့ ပစ်မပေးဘဲ လက်ကို ဆန့်တန်းလျက် ကမ်းပေးချေသည်။

အချောင်သမားမှာ လူငယ်တစ်ယောက်ပင်ဖြစ်ကာ သူ့ရှေ့တွင်ရှိနေသည့်၊ ဝတ်ပုံစားပုံမှအစ အပြုအမူများအထိ ထူးဆန်းလှသော ထိုလူကို ကြောင်ကြည့်နေမိ၏။ ‌ခေတ္တမျှ တုန့်ဆိုင်းသွားပြီး တဒင်္ဂလောက်အတွက် သူ၏မှားယွင်းသော လုပ်ရပ်များအတွက် နောင်တရမိတော့မလိုပင် ဖြစ်သွားလေတော့သည်။

သို့ရာတွင် ကျင့်ဝတ်နှင့်ပြည့်စုံသော ဝါရင့်သမ္ဘာရင့် ပရော်ဖက်ရှင်နယ် အချောင်သမားတစ်ယောက်အနေဖြင့် သူ၏နောင်တမှာ အမြဲအကန့်အသတ်ရှိပေသည်။ ထိုသူမှာ သူ့အတွက် ထမင်းတစ်နပ်စာပင် ဖြစ်လေရာ ကျေးဇူးတင်ကြောင်းပြ၍သာ တည်ငြိမ်စွာ လက်ခံယူထားလိုက်၏။

ချူဟွမ်ကား မိန်းကလေးငယ်ထံမှ ခုရိုက်ခုထုတ် ကင်မရာကို ဝယ်လာခဲ့ချေသည်။ သူ့တွင် ပြောဆိုဆက်သွယ်ခြင်းနှင့်ပတ်သက်၍ အသိမှတ်ပြုလောက်စရာ အရည်အချင်းများ ရှိသကဲ့သို့ ငွေသုံးရသည်ကိုလည်း နှမြောတွန့်တိုခြင်း မရှိပါလေ။ နောက်ဆုံးတွင် မိန်းကလေးမှာ တစ်ဝက်တစ်ပျက်လက်ကျန် ဓာတ်ပုံစက္ကူဘူးကိုပင် သူ့ကို ပေးလိုက်ပေသည်။

သူဝယ်ပြီး၍ ပြန်လှည့်ကြည့်သည့်အချိန်၌ နန်ရှန်းတစ်ယောက် ပိုက်ဆံပေးနေသော မြင်ကွင်းကို မြင်လိုက်ရသည်တွင် ချက်ချင်းပင် အနည်းငယ်စိုးရိမ်သွားမိလေတော့သည်။

ဤမိတ်ဆွေ၏ စိတ်ထားမှာ မယ်တော်မာရီ၏ တောက်ပမှုတို့နှင့် ပြည့်လျှံနေကာ လောကတစ်ခွင်ကို အမှောင်တိုက်ခွင်း ထွန်းလင်းစေသော ဗုဒ္ဓဘုရားရှင်၏ ရောင်စဉ်တော်နှင့်ပင် အနည်းငယ်တူညီပုံ ရချေသည်။ အရှိန်အဝါကြီးမြတ်လှသည့် အသွင်အပြင်နှင့် ကြီးပြင်းလာသည့်တိုင် အဘယ်ကြောင့် အနည်းငယ် တုံးအနေပုံ ရှိနေရပါသနည်း?

ချူဟွမ်ကား သူ့အနေဖြင့် သတိကောင်းကောင်းမထားပါလျှင် လူကုန်ကူးခံရပြီး ရောင်းစားခံရမည်ကိုပင် အနည်းငယ်စိုးရိမ်မိပေသည်။

သူက နန်ရှန်းကို လက်လှမ်းပြလိုက်၏။ နန်ရှန်းက ခေါင်းကို တစ်ဖက်သို့ စောင်းငဲ့လိုက်သည်တွင် ချူဟွမ်က စည်ကားနေသော ခရိုင်မြို့လေး၏ ကြည်ပြာရောင်ကောင်းကင်ကို နောက်ခံထားလျက် ထိုတဒင်္ဂတွင် ဖြစ်ပေါ်လာသော ထိုသူ၏ အံ့အားသင့်မှုအရိပ်အယောင်သန်းနေသည့် အမူအရာကို အမိအရ ရိုက်ယူလိုက်လေသည်။

ချူဟွမ်က ဓာတ်ပုံနှင့်တကွ သူဝယ်လာသော ကင်မရာကို နန်ရှန်းထံ ပေးလိုက်ပေ၏။

နန်ရှန်းမှာ ကြောက်သွားလုနီးပါး ရှိလေသည်။ သူ့အတွက် ဤသို့သောအရာမှာ ၁၉၇၁ ခုနှစ်ထုတ် ရှင်းဟွာအဘိဓာန်ထက်ပင် ရှားပါးကြောင်း သိသာလှလေ၏။

ရုတ်တရက် သူ့မျက်နှာတစ်ခုလုံး အနည်းငယ်မျှ အနီရောင်လွှမ်းသွားကာ လမ်းတစ်လျှောက်လုံး ချူဟွမ်ကို တိတ်တခိုးကြည့်နေချေသည်။

ချူဟွမ်လည်း မသိချင်ယောင်ဆောင်လျက် ဒဏ်ရာရထားသော ခြေထောက်ကို တရွတ်ဆွဲကာ တုတ်ကောက်ကို အားပြုပြီး ရှေ့မှ လျှောက်သွားပေ၏။ ဒဏ်ရာများက နာကျင်လိုက် ယားယံလိုက်ဖြစ်နေသောကြောင့်လားမသိ၊ ချူဟွမ်တစ်ယောက် သူ့ခြေလှမ်းများမှာ မျောလွင့်နေသည့်နှယ် ခံစားနေရလေသည်။

နန်ရှန်းနှင့် ချူဟွမ်မှာ ဧည့်ရိပ်သာတွင် တစ်ပတ်ကျော်မျှ နေထိုင်ခဲ့ကြလေ၏။

လုပ်စရာမရှိသည့် အချိန်မျိုးတွင် နန်ရှန်းက အဘိဓာန်ကို ဖွင့်လျက် ချူဟွမ်၏ ရှင်းလင်းချက်များနှင့် အမှားပြင်ပေးမှုများကို တစ်လုံးချင်း နားထောင်ပေသည်။ နေ့ဘက်တွင် စာကို အသံထွက်ဖတ်ပြီး ညဘက်တွင် နောက်တစ်ကြိမ် အသံတိတ်ကျက်မှတ်ချေ၏။

နန်ရှန်းတွင် အလွန်စူးရှလှသောအမြင်အာရုံရှိသည့် မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထားပုံရလေသည်။ သူသည် ညသန်းခေါင်အချိန်ကြီး စာဖတ်သည့်အခါမျိုးတွင်ပင် တစ်ခါမျှမီးမထွန်း။ ကြည့်ရသည်မှာ အမှောင်ထုသည် သူ့အမြင်အာရုံကို နှောင့်ယှက်နိုင်ပုံမရလေ။ ချူဟွမ်က မီးမဖွင့်ရသည့် အကြောင်းရင်းကို သူ့အား မေးလိုက်သည်တွင် မယုံနိုင်လောက်စရာပင် ခွက်ထိုးခွက်လန် အူလှိမ့်ရယ်ရလောက်သည့် အဖြေမျိုးကို ရလာပေ၏။ အနှီ ရိုးသားအပြစ်ကင်း၍ ဖြောင့်မတ်မှန်ကန်လှသည့် မယ်တော်မာရီကဲ့သို့သော မိတ်ဆွေမှာ ဧည့်ရိပ်သာ၏ လျှပ်စစ်စွမ်းအားကို ဖြုန်းတီးရာရောက်မည်စိုးသောကြောင့် ဟူသတည်း။

တစ်ပတ်အကြာတွင် ချူဟွမ်၏ သေနတ်ဒဏ်ရာများမှာ ယုံကြည်နိုင်စရာမရှိလောက်အောင်ကိုပင် ပျောက်ကင်းသွားလေပြီ။

နန်ရှန်းတို့မှာ နောက်ဆုံးတွင် ထွက်သွားတော့ပေမည်။ ထိုအချိန်တွင် ရှောင်ဖန်းမှာ ခေါင်းလှုပ် အမြီးလှုပ်ရုံမျှသာ တတ်နိုင်သေးသော ဝက်ဝံကြီးတစ်ကောင်ဖြစ်နေဆဲပင် ဖြစ်သော်လည်း နန်ရှန်းကား သူ၏ အနည်းငယ်မျှသော အခြေခံနှင့် နေ့နေ့ညည ကြိုးစားလေ့လာမှုတို့ကြောင့် နေ့စဉ်စကားပြောအချို့ကို အထစ်ထစ်အငေါ့ငေါ့ပြောနိုင်သည့် အခြေအနေသို့ ရောက်သွားချေပြီ။

"ငါ ပြန်သွားရမယ်၊ အကြာကြီး အပြင်သွားနေလို့ မရဘူး"
နန်ရှန်းက ပြောလေ၏။ သူသည် အစမှအဆုံးထိ ချူဟွမ်၏ ဒဏ်ရာများအကြောင်း လုံးဝမမေးဘဲ လေးနက်စွာဖြင့်သာ ဤသို့ မေးပေသည်။
"မင်း အန္တရာယ်ကြုံရင် အဆင်ပြေပါ့မလား?"

ချူဟွမ်တစ်ယောက် နန်ရှန်းက သူ့ကို ပထမဆုံးအကြိမ်အဖြစ် အဘိဓာန်ကိုသုံး၍ စကားပြောခဲ့စဉ်က "အဝေးက အန္တရာယ်" ဟူသော စကားလုံးကို ဖော်ပြခဲ့ကြောင်းကိုလည်း ဝိုးတဝါးမှတ်မိပေ၏။ ခရီးဝေးတစ်ခါမှမထွက်ဖူးသော အနှီ တိုင်းရင်းသားအစ်ကိုမှာ အပြင်လောကကို မည်သို့သော ဓားတောင်နှင့် မီးပင်လယ်များအဖြစ် ထင်မြင်နေသည်မသိ။ သူ့အနေဖြင့် မထိန်းနိုင်ဘဲ ရယ်လိုက်မိလေတော့သည်။

နန်ရှန်းမှာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခါးကိုင်းလိုက်ကာ ဓားမြှောင်နှင့်တူသော ဓားငယ်လေးတစ်ချောင်းကို သူ့ခြေကျင်းဝတ်မှ ထုတ်လာပြီး ချူဟွမ်၏ လက်ထဲသို့ လေးနက်တည်ကြည်စွာ ထည့်ပေးချေသည်။

"ငါ ဘာမှ သယ်မလာခဲ့ဘူး။ ဒါပဲရှိတယ်။ ဒါက လေကိုခွင်းပြီး ရန်သူတွေအားလုံးကို ရင်ဆိုင်နိုင်တယ်"

/ရန်သူတွေအားလုံးကို ရင်ဆိုင်နိုင်တယ် ... စိတ်မကောင်းစရာက လုံခြုံရေးစစ်ဆေးမှုတွေကို ကျော်ဖြတ်နိုင်မှာ မဟုတ်တာပဲ/

ချူဟွမ်က ဓားမြှောင်ကို လက်ထဲတွင် ဆ ကြည့်လိုက်၏။ သံထည်ပစ္စည်းမှာ လေးလံပြီး အသွင်အပြင်အရ မထူးခြားလှချေ။ သို့ရာတွင် သေချာစစ်ဆေးကြည့်မည်ဆိုပါက ထိုအရာတွင် သွေးညှီနံ့တစ်ခု ကပ်ငြိနေပုံရကာ သိပ်သည်းလှသည့် သတ်ဖြတ်ခြင်းအရှိန်အဝါများလည်း သယ်ဆောင်ထားပေ၏။ ကျွမ်းကျင်သူမဟုတ်လျှင် ထိုကိစ္စများကို သတိမထားမိနိုင်ပါလေ။

နန်ရှန်းက ကိုယ်ကိုကိုင်းလျက် ချူဟွမ်နှင့် နဖူးချင်းထိလိုက်ကာ ပြန်မတ်လိုက်ပြီးနောက် လောလောလတ်လတ် သင်ထားခါစ မန်ဒရင်းတရုတ်စာကို အသုံးချလာပေ၏။
"ဂရုစိုက်ပါ... သူငယ်ချင်း"

စကားပြောပြီးသွားသည်နှင့် သူက ရှောင်ဖန်းကို လက်ဟန်တစ်ခုလုပ်ပြလိုက်ကာ သူတို့နှစ်ယောက်လုံးမှာ ရိုးရှင်းသည့် အထုပ်အပိုးများကို မ လျက် ထွက်သွာရန် ပြင်ကြလေတော့သည်။

ရက်အနည်းငယ်မျှ အထူတူဖြတ်သန်းပြီးသည့်နောက် ရှောင်ဖန်းမှာ ချူဟွမ်ကို မိတ်ဆွေကောင်းတစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်လေရာ တစ်လှမ်းလှမ်းတိုင်း သုံးခါခန့်လည်ပြန်ကြည့်လျက် ခွဲခွာရန် အလွန်တုန့်ဆိုင်းနေပေသည်။

ချူဟွမ်မှာ ခြေလှမ်းအနည်းငယ်မျှ လိုက်ပို့ပြီးနောက် သူ့မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျိုးမျှ မမြင်ရချေ။ သို့ရာတွင် နန်ရှန်းကို တံခါးဝအထိ လိုက်ပို့ပြီးသည့်နောက်တွင်မူ အရင်းမရှိအဖျားမရှိ ရုတ်တရက်ကြီးထမေးလေ၏။
"မင်းက ဆရာလာရှာတာ တရုတ်စာသင်ပေးဖို့ အတွက်ပဲမလား?"

နန်ရှန်း၏ ခြေလှမ်းများ တုန့်ခနဲရပ်သွားကာ မယုံကြည်စွာဖြင့် ပြန်လှည့်လာလေသည်။

"ငါလည်းသင်ပေးနိုင်တာပဲ။ သွားကြမယ်"
ချူဟွမ်၏ စကားမှာ ပေါ့ပါးလှချေသည်။
"ငါ ခရိုင်မြို့ထဲသွားပြီး ပစ္စည်းတွေသွားဝယ်ဖို့ လိုလိမ့်မယ်။ ငါ့ကို နေ့တစ်ဝက်လောက် စောင့်ပေး"

ချူဟွမ်တစ်ယောက် ဤမျှပြတ်သားလှသော အံ့ဩစရာဆုံးဖြတ်ချက်ကို မည်သို့မည်ပုံ ချလိုက်မိကြောင်း သူကိုယ်တိုင်ပင် နားမလည်ပါပေ။

နန်ရှန်း၏ ကျောပြင်ကို တစ်ချက်မျှမြင်လိုက်ရသည်နှင့် သူ့ ငယ်သူငယ်ချင်း၏ ကလေးမှာ ယောက်ျားလေးလော၊ မိန်းကလေးလောဆိုသည်ကိုပင် ဂရုမစိုက်တော့သည့်နှယ်။

/"ဖြစ်သင့်ပါတယ်။ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ငါနဲ့ဆိုင်လို့လား?"/

သူတို့ လမ်းမကြီးပေါ်သို့ အတူတူထွက်လာကြပြီးသည်အထိ တစ်လျှောက်လုံး ချူဟွမ်မှာ အတွေးများနေဆဲပင်။

/"ဘာဖြစ်ဖြစ် ငါ့အတွက်မှ မဟုတ်တာပဲကို"/

ရုတ်တရက် နန်ရှန်းက ချူဟွမ်ကို ဆွဲလိုက်၍ မေးလာပေသည်။
"ငါ သူ့ကို ပိုက်ဆံပေးထားပြီးသားလေ။ သူက အဲ့မှာရှိနေတုန်းပဲ။ သူ ပိုက်ဆံထပ်ပျောက်သွားပြန်တာလား?"

ချူဟွမ် လှည့်ကြည့်လိုက်သည်တွင် ထိုသူမှာ အရင်နေ့က အချောင်သမားပင်ဖြစ်ကြောင်း တွေ့လိုက်ရ၏။

ချူဟွမ်မှာ သိပြီးသားပင်ဖြစ်သော်လည်း နန်ရှန်းက ထိုလူလိမ် စာရွက်ပေါ်တွင်ရေးထားသော ‌ပေါက်ကရများကို အထစ်ထစ်အငေါ့ငေါ့ဖြင့် အစအဆုံးပြောပြပြီးသည်အထိ စိတ်ရှည်ရှည်နှင့် ငြိမ်သက်စွာ နားထောင်ပေးလေသည်။ ထို့နောက်တွင်မှ တည်ငြိမ်စွာ ပြန်ဖြေလေ၏။
"သူသွားမှာမဟုတ်ဘူး။ သူက အဲ့ဒါနဲ့ ပိုက်ဆံရှာနေတာ"

နန်ရှန်းကား မရှင်းသေးပေ။

"ဘာလို့လဲ?"

ချူဟွမ် : "အချောင်သမားလေ... နားလည်လား?"

သူက နန်ရှန်းလက်ကို ဖြန့်လိုက်ကာ "လိမ်စားသည်"ဟူသော စကားလုံးကို တစ်ချက်ချင်း ရေးပြလိုက်သည်။

"ဒီစာလုံး 'လိမ်စားတယ်' ဆိုတာက ပိုက်ဆံအတွက် တခြားလူတွေကို မဟုတ်မမှန်ဇာတ်လမ်းတွေပြောတာကို ဆိုလိုတာ"

"ပိုက်ဆံအတွက်... မဟုတ်မမှန်တာ?"

နန်ရှန်းမှာ မျက်မှောင်ကြုတ်လျက် လောကကြီးထဲတွင် ဤသို့သော ရွံရှာဖွယ်ကိစ္စရပ်များကို လက်မခံနိုင်သည့်နှယ် ရှိပေသည်။

ချူဟွမ်မှာ တိတ်တခိုးလေး သက်ပြင်းချလိုက်မိလျက် သူ့အနေဖြင့် စစ်မှန်သော နိဗ္ဗာန်ဘုံသို့ သွားရတော့မည်ဟု သံသယဝင်မိပေ၏။

ချူဟွမ်တစ်ယောက် နေ့စဉ်သုံးအတွက် လိုအပ်မည့်ပစ္စည်းများ ဝယ်ခြမ်းပြီးနောက် စူပါမားကတ်အသေးစားလေးထဲမှ ထွက်လာသည်တွင် နန်ရှန်းမှာ လမ်းဘေးတွင် ရပ်လျက် လမ်းတစ်ဖက်မှ အချောင်သမားကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရလေသည်။ သူ့စိတ်အထင်ပေပဲလောမသိ၊ တဒင်္ဂလောက်အတွက် နန်ရှန်း၏ကိုယ်ပေါ်မှ လူသတ်တော့မည့် အရိပ်အငွေ့မျိုး ထွက်ပေါ်နေသည်ဟု ခံစားရချေ၏။

ထိုအခိုက်တွင်ပင် နန်ရှန်းက သူ့လက်ချောင်းထိပ်ထဲမှ တစ်စုံတစ်ခု တောက်ထုတ်လိုက်သည်ကို ချူဟွမ် တွေ့လိုက်ရပေသည်။ အနည်းဆုံး ခုနစ်မီတာ ရှစ်မီတာခန့် ရှိလောက်သော အကွာအဝေးကို ဖြတ်သန်း၍ အချောင်သမား၏ နဖူးတည့်တည့်ကို မှန်သွားပြီးနောက် သူ့လက်များဖြင့်ပင် "ဖမ်းဆွဲ"သည့် အမူအရာမျိုးကို လုပ်လိုက်၏။

ချူဟွမ်ကား သူ့ဘေးမှကပ်၍ ထူးဆန်းလှသောလေစီးကြောင်းတစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရကာ ပိုက်ဆံခွက်ထဲမှ ငွေစက္ကူများမှာ ဆန်းကြယ်လှသည့် လေတစ်ဝှေ့၏ သယ်ဆောင်သွားခြင်းကို ခံလိုက်ရပြီးနောက် ဟိုဟိုသည်သည် လွင့်ပျံကုန်ကြလေတော့သည်။

အချောင်သမားမှာ အလျင်အမြန်ပင် လှမ်းဆွဲ၍ လိုက်ဖမ်းပါသေး၏။ ကိုယ်တစ်ဝက်လောက်သာ ထလာရသေးချိန်တွင် ရုတ်တရက် ရင်ဘတ်ကိုဖိ၍ လဲကျသွားကာ မျက်လုံးများမှာ ရွှေငါးကဲ့သို့ပင် ပြူးကျယ်လျက် ခေါင်းအစ ခြေအဆုံး ထူးဆန်းစွာဖြင့် တွန့်လိမ်လူးလှိမ့်နေပေသည်။

အဝေးဆုံးမှ ယွမ်နှစ်ဆယ်တန်မှာ နန်ရှန်းလက်ထဲသို့ တန်းတန်းမတ်မတ် လွင့်လာလေ၏။

ချူဟွမ်၏ မျက်ဆံများ ကျဉ်းမြောင်းသွားရတော့သည်။

/ဘယ်လိုဖြစ်သွားတာလဲ?

လုံးဝကို ယုတ္တိမရှိဘူး!/

ချူဟွမ်ကြည့်နေသည်ကို မြင်သွားသည့်နှယ် နန်ရှန်းက ခေါင်းကိုလှည့်လာကာ အသံနိမ့်နိမ့်ဖြင့် နူးညံ့စွာ ရှင်းပြလေသည်။
"မသေပါဘူး။ သူက တစ်ဖက်မစောင်း*သင့်... အမ်း... လူတွေရဲ့ပိုက်ဆံကို လိမ်မစားသင့်ဘူးလေ"
[တစ်ဖက်စောင်း (偏 - piān) - နန်ရှန်းက တရုတ်စာသင်ခါစ ကောင်းကောင်းမတတ်သေးတာမို့ လိမ်စားတယ် (骗 - piàn) ဆိုတဲ့စကားလုံးကို တစ်ဖက်စောင်းတယ်လို့ အဓိပ္ပာယ်ရတဲ့ 偏 ဆိုတာနဲ့ မှားပြောမိတာပါ]

-------------------

T/N:

Please support NUG. အရေးတေ်ာပုံ အောင်ရမည် 💪

2. 5. 2021

❤❤❤

(Zawgyi)

တစ္ဖက္မေစာင္းသင့္ဘူး...

ခ႐ိုင္ၿမိဳ႕ေလးမွာ တစ္ခ်က္မွ်ေလလည္လိုက္လွ်င္ပင္ ကိုယ့္ေျခဖေနာင့္ကို ျပန္မွန္ကာ ခလုတ္တိုက္ႏိုင္ေလာက္သည္အထိ တစ္ခ်က္ၾကည့္႐ုံႏွင့္ အားလုံးကို ျမင္ေနရႏိုင္ေသာ ေနရာငယ္ေလးတစ္ခုပင္။

သူတို႔ "ခန္တန္းက်ီး"မွ ထြက္လာၿပီးေနာက္ ခ်ဴဟြမ္ေရာက္လာခဲ့ေသာ ကားဂိတ္ကို ျဖတ္သြားရျခင္းမွ ေရွာင္လႊဲ၍ မရႏိုင္ပါေလ။ ယခုအခ်ိန္မွာ မြန္းတည့္ခ်ိန္ေလာက္ရွိေနၿပီျဖစ္ၿပီး ေဒသတြင္းခရီးသြားမ်ား အထူထပ္ဆုံးအေျခအေနသို႔ ေရာက္ေနၿပီျဖစ္ေလသည္။ ဦးထုပ္အနီေလးမ်ား ေဆာင္းထားၾကေသာ ဧည့္လမ္းၫႊန္အခ်ိဳ႕က ေလာ္စပီကာမ်ားျဖင့္ သူတို႔၏ အသီးသီးေသာ ခရီးသြားမ်ားကို ေနာက္မွ လိုက္လာရန္ ေအာ္ေနေပ၏။

ခရီးသြားဧည့္သည္မ်ားကား စုစည္းထိန္းေက်ာင္း၍မရႏိုင္ေသာ သိုးတစ္အုပ္ႏွင့္ပင္ တူေခ်သည္။ ကားေပၚမွ ဆင္းသည္ႏွင့္ ကိုယ့္သေဘာႏွင့္ကိုယ္ သြားခ်င္ရာသြားၾကေလေတာ့၏။ ပင္ပန္းႏြမ္းနယ္စြာျဖင့္ ေနာက္ကလိုက္သည့္သူက လိုက္၊ အိမ္သာကို ေနရာအႏွံ႔ လိုက္ရွာသည့္သူကရွာႏွင့္ ခ႐ိုင္ၿမိဳ႕၏ စုတ္စုတ္ျပတ္ျပတ္လမ္းမ်ားကို ဓာတ္ပုံ႐ိုက္ေနၾကသည့္ သူမ်ားပင္ ရွိေသးေလသည္။

ဤ ေခ်ာင္ႀကိဳေခ်ာင္ၾကားေနရာတြင္ မည္သို႔ေသာ ဓာတ္ပုံ႐ိုက္စရာေကာင္းေကာင္း ရွိေနသည္ေတာ့ မသိ၊ ခရီးသြားမ်ားအတြက္ သီးသန႔္ပြဲေတာ္တစ္မ်ိဳးႏွင့္ပင္ တူေနေပသည္။

နန္ရွန္းႏွင့္ ေရွာင္ဖန္းကား ဤမွ်ေလာက္ လူအမ်ားႀကီးႏွင့္ ေတြ႕ရသည့္အခါတြင္ လန႔္သြားၾကကာ တမင္တကာပင္ ေရွာင္ကြင္းလ်က္ လမ္းဖယ္ေပးထားၾက၏။

"က်ယ္ျပန႔္သည့္ေနရာ၊ ထူထပ္သည့္ လူဦးေရ"ဟူသည္မွာ မည္သည္ကို ဆိုလိုပါသနည္း? ေတာင္တန္းႀကီးမ်ားေပၚမွလာေသာ အႏွီကေလးႏွစ္ေယာက္အား ေရခဲစိုင္ႀကီး၏ ထိပ္ဖ်ားေလးေလာက္ကို ညႇိဳးငယ္စြာ ၾကည့္ခြင့္ေပးထား႐ုံမွ်ျဖင့္ သူတို႔အတြက္ တစ္ႏွစ္စာအတြ႕အႀကဳံထက္ပင္ အပုံႀကီးပိုမ်ားေစရန္ လုံေလာက္ေလသည္။

နန္ရွန္းကား တစ္ေယာက္ေယာက္ ခ်ဴဟြမ္ကို ဝင္တိုက္မိမည္စိုးသျဖင့္ သူ႔ေရွ႕တြင္တမင္ရပ္၍ ကာေပးထားကာ တစ္ခ်ိန္တည္းတြင္ပင္ ခရီးသြားမ်ားကို စိတ္ဝင္တစား လက္ညႇိဳးထိုးျပလ်က္ ေမးေပ၏။
"ဘာလုပ္ေနၾကတာလဲ?"

ခ်ဴဟြမ္မွာ လူအမ်ားႀကီးကို ျမင္ရသည့္အခါတြင္ စိတ္ရႈပ္သြားေသာ္လည္း နန္ရွန္းႏွင့္ မ်က္ႏွာခ်င္းဆိုင္ေနရေသာေၾကာင့္ စိတ္ထဲမွ အလိုမက်မႈမ်ားကို အျပင္သို႔ ထြက္မလာေစဘဲ ပ်င္းရိစြာ ဆိုေလသည္။
"ခရီးထြက္တာ"

နန္ရွန္းႏွင့္ ေရွာင္ဖန္းတို႔က သူ႔ကို ၿပိဳင္တူပင္ လွည့္ၾကည့္လာၾကကာ မ်က္လုံးႏွစ္စုံတို႔ထဲတြင္ ထပ္တူက်ေနေသာ စူးစမ္းမႈႏွင့္ အေၾကာင္းရင္းကို နားမလည္ႏိုင္မႈတို႔ ရွိေန၏။

ခ်ဴဟြမ္ : "... အေဝးႀကီးကေန လာၿပီးေတာ့ အပန္းေျဖၾကတာေပါ့။ ေတာၾကမ္းလမ္းေလွ်ာက္တာတို႔ - ဟိုက ေတာင္လိုမ်ိဳးမွာေပါ့။ အဲ့ေပၚကိုတက္ၿပီး အပန္းေျဖၾကတာ"

နားမလည္ႏိုင္ၾကေသးပါေခ်။ ေတာင္ေပၚသားမ်ားအေနျဖင့္ ေတြးၾကည့္၍ပင္ ရႏိုင္မည္မဟုတ္။ ေတာင္တက္ျခင္းသီးသန႔္အတြက္ အဘယ္ေၾကာင့္မ်ား ေရးႀကီးခြင္က်ယ္ အထူးတဆန္းလုပ္ေနရပါမည္နည္း။

ခ်ဴဟြမ္က တဒဂၤမွ် ရပ္၍ စဥ္းစားေနၿပီးမွ ပို၍ နားလည္လြယ္ႏိုင္မည့္နည္းလမ္းကို ေ႐ြးခ်ယ္လိုက္ေလသည္။ သူ႔လက္ကို ျဖည္းျဖည္းခ်င္းေျမႇာက္လိုက္ၿပီး ပါးစပ္ဆီဆြဲယူသည့္ပုံ လုပ္ျပေပ၏။
"စားတယ္ --"

ထို႔ေနာက္ လက္ကို ျပန္႐ုတ္လိုက္ကာ ေရွာင္ဖန္း၏ ဗိုက္ကို ပုတ္ျပလိုက္သည္။
"ဗိုက္ျပည့္တယ္ --"

ေနာက္ဆုံးတြင္ ခ်ဴဟြမ္က လက္ႏွစ္ဖက္ကို ထိကာ "အမ်ားအျပား"ဟူေသာ အမူအရာမ်ိဳး လုပ္ျပ၏။
"ေပြ႕ဖက္တာ"

နန္ရွန္းႏွင့္ ေရွာင္ဖန္းမွာ ႐ုတ္တရက္ သေဘာေပါက္သြားလ်က္ အားက်မႈမ်ား ေရာစြက္ေနေသာ နားလည္ရခက္သည့္ အၾကည့္မ်ိဳးျဖင့္ သြားလာေနၾကေသာ လူအုပ္ႀကီးကို အကဲခတ္ေနၾကေခ်သည္။

သည္တစ္ႀကိမ္တြင္ မိန္းကေလးငယ္တစ္ေယာက္က "ခ်က္ခ်င္း႐ိုက္ ခ်က္ခ်င္းထုတ္" ကင္မရာတစ္လုံးကို လက္ထဲတြင္ ကိုင္လ်က္ သူတို႔အနီးမွ ျဖတ္သြားကာ လမ္းေဘးတြင္ ထိုင္၍ေနဆာလႈံေနေသာ အေစာင့္ေခြးတစ္ေကာင္ကို ဓာတ္ပုံ႐ိုက္လိုက္၏။

"ခ်ပ္" ဟူသည့္ အသံက ခ်ဴဟြမ္ေဘးမွ ႏွစ္ေယာက္သား၏ အာ႐ုံကို ဖမ္းစားလိုက္ေပသည္။ ေခတၱမွ်အၾကာတြင္ ပုံႏွိပ္ၿပီးသား ဓာတ္ပုံစာ႐ြက္တစ္ခု ထြက္လာေလ၏။ မိန္းကေလးက ထိုပုံကို ခပ္ဖြဖြကိုင္လ်က္ ခဏမွ်ယပ္ခတ္လိုက္ၿပီးသည့္ေနာက္တြင္ ေခြး၏ ဓာတ္ပုံမွာ ၾကည္လင္သြားေလေတာ့သည္။ သူက သူႏွင့္အတူပါလာေသာ အေဖာ္ထံ ျပန္ေျပးသြားကာ ဓာတ္ပုံကို သြားျပသည္တြင္ နန္ရွန္းႏွင့္ သူ႔မိတ္ေဆြႀကီးမွာ ထြက္သြားေသာ ေက်ာျပင္ကို လိုက္ၾကည့္ေနၾကေပသည္။

လန႔္သြားေသာ ေရွာင္ဖန္းမွာ သြားေရာက္စစ္ေဆးရန္အလို႔ငွာ မၾကာမီပင္ အေျပးတစ္ပိုင္းျဖင့္ ေျမျပင္ပၚမွ ေခြးကို ခါးကိုင္း၍ အနီးကပ္ၾကည့္ေနေပ၏။ ေခြးကား ခါးအထိအဝတ္မရွိေသာ လူႀကီးကို ၾကည့္လ်က္ အၿမီးကို တည္ၿငိမ္စြာပင္ ခါယမ္းေနကာ ၎အသက္ရွင္ေနေသးေၾကာင္း၊ စာ႐ြက္ေပၚတြင္ အေကာင္လိုက္ ဖိကပ္ခံလိုက္ရၿပီး ပါသြားျခင္းမဟုတ္ေၾကာင္း၊ ေတာသားငပိန္းမ်ား လာ၍ စိတ္ပူေပးရန္မလိုေၾကာင္း ျပသေခ်သည္။

ေရွာင္ဖန္းလည္း ခ်က္ခ်င္းပင္ တက္ႂကြစြာ ျပန္ေျပးလာကာ သူ႔အေနျဖင့္ ထူးဆန္းအံ့ဩဖြယ္ရာတစ္ခု ေတြ႕လာခဲ့ေၾကာင္းကို နန္ရွန္းထံ ဆူညံစြာ အစီအရင္ခံေနေလ၏။ ေျခကားယားလက္ကားယားျဖင့္ အလြန႔္အလြန္ကို ေပ်ာ္႐ႊင္တက္ႂကြစြာ ျပန္ေျပာင္းေျပာျပေနျခင္း ျဖစ္ေပသည္။

ခ်ဳဟြမ္၏ အၾကည့္သည္ကား နန္ရွန္း၏ ေဆးမင္ေၾကာင္ေပၚ ေရာက္သြားၿပီး ထိုပုံမွာ ၾကမ္းတမ္းရက္စက္သည့္ သားရဲတစ္ေကာင္၏ ပုံျဖစ္ေၾကာင္း ေတြ႕လိုက္ရေလသည္။ သူသည္ ေက်းလက္ဒ႑ာရီဆိုင္ရာ ပညာရွင္မဟုတ္ေသာေၾကာင့္ မည္သို႔ေသာ မ်ိဳးႏြယ္စုက ထိုပုံမ်ိဳးကို အေလးအျမတ္ထားေၾကာင္း မသိေပ။ ဤပုံမ်ိဳးကို ျမင္ပင္မျမင္ဖူးပါေခ်။

ေရွာင္ဖန္းက နန္ရွန္းအေပၚဆက္ဆံပုံကို ၾကည့္ျခင္းအားျဖင့္ ထိုဆံပင္ရွည္ႏွင့္ ကိုလူေခ်ာမွာ သူတို႔၏ မ်ိဳးႏြယ္စုနယ္ပယ္ထဲတြင္ အလြန္ျမင့္မားသည့္ အဆင့္အတန္းမ်ိဳး ရွိပုံရကာ မ်ိဳးႏြယ္စုအႀကီးအကဲ သို႔မဟုတ္လွ်င္ေတာင္ အႀကီးအကဲ၏ အမ်ိဳးအေဆြျဖစ္ႏိုင္ေခ် မ်ားစြာရွိေလ၏။

ခ်ဴဟြမ္မွာ အဓိကတိုင္းရင္းသားမ်ိဳးႏြယ္စုႀကီး ငါးဆယ့္ေျခာက္စုအျပင္ တ႐ုတ္ျပည္အတြင္းတြင္ အေၾကာင္းေၾကာင္းေၾကာင့္ စာရင္းဇယားအတိအက်ႏွင့္ မွတ္တမ္းမတင္ႏိုင္ေသးေသာ တိုင္းရင္းသားမ်ိဳးႏြယ္စုေပါင္းမ်ားစြာ ရွိေသးေၾကာင္းကို သိေပသည္။ နန္ရွန္းမွာ ထိုထဲမွတစ္မ်ိဳး ျဖစ္ႏိုင္၏။

သူက နန္ရွန္းကို မည္သည့္လူမ်ိဳးျဖစ္ေၾကာင္း ေမးလိုက္သည္တြင္ တ႐ုတ္စာႏွင့္ အတိအက်ေဖာ္ျပ၍မရႏိုင္ေသာ အေျဖတစ္ခု ရလိုက္ေလသည္။ အသံထြက္မွာ တ႐ုတ္လို "လီယီ"ႏွင့္ နီးစပ္ကာ တ႐ုတ္အသံထြက္ထက္ မ်ားစြာပို၍ ရႈပ္ေထြးေလ၏။ "လီယီ မ်ိဳးႏြယ္စု" ဟူေသာ အမည္၏ အဓိပၸာယ္အတိအက်မွာ မည္သို႔ဆိုလိုေၾကာင္းကိုမူ နန္ရွန္းတစ္ေယာက္ ေသခ်ာအေလးမထား၍ပဲေလာ၊ ေျဖရန္အဆင္မေျပ၍ပဲေလာမသိ၊ "ေတာင္အေစာင့္" တစ္မ်ိဳးမ်ိဳးဟု ယူဆရသည့္ မတိမက်အေျဖတစ္ခုသာ ေပးေခ်သည္။

နန္ရွန္းသည္ မန္ဒရင္းတ႐ုတ္စာအနည္းငယ္တတ္ကြၽမ္းကာ သူသိသည့္ စာလုံးမ်ားမွာ သူေျပာႏိုင္သည္ထက္ ပိုမ်ား၏။ သူ႔တြင္ ေငြသားရွိၿပီး ပစၥည္းမ်ားကို မည္သို႔ ဝယ္ျခမ္းရမည္ကို သိကာ ေငြေၾကး၏ တန္ဖိုးကိုလည္း အျမင္ႏွင့္ နားလည္ေပသည္။ သူ႔အေနျဖင့္ ျပင္ပကမာၻႏွင့္ လုံးဝအဆက္အသြယ္မရွိျခင္းမ်ိဳး မဟုတ္ေၾကာင္းကို ေတြ႕ႏိုင္ေသာ္လည္း ထိုဆက္သြယ္ျခင္းမွာ ေလးေလးနက္နက္မဟုတ္သလို မၾကာခဏလည္း ဟုတ္ပုံမရေခ်။ မည္သို႔ပင္ဆိုေစကာမူ ဤမွ်ေလာက္ေသးငယ္ေသာ နယ္စပ္ၿမိဳ႕ေလးတြင္ပင္ အရာရာတိုင္းက သူ႔အတြက္ အသစ္အဆန္းျဖစ္ေနေလသည္။ သူ႔အေနျဖင့္ ဣေျႏၵသိကၡာကို ထိန္းသိမ္းေနရသည့္အတြက္ ေရွာင္ဖန္းကဲ့သို႔ ခုန္ဆြခုန္ဆြျဖင့္ ေနရာအႏွံ႔ေလွ်ာက္ေျပးေန၍ မရေသာ္လည္း သူ႔မ်က္ဝန္းမ်ားထဲတြင္ ထက္သန္ေသာ စူးစမ္းမႈတို႔ ျပည့္ႏွက္ေနေခ်သည္။

/ ပို႔ေဆာင္ဆက္သြယ္ေရးက အဆင္မေျပလို႔ အျပင္ကို ခဏခဏမထြက္ႏိုင္တာလား?

ၿပီးေတာ့ သူတို႔သယ္လာတဲ့ ထူးဆန္းတဲ့ ေဆး႐ြက္ေဆးျမစ္ေတြ - အထူးသျဖင့္ အဲ့အျဖဴေရာင္အမႈန႔္ ... တကယ္လို႔သာ အဲ့ဒါက ဆဲလ္ေတြရဲ႕အလုပ္လုပ္ႏႈန္းကို တကယ္ျမႇင့္တင္ေပးႏိုင္တယ္ဆိုရင္ လူေတြဘယ္ေလာက္ေတာင္မ်ား ငမ္းငမ္းတက္ လိုခ်င္သြားၾကလိမ့္မလဲ? /

ဤအခိုက္အတန႔္တြင္ပင္ နန္ရွန္းက ျပန္လွည့္လာကာ ခ်ဴဟြမ္ကို လက္ကမ္းလ်က္ တြဲေခၚေပးမည့္ပုံကဲ့သို႔ ေဖာ္ျပေလ၏။ ထို႔ေနာက္ အစိမ္းသက္သက္ မန္ဒရင္းတ႐ုတ္စကားျဖင့္ တည့္တိုးေျပာေပသည္။
"ျမစ္ရဲ႕ ဒီဘက္ျခမ္းက ေကာင္းတယ္"

ခ်ဴဟြမ္မွာ သူ႔ကို လွည့္ၾကည့္မိလိုက္ေတာ့သည္။ သူ႔အေနျဖင့္ "ျမစ္ရဲ႕ဒီဘက္ျခမ္း"ဟူသည္မွာ မည္သည္ကို ဆိုလိုျခင္းျဖစ္ပါသနည္း?

ထို႔ေနာက္ နန္ရွန္းက တစ္ခုခုကို ေတြးမိသြားပုံျဖင့္ ေခါင္းကို ငုံ႔၍ ၿပဳံးေလ၏။

"ငါတို႔ဘက္က ကေလးေတြ ... မူလတန္းေက်ာင္းသားေတြလည္း ဒီဘက္ကို လာႏိုင္ရင္... ေကာင္းတယ္"

ခ်ဴဟြမ္က "မူလတန္းေက်ာင္းသား" ဟူသည္မွာ "ကေလး" ဟုဆိုလိုေၾကာင္း သူ႔ကို တစ္ခါတုန္းက ေျပာျပထားဖူးေလရာ သူက ထိုစာလုံးကို ခ်က္ခ်င္းမွတ္ထားျခင္း ျဖစ္ေခ်သည္။ သူနားလည္လိုက္သည့္ အဓိပၸာယ္မွာ အနည္းငယ္လြဲသြားေသာ္ျငားပင္။ နန္ရွန္းက ဤစကားကို ေျပာရာတြင္ ညည္းညဴေနပုံမေပါက္ေသာ္လည္း သူ႔တြင္ မျပည့္ေျမာက္ႏိုင္သည့္ အနာဂတ္ေမွ်ာ္မွန္းခ်က္တစ္ခု ရွိေနပုံရကာ ထိုအရာမွာ အေကာင္အထည္ေဖာ္၍ မျဖစ္ႏိုင္သည့္အတြက္ သူ႔အေနျဖင့္ မေက်မခ်မ္းျဖစ္ေနပုံ ရွိေပ၏။

သူညည္းညဴေနလွ်င္ေတာင္မွ ခ်ဴဟြမ္က အတိုင္းထက္အလြန္ နားလည္ေပးႏိုင္မည္ျဖစ္ေသာ္လည္း မည္သို႔ပင္ဆိုေစကာမူ ဤသည္မွာ သူတစ္ပါး၏ ကိစၥသာ ျဖစ္ေလသည္။ နားလည္ၿပီးလွ်င္ေတာင္မွ သူ႔အေနျဖင့္ လိုက္ခံစားေပးမည္ မဟုတ္ေလ။

သို႔ရာတြင္ နန္ရွန္း၏ မေက်နပ္မႈေသးေသးေလးမွာ ဘာရယ္မသိ၊ အသြားတုံးေနေသာ ဓားဦးခြၽန္ေလးတစ္ခုႏွယ္ ခ်ဴဟြမ္၏ ႏွလုံးသားကို မထိတထိလာမႊန္းေနသကဲ့သို႔ ရွိကာ ခ်ဴဟြမ္၏ စိတ္ထဲမွ အေတြးတစ္ခုသည္ ဒုတိယအႀကိမ္အျဖစ္ ထြက္လာေခ်သည္။

/"သူက တ႐ုတ္စာသင္ေပးႏိုင္မယ့္ လူတစ္ေယာက္ေလာက္ပဲ ရွာခ်င္တာကို ဘာေၾကာင့္မ်ား အဲ့ေလာက္ ခက္ခဲေနရတာပါလိမ့္? ဒါမွမဟုတ္ ငါလိုက္သြားလို႔လည္း ရတာပဲ"/

ထိုအေတြးမွာ ေပ်ာက္ကြယ္သြားၿပီး ခ်ဴဟြမ္၏ အၾကည့္မ်ားက လူအုပ္ႀကီးႏွင့္ ကားမ်ားျပည့္ေနေသာ ကားဂိတ္တို႔ထံ ေ႐ြ႕သြားၿပီးေနာက္ ေနာက္တစ္ႀကိမ္ ေခါင္းကိုမသိမသာယမ္းလ်က္ စဥ္းစားမိေပသည္။
/"ဘာေတြမ်ား ေတြးမိေနတာလဲ?"/

သူ႔တြင္ လုပ္စရာမ်ား တစ္ပုံတပင္ႀကီး က်န္ေနေသး၏။ သရဲေလးကို ဖမ္းမိသြားၿပီျဖစ္ေသာေၾကာင့္ သူ႔အေနျဖင့္ သရဲေလး၏ တရားစီရင္ျခင္း အဆုံးသတ္သည္အထိ ၾကည့္သင့္သည္မဟုတ္ပါေလာ?

ၾကားနာစစ္ေဆးမႈအစအဆုံးကိုလည္း နားေထာင္ကာ ထိုလူမ်ား၏ အဆုံးသတ္မွာ မည္သို႔ျဖစ္မည္ကို ၾကည့္ရဦးမည္မဟုတ္ပါေလာ?

ျပန္သြားၿပီးလွ်င္ ဆရာဝန္ေကာင္းေကာင္းတစ္ေယာက္ရွာကာ စစ္ေဆးမႈခံယူလ်က္ သူ႔ကိုယ္သူ ျပန္လည္ထိန္းညႇိၿပီးေနာက္ ျဖစ္ႏိုင္လွ်င္ အလုပ္ျပန္ဆင္းခ်င္ေသးသည္ ...

ေရွာင္လု၏ ကေလးက ေယာက္်ားေလးေလာ မိန္းကေလးေလာဆိုသည္ကိုလည္း ျမင္ခ်င္ပါ၏။

ဤကိစၥမ်ားကို ေတြးလိုက္မိၿပီးေနာက္ မိုးကုပ္စက္ဝိုင္းအစြန္ဆီ လြင့္ေမ်ာေနခဲ့ေသာ ခ်ဴဟြမ္၏အေတြးမ်ားမွာ ေလးလံစြာျဖင့္ မူလေနရာသို႔ ျပန္လည္ဖိႏွိပ္ခံလိုက္ရေတာ့သည္။ သူက နန္ရွန္းကို တစ္ခ်က္ၾကည့္လိုက္ကာ သူ႔ပခုံးကို ပုတ္လိုက္ေလသည္။

"ဒီမွာ ခဏေစာင့္ေန"

စကားဆုံးသည္ႏွင့္ သူ၏ လက္ျဖစ္တုတ္ေကာက္ကို အားျပဳလ်က္ ခရီးသြားမ်ားထံ ေလွ်ာက္သြားေလ၏။

နန္ရွန္းမွာ အံ့ဩသြားၿပီးေနာက္ ခ်က္ခ်င္းပင္ စိတ္ပူမႈေၾကာင့္ လိုက္လာေသာ္လည္း ခ်ဴဟြမ္၏ "ဒီမွာ ေစာင့္ေန" ဟူေသာ စကားကို နားလည္ေသာေၾကာင့္ သူ႔အေနျဖင့္ တစ္ခုခုလုပ္စရာရွိ၍ျဖစ္မည္ဟု ေတြးလိုက္မိကာ ေနာက္မွ ကပ္မလိုက္ဘဲ မနီးလြန္းမေဝးလြန္းေသာ အကြာအေဝးတစ္ခုမွသာ က်န္ေနခဲ့ေပသည္။ ခ်ဴဟြမ္တစ္ေယာက္ ေစာေစာကမွ ဓာတ္ပုံ႐ိုက္သြားေသာ မိန္းကေလးထံ ေလွ်ာက္သြားကာ ေခါင္းကိုငုံ႔လ်က္ တစ္ခုခုကို ေဆြးေႏြးေနေခ်၏။

သူတစ္ပါးစကားေျပာေနခ်ိန္တြင္ နန္ရွန္းအေနျဖင့္ အလြန္အမင္းအနားကပ္မသြားသင့္ဟု ခံစားမိသျဖင့္ လမ္းေဘးမွသာ ေစာင့္ေနေလသည္။ ႐ုတ္တရက္ လမ္းဆုံတြင္ ေခါင္းငုံ႔၍ ဒူးေထာက္ေနေသာ လူတစ္ေယာက္ကို ေတြ႕လိုက္ရကာ ထိုသူ၏ေရွ႕တြင္ စာမ်ားအျပည့္ေရးထားေသာ စာ႐ြက္ႀကီးတစ္ခု ျဖန႔္ခင္းထားေပ၏။

/ဘာအတြက္လဲ?/

သူနားမလည္ပါေလ။ စင္စစ္အားျဖင့္ ဤကဲ့သို႔ေသာ အနည္းငယ္သာစည္ကားသည့္ေနရာမ်ိဳးတြင္ပင္ ထိုသို႔ေသာလူမ်ိဳးမ်ား ရွိေနေပသည္။ မ်ားေသာအားျဖင့္ သန္သန္ျမန္ျမန္ လူငယ္မ်ားႏွင့္ ေက်ာင္းဝတ္စုံဝတ္ထားေသာ ေက်ာင္းသားမ်ားျဖစ္ေလ၏။ ေရွ႕တြင္ စာ႐ြက္တစ္႐ြက္ျဖန႔္ခ်ကာ ထိုအေပၚတြင္ ခရီးသြားရင္း သူခိုးႏွင့္ ေတြ႕လာေၾကာင္း သို႔မဟုတ္ ေက်ာင္းသြားရန္ အဆင္မေျပေတာ့သည့္အေၾကာင္း စသည္ျဖင့္ ေရးထားၿပီး အထိုင္ခ်၍ ပိုက္ဆံေတာင္းၾကျခင္းပင္။

နန္ရွန္းက ထိုေနရာသို႔ ေလွ်ာက္လွမ္းသြားကာ သုေတသနျပဳေနသည့္နီးပါး အျပဳအမူမ်ိဳးျဖင့္ ထိုင္ခ်လိုက္ကာ အေခ်ာင္သမား၏ လိမ္ဆင္ဇာတ္လမ္းကို တစ္လုံးခ်င္း ေသခ်ာဖတ္ေနေလသည္။ ထို႔ေနာက္ အေၾကာင္းျပခ်က္အားလုံးကို ဖတ္ၿပီးသြားသည့္ေနာက္ ေနာက္ဆုံးစာေၾကာင္းျဖစ္ေသာ "ခရီးစရိတ္အတြက္ ယြမ္ ႏွစ္ဆယ္မွ် ေတာင္းခံပါသည္" ဆိုသည္ကို ျမင္လိုက္ရသည္တြင္ အိတ္ထဲမွ ေငြစကၠဴအတန္ႀကီးတစ္ထပ္ႏွင့္ အေႂကြအခ်ိဳ႕ကို သူ႔အိတ္ကပ္ထဲမွ တိတ္ဆိတ္စြာ ႏႈိက္ထုတ္လိုက္ေပ၏။ ေငြတန္ဖိုးကို ေသခ်ာစြာ စစ္ေဆးၿပီးသည့္ေနာက္ ယြမ္ ၂၀ ထုတ္လာကာ တစ္ဖက္လူ၏ ခြက္ထဲသို႔ ပစ္မေပးဘဲ လက္ကို ဆန႔္တန္းလ်က္ ကမ္းေပးေခ်သည္။

အေခ်ာင္သမားမွာ လူငယ္တစ္ေယာက္ပင္ျဖစ္ကာ သူ႔ေရွ႕တြင္ရွိေနသည့္၊ ဝတ္ပုံစားပုံမွအစ အျပဳအမူမ်ားအထိ ထူးဆန္းလွေသာ ထိုလူကို ေၾကာင္ၾကည့္ေနမိ၏။ ‌ေခတၱမွ် တုန႔္ဆိုင္းသြားၿပီး တဒဂၤေလာက္အတြက္ သူ၏မွားယြင္းေသာ လုပ္ရပ္မ်ားအတြက္ ေနာင္တရမိေတာ့မလိုပင္ ျဖစ္သြားေလေတာ့သည္။

သို႔ရာတြင္ က်င့္ဝတ္ႏွင့္ျပည့္စုံေသာ ဝါရင့္သမာၻရင့္ ပေရာ္ဖက္ရွင္နယ္ အေခ်ာင္သမားတစ္ေယာက္အေနျဖင့္ သူ၏ေနာင္တမွာ အၿမဲအကန႔္အသတ္ရွိေပသည္။ ထိုသူမွာ သူ႔အတြက္ ထမင္းတစ္နပ္စာပင္ ျဖစ္ေလရာ ေက်းဇူးတင္ေၾကာင္းျပ၍သာ တည္ၿငိမ္စြာ လက္ခံယူထားလိုက္၏။

ခ်ဴဟြမ္ကား မိန္းကေလးငယ္ထံမွ ခု႐ိုက္ခုထုတ္ ကင္မရာကို ဝယ္လာခဲ့ေခ်သည္။ သူ႔တြင္ ေျပာဆိုဆက္သြယ္ျခင္းႏွင့္ပတ္သက္၍ အသိမွတ္ျပဳေလာက္စရာ အရည္အခ်င္းမ်ား ရွိသကဲ့သို႔ ေငြသုံးရသည္ကိုလည္း ႏွေျမာတြန႔္တိုျခင္း မရွိပါေလ။ ေနာက္ဆုံးတြင္ မိန္းကေလးမွာ တစ္ဝက္တစ္ပ်က္လက္က်န္ ဓာတ္ပုံစကၠဴဘူးကိုပင္ သူ႔ကို ေပးလိုက္ေပသည္။

သူဝယ္ၿပီး၍ ျပန္လွည့္ၾကည့္သည့္အခ်ိန္၌ နန္ရွန္းတစ္ေယာက္ ပိုက္ဆံေပးေနေသာ ျမင္ကြင္းကို ျမင္လိုက္ရသည္တြင္ ခ်က္ခ်င္းပင္ အနည္းငယ္စိုးရိမ္သြားမိေလေတာ့သည္။

ဤမိတ္ေဆြ၏ စိတ္ထားမွာ မယ္ေတာ္မာရီ၏ ေတာက္ပမႈတို႔ႏွင့္ ျပည့္လွ်ံေနကာ ေလာကတစ္ခြင္ကို အေမွာင္တိုက္ခြင္း ထြန္းလင္းေစေသာ ဗုဒၶဘုရားရွင္၏ ေရာင္စဥ္ေတာ္ႏွင့္ပင္ အနည္းငယ္တူညီပုံ ရေခ်သည္။ အရွိန္အဝါႀကီးျမတ္လွသည့္ အသြင္အျပင္ႏွင့္ ႀကီးျပင္းလာသည့္တိုင္ အဘယ္ေၾကာင့္ အနည္းငယ္ တုံးအေနပုံ ရွိေနရပါသနည္း?

ခ်ဴဟြမ္ကား သူ႔အေနျဖင့္ သတိေကာင္းေကာင္းမထားပါလွ်င္ လူကုန္ကူးခံရၿပီး ေရာင္းစားခံရမည္ကိုပင္ အနည္းငယ္စိုးရိမ္မိေပသည္။

သူက နန္ရွန္းကို လက္လွမ္းျပလိုက္၏။ နန္ရွန္းက ေခါင္းကို တစ္ဖက္သို႔ ေစာင္းငဲ့လိုက္သည္တြင္ ခ်ဴဟြမ္က စည္ကားေနေသာ ခ႐ိုင္ၿမိဳ႕ေလး၏ ၾကည္ျပာေရာင္ေကာင္းကင္ကို ေနာက္ခံထားလ်က္ ထိုတဒဂၤတြင္ ျဖစ္ေပၚလာေသာ ထိုသူ၏ အံ့အားသင့္မႈအရိပ္အေယာင္သန္းေနသည့္ အမူအရာကို အမိအရ ႐ိုက္ယူလိုက္ေလသည္။

ခ်ဴဟြမ္က ဓာတ္ပုံႏွင့္တကြ သူဝယ္လာေသာ ကင္မရာကို နန္ရွန္းထံ ေပးလိုက္ေပ၏။

နန္ရွန္းမွာ ေၾကာက္သြားလုနီးပါး ရွိေလသည္။ သူ႔အတြက္ ဤသို႔ေသာအရာမွာ ၁၉၇၁ ခုႏွစ္ထုတ္ ရွင္းဟြာအဘိဓာန္ထက္ပင္ ရွားပါးေၾကာင္း သိသာလွေလ၏။

႐ုတ္တရက္ သူ႔မ်က္ႏွာတစ္ခုလုံး အနည္းငယ္မွ် အနီေရာင္လႊမ္းသြားကာ လမ္းတစ္ေလွ်ာက္လုံး ခ်ဴဟြမ္ကို တိတ္တခိုးၾကည့္ေနေခ်သည္။

ခ်ဴဟြမ္လည္း မသိခ်င္ေယာင္ေဆာင္လ်က္ ဒဏ္ရာရထားေသာ ေျခေထာက္ကို တ႐ြတ္ဆြဲကာ တုတ္ေကာက္ကို အားျပဳၿပီး ေရွ႕မွ ေလွ်ာက္သြားေပ၏။ ဒဏ္ရာမ်ားက နာက်င္လိုက္ ယားယံလိုက္ျဖစ္ေနေသာေၾကာင့္လားမသိ၊ ခ်ဴဟြမ္တစ္ေယာက္ သူ႔ေျခလွမ္းမ်ားမွာ ေမ်ာလြင့္ေနသည့္ႏွယ္ ခံစားေနရေလသည္။

နန္ရွန္းႏွင့္ ခ်ဴဟြမ္မွာ ဧည့္ရိပ္သာတြင္ တစ္ပတ္ေက်ာ္မွ် ေနထိုင္ခဲ့ၾကေလ၏။

လုပ္စရာမရွိသည့္ အခ်ိန္မ်ိဳးတြင္ နန္ရွန္းက အဘိဓာန္ကို ဖြင့္လ်က္ ခ်ဴဟြမ္၏ ရွင္းလင္းခ်က္မ်ားႏွင့္ အမွားျပင္ေပးမႈမ်ားကို တစ္လုံးခ်င္း နားေထာင္ေပသည္။ ေန႔ဘက္တြင္ စာကို အသံထြက္ဖတ္ၿပီး ညဘက္တြင္ ေနာက္တစ္ႀကိမ္ အသံတိတ္က်က္မွတ္ေခ်၏။

နန္ရွန္းတြင္ အလြန္စူးရွလွေသာအျမင္အာ႐ုံရွိသည့္ မ်က္ဝန္းတစ္စုံ ပိုင္ဆိုင္ထားပုံရေလသည္။ သူသည္ ညသန္းေခါင္အခ်ိန္ႀကီး စာဖတ္သည့္အခါမ်ိဳးတြင္ပင္ တစ္ခါမွ်မီးမထြန္း။ ၾကည့္ရသည္မွာ အေမွာင္ထုသည္ သူ႔အျမင္အာ႐ုံကို ေႏွာင့္ယွက္ႏိုင္ပုံမရေလ။ ခ်ဴဟြမ္က မီးမဖြင့္ရသည့္ အေၾကာင္းရင္းကို သူ႔အား ေမးလိုက္သည္တြင္ မယုံႏိုင္ေလာက္စရာပင္ ခြက္ထိုးခြက္လန္ အူလွိမ့္ရယ္ရေလာက္သည့္ အေျဖမ်ိဳးကို ရလာေပ၏။ အႏွီ ႐ိုးသားအျပစ္ကင္း၍ ေျဖာင့္မတ္မွန္ကန္လွသည့္ မယ္ေတာ္မာရီကဲ့သို႔ေသာ မိတ္ေဆြမွာ ဧည့္ရိပ္သာ၏ လွ်ပ္စစ္စြမ္းအားကို ျဖဳန္းတီးရာေရာက္မည္စိုးေသာေၾကာင့္ ဟူသတည္း။

တစ္ပတ္အၾကာတြင္ ခ်ဴဟြမ္၏ ေသနတ္ဒဏ္ရာမ်ားမွာ ယုံၾကည္ႏိုင္စရာမရွိေလာက္ေအာင္ကိုပင္ ေပ်ာက္ကင္းသြားေလၿပီ။

နန္ရွန္းတို႔မွာ ေနာက္ဆုံးတြင္ ထြက္သြားေတာ့ေပမည္။ ထိုအခ်ိန္တြင္ ေရွာင္ဖန္းမွာ ေခါင္းလႈပ္ အၿမီးလႈပ္႐ုံမွ်သာ တတ္ႏိုင္ေသးေသာ ဝက္ဝံႀကီးတစ္ေကာင္ျဖစ္ေနဆဲပင္ ျဖစ္ေသာ္လည္း နန္ရွန္းကား သူ၏ အနည္းငယ္မွ်ေသာ အေျခခံႏွင့္ ေန႔ေန႔ညည ႀကိဳးစားေလ့လာမႈတို႔ေၾကာင့္ ေန႔စဥ္စကားေျပာအခ်ိဳ႕ကို အထစ္ထစ္အေငါ့ေငါ့ေျပာႏိုင္သည့္ အေျခအေနသို႔ ေရာက္သြားေခ်ၿပီ။

"ငါ ျပန္သြားရမယ္၊ အၾကာႀကီး အျပင္သြားေနလို႔ မရဘူး"
နန္ရွန္းက ေျပာေလ၏။ သူသည္ အစမွအဆုံးထိ ခ်ဴဟြမ္၏ ဒဏ္ရာမ်ားအေၾကာင္း လုံးဝမေမးဘဲ ေလးနက္စြာျဖင့္သာ ဤသို႔ ေမးေပသည္။
"မင္း အႏၲရာယ္ႀကဳံရင္ အဆင္ေျပပါ့မလား?"

ခ်ဴဟြမ္တစ္ေယာက္ နန္ရွန္းက သူ႔ကို ပထမဆုံးအႀကိမ္အျဖစ္ အဘိဓာန္ကိုသုံး၍ စကားေျပာခဲ့စဥ္က "အေဝးက အႏၲရာယ္" ဟူေသာ စကားလုံးကို ေဖာ္ျပခဲ့ေၾကာင္းကိုလည္း ဝိုးတဝါးမွတ္မိေပ၏။ ခရီးေဝးတစ္ခါမွမထြက္ဖူးေသာ အႏွီ တိုင္းရင္းသားအစ္ကိုမွာ အျပင္ေလာကကို မည္သို႔ေသာ ဓားေတာင္ႏွင့္ မီးပင္လယ္မ်ားအျဖစ္ ထင္ျမင္ေနသည္မသိ။ သူ႔အေနျဖင့္ မထိန္းႏိုင္ဘဲ ရယ္လိုက္မိေလေတာ့သည္။

နန္ရွန္းမွာ ေခတၱမွ် စဥ္းစားလိုက္ၿပီးေနာက္ ခါးကိုင္းလိုက္ကာ ဓားေျမႇာင္ႏွင့္တူေသာ ဓားငယ္ေလးတစ္ေခ်ာင္းကို သူ႔ေျခက်င္းဝတ္မွ ထုတ္လာၿပီး ခ်ဴဟြမ္၏ လက္ထဲသို႔ ေလးနက္တည္ၾကည္စြာ ထည့္ေပးေခ်သည္။

"ငါ ဘာမွ သယ္မလာခဲ့ဘူး။ ဒါပဲရွိတယ္။ ဒါက ေလကိုခြင္းၿပီး ရန္သူေတြအားလုံးကို ရင္ဆိုင္ႏိုင္တယ္"

/ရန္သူေတြအားလုံးကို ရင္ဆိုင္ႏိုင္တယ္ ... စိတ္မေကာင္းစရာက လုံၿခဳံေရးစစ္ေဆးမႈေတြကို ေက်ာ္ျဖတ္ႏိုင္မွာ မဟုတ္တာပဲ/

ခ်ဴဟြမ္က ဓားေျမႇာင္ကို လက္ထဲတြင္ ဆ ၾကည့္လိုက္၏။ သံထည္ပစၥည္းမွာ ေလးလံၿပီး အသြင္အျပင္အရ မထူးျခားလွေခ်။ သို႔ရာတြင္ ေသခ်ာစစ္ေဆးၾကည့္မည္ဆိုပါက ထိုအရာတြင္ ေသြးညႇီနံ႔တစ္ခု ကပ္ၿငိေနပုံရကာ သိပ္သည္းလွသည့္ သတ္ျဖတ္ျခင္းအရွိန္အဝါမ်ားလည္း သယ္ေဆာင္ထားေပ၏။ ကြၽမ္းက်င္သူမဟုတ္လွ်င္ ထိုကိစၥမ်ားကို သတိမထားမိႏိုင္ပါေလ။

နန္ရွန္းက ကိုယ္ကိုကိုင္းလ်က္ ခ်ဴဟြမ္ႏွင့္ နဖူးခ်င္းထိလိုက္ကာ ျပန္မတ္လိုက္ၿပီးေနာက္ ေလာေလာလတ္လတ္ သင္ထားခါစ မန္ဒရင္းတ႐ုတ္စာကို အသုံးခ်လာေပ၏။
"ဂ႐ုစိုက္ပါ... သူငယ္ခ်င္း"

စကားေျပာၿပီးသြားသည္ႏွင့္ သူက ေရွာင္ဖန္းကို လက္ဟန္တစ္ခုလုပ္ျပလိုက္ကာ သူတို႔ႏွစ္ေယာက္လုံးမွာ ႐ိုးရွင္းသည့္ အထုပ္အပိုးမ်ားကို မ လ်က္ ထြက္သြာရန္ ျပင္ၾကေလေတာ့သည္။

ရက္အနည္းငယ္မွ် အထူတူျဖတ္သန္းၿပီးသည့္ေနာက္ ေရွာင္ဖန္းမွာ ခ်ဴဟြမ္ကို မိတ္ေဆြေကာင္းတစ္ေယာက္အျဖစ္ သတ္မွတ္လိုက္ၿပီျဖစ္ေလရာ တစ္လွမ္းလွမ္းတိုင္း သုံးခါခန႔္လည္ျပန္ၾကည့္လ်က္ ခြဲခြာရန္ အလြန္တုန႔္ဆိုင္းေနေပသည္။

ခ်ဴဟြမ္မွာ ေျခလွမ္းအနည္းငယ္မွ် လိုက္ပို႔ၿပီးေနာက္ သူ႔မ်က္ႏွာေပၚတြင္ မည္သည့္ခံစားခ်က္မ်ိဳးမွ် မျမင္ရေခ်။ သို႔ရာတြင္ နန္ရွန္းကို တံခါးဝအထိ လိုက္ပို႔ၿပီးသည့္ေနာက္တြင္မူ အရင္းမရွိအဖ်ားမရွိ ႐ုတ္တရက္ႀကီးထေမးေလ၏။
"မင္းက ဆရာလာရွာတာ တ႐ုတ္စာသင္ေပးဖို႔ အတြက္ပဲမလား?"

နန္ရွန္း၏ ေျခလွမ္းမ်ား တုန႔္ခနဲရပ္သြားကာ မယုံၾကည္စြာျဖင့္ ျပန္လွည့္လာေလသည္။

"ငါလည္းသင္ေပးႏိုင္တာပဲ။ သြားၾကမယ္"
ခ်ဴဟြမ္၏ စကားမွာ ေပါ့ပါးလွေခ်သည္။
"ငါ ခ႐ိုင္ၿမိဳ႕ထဲသြားၿပီး ပစၥည္းေတြသြားဝယ္ဖို႔ လိုလိမ့္မယ္။ ငါ့ကို ေန႔တစ္ဝက္ေလာက္ ေစာင့္ေပး"

ခ်ဴဟြမ္တစ္ေယာက္ ဤမွ်ျပတ္သားလွေသာ အံ့ဩစရာဆုံးျဖတ္ခ်က္ကို မည္သို႔မည္ပုံ ခ်လိုက္မိေၾကာင္း သူကိုယ္တိုင္ပင္ နားမလည္ပါေပ။

နန္ရွန္း၏ ေက်ာျပင္ကို တစ္ခ်က္မွ်ျမင္လိုက္ရသည္ႏွင့္ သူ႔ ငယ္သူငယ္ခ်င္း၏ ကေလးမွာ ေယာက္်ားေလးေလာ၊ မိန္းကေလးေလာဆိုသည္ကိုပင္ ဂ႐ုမစိုက္ေတာ့သည့္ႏွယ္။

/"ျဖစ္သင့္ပါတယ္။ ေယာက္်ားေလးျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္ ငါနဲ႔ဆိုင္လို႔လား?"/

သူတို႔ လမ္းမႀကီးေပၚသို႔ အတူတူထြက္လာၾကၿပီးသည္အထိ တစ္ေလွ်ာက္လုံး ခ်ဴဟြမ္မွာ အေတြးမ်ားေနဆဲပင္။

/"ဘာျဖစ္ျဖစ္ ငါ့အတြက္မွ မဟုတ္တာပဲကို"/

႐ုတ္တရက္ နန္ရွန္းက ခ်ဴဟြမ္ကို ဆြဲလိုက္၍ ေမးလာေပသည္။
"ငါ သူ႔ကို ပိုက္ဆံေပးထားၿပီးသားေလ။ သူက အဲ့မွာရွိေနတုန္းပဲ။ သူ ပိုက္ဆံထပ္ေပ်ာက္သြားျပန္တာလား?"

ခ်ဴဟြမ္ လွည့္ၾကည့္လိုက္သည္တြင္ ထိုသူမွာ အရင္ေန႔က အေခ်ာင္သမားပင္ျဖစ္ေၾကာင္း ေတြ႕လိုက္ရ၏။

ခ်ဴဟြမ္မွာ သိၿပီးသားပင္ျဖစ္ေသာ္လည္း နန္ရွန္းက ထိုလူလိမ္ စာ႐ြက္ေပၚတြင္ေရးထားေသာ ‌ေပါက္ကရမ်ားကို အထစ္ထစ္အေငါ့ေငါ့ျဖင့္ အစအဆုံးေျပာျပၿပီးသည္အထိ စိတ္ရွည္ရွည္ႏွင့္ ၿငိမ္သက္စြာ နားေထာင္ေပးေလသည္။ ထို႔ေနာက္တြင္မွ တည္ၿငိမ္စြာ ျပန္ေျဖေလ၏။
"သူသြားမွာမဟုတ္ဘူး။ သူက အဲ့ဒါနဲ႔ ပိုက္ဆံရွာေနတာ"

နန္ရွန္းကား မရွင္းေသးေပ။

"ဘာလို႔လဲ?"

ခ်ဴဟြမ္ : "အေခ်ာင္သမားေလ... နားလည္လား?"

သူက နန္ရွန္းလက္ကို ျဖန႔္လိုက္ကာ "လိမ္စားသည္"ဟူေသာ စကားလုံးကို တစ္ခ်က္ခ်င္း ေရးျပလိုက္သည္။

"ဒီစာလုံး 'လိမ္စားတယ္' ဆိုတာက ပိုက္ဆံအတြက္ တျခားလူေတြကို မဟုတ္မမွန္ဇာတ္လမ္းေတြေျပာတာကို ဆိုလိုတာ"

"ပိုက္ဆံအတြက္... မဟုတ္မမွန္တာ?"

နန္ရွန္းမွာ မ်က္ေမွာင္ၾကဳတ္လ်က္ ေလာကႀကီးထဲတြင္ ဤသို႔ေသာ ႐ြံရွာဖြယ္ကိစၥရပ္မ်ားကို လက္မခံႏိုင္သည့္ႏွယ္ ရွိေပသည္။

ခ်ဴဟြမ္မွာ တိတ္တခိုးေလး သက္ျပင္းခ်လိုက္မိလ်က္ သူ႔အေနျဖင့္ စစ္မွန္ေသာ နိဗၺာန္ဘုံသို႔ သြားရေတာ့မည္ဟု သံသယဝင္မိေပ၏။

ခ်ဴဟြမ္တစ္ေယာက္ ေန႔စဥ္သုံးအတြက္ လိုအပ္မည့္ပစၥည္းမ်ား ဝယ္ျခမ္းၿပီးေနာက္ စူပါမားကတ္အေသးစားေလးထဲမွ ထြက္လာသည္တြင္ နန္ရွန္းမွာ လမ္းေဘးတြင္ ရပ္လ်က္ လမ္းတစ္ဖက္မွ အေခ်ာင္သမားကို စိုက္ၾကည့္ေနသည္ကို ျမင္လိုက္ရေလသည္။ သူ႔စိတ္အထင္ေပပဲေလာမသိ၊ တဒဂၤေလာက္အတြက္ နန္ရွန္း၏ကိုယ္ေပၚမွ လူသတ္ေတာ့မည့္ အရိပ္အေငြ႕မ်ိဳး ထြက္ေပၚေနသည္ဟု ခံစားရေခ်၏။

ထိုအခိုက္တြင္ပင္ နန္ရွန္းက သူ႔လက္ေခ်ာင္းထိပ္ထဲမွ တစ္စုံတစ္ခု ေတာက္ထုတ္လိုက္သည္ကို ခ်ဴဟြမ္ ေတြ႕လိုက္ရေပသည္။ အနည္းဆုံး ခုနစ္မီတာ ရွစ္မီတာခန႔္ ရွိေလာက္ေသာ အကြာအေဝးကို ျဖတ္သန္း၍ အေခ်ာင္သမား၏ နဖူးတည့္တည့္ကို မွန္သြားၿပီးေနာက္ သူ႔လက္မ်ားျဖင့္ပင္ "ဖမ္းဆြဲ"သည့္ အမူအရာမ်ိဳးကို လုပ္လိုက္၏။

ခ်ဴဟြမ္ကား သူ႔ေဘးမွကပ္၍ ထူးဆန္းလွေသာေလစီးေၾကာင္းတစ္ခု ျဖတ္သန္းသြားသည္ကို ခံစားလိုက္ရကာ ပိုက္ဆံခြက္ထဲမွ ေငြစကၠဴမ်ားမွာ ဆန္းၾကယ္လွသည့္ ေလတစ္ေဝွ႔၏ သယ္ေဆာင္သြားျခင္းကို ခံလိုက္ရၿပီးေနာက္ ဟိုဟိုသည္သည္ လြင့္ပ်ံကုန္ၾကေလေတာ့သည္။

အေခ်ာင္သမားမွာ အလ်င္အျမန္ပင္ လွမ္းဆြဲ၍ လိုက္ဖမ္းပါေသး၏။ ကိုယ္တစ္ဝက္ေလာက္သာ ထလာရေသးခ်ိန္တြင္ ႐ုတ္တရက္ ရင္ဘတ္ကိုဖိ၍ လဲက်သြားကာ မ်က္လုံးမ်ားမွာ ေ႐ႊငါးကဲ့သို႔ပင္ ျပဴးက်ယ္လ်က္ ေခါင္းအစ ေျခအဆုံး ထူးဆန္းစြာျဖင့္ တြန႔္လိမ္လူးလွိမ့္ေနေပသည္။

အေဝးဆုံးမွ ယြမ္ႏွစ္ဆယ္တန္မွာ နန္ရွန္းလက္ထဲသို႔ တန္းတန္းမတ္မတ္ လြင့္လာေလ၏။

ခ်ဴဟြမ္၏ မ်က္ဆံမ်ား က်ဥ္းေျမာင္းသြားရေတာ့သည္။

/ဘယ္လိုျဖစ္သြားတာလဲ?

လုံးဝကို ယုတၱိမရွိဘူး!/

ခ်ဴဟြမ္ၾကည့္ေနသည္ကို ျမင္သြားသည့္ႏွယ္ နန္ရွန္းက ေခါင္းကိုလွည့္လာကာ အသံနိမ့္နိမ့္ျဖင့္ ႏူးညံ့စြာ ရွင္းျပေလသည္။
"မေသပါဘူး။ သူက တစ္ဖက္မေစာင္း*သင့္... အမ္း... လူေတြရဲ႕ပိုက္ဆံကို လိမ္မစားသင့္ဘူးေလ"
[တစ္ဖက္ေစာင္း (偏 - piān) - နန္ရွန္းက တ႐ုတ္စာသင္ခါစ ေကာင္းေကာင္းမတတ္ေသးတာမို႔ လိမ္စားတယ္ (骗 - piàn) ဆိုတဲ့စကားလုံးကို တစ္ဖက္ေစာင္းတယ္လို႔ အဓိပၸာယ္ရတဲ့ 偏 ဆိုတာနဲ႔ မွားေျပာမိတာပါ]

-------------------

T/N:

Please support NUG. အေရးေတ္ာပုံ ေအာင္ရမည္ 💪

2. 5. 2021

❤❤❤

Continue Reading

You'll Also Like

8.7K 278 25
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
233K 20.3K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
75.3K 11.7K 53
၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိ...
400K 8.8K 36
လြတ္လပ္ျခင္း💕ကညႇာပ်ိဳ လွတ်လပ်ခြင်း💕ကညှာပျို "ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့ အတိတ်နိမိတ်..''ဟုပြောတတ်သူ.. ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန...