တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်...

By SuzanneM4Y

23.9K 2.9K 200

Original novel - Of Mountains and Rivers (Shan He Biao Li - 山河表里) by Priest Year - 2015 No. of chapters - 77... More

Introduction
Story Brief
Chapter - 1: Prologue
Chapter -2: Prologue
Chapter - 3: Prologue
Chapter - 4: Prologue
Chapter - 5: Prologue
Chapter - 6: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 7: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 8: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 10: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 11: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 12: ဤကမ္ဘာ (ဤကမာၻ)
Chapter -13: ဤကမ္ဘာ (ဤကမာၻ)
Chapter - 14: ဤကမ္ဘာ (ဤကမာၻ)
Chapter - 15: ဤကမ္ဘာ (ဤကမာၻ)
Chapter - 16: ဤကမ္ဘာ (ဤကမ႓ာ)
Chapter-17: ဤကမ္ဘာ ( ဤကမာၻ )
Chapter-18: ဤကမ္ဘာ ( ဤကမာၻ )
Chapter-19: ဤကမ္ဘာ ( ဤကမာၻ )
Chapter-20: ဤကမ္ဘာ ( ဤကမာၻ )
Chapter-21: ဤကမ္ဘာ ( ဤကမာၻ )
Chapter-22: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 23: ဤကမ္ဘာ ( ဤကမာၻ )
Chapter-24: ဤကမ္ဘာ ( ဤကမာၻ )
Chapter-25: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-26: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-27: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter - 28: အခြားကမ္ဘာ (အျခားကမာၻ)
Chapter - 29: အခြားကမ္ဘာ (အျခားကမာၻ)
To my translation readers
Chapter - 30: အခြားကမ္ဘာ (အျခားကမာၻ)

Chapter - 9: ဤကမ္ဘာ ( ဤကမာၻ )

344 79 1
By SuzanneM4Y

(Uni)

သာ့ကျားဟောင်... I'm finally back 😁

ဒီရက်ပိုင်း exam တစ်ခု ရှိနေ‌တာရယ်၊ မြို့မှာ မီးက ဆက်တိုက်တွေ ပျက်ပြီး အားကကုန်၊ Wifi ကပျက်နဲ့ အဆင်မပြေတာမို့ အကြာကြီး မ up ဖြစ်တာ သွေ့ပုချီပါနော် 🤧

ဒီ fic လေးကို reading list တွေထဲထည့်တာတို့ vote ပေးတာတို့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ရှင် 💗

---

မကောင်းလိုက်တာ... ငါအရမ်းထူးဆန်းနေတယ်

သို့ရာတွင် နောက်တစ်နေ့တွင် ချူဟွမ်တစ်ယောက် ဆေးမြစ်ဆေးရွက်များ၏ အနံ့ဖြင့် နိုးလာခဲ့ပြန်လေသည်။

ရှောင်ဖန်း - သူ၏ နာမည်အရင်းမှာ "ခက်ထန်သော အမွေးထူ မျောက်"ဟု သိလိုက်ရပြီးဖြစ်သော်လည်း ချူဟွမ်မှာ သူ့စိတ်ကြိုက်အရ "ရှောင်ဖန်း"ဆိုသည်က ပို၍ တိတိပပဖြင့် အလွယ်တကူနားလည်၍ ပုံဖော်ကြည့်နိုင်သည်ဟု ယူဆလျက် - ထိုမိတ်ဆွေမှာ ဦးထုပ်တစ်လုံးပြုတ်ကျသွားသည်နှင့် အမျက်ဒေါသကြီးမားစွာဖြင့် သူ့ဘက်သို့လှည့်ကာ ဝရဇိန်လက်နက်ဖြင့် ပစ်လာနိုင်သေးသည်ပင် ဖြစ်သော်လည်း ရောင်နီပေါ်စ အရုဏ်တက်ချိန်ကြီးတွင်ပင် ဆောင့်ကြောင့်ထိုင်၍ ဆေးကျိုနေကာ ချွေးသံတရွှဲရွှဲ ရှိနေလေ၏။

ယခုအချိန်သည် လေကာအင်္ကျီဝတ်သင့်သည့်ရာသီသို့ ရောက်နေပြီဖြစ်သော်လည်း ရှောင်ဖန်း၏ အပေါ်တစ်ပိုင်းလုံးမှာ အဝတ်လုံးဝမရှိသလောက်ပင် ဖြစ်စေကာမူ သူသည် အလွန်ပူအိုက်နေပုံရသည်မှာ ချုဟွမ်အတွက် ပဟေဠိဖြစ်နေပေသည်။

ထိုမိတ်ဆွေ၏ အပူစွမ်းအင်မှာ သာမန်လူများထက် ပို၍ အားကောင်းနေ၍ပေလော?

ချူဟွမ်က သူ၏ ဒဏ်ရာရမထားသောပခုံးကို ထောက်၍ထလိုက်ကာ မူးနောက်နောက်ရှိနေရာမှ ခေါင်းကြည်သွားလေသည်။ သူ့အနေဖြင့် မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ မခံစားရပါချေ။ ကြည့်ရသည်မှာ နန်ရှန်း၏ အရက်မှာ ထူးဆန်းလှသည့်အရသာရှိသော်လည်း သေချာပေါက် အရည်အသွေးမြင့်သော အရက်ကောင်းပင် ဖြစ်လေ၏။

သို့ရာတွင် အနည်းမျှသာ လှုပ်ရှားလိုက်ရပြီးသည့်နောက်တွင်မူ သူ၏ မူလက ပေါ့ပေါ့ပါးပါးနှင့် အေးအေးသက်သာအမူအရာမှာ ချက်ချင်းပင် တောင့်ခဲသွားပေသည်။

"ကျန်းဟူတွင် လှည့်လည်နေသူတစ်ယောက်အနေဖြင့် ဓားချက်များကို ခံယူရခြင်းမှ မရှောင်ကြဉ်နိုင်" ဟူသည့် ဆိုရိုးရှိပေ၏။ အခြားသူများကို မတိုက်ခိုက်နိုင်မီ မိမိက အရင်တိုက်ခိုက်ခံရသည်မှာ တိုးတက်မှုအတွက် အခြေခံဥပဒေသပင် ဖြစ်လေသည်။ ချူဟွမ်သည်ကား သူ့ကိုယ်သူ မည်မျှအရည်အချင်းရှိသူဟူ၍ မသတ်မှတ်ရဲပါချေ။ သို့ရာတွင် သူသည် ဓားထိုးခံရခြင်း၊ သေနတ်မှန်ခြင်းတို့တွင် ကျွမ်းကျင်အဆင့်ဖြစ်ပြီး ကျည်ဆံလေးတစ်ချက် ရှပ်ထိသွားခြင်းမှာ စကားထဲပင် ထည့်ပြောနေစရာမလို။ သူ့အနေဖြင့် "ဓားသုံးချက် ဒဏ်ရာခြောက်ပေါက်* " ကဲ့သို့သော အရာမျိုးထိအောင် အကုန်အစုံ ကြုံခဲ့ဖူးပြီးသည်ပင်။
[ဓားသုံးချက် ဒဏ်ရာခြောက်ပေါက် - ဒါက ဂိုဏ်းတွေ၊ သွေးသောက်ညီအစ်ကိုအဖွဲ့တွေ စတဲ့ အဖွဲ့အစည်းတွေမှာ ကျင့်သုံးလေ့ရှိတဲ့ စည်းမျဉ်းတစ်ခုပါ။ တစ်ယောက်ယောက်အပေါ် အပြစ်ပြုမိတယ်ဆိုရင် အဲ့အပြစ်အတွက် တောင်းပန်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကို ဓားသုံးချက် ထုတ်ချင်းပေါက်အောင်ထိုးပြီး ဒဏ်ရာခြောက်ပေါက် ရစေတာ ဖြစ်ပါတယ်]

ဒဏ်ရာ၏ အခြေအနေ၊ ကုသရမည့် နည်းလမ်း၊ ပျောက်ကင်းရန် လိုအပ်သောအချိန် စသည်တို့မှာ ချူဟွမ်တစ်ယောက် ကျေကျေညက်ညက် အလွတ်ရထားပြီး ဖြစ်လေ၏။ ဥပမာ သူ့ကိုယ်ပေါ်မှ ဤကဲ့သို့သော သေနတ်ဒဏ်ရာမျိုးမှာ ပထမနှစ်ရက်တွင် အခြေအနေပိုဆိုးမလာလျှင်၊ သို့မဟုတ် ပိုးဝင်မသွားလျှင်ပင် အတော်လေးအခြေအနေကောင်းလှသည်ဟု ဆိုရပေလိမ့်မည်။

သို့ရာတွင် ယခုအချိန်တွင်မူ တစ်ညသာ ရှိသေးသော်လည်း သူ၏ လတ်လတ်ဆတ်ဆတ် ဒဏ်ရာများမှာ အနာကျက်စပြုနေပြီဖြစ်ပေ၏။

အသက်အရွယ်ကို ထည့်မတွက်ဘဲနေလျှင်ပင် သူ၏ အချိန်ကြာမြင့်စွာ ချုပ်တည်းထားရသောစိတ်၏ ပင်ပန်းမှုနှင့် ကျန်းမာရေးနှင့် မညီညွတ်သော နေထိုင်စားသောက်မှုပုံစံတို့ကြောင့် သူ့ကိုယ်ခန္ဓာ၏ အခြေအနေမှာ ဆိုးသထက်ဆိုးလာရန်သာ ရှိလေသည်။ သူ့အနေဖြင့် ကျန်းမာရေးအကောင်းဆုံးအခြေအနေတွင် ရှိနေသေးလျှင်ပင် ဤမျှလောက် ကြောက်စရာကောင်းလှသော ပြန်လည်ကောင်းမွန်လာမှုနှုန်းမျိုး မရှိနိုင်ပါချေ။

ကြည့်ရသည်မှာ ထိုနေရာတစ်ဝိုက်မှ ဆဲလ်များ၏ အလုပ်လုပ်နှုန်းကို ကြီးမားစွာ မြင့်တက်သွားစေပုံရလေ၏။

သူတို့ သူ့ကို မည်သို့သော ဆေးဝါးများပေးထားခြင်း ဖြစ်နိုင်သနည်း?

အရုဏ်ဦး၏ လင်းဖြာနေသော ရောင်နီအောက်ဝယ် ချူဟွမ်၏ နှလုံးအိမ်ထဲ၌ မရေမတွက်နိုင်သော အတွေးများ စီးဆင်းနေပေသည်။ နိုင်ငံပေါင်းစုံမှ တေလေကြမ်းပိုးအမျိုးမျိုးနှင့် နှစ်ပေါင်းများစွာ ဆက်ဆံတွေ့ဆုံလာရပြီးသည့်နောက်တွင် သူ့အနေဖြင့် ပထမဆုံးတွေးမိသည်ကား မူးယစ်ဆေးဝါးများပင် ဖြစ်ပေ၏။

သူ့ဒဏ်ရာကို စည်းထားသော အရွက်များနှင့် သူသောက်လိုက်သည့် ဆေးရည်ထဲတွင်ရော မည်သို့သောပစ္စည်းများ ပါဝင်နေပါသနည်း?

အကိုက်အခဲပျောက်သည့် အာနိသင်ကို ဒဏ်ရာများ အမှန်တကယ် ပျောက်ကင်းသွားခြင်းဟု မှားယွင်းယူဆမိခြင်းပေလော?

ဤအချိန်တွင်ပင် နန်ရှန်းက ဇလုံတစ်လုံးကိုကိုင်လျက် အပြေးတစ်ပိုင်းလာကာ ချူဟွမ်ကို တက်ကြွစွာ နှုတ်ဆက်လာလေသည်။

ချူဟွမ်တစ်ယောက် စိတ်ထဲတွင် သံသယပေါင်းများစွာ ရှိနေသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့်ပင် တုံ့ပြန်လေ၏။ သူက နန်ရှန်းထံမှ ဇလုံထဲသို့ တစ်ချက်လှမ်းကြည့်လိုက်သည့်အခါ ဇလုံတစ်ဝက်ရေထဲတွင် စိမ်ထားသော လက်တစ်ဝါးစာအကျယ်နှင့် နှစ်ပေခန့်အရှည်ရှိသည့် သစ်ရွက်ကြီးအချို့ကို မြင်လိုက်ရပေသည်။ သူ့ဒဏ်ရာပေါ်တွင် စည်းထားသည့်တစ်ခုနှင့် အတူတူပင် ဖြစ်၏။

နန်ရှန်းက သူ့အိပ်ရာဘေးတစ်ဖက်တွင် ဒူးတစ်ဖက်ထောက်ထိုင်လျက် ခါးကိုကိုင်းကာ ချုဟွမ်၏ ဒဏ်ရာပေါ်တွင် မနေ့က စည်းပေးထားသော သစ်ရွက်ပတ်တီးကို ဂရုတစိုက်နှင့် သတိကြီးစွာ ဖြည်ပေးလေသည်။ ယှဉ်မကြည့်မိလျှင် သိသာလှမည်မဟုတ်သော်လည်း ချူဟွမ်ထံမှ ခွာလိုက်သော သစ်ရွက်များမှာ ခြောက်ကပ်မှိန်ဖျော့လျက် ၎င်းတို့ထံမှ ရှင်သန်ခြင်းစွမ်းအားများကို စုပ်ယူခံထားရသည့်နှယ် ရှိပေသည်။

သူ၏ သွေးနှင့် အသားစအချို့က သစ်ရွက်တွင်ကပ်နေလေရာ နန်ရှန်းက သစ်ရွက်ကို ဆွဲခွာလိုက်သည့်အခါတွင် မညှာမတာကပ်ပါသွားလေ၏။ ချူဟွမ်ထံမှ အသံတစ်ချက်ပင် ထွက်မလာသည့်တိုင်အောင် သူ့တစ်ကိုယ်လုံးမှာ ပြင်းပြင်းထန်ထန် လှုပ်ခါသွားလေသည်။

/နာလိုက်တာ/

အမှန်ကိုပင် နာကျင်ရပါ၏။ သို့ရာတွင် နာကျင်သည်ဆိုခြင်းမှာ ကောင်းသည့်လက္ခဏာတစ်ခုပင်။ အနည်းဆုံးတော့ သူ့ကို အကိုက်အခဲပျောက်ဆေးပေးမထားသည့် အဓိပ္ပာယ်ဖြစ်၏။

နန်ရှန်းက သူ့တုန့်ပြန်မှုကို သတိထားမိသွားကာ လက်ဖဝါးကိုဖြန့်လျက် သူ့နဖူးပေါ်တွင် တင်လိုက်ပြီးနောက် သူ့ကို စိတ်ဆိုးသွားမည်စိုးသည့်အတွက် လာချော့ပုံရှိလေသည်။ ထို့နောက် နန်ရှန်းက ပုလင်းလေးတစ်လုံးထုတ်လာပြီး အဖြူရောင်အမှုန့်လက်တစ်ဖျစ်စာကို လောင်းချလာပေသည်။ ထိုအမှုန့်များမှာ ဂျုံမှုန့်နှင့် တူသော်လည်း ပုံမှန်ဂျုံမှုန့်ထက် ပို၍ ဖြူကာ ထူးခြားသည့် အနံ့တစ်ခုရှိလေ၏။

ညှီစို့စို့... ချူဟွမ်တစ်ယောက် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ထိုအနံ့မှာ "သွေးနံ့" နှင့် "မြေနံ့သင်းသော အပင်နံ့" တို့ကြားမှ တစ်နေရာရာတွင် ရှိသည်ဟု ခံစားရပေသည်။

ချူဟွမ်တစ်ယောက် သေသေချာချာ ကြည့်ရှုစစ်ဆေးပြီးသည်အထိ စောင့်မနေဘဲ နန်ရှန်းက ဆေးမှုန့်ကို သူ့ဒဏ်ရာပေါ်သို့ ဖြူးချလိုက်တော့၏။

အမည်မသိဆေးမှုန့်က ဆောင်ကြဉ်းလာသော နာကျင်မှုမှာ လုံးဝကို သာမန်နှင့် မတူပေ။ ဒဏ်ရာပေါ်သို့ ငရုတ်ဆီရည်လောင်းချသည်ထက်ပင် ပို၍ လူကို သေချင်စိတ်ပေါက်အောင် အခံရခက်စေ၏။ ချူဟွမ်တစ်ယောက် သူ့ဒဏ်ရာထဲသို့ တစ်စုံတစ်ယောက်က အပ်ချောင်းရှည်တစ်ခုဖြင့် ထိုးစိုက်၍ မွှေ့နေသကဲ့သို့ ခံစားရလေသည်။

သို့ရာတွင် သူ့အနေဖြင့် စိတ်ထဲမှ "ဆေးထည့်လျှင် နာကိုနာရမည်"ဟု၍ မျှော်လင့်ထားပြီးဖြစ်လေရာ သည်တစ်ခေါက်တွင် တုန်ပင်တုန်မသွားတော့ပါချေ။ သို့သော်လည်း အလိုအလျောက် ကြွက်သားများကို တောင့်ထားမိပြီး အံကြိတ်ထားမိပေ၏။

ဤကဲ့သို့သော ထီမထင် မာကျောလှသည့် အပြုအမူကို မြင်လိုက်ရသည့်အခါတွင် နန်ရှန်းက ခေါင်းမော့လာပြီး သူ့ကို လေးစားစွာဖြင့် ပြုံးကြည့်လာလေ၏။ ထို့နောက် ရှောင်ဖန်း၏ နာမည်အရင်းနှင့် အသံထွက်အလွန်ဆင်သော စကားတစ်ခွန်းကို ပြောလေသည်။

ချူဟွမ်တစ်ယောက် ဤချီးကျူးစကားမှာ "ခက်ထန်သည့် အမွှေးထူ (ကွက်လပ်)"ဟူသည့် အဓိပ္ပာယ်ဖြစ်နိုင်ကြောင်း ကောက်ချက်ချလိုက်၏။

သူက တစ်ဖက်လူ၏ လေးစားချီးကျူးမှုကို ဖျော့တော့နေသည့်အသွင်အပြင်ဖြင့်ပင် လက်ခံလိုက်လျက် တစ်ချိန်တည်းတွင်ပင် စိတ်နှလုံးညှိုးချုံးစွာ တွေးမိပေသည်။
/" 'ခက်ထန်သည့် အမွှေးထူ မြည်းပု' ဆိုတာမျိုးတော့ မဖြစ်ပါစေနဲ့"/

ဆန်းကြယ်လှစွာပင် သူ့ရင်ထဲမှ သံသယများမှာ ရှိနေဆဲဖြစ်သော်လည်း သူ့သတိထားနေမှု၏ အများစုမှာ ပျောက်ကွယ်သွားလေပြီ။

တစ်ဖက်တွင် နာကျင်မှုက လျော့ပါးမသွားသေးသကဲ့သို့ တစ်ဖက်တွင်လည်း ချူဟွမ်အနေဖြင့် နန်ရှန်းမှာ လူဆိုးတစ်ယောက်ဖြစ်သည်ဟု လက်ခံရန် ငြင်းဆိုနေသည့် ဉာဉ်တစ်ခုက ရှိနေပေ၏။

ဧည့်ရိပ်သာ၏ ပုံမှန်အခန်းထဲတွင် အိပ်ရာနှစ်လုံးသာရှိလေသည်။ အိပ်ရာတစ်လုံးကို ပိန်ပိန်ပါးပါးမိန်းကလေးငယ်နှစ်ယောက် တိုးဝှေ့၍ ကြပ်ကြပ်ညပ်ညပ်အိပ်ရန် အဆင်ပြေသော်လည်း ‌ယောက်ျားကြီးနှစ်ယောက်အတွက်မူ မကာသာနိုင်လေ။ သို့အတွက် ရှောင်ဖန်းတစ်ယောက် တီဗွီစင်ပေါ်မှ တီဗွီကို ဘေးဘက်သို့ရွှေ့ကာ ထိုအပေါ်တွင် ကောက်ရိုးဖျာတစ်ခုဖြန့်ခင်းလျက် အရက်အိုးကို ခေါင်းအုံး၍ တစ်ညတာကို ဖြတ်သန်းသည်မှာ ချူဟွမ်၏အမြင်တွင် လောကီမှ ဝေးကွာနေသော သူတော်စင်ကြီးတစ်ပါးနှင့်ပင် တူချေတော့သည်။

နန်ရှန်းက သူ့ဒဏ်ရာကို သဘာဝအတိုင်းပင် စည်းပေးလိုက်ပြီးနောက် ဟိုဟိုသည်သည်လျှောက်သည့်အခါ သုံးနိုင်ရန် သစ်သားတစ်ချောင်းကို မိနစ်အနည်းငယ်အချိန်ယူ၍ တုတ်ကောက်အဖြစ်ထွင်းပေးလေသည်။ ချူဟွမ်တစ်ယောက် ကိုယ်လက်သန့်စင်ပြီးနောက် အခြေတကျဖြစ်သွားသည့်အခါတွင် မုန့်ပြားခြောက်*တစ်ခုထုတ်ကာ သူစားရန်ပေးလာ၏။
[မုန့်ပြား (饼子)- Chinese costume drama တွေမှာ တွေ့ရတတ်တဲ့ မုန့်ပြားဝိုင်းကြီးတွေလိုမျိုးပေါ့။ ပုံကတော့ အောက်ဆုံးမှာ ထည့်ပေးထားပါမယ် :3]

မုန့်ပြားမှာ ခပ်ကြမ်းကြမ်းပင်ဖြစ်ပြီး ဖွဲခွံတစ်ဝက် ကောက်နှံသန့်တစ်ဝက် အရောရောအနှောနှောနှင့်။ ထိုအရာများသည် လွန်ခဲ့သည့်ရက်အနည်းငယ်တည်းက ပြုလုပ်ထားကြောင်း သိသာနေကာ ခြောက်သယောင်း မာတောင့်နေပေသည်။ ရှေးခေတ်လူများ ခရီးထွက်သည့်အခါ ဆောင်သွားတတ်သော ရိကွခာခြောက်မျိုးကဲ့သို့ ဖြစ်ကာ မုန့်သားမှာကား ပါးစပ်ထဲသို့ ထည့်လိုက်သည်နှင့် ရူးချင်စရာကောင်းလောက်အောင် အလွန်ဆိုးရွားလေသည်။

အမည်မသိသော်လည်း အစွမ်းထက်လှသည့် ဆေးမှုန့်ကား ချူဟွမ်တစ်ယောက် ၎င်း၏ မူလရင်းမြစ်ကို သံသယအပြည့်ဝင်စေရန် စွမ်းဆောင်နိုင်လိုက်လေရာ ကောက်နှံကြမ်းမုန့်ပြားကိုလည်း မစားမီတွင် သေသေချာချာ စစ်ဆေးနေမိလေ၏။ သူ့အနေဖြင့် ထိုအထဲမှ ထူးခြားဆန်းကြယ်လှသည့် ပါဝင်ပစ္စည်းများကို ရှေးဦးစွာ မြည်းကြည့်ချင်သေးပေသည်။

ရလဒ်အနေဖြင့် နန်ရှန်းက မုန့်ပြားမှာ သူ့အတွက် ကိုက်နိုင်ရန် မာလွန်းနေသည်ဟု ထင်သွားကာ ချက်ချင်းပင် အရက်တစ်ခွက်ကို ဂရုတစိုက် ငှဲ့ပေးလေတော့သည်။ ချူဟွမ်၏ အံ့ဩဆွံ့အနေသည့် အကြည့်များရှေ့မှောက်တွင်ပင် ထိုသူက မုန့်ပြားကို တစ်ဖဲ့ဖဲ့လိုက်ကာ အရက်ထဲတွင် စိမ်လိုက်ပြီးနောက် ပြန်ထုတ်၍ သူ့ကို လှမ်းပေးလိုက်လေ၏။

ချူဟွမ် : "..."

သူက နန်ရှန်း၏ စိတ်ပူမှုအတွက် ကျေးဇူးတင်လိုက်ကာ အသံမထွက်ဘဲ လက်ခံယူလိုက်လျက် စားလိုက်လေရာ မုန့်သားအခြေအနေသည် "ရူးချင်စရာကောင်းသည်" ဟူသောအခြေအနေမှ "အလွန့်အလွန်ကြေကွဲစရာကောင်းသည်" ဟူသည့်အထိ ပြောင်းလဲသွားသော ဖြစ်စဉ်အစအဆုံးကို တွေ့ကြုံခံစားလိုက်ရတော့သတည်း။

ရိုးရှင်းသည့် နံနက်စာဝိုင်းအတွင်းတွင် ချူဟွမ်က တုန့်ဆိုင်းဆိုင်းစကားဝိုင်းတစ်ခုကို စတင်လိုက်လေသည်။ သူက ရှေးဦးစွာ ခြေဟန်လက်ဟန်ဖြင့် မေးလိုက်လေ၏။
"မင်းတို့ ဘယ်နှရက်ထပ်စောင့်ဖို့ စီစဉ်ထားကြလဲ? ဆရာရောက်လာဖို့ကိုလေ"

နန်ရှန်းက ခေါင်းခါလျက် ထိုသူမှာ လာတော့မည်မဟုတ်ကြောင်း ဖော်ပြပေသည်။

သူ့အမူအရာမှာ အရင်အတိုင်း မသာမယာရှိနေဆဲပင်ဖြစ်ပြီး လူတခြားစိတ်တခြားဖြစ်နေပုံရသော်လည်း တည်တည်ငြိမ်ငြိမ်ပင်ရှိနေကာ ဂရုမစိုက်တော့ပုံ ရှိလေ၏။

ချူဟွမ် : "ဒါဆို မင်းတို့ ဘယ်တော့သွားမှာလဲ?"

နန်ရှန်းက အမူအရာလုပ်ပြလေသည်။
'မင်းဒဏ်ရာ သက်သာတဲ့ထိစောင့်မယ်'

ချူဟွမ်မှာ အဆင်မပြေလှသည့် ဆက်သွယ်ပြောဆိုမှုကြောင့် တစ်ဖက်လူနားလည်မှုလွဲသွားသည်ဟု စစချင်းက ထင်မိပေ၏။ သူက တုန့်ဆိုင်းစွာနှင့်ပင် သူ့မေးခွန်းကို ထပ်မေးလိုက်၏။ နန်ရှန်းက လက်တစ်ဖက်ဆန့်ထုတ်လိုက်ကာ သူ့ပခုံးနှင့် ခြေထောက်ကို ပုတ်လိုက်ပြီးနောက် လက်နှစ်ဖက်လုံးကို ပူးကပ်လိုက်လျက် 'ကုသခြင်း' ဟု ဆိုလိုဟန်ရှိသော အမူအရာတစ်ခုကို လုပ်ပြလေသည်။

ချူဟွမ်တစ်ယောက် တောင့်ခဲသွားရတော့၏။

သူ့အနေဖြင့် အကြောင်းရင်းကို မေးချင်လာမိသည်။ သူ့နောက်ခံအကြောင်းကိုလည်း မသိရ၊ သူ့ကိုယ်ပေါ်တွင်လည်း သေနတ်ဒဏ်ရာများရှိနေသည့်အပြင် တစ်ဖက်လူများမှာ သူနှင့် မတော်တဆဆုံမိကြသော သူစိမ်းများသက်သက်သာ။ သူတို့ လူမှား၍ ကြိုဆိုမိသည်ကို တစ်ပိုင်းထား၊ ယခုအချိန်တွင် ရှင်းရှင်းလင်းလင်းသိသွားပြီဖြစ်သည့်တိုင် အဘယ်ကြောင့် သူစိမ်းတစ်ယောက်ကို ဂရုစိုက်ပေးနေကြပါသနည်း?

သို့ရာတွင် နောက်ဆုံးတွင်မူ သူမမေးလိုက်ပါချေ။ သူ့အနေဖြင့် ဤသို့သောမေးခွန်းမျိုးကို ထုတ်မေးလိုက်ပါက တစ်ဖက်လူ၏ စေတနာကို သံသယဝင်သလို ဖြစ်သွားလိမ့်မည်ဟု ခံစားရပေသည်။

သို့ဆိုလျှင် သူ့တွင် သံသယမရှိပါသလော?

ချူဟွမ်အနေဖြင့် သံသယမဝင်ရန်မှာ မဖြစ်နိုင်ပါချေ၊ ထိုကိစ္စမှာ သူ့အလုပ် ဖြစ်သောကြောင့်ပင်။ သူ့အတွက် သတိမရှိခြင်းမှာ ဉာဏ်နည်းခြင်းနှင့် အတူတူပင် ဖြစ်လေ၏။ သူ့အနေဖြင့် သူ့ပတ်ဝန်းကျင်ကို အမြဲမပြတ် သတိထား၍ လေ့လာကြည့်ရှုနေကာ ရှုထောင့်ပေါင်းစုံမှ အမျိုးမျိုးအဖုံဖုံ မေးခွန်းထုတ်နေရန် လိုအပ်၏။

နန်ရှန်း၏ ကြည်လင်လှသော မျက်ဝန်းအစုံကို မြင်လိုက်ရသည့်အခါမှသာ သူ့စိတ်ထဲတွင် သယ်ထားမိသော သံသယမဖြစ်စလောက်ကလေးအတွက် ရှက်သွားမိသောကြောင့် သေသေသပ်သပ် ဖုံးဖိထားလိုက်လေသည်။

သို့နှင့် ချူဟွမ်တစ်ယောက် ခဏမျှ ငြိမ်သက်သွားပေသည်။

"ဒါဆိုရင်လည်း ငါမင်းတို့ကို နေ့လည်စာဝယ်ကျွေးမယ်လေ... ဟုတ်သားပဲ... မင်းတို့ စိတ်မရှိဘူးဆိုရင် ငါ မင်းတို့ကို မန်ဒရင်းတရုတ်စာ နည်းနည်းပါးပါး သင်ပေးလို့ရတယ်။ ငါ့ကို မ‌နေ့က သံစဉ်လေး နှစ်ခေါက်သုံးခေါက်လောက် ထပ်မှုတ်ပြပေးလို့ ရနိုင်လောက်မလား?"

နန်ရှန်းမှာ သူတစ်ပါးကို ကျွေးရမွေးရသည့်အချိန်တွင် စေတနာကောင်းလှသလို သူတစ်ပါးကကျွေးမည်ဟု ဖိတ်ခေါ်သည့်အခါတွင်လည်း ဟန်ဆောင်မနေပါလေ။ နေ့လည်သို့ရောက်သည်နှင့် ‌ရှောင်ဖန်းကို တစ်ဖက်မှဆွဲလျက် ချူဟွမ်ကိုလည်း တွဲခေါ်ကာ ဧည့်ရိပ်သာမှ ပျော်ရွှင်စွာ ထွက်လာလေတော့၏။

ခရိုင်မြို့လေးမှာ သွားလိုက်ပြန်လိုက်လုပ်နေကြသော ဧည့်သည်များအတွက် တစ်ထောက်နားရာစခန်းဖြစ်ပေသည်။ မျက်စိတစ်ဆုံးတွင် အတန်းလိုက်ရှိနေကြသော စားသောက်ဆိုင်လေးများမှ ဧည့်သည်အဖွဲ့များအတွက် ရောင်းသည့် စားစရာများမှာ ဝက်စာကဲ့သို့ပင် ဆိုးရွားကာ တစ်မအေတည်းဗိုက်ထဲမှထွက်လာသည့်အတိုင်း အတူတူနှင့် အနူနူချည်း ဖြစ်လေ၏။ လမ်းထောင့်တွင်မူ ပုံမှန်မှ ကွဲထွက်နေသော အနောက်တိုင်း အမြန်စားစရာများ ရောင်းချသည့် ဆိုင်တစ်ဆိုင်ရှိကာ အဝတွင် ချိတ်ဆွဲထားသော အင်္ဂလိပ်နာမည်ကား ကြက်အုပ်ထဲမှ ကြိုးကြာငှက်သဖွယ် ရှိနေပေသည်။

သေသေချာချာကြည့်လိုက်သည့်အခါတွင်ကား ထိုစာလုံးများမှာ တရုတ်ဖင်းယင်းအသံထွက်များဖြစ်ကြောင်းကို တွေ့လိုက်ရပေသည်။

ထောင့်စွန်းတွင် ဖင်းယင်းဖြင့် "ခန်တန်းကျီး* " ဟူသည့် စာတန်းကြီးက ပြူးလျက်။

ချူဟွမ်မှာ ဆိုင်းဘုတ်အောက်တွင် အတော်ကြာအောင် ရပ်နေမိပေ၏။ နောက်ဆုံးတွင်မူ ဤဆိုင်မှာ KFC ၊ McDonald's နှင့် "ချုံချင့်ကြက်ကုန်းဘောင်" တို့၏ သုံးယောက်သားဇယားရှုပ်ရာမှ မွေးလာသည့် ကလေးပင် ဖြစ်ရမည်ဟူ၍ ကောက်ချက်ချလိုက်တော့သည်။

/ဒါပေမယ့် အဲ့ "ခန်တန်းကျီး" ရဲ့ မျှော်မှန်းချက်က ... နည်းနည်းလွန်သွားပြီမဟုတ်ဘူးလား?/

[ခန်တန်းကျီး (肯当鸡) - KFC (肯德基 - Kěndéjī 'ခန်တယ်ကျီး')၊ McDonald's (麦当劳 - Màidāngláo 'မိုင့်တန်းလောင်') နဲ့ "ချုံချင့်ကြက်ကုန်းဘောင်" (重庆鸡公煲 - Chóngqìng jī gōng bāo 'ချုံချင့်ကျီးကုန်းပေါင်း') ဆိုတဲ့ နာမည်ကြီး ကြက်ကြော်သုံးမျိုးရဲ့ ဖင်းယင်းအသံထွက်တွေကို ရောမွှေထားပြီး ထွက်လာတဲ့ နာမည်ပါ။ ဖင်းယင်းအသံထွက်အတိုင်းပဲ ထည့်ရေးထားတာပါရှင် (⁠◔⁠‿⁠◔⁠)]

သူ့အနေဖြင့် ကမ်းပါးစွန်းမှ ပြုတ်ကျစဉ်တုန်းက ဆက်သွယ်ရေးကိရိယာများ ပြုတ်ကျ၍ ပျက်သွားလေရာ ချူဟွမ်တစ်ယောက် ပြားငါးဆယ်သုံးလျက် စားသောက်ဆိုင်မှ ဖုန်းကိုငှားကာ ထိုအချိန်ကျမှ လောင်ဝမ်ကို ခေါ်ရလေသည်။ လောင်ဝမ်၏ တရစပ် ပြောဆိုကြိမ်းမောင်းမှုများကို သူ့အရင်ဘဝမှ ယောက္ခမကြီး၏ ကောင်းချီးပေးမှုများကဲ့သို့ သဘောပိုက်လျက် ခဏမျှပင်မတွန့်မဆုတ် နားဆင်ခံယူလိုက်ပေ၏။ ထို့နောက်တွင်မူ လောင်ဝမ်ထံမှ သူ့ကိုလာခေါ်ရန် လူလွှတ်လိုက်မည်ဟူသော ကမ်းလှမ်းချက်ကို ငြင်းဆိုလိုက်ချေသည်။

"ကျုပ် ရက်နည်းနည်း ထပ်နေပြီးတော့မှ ကိုယ်ဘာသာ ပြန်လိုက်မယ်။ ဒီက ပတ်ဝန်းကျင်က တော်တော်ကောင်းတာမို့ ကျုပ် ခရီးထွက်နေတယ်လို့ပဲ သဘောထားလိုက်မယ်"

လောင်ဝမ်မှာ သည်တစ်ကြိမ်တွင်မူ သူ့ကို ပြဿနာမရှာတော့ဘဲ ခေတ္တမျှ ငြိမ်သွားပြီးမှ မေးလာ၏။
"မင်းဘယ်လိုဖြစ်လို့ ပြုတ်ကျသွားတယ်လို့ ပြောလိုက်တာ?"

ချူဟွမ်၏ မျက်နှာထားမှာ မပြောင်းမလဲ။

"ခြေချော်တာ"

လောင်ဝမ် : "... မင်း ပေါက်ကရမပြောရင် သေမှာမို့လို့လား?"

"တကယ်ခြေချော်သွားတာ။ ဒါပေမယ့် ခုတော့ ဖြစ်သမျှအကြောင်းက ကောင်းဖို့ချည်းပါပဲ"

ချူဟွမ်က နူးညံ့စွာ ပြုံးလေသည်။

"ဟုတ်သား မမေ့နဲ့ဦးနော်။ ဒီကချော်ကချွတ်လူငယ်လေးအတွက် ရှောင်လုကို နှုတ်ဆက်လိုက်ပါဦး။ ကျုပ်တို့ ပြောထားနှင့်ပြီးသားနော်။ နောက်ကျ သူမွေးလာမယ့်ကလေးတွေက ကျုပ်ကို ဦးလေးလို့ ခေါ်ရမယ်လို့"

လောင်ဝမ်သမီး၏ ငယ်နာမည်မှာ ရှောင်လုဖြစ်လေ၏။ လွန်ခဲ့သည့်နှစ်နှစ်က ဓာတ်ပုံဆရာတစ်ယောက်နှင့် လက်ထပ်သွားကာ မကြာမီ မီးဖွားတော့မည် ဖြစ်ပေသည်။

ပြန်တွေးကြည့်လျှင် ချူဟွမ်၏ လူငယ်ဘဝတစ်လျှောက်လုံး သူ့အတွက် တိုက်ခိုက်ခဲ့ရကာ မျက်ဆံနက်ကြက်များ*ကဲ့သို့ပင် တချိန်းချိန်းရန်ဖြစ်ခဲ့ရ၏။ သို့ရာတွင် သူ့အနေဖြင့် ထိုမိန်းကလေးကို ရုပ်ရှင်အတူကြည့်ရန်ခေါ်ခြင်း၊ ရေခဲမုန့်ဝယ်ကျွေးခြင်း သို့မဟုတ် အခြားတစ်ခုခုအတွက် မည်သည့်အခါကမှ အစချီရန် မကြိုးစားခဲ့ဖူးသည့်အပြင် ရည်းစားစာဟု ထင်မြင်ယူဆနိုင်လောက်စရာရှိမည့် စာတစ်စောင်ကိုမျှ ရေးမပေးခဲ့ဖူးပါလေ။ ရန်ဖြစ်စရာရှိ ဖြစ်လိုက်သည်၊ ထိုးစရာရှိ ထိုးလိုက်သည်သာ။
[မျက်ဆံနက်ကြက်များ - အပြန်အလှန် ရန်စောင်နေတယ်လို့ ဆိုလိုတဲ့ အသုံးအနှုန်းဖြစ်ပါတယ်]

အညွန့်အဖူးကိုသာ ဂရုစိုက်၍ အမြစ်ကို လျစ်လျူရှုထားခြင်း * ၊ မေတ္တာအပြန်ရှိလာနိုင်သည်ဟု ယူဆမိသည်အထိ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိနေသည်မှာ ရယ်ချင်စရာ... ချစ်စရာကောင်းလုနီးပါးပင် ဖြစ်၏။
[အညွန့်အဖူးကိုသာ ဂရုစိုက်၍ အမြစ်ကို လျစ်လျူရှုထားခြင်း - အဓိကအရာကို ဂရုမစိုက်ဘဲ တခြားအရေးမပါတာတွေကိုပဲ အာရုံထားနေတယ်လို့ ဆိုလိုတာပါ]

"သွားပြီ။ တာ့တာ"
သူက လောင်ဝမ်ကို နှုတ်ဆက်လိုက်တော့သည်။

"ခန်တန်းကျီး"တွင် မုန့်ပြားနှင့် ကြက်ကြော်များ ရောင်းချလေ၏။ ချူဟွမ်က ရိုးရိုးသားသား မသိနားမလည်ဘဲနှင့် "ဒီမှာ အာလူချောင်းကြော်ရှိလား... ကျုပ်ပြောချင်တာက ဟို အာလူးကြော်လေ" ဟု မေးလိုက်သည့်အခါ ဆိုင်ရှင်အမျိုးသမီးက မီးဖိုထဲဝင်သွားကာ ထမင်းနှစ်ပန်းကန်နှင့်အတူ ပေါင်းထားသော အာလူးဇလုံကြီးတစ်လုံးကို ထုတ်လာပြီး ဆားကြမ်းလက်တစ်ဆုပ်နှိုက်လျက် ဖြူးပေးလိုက်ပြီးနောက် ခပ်မာမာပင် ဆိုပေသည်။
"ရော့ စား"

ချူဟွမ် : "..."

သို့ရာတွင် အပေါစားပုံမှားရိုက်ပင် ဖြစ်သည့်တိုင် အစားအစာ၏ အရည်အသွေးမှာ မမျှော်လင့်ထားလောက်အောင် အတော်လေးအဆင်ပြေလေ၏။ ကောက်နှံသန့်အပြည့် မုန့်ပြားများမှာ ဖြူဖွေးဝိုင်းစက်၍ နူးညံ့အိစက်နေကာ ကြက်ကြော်များမှာလည်း ရွှေဝါရောင်ဝင်းပလျက် ထူးဆန်းစွာ မွှေးပျံ့နေသော အသားနံ့မှာ အဝေးကပင် ရနိုင်ပေသည်။

ရှောင်ဖန်းမှာ ကနဦးက ချူဟွမ်အပေါ် စိတ်သိပ်မရှည်ဘဲ ရန်လိုခြင်းအချို့ပင် ရှိပေ၏။ သို့ရာတွင် ပထမနေ့က အတူတူသောက်ပြီးသည့်နောက်တွင် ထိုရန်လိုခြင်းမှာ တစ်ဝက်ပျောက်သွားပြီဖြစ်လေသည်။ ကြက်ကြော်ရောက်လာသည့်အခါတွင်ကား ချုဟွမ်တစ်ယောက် အဆိုပါ ခက်ထန်သည့်အမွေးထူမျောက်မှာ သူ့ကို ရန်သူမှ မိတ်ဆွေအဖြစ် ပြောင်းလဲရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းကို မြင်လိုက်ရတော့သည်။

သူကိုယ်တိုင်အနေဖြင့်မူ စားချင်စိတ်မရှိလှလေရာ ချူဟွမ်တစ်ယောက် သူ့တစ်ကိုယ်လုံးအနှံ့ လျှောက်စမ်းလျက် တစ်ဝက်ကျန်သည့် ဆေးလိပ်ဘူးကို ထုတ်လိုက်၏။ ထို့နောက် ဆိုင်ရှင်ထံမှ မီးခြစ်ငှားလိုက်ကာ ပြတင်းပေါက်ဘေးတွင် တစ်လိပ်ဖွာလေသည်။ သူပြန်ထိုင်သည့်အခါတွင် နန်ရှန်းက ရုတ်တရက် လက်ကိုဆန့်တန်းကာ သူ့ရင်ဘတ်ကို တွန်းထားပေ၏။

ချူဟွမ်မှာ တဒင်္ဂမျှ ကြောင်သွားမိကာ နန်ရှန်းတစ်ယောက် သူ့အဆုတ်နေရာတစ်ဝိုက်ကို လက်ညှိုးအဆစ်ဖြင့် ခေါက်ကြည့်သည်ကို မြင်လိုက်ရပေသည်။ ထို့နောက် သူ့ကို လေးနက်စွာ စိုက်ကြည့်နေကာ သဘောမကျသည့်ပုံဖြင့် ခေါင်းခါပြလေ၏။

ထို့နောက် နန်ရှန်းက လက်ကို ပြန်ရုတ်လိုက်ပြီး ချူဟွမ်ကို ကြက်ပေါင်တစ်ချောင်း ကမ်းပေးလေသည်။

ချူဟွမ်တစ်ယောက် မရည်ရွယ်ဘဲနှင့် သူ့ကို စိုက်ကြည့်နေမိပေသည်။ သူတွေ့လိုက်ရသည်မှာ နန်ရှန်းသည် စားသည့်အခါတွင် သူ့အနေဖြင့် အလေးအမြတ်ကိစ္စကြီးတစ်ခုကို ဆောင်ရွက်နေရသကဲ့သို့ စိတ်တစ်ခုလုံးကိုနှစ်၍ အာရုံစိုက်ထားကာ တစ်စမျှ အလေအလွင့်မရှိရအောင် လုပ်ဆောင်နေသည်ကိုပင်။

စားသောက်ခြင်း - ချူဟွမ်အတွက် ထိုကိစ္စမှာ အသက်ရှင်ရေးအတွက် အခြေခံလုပ်ငန်းဆောင်တာတစ်ခုမျှသာ။ သူ့အနေဖြင့် မည်သည့်အချိန်တည်းက အစားအသောက်ပျက်သွားသည် မသိပေ။ သူ့အတွက် အရသာကောင်းခြင်းနှင့် ဆိုးခြင်းကြားတွင် ကွာခြားချက်မရှိ။ ရှုံ့တွခြောက်ကပ်လျက် ကိုက်မရလောက်အောင်မာနေသော မုန့်ပြားအကြမ်းနှင့် အံ့မခန်းအနံ့အရသာနှင့် ပြည့်စုံသည့် စားသောက်ပွဲကြီးတို့မှာ သူ့မျက်လုံးထဲတွင် ထူးမခြားနားရှိလေသည်။ သုံးလုတ်မျှစားပြီးသည်နှင့် အရာရာတိုင်းမှာ ဖယောင်းကို ဝါးစားနေရသည့်နှယ်။

သို့ရာတွင် သည်တစ်ခေါက် နန်ရှန်းကို မြင်လိုက်ရပြီးသည်နောက် သူ့အနေဖြင့် "အစာစားရသည်မှာ ပျော်စရာပင်ဖြစ်သည်" ဟူသော အတွေးမျိုး ရုတ်တရက် ပေါ်လာလေသည်။ သူက ခေါင်းငုံ့လိုက်ကာ တစ်ကိုက်မျှ မြည်းကြည့်လိုက်ပေ၏။ မထူးခြားလှသော ပုံမှန်ကြက်သားအရသာအတိုင်းသာ ရှိပေသည်။

သို့အတွက် ချူဟွမ်တစ်ယောက် မတွန်းလှန်နိုင်တော့ဘဲ နန်ရှန်းကို နောက်တစ်ခါ ထပ်ကြည့်မိလိုက်သည်တွင် အနှီ အနှိုင်မဲ့ပျော်ရွှင်မှုမျိုးကို နောက်တစ်ကြိမ် တောက်ပစွာ မြင်လိုက်ရတော့၏။

/"အဲ့လောက်တောင် အရသာရှိတာလား?" /
ချူဟွမ်မှာ စိတ်ထဲမှ တွေးလိုက်မိကာ အလိုအလျောက် အရှိန်လျော့သွားပြီး နေရာအနှံ့ ပြန့်ကျဲနေသော သူ့အာရုံကို သူ့လက်ထဲမှ ကိုက်ပြီးသားကြက်ပေါင်ပေါ်သို့ ပြန်လည်စုစည်းလိုက်လေသည်။

ဤသို့ဖြင့် ချူဟွမ်သည် နန်ရှန်းကို တစ်ချက်ကြည့်လိုက် တစ်ကိုက်စားလိုက် လုပ်နေပေတော့သည်။ တဖြည်းဖြည်းဖြင့် သူ၏ အရသာမခွဲနိုင်ဘဲ ထုံနေခဲ့သော အရသာခံအာရုံဖုများမှာ ပြန်လည်နိုးထလာကာ သူ့အနေဖြင့် အမှန်တကယ်ပင် အရသာကို ခံစားနိုင်လာပေ၏။

သုံးယောက်သားမှာ ကြက်ကြော်အကြီးနှစ်ပွဲကို လျင်မြန်စွာပင် အပြောင်ရှင်းလိုက်ကြပြီး ချူဟွမ်တစ်ယောက် ထို့နောက်တွင်မှ သူစားလိုက်သည်မှာ အတော်များသွားကြောင်း သတိထားမိလေတော့သည်။

ပိုက်ဆံရှင်း၍ ပြန်လာပြီးသည့်နောက် လှည့်ကြည့်လိုက်သည့်အခါ နန်ရှန်း၏ တည်ငြိမ်သော မျက်နှာပေါ်တွင် ကျေနပ်တင်းတိမ်နေသည့် အမူအရာကို မြင်လိုက်ရသည်တွင် သူ့အနေဖြင့် အကြောင်းရင်းမရှိ ထိုနည်းတူ ပျော်ရွှင်မှုမျိုးကို ခံစားလာရလေ၏။

/ဒါပေမယ့် ... နေပါဦး၊ ဂီတသံက လူတစ်ယောက်ကို ပျော်ရွှင်စေတယ်ဆိုတာ ထားပါတော့။ ထမင်းစားတာကို ကြည့်ရတာက ဘာဖြစ်လို့တုန်း?

ကြည့်လို့ ကောင်းလို့လား?/

ချူဟွမ်ကား ရှက်ကိုးရှက်ကန်းဖြင့် သူ့လက်ချောင်းပေါ်မှ လက်စွပ်ကို လှည့်နေမိကာ "မင်းကို ကစားရတာ ပျော်စရာ"ဟူသော စာသားကို လက်ချောင်းအရင်းပိုင်းမှ အရေပြားအား တိုက်စားနေစေမိသည်။ ထို့နောက် တည်ငြိမ်အေးဆေးမှုအပြည့် မျက်နှာထားဖြင့်ပင် သူ့ကိုယ်သူ စိတ်ထဲမှ အပြစ်တင်နေမိပေတော့သည်။

/"မကောင်းလိုက်တာ၊ ငါအရမ်းထူးဆန်းနေတယ်"/

---------------------

T/N:


မုန့်ပြား (饼子)


Please support NUG. အရေးတေ်ာပုံ အောင်ရမည် 💪

30. 4. 2021

❤❤❤

(Zawgyi)

သာ့က်ားေဟာင္... I'm finally back 😁

ဒီရက္ပိုင္း exam တစ္ခု ရွိေန‌တာရယ္၊ ၿမိဳ႕မွာ မီးက ဆက္တိုက္ေတြ ပ်က္ၿပီး အားကကုန္၊ Wifi ကပ်က္နဲ႔ အဆင္မေျပတာမို႔ အၾကာႀကီး မ up ျဖစ္တာ ေသြ႕ပုခ်ီပါေနာ္ 🤧

ဒီ fic ေလးကို reading list ေတြထဲထည့္တာတို႔ vote ေပးတာတို႔အတြက္ အမ်ားႀကီး ေက်းဇူးတင္ပါတယ္ရွင္ 💗

---

မေကာင္းလိုက္တာ... ငါအရမ္းထူးဆန္းေနတယ္

သို႔ရာတြင္ ေနာက္တစ္ေန႔တြင္ ခ်ဴဟြမ္တစ္ေယာက္ ေဆးျမစ္ေဆး႐ြက္မ်ား၏ အနံ႔ျဖင့္ ႏိုးလာခဲ့ျပန္ေလသည္။

ေရွာင္ဖန္း - သူ၏ နာမည္အရင္းမွာ "ခက္ထန္ေသာ အေမြးထူ ေမ်ာက္"ဟု သိလိုက္ရၿပီးျဖစ္ေသာ္လည္း ခ်ဴဟြမ္မွာ သူ႔စိတ္ႀကိဳက္အရ "ေရွာင္ဖန္း"ဆိုသည္က ပို၍ တိတိပပျဖင့္ အလြယ္တကူနားလည္၍ ပုံေဖာ္ၾကည့္ႏိုင္သည္ဟု ယူဆလ်က္ - ထိုမိတ္ေဆြမွာ ဦးထုပ္တစ္လုံးျပဳတ္က်သြားသည္ႏွင့္ အမ်က္ေဒါသႀကီးမားစြာျဖင့္ သူ႔ဘက္သို႔လွည့္ကာ ဝရဇိန္လက္နက္ျဖင့္ ပစ္လာႏိုင္ေသးသည္ပင္ ျဖစ္ေသာ္လည္း ေရာင္နီေပၚစ အ႐ုဏ္တက္ခ်ိန္ႀကီးတြင္ပင္ ေဆာင့္ေၾကာင့္ထိုင္၍ ေဆးက်ိဳေနကာ ေခြၽးသံတ႐ႊဲ႐ႊဲ ရွိေနေလ၏။

ယခုအခ်ိန္သည္ ေလကာအက်ႌဝတ္သင့္သည့္ရာသီသို႔ ေရာက္ေနၿပီျဖစ္ေသာ္လည္း ေရွာင္ဖန္း၏ အေပၚတစ္ပိုင္းလုံးမွာ အဝတ္လုံးဝမရွိသေလာက္ပင္ ျဖစ္ေစကာမူ သူသည္ အလြန္ပူအိုက္ေနပုံရသည္မွာ ခ်ဳဟြမ္အတြက္ ပေဟဠိျဖစ္ေနေပသည္။

ထိုမိတ္ေဆြ၏ အပူစြမ္းအင္မွာ သာမန္လူမ်ားထက္ ပို၍ အားေကာင္းေန၍ေပေလာ?

ခ်ဴဟြမ္က သူ၏ ဒဏ္ရာရမထားေသာပခုံးကို ေထာက္၍ထလိုက္ကာ မူးေနာက္ေနာက္ရွိေနရာမွ ေခါင္းၾကည္သြားေလသည္။ သူ႔အေနျဖင့္ မအီမသာျဖစ္ျခင္း၊ ေခါင္းကိုက္ျခင္းတို႔ မခံစားရပါေခ်။ ၾကည့္ရသည္မွာ နန္ရွန္း၏ အရက္မွာ ထူးဆန္းလွသည့္အရသာရွိေသာ္လည္း ေသခ်ာေပါက္ အရည္အေသြးျမင့္ေသာ အရက္ေကာင္းပင္ ျဖစ္ေလ၏။

သို႔ရာတြင္ အနည္းမွ်သာ လႈပ္ရွားလိုက္ရၿပီးသည့္ေနာက္တြင္မူ သူ၏ မူလက ေပါ့ေပါ့ပါးပါးႏွင့္ ေအးေအးသက္သာအမူအရာမွာ ခ်က္ခ်င္းပင္ ေတာင့္ခဲသြားေပသည္။

"က်န္းဟူတြင္ လွည့္လည္ေနသူတစ္ေယာက္အေနျဖင့္ ဓားခ်က္မ်ားကို ခံယူရျခင္းမွ မေရွာင္ၾကဥ္ႏိုင္" ဟူသည့္ ဆို႐ိုးရွိေပ၏။ အျခားသူမ်ားကို မတိုက္ခိုက္ႏိုင္မီ မိမိက အရင္တိုက္ခိုက္ခံရသည္မွာ တိုးတက္မႈအတြက္ အေျခခံဥပေဒသပင္ ျဖစ္ေလသည္။ ခ်ဴဟြမ္သည္ကား သူ႔ကိုယ္သူ မည္မွ်အရည္အခ်င္းရွိသူဟူ၍ မသတ္မွတ္ရဲပါေခ်။ သို႔ရာတြင္ သူသည္ ဓားထိုးခံရျခင္း၊ ေသနတ္မွန္ျခင္းတို႔တြင္ ကြၽမ္းက်င္အဆင့္ျဖစ္ၿပီး က်ည္ဆံေလးတစ္ခ်က္ ရွပ္ထိသြားျခင္းမွာ စကားထဲပင္ ထည့္ေျပာေနစရာမလို။ သူ႔အေနျဖင့္ "ဓားသုံးခ်က္ ဒဏ္ရာေျခာက္ေပါက္* " ကဲ့သို႔ေသာ အရာမ်ိဳးထိေအာင္ အကုန္အစုံ ႀကဳံခဲ့ဖူးၿပီးသည္ပင္။
[ဓားသုံးခ်က္ ဒဏ္ရာေျခာက္ေပါက္ - ဒါက ဂိုဏ္းေတြ၊ ေသြးေသာက္ညီအစ္ကိုအဖြဲ႕ေတြ စတဲ့ အဖြဲ႕အစည္းေတြမွာ က်င့္သုံးေလ့ရွိတဲ့ စည္းမ်ဥ္းတစ္ခုပါ။ တစ္ေယာက္ေယာက္အေပၚ အျပစ္ျပဳမိတယ္ဆိုရင္ အဲ့အျပစ္အတြက္ ေတာင္းပန္တဲ့အေနနဲ႔ ကိုယ့္ကိုယ္ကို ဓားသုံးခ်က္ ထုတ္ခ်င္းေပါက္ေအာင္ထိုးၿပီး ဒဏ္ရာေျခာက္ေပါက္ ရေစတာ ျဖစ္ပါတယ္]

ဒဏ္ရာ၏ အေျခအေန၊ ကုသရမည့္ နည္းလမ္း၊ ေပ်ာက္ကင္းရန္ လိုအပ္ေသာအခ်ိန္ စသည္တို႔မွာ ခ်ဴဟြမ္တစ္ေယာက္ ေက်ေက်ညက္ညက္ အလြတ္ရထားၿပီး ျဖစ္ေလ၏။ ဥပမာ သူ႔ကိုယ္ေပၚမွ ဤကဲ့သို႔ေသာ ေသနတ္ဒဏ္ရာမ်ိဳးမွာ ပထမႏွစ္ရက္တြင္ အေျခအေနပိုဆိုးမလာလွ်င္၊ သို႔မဟုတ္ ပိုးဝင္မသြားလွ်င္ပင္ အေတာ္ေလးအေျခအေနေကာင္းလွသည္ဟု ဆိုရေပလိမ့္မည္။

သို႔ရာတြင္ ယခုအခ်ိန္တြင္မူ တစ္ညသာ ရွိေသးေသာ္လည္း သူ၏ လတ္လတ္ဆတ္ဆတ္ ဒဏ္ရာမ်ားမွာ အနာက်က္စျပဳေနၿပီျဖစ္ေပ၏။

အသက္အ႐ြယ္ကို ထည့္မတြက္ဘဲေနလွ်င္ပင္ သူ၏ အခ်ိန္ၾကာျမင့္စြာ ခ်ဳပ္တည္းထားရေသာစိတ္၏ ပင္ပန္းမႈႏွင့္ က်န္းမာေရးႏွင့္ မညီၫြတ္ေသာ ေနထိုင္စားေသာက္မႈပုံစံတို႔ေၾကာင့္ သူ႔ကိုယ္ခႏၶာ၏ အေျခအေနမွာ ဆိုးသထက္ဆိုးလာရန္သာ ရွိေလသည္။ သူ႔အေနျဖင့္ က်န္းမာေရးအေကာင္းဆုံးအေျခအေနတြင္ ရွိေနေသးလွ်င္ပင္ ဤမွ်ေလာက္ ေၾကာက္စရာေကာင္းလွေသာ ျပန္လည္ေကာင္းမြန္လာမႈႏႈန္းမ်ိဳး မရွိႏိုင္ပါေခ်။

ၾကည့္ရသည္မွာ ထိုေနရာတစ္ဝိုက္မွ ဆဲလ္မ်ား၏ အလုပ္လုပ္ႏႈန္းကို ႀကီးမားစြာ ျမင့္တက္သြားေစပုံရေလ၏။

သူတို႔ သူ႔ကို မည္သို႔ေသာ ေဆးဝါးမ်ားေပးထားျခင္း ျဖစ္ႏိုင္သနည္း?

အ႐ုဏ္ဦး၏ လင္းျဖာေနေသာ ေရာင္နီေအာက္ဝယ္ ခ်ဴဟြမ္၏ ႏွလုံးအိမ္ထဲ၌ မေရမတြက္ႏိုင္ေသာ အေတြးမ်ား စီးဆင္းေနေပသည္။ ႏိုင္ငံေပါင္းစုံမွ ေတေလၾကမ္းပိုးအမ်ိဳးမ်ိဳးႏွင့္ ႏွစ္ေပါင္းမ်ားစြာ ဆက္ဆံေတြ႕ဆုံလာရၿပီးသည့္ေနာက္တြင္ သူ႔အေနျဖင့္ ပထမဆုံးေတြးမိသည္ကား မူးယစ္ေဆးဝါးမ်ားပင္ ျဖစ္ေပ၏။

သူ႔ဒဏ္ရာကို စည္းထားေသာ အ႐ြက္မ်ားႏွင့္ သူေသာက္လိုက္သည့္ ေဆးရည္ထဲတြင္ေရာ မည္သို႔ေသာပစၥည္းမ်ား ပါဝင္ေနပါသနည္း?

အကိုက္အခဲေပ်ာက္သည့္ အာနိသင္ကို ဒဏ္ရာမ်ား အမွန္တကယ္ ေပ်ာက္ကင္းသြားျခင္းဟု မွားယြင္းယူဆမိျခင္းေပေလာ?

ဤအခ်ိန္တြင္ပင္ နန္ရွန္းက ဇလုံတစ္လုံးကိုကိုင္လ်က္ အေျပးတစ္ပိုင္းလာကာ ခ်ဴဟြမ္ကို တက္ႂကြစြာ ႏႈတ္ဆက္လာေလသည္။

ခ်ဴဟြမ္တစ္ေယာက္ စိတ္ထဲတြင္ သံသယေပါင္းမ်ားစြာ ရွိေနေသာ္လည္း တည္တည္ၿငိမ္ၿငိမ္ျဖင့္ပင္ တုံ႔ျပန္ေလ၏။ သူက နန္ရွန္းထံမွ ဇလုံထဲသို႔ တစ္ခ်က္လွမ္းၾကည့္လိုက္သည့္အခါ ဇလုံတစ္ဝက္ေရထဲတြင္ စိမ္ထားေသာ လက္တစ္ဝါးစာအက်ယ္ႏွင့္ ႏွစ္ေပခန႔္အရွည္ရွိသည့္ သစ္႐ြက္ႀကီးအခ်ိဳ႕ကို ျမင္လိုက္ရေပသည္။ သူ႔ဒဏ္ရာေပၚတြင္ စည္းထားသည့္တစ္ခုႏွင့္ အတူတူပင္ ျဖစ္၏။

နန္ရွန္းက သူ႔အိပ္ရာေဘးတစ္ဖက္တြင္ ဒူးတစ္ဖက္ေထာက္ထိုင္လ်က္ ခါးကိုကိုင္းကာ ခ်ဳဟြမ္၏ ဒဏ္ရာေပၚတြင္ မေန႔က စည္းေပးထားေသာ သစ္႐ြက္ပတ္တီးကို ဂ႐ုတစိုက္ႏွင့္ သတိႀကီးစြာ ျဖည္ေပးေလသည္။ ယွဥ္မၾကည့္မိလွ်င္ သိသာလွမည္မဟုတ္ေသာ္လည္း ခ်ဴဟြမ္ထံမွ ခြာလိုက္ေသာ သစ္႐ြက္မ်ားမွာ ေျခာက္ကပ္မွိန္ေဖ်ာ့လ်က္ ၎တို႔ထံမွ ရွင္သန္ျခင္းစြမ္းအားမ်ားကို စုပ္ယူခံထားရသည့္ႏွယ္ ရွိေပသည္။

သူ၏ ေသြးႏွင့္ အသားစအခ်ိဳ႕က သစ္႐ြက္တြင္ကပ္ေနေလရာ နန္ရွန္းက သစ္႐ြက္ကို ဆြဲခြာလိုက္သည့္အခါတြင္ မညႇာမတာကပ္ပါသြားေလ၏။ ခ်ဴဟြမ္ထံမွ အသံတစ္ခ်က္ပင္ ထြက္မလာသည့္တိုင္ေအာင္ သူ႔တစ္ကိုယ္လုံးမွာ ျပင္းျပင္းထန္ထန္ လႈပ္ခါသြားေလသည္။

/နာလိုက္တာ/

အမွန္ကိုပင္ နာက်င္ရပါ၏။ သို႔ရာတြင္ နာက်င္သည္ဆိုျခင္းမွာ ေကာင္းသည့္လကၡဏာတစ္ခုပင္။ အနည္းဆုံးေတာ့ သူ႔ကို အကိုက္အခဲေပ်ာက္ေဆးေပးမထားသည့္ အဓိပၸာယ္ျဖစ္၏။

နန္ရွန္းက သူ႔တုန႔္ျပန္မႈကို သတိထားမိသြားကာ လက္ဖဝါးကိုျဖန႔္လ်က္ သူ႔နဖူးေပၚတြင္ တင္လိုက္ၿပီးေနာက္ သူ႔ကို စိတ္ဆိုးသြားမည္စိုးသည့္အတြက္ လာေခ်ာ့ပုံရွိေလသည္။ ထို႔ေနာက္ နန္ရွန္းက ပုလင္းေလးတစ္လုံးထုတ္လာၿပီး အျဖဴေရာင္အမႈန႔္လက္တစ္ဖ်စ္စာကို ေလာင္းခ်လာေပသည္။ ထိုအမႈန႔္မ်ားမွာ ဂ်ဳံမႈန႔္ႏွင့္ တူေသာ္လည္း ပုံမွန္ဂ်ဳံမႈန႔္ထက္ ပို၍ ျဖဴကာ ထူးျခားသည့္ အနံ႔တစ္ခုရွိေလ၏။

ညႇီစို႔စို႔... ခ်ဴဟြမ္တစ္ေယာက္ ေခတၱမွ် စဥ္းစားလိုက္ၿပီးေနာက္ ထိုအနံ႔မွာ "ေသြးနံ႔" ႏွင့္ "ေျမနံ႔သင္းေသာ အပင္နံ႔" တို႔ၾကားမွ တစ္ေနရာရာတြင္ ရွိသည္ဟု ခံစားရေပသည္။

ခ်ဴဟြမ္တစ္ေယာက္ ေသေသခ်ာခ်ာ ၾကည့္ရႈစစ္ေဆးၿပီးသည္အထိ ေစာင့္မေနဘဲ နန္ရွန္းက ေဆးမႈန႔္ကို သူ႔ဒဏ္ရာေပၚသို႔ ျဖဴးခ်လိုက္ေတာ့၏။

အမည္မသိေဆးမႈန႔္က ေဆာင္ၾကဥ္းလာေသာ နာက်င္မႈမွာ လုံးဝကို သာမန္ႏွင့္ မတူေပ။ ဒဏ္ရာေပၚသို႔ င႐ုတ္ဆီရည္ေလာင္းခ်သည္ထက္ပင္ ပို၍ လူကို ေသခ်င္စိတ္ေပါက္ေအာင္ အခံရခက္ေစ၏။ ခ်ဴဟြမ္တစ္ေယာက္ သူ႔ဒဏ္ရာထဲသို႔ တစ္စုံတစ္ေယာက္က အပ္ေခ်ာင္းရွည္တစ္ခုျဖင့္ ထိုးစိုက္၍ ေမႊ႕ေနသကဲ့သို႔ ခံစားရေလသည္။

သို႔ရာတြင္ သူ႔အေနျဖင့္ စိတ္ထဲမွ "ေဆးထည့္လွ်င္ နာကိုနာရမည္"ဟု၍ ေမွ်ာ္လင့္ထားၿပီးျဖစ္ေလရာ သည္တစ္ေခါက္တြင္ တုန္ပင္တုန္မသြားေတာ့ပါေခ်။ သို႔ေသာ္လည္း အလိုအေလ်ာက္ ႂကြက္သားမ်ားကို ေတာင့္ထားမိၿပီး အံႀကိတ္ထားမိေပ၏။

ဤကဲ့သို႔ေသာ ထီမထင္ မာေက်ာလွသည့္ အျပဳအမူကို ျမင္လိုက္ရသည့္အခါတြင္ နန္ရွန္းက ေခါင္းေမာ့လာၿပီး သူ႔ကို ေလးစားစြာျဖင့္ ၿပဳံးၾကည့္လာေလ၏။ ထို႔ေနာက္ ေရွာင္ဖန္း၏ နာမည္အရင္းႏွင့္ အသံထြက္အလြန္ဆင္ေသာ စကားတစ္ခြန္းကို ေျပာေလသည္။

ခ်ဴဟြမ္တစ္ေယာက္ ဤခ်ီးက်ဴးစကားမွာ "ခက္ထန္သည့္ အေမႊးထူ (ကြက္လပ္)"ဟူသည့္ အဓိပၸာယ္ျဖစ္ႏိုင္ေၾကာင္း ေကာက္ခ်က္ခ်လိုက္၏။

သူက တစ္ဖက္လူ၏ ေလးစားခ်ီးက်ဴးမႈကို ေဖ်ာ့ေတာ့ေနသည့္အသြင္အျပင္ျဖင့္ပင္ လက္ခံလိုက္လ်က္ တစ္ခ်ိန္တည္းတြင္ပင္ စိတ္ႏွလုံးညႇိဳးခ်ဳံးစြာ ေတြးမိေပသည္။
/" 'ခက္ထန္သည့္ အေမႊးထူ ျမည္းပု' ဆိုတာမ်ိဳးေတာ့ မျဖစ္ပါေစနဲ႔"/

ဆန္းၾကယ္လွစြာပင္ သူ႔ရင္ထဲမွ သံသယမ်ားမွာ ရွိေနဆဲျဖစ္ေသာ္လည္း သူ႔သတိထားေနမႈ၏ အမ်ားစုမွာ ေပ်ာက္ကြယ္သြားေလၿပီ။

တစ္ဖက္တြင္ နာက်င္မႈက ေလ်ာ့ပါးမသြားေသးသကဲ့သို႔ တစ္ဖက္တြင္လည္း ခ်ဴဟြမ္အေနျဖင့္ နန္ရွန္းမွာ လူဆိုးတစ္ေယာက္ျဖစ္သည္ဟု လက္ခံရန္ ျငင္းဆိုေနသည့္ ဉာဥ္တစ္ခုက ရွိေနေပ၏။

ဧည့္ရိပ္သာ၏ ပုံမွန္အခန္းထဲတြင္ အိပ္ရာႏွစ္လုံးသာရွိေလသည္။ အိပ္ရာတစ္လုံးကို ပိန္ပိန္ပါးပါးမိန္းကေလးငယ္ႏွစ္ေယာက္ တိုးေဝွ႔၍ ၾကပ္ၾကပ္ညပ္ညပ္အိပ္ရန္ အဆင္ေျပေသာ္လည္း ‌ေယာက္်ားႀကီးႏွစ္ေယာက္အတြက္မူ မကာသာႏိုင္ေလ။ သို႔အတြက္ ေ႐ွာင္ဖန္းတစ္ေယာက္ တီဗြီစင္ေပၚမွ တီဗြီကို ေဘးဘက္သို႔ေ႐ႊ႕ကာ ထိုအေပၚတြင္ ေကာက္႐ိုးဖ်ာတစ္ခုျဖန္႔ခင္းလ်က္ အရက္အိုးကို ေခါင္းအုံး၍ တစ္ညတာကို ျဖတ္သန္းသည္မွာ ခ်ဴဟြမ္၏အျမင္တြင္ ေလာကီမွ ေဝးကြာေနေသာ သူေတာ္စင္ႀကီးတစ္ပါးႏွင့္ပင္ တူေခ်ေတာ့သည္။

နန္႐ွန္းက သူ႕ဒဏ္ရာကို သဘာဝအတိုင္းပင္ စည္းေပးလိုက္ၿပီးေနာက္ ဟိုဟိုသည္သည္ေလွ်ာက္သည့္အခါ သုံးႏိုင္ရန္ သစ္သားတစ္ေခ်ာင္းကို မိနစ္အနည္းငယ္အခ်ိန္ယူ၍ တုတ္ေကာက္အျဖစ္ထြင္းေပးေလသည္။ ခ်ဴဟြမ္တစ္ေယာက္ ကိုယ္လက္သန႔္စင္ၿပီးေနာက္ အေျခတက်ျဖစ္သြားသည့္အခါတြင္ မုန႔္ျပားေျခာက္*တစ္ခုထုတ္ကာ သူစားရန္ေပးလာ၏။
[မုန႔္ျပား (饼子)- Chinese costume drama ေတြမွာ ေတြ႕ရတတ္တဲ့ မုန႔္ျပားဝိုင္းႀကီးေတြလိုမ်ိဳးေပါ့။ ပုံကေတာ့ ေအာက္ဆုံးမွာ ထည့္ေပးထားပါမယ္ :3]

မုန႔္ျပားမွာ ခပ္ၾကမ္းၾကမ္းပင္ျဖစ္ၿပီး ဖြဲခြံတစ္ဝက္ ေကာက္ႏွံသန႔္တစ္ဝက္ အေရာေရာအေႏွာေႏွာႏွင့္။ ထိုအရာမ်ားသည္ လြန္ခဲ့သည့္ရက္အနည္းငယ္တည္းက ျပဳလုပ္ထားေၾကာင္း သိသာေနကာ ေျခာက္သေယာင္း မာေတာင့္ေနေပသည္။ ေရွးေခတ္လူမ်ား ခရီးထြက္သည့္အခါ ေဆာင္သြားတတ္ေသာ ရိကြခာေျခာက္မ်ိဳးကဲ့သို႔ ျဖစ္ကာ မုန႔္သားမွာကား ပါးစပ္ထဲသို႔ ထည့္လိုက္သည္ႏွင့္ ႐ူးခ်င္စရာေကာင္းေလာက္ေအာင္ အလြန္ဆိုး႐ြားေလသည္။

အမည္မသိေသာ္လည္း အစြမ္းထက္လွသည့္ ေဆးမႈန္႔ကား ခ်ဴဟြမ္တစ္ေယာက္ ၎၏ မူလရင္းျမစ္ကို သံသယအျပည့္ဝင္ေစရန္ စြမ္းေဆာင္ႏိုင္လိုက္ေလရာ ေကာက္ႏွံၾကမ္းမုန႔္ျပားကိုလည္း မစားမီတြင္ ေသေသခ်ာခ်ာ စစ္ေဆးေနမိေလ၏။ သူ႔အေနျဖင့္ ထိုအထဲမွ ထူးျခားဆန္းၾကယ္လွသည့္ ပါဝင္ပစၥည္းမ်ားကို ေရွးဦးစြာ ျမည္းၾကည့္ခ်င္ေသးေပသည္။

ရလဒ္အေနျဖင့္ နန္ရွန္းက မုန္႔ျပားမွာ သူ႔အတြက္ ကိုက္ႏိုင္ရန္ မာလြန္းေနသည္ဟု ထင္သြားကာ ခ်က္ခ်င္းပင္ အရက္တစ္ခြက္ကို ဂ႐ုတစိုက္ ငွဲ႔ေပးေလေတာ့သည္။ ခ်ဴဟြမ္၏ အံ့ဩဆြံ႕အေနသည့္ အၾကည့္မ်ားေ႐ွ႕ေမွာက္တြင္ပင္ ထိုသူက မုန္႔ျပားကို တစ္ဖဲ့ဖဲ့လိုက္ကာ အရက္ထဲတြင္ စိမ္လိုက္ၿပီးေနာက္ ျပန္ထုတ္၍ သူ႕ကို လွမ္းေပးလိုက္ေလ၏။

ခ်ဴဟြမ္ : "..."

သူက နန္ရွန္း၏ စိတ္ပူမႈအတြက္ ေက်းဇူးတင္လိုက္ကာ အသံမထြက္ဘဲ လက္ခံယူလိုက္လ်က္ စားလိုက္ေလရာ မုန႔္သားအေျခအေနသည္ "႐ူးခ်င္စရာေကာင္းသည္" ဟူေသာအေျခအေနမွ "အလြန႔္အလြန္ေၾကကြဲစရာေကာင္းသည္" ဟူသည့္အထိ ေျပာင္းလဲသြားေသာ ျဖစ္စဥ္အစအဆုံးကို ေတြ႕ႀကဳံခံစားလိုက္ရေတာ့သတည္း။

႐ိုးရွင္းသည့္ နံနက္စာဝိုင္းအတြင္းတြင္ ခ်ဴဟြမ္က တုန႔္ဆိုင္းဆိုင္းစကားဝိုင္းတစ္ခုကို စတင္လိုက္ေလသည္။ သူက ေရွးဦးစြာ ေျခဟန္လက္ဟန္ျဖင့္ ေမးလိုက္ေလ၏။
"မင္းတို႔ ဘယ္ႏွရက္ထပ္ေစာင့္ဖို႔ စီစဥ္ထားၾကလဲ? ဆရာေရာက္လာဖို႔ကိုေလ"

နန္ရွန္းက ေခါင္းခါလ်က္ ထိုသူမွာ လာေတာ့မည္မဟုတ္ေၾကာင္း ေဖာ္ျပေပသည္။

သူ႔အမူအရာမွာ အရင္အတိုင္း မသာမယာရွိေနဆဲပင္ျဖစ္ၿပီး လူတျခားစိတ္တျခားျဖစ္ေနပုံရေသာ္လည္း တည္တည္ၿငိမ္ၿငိမ္ပင္ရွိေနကာ ဂ႐ုမစိုက္ေတာ့ပုံ ရွိေလ၏။

ခ်ဴဟြမ္ : "ဒါဆို မင္းတို႔ ဘယ္ေတာ့သြားမွာလဲ?"

နန္ရွန္းက အမူအရာလုပ္ျပေလသည္။
'မင္းဒဏ္ရာ သက္သာတဲ့ထိေစာင့္မယ္'

ခ်ဴဟြမ္မွာ အဆင္မေျပလွသည့္ ဆက္သြယ္ေျပာဆိုမႈေၾကာင့္ တစ္ဖက္လူနားလည္မႈလြဲသြားသည္ဟု စစခ်င္းက ထင္မိေပ၏။ သူက တုန႔္ဆိုင္းစြာႏွင့္ပင္ သူ႔ေမးခြန္းကို ထပ္ေမးလိုက္၏။ နန္ရွန္းက လက္တစ္ဖက္ဆန႔္ထုတ္လိုက္ကာ သူ႔ပခုံးႏွင့္ ေျခေထာက္ကို ပုတ္လိုက္ၿပီးေနာက္ လက္ႏွစ္ဖက္လုံးကို ပူးကပ္လိုက္လ်က္ 'ကုသျခင္း' ဟု ဆိုလိုဟန္ရွိေသာ အမူအရာတစ္ခုကို လုပ္ျပေလသည္။

ခ်ဴဟြမ္တစ္ေယာက္ ေတာင့္ခဲသြားရေတာ့၏။

သူ႔အေနျဖင့္ အေၾကာင္းရင္းကို ေမးခ်င္လာမိသည္။ သူ႔ေနာက္ခံအေၾကာင္းကိုလည္း မသိရ၊ သူ႔ကိုယ္ေပၚတြင္လည္း ေသနတ္ဒဏ္ရာမ်ားရွိေနသည့္အျပင္ တစ္ဖက္လူမ်ားမွာ သူႏွင့္ မေတာ္တဆဆုံမိၾကေသာ သူစိမ္းမ်ားသက္သက္သာ။ သူတို႔ လူမွား၍ ႀကိဳဆိုမိသည္ကို တစ္ပိုင္းထား၊ ယခုအခ်ိန္တြင္ ရွင္းရွင္းလင္းလင္းသိသြားၿပီျဖစ္သည့္တိုင္ အဘယ္ေၾကာင့္ သူစိမ္းတစ္ေယာက္ကို ဂ႐ုစိုက္ေပးေနၾကပါသနည္း?

သို႔ရာတြင္ ေနာက္ဆုံးတြင္မူ သူမေမးလိုက္ပါေခ်။ သူ႔အေနျဖင့္ ဤသို႔ေသာေမးခြန္းမ်ိဳးကို ထုတ္ေမးလိုက္ပါက တစ္ဖက္လူ၏ ေစတနာကို သံသယဝင္သလို ျဖစ္သြားလိမ့္မည္ဟု ခံစားရေပသည္။

သို႔ဆိုလွ်င္ သူ႔တြင္ သံသယမရွိပါသေလာ?

ခ်ဴဟြမ္အေနျဖင့္ သံသယမဝင္ရန္မွာ မျဖစ္ႏိုင္ပါေခ်၊ ထိုကိစၥမွာ သူ႔အလုပ္ ျဖစ္ေသာေၾကာင့္ပင္။ သူ႔အတြက္ သတိမရွိျခင္းမွာ ဉာဏ္နည္းျခင္းႏွင့္ အတူတူပင္ ျဖစ္ေလ၏။ သူ႔အေနျဖင့္ သူ႔ပတ္ဝန္းက်င္ကို အၿမဲမျပတ္ သတိထား၍ ေလ့လာၾကည့္ရႈေနကာ ရႈေထာင့္ေပါင္းစုံမွ အမ်ိဳးမ်ိဳးအဖုံဖုံ ေမးခြန္းထုတ္ေနရန္ လိုအပ္၏။

နန္ရွန္း၏ ၾကည္လင္လွေသာ မ်က္ဝန္းအစုံကို ျမင္လိုက္ရသည့္အခါမွသာ သူ႔စိတ္ထဲတြင္ သယ္ထားမိေသာ သံသယမျဖစ္စေလာက္ကေလးအတြက္ ရွက္သြားမိေသာေၾကာင့္ ေသေသသပ္သပ္ ဖုံးဖိထားလိုက္ေလသည္။

သို႔ႏွင့္ ခ်ဴဟြမ္တစ္ေယာက္ ခဏမွ် ၿငိမ္သက္သြားေပသည္။

"ဒါဆိုရင္လည္း ငါမင္းတို႔ကို ေန႔လည္စာဝယ္ေကြၽးမယ္ေလ... ဟုတ္သားပဲ... မင္းတို႔ စိတ္မရွိဘူးဆိုရင္ ငါ မင္းတို႔ကို မန္ဒရင္းတ႐ုတ္စာ နည္းနည္းပါးပါး သင္ေပးလို႔ရတယ္။ ငါ့ကို မ‌ေန႔က သံစဥ္ေလး ႏွစ္ေခါက္သုံးေခါက္ေလာက္ ထပ္မႈတ္ျပေပးလို႔ ရႏိုင္ေလာက္မလား?"

နန္ရွန္းမွာ သူတစ္ပါးကို ေကြၽးရေမြးရသည့္အခ်ိန္တြင္ ေစတနာေကာင္းလွသလို သူတစ္ပါးကေကြၽးမည္ဟု ဖိတ္ေခၚသည့္အခါတြင္လည္း ဟန္ေဆာင္မေနပါေလ။ ေန႔လည္သို႔ေရာက္သည္ႏွင့္ ‌ေရွာင္ဖန္းကို တစ္ဖက္မွဆြဲလ်က္ ခ်ဴဟြမ္ကိုလည္း တြဲေခၚကာ ဧည့္ရိပ္သာမွ ေပ်ာ္႐ႊင္စြာ ထြက္လာေလေတာ့၏။

ခ႐ိုင္ၿမိဳ႕ေလးမွာ သြားလိုက္ျပန္လိုက္လုပ္ေနၾကေသာ ဧည့္သည္မ်ားအတြက္ တစ္ေထာက္နားရာစခန္းျဖစ္ေပသည္။ မ်က္စိတစ္ဆုံးတြင္ အတန္းလိုက္ရွိေနၾကေသာ စားေသာက္ဆိုင္ေလးမ်ားမွ ဧည့္သည္အဖြဲ႕မ်ားအတြက္ ေရာင္းသည့္ စားစရာမ်ားမွာ ဝက္စာကဲ့သို႔ပင္ ဆိုး႐ြားကာ တစ္မေအတည္းဗိုက္ထဲမွထြက္လာသည့္အတိုင္း အတူတူႏွင့္ အႏူႏူခ်ည္း ျဖစ္ေလ၏။ လမ္းေထာင့္တြင္မူ ပုံမွန္မွ ကြဲထြက္ေနေသာ အေနာက္တိုင္း အျမန္စားစရာမ်ား ေရာင္းခ်သည့္ ဆိုင္တစ္ဆိုင္ရွိကာ အဝတြင္ ခ်ိတ္ဆြဲထားေသာ အဂၤလိပ္နာမည္ကား ၾကက္အုပ္ထဲမွ ႀကိဳးၾကာငွက္သဖြယ္ ရွိေနေပသည္။

ေသေသခ်ာခ်ာၾကည့္လိုက္သည့္အခါတြင္ကား ထိုစာလုံးမ်ားမွာ တ႐ုတ္ဖင္းယင္းအသံထြက္မ်ားျဖစ္ေၾကာင္းကို ေတြ႕လိုက္ရေပသည္။

ေထာင့္စြန္းတြင္ ဖင္းယင္းျဖင့္ "ခန္တန္းက်ီး* " ဟူသည့္ စာတန္းႀကီးက ျပဴးလ်က္။

ခ်ဴဟြမ္မွာ ဆိုင္းဘုတ္ေအာက္တြင္ အေတာ္ၾကာေအာင္ ရပ္ေနမိေပ၏။ ေနာက္ဆုံးတြင္မူ ဤဆိုင္မွာ KFC ၊ McDonald's ႏွင့္ "ၾကက္သားအစပ္ေဟာ့ေပါ့"တို႔၏ သုံးေယာက္သားဇယားရႈပ္ရာမွ ေမြးလာသည့္ ကေလးပင္ ျဖစ္ရမည္ဟူ၍ ေကာက္ခ်က္ခ်လိုက္ေတာ့သည္။

/ဒါေပမယ့္ အဲ့ "ခန္တန္းက်ီး" ရဲ႕ ေမွ်ာ္မွန္းခ်က္က ... နည္းနည္းလြန္သြားၿပီမဟုတ္ဘူးလား?/

[ခန္တန္းက်ီး (肯当鸡) - KFC (肯德基 - Kěndéjī 'ခန္တယ္က်ီး')၊ McDonald's (麦当劳 - Màidāngláo 'မိုင့္တန္းေလာင္') နဲ႔ "ခ်ံဳခ်င့္ၾကက္ကုန္းေဘာင္" (重庆鸡公煲 - Chóngqìng jī gōng bāo 'ခ်ံဳခ်င့္က်ီးကုန္းေပါင္း') ဆိုတဲ့ နာမည္ႀကီး ၾကက္ေၾကာ္သုံးမ်ိဳးရဲ႕ ဖင္းယင္းအသံထြက္ေတြကို ေရာေမႊထားၿပီး ထြက္လာတဲ့ နာမည္ပါ။ ဖင္းယင္းအသံထြက္အတိုင္းပဲ ထည့္ေရးထားတာပါ႐ွင္ (⁠◔⁠‿⁠◔⁠)]

သူ႔အေနျဖင့္ ကမ္းပါးစြန္းမွ ျပဳတ္က်စဥ္တုန္းက ဆက္သြယ္ေရးကိရိယာမ်ား ျပဳတ္က်၍ ပ်က္သြားေလရာ ခ်ဴဟြမ္တစ္ေယာက္ ျပားငါးဆယ္သုံးလ်က္ စားေသာက္ဆိုင္မွ ဖုန္းကိုငွားကာ ထိုအခ်ိန္က်မွ ေလာင္ဝမ္ကို ေခၚရေလသည္။ ေလာင္ဝမ္၏ တရစပ္ ေျပာဆိုႀကိမ္းေမာင္းမႈမ်ားကို သူ႔အရင္ဘဝမွ ေယာကၡမႀကီး၏ ေကာင္းခ်ီးေပးမႈမ်ားကဲ့သို႔ သေဘာပိုက္လ်က္ ခဏမွ်ပင္မတြန႔္မဆုတ္ နားဆင္ခံယူလိုက္ေပ၏။ ထို႔ေနာက္တြင္မူ ေလာင္ဝမ္ထံမွ သူ႔ကိုလာေခၚရန္ လူလႊတ္လိုက္မည္ဟူေသာ ကမ္းလွမ္းခ်က္ကို ျငင္းဆိုလိုက္ေခ်သည္။

"က်ဳပ္ရက္နည္းနည္း ထပ္ေနၿပီးေတာ့မွ ကိုယ္ဘာသာ ျပန္လိုက္မယ္။ ဒီက ပတ္ဝန္းက်င္က ေတာ္ေတာ္ေကာင္းတာမို႔ က်ဳပ္ ခရီးထြက္ေနတယ္လို႔ပဲ သေဘာထားလိုက္မယ္"

ေလာင္ဝမ္မွာ သည္တစ္ႀကိမ္တြင္မူ သူ႔ကို ျပႆနာမရွာေတာ့ဘဲ ေခတၱမွ် ၿငိမ္သြားၿပီးမွ ေမးလာ၏။
"မင္းဘယ္လိုျဖစ္လို႔ ျပဳတ္က်သြားတယ္လို႔ ေျပာလိုက္တာ?"

ခ်ဴဟြမ္၏ မ်က္ႏွာထားမွာ မေျပာင္းမလဲ။

"ေျခေခ်ာ္တာ"

ေလာင္ဝမ္ : "... မင္း ေပါက္ကရမေျပာရင္ ေသမွာမို႔လို႔လား?"

"တကယ္ေျခေခ်ာ္သြားတာ။ ဒါေပမယ့္ ခုေတာ့ ျဖစ္သမွ်အေၾကာင္းက ေကာင္းဖို႔ခ်ည္းပါပဲ"

ခ်ဴဟြမ္က ႏူးညံ့စြာ ၿပဳံးေလသည္။

"ဟုတ္သား မေမ့နဲ႔ဦးေနာ္။ ဒီကေခ်ာ္ကခြၽတ္လူငယ္ေလးအတြက္ ေရွာင္လုကို ႏႈတ္ဆက္လိုက္ပါဦး။ က်ဳပ္တို႔ ေျပာထားႏွင့္ၿပီးသားေနာ္။ ေနာက္က် သူေမြးလာမယ့္ကေလးေတြက က်ဳပ္ကို ဦးေလးလို႔ ေခၚရမယ္လို႔"

ေလာင္ဝမ္သမီး၏ ငယ္နာမည္မွာ ေရွာင္လုျဖစ္ေလ၏။ လြန္ခဲ့သည့္ႏွစ္ႏွစ္က ဓာတ္ပုံဆရာတစ္ေယာက္ႏွင့္ လက္ထပ္သြားကာ မၾကာမီ မီးဖြားေတာ့မည္ ျဖစ္ေပသည္။

ျပန္ေတြးၾကည့္လွ်င္ ခ်ဴဟြမ္၏ လူငယ္ဘဝတစ္ေလွ်ာက္လုံး သူ႔အတြက္ တိုက္ခိုက္ခဲ့ရကာ မ်က္ဆံနက္ၾကက္မ်ား*ကဲ့သို႔ပင္ တခ်ိန္းခ်ိန္းရန္ျဖစ္ခဲ့ရ၏။ သို႔ရာတြင္ သူ႔အေနျဖင့္ ထိုမိန္းကေလးကို ႐ုပ္ရွင္အတူၾကည့္ရန္ေခၚျခင္း၊ ေရခဲမုန႔္ဝယ္ေကြၽးျခင္း သို႔မဟုတ္ အျခားတစ္ခုခုအတြက္ မည္သည့္အခါကမွ အစခ်ီရန္ မႀကိဳးစားခဲ့ဖူးသည့္အျပင္ ရည္းစားစာဟု ထင္ျမင္ယူဆႏိုင္ေလာက္စရာရွိမည့္ စာတစ္ေစာင္ကိုမွ် ေရးမေပးခဲ့ဖူးပါေလ။ ရန္ျဖစ္စရာရွိ ျဖစ္လိုက္သည္၊ ထိုးစရာရွိ ထိုးလိုက္သည္သာ။
[မ်က္ဆံနက္ၾကက္မ်ား - အျပန္အလွန္ ရန္ေစာင္ေနတယ္လို႔ ဆိုလိုတဲ့ အသုံးအႏႈန္းျဖစ္ပါတယ္]

အၫြန႔္အဖူးကိုသာ ဂ႐ုစိုက္၍ အျမစ္ကို လ်စ္လ်ဴရႈထားျခင္း * ၊ ေမတၱာအျပန္ရွိလာႏိုင္သည္ဟု ယူဆမိသည္အထိ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈအျပည့္ရွိေနသည္မွာ ရယ္ခ်င္စရာ... ခ်စ္စရာေကာင္းလုနီးပါးပင္ ျဖစ္၏။
[အၫြန႔္အဖူးကိုသာ ဂ႐ုစိုက္၍ အျမစ္ကို လ်စ္လ်ဴရႈထားျခင္း - အဓိကအရာကို ဂ႐ုမစိုက္ဘဲ တျခားအေရးမပါတာေတြကိုပဲ အာ႐ုံထားေနတယ္လို႔ ဆိုလိုတာပါ]

"သြားၿပီ။ တာ့တာ"
သူက ေလာင္ဝမ္ကို ႏႈတ္ဆက္လိုက္ေတာ့သည္။

"ခန္တန္းက်ီး"တြင္ မုန႔္ျပားႏွင့္ ၾကက္ေၾကာ္မ်ား ေရာင္းခ်ေလ၏။ ခ်ဴဟြမ္က ႐ိုး႐ိုးသားသား မသိနားမလည္ဘဲႏွင့္ "ဒီမွာ အာလူေခ်ာင္းေၾကာ္ရွိလား... က်ဳပ္ေျပာခ်င္တာက ဟို အာလူးေၾကာ္ေလ" ဟု ေမးလိုက္သည့္အခါ ဆိုင္ရွင္အမ်ိဳးသမီးက မီးဖိုထဲဝင္သြားကာ ထမင္းႏွစ္ပန္းကန္ႏွင့္အတူ ေပါင္းထားေသာ အာလူးဇလုံႀကီးတစ္လုံးကို ထုတ္လာၿပီး ဆားၾကမ္းလက္တစ္ဆုပ္ႏႈိက္လ်က္ ျဖဴးေပးလိုက္ၿပီးေနာက္ ခပ္မာမာပင္ ဆိုေပသည္။
"ေရာ့ စား"

ခ်ဴဟြမ္ : "..."

သို႔ရာတြင္ အေပါစားပုံမွား႐ိုက္ပင္ ျဖစ္သည့္တိုင္ အစားအစာ၏ အရည္အေသြးမွာ မေမွ်ာ္လင့္ထားေလာက္ေအာင္ အေတာ္ေလးအဆင္ေျပေလ၏။ ေကာက္ႏွံသန႔္အျပည့္ မုန႔္ျပားမ်ားမွာ ျဖဴေဖြးဝိုင္းစက္၍ ႏူးညံ့အိစက္ေနကာ ၾကက္ေၾကာ္မ်ားမွာလည္း ေ႐ႊဝါေရာင္ဝင္းပလ်က္ ထူးဆန္းစြာ ေမႊးပ်ံ႕ေနေသာ အသားနံ႔မွာ အေဝးကပင္ ရႏိုင္ေပသည္။

ေရွာင္ဖန္းမွာ ကနဦးက ခ်ဴဟြမ္အေပၚ စိတ္သိပ္မရွည္ဘဲ ရန္လိုျခင္းအခ်ိဳ႕ပင္ ရွိေပ၏။ သို႔ရာတြင္ ပထမေန႔က အတူတူေသာက္ၿပီးသည့္ေနာက္တြင္ ထိုရန္လိုျခင္းမွာ တစ္ဝက္ေပ်ာက္သြားၿပီျဖစ္ေလသည္။ ၾကက္ေၾကာ္ေရာက္လာသည့္အခါတြင္ကား ခ်ဳဟြမ္တစ္ေယာက္ အဆိုပါ ခက္ထန္သည့္အေမြးထူေမ်ာက္မွာ သူ႔ကို ရန္သူမွ မိတ္ေဆြအျဖစ္ ေျပာင္းလဲရန္ ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္းကို ျမင္လိုက္ရေတာ့သည္။

သူကိုယ္တိုင္အေနျဖင့္မူ စားခ်င္စိတ္မရွိလွေလရာ ခ်ဴဟြမ္တစ္ေယာက္ သူ႔တစ္ကိုယ္လုံးအႏွံ႔ ေလွ်ာက္စမ္းလ်က္ တစ္ဝက္က်န္သည့္ ေဆးလိပ္ဘူးကို ထုတ္လိုက္၏။ ထို႔ေနာက္ ဆိုင္ရွင္ထံမွ မီးျခစ္ငွားလိုက္ကာ ျပတင္းေပါက္ေဘးတြင္ တစ္လိပ္ဖြာေလသည္။ သူျပန္ထိုင္သည့္အခါတြင္ နန္ရွန္းက ႐ုတ္တရက္ လက္ကိုဆန႔္တန္းကာ သူ႔ရင္ဘတ္ကို တြန္းထားေပ၏။

ခ်ဴဟြမ္မွာ တဒဂၤမွ် ေၾကာင္သြားမိကာ နန္ရွန္းတစ္ေယာက္ သူ႔အဆုတ္ေနရာတစ္ဝိုက္ကို လက္ညႇိဳးအဆစ္ျဖင့္ ေခါက္ၾကည့္သည္ကို ျမင္လိုက္ရေပသည္။ ထို႔ေနာက္ သူ႔ကို ေလးနက္စြာ စိုက္ၾကည့္ေနကာ သေဘာမက်သည့္ပုံျဖင့္ ေခါင္းခါျပေလ၏။

ထို႔ေနာက္ နန္ရွန္းက လက္ကို ျပန္႐ုတ္လိုက္ၿပီး ခ်ဴဟြမ္ကို ၾကက္ေပါင္တစ္ေခ်ာင္း ကမ္းေပးေလသည္။

ခ်ဴဟြမ္တစ္ေယာက္ မရည္႐ြယ္ဘဲႏွင့္ သူ႔ကို စိုက္ၾကည့္ေနမိေပသည္။ သူေတြ႕လိုက္ရသည္မွာ နန္ရွန္းသည္ စားသည့္အခါတြင္ သူ႔အေနျဖင့္ အေလးအျမတ္ကိစၥႀကီးတစ္ခုကို ေဆာင္႐ြက္ေနရသကဲ့သို႔ စိတ္တစ္ခုလုံးကိုႏွစ္၍ အာ႐ုံစိုက္ထားကာ တစ္စမွ် အေလအလြင့္မရွိရေအာင္ လုပ္ေဆာင္ေနသည္ကိုပင္။

စားေသာက္ျခင္း - ခ်ဴဟြမ္အတြက္ ထိုကိစၥမွာ အသက္ရွင္ေရးအတြက္ အေျခခံလုပ္ငန္းေဆာင္တာတစ္ခုမွ်သာ။ သူ႔အေနျဖင့္ မည္သည့္အခ်ိန္တည္းက အစားအေသာက္ပ်က္သြားသည္ မသိေပ။ သူ႔အတြက္ အရသာေကာင္းျခင္းႏွင့္ ဆိုးျခင္းၾကားတြင္ ကြာျခားခ်က္မရွိ။ ရႈံ႕တြေျခာက္ကပ္လ်က္ ကိုက္မရေလာက္ေအာင္မာေနေသာ မုန႔္ျပားအၾကမ္းႏွင့္ အံ့မခန္းအနံ႔အရသာႏွင့္ ျပည့္စုံသည့္ စားေသာက္ပြဲႀကီးတို႔မွာ သူ႔မ်က္လုံးထဲတြင္ ထူးမျခားနားရွိေလသည္။ သုံးလုတ္မွ်စားၿပီးသည္ႏွင့္ အရာရာတိုင္းမွာ ဖေယာင္းကို ဝါးစားေနရသည့္ႏွယ္။

သို႔ရာတြင္ သည္တစ္ေခါက္ နန္ရွန္းကို ျမင္လိုက္ရၿပီးသည္ေနာက္ သူ႔အေနျဖင့္ "အစာစားရသည္မွာ ေပ်ာ္စရာပင္ျဖစ္သည္" ဟူေသာ အေတြးမ်ိဳး ႐ုတ္တရက္ ေပၚလာေလသည္။ သူက ေခါင္းငုံ႔လိုက္ကာ တစ္ကိုက္မွ် ျမည္းၾကည့္လိုက္ေပ၏။ မထူးျခားလွေသာ ပုံမွန္ၾကက္သားအရသာအတိုင္းသာ ရွိေပသည္။

သို႔အတြက္ ခ်ဴဟြမ္တစ္ေယာက္ မတြန္းလွန္ႏိုင္ေတာ့ဘဲ နန္ရွန္းကို ေနာက္တစ္ခါ ထပ္ၾကည့္မိလိုက္သည္တြင္ အႏွီ အႏႈိင္မဲ့ေပ်ာ္႐ႊင္မႈမ်ိဳးကို ေနာက္တစ္ႀကိမ္ ေတာက္ပစြာ ျမင္လိုက္ရေတာ့၏။

/"အဲ့ေလာက္ေတာင္ အရသာရွိတာလား?" /

ခ်ဴဟြမ္မွာ စိတ္ထဲမွ ေတြးလိုက္မိကာ အလိုအေလ်ာက္ အရွိန္ေလ်ာ့သြားၿပီး ေနရာအႏွံ႔ ျပန႔္က်ဲေနေသာ သူ႔အာ႐ုံကို သူ႔လက္ထဲမွ ကိုက္ၿပီးသားၾကက္ေပါင္ေပၚသို႔ ျပန္လည္စုစည္းလိုက္ေလသည္။

ဤသို႔ျဖင့္ ခ်ဴဟြမ္သည္ နန္ရွန္းကို တစ္ခ်က္ၾကည့္လိုက္ တစ္ကိုက္စားလိုက္ လုပ္ေနေပေတာ့သည္။ တျဖည္းျဖည္းျဖင့္ သူ၏ အရသာမခြဲႏိုင္ဘဲ ထုံေနခဲ့ေသာ အရသာခံအာ႐ုံဖုမ်ားမွာ ျပန္လည္ႏိုးထလာကာ သူ႔အေနျဖင့္ အမွန္တကယ္ပင္ အရသာကို ခံစားႏိုင္လာေပ၏။

သုံးေယာက္သားမွာ ၾကက္ေၾကာ္အႀကီးႏွစ္ပြဲကို လ်င္ျမန္စြာပင္ အေျပာင္ရွင္းလိုက္ၾကၿပီး ခ်ဴဟြမ္တစ္ေယာက္ ထို႔ေနာက္တြင္မွ သူစားလိုက္သည္မွာ အေတာ္မ်ားသြားေၾကာင္း သတိထားမိေလေတာ့သည္။

ပိုက္ဆံရွင္း၍ ျပန္လာၿပီးသည့္ေနာက္ လွည့္ၾကည့္လိုက္သည့္အခါ နန္ရွန္း၏ တည္ၿငိမ္ေသာ မ်က္ႏွာေပၚတြင္ ေက်နပ္တင္းတိမ္ေနသည့္ အမူအရာကို ျမင္လိုက္ရသည္တြင္ သူ႔အေနျဖင့္ အေၾကာင္းရင္းမရွိ ထိုနည္းတူ ေပ်ာ္႐ႊင္မႈမ်ိဳးကို ခံစားလာရေလ၏။

/ဒါေပမယ့္ ... ေနပါဦး၊ ဂီတသံက လူတစ္ေယာက္ကို ေပ်ာ္႐ႊင္ေစတယ္ဆိုတာ ထားပါေတာ့။ ထမင္းစားတာကို ၾကည့္ရတာက ဘာျဖစ္လို႔တုန္း?

ၾကည့္လို႔ ေကာင္းလို႔လား?/

ခ်ဴဟြမ္ကား ရွက္ကိုးရွက္ကန္းျဖင့္ သူ႔လက္ေခ်ာင္းေပၚမွ လက္စြပ္ကို လွည့္ေနမိကာ "မင္းကို ကစားရတာ ေပ်ာ္စရာ"ဟူေသာ စာသားကို လက္ေခ်ာင္းအရင္းပိုင္းမွ အေရျပားအား တိုက္စားေနေစမိသည္။ ထို႔ေနာက္ တည္ၿငိမ္ေအးေဆးမႈအျပည့္ မ်က္ႏွာထားျဖင့္ပင္ သူ႔ကိုယ္သူ စိတ္ထဲမွ အျပစ္တင္ေနမိေပေတာ့သည္။

/"မေကာင္းလိုက္တာ၊ ငါအရမ္းထူးဆန္းေနတယ္"/

---------------------

T/N:


မုန႔္ျပား (饼子)


Please support NUG. အေရးေတ္ာပုံ ေအာင္ရမည္ 💪

30. 4. 2021

❤❤❤

Continue Reading

You'll Also Like

2.8M 188K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
1.5M 193K 158
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
209K 23.9K 72
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
368K 26.1K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.