တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်...

By SuzanneM4Y

23.9K 2.9K 200

Original novel - Of Mountains and Rivers (Shan He Biao Li - 山河表里) by Priest Year - 2015 No. of chapters - 77... More

Introduction
Story Brief
Chapter - 1: Prologue
Chapter -2: Prologue
Chapter - 3: Prologue
Chapter - 4: Prologue
Chapter - 5: Prologue
Chapter - 6: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 7: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 9: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 10: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 11: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 12: ဤကမ္ဘာ (ဤကမာၻ)
Chapter -13: ဤကမ္ဘာ (ဤကမာၻ)
Chapter - 14: ဤကမ္ဘာ (ဤကမာၻ)
Chapter - 15: ဤကမ္ဘာ (ဤကမာၻ)
Chapter - 16: ဤကမ္ဘာ (ဤကမ႓ာ)
Chapter-17: ဤကမ္ဘာ ( ဤကမာၻ )
Chapter-18: ဤကမ္ဘာ ( ဤကမာၻ )
Chapter-19: ဤကမ္ဘာ ( ဤကမာၻ )
Chapter-20: ဤကမ္ဘာ ( ဤကမာၻ )
Chapter-21: ဤကမ္ဘာ ( ဤကမာၻ )
Chapter-22: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 23: ဤကမ္ဘာ ( ဤကမာၻ )
Chapter-24: ဤကမ္ဘာ ( ဤကမာၻ )
Chapter-25: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-26: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-27: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter - 28: အခြားကမ္ဘာ (အျခားကမာၻ)
Chapter - 29: အခြားကမ္ဘာ (အျခားကမာၻ)
To my translation readers
Chapter - 30: အခြားကမ္ဘာ (အျခားကမာၻ)

Chapter - 8: ဤကမ္ဘာ ( ဤကမာၻ )

349 86 4
By SuzanneM4Y

(Uni)

ငါတော့ သောက်တာများသွားပြီ ထင်တယ်

သူတို့သည် နာရီဝက်ကျော် အချိန်ဖြုန်းလျက် "မင်းအမူအရာလုပ်ပြ၊ ပြီးတော့ ငါက မှန်းကြည့်မယ်"ဟူသည်ကို မရေမတွက်နိုင်လောက်အောင် အလှည့်ပေါင်းများစွာလုပ်နေကာ နောက်ဆုံးတွင်မူ ကြက်များက ဘဲများကို စကားပြောနေ*သည့် အခြေအနေသို့ ရောက်သွားလေတော့သည်။
[ကြက်များက ဘဲများကို စကားပြောနေ - တစ်ဖက်လူကလည်း ပြောချင်ရာတွေပြော၊ ကိုယ်ကလည်း နားလည်ချင်သလိုတွေ နားလည်နေကြတာမျိုးကို ပြောချင်တာပါ]

အာခေါင်များခြောက်လာပြီး လျှာများသွေ့လာသည်အထိ ပြောပြီးကြသည့်အချိန်ကျမှ ခဏတစ်ဖြုတ် အနားယူကြလေတော့သည်။ သူတို့တွေးနိုင်သမျှ၏ အဆုံးစွန်ထိရောက်နေပြီဖြစ်သော လူနှစ်ယောက်မှာ မျက်နှာချင်းဆိုင်ထိုင်လျက် တစ်ယောက်နှင့်တစ်ယောက် ကူကယ်ရာမဲ့စွာ စိုက်ကြည့်နေကြပေသည်။ နန်ရှန်းက သူ့အတွက် အရက်တစ်ခွက်ငှဲ့ပေးလိုက်လေ၏။ ဤသည်မှာ သူတို့၏ ခံစားချက်များကို ဆက်သွယ်ဖော်ပြနိုင်မည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်လာလေတော့သည်။

သူတို့၏ လည်ချောင်းများကို ဤနည်းဖြင့် ရေဓာတ်ဖြည့်လိုက်ပြီးနောက် သောက်ပြီးသွားသည်နှင့် အမူအရာလုပ်ပြခြင်းကို နောက်တစ်ချီ ပြန်လည်စတင်လာကြပေ၏။

ချူဟွမ်မှာ တဖြည်းဖြည်းနှင့် အရက်၏ အနံ့ကို အသားကျသွား‌လျက် ထိုထဲမှ သွေးညှီနံ့နှင့် ရောစွက်နေသော ယမကာနံ့သင်းသင်းကို ခွဲခြားနိုင်သွားလေတော့သည်။ နောက်ဆုံးတွင်မူ ဤသို့သောနည်းလမ်းဖြင့် မည်မျှသောက်လိုက်မိသည်ကိုပင် မမှတ်မိနိုင်တော့ဘဲ တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက်သောက်လိုက်မိပေ၏။ သောက်လိုက်သမျှမှာ သူ့ခေါင်းထဲသို့ ဆောင့်တက်လာလေရာ ရီဝေဝေဖြင့် ခုတင်ခေါင်းရင်းကိုမှီနေရသည့် အခြေအနေသို့ ဆိုက်ရောက်သွားလျက် ရှောင်ဖန်းတစ်ယောက် အပေါ်အောက်ခုန်ဆွခုန်ဆွဖြင့် ရယ်စရာကောင်းသည့် သရုပ်ဖော်မှုမျိုးကို စိတ်အားထက်သန်စွာ လုပ်ပြ‌နေသည်ကို ကြည့်နေရလေသည်။

ထိုလူမှာ သူ၏ဝမ်းခေါင်းထဲသို့ အားအင်များစုစည်းကာ ခြေနှစ်ချောင်းကို မာပုထိုင်နေသကဲ့သို့ ချဲထားလျက် တစ်ချက်အော်ဟစ်လိုက်ပြီးနောက် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်ကာ တစ်ယောက်ယောက်၏လမ်းကို တားဆီးနေသည့်ပုံစံလုပ်ပြသည်ကို တွေ့လိုက်ရချေ၏။

ချူဟွမ်တစ်ယောက် ခက်ခက်ခဲခဲ စဉ်းစားရပေတော့သည်။
"ရပ်စမ်း? မလှုပ်နဲ့? မင်း ဖြတ်သန်းသွားခွင့် မရှိဘူး?"

နန်ရှန်းက အသံထွက်၍ ရယ်လိုက်ကာ ရှောင်ဖန်းကား ခေါင်းကို စိတ်ပျက်လက်ပျက် ခါလေသည်။ ထို့နောက် သူက လက်နှစ်ဖက်ကို စုကိုင်လျက် လက်ကောက်ဝတ်ကို ဖျော့ချလိုက်ကာ စည်းချက်ကျကျ လှုပ်ယမ်းပြပေ၏။

ချူဟွမ်ကား သူမြင်ရသည့်အရာကို နားလည်သွားပြီဟု တွေးမိကာ ရုတ်တရက် သဘောပေါက်သွားပေသည်။
"မြင်းစီးတာ!"

နန်ရှန်းက သူပြောလိုက်သည့်အဖြေကို ရှောင်ဖန်းထံ ဘာသာပြန်ပြလိုက်သည်တွင် ထိုမိတ်ဆွေကို အလွန်ဒေါသထွက်သွားစေလေတော့သည်။ ထိုလူက အာခေါင်ခြစ်၍ အကြိမ်တော်များများ အော်ဟစ်လိုက်ကာ သူ၏ သံတင်းပုတ်ကြီးတမျှ ကြီးမားလှသော လက်သီးကြီးကို ဝှေ့ယမ်းလျက် ချူဟွမ်၏ ဦးနှောက်ကို ထုခွဲထုတ်၍ သေသေချာချာ ဆေးကြောလျှော်ဖွပ်ပစ်ချင်နေသည့်နှယ် ရှိနေပေသည်။

ချူဟွမ်က နှာခေါင်းကိုပွတ်၍ ရှုံ့ရှုံ့တွတွဖြင့် ပြုံးပေ၏။
"... ခင်ဗျား အဲဒါက 'ဂန်းနမ်စတိုင်'ကို ဆိုလိုချင်တာတော့ မဟုတ်နိုင်လောက်ဘူးမလား?"

နန်ရှန်းမှာ ရှောင်ဖန်းတစ်ယောက် ဒေါသထွက်လွန်း၍ သေသွားတော့မည်စိုးသဖြင့် စောင့်ကြည့်ထားရလေသည်။ ချူဟွမ်ကား အနှီကိုလူချောမှာ စကားပြောသည့်နေရာတွင် အတော်လေးထိ‌ရောက်ကြောင်း တွေ့ရှိသွားရလေ၏။ သူပါးစပ်ဟလိုက်သည်နှင့် သောင်းကျန်းနေသော ရှောင်ဖန်းတစ်ယောက် နာခံမှုအပြည့်ဖြင့် ချက်ချင်းပင် ပါးစပ်ပိတ်သွားချေတော့သည်။

ရှောင်ဖန်းမှာ လှောင်ပိတ်ခံထားရသော သားရိုင်းကောင်ကြီးနှယ် တစ်နေရာတည်းတွင်ပင် ဒေါသတကြီးဖြင့် အကြိမ်ရေအတော်များများ ချာလည်ပတ်လှည့်နေသော်လည်း လက်လျှော့လိုက်ရန်ကိုမူ လက်မခံသေးပေ။ ခဏမျှအကြာတွင် သူက ငြိမ်ငြိမ်ရပ်လျက် သူ၏ ကြီးမားလှသော ဝက်ဝံလက်ဝါးကြီးကို ရှေ့ထုတ်လိုက်ကာ ယပ်တောင်ခတ်နေသကဲ့သို့ သူ့လက်ဖဝါးကို လေထဲတွင် ဝှေ့ယမ်းလျက် အကြိမ်ပေါင်းများစွာ တဖျတ်ဖျတ် ခါပြပေ၏။

ချူဟွမ် : "အယ်..."

ကျန်နှစ်ယောက်မှာ သူ့ကို မျှော်လင့်တကြီး ကြည့်နေကြလေသည်။ချူဟွမ်တစ်ယောက် သူ့သွားများ အနည်းငယ်နာကျင်လာသည်ဟုပင် ခံစားလာရပေသည်။

 "ဟို... တစ်ယောက်ယောက်ကို မျက်ခွက်ဖြတ်ပြီး အခါနှစ်ဆယ်လောက် ဘယ်ပြန်ညာပြန်ဆင့်ချတာ?"

အနှီ ကြီးမားလှပသောမျက်လုံးများနှင့် ရှည်လျားသည့်ကျစ်ဆံမြီးများပိုင်ရှင် အစ်ကိုမှာ သရုပ်ဆောင်ခြင်းနှင့်ပတ်သက်သည့်ဗီဇ တစ်စက်လေးမျှပင် ပါလာပုံမပေါ်ပါချေ။ သို့ရာတွင် ကောင်းကင်ဘုံက သူ့အတွက် နောက်ထပ်ပြတင်းတစ်ချပ် ဖွင့်ထားပေးပေ၏။ သူ၏ အမူအရာများအရ သူသည် အိမ်များကို ဓားပြတိုက်သည့်နေရာတွင်မူ ထူးချွန်ပြောင်မြောက်နိုင်လေသည်။

ချူဟွမ်က ရယ်လိုက်မိ၏။ 
"ဒီမိတ်ဆွေရဲ့ နာမည်က ဘယ်လိုခေါ်လဲ?"

ရှောင်ဖန်းမှာ နားမလည်လေရာ နန်ရှန်းက သူ့ကိုယ်စား နာမည်တစ်ခုကို ဖြေပေးလိုက်ပေသည်။ ချူဟွမ်နားထောင်ရသလောက် ထိုနာမည်မှာ ဘာမှန်းမသိရသည့် စကားလုံးများပါဝင်သည့် ရှည်လျားလှသော စာလုံးတစ်သီတစ်တန်းကြီးဖြစ်ကာ နားထဲတွင်မူ သာယာနာပျော်ဖွယ် ရှိလှလေ၏။

ထိုအခါတွင်မှ သူသဘောပေါက်သွားရသည်မှာ "နန်ရှန်း"ဟူသော နာမည်ကို မန်ဒရင်းတရုတ်စကားတတ်သော တစ်စုံတစ်ယောက်က ပေးထားခြင်းဖြစ်ကာ သူ၏ မူရင်းမျိုးနွယ်စုနာမည်မှာ ထို့ထက်ပို၍ ဆန်းပြားရှုပ်ထွေးသေးသည် ဟူ၍ပင်။

ချူဟွမ်၏ အတွေးများ ပျံ့လွင့်နေသည်ကို မြင်လိုက်ရသဖြင့် နန်ရှန်းမှာ တက်ကြွစွာပင် နာမည်၏ အဓိပ္ပာယ်ကို ရှင်းပြပေတော့သည်။ သူက တောက်ပသည့် အပြုံးဖြင့် အဘိဓာန်ကို ဖွင့်လိုက်ကာ တစ်ဖက်မှ ကျစ်ဆံမြီးအရှည်ကြီးနှင့်လူကို ညွှန်ပြလျက် သူ၏ ချီးကျူးမှုကို ဖော်ပြသည့်အနေဖြင့် လက်မထောင်ပြလိုက်ပြီးနောက် ဂုဏ်ယူဝံ့ကြွားသည့်အမူအရာဖြင့် ချူဟွမ်၏ ရှေ့မှောက်ဝယ် "ခက်ထန်တဲ့ အမွေးထူ မျောက်"ဟူသော စာလုံးကြီးများကို ချပြလိုက်လေ၏။

ချူဟွမ် : "..."

/ဒါက ဘာကြီးလဲဟ... အဲဒီ "ခက်ထန်တဲ့ အမွေးထူ မျောက်" ဆိုတာက သူတို့ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုရဲ့ ထုံးစံလား၊ ဒါမှမဟုတ် ဒီက ကိုလူချောက စာလုံးတွေ မှားကြည့်ပြန်တာပဲလား? /

ချူဟွမ်တစ်ယောက် နန်ရှန်း၏ အရက်အိုးကို ကုန်အောင်သောက်ပြီးသည့် အခါမှသာ တစ်ဖက်လူများနှင့် ဆက်သွယ်ပြောဆိုရန် လမ်းစကို ရှာတွေ့သွားလေသည်။

"မင်းပြောနေတာက မနေ့တုန်းက မင်းကားဂိတ်မှာ လာကြိုတဲ့သူက မင်းတို့မျိုးနွယ်စုမှာ စာလာသင်ပေးမယ့် အကူဆရာကိုလား?"
ချူဟွမ်က မေးလိုက်၏။

"ဆရာ"ဟူသည့်စကားလုံး ထွက်လာသည်နှင့် နန်ရှန်း၏ မျက်လုံးများ ချက်ချင်းတောက်ပသွားသည်မှာ မျက်ဝန်းများအတွင်းသို့ ရွှေကျီး*လေးနှစ်ကောင် ဝင်သွားသည့်နှယ် ရှိပေသည်။ ချူဟွမ်ကား အနှီတိုင်းရင်းသားအစ်ကို၏ ကိုယ်တိုင်စိမ်ထားသော အရက်ကြောင့် သူ့အနေဖြင့် ခပ်ထွေထွေဖြစ်နေပြီဟု တွေးလိုက်မိကာ ထိုမျက်လုံးတစ်စုံမှ အလင်းရောင်များက သူ့ကို မူးလာစေသည်အထိ ခွင့်ပြုထားမိလေတော့သည်။
[ရွှေကျီး (金乌) - နေကိုရည်ညွှန်းတဲ့ ဒဏ္ဍာရီလာ ခြေသုံးချောင်းပါတဲ့ ရွှေကျီးငှက်ပါ။ နေကို တင်စားထားတဲ့ အသုံး ဖြစ်ပါတယ်]

နန်ရှန်းက သွက်လက်စွာပင် "အိုသော* "နှင့် "ချောမောသော* "ဟူသော စာလုံးနှစ်လုံးကို အဘိဓာန်ထဲမှ ရှာပြလိုက်၏။ စုတ်ချက်အတွဲများထဲမှ လိုက်ရှာခြင်းပင်မဟုတ်ပေ။ ထိုစာလုံးနှစ်လုံးကို သူ့နာမည်ထက်ပင် ပို၍ ရင်းနှီးနေပုံရလေသည်။
[1. အိုသော (老) - "လောင်"။ ဆရာ (老师) ဆိုတဲ့ထဲက ပထမစာလုံးဖြစ်တဲ့ 老  ရဲ့ တိုက်ရိုက်ဘာသာပြန်ချက်ပေါ့နော် (⁠・⁠∀⁠・⁠)

2. ချောမောသော (帅)  - "ရွှိုက်"လို့ အသံထွက်တဲ့ စာလုံးပါ။ နန်ရှန်းက "ဆရာ"ဆိုတဲ့ တရုတ်စာလုံးရဲ့ ဒုတိယတစ်လုံးဖြစ်တဲ့ "ရှီး"ကို စုတ်ချက်ဆင်တူတဲ့ ဒီစာလုံးနဲ့ မှားသွားတာပါ]

... စင်စစ်အားဖြင့် သိနေတိုင်းလည်း မမှန်ပါချေ။

"အဲဒါက 'ဆရာ* ' ကွ။ 'လူချောကြီး* ' မဟုတ်ဘူး"
ချူဟွမ်က ပြင်ပေးလိုက်၏။ သူက တစ်ဖက်လူထံမှ စာအုပ်ကိုယူ၍ ပြချင်သောကြောင့် လက်လှမ်းလိုက်ပေသည်။ သို့ရာတွင် တစ်ဖက်လူ၏ အဘိဓာန်ပေါ်တွင်ထားသော လေးနက်သည့် သဘောထားကို ရုတ်တရက် သတိရသွားမိလေသည်။
[1. ဆရာ (老师) - "လောင်ရှီး"။ နန်ရှန်းက အမှန်တော့ ဒါကို ပြောချင်တာပါ

2. လူချောကြီး (老帅) - "လောင်ရွှိုက်"။ "ရှီး"နဲ့ "ရွှိုက်"က စုတ်ချက်ဆင်တော့ နန်ရှန်းက ဒီလိုမှားသွားရော (⁠≧⁠▽⁠≦⁠) ]

ချူဟွမ်က စိတ်ထဲမှ ပြောလိုက်မိ၏။
/"ဒီဟာကြီးမှာ နတ်တစ်ပါးပါးက ဝင်ပူးကပ်ငြိနေတယ်လို့ လာပြောမှာတော့ မဟုတ်ဘူးမလား?"/

သူ့အနေဖြင့် ရိုင်းသွားမိသည်ဟု ခံစားလိုက်ရသဖြင့် ခဏရပ်သွားပြီး ထုတ်ထားမိသောလက်ကို စင်တီမီတာအနည်းငယ် ပြန်ရုတ်လိုက်လေသည်။

သူ၏ လက်ကို ထုတ်လိုက်ခြင်းနှင့် ပြန်ရုပ်လိုက်ခြင်းတို့၏ လှုပ်ရှားမှုမှာ တစ်စက္ကန့်၏ အစိတ်အပိုင်းလေးမျှသာ ကြာမြင့်သော်လည်း နန်ရှန်းက သဘောပေါက်သွားပေ၏။ သူက တစ်စစီဖြစ်နေသော အဘိဓာန်ကို ချက်ချင်းမြှောက်ကိုင်လိုက်ကာ ချူဟွမ်ထံကို လက်ဆောင်ပဏ္ဍာဆက်သနေသကဲ့သို့ ရိုသေလေးစားစွာ လက်နှစ်ဖက်လုံးဖြင့် ကမ်းပေးလိုက်ရာ သူ၏ ပြည့်လျှံနေသော စိတ်အားထက်သန်မှုကြောင့် ချူဟွမ်၏ နှာခေါင်းကိုပင် အနည်းငယ်ထိမိသွားချေသည်။ သူ့လှုပ်ရှားမှုအစအဆုံးမှာ မြင့်မြတ်လှသော ဟာတာ*တစ်ထည်ကို လှူဒါန်းပူဇော်နေသည့်နှယ် ရှိပေသည်။
[ဟာတာ (哈达) - တိဘက်မှာဆိုရင် အထွတ်အမြတ်နေရာတွေကို ပူဇော်တဲ့ တဘက်အရှည်လိုမျိုး ခြုံထည်ပိတ်စတွေ ဖြစ်ပါတယ်]

ချူဟွမ်မှာ "သင်ကြား* " ဟူသော စကားလုံးဆီ‌ရောက်အောင် လှန်လိုက်ကာ လက်ထောက်လျက် သူ့ထံ ပြလိုက်၏။
"ဒါကမှ 'လောင်ရှီး'က 'ရှီး'..."
[သင်ကြား (师) - "ရှီး"လို့ အသံထွက်ပါတယ်။ လောင်ရှီးက ဒုတိယစာလုံးရဲ့ အမှန်ပါ]

နန်ရှန်း : "လောင် ... ရှီး"

"မလုပ်ပါနဲ့" 

 ချူဟွမ်က ချောင်းဟန့်လိုက်လေသည်။

"မခံယူဝံ့ပါဘူး"

နန်ရှန်းကား "မခံယူဝံ့ပါဘူး"ဟူသော စကား၏ ဆိုလိုရင်းကို နားမလည်ခဲ့ပါချေ။ သူက ချူဟွမ်၏ လက်ကို ကြည်ညိုစွာဖြင့် ဖမ်းဆုပ်လိုက်ကာ သူ၏လှုပ်ရှားမှုမှာ လျှပ်စီးတမျှလျင်မြန်လှလေရာ ချူဟွမ်မှာ တစ်ကိုယ်လုံးပင် တောင့်တင်းသွားရပြီး ရှောင်ပင်မရှောင်နိုင်တော့ပါလေ။

နန်ရှန်းက သူ့လက်ကိုကိုင်၍ ရှေးဦးစွာ သူ့ရင်ဘတ်ပေါ်သို့ ခပ်ဖွဖွထုလိုက်ပြီးနောက် မျက်လုံးများကိုမှိတ်လျက် ခေါင်းကိုငုံ့လိုက်ကာ သူ၏နဖူးဖြင့် ချူဟွမ်၏ လက်ချောင်းများကို ညင်သာစွာ ထိလိုက်ပေသည်။

ချူဟွမ်မှာ ကွေ့ဟွားပန်း၏ ရနံ့သင်းသင်းကို နောက်တစ်ကြိမ်ထပ်ရလိုက်ပြီးနောက် ချက်ချင်းပင် သူ့အနေဖြင့် စိတ်ရှုပ်ထွေးသွားမိသည်အထိ မူးနေပြီဟု ခံစားလိုက်ရ၏။

ချူဟွမ် : "ဟေ့... နေပါဦး... ခဏ... မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ မင်း... အရမ်းကြီး စိတ်လှုပ်ရှားမနေပါနဲ့ဦး"

မည်သူက ပို၍ စိတ်လှုပ်ရှားနေသည်ကိုမူ မသိနိုင်တော့ပါချေ။

ချူဟွမ်တစ်ယောက် သူ့လျှာသူကိုက်မိတော့မလိုပင် ဖြစ်သွားကာ သူ့နှလုံးခုန်နှုန်းမှာ အလိုအလျောက်ပင် အတိုင်းအတာတစ်ခုအထိ ပိုမြန်သွားလျက် အချိန်အတော်ကြာအောင် ကြိုးစားလိုက်ပြီးနောက် နန်ရှန်းထံမှ ရှောရှောရှူရှူ ရုန်းထွက်လိုက်လေသည်။

"ငါက..." 
သူက သူ့ကိုယ်သူ ပြန်ညွှန်ပြလျက် ရိုးရှင်းသည့် လက်ဟန်ခြေဟန်များဖြင့် စကားကို ရှင်းနိုင်သမျှ ရှင်းအောင် ပြောလိုက်ပေသည်။
"မင်းရှာနေတဲ့သူ မဟုတ်ဘူး"

နန်ရှန်းတစ်ယောက် အံ့ဩမှုကြောင့် တောင့်သွားလေ၏။

သူ့ဘေးတွင် ရပ်နေသော ရှောင်ဖန်းမှာမူ ဘာတွေဖြစ်နေမှန်း မသိပါချေ။ ဤလူကြီးမှာ ကြမ်းတမ်းခက်ထန်မနေသည့် အချိန်များတွင် အတော်လေးရိုးသား၍ ပွင့်လင်းပုံ ပေါ်လေသည်။ သူက သူ၏ မြက်ရိုင်းများကဲ့သို့သော ရှုပ်ရှုပ်ပွပွဆံပင်ကို ကုတ်နေကာ ချူဟွမ်ကိုကြည့်နေသည်မှာ အနည်းငယ် စိတ်ပူနေသည့်အသွင် ရှိနေပေ၏။

နန်ရှန်းက သူ့ကို တစ်ခုခု ပြောလိုက်လေသည်။ ရှောင်ဖန်းမှာ နားထောင်ပြီးနောက် မျက်လုံးများပြူးကျယ်သွားလျက် ချူဟွမ်အနားကို ကပ်လာကာ လေထဲတွင် ထောင့်မှန်စတုဂံတစ်ခု ဆွဲပြပြီးနောက် သူ့လက်သီးကို လိမ့်နေသည့်ပုံဖြင့် လှိမ့်ပြလာ၏။ ထို့နောက် လက်ချောင်းနှစ်ချောင်းကို ရှေ့တိုးနောက်ဆုတ်ဖြင့် လူတစ်ယောက်လမ်းလျှောက်လာသည့်ပုံ လုပ်ပြကာ နောက်ဆုံးတွင်မူ ချူဟွမ်ကို ညွှန်ပြလျက် လက်ညှိုးတစ်ချောင်းထောင်ပြပေသည်။

သည်တစ်ကြိမ်တွင်မူ ချူဟွမ်တစ်ယောက် သူပြောလိုသည့်အရာကို ကောင်းစွာ သဘောပေါက်သွားတော့သည်။

ရှောင်ဖန်းပြောသည်မှာ : "မနေ့က ကားပေါ်ကဆင်းလာတာ မင်းတစ်ယောက်တည်းပဲ ရှိတယ်လေ" ဟူ၍ပင်။

ချူဟွမ်က သူ့မျက်ခုံးနှစ်ဖက်ကြားကို ခပ်နာနာဖိလျက် သတိကြီးစွာဖြင့် ပြန်စဉ်းစားလေသည်။ အရင်နေ့က သူကားပေါ်တက်စဉ်တွင် ကားပေါ်၍ လူများစွာရှိနေ၏။ သူက အလိုအလျောက်ပင် လူတိုင်းကို လိုက်ကြည့်ထားမိလေရာ ယခုအချိန်တွင် ပြန်တွေးလိုက်လျှင် တစ်ယောက်ချင်း၏ သွင်ပြင်များမှာ သူ့ခေါင်းထဲတွင် ရှိနေသေးပေသည်။

ခရီးသည်များထဲတွင် မွေးရပ်မြေသို့ ပြန်လာကြသော မြို့ကြီးများသို့ရွှေ့ပြောင်း၍ အလုပ်လုပ်ကိုင်နေကြသူများ၊ အနီးအနားမြို့များမှ အမျိုးအဆွေများထံ အလည်အပတ်လာကြသူများ၊ သားသမီးများကို ခရိုင်မြို့များဆီသွား၍ ပညာသင်စေရန် အထုပ်အပိုးများ သယ်ပို့နေကြသူများ... အဲ... ထိုထဲတွင် နောက်တစ်ယောက် ရှိသေးလေ၏။

ချူဟွမ်တစ်ယောက် နောက်ဆုံးတွင်မူ မှတ်မိသွားတော့သည်။ မျက်မှန်လေးနှင့် အသားအရေနုနုနယ်နယ် လူငယ်လေးတစ်ယောက်။ သူသည် ကာယလုပ်သားမဟုတ်ကြောင်း ကြည့်လိုက်ရုံဖြင့် သိနိုင်ပေသည်။ လူငယ်လေး၏ ခရီးဆောင်အိတ်မှာ ကြီးမားလေးလံလှကာ ဝေးလံလှသည့်နေရာတစ်ခုကို သွား၍ အချိန်အတော်ကြာအောင် နေရန် ရည်ရွယ်ထားပုံပေါ်လေသည်။

လူငယ်လေးမှာ အတော်စောစောတည်းက ကားပေါ်ရောက်နေခြင်းဖြစ်သော်လည်း တမင်တကာပင် ထိုင်ခုံ၏ အဆင်မပြေသောဘက်ခြမ်းတွင် ထိုင်နေလေ၏။ သူ၏ လက်ကို အိတ်ပေါ်မှ လွတ်ထွက်မသွားလိုသောကြောင့် ဖြစ်နိုင်ပေသည်။ သူ့သွင်ပြင်မှာ ခရီးဝေးများသွားခဲသောလူတစ်ယောက်၏ သီးသန့်စိတ်ပူမှုမျိုး သယ်ဆောင်ထားလေသည်။ မှတ်တိုင်တစ်ခုရောက်တိုင်း သူ့လည်ကိုဆန့်လျက် မှတ်တိုင်ရှိ ဆိုင်းဘုတ်ကို လှမ်းကြည့်နေချေသည်။ အမျိုးအဆွေ၊ မိတ်ဆွေများထံ သွားလည်ခြင်းနှင့် မတူဘဲ ပထမဆုံးအကြိမ်အဖြစ် ဤဒေသကို ရောက်လာခြင်း ဖြစ်ပေမည်။

အာ... သူ့လက်ထဲတွင် တတိယတန်း တရုတ်စာပုံနှိပ်တစ်အုပ် ကိုင်လာသည်ကိုလည်း ချူဟွမ်မှတ်မိသွားလေပြီ။

သူပင် ဖြစ်ရမည်။

ဂိတ်ဆုံးတွင်မူ ချူဟွမ်တစ်ယောက် ထိုလူငယ်ကို မတွေ့တော့ပါချေ။ လူငယ်မှာ 'ဝေးလံခေါင်ဖျားသည့်ဒေသ' ဟူသည့် အဓိပ္ပာယ်ကို ကောင်းကောင်းကြီးသဘောပေါက်သွားခြင်း ဖြစ်လိမ့်မည်။ အိပ်မက်နှင့် လက်တွေကြားမှ ကြီးမားလှသော ကွာဟချက်ကို ခံစားမိသွားကာ တပ်ဆုတ်သည့် စည်ကို တီးလျက်* လမ်းတစ်ဝက်တွင်ပင် ကားပေါ်မှ ဆင်းပြေးသွားခြင်းပင် ဖြစ်ရမည်။
[တပ်ဆုတ်သည့် စည်ကို တီးလျက် - ရှေးတုန်းက စစ်တိုက်ရင် တပ်တက်၊ တပ်ဆုတ်ကို စည်သံတွေနဲ့ အချက်ပေးကြလေ့ရှိတာကနေ ဆင်းသက်လာတဲ့ အသုံးအနှုန်းပါ။ နောက်ဆုတ်ပြေးတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်]

"မင်းပြောနေတဲ့သူက ငါထင်တာတော့..." 
ချူဟွမ်က ပြောနေရင်း ရပ်သွားကာ နန်ရှန်း၏ မျှော်လင့်နေသောအမူအရာကို ကြည့်၍ ရုတ်တရက် သူ့အနေဖြင့် နှလုံးသားမရှိသည့်သူတစ်ယောက်ကဲ့သို့ မလုပ်နိုင်တော့ပါချေ။

ဤသည်မှာ ချူဟွမ်အတွက် မရင်းနှီးလှသော ခံစားချက်တစ်ခု ဖြစ်လေ၏။ သူ၏ အလယ်တန်းကျောင်းဒတိယနှစ်မှစ၍ နေရာပေါင်းစုံတွင် ပြဿနာရှာခြင်းပင်ဖြစ်စေ၊ သို့မဟုတ် နောက်ပိုင်း သူ့ကိုယ်သူ ညစ်ညမ်းနေသည့်လေနှင့် သွေးမိုး*တို့ကြား နစ်မြုပ်စေခဲ့သည့် ခရီးတွင်ဖြစ်စေ ချူဟွမ်တစ်ယောက် သူ့အနေဖြင့် 'နှလုံးသားမရှိသည့်သူတစ်ယောက်ကဲ့သို့ မလုပ်နိုင်' ဟူ၍ မည်သူ့အပေါ်တွင်မျှ မခံစားခဲ့ရဖူးပါလေ။ သို့ရာတွင် ယခုအချိန်တွင်မူ အံ့ဩစရာကောင်းလောက်အောင်ပင် သူ့နလုံးသားထဲမှ စကားများကို ခေါင်းမာမာဖြင့် ရည်ရွယ်နေမိကာ အထပ်ထပ်အပြန်ပြန် ထိန်းသိမ်းနေမိလေ၏။ သူ့ဦးနှောက်တစ်ခုလုံးကို ဗြောင်းဆန်အောင် မွှေနှောက်လျက် နည်းလမ်းရှာပါသော်လည်း တစ်ဖက်လူနားလည်လောက်မည့် ထိရောက်‌သော ဖြေရှင်းချက်မျိုးကို ရှာမတွေ့နိုင်ပါလေ။
[ညစ်ညမ်းနေသည့်လေနှင့် သွေးမိုး - အလောင်းတွေ ပုံနေတဲ့ သတ်ပွဲဖြတ်ပွဲ တိုက်ခိုက်ပွဲတွေလို့ ဆိုလိုတဲ့ အသုံးအနှုန်းပါ]

တဒင်္ဂမျှအတွက် သူ့အနေဖြင့် တဟင်ဟင် တဟမ်ဟမ်ဖြင့် တုန့်ဆိုင်းနေချေသည်။

ခေတ္တမျှ ကြာပြီးသည့်နောက်တွင် ချူဟွမ်က လေသံကို ဖျော့လိုက်ကာ ညင်ညင်သာသာဖြင့် ပြောလာပေ၏။
"မင်းတို့ စောင့်နေကြတဲ့ ဆရာကို ငါတွေ့လိုက်မိတယ် ထင်တယ်။ အင်း... သူက အရပ်သိပ်မမြင့်ဘူး၊ ပြီး‌တော့ လက်ထဲမှာ မူလတန်းကျောင်းသားတွေအတွက် သင်ကြားရေးပစ္စည်းတွေ ကိုင်ထားတယ်။ မူလတန်းကျောင်းသားတွေဆိုတာက ကလေးတွေကို ပြောတာ။ နေရာတကာ ပြေးလွှားခုန်ပေါက်နေကြတဲ့ ဟာလေးတွေလေ။ သင်ကြားရေးပစ္စည်းတွေဆိုတာ စာအုပ်ကိုပြောတာ။ စာအုပ်... သိလား? မင်းကိုင်ထားတဲ့ဟာမျိုးလေ... အဲ့ဒါက ကလေးတွေအတွက် စာအုပ်"

နန်ရှန်းမှာ သူဆိုလိုသည်ကို နားလည်နိုင်ရန် ကြိုးစားပမ်းစား နားထောင်လျက် မျက်ခုံးများကို တွန့်ချိုးနေလေသည်။

ချူဟွမ် : "ဒါပေမယ့် ငါကားပေါ်က ဆင်းတော့ သူ့ကို ထပ်မတွေ့တော့ဘူး။ ငါထင်တာတော့ လမ်းတစ်ဝက်မှာ သူ့အနေနဲ့ ကိစ္စတချို့ကြုံခဲ့လို့ ရုတ်တရက် ဦးတည်ရာပြောင်းလိုက်ရတယ်ထင်တယ်..."

နန်ရှန်း၏ အမူအရာမှာ ညှိုးငယ်မှိန်ဖျော့သွားပေ၏။

ရှောင်ဖန်းသည်ကား ဘာဖြစ်နေသည်ကို နားမလည်နိုင်ဘဲရှိလျက် ဟိုကြည့်သည်ကြည့်ဖြင့် စိတ်ပူမှုကြောင့် မျက်နှာတစ်ခုလုံး နီရဲလာလေတော့သည်။

ချူဟွမ်က သူ့လေသံကို ချက်ချင်းပြောင်းလိုက်၏။
"ဒါပေမယ့် နောက်ကျ သူလာရင်လာမှာပါ။ နောက်ထပ် ရက်နည်းနည်းလောက် ထပ်ကြာရင်လေ..."

သူ၏ နှစ်သိမ့်မှုမှာ အချည်းနှီးပင်။ နန်ရှန်းတစ်ယောက် မည်မျှနားလည်နိုင်သည်ကို မသိပါပေ။ရုတ်တရက် နန်ရှန်းက သက်ပြင်းချလိုက်ကာ ခေါင်းကို အနည်းငယ်မော့၍ သူ့မျက်လုံးများကို မှေးစင်းထားပေသည်။ ချောမောလှသည့် မျက်နှာထက်တွင် အရေးကြောင်းများ ထင်းလာကာ ခိုင်မြဲစွာ စိုက်ထူထားသော အထီးကျန်နေသည့် ကျောက်သားရုပ်ထုကြီးနှယ် ရှိနေလေသည်။

သူက တစ်ခဏမျှကြာအောင် စကားတစ်လုံးမျှမဟဘဲရှိသော်လည်း ချူဟွမ်အနေဖြင့် သူ၏ ဝမ်းနည်းစိတ်ပျက်မှုကို ခံစားနိုင်ပါ၏။

ဘာသာစကားများ မလိုအပ်ပါချေ။

"ငါ ... ငါက မကောင်းဘူး"
နန်ရှန်းက တိုးညင်းစွာ ပြောလာပေသည်။
"လာမှာမဟုတ်ဘူး"

သူ၏ သင်ယူမှုစွမ်းရည်မှာ ချူဟွမ်ကို အံ့အားသင့်သွားစေပေ၏။ စောစောက နန်ရှန်းတစ်ယောက် အဘိဓာန်ကိုသုံး၍ စာလုံးများကို ရှာနေစဉ်တွင် အမှားများ အလွန်များနေသောကြောင့် ချူဟွမ်အနေဖြင့် ဆက်သွယ်ပြောဆိုရာ၌ ပို၍ ချောမွေ့အဆင်ပြေစေရန် သူညွှန်ပြသမျှ စာလုံးတိုင်းကို အသံထွက်၍ ဖတ်ပြခဲ့လေသည်။ သူသည် ယခုတည်းက စာလုံးအများစုကို မှတ်မိနေပြီဖြစ်ပြီး အသံထွက်ကိုလည်း ပြီးပြည့်စုံစွာ လိုက်ပြောနိုင်လေ၏။ ဤစာကြောင်းမှာ သိပ်၍ အကျိုးသင့်အကြောင်းသင့် မရှိသေးဘဲ စကားလုံးအသုံးအနှုန်းမှာလည်း ကြောက်စရာကောင်းလောက်အောင် ရိုးရှင်းသော်လည်း ချူဟွမ်တစ်ယောက် အမှန်ပင် နားလည်နိုင်ပေသည်။

ချူဟွမ်က ခေတ္တမျှ တုန့်ဆိုင်းသွားပြီးနောက် ပြောပြလိုက်သည်။ 
"တကယ်တော့ မင်းတို့ ဆရာလိုတယ်ဆိုရင် မင်းတို့ရဲ့ အုပ်ချုပ်ရေးအရာရှိကို သွားရှာနိုင်တယ်။ ဥပမာ မင်းတို့ရွာသူကြီး ဒါမှမဟုတ် မျိုးနွယ်စုခေါင်းဆောင်တို့ လိုမျိုးပေါ့။ သူတို့ကို ခရိုင်ဆီ လျှောက်လွှာတင်ခိုင်း။ နှစ်တိုင်းမှာ တက္ကသိုလ်ကျောင်းသားတွေက အကူဆရာလုပ်ဖို့ စာရင်းပေးကြတယ်လေ... "

ဤစကားများကို ပြောပြီးသည့်နောက် ချူဟွမ်မှာ တစ်ဖက်လူက နားမလည်နိုင်လောက်ဟု ခံစားမိသော်လည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် မည်သို့ ရှင်းပြရမည်ကို သူမသိတော့ပါလေ။

နန်ရှန်းက ဖျစ်ညှစ်၍ ပြုံးပြလိုက်ကာ ခေါင်းခါပြလေ၏။
"မကောင်းဘူး။ လာမှာမဟုတ်ဘူး"

ထို့နောက် နန်ရှန်းက ထလိုက်ကာ ချူဟွမ်အတွက် မွေ့ယာကို ယူပေးလျက် မျက်မှန်နှင့် သူလဲပေးထားသော အဝတ်များကိုယူလာကာ အိပ်ယာဘေး လှမ်းယူရန်လွယ်သောနေရာတွင် တင်ထားပေးလေသည်။ အဝတ်များပေါ်မှ သွေးစွန်းကွက်များမှာ ပြောင်စင်နေအောင် လျှော်ဖွပ်ပေးထားပြီး ဖြစ်ချေသည်။ သူနှင့်အတူဆောင်ထားသောအရာများဖြစ်သည့် ဓားမြှောင်နှင့် သေနတ်များမှာ နဂိုနေရာတွင်ပင် ရှိနေပြီး သူအမြဲသယ်ထားသည့် ဆေးပစ္စည်းအိတ်ကလေးသည်ပင် အိတ်ထဲ၍ ပုံစံမယွင်းရှိနေသေးကာ တစ်ဖက်လူက ဘာကိုမျှ ထိပင်မကြည့်ထားသည့်နှယ်ပင်။

ချူဟွမ် : "နန်ရှန်း..."

နန်ရှန်းက လက်ညှိုးတစ်ချောင်း‌ထောင်ပြလျက် သူ့စကားကို ဖြတ်လိုက်ကာ ကျိုထားသောဆေးတစ်ဇလုံကို သူ့ထံသယ်လာပေ၏။

စိမ်းရွှေရွှေ ကပ်စေးစေးအရာများ အပြည့်ပါသည့် ဇလုံတစ်လုံး။ အပြင်ပန်းပုံအရပင်လျှင် အလွန် ဆိုးရွားရက်စက်လှသော်လည်း ထိုအချိန်တွင် ချူဟွမ်ကိုယ်တိုင်ပင်လျှင် ဘာကြောင့်မှန်းမသိလိုက်ဘဲ မျှော်လင့်မထားရလောက်အောင် ဘာမှမပြောမဆိုနှင့် တစ်ဇလုံလုံးကုန်သည်အထိ သောက်လိုက်မိပေသည်။

နန်ရှန်းက သူ့ကိုတွဲ၍ လှဲချပေးလိုက်ကာ ပြတင်းပေါက်ဆီ လျှောက်သွားပြီးနောက် သစ်ရွက်တစ်ရွက်ထုတ်လာလေသည်။ သစ်ရွက်ပုလွေဆီမှ သံစဉ်လေးမှာ တစ်ဖန်ပြန်၍ ထွက်ပေါ်လာခဲ့ပြီ။ ယခုတစ်ကြိမ်တွင်မူ သံစဉ်မှာ သိပ်မမြူးတော့ဘဲ ဝမ်းနည်းပူဆွေးမှုလည်းမပါ၊ ပြင်းထန်လှသည်လည်း မဟုတ်ပါသော်လည်း ဆွဲဆွဲငင်ငင်နှင့် ရှည်လျားနေသော အဆုံးသတ်သံစဉ်ကြောင့် အနည်းငယ် အထီးကျန်နေပုံပေါက်နေပေသည်။

ချူဟွမ်ကား သူ့အနေဖြင့် အိပ်မပျော်နိုင်ဟု တွေးနေမိ၏။ ကြောင်တစ်ကောင်သည်ပင်လျှင် သူ့ကို နိုးစေလေရာ တစ်ခန်းတည်းတွင် လူကြီးနှစ်ယောက်နှင့် အတူနေနေရသည်မှာ ပြောစရာပင် မလိုတော့ပါချေ။ သို့ရာတွင် သစ်ရွက်ပုလွေ၏ သံစဉ်ကြားတွင် သူ့အနေဖြင့် တဖြည်းဖြည်းငိုက်မျဉ်းလာပြီး သူကိုယ်တိုင်ပင် မသိလိုက်ရမီတွင် သူ့အနေဖြင့် အိပ်ပျော်လုပျော်ခင် ဖြစ်နေလေပြီ။

နားလည်မှုလွဲနေသည်ကို ရှင်းရှင်းလင်းလင်းဖြေရှင်းရန် လိုအပ်၏။ သူနိုးလာချိန်တွင် ထိုနှစ်ယောက်က ထွက်သွားနှင့်ပြီး ဖြစ်နေပါလျှင်ရော?

သူ့အနေဖြင့် သူ့စိတ်နှလုံးကို ပျော်ရွှင်စေသော စောစောက သစ်ရွက်ပုလွေ၏ ကျေးလက်သံစဉ်လေးကို အမှန်တကယ်ပင် နောက်တစ်ကြိမ်ထပ်၍ နားဆင်လိုလှပါသည်။

သူအိပ်တစ်ဝက်နိုးတစ်ဝက်အချိန်တွင် ချူဟွမ်တစ်ယောက် ရုတ်တရက် အတွေးပေါ်လာလေ၏။
/ငါ သူတို့နဲ့ လိုက်သွားလို့ရတာပဲ/

ချက်ချင်းပင် ဤအကြံမှာ သူ့အနေဖြင့် စိတ်ကူးယဉ်ခြင်းသက်သက်သာ ဖြစ်သည်ဟု ထင်မြင်မိပေသည်။ ဝေးလံ‌ခေါင်ဖျားသည့် တိုင်းရင်းသားဒေသများတွင် တရုတ်စာသင်ရန်လော? သူသည် သင့်တော်သည့်မေဂျာမှပင် မဟုတ်ချေ။

/"ငါတော့ သောက်တာများသွားပြီ ထင်တယ်"/
သူက သူ၏ ပေါက်ကရလုပ်မှုများကို ဤစာတစ်ကြောင်းဖြင့် ဖြေရှင်းလိုက်လေတော့သည်။

-----------------------------

Please support CRPH. အရေးတေ်ာပုံ အောင်ရမည် 💪

18. 4. 2021

❤❤❤

(Zawgyi)

ငါေတာ့ ေသာက္တာမ်ားသြားၿပီ ထင္တယ္

သူတို႔သည္ နာရီဝက္ေက်ာ္ အခ်ိန္ျဖဳန္းလ်က္ "မင္းအမူအရာလုပ္ျပ၊ ၿပီးေတာ့ ငါက မွန္းၾကည့္မယ္"ဟူသည္ကို မေရမတြက္ႏိုင္ေလာက္ေအာင္ အလွည့္ေပါင္းမ်ားစြာလုပ္ေနကာ ေနာက္ဆုံးတြင္မူ ၾကက္မ်ားက ဘဲမ်ားကို စကားေျပာေန*သည့္ အေျခအေနသို႔ ေရာက္သြားေလေတာ့သည္။
[ၾကက္မ်ားက ဘဲမ်ားကို စကားေျပာေန - တစ္ဖက္လူကလည္း ေျပာခ်င္ရာေတြေျပာ၊ ကိုယ္ကလည္း နားလည္ခ်င္သလိုေတြ နားလည္ေနၾကတာမ်ိဳးကို ေျပာခ်င္တာပါ]

အာေခါင္မ်ားေျခာက္လာၿပီး လွ်ာမ်ားေသြ႕လာသည္အထိ ေျပာၿပီးၾကသည့္အခ်ိန္က်မွ ခဏတစ္ျဖဳတ္ အနားယူၾကေလေတာ့သည္။ သူတို႔ေတြးႏိုင္သမွ်၏ အဆုံးစြန္ထိေရာက္ေနၿပီျဖစ္ေသာ လူႏွစ္ေယာက္မွာ မ်က္ႏွာခ်င္းဆိုင္ထိုင္လ်က္ တစ္ေယာက္ႏွင့္တစ္ေယာက္ ကူကယ္ရာမဲ့စြာ စိုက္ၾကည့္ေနၾကေပသည္။ နန္ရွန္းက သူ႔အတြက္ အရက္တစ္ခြက္ငွဲ႔ေပးလိုက္ေလ၏။ ဤသည္မွာ သူတို႔၏ ခံစားခ်က္မ်ားကို ဆက္သြယ္ေဖာ္ျပႏိုင္မည့္ တစ္ခုတည္းေသာနည္းလမ္း ျဖစ္လာေလေတာ့သည္။

သူတို႔၏ လည္ေခ်ာင္းမ်ားကို ဤနည္းျဖင့္ ေရဓာတ္ျဖည့္လိုက္ၿပီးေနာက္ ေသာက္ၿပီးသြားသည္ႏွင့္ အမူအရာလုပ္ျပျခင္းကို ေနာက္တစ္ခ်ီ ျပန္လည္စတင္လာၾကေပ၏။

ခ်ဴဟြမ္မွာ တျဖည္းျဖည္းႏွင့္ အရက္၏ အနံ႔ကို အသားက်သြား‌လ်က္ ထိုထဲမွ ေသြးညႇီနံ႔ႏွင့္ ေရာစြက္ေနေသာ ယမကာနံ႔သင္းသင္းကို ခြဲျခားႏိုင္သြားေလေတာ့သည္။ ေနာက္ဆုံးတြင္မူ ဤသို႔ေသာနည္းလမ္းျဖင့္ မည္မွ်ေသာက္လိုက္မိသည္ကိုပင္ မမွတ္မိႏိုင္ေတာ့ဘဲ တစ္ခြက္ၿပီးတစ္ခြက္ ဆက္တိုက္ေသာက္လိုက္မိေပ၏။ ေသာက္လိုက္သမွ်မွာ သူ႔ေခါင္းထဲသို႔ ေဆာင့္တက္လာေလရာ ရီေဝေဝျဖင့္ ခုတင္ေခါင္းရင္းကိုမွီေနရသည့္ အေျခအေနသို႔ ဆိုက္ေရာက္သြားလ်က္ ေရွာင္ဖန္းတစ္ေယာက္ အေပၚေအာက္ခုန္ဆြခုန္ဆြျဖင့္ ရယ္စရာေကာင္းသည့္ သ႐ုပ္ေဖာ္မႈမ်ိဳးကို စိတ္အားထက္သန္စြာ လုပ္ျပ‌ေနသည္ကို ၾကည့္ေနရေလသည္။

ထိုလူမွာ သူ၏ဝမ္းေခါင္းထဲသို႔ အားအင္မ်ားစုစည္းကာ ေျခႏွစ္ေခ်ာင္းကို မာပုထိုင္ေနသကဲ့သို႔ ခ်ဲထားလ်က္ တစ္ခ်က္ေအာ္ဟစ္လိုက္ၿပီးေနာက္ လက္ႏွစ္ဖက္လုံးကို ဆန႔္ထုတ္ကာ တစ္ေယာက္ေယာက္၏လမ္းကို တားဆီးေနသည့္ပုံစံလုပ္ျပသည္ကို ေတြ႕လိုက္ရေခ်၏။

ခ်ဴဟြမ္တစ္ေယာက္ ခက္ခက္ခဲခဲ စဥ္းစားရေပေတာ့သည္။
"ရပ္စမ္း? မလႈပ္နဲ႔? မင္း ျဖတ္သန္းသြားခြင့္ မရွိဘူး?"

နန္ရွန္းက အသံထြက္၍ ရယ္လိုက္ကာ ေရွာင္ဖန္းကား ေခါင္းကို စိတ္ပ်က္လက္ပ်က္ ခါေလသည္။ ထို႔ေနာက္ သူက လက္ႏွစ္ဖက္ကို စုကိုင္လ်က္ လက္ေကာက္ဝတ္ကို ေဖ်ာ့ခ်လိုက္ကာ စည္းခ်က္က်က် လႈပ္ယမ္းျပေပ၏။

ခ်ဴဟြမ္ကား သူျမင္ရသည့္အရာကို နားလည္သြားၿပီဟု ေတြးမိကာ ႐ုတ္တရက္ သေဘာေပါက္သြားေပသည္။
"ျမင္းစီးတာ!"

နန္ရွန္းက သူေျပာလိုက္သည့္အေျဖကို ေရွာင္ဖန္းထံ ဘာသာျပန္ျပလိုက္သည္တြင္ ထိုမိတ္ေဆြကို အလြန္ေဒါသထြက္သြားေစေလေတာ့သည္။ ထိုလူက အာေခါင္ျခစ္၍ အႀကိမ္ေတာ္မ်ားမ်ား ေအာ္ဟစ္လိုက္ကာ သူ၏ သံတင္းပုတ္ႀကီးတမွ် ႀကီးမားလွေသာ လက္သီးႀကီးကို ေဝွ႔ယမ္းလ်က္ ခ်ဴဟြမ္၏ ဦးေႏွာက္ကို ထုခြဲထုတ္၍ ေသေသခ်ာခ်ာ ေဆးေၾကာေလွ်ာ္ဖြပ္ပစ္ခ်င္ေနသည့္ႏွယ္ ရွိေနေပသည္။

ခ်ဴဟြမ္က ႏွာေခါင္းကိုပြတ္၍ ရႈံ႕ရႈံ႕တြတြျဖင့္ ၿပဳံးေပ၏။
"... ခင္ဗ်ား အဲဒါက 'ဂန္းနမ္စတိုင္'ကို ဆိုလိုခ်င္တာေတာ့ မဟုတ္ႏိုင္ေလာက္ဘူးမလား?"

နန္ရွန္းမွာ ေရွာင္ဖန္းတစ္ေယာက္ ေဒါသထြက္လြန္း၍ ေသသြားေတာ့မည္စိုးသျဖင့္ ေစာင့္ၾကည့္ထားရေလသည္။ ခ်ဴဟြမ္ကား အႏွီကိုလူေခ်ာမွာ စကားေျပာသည့္ေနရာတြင္ အေတာ္ေလးထိ‌ေရာက္ေၾကာင္း ေတြ႕ရွိသြားရေလ၏။ သူပါးစပ္ဟလိုက္သည္ႏွင့္ ေသာင္းက်န္းေနေသာ ေရွာင္ဖန္းတစ္ေယာက္ နာခံမႈအျပည့္ျဖင့္ ခ်က္ခ်င္းပင္ ပါးစပ္ပိတ္သြားေခ်ေတာ့သည္။

‌ေရွာင္ဖန္းမွာ ေလွာင္ပိတ္ခံထားရေသာ သား႐ိုင္းေကာင္ႀကီးႏွယ္ တစ္ေနရာတည္းတြင္ပင္ ေဒါသတႀကီးျဖင့္ အႀကိမ္ေရအေတာ္မ်ားမ်ား ခ်ာလည္ပတ္လွည့္ေနေသာ္လည္း လက္ေလွ်ာ့လိုက္ရန္ကိုမူ လက္မခံေသးေပ။ ခဏမွ်အၾကာတြင္ သူက ၿငိမ္ၿငိမ္ရပ္လ်က္ သူ၏ ႀကီးမားလွေသာ ဝက္ဝံလက္ဝါးႀကီးကို ေရွ႕ထုတ္လိုက္ကာ ယပ္ေတာင္ခတ္ေနသကဲ့သို႔ သူ႔လက္ဖဝါးကို ေလထဲတြင္ ေဝွ႔ယမ္းလ်က္ အႀကိမ္ေပါင္းမ်ားစြာ တဖ်တ္ဖ်တ္ ခါျပေပ၏။

ခ်ဴဟြမ္ : "အယ္..."

က်န္ႏွစ္ေယာက္မွာ သူ႔ကို ေမွ်ာ္လင့္တႀကီး ၾကည့္ေနၾကေလသည္။

ခ်ဴဟြမ္တစ္ေယာက္ သူ႔သြားမ်ား အနည္းငယ္နာက်င္လာသည္ဟုပင္ ခံစားလာရေပသည္။ 

"ဟို... တစ္ေယာက္ေယာက္ကို မ်က္ခြက္ျဖတ္ၿပီး အခါႏွစ္ဆယ္ေလာက္ ဘယ္ျပန္ညာျပန္ဆင့္ခ်တာ?"

အႏွီ ႀကီးမားလွပေသာမ်က္လုံးမ်ားႏွင့္ ရွည္လ်ားသည့္က်စ္ဆံၿမီးမ်ားပိုင္ရွင္ အစ္ကိုမွာ သ႐ုပ္ေဆာင္ျခင္းႏွင့္ပတ္သက္သည့္ဗီဇ တစ္စက္ေလးမွ်ပင္ ပါလာပုံမေပၚပါေခ်။ သို႔ရာတြင္ ေကာင္းကင္ဘုံက သူ႔အတြက္ ေနာက္ထပ္ျပတင္းတစ္ခ်ပ္ ဖြင့္ထားေပးေပ၏။ သူ၏ အမူအရာမ်ားအရ သူသည္ အိမ္မ်ားကို ဓားျပတိုက္သည့္ေနရာတြင္မူ ထူးခြၽန္ေျပာင္ေျမာက္ႏိုင္ေလသည္။

ခ်ဴဟြမ္က ရယ္လိုက္မိ၏။ 
"ဒီမိတ္ေဆြရဲ႕ နာမည္က ဘယ္လိုေခၚလဲ?"

‌ေရွာင္ဖန္းမွာ နားမလည္ေလရာ နန္ရွန္းက သူ႔ကိုယ္စား နာမည္တစ္ခုကို ေျဖေပးလိုက္ေပသည္။ ခ်ဴဟြမ္နားေထာင္ရသေလာက္ ထိုနာမည္မွာ ဘာမွန္းမသိရသည့္ စကားလုံးမ်ားပါဝင္သည့္ ရွည္လ်ားလွေသာ စာလုံးတစ္သီတစ္တန္းႀကီးျဖစ္ကာ နားထဲတြင္မူ သာယာနာေပ်ာ္ဖြယ္ ရွိလွေလ၏။

ထိုအခါတြင္မွ သူသေဘာေပါက္သြားရသည္မွာ "နန္ရွန္း"ဟူေသာ နာမည္ကို မန္ဒရင္းတ႐ုတ္စကားတတ္ေသာ တစ္စုံတစ္ေယာက္က ေပးထားျခင္းျဖစ္ကာ သူ၏ မူရင္းမ်ိဳးႏြယ္စုနာမည္မွာ ထို႔ထက္ပို၍ ဆန္းျပားရႈပ္ေထြးေသးသည္ ဟူ၍ပင္။

ခ်ဴဟြမ္၏ အေတြးမ်ား ပ်ံ႕လြင့္ေနသည္ကို ျမင္လိုက္ရသျဖင့္ နန္ရွန္းမွာ တက္ႂကြစြာပင္ နာမည္၏ အဓိပၸာယ္ကို ရွင္းျပေပေတာ့သည္။ သူက ေတာက္ပသည့္ အၿပဳံးျဖင့္ အဘိဓာန္ကို ဖြင့္လိုက္ကာ တစ္ဖက္မွ က်စ္ဆံၿမီးအရွည္ႀကီးႏွင့္လူကို ၫႊန္ျပလ်က္ သူ၏ ခ်ီးက်ဴးမႈကို ေဖာ္ျပသည့္အေနျဖင့္ လက္မေထာင္ျပလိုက္ၿပီးေနာက္ ဂုဏ္ယူဝံ့ႂကြားသည့္အမူအရာျဖင့္ ခ်ဴဟြမ္၏ ေရွ႕ေမွာက္ဝယ္ "ခက္ထန္တဲ့ အေမြးထူ ေမ်ာက္"ဟူေသာ စာလုံးႀကီးမ်ားကို ခ်ျပလိုက္ေလ၏။

ခ်ဴဟြမ္ : "..."

/ဒါက ဘာႀကီးလဲဟ... အဲဒီ "ခက္ထန္တဲ့ အေမြးထူ ေမ်ာက္" ဆိုတာက သူတို႔ရဲ႕ ထူးျခားတဲ့ ယဥ္ေက်းမႈရဲ႕ ထုံးစံလား၊ ဒါမွမဟုတ္ ဒီက ကိုလူေခ်ာက စာလုံးေတြ မွားၾကည့္ျပန္တာပဲလား? /

ခ်ဴဟြမ္တစ္ေယာက္ နန္ရွန္း၏ အရက္အိုးကို ကုန္ေအာင္ေသာက္ၿပီးသည့္ အခါမွသာ တစ္ဖက္လူမ်ားႏွင့္ ဆက္သြယ္ေျပာဆိုရန္ လမ္းစကို ရွာေတြ႕သြားေလသည္။

"မင္းေျပာေနတာက မေန႔တုန္းက မင္းကားဂိတ္မွာ လာႀကိဳတဲ့သူက မင္းတို႔မ်ိဳးႏြယ္စုမွာ စာလာသင္ေပးမယ့္ အကူဆရာကိုလား?"
ခ်ဴဟြမ္က ေမးလိုက္၏။

"ဆရာ"ဟူသည့္စကားလုံး ထြက္လာသည္ႏွင့္ နန္ရွန္း၏ မ်က္လုံးမ်ား ခ်က္ခ်င္းေတာက္ပသြားသည္မွာ မ်က္ဝန္းမ်ားအတြင္းသို႔ ေ႐ႊက်ီး*ေလးႏွစ္ေကာင္ ဝင္သြားသည့္ႏွယ္ ရွိေပသည္။ ခ်ဴဟြမ္ကား အႏွီတိုင္းရင္းသားအစ္ကို၏ ကိုယ္တိုင္စိမ္ထားေသာ အရက္ေၾကာင့္ သူ႔အေနျဖင့္ ခပ္ေထြေထြျဖစ္ေနၿပီဟု ေတြးလိုက္မိကာ ထိုမ်က္လုံးတစ္စုံမွ အလင္းေရာင္မ်ားက သူ႔ကို မူးလာေစသည္အထိ ခြင့္ျပဳထားမိေလေတာ့သည္။
[ေ႐ႊက်ီး (金乌) - ေနကိုရည္ၫႊန္းတဲ့ ဒ႑ာရီလာ ေျခသုံးေခ်ာင္းပါတဲ့ ေ႐ႊက်ီးငွက္ပါ။ ေနကို တင္စားထားတဲ့ အသုံး ျဖစ္ပါတယ္။]

နန္ရွန္းက သြက္လက္စြာပင္ "အိုေသာ* "ႏွင့္ "ေခ်ာေမာေသာ* "ဟူေသာ စာလုံးႏွစ္လုံးကို အဘိဓာန္ထဲမွ ရွာျပလိုက္၏။ စုတ္ခ်က္အတြဲမ်ားထဲမွ လိုက္ရွာျခင္းပင္မဟုတ္ေပ။ ထိုစာလုံးႏွစ္လုံးကို သူ႔နာမည္ထက္ပင္ ပို၍ ရင္းႏွီးေနပုံရေလသည္။
[1. အိုေသာ (老) - "ေလာင္"။ ဆရာ (老师) ဆိုတဲ့ထဲက ပထမစာလုံးျဖစ္တဲ့ 老 ရဲ႕ တိုက္႐ိုက္ဘာသာျပန္ခ်က္ေပါ့ေနာ္ (⁠・⁠∀⁠・⁠)

2. ေခ်ာေမာေသာ (帅) - "႐ႊိုက္"လို႔ အသံထြက္တဲ့ စာလုံးပါ။ နန္ရွန္းက ဆရာဆိုတဲ့ စာလုံးရဲ႕ ဒုတိယတစ္လုံးျဖစ္တဲ့ "ရွီး"ကို စုတ္ခ်က္ဆင္တူတဲ့ ဒီစာလုံးနဲ႔ မွားသြားတာပါ]

... စင္စစ္အားျဖင့္ သိေနတိုင္းလည္း မမွန္ပါေခ်။

"အဲဒါက 'ဆရာ* ' ကြ။ 'လူေခ်ာႀကီး* ' မဟုတ္ဘူး"
ခ်ဴဟြမ္က ျပင္ေပးလိုက္၏။ သူက တစ္ဖက္လူထံမွ စာအုပ္ကိုယူ၍ ျပခ်င္ေသာေၾကာင့္ လက္လွမ္းလိုက္ေပသည္။ သို႔ရာတြင္ တစ္ဖက္လူ၏ အဘိဓာန္ေပၚတြင္ထားေသာ ေလးနက္သည့္ သေဘာထားကို ႐ုတ္တရက္ သတိရသြားမိေလသည္။
[1. ဆရာ (老师) - "ေလာင္ရွီး"။ နန္ရွန္းက အမွန္ေတာ့ ဒါကို ေျပာခ်င္တာပါ။

2. လူေခ်ာႀကီး (老帅) - "ေလာင္႐ႊိုက္"။ "ရွီး"နဲ႔ "႐ႊိုက္"က စုတ္ခ်က္ဆင္ေတာ့ နန္ရွန္းက ဒီလိုမွားသြားေရာ (⁠≧⁠▽⁠≦⁠)]

ခ်ဴဟြမ္က စိတ္ထဲမွ ေျပာလိုက္မိ၏။
/"ဒီဟာႀကီးမွာ နတ္တစ္ပါးပါးက ဝင္ပူးကပ္ၿငိေနတယ္လို႔ လာေျပာမွာေတာ့ မဟုတ္ဘူးမလား?"/

သူ႔အေနျဖင့္ ႐ိုင္းသြားမိသည္ဟု ခံစားလိုက္ရသျဖင့္ ခဏရပ္သြားၿပီး ထုတ္ထားမိေသာလက္ကို စင္တီမီတာအနည္းငယ္ ျပန္႐ုတ္လိုက္ေလသည္။

သူ၏ လက္ကို ထုတ္လိုက္ျခင္းႏွင့္ ျပန္႐ုပ္လိုက္ျခင္းတို႔၏ လႈပ္ရွားမႈမွာ တစ္စကၠန႔္၏ အစိတ္အပိုင္းေလးမွ်သာ ၾကာျမင့္ေသာ္လည္း နန္ရွန္းက သေဘာေပါက္သြားေပ၏။ သူက တစ္စစီျဖစ္ေနေသာ အဘိဓာန္ကို ခ်က္ခ်င္းေျမႇာက္ကိုင္လိုက္ကာ ခ်ဴဟြမ္ထံကို လက္ေဆာင္ပ႑ာဆက္သေနသကဲ့သို႔ ႐ိုေသေလးစားစြာ လက္ႏွစ္ဖက္လုံးျဖင့္ ကမ္းေပးလိုက္ရာ သူ၏ ျပည့္လွ်ံေနေသာ စိတ္အားထက္သန္မႈေၾကာင့္ ခ်ဴဟြမ္၏ ႏွာေခါင္းကိုပင္ အနည္းငယ္ထိမိသြားေခ်သည္။ သူ႔လႈပ္ရွားမႈအစအဆုံးမွာ ျမင့္ျမတ္လွေသာ ဟာတာ*တစ္ထည္ကို လႉဒါန္းပူေဇာ္ေနသည့္ႏွယ္ ရွိေပသည္။
[ဟာတာ (哈达) - တိဘက္မွာဆိုရင္ အထြတ္အျမတ္ေနရာေတြကို ပူေဇာ္တဲ့ တဘက္အ႐ွည္လိုမ်ိဳး ျခဳံထည္ပိတ္စေတြ ျဖစ္ပါတယ္]

ခ်ဴဟြမ္မွာ "သင္ၾကား* " ဟူေသာ စကားလုံးဆီ‌ေရာက္ေအာင္ လွန္လိုက္ကာ လက္ေထာက္လ်က္ သူ႔ထံ ျပလိုက္၏။
"ဒါကမွ 'ေလာင္ရွီး'က 'ရွီး'..."
[သင္ၾကား (师) - "ရွီး"လို႔ အသံထြက္ပါတယ္။ ေလာင္ရွီးက ဒုတိယစာလုံးရဲ႕ အမွန္ပါ]

နန္ရွန္း : "ေလာင္ ... ရွီး"

"မလုပ္ပါနဲ႔" 
 ခ်ဴဟြမ္က ေခ်ာင္းဟန႔္လိုက္ေလသည္။
"မခံယူဝံ့ပါဘူး"

နန္ရွန္းကား "မခံယူဝံ့ပါဘူး"ဟူေသာ စကား၏ ဆိုလိုရင္းကို နားမလည္ခဲ့ပါေခ်။ သူက ခ်ဴဟြမ္၏ လက္ကို ၾကည္ညိဳစြာျဖင့္ ဖမ္းဆုပ္လိုက္ကာ သူ၏လႈပ္ရွားမႈမွာ လွ်ပ္စီးတမွ်လ်င္ျမန္လွေလရာ ခ်ဴဟြမ္မွာ တစ္ကိုယ္လုံးပင္ ေတာင့္တင္းသြားရၿပီး ေရွာင္ပင္မေရွာင္ႏိုင္ေတာ့ပါေလ။

နန္ရွန္းက သူ႔လက္ကိုကိုင္၍ ေရွးဦးစြာ သူ႔ရင္ဘတ္ေပၚသို႔ ခပ္ဖြဖြထုလိုက္ၿပီးေနာက္ မ်က္လုံးမ်ားကိုမွိတ္လ်က္ ေခါင္းကိုငုံ႔လိုက္ကာ သူ၏နဖူးျဖင့္ ခ်ဴဟြမ္၏ လက္ေခ်ာင္းမ်ားကို ညင္သာစြာ ထိလိုက္ေပသည္။

ခ်ဴဟြမ္မွာ ေကြ႕ဟြားပန္း၏ ရနံ႔သင္းသင္းကို ေနာက္တစ္ႀကိမ္ထပ္ရလိုက္ၿပီးေနာက္ ခ်က္ခ်င္းပင္ သူ႔အေနျဖင့္ စိတ္ရႈပ္ေထြးသြားမိသည္အထိ မူးေနၿပီဟု ခံစားလိုက္ရ၏။

ခ်ဴဟြမ္ : "ေဟ့... ေနပါဦး... ခဏ... မဟုတ္ေသးဘူး၊ မဟုတ္ေသးဘူး၊ မဟုတ္ေသးဘူး။ မင္း... အရမ္းႀကီး စိတ္လႈပ္ရွားမေနပါနဲ႔ဦး"

မည္သူက ပို၍ စိတ္လႈပ္ရွားေနသည္ကိုမူ မသိႏိုင္ေတာ့ပါေခ်။

ခ်ဴဟြမ္တစ္ေယာက္ သူ႔လွ်ာသူကိုက္မိေတာ့မလိုပင္ ျဖစ္သြားကာ သူ႔ႏွလုံးခုန္ႏႈန္းမွာ အလိုအေလ်ာက္ပင္ အတိုင္းအတာတစ္ခုအထိ ပိုျမန္သြားလ်က္ အခ်ိန္အေတာ္ၾကာေအာင္ ႀကိဳးစားလိုက္ၿပီးေနာက္ နန္ရွန္းထံမွ ေရွာေရွာရႉရႉ ႐ုန္းထြက္လိုက္ေလသည္။

"ငါက..." 
သူက သူ႔ကိုယ္သူ ျပန္ၫႊန္ျပလ်က္ ႐ိုးရွင္းသည့္ လက္ဟန္ေျခဟန္မ်ားျဖင့္ စကားကို ရွင္းႏိုင္သမွ် ရွင္းေအာင္ ေျပာလိုက္ေပသည္။
"မင္းရွာေနတဲ့သူ မဟုတ္ဘူး"

နန္ရွန္းတစ္ေယာက္ အံ့ဩမႈေၾကာင့္ ေတာင့္သြားေလ၏။

သူ႔ေဘးတြင္ ရပ္ေနေသာ ေရွာင္ဖန္းမွာမူ ဘာေတြျဖစ္ေနမွန္း မသိပါေခ်။ ဤလူႀကီးမွာ ၾကမ္းတမ္းခက္ထန္မေနသည့္ အခ်ိန္မ်ားတြင္ အေတာ္ေလး႐ိုးသား၍ ပြင့္လင္းပုံ ေပၚေလသည္။ သူက သူ၏ ျမက္႐ိုင္းမ်ားကဲ့သို႔ေသာ ရႈပ္ရႈပ္ပြပြဆံပင္ကို ကုတ္ေနကာ ခ်ဴဟြမ္ကိုၾကည့္ေနသည္မွာ အနည္းငယ္ စိတ္ပူေနသည့္အသြင္ ရွိေနေပ၏။

နန္ရွန္းက သူ႔ကို တစ္ခုခု ေျပာလိုက္ေလသည္။ ေရွာင္ဖန္းမွာ နားေထာင္ၿပီးေနာက္ မ်က္လုံးမ်ားျပဴးက်ယ္သြားလ်က္ ခ်ဴဟြမ္အနားကို ကပ္လာကာ ေလထဲတြင္ ေထာင့္မွန္စတုဂံတစ္ခု ဆြဲျပၿပီးေနာက္ သူ႔လက္သီးကို လိမ့္ေနသည့္ပုံျဖင့္ လွိမ့္ျပလာ၏။ ထို႔ေနာက္ လက္ေခ်ာင္းႏွစ္ေခ်ာင္းကို ေရွ႕တိုးေနာက္ဆုတ္ျဖင့္ လူတစ္ေယာက္လမ္းေလွ်ာက္လာသည့္ပုံ လုပ္ျပကာ ေနာက္ဆုံးတြင္မူ ခ်ဴဟြမ္ကို ၫႊန္ျပလ်က္ လက္ညႇိဳးတစ္ေခ်ာင္းေထာင္ျပေပသည္။

သည္တစ္ႀကိမ္တြင္မူ ခ်ဴဟြမ္တစ္ေယာက္ သူေျပာလိုသည့္အရာကို ေကာင္းစြာ သေဘာေပါက္သြားေတာ့သည္။

‌ေရွာင္ဖန္းေျပာသည္မွာ : "မေန႔က ကားေပၚကဆင္းလာတာ မင္းတစ္ေယာက္တည္းပဲ ရွိတယ္ေလ" ဟူ၍ပင္။

ခ်ဴဟြမ္က သူ႔မ်က္ခုံးႏွစ္ဖက္ၾကားကို ခပ္နာနာဖိလ်က္ သတိႀကီးစြာျဖင့္ ျပန္စဥ္းစားေလသည္။ အရင္ေန႔က သူကားေပၚတက္စဥ္တြင္ ကားေပၚ၍ လူမ်ားစြာရွိေန၏။ သူက အလိုအေလ်ာက္ပင္ လူတိုင္းကို လိုက္ၾကည့္ထားမိေလရာ ယခုအခ်ိန္တြင္ ျပန္ေတြးလိုက္လွ်င္ တစ္ေယာက္ခ်င္း၏ သြင္ျပင္မ်ားမွာ သူ႔ေခါင္းထဲတြင္ ရွိေနေသးေပသည္။

ခရီးသည္မ်ားထဲတြင္ ေမြးရပ္ေျမသို႔ ျပန္လာၾကေသာ ၿမိဳ႕ႀကီးမ်ားသို႔ေ႐ႊ႕ေျပာင္း၍ အလုပ္လုပ္ကိုင္ေနၾကသူမ်ား၊ အနီးအနားၿမိဳ႕မ်ားမွ အမ်ိဳးအေဆြမ်ားထံ အလည္အပတ္လာၾကသူမ်ား၊ သားသမီးမ်ားကို ခ႐ိုင္ၿမိဳ႕မ်ားဆီသြား၍ ပညာသင္ေစရန္ အထုပ္အပိုးမ်ား သယ္ပို႔ေနၾကသူမ်ား... အဲ... ထိုထဲတြင္ ေနာက္တစ္ေယာက္ ရွိေသးေလ၏။

ခ်ဴဟြမ္တစ္ေယာက္ ေနာက္ဆုံးတြင္မူ မွတ္မိသြားေတာ့သည္။ မ်က္မွန္ေလးႏွင့္ အသားအေရႏုႏုနယ္နယ္ လူငယ္ေလးတစ္ေယာက္။ သူသည္ ကာယလုပ္သားမဟုတ္ေၾကာင္း ၾကည့္လိုက္႐ုံျဖင့္ သိႏိုင္ေပသည္။ လူငယ္ေလး၏ ခရီးေဆာင္အိတ္မွာ ႀကီးမားေလးလံလွကာ ေဝးလံလွသည့္ေနရာတစ္ခုကို သြား၍ အခ်ိန္အေတာ္ၾကာေအာင္ ေနရန္ ရည္႐ြယ္ထားပုံေပၚေလသည္။

လူငယ္ေလးမွာ အေတာ္ေစာေစာတည္းက ကားေပၚေရာက္ေနျခင္းျဖစ္ေသာ္လည္း တမင္တကာပင္ ထိုင္ခုံ၏ အဆင္မေျပေသာဘက္ျခမ္းတြင္ ထိုင္ေနေလ၏။ သူ၏ လက္ကို အိတ္ေပၚမွ လြတ္ထြက္မသြားလိုေသာေၾကာင့္ ျဖစ္ႏိုင္ေပသည္။ သူ႔သြင္ျပင္မွာ ခရီးေဝးမ်ားသြားခဲေသာလူတစ္ေယာက္၏ သီးသန႔္စိတ္ပူမႈမ်ိဳး သယ္ေဆာင္ထားေလသည္။ မွတ္တိုင္တစ္ခုေရာက္တိုင္း သူ႔လည္ကိုဆန႔္လ်က္ မွတ္တိုင္ရွိ ဆိုင္းဘုတ္ကို လွမ္းၾကည့္ေနေခ်သည္။ အမ်ိဳးအေဆြ၊ မိတ္ေဆြမ်ားထံ သြားလည္ျခင္းႏွင့္ မတူဘဲ ပထမဆုံးအႀကိမ္အျဖစ္ ဤေဒသကို ေရာက္လာျခင္း ျဖစ္ေပမည္။

အာ... သူ႔လက္ထဲတြင္ တတိယတန္း တ႐ုတ္စာပုံႏွိပ္တစ္အုပ္ ကိုင္လာသည္ကိုလည္း ခ်ဴဟြမ္မွတ္မိသြားေလၿပီ။

သူပင္ ျဖစ္ရမည္။

ဂိတ္ဆုံးတြင္မူ ခ်ဴဟြမ္တစ္ေယာက္ ထိုလူငယ္ကို မေတြ႕ေတာ့ပါေခ်။ လူငယ္မွာ 'ေဝးလံေခါင္ဖ်ားသည့္ေဒသ' ဟူသည့္ အဓိပၸာယ္ကို ေကာင္းေကာင္းႀကီးသေဘာေပါက္သြားျခင္း ျဖစ္လိမ့္မည္။ အိပ္မက္ႏွင့္ လက္ေတြၾကားမွ ႀကီးမားလွေသာ ကြာဟခ်က္ကို ခံစားမိသြားကာ တပ္ဆုတ္သည့္ စည္ကို တီးလ်က္* လမ္းတစ္ဝက္တြင္ပင္ ကားေပၚမွ ဆင္းေျပးသြားျခင္းပင္ ျဖစ္ရမည္။
[တပ္ဆုတ္သည့္ စည္ကို တီးလ်က္ - ေရွးတုန္းက စစ္တိုက္ရင္ တပ္တက္၊ တပ္ဆုတ္ကို စည္သံေတြနဲ႔ အခ်က္ေပးၾကေလ့ရွိတာကေန ဆင္းသက္လာတဲ့ အသုံးအႏႈန္းပါ။ ေနာက္ဆုတ္ေျပးတယ္ဆိုတဲ့ အဓိပၸာယ္ ျဖစ္ပါတယ္]

"မင္းေျပာေနတဲ့သူက ငါထင္တာေတာ့..." 
ခ်ဴဟြမ္က ေျပာေနရင္း ရပ္သြားကာ နန္ရွန္း၏ ေမွ်ာ္လင့္ေနေသာအမူအရာကို ၾကည့္၍ ႐ုတ္တရက္ သူ႔အေနျဖင့္ ႏွလုံးသားမရွိသည့္သူတစ္ေယာက္ကဲ့သို႔ မလုပ္ႏိုင္ေတာ့ပါေခ်။

ဤသည္မွာ ခ်ဴဟြမ္အတြက္ မရင္းႏွီးလွေသာ ခံစားခ်က္တစ္ခု ျဖစ္ေလ၏။ သူ၏ အလယ္တန္းေက်ာင္းဒတိယႏွစ္မွစ၍ ေနရာေပါင္းစုံတြင္ ျပႆနာရွာျခင္းပင္ျဖစ္ေစ၊ သို႔မဟုတ္ ေနာက္ပိုင္း သူ႔ကိုယ္သူ ညစ္ညမ္းေနသည့္ေလႏွင့္ ေသြးမိုး*တို႔ၾကား နစ္ျမဳပ္ေစခဲ့သည့္ ခရီးတြင္ျဖစ္ေစ ခ်ဴဟြမ္တစ္ေယာက္ သူ႔အေနျဖင့္ 'ႏွလုံးသားမရွိသည့္သူတစ္ေယာက္ကဲ့သို႔ မလုပ္ႏိုင္' ဟူ၍ မည္သူ႔အေပၚတြင္မွ် မခံစားခဲ့ရဖူးပါေလ။ သို႔ရာတြင္ ယခုအခ်ိန္တြင္မူ အံ့ဩစရာေကာင္းေလာက္ေအာင္ပင္ သူ႔နလုံးသားထဲမွ စကားမ်ားကို ေခါင္းမာမာျဖင့္ ရည္႐ြယ္ေနမိကာ အထပ္ထပ္အျပန္ျပန္ ထိန္းသိမ္းေနမိေလ၏။ သူ႔ဦးေႏွာက္တစ္ခုလုံးကို ေျဗာင္းဆန္ေအာင္ ေမႊေႏွာက္လ်က္ နည္းလမ္းရွာပါေသာ္လည္း တစ္ဖက္လူနားလည္ေလာက္မည့္ ထိေရာက္‌ေသာ ေျဖရွင္းခ်က္မ်ိဳးကို ရွာမေတြ႕ႏိုင္ပါေလ။
[ညစ္ညမ္းေနသည့္ေလႏွင့္ ေသြးမိုး - အေလာင္းေတြ ပုံေနတဲ့ သတ္ပြဲျဖတ္ပြဲ တိုက္ခိုက္ပြဲေတြလို႔ ဆိုလိုတဲ့ အသုံးအႏႈန္းပါ]

တဒဂၤမွ်အတြက္ သူ႔အေနျဖင့္ တဟင္ဟင္ တဟမ္ဟမ္ျဖင့္ တုန႔္ဆိုင္းေနေခ်သည္။

‌ေခတၱမွ် ၾကာၿပီးသည့္ေနာက္တြင္ ခ်ဴဟြမ္က ေလသံကို ေဖ်ာ့လိုက္ကာ ညင္ညင္သာသာျဖင့္ ေျပာလာေပ၏။
"မင္းတို႔ ေစာင့္ေနၾကတဲ့ ဆရာကို ငါေတြ႕လိုက္မိတယ္ ထင္တယ္။ အင္း... သူက အရပ္သိပ္မျမင့္ဘူး၊ ၿပီး‌ေတာ့ လက္ထဲမွာ မူလတန္းေက်ာင္းသားေတြအတြက္ သင္ၾကားေရးပစၥည္းေတြ ကိုင္ထားတယ္။ မူလတန္းေက်ာင္းသားေတြဆိုတာက ကေလးေတြကို ေျပာတာ။ ေနရာတကာ ေျပးလႊားခုန္ေပါက္ေနၾကတဲ့ ဟာေလးေတြေလ။ သင္ၾကားေရးပစၥည္းေတြဆိုတာ စာအုပ္ကိုေျပာတာ။ စာအုပ္... သိလား? မင္းကိုင္ထားတဲ့ဟာမ်ိဳးေလ... အဲ့ဒါက ကေလးေတြအတြက္ စာအုပ္"

နန္ရွန္းမွာ သူဆိုလိုသည္ကို နားလည္ႏိုင္ရန္ ႀကိဳးစားပမ္းစား နားေထာင္လ်က္ မ်က္ခုံးမ်ားကို တြန႔္ခ်ိဳးေနေလသည္။

ခ်ဴဟြမ္ : "ဒါေပမယ့္ ငါကားေပၚက ဆင္းေတာ့ သူ႔ကို ထပ္မေတြ႕ေတာ့ဘူး။ ငါထင္တာေတာ့ လမ္းတစ္ဝက္မွာ သူ႔အေနနဲ႔ ကိစၥတခ်ိဳ႕ႀကဳံခဲ့လို႔ ႐ုတ္တရက္ ဦးတည္ရာေျပာင္းလိုက္ရတယ္ထင္တယ္..."

နန္ရွန္း၏ အမူအရာမွာ ညႇိဳးငယ္မွိန္ေဖ်ာ့သြားေပ၏။

‌ေရွာင္ဖန္းသည္ကား ဘာျဖစ္ေနသည္ကို နားမလည္ႏိုင္ဘဲရွိလ်က္ ဟိုၾကည့္သည္ၾကည့္ျဖင့္ စိတ္ပူမႈေၾကာင့္ မ်က္ႏွာတစ္ခုလုံး နီရဲလာေလေတာ့သည္။

ခ်ဴဟြမ္က သူ႔ေလသံကို ခ်က္ခ်င္းေျပာင္းလိုက္၏။
"ဒါေပမယ့္ ေနာက္က် သူလာရင္လာမွာပါ။ ေနာက္ထပ္ ရက္နည္းနည္းေလာက္ ထပ္ၾကာရင္ေလ..."

သူ၏ ႏွစ္သိမ့္မႈမွာ အခ်ည္းႏွီးပင္။ နန္ရွန္းတစ္ေယာက္ မည္မွ်နားလည္ႏိုင္သည္ကို မသိပါေပ။

႐ုတ္တရက္ နန္ရွန္းက သက္ျပင္းခ်လိုက္ကာ ေခါင္းကို အနည္းငယ္ေမာ့၍ သူ႔မ်က္လုံးမ်ားကို ေမွးစင္းထားေပသည္။ ေခ်ာေမာလွသည့္ မ်က္ႏွာထက္တြင္ အေရးေၾကာင္းမ်ား ထင္းလာကာ ခိုင္ၿမဲစြာ စိုက္ထူထားေသာ အထီးက်န္ေနသည့္ ေက်ာက္သား႐ုပ္ထုႀကီးႏွယ္ ရွိေနေလသည္။

သူက တစ္ခဏမွ်ၾကာေအာင္ စကားတစ္လုံးမွ်မဟဘဲရွိေသာ္လည္း ခ်ဴဟြမ္အေနျဖင့္ သူ၏ ဝမ္းနည္းစိတ္ပ်က္မႈကို ခံစားႏိုင္ပါ၏။

ဘာသာစကားမ်ား မလိုအပ္ပါေခ်။

"ငါ ... ငါက မေကာင္းဘူး"
နန္ရွန္းက တိုးညင္းစြာ ေျပာလာေပသည္။
"လာမွာမဟုတ္ဘူး"

သူ၏ သင္ယူမႈစြမ္းရည္မွာ ခ်ဴဟြမ္ကို အံ့အားသင့္သြားေစေပ၏။ ေစာေစာက နန္ရွန္းတစ္ေယာက္ အဘိဓာန္ကိုသုံး၍ စာလုံးမ်ားကို ရွာေနစဥ္တြင္ အမွားမ်ား အလြန္မ်ားေနေသာေၾကာင့္ ခ်ဴဟြမ္အေနျဖင့္ ဆက္သြယ္ေျပာဆိုရာ၌ ပို၍ ေခ်ာေမြ႕အဆင္ေျပေစရန္ သူၫႊန္ျပသမွ် စာလုံးတိုင္းကို အသံထြက္၍ ဖတ္ျပခဲ့ေလသည္။ သူသည္ ယခုတည္းက စာလုံးအမ်ားစုကို မွတ္မိေနၿပီျဖစ္ၿပီး အသံထြက္ကိုလည္း ၿပီးျပည့္စုံစြာ လိုက္ေျပာႏိုင္ေလ၏။ ဤစာေၾကာင္းမွာ သိပ္၍ အက်ိဳးသင့္အေၾကာင္းသင့္ မရွိေသးဘဲ စကားလုံးအသုံးအႏႈန္းမွာလည္း ေၾကာက္စရာေကာင္းေလာက္ေအာင္ ႐ိုးရွင္းေသာ္လည္း ခ်ဴဟြမ္တစ္ေယာက္ အမွန္ပင္ နားလည္ႏိုင္ေပသည္။

ခ်ဴဟြမ္က ေခတၱမွ် တုန႔္ဆိုင္းသြားၿပီးေနာက္ ေျပာျပလိုက္သည္။ 
"တကယ္ေတာ့ မင္းတို႔ ဆရာလိုတယ္ဆိုရင္ မင္းတို႔ရဲ႕ အုပ္ခ်ဳပ္ေရးအရာရွိကို သြားရွာႏိုင္တယ္။ ဥပမာ မင္းတို႔႐ြာသူႀကီး ဒါမွမဟုတ္ မ်ိဳးႏြယ္စုေခါင္းေဆာင္တို႔ လိုမ်ိဳးေပါ့။ သူတို႔ကို ခ႐ိုင္ဆီ ေလွ်ာက္လႊာတင္ခိုင္း။ ႏွစ္တိုင္းမွာ တကၠသိုလ္ေက်ာင္းသားေတြက အကူဆရာလုပ္ဖို႔ စာရင္းေပးၾကတယ္ေလ... "

ဤစကားမ်ားကို ေျပာၿပီးသည့္ေနာက္ ခ်ဴဟြမ္မွာ တစ္ဖက္လူက နားမလည္ႏိုင္ေလာက္ဟု ခံစားမိေသာ္လည္း ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ မည္သို႔ ရွင္းျပရမည္ကို သူမသိေတာ့ပါေလ။

နန္ရွန္းက ဖ်စ္ညႇစ္၍ ၿပဳံးျပလိုက္ကာ ေခါင္းခါျပေလ၏။
"မေကာင္းဘူး။ လာမွာမဟုတ္ဘူး"

ထို႔ေနာက္ နန္ရွန္းက ထလိုက္ကာ ခ်ဴဟြမ္အတြက္ ေမြ႕ယာကို ယူေပးလ်က္ မ်က္မွန္ႏွင့္ သူလဲေပးထားေသာ အဝတ္မ်ားကိုယူလာကာ အိပ္ယာေဘး လွမ္းယူရန္လြယ္ေသာေနရာတြင္ တင္ထားေပးေလသည္။ အဝတ္မ်ားေပၚမွ ေသြးစြန္းကြက္မ်ားမွာ ေျပာင္စင္ေနေအာင္ ေလွ်ာ္ဖြပ္ေပးထားၿပီး ျဖစ္ေခ်သည္။ သူႏွင့္အတူေဆာင္ထားေသာအရာမ်ားျဖစ္သည့္ ဓားေျမႇာင္ႏွင့္ ေသနတ္မ်ားမွာ နဂိုေနရာတြင္ပင္ ရွိေနၿပီး သူအၿမဲသယ္ထားသည့္ ေဆးပစၥည္းအိတ္ကေလးသည္ပင္ အိတ္ထဲ၍ ပုံစံမယြင္းရွိေနေသးကာ တစ္ဖက္လူက ဘာကိုမွ် ထိပင္မၾကည့္ထားသည့္ႏွယ္ပင္။

ခ်ဴဟြမ္ : "နန္ရွန္း..."

နန္ရွန္းက လက္ညႇိဳးတစ္ေခ်ာင္း‌ေထာင္ျပလ်က္ သူ႔စကားကို ျဖတ္လိုက္ကာ က်ိဳထားေသာေဆးတစ္ဇလုံကို သူ႔ထံသယ္လာေပ၏။

စိမ္းေ႐ႊေ႐ႊ ကပ္ေစးေစးအရာမ်ား အျပည့္ပါသည့္ ဇလုံတစ္လုံး။ အျပင္ပန္းပုံအရပင္လွ်င္ အလြန္ ဆိုး႐ြားရက္စက္လွေသာ္လည္း ထိုအခ်ိန္တြင္ ခ်ဴဟြမ္ကိုယ္တိုင္ပင္လွ်င္ ဘာေၾကာင့္မွန္းမသိလိုက္ဘဲ ေမွ်ာ္လင့္မထားရေလာက္ေအာင္ ဘာမွမေျပာမဆိုႏွင့္ တစ္ဇလုံလုံးကုန္သည္အထိ ေသာက္လိုက္မိေပသည္။

နန္ရွန္းက သူ႔ကိုတြဲ၍ လွဲခ်ေပးလိုက္ကာ ျပတင္းေပါက္ဆီ ေလွ်ာက္သြားၿပီးေနာက္ သစ္႐ြက္တစ္႐ြက္ထုတ္လာေလသည္။ သစ္႐ြက္ပုေလြဆီမွ သံစဥ္ေလးမွာ တစ္ဖန္ျပန္၍ ထြက္ေပၚလာခဲ့ၿပီ။ ယခုတစ္ႀကိမ္တြင္မူ သံစဥ္မွာ သိပ္မျမဴးေတာ့ဘဲ ဝမ္းနည္းပူေဆြးမႈလည္းမပါ၊ ျပင္းထန္လွသည္လည္း မဟုတ္ပါေသာ္လည္း ဆြဲဆြဲငင္ငင္ႏွင့္ ရွည္လ်ားေနေသာ အဆုံးသတ္သံစဥ္ေၾကာင့္ အနည္းငယ္ အထီးက်န္ေနပုံေပါက္ေနေပသည္။

ခ်ဴဟြမ္ကား သူ႔အေနျဖင့္ အိပ္မေပ်ာ္ႏိုင္ဟု ေတြးေနမိ၏။ ေၾကာင္တစ္ေကာင္သည္ပင္လွ်င္ သူ႔ကို ႏိုးေစေလရာ တစ္ခန္းတည္းတြင္ လူႀကီးႏွစ္ေယာက္ႏွင့္ အတူေနေနရသည္မွာ ေျပာစရာပင္ မလိုေတာ့ပါေခ်။ သို႔ရာတြင္ သစ္႐ြက္ပုေလြ၏ သံစဥ္ၾကားတြင္ သူ႔အေနျဖင့္ တျဖည္းျဖည္းငိုက္မ်ဥ္းလာၿပီး သူကိုယ္တိုင္ပင္ မသိလိုက္ရမီတြင္ သူ႔အေနျဖင့္ အိပ္ေပ်ာ္လုေပ်ာ္ခင္ ျဖစ္ေနေလၿပီ။

နားလည္မႈလြဲေနသည္ကို ရွင္းရွင္းလင္းလင္းေျဖရွင္းရန္ လိုအပ္၏။ သူႏိုးလာခ်ိန္တြင္ ထိုႏွစ္ေယာက္က ထြက္သြားႏွင့္ၿပီး ျဖစ္ေနပါလွ်င္ေရာ?

သူ႔အေနျဖင့္ သူ႔စိတ္ႏွလုံးကို ေပ်ာ္႐ႊင္ေစေသာ ေစာေစာက သစ္႐ြက္ပုေလြ၏ ေက်းလက္သံစဥ္ေလးကို အမွန္တကယ္ပင္ ေနာက္တစ္ႀကိမ္ထပ္၍ နားဆင္လိုလွပါသည္။

သူအိပ္တစ္ဝက္ႏိုးတစ္ဝက္အခ်ိန္တြင္ ခ်ဴဟြမ္တစ္ေယာက္ ႐ုတ္တရက္ အေတြးေပၚလာေလ၏။
/ငါ သူတို႔နဲ႔ လိုက္သြားလို႔ရတာပဲ/

ခ်က္ခ်င္းပင္ ဤအႀကံမွာ သူ႔အေနျဖင့္ စိတ္ကူးယဥ္ျခင္းသက္သက္သာ ျဖစ္သည္ဟု ထင္ျမင္မိေပသည္။ ေဝးလံ‌ေခါင္ဖ်ားသည့္ တိုင္းရင္းသားေဒသမ်ားတြင္ တ႐ုတ္စာသင္ရန္ေလာ? သူသည္ သင့္ေတာ္သည့္ေမဂ်ာမွပင္ မဟုတ္ေခ်။

/"ငါေတာ့ ေသာက္တာမ်ားသြားၿပီ ထင္တယ္" /
သူက သူ၏ ေပါက္ကရလုပ္မႈမ်ားကို ဤစာတစ္ေၾကာင္းျဖင့္ ေျဖရွင္းလိုက္ေလေတာ့သည္။

-----------------------------

Please support CRPH. အေရးေတ္ာပုံ ေအာင္ရမည္ 💪

18. 4. 2021

❤❤❤

Continue Reading

You'll Also Like

988K 58.7K 40
( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့​ကြောင့်တစ်စုံတစ်ရာ နာမည်...
235K 20.4K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
606K 69K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...