တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်...

Bởi SuzanneM4Y

24K 2.9K 200

Original novel - Of Mountains and Rivers (Shan He Biao Li - 山河表里) by Priest Year - 2015 No. of chapters - 77... Xem Thêm

Introduction
Story Brief
Chapter - 1: Prologue
Chapter -2: Prologue
Chapter - 3: Prologue
Chapter - 4: Prologue
Chapter - 5: Prologue
Chapter - 7: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 8: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 9: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 10: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 11: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 12: ဤကမ္ဘာ (ဤကမာၻ)
Chapter -13: ဤကမ္ဘာ (ဤကမာၻ)
Chapter - 14: ဤကမ္ဘာ (ဤကမာၻ)
Chapter - 15: ဤကမ္ဘာ (ဤကမာၻ)
Chapter - 16: ဤကမ္ဘာ (ဤကမ႓ာ)
Chapter-17: ဤကမ္ဘာ ( ဤကမာၻ )
Chapter-18: ဤကမ္ဘာ ( ဤကမာၻ )
Chapter-19: ဤကမ္ဘာ ( ဤကမာၻ )
Chapter-20: ဤကမ္ဘာ ( ဤကမာၻ )
Chapter-21: ဤကမ္ဘာ ( ဤကမာၻ )
Chapter-22: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 23: ဤကမ္ဘာ ( ဤကမာၻ )
Chapter-24: ဤကမ္ဘာ ( ဤကမာၻ )
Chapter-25: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-26: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-27: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter - 28: အခြားကမ္ဘာ (အျခားကမာၻ)
Chapter - 29: အခြားကမ္ဘာ (အျခားကမာၻ)
To my translation readers
Chapter - 30: အခြားကမ္ဘာ (အျခားကမာၻ)

Chapter - 6: ဤကမ္ဘာ ( ဤကမာၻ )

485 79 0
Bởi SuzanneM4Y

(Uni)

လေတွင် မျောလွင့်နေသော ဖဲကြိုးနက်ကဲ့သို့ ဆံနွယ်ရှည်များ 

လမ်းကြောင်းအတိုင်း မောင်းနှင်လာသော အဝေးပြေးယာဉ်မှာ ခရိုင်မြို့များနှင့် နယ်မြို့ငယ်လေးများကို ဖြတ်ကျော်လာပြီးနောက် ကြက်ပျံ၍ ခွေးခုန်နေသကဲ့သို့*ရှိသော ခရီးသည်များမှာ တဖြည်းဖြည်းနှင့် ဆင်းသွားကြလေသည်။
[ကြက်ပျံ၍ ခွေးခုန်နေသကဲ့သို့ - ဖရိုဖရဲနဲ့ ကမောက်ကမ ပရမ်းပတာတွေ ဖြစ်နေတဲ့ အခြေအနေမျိုးကို ဖော်ပြတာပါ။]

နောက်ဆုံး ရွာငယ်လေးတစ်ခုကို ဖြတ်ကျော်လာခဲ့ပြီးသည့် အချိန်တွင်မူ ကားပေါ်တွင် လူနှစ်ယောက်သာ ကျန်ခဲ့လေတော့၏။ မျက်မှန်တပ်ထားပြီး ကျောင်းသားတစ်ယောက်၏ ပုံစံသွင်ပြင်မျိုးရှိသော လူငယ်တစ်ယောက်နှင့် ကားပေါ်တက်လာကတည်းက နောက်ဆုံးတန်းတွင် မလှုပ်မယှက်အိပ်နေသောသူတစ်ယောက်တို့ ဖြစ်ပေသည်။

ကားဆရာက အပေါ့အပါးသွားရန် ကားပေါ်မှ တစ်ခါဆင်းသွားပြီး ပြန်လာသောအခါတွင် သူ၏ အသံကို မြှင့်လျက် ကားပေါ်မှ လူနှစ်ယောက်ကို အသံနေအသံထားခပ်လေးလေးရှိသော မန်ဒရင်းဘာသာစကားဖြင့် ပြောလိုက်၏။
"ဝေ့... ကားပေါ်က ဆင်းချင်တဲ့သူတွေ အခု ဆင်းသွားလို့ရတယ်နော်။ မင်းတို့ ဒီမှတ်တိုင်မှာ မဆင်းရင် နောက်ထပ် ခုနစ်နာရီကြာတဲ့ထိ ဘယ်မှာမှ ဆင်းစရာမရှိတော့ဘူး"

တံခါးနားတွင် ထိုင်နေသော လူငယ်လေးမှာ ခပ်နွမ်းနွမ်းခရီးဆောင်အိတ်ကြီးကို လက်ဖြင့်ပိုက်လျက် အနည်းငယ် စိတ်မသက်မသာဖြစ်နေဟန် ရှိလေသည်။ သူ့ကြည့်ရသည်မှာ ကားပေါ်မှဆင်းချင်နေပုံပေါ်နေသကဲ့သို့ ဆင်းရမည်ကိုလည်း တွန့်ဆုတ်နေပုံရကာ ရှေ့ကြည့်လိုက် နောက်ကြည့်လိုက်ဖြင့် သူ့ဘဝ၏ အရေးကြီးလှသော လမ်းဆုံတစ်ခုတွင် ရပ်နေသည့်နှယ် ရှိပေသည်။

ခေတ္တမျှအကြာတွင် ကားဆရာကို အသံတိုးတိုးလေးဖြင့် ပြောလာလေ၏။
"ဆရာကြီး... အဲ့တောင်ပေါ်မှာနေတဲ့သူတွေအဖို့ အပြင်ထွက်ဖို့က အဆင်မပြေတာလား?"

ကားဆရာက အထက်စီးလေသံဖြင့် ပြန်ဖြေလေသည်။
"ငါတို့ နယ်ဘက်တွေမသွားဘူး။ ခရိုင်မြို့ကိုပဲ သွားတာ။ ခရိုင်မြို့ကလည်း အဆင်ပြေပါတယ်။ အဲ့မှာ တောင်တစ်တောင်ရှိတယ်။ အဲ့အကြောင်းကြားဖူးလား? အဲ့မှာ လျှိုမြောင်တွေ လိုဏ်ဂူတွေ အများကြီးရှိတယ်..."

လူငယ်လေးမှာ စိတ်တခြားလူတခြားဖြင့် ခေါင်းသာ ခါနေလေ၏။

ကားဆရာက သူ၏ငှက်သိုက်ဆံပင်နှင့်ခေါင်းကို ကုတ်လိုက်မိလေသည်။
"အာ... အဲ့ဒါက ဘယ်လိုခေါ်လဲဆိုတာတော့ ငါမမှတ်မိတော့ဘူး။ ဘာပဲဖြစ်ဖြစ် အဲ့ဒါက ခရီးသွားတွေအတွက် အထင်ကရနေရာတစ်ခုပဲ။ မြို့ကနေ ကားတွေနဲ့ လာကြတဲ့ ခရီးသွားတွေတော့ အများကြီးပဲ။ ဆိုတော့... အဲ့မှာ လူတွေတော့ တော်တော်များများရှိပါတယ်"

လူငယ်မှာ တုန်တုန်ယင်ယင်ဖြင့် မေးလာပြန်လေ၏။
"ရွာကရောဟင်?"

ကားဆရာ : "အိုး... ခရိုင်တစ်ခုမှာ မြို့နယ်ဘယ်နှခုရှိပြီး မြို့နယ်တစ်ခုမှာ ရွာဘယ်နှရွာရှိတယ်ဆိုတာ ငါဘယ်သိနိုင်ပါ့မလဲ။ အဲ့ဒါတွေက ဆိတ်ချေးတုံးတွေလိုမျိုး နေရာအနှံ့ပြန့်ကျဲနေတာကို။ ရွာကနေ ခရိုင်မြို့ဆီကို ကားမရှိဘူး။ မင်း မြည်းလှည်းမစီးချင်ဘူးဆိုရင် တောင်ပေါ်ကို ခြေထောက်နဲ့တက်ဖို့ပဲရှိတယ်။ တောင်ကောင်းကောင်းမတက်တတ်ဘူးဆိုရင်တော့ ခြေချော်သွားပြီး ဘုန်းကနဲ ပြုတ်ကျသေမှာပဲ! "

လူငယ်လေးကား ရက်စက်လှသည့် "ဘုန်းကနဲ"ဟူသော မြည်သံစွဲအလင်္ကာကို နားထောင်ရင်းဖြင့် ချက်ချင်းပင် သူ့မျက်နှာမှာ မည်းကနဲဖြစ်သွားပေသည်။

ဤတောင်ပတ်လမ်းပေါ်တွင် မောင်းနှင်သော ကားဆရာတစ်ယောက်ထံမှ မျှော်လင့်ထားနိုင်သည့်အတိုင်း သူ့ပါးစပ်မှ မထွက်ရဲသော ပေါက်ကရဟူ၍ မရှိပေ။

"လမ်းလျှောက်ရမှာကို မပြောနဲ့ဦး၊ ငါတို့ အခုဒီနေရာကနေ ခရိုင်မြို့ကို သွားတာကိုပဲ ပြောရရင် မိုးလေးနည်းနည်းရွာတာနဲ့ ဘယ်သူက သွားရဲတော့မလဲ... တောင်ထိပ်ကနေ ထိုးဆင်းပြီး ကျောက်ဆောင်တွေပေါ် ပြုတ်ကျ... ဘုန်း... အကုန်အတူတူသေ။ ဒါမှမဟုတ် ရွှံ့တွေကျန်ခဲ့ပြီး ချောနေတဲ့လမ်းကို ဘယ်သူမှ သန့်ရှင်းရေးမလုပ်လို့ မတော်တဆ သတိလွတ်သွားတာနဲ့ ကမ်းပါးကိုလွန်ပြီး ချော်ကျသွားရင်... ဘုန်း... အားလုံးအတူတူထပ်သေ... "

ကားဆရာကြီးသည်ကား စကားပြောအရာတွင် ထူးချွန်ပြောင်မြောက်လှသူတစ်ယောက်ဟု အသိအမှတ်ပြုရပေမည်။ စကားလေးသုံးခွန်းလောက်နှင့်ပင် နားထောင်နေသူတို့မှာ သုံးခါမျှ သေလိုက်ရှင်လိုက်ဖြစ်နေပြီးဖြစ်ချေ၏။ လူငယ်လေးမှာ ဤစကားတွင် တည့်တည့်ထိသွားကာ သူ၏ ခရီးဆောင်အိတ်ကြီးကို မ၍ ကားပေါ်မှ တစ်ချိုးတည်း ဆင်းပြေးလေတော့သတည်း။

ကားဆရာကမူ သူ့ဟာသူ ပြန်၍ သဘောကျနေပေသည်။
"အဲ့ မြို့က မျက်နှာဖြူကောင်လေးက ပြေးသွားလိုက်တာဆိုတာ ယုန်ထက်တောင်မြန်သေး... ဝေ့ နောက်က တစ်ယောက် မင်း ခရိုင်မြို့ရောက်တဲ့ထိ အဲ့ချောင်ထဲမှာ ထိုင်နေချင်တယ်ဆိုတာ သေချာလား? မင်း ကားပေါ်က မဆင်းဘူးဆိုရင် မောင်းပြီနော်။ ခုချက်ချင်းနော်!"

နောက်ဆုံးတန်းမှ လူမှာ ဘာမှပြန်မပြောဘဲ အသေကောင်ကဲ့သို့ ဆက်အိပ်နေပေ၏။

ထိုသူသည် အရောင်ရင့်ရင့် မိုးကာကုတ်အရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး ကော်လံကို အတော်မြင့်မြင့် ထောင်ထားသည်မှာ သူ့မျက်နှာတစ်ခုလုံးကိုပင် ဖုံးလုနီးရှိနေသောကြောင့် သူ့ရုပ်ရည်သွင်ပြင်ကို မမြင်ရချေ။ သူသည် ရှည်ရှည်သွယ်သွယ်ပင် ဖြစ်ပြီး လက်တစ်ဖက်ကိုသာ မြင်နေရကာ လက်ခလယ်တွင် ပလက်တီနမ်လက်စွပ်တစ်ကွင်း ဝတ်ဆင်ထားလေသည်။ သူ့လက်ချောင်းများမှာ သွယ်လျသော်လည်း ဖြူဖျော့လှပြီး အသွင်အပြင်အရဖြစ်စေ၊ ဝတ်ပုံစားပုံအရဖြစ်စေ သူ့ကြည့်ရသည်မှာ တောင်ပေါ်သားတစ်ယောက်နှင့် မတူပေ။

ကားဆရာမှာ တစ်နှစ်ပတ်လုံး ခရီးစဉ်အရှည်ကြီးများ မောင်းနှင်နေကျ လူလည်ကြီးတစ်ယောက်ဖြစ်လေ၏။ သို့သော်ငြား ကားပေါ်တွင် တစ်ယောက်တည်းလိုက်လာသော လူငယ်တစ်ယောက်နှင့် တွေ့ဆုံကာ တခြားခရီးသည်လည်းမရှိဘဲ ခရီးကလည်း အရှည်ကြီးကျန်သေးလေရာ သူ့နှလုံးအိမ်ထဲမှ အနည်းငယ်ကြောက်ရွံ့လာမိပေသည်။

ကားဆရာက အလွန်တုန့်ဆိုင်းစွာဖြင့် ကားစက်နှိုးလိုက်ပြီး နောက်ခုံမှလူကို စကားစကြည့်ရန် ကြိုးစားနေဆဲပင် ဖြစ်၏။
"မောင်ရင်က အမျိုးတွေဆီ သွားမလို့လား?"

ပြန်မဖြေပါချေ။

ကားဆရာက ရှက်ရှက်ဖြင့်ပင် နောက်သို့ လှည့်ကြည့်လာကာ နောက်ထပ်မေးခွန်းများ ထပ်မမေးရဲတော့ပါလေ။ လမ်းကြောင်းအတိုင်း တိတ်ဆိတ်စွာလိုက်လျက် ကားကို မောင်းထွက်လိုက်လေတော့သည်။

တောင်ပတ်လမ်းပေါ်မှ ခရီးမှာ နာရီပေါင်းများစွာ ကြာမြင့်ပေ၏။ မိုးသောက်ချိန်မှ မိုးချုပ်သည်အထိ နောက်ဆုံးတန်းမှ ခရီးသည်မှာ ထလည်းမလာသလို အပေါ့အပါးသွားလိုကြောင်းလည်း တောင်းဆိုမလာပါလေ။

လမ်း၏ အချို့နေရာများမှာ အခြေအနေဆိုးလှပြီး အလွန်ပင် မညီမညာကြမ်းတမ်းလှပေသည်။ ခရီးသည်မှာ မြောက်တက်သွားကာ ပြတင်းပေါက်နှင့် ဒုန်းကနဲ ဆောင့်သွားမိသည်အထိပင် ဖြစ်၏။ သို့ရာတွင် ထိုင်ခုံခါးပတ်ကြောင့် ထိုင်ခုံဆီသို့ ပြန်ကျလာပြန်လေသည်။ သူက ညည်းငြူလိုက်သော်လည်း ကားစက်သံမှာ ကျယ်လောင်လွန်းရကား ကားဆရာက ထိုအသံကို မကြားလိုက်လေ။

ညနေ မှောင်ရီတရောအချိန်ကျမှသာ အဝေးပြေးယာဉ်မှာ မှတ်တိုင်သို့ ရောက်လေတော့သည်။

ကားဆရာအိုကြီးမှာ ကားအိုကြီးကဲ့သို့ပင် အလွန်ပင်ပန်းနေပြီ ဖြစ်ချေ၏။ သူက ကားကို အဝေးပြေးဝင်းထဲသို့ မောင်းဝင်လိုက်ကာ ရပ်နားလိုက်ပေသည်။ ထို့နောက်မှသာ သတ္တိအချို့ရလာပြီး နောက်ဆုံးတန်းသို့သွား၍ မလှုပ်မယှက်ရှိနေသော ထူးဆန်းသည့် ခရီးသည်ကို ခေါ်လိုက်လေသည်။

ကားဆရာက သူ့ပခုံးကို တုန့်ဆိုင်းစွာဖြင့် ပုတ်လိုက်၏။
"ကောင်လေး? ဒီက လူငယ်လေး... ဂိတ်ကိုရောက်ပြီ။ ဒါတော့ အိပ်တာများသွားပြီ"

ထိုသူမှာ ပထမက တုန့်ပြန်မှုမရှိသော်လည်း အကြိမ်ရေတော်တော်များများ တွန်းထိုးလှုပ်နှိုးခံရပြီးနောက်တွင်မူ တစ်ဖက်တွင် တွဲလောင်းကျနေသော လက်တစ်ဖက်မှာ ခက်ခဲစွာ ရုန်းကန်နေရသည့်အလား အနည်းငယ် လှုပ်လာပေသည်။

"ထတော့... ဂိတ်ကို ရောက်နေပြီ" 
ကားဆရာကြီးက သူ့နားရွက်နားကပ်၍ အော်လေတော့၏။
"ကားပေါ်က မြန်မြန်ဆင်းတော့။ ငါ ဗိုက်ဆာလို့ သေတော့မယ်ကွ"

နောက်ဆုံးတန်းမှ ခရီးသည်မှာ ရုန်းကန်၍ ထလာပြီး ထိုင်ခုံခါးပတ်ကို ခက်ခဲစွာဖြုတ်လိုက်ကာ ခေတ္တမျှ လှုပ်ရှားလာပေသည်။ သူက ဟိုဟိုသည်သည်လျှောက်ကြည့်လျက် မျက်ဝန်းများမှာ ရုတ်တရက် စိတ်ရှုပ်ထွေးသွားဟန်ပေါ်ကာ သူ့မျက်နှာမှာလည်း နေ့မှန်းညမှန်းကိုပင်မသိ*သည့် ပုံစံရှိပြီး အိပ်မှုန်စုံမွှားဖြစ်နေသေးသည့်နှယ် ရှိနေ၏။
[နေ့မှန်းညမှန်းကိုပင်မသိ (不知令夕何夕) - စုန့်မင်းဆက်ခေတ် ကဗျာဆရာ ကျန်းရှောက်ရှန်(张孝祥) ရေးစပ်ခဲ့တဲ့ နျန့်နွီကျောင်း(念奴娇 - သင့်ရဲ့ နူးညံ့မှုကို တမ်းတခြင်း) ကဗျာရဲ့ နောက်ဆုံးစာသားတွေပါ။ အဲ့စာသားကို တိုက်ရိုက်ဘာသာပြန်ရရင်တော့ "အခု ဘယ်အချိန်ရောက်နေသည်ကို မသိတော့" လို့ အဓိပ္ပာယ်ရပါတယ်။ ဒီမှာကတော့ ဇာတ်လမ်းအသွားအလာနဲ့ ထောက်မနေအောင် ခုလိုပဲ ပြန်လိုက်တာပါ။ အဆင်မပြေရင် ပြောလို့ရပါတယ်နော်။ ကဗျာတွေဘာတွေကျ ဆူးလည်း သေချာတော့ မကျွမ်းကျင်တာမို့ :D]

တဒင်္ဂမျှလောက် ခရီးသည်မှာ သူ့နှာရိုးပေါ်မှ မျက်မှန်ကို ချွတ်ကာ ခေါင်းကိုငုံ့၍ အင်္ကျီထောင့်စွန်းဖြင့် ပွတ်နေပေ၏။ နောက်ဆုံးတွင်မူ သူ့မျက်ဝန်းများ ကြည်လင်သွားလေတော့သည်။ ရှေ့ခုံ၏နောက်မှီပေါ်တွင် ထောက်ထားသော သူ့လက်မှာ ကြမ်းတမ်းတောင့်တင်းသော ကြွက်သားများနှင့် အရိုးအဆစ်များကို လှစ်ဟပြနေသကဲ့သို့ရှိပြီး မတ်တပ်ရပ်ရန်အတွက် သူ့အင်အားများကို အကုန်သုံးလိုက်ရပုံပေါ်ကာ တစ်ချိန်တည်းတွင်ပင် သူ့အသက်ရှူသံကို အလွန်အမင်းလေးလံနေပုံပေါက်စေရန် ဝင်သက်ထွက်သက်ကို ထိန်းနိုင်သမျှ ထိန်းနေ၏။

"ခြေတွေလက်တွေ ထုံကျဉ်သွားတဲ့အထိ အိပ်လိုက်မိပုံပဲ" 

ကားဆရာကြီးက သူ့သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရသောအခါ ဤပုဂ္ဂိုလ်၏ ပုံစံမှာ စုတ်စုတ်ပြတ်ပြတ်မဟုတ်ဘဲ အဆင့်အတန်းရှိသည်ဟုပင် ဆိုနိုင်ကာ လူဆိုးတစ်ယောက်နှင့် မတူလေရာ စိတ်ဒုန်းဒုန်းချလိုက်ပြီးနောက် ခရီးဆောင်အိတ်များတင်သည့် စင်ပေါ်ကို စစ်ဆေးလိုက်ရင်း အော်လိုက်လေသည်။
"ဝေ့... မင်းအထုပ်အပိုးတွေကရော? အောက်ဘက်မှာလား? ဒါမှမဟုတ် မင်းဒီမှာပဲထားတာကို တစ်ယောက်ယောက်က မတော်တဆ မှားယူသွားတာများလား? "

ခရီးသည်က အသံအက်အက်ဖြင့် ပြန်ဖြေ၏။ 
"မပါဘူး... အဟွတ်... အထုပ်တွေ"

ဤမျှ စကားလေးအနည်းငယ်ကို ပြောရုံမျှနှင့်ပင် သူ့အသံမှာ ကွဲအက်သွားပြီး ဆက်မပြောနိုင်မီ သတိထား၍ သူ့လည်ချောင်းကို ရှင်းလိုက်ရလေသည်။ကားဆရာကြီးက အံ့အားသင့်စွာ ပြောလိုက်မိ၏။ 

"ဘာလို့ သယ်မလာရတာလဲ? ဒီလောက်အဝေးကြီး တစ်ယာက်တည်းလာတာကို အထုပ်အပိုးတွေ သယ်မလာဘူး?"

ခရီးသည်မှာ ခေတ္တမျှ ငြိမ်ကျသွားကာ ထို့နောက်တွင်မူ အလွန်အားနည်းနေသော အသံဖြင့် ပြောလေသည်။
"ကျုပ် ခင်ဗျားကို ဖုံးကွယ်မထားတော့ပါဘူး။ ကျုပ် ကျင့်ကြံနေတာ နှစ်ပေါင်း နှစ်ရာ့ငါးဆယ်ရှိပြီ။ အခုထွက်လာတာ ကပ်ဘေးဒုက္ခအဆင့်ကို ကျော်လွှားနိုင်ဖို့ပဲ။ တကယ်လို့ ကျုပ်က မသေမျိုးဖြစ်မလာဘူးဆိုရင် တစ္ဆေသရဲအဆင့်ကို လျှောသွားဖို့ပဲ ရှိတော့တယ်။ ဒါကြောင့်မို့ ကျုပ်အထုပ်အပိုးတွေ သယ်မလာတာ"

ကားဆရာ : "......"

ကားဆရာသည်ကား အစပိုင်းတုန်းကမူ သူ့ကို စ နေခြင်းသာဖြစ်ကြောင်းကို သိသော်လည်း ခရီးသည်မှာ စကားဆုံးသွားသည့်အခါတွင် ခေါင်းကိုငဲ့၍ သူ့အား ပြုံးလျက် ကြည့်လာပေ၏။ လူငယ်၏ မျက်နှာမှာ ဖြူဖျော့လှပြီး ပါးရိုးနှစ်ဖက်လုံးမှာလည်း ချောင်ကျနေကာ မျက်မှန်မှ အလင်းများရောင်ပြန်ဟပ်နေသည်ကို သူ မြင်လိုက်ရလေသည်။ ထိုသူ၏ တည်ရှိမှုတစ်ခုလုံးမှာ ဝိဉာဉ်နှင့် တူနေသည့်အပြင် ဤကဲ့သို့ အေးအေးဆေးဆေး ထပ်ပြုံးပြလိုက်သည့်အခါတွင်ကား သူ့ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခု လွှမ်းခြုံသွားပေတော့သည်။ ကားဆရာမှာ ထိုနေရာတွင်ပင် ကြက်သီးများထလာပြီး တစ်ဖက်လူ၏ ပေါက်ကရလေးဆယ်များကို ယုံ‌တော့မတတ် ရှိနေလေ၏။

သူ့အနေဖြင့် နေ့ခင်းတုန်းက လူငယ်လေးကို ခြောက်လှန့်ရန် သုံးခဲ့သော ပေါက်ကရများမှာ မြေမျက်နှာပြင်ပေါ်မှ ရုတ်ချည်းဆိုသလိုပင် ပျောက်ခြင်းမလှ ပျောက်ရှသွားခဲ့ကာ သတိကြီးစွာဖြင့် မေးလာချေသည်။
"ဒါဖြင့်ရင် ကျွန်တော်တို့ဆီကို ဘာလို့များ အလည်လာရတာပါလဲ?"

ခရီးသည်မှာ ကားဆရာကြီးကို ပခုံးချင်းတိုက်သွားပြီး သာယာနာပျော်ဖွယ်ရှိလှစွာသော နက်ရှိုင်းဩရှသည့် အသံနိမ့်နိမ့်ဖြင့် ဆိုလေ၏။ 
"စိမ်းလန်းတဲ့ တောင်ကုန်းတွေနဲ့ ကြည်လင်တဲ့ ရေတွေ... အင်း... ပြီးတော့ နည်းနည်းမွှေးပျံ့တယ်"

ကားဆရာကြီးမှာ စူးရှလှသော အနံ့ခံအာရုံဖြင့် သူ့ကိုယ်မှ သွေးနံ့ကို ရလိုက်မိပေသည်။ သည်တစ်ကြိမ်တွင်မူ သူ့မျက်နှာမှာ အမှန်တကယ် ပြောင်းသွားကာ စကားများပင် တုန်ရီထစ်ငေါ့ကုန်လေတော့၏။
"ကြီး... ကြီး... ကြီးမြတ်တဲ့ မသေမျိုးပုဂ္ဂိုလ်ကြီးခင်ဗျာ... ဘ...ဘယ်လို မွှေးရနံ့မျိုးပါလိမ့်?"

ခရီးသည်မှာ နောက်သို့ လှည့်ကြည့်လာပြီး ကားဆရာကြီးကား သူပြောမည့်စကားမှာ "ကျုပ် နှစ်ငါးရာအတွင်း ဒီလောက်မွှေးပျံ့တဲ့ လူ့အသားကို မစားရသေးဘူး" နှင့် ထိုကဲ့သို့သော အလားတူသည့် စကားမျိုးများ ဖြစ်နေမည်ကို ကြောက်ရွံ့လျက်ရှိကာ ကြောက်လွန်း၍ ဒူးနှစ်ဖက်လုံးပင် တုန်နေပေတော့သည်။

သို့ရာတွင် ခရီးသည်မှာ သူ့ကို ကြည့်၍သာနေကာ ညင်သာစွာပြုံးလျက် ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး မိုးကာ၏ ကော်လံအောက်သို့ သူ့မေးစေ့ကို ပြန်ထည့်လိုက်လေသည်။

သူပြောလိုက်သည်မှာ "ကွေ့ဟွား*ပန်းတွေ ပွင့်နေပြီထင်တယ်" ဟုသာ ဖြစ်ပေ၏။
[ကွေ့ဟွား (桂花) - Osmunthus မျိုးရင်း ပန်းလေးတွေပါ။ မြန်မာလိုအခေါ်အဝေါ်တော့ သေချာမသိတာနဲ့ တရုတ်အသံထွက်နဲ့ပဲ ရေးလိုက်ပါတယ်။ အဲ့ပန်းလေးတွေက လက်ဖက်ရည်ကြမ်းထဲလည်း ထည့်သောက်လေ့ရှိကြသလို တချို့မုန့်တွေလုပ်ရင်လည်း ထည့်လေ့ရှိပါတယ်။ ပုံကြည့်ချင်တယ်ဆိုရင် အောက်ဆုံးမှာ ပုံထည့်ပေးထားပါတယ်]

ဤခရီးသည်ကား ချူဟွမ်ပင် ဖြစ်လေသည်။ ကံမကောင်းစွာဖြင့် သစ်ပင်ပေါ်တွင် တွဲလောင်းဆွဲနေရစဉ်က သူ့စိတ်မှာ ထဖောက်သွားလေ၏။ သူ့အနေဖြင့် ဘာကြောင့်မှန်းကို မသိလိုက်ဘဲ လက်လွှတ်လိုက်မိကာ ဤနည်းဖြင့် သိုင်းဝတ္ထုထဲမှ ဇာတ်လိုက်နေရာသို့ ပြိုင်ဘက်ကင်းသိုင်းပညာရှင်တစ်ယောက်အဖြစ် ရောက်ရှိရန် ပထမအဆင့်ကို အောင်မြင်သွားလေတော့သည်။ "ချောက်ထဲသို့ တင့်တယ်ခမ်းနားစွာ ပြုတ်ကျသွားခြင်း" ပေတည်း။

ချူဟွမ်က ကမ်းပါးတစ်လျှောက် လိမ့်ဆင်းသွားကာ အညိုအမည်းစွဲသည်အထိ ဒလိမ့်ခေါက်ကွေးကျလျက် ခြေကျင်းဝတ်ပင် အဆစ်လွဲသွားချေ၏။

ကံကောင်းသည်မှာ ဤလောကမှ ကြီးကျယ်မြင့်မြတ်လှစွာသော ထိပ်တန်းသိုင်းပညာရှင်ကြီးများကဲ့သို့ပင် သူသည် အရေထူလှပြီး တော်ရုံတန်ရုံ အထုအထောင်းခံနိုင်ရန် လုံလောက်သော သွေးများ ပေါများလျှံပယ်စွာ ရှိလေရာ သေမသွားခဲ့ပေ။

ကံဆိုးသည်မှာကား တောင်အောက်ခြေတွင် ဘဝတစ်သက်စာ သိုင်းပညာများကို သူ့ထံလွှဲပြောင်းပေးမည့် မည်သည့် "ကုန်းယန်*"ဟု အမည်ရသည့် နတ်ဘုရားကဲ့သို့သော စွမ်းအားပိုင်ရှင်မျှ ရှိမနေခဲ့ပါလေ။ ကြောက်လန့်၍ အော်မြည်ကာ ထွက်ပြေးသွားကြသော ဆိတ်တိရစ္ဆာန်များသာ ရှိနေခဲ့ကာ ထိုထဲမှတစ်ကောင်မှာ ညှာတာမှုကင်းမဲ့စွာဖြင့် သူ့အနာပေါ်သို့ပင် တက်နင်းသွားပေသေးသည်။
[ကုန်းယန် (公羊)- တိုက်ရိုက်ဘာသာပြန်ရင် "ဦးဆိတ်ထီးကြီး"လို့ အဓိပ္ပာယ်ရပါတယ်။ နောက်စာကြောင်းမှာ ဆိတ်တွေပဲတွေ့တယ်လို့ ပါတာကို ပိုပြီးဟာသမြောက်သွားအောင် အဲ့လိုနာမည်ကို ပေးထားတာပါ။ မြန်မာလို ဘာသာပြန်လိုက်တော့ မူရင်းတရုတ်လိုလောက်တော့ သိပ်မရယ်ရတော့ဘူးပေါ့နော် ('~') ]

ချူဟွမ်တစ်ယောက် အားအင်အချို့ ပြန်မရလာမီ ထိုနေရာတွင် မည်မျှကြာအောင် လဲလျောင်းနေခဲ့ကြောင်း မသိပါချေ။ သူက စိတ်ညစ်ညူးစွာပင် သူ့ခြေကျင်းဝတ်ကို မြှောက်ထားရင်း ဒဏ်ရာကို အလျင်စလို စည်းနှောင်လိုက်လေ၏။

ချူဟွမ်အနေဖြင့် ထိုအကြောင်းကို အနာဂတ်တွင် တစ်ပါးသူများအား မည်သို့ ပြောပြရမည်ကို မသိတော့ပေ။ သူ ပြုတ်ကျသွားခြင်းပေလော၊ သို့တည်းမဟုတ် သူ့ဟာသူ ခုန်ချလိုက်မိခြင်းပေလော?

သူသည် အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်လိုက်ပြီးနောက် နှစ်ခုလုံးမှာ အတော်လေးရှက်စရာကောင်းကြောင်း တွေးမိလေသည်။ ဤအခြင်းအရာမှာ သူ့ဘဝ၏ မဲမှောင်နေသော သမိုင်းကြောင်းတွင် အရောင်အသွေး စုံလင်သိပ်သည်း*မှုအရှိဆုံး စုတ်ချက်တစ်ခုပင်ဖြစ်သည်ဟု ခံစားမိပေ၏။ ချူဟွမ်က ဤလျှို့ဝှက်ချက်ကို သူ့အခေါင်းထဲအထိ သယ်ဆောင်သွားရန် ဆုံးဖြတ်လိုက်လေရာ လောင်ဝမ်ကို ဆက်သွယ်ရန် အလျင်စလို မပြုပါချေ။
[အရောင်အသွေး စုံလင်သိပ်သည်း - တစ်ခုခုကို အသေးစိတ် အတိအကျမှတ်မိတာမျိုး ဖြစ်ပါတယ်။]

အနည်းငယ်မျှ လှုပ်နိုင်ရှားနိုင်လာသည့်အချိန်တွင် ချူဟွမ်လုပ်လိုက်သည့် ပထမဆုံးကိစ္စမှာ လက်ကိုမြှောက်၍ သူ့ပါးသူ ပြန်ရိုက်လိုက်ခြင်းပင်။ 

/စကားကို မတည်ခဲ့ဘူး။ လခွမ်းထဲမှပဲ/

နာကျင်မှုက နှိုးဆော်လိုက်သဖြင့် သူ၏ အသက်ရှင်လိုသောဆန္ဒနှင့် စိတ်အခြေအနေမှာ ပုံမှန်သို့ ပြန်ရောက်သွားပေတော့သည်။သူ့ခြေထောက်တွင် ချည်ထားရန် သစ်ချောင်းတစ်ချောင်း ရှာတွေ့ခဲ့ပြီး သူ့၏ ကျည်မှန်ထားသော ပခုံးကို တရွတ်ဆွဲကာ စိတ်ကို စီးကရက်တစ်လိပ်ဖြင့် နိုးကြားတက်ကြွစေလိုက်၏။ အပုံလိုက်ကလေးများ ရှိနေကြသော ဆိတ်ချေးတုံးများနောက်သို့ လိုက်၍ တောင်ပေါ်လမ်းတစ်လျှောက် ကီလိုမီတာအနည်းငယ် လမ်းလျှောက်သွားခဲ့ပြီး နောက်ဆုံးတွင်မူ ဒေသခံများရှိသည့် နေရာတစ်ခုကို တွေ့သွားတော့သည်။

ချူဟွမ်က မတော်တဆ ကားမှောက်ခဲ့သည့်အကြောင်း စကားအနည်းငယ်ခန့်ဖြင့် လုပ်ကြံပြောဆိုလိုက်ပြီးသည့်နောက်တွင် အောင်မြင်စွာဖြင့် ဒေသခံလယ်သမားတို့၏ ယုံကြည်မှုနှင့် စာနာသနားမှုကို ရယူနိုင်ခဲ့လေ၏။ တစ်ညမျှ တည်းခိုနိုင်ရန်အတွက် တောင်းဆိုလိုက်ကာ သူ၏ ညစ်ပတ်ပေရေနေသော ကိုယ်ခန္ဓာကို ဆေးကြောပြီးနောက် သူအမြဲ‌ဆောင်ထားလေ့ရှိသော ရှေးဦးသူနာပြုစုရေး ဆေးအိတ်လေးကို ထုတ်၍ ဒဏ်ရာများကို တစ်ခုချင်းစီ ဆေးထည့်လိုက်လေသည်။ ခေတ္တမျှ အနားယူကာ ပြန်လည်၍ သေသေသပ်သပ်ဖြစ်အောင် ပြင်ဆင်လိုက်ပြီးသည့် နောက်တွင်မူ ဒေသခံများထံမှ သယ်ယူပို့ဆောင်ရေးနည်းလမ်းများကို မေးမြန်းစုံစမ်းလျက် ရွာသားတစ်ယောက်နှင့်အတူ လီတစ်ဆယ်နှင့် ရွာရှစ်ရွာ*ကြား ပြေးဆွဲသည့် ကျွဲလှည်းပေါ်တွင် လိုက်သွားကာ နောက်ဆုံးတွင်မှ အနီးဆုံးခရိုင်မြို့သို့ ဦးတည်သည့် အဝေးပြေးယာဉ်ပေါ် တက်လိုက်သွားခဲ့ခြင်း ဖြစ်ပေ၏။
[လီတစ်ဆယ်နှင့် ရွာရှစ်ရွာ - အနီးအနားပတ်ဝန်းကျင်က ရွာတွေ၊ အနီးအနားပတ်လည်က အကွာအဝေးတချို့ဆိုတဲ့ အဓိပ္ပာယ်နဲ့သုံးတဲ့ စကားစုပါ။ "လီ"ဆိုတာကတော့ တရုတ်အတိုင်းအတာတစ်ခုဖြစ်ပြီး တစ်လီမှာ အကြမ်းဖျင်း မီတာ ၅၀၀ လောက်ရှိပါတယ်။]

ချူဟွမ်စီစဉ်ထားခဲ့သည်မှာ ပထမဆုံးခရိုင်မြို့တွင် ဆင်းရန် ဖြစ်လေသည်။ ကားပေါ်မှ ဆင်းပြီးသည့်နောက်တွင် တည်းခိုရန် နေရာတစ်ခုရှာမည်။ သူ့ကိုယ်သူ အတည်တကျဖြစ်အောင် ဦးစွာ လုပ်ဆောင်ပြီးမှ တစ်စုံတစ်ယောက်အား သူ့ကို လာခေါ်ရန် ဆက်သွယ်လိုက်မည်။ သူ့အနေဖြင့် ကြမ်းတမ်းသည့် တိုက်ပွဲကို ကျော်ဖြတ်ပြီးသည့်နောက် သားသတ်သမား၏ ဓားကို သက်သက်သာသာပင် ကိုင်တွယ်*နိုင်သေးသည့် သွင်ပြင်ကို ထိန်းသိမ်းထားသည့်ပုံမျိုး ပေါ်နေစေရန် အလိုရှိပေသည်။
[သားသတ်သမား၏ ဓားကို သက်သက်သာသာပင် ကိုင်တွယ် - ကိစ္စတစ်ခုကို အေးဆေးဖြေရှင်းနိုင်တယ်လို့ ဆိုလိုတဲ့ စကားပုံပါ။]

ကမ်းပါးပေါ်တွင် ထိန်းချုပ်မှုကင်းမဲ့သွားခဲ့သည့် တစ်ဒင်္ဂ၌ ချူဟွမ်တစ်ယောက် နောက်ဆုံးတွင်မူ သူ့နှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်းကို ဝန်ခံလိုက်ရလေတော့၏။

သူအငြိမ်းစားယူသည့် သုံးနှစ်အတော်အတွင်း ချူဟွမ်သည် ထောင်ကျနေသကဲ့သို့ နေထိုင်ခဲ့ခြင်းဖြစ်ပေသည်။ သူငယ်ချင်းဟူ၍ပင် မရှိခဲ့ဘဲ သူ့အဆက်အသွယ်များဟူ၍ လောင်ဝမ်၊ ချူအိုက်ကော်နှင့် သူနာပြုအကူတို့သာ ရှိလေ၏။ သူ့အနေဖြင့် ဆယ်ရက်မှ လဝက်လောက်အထိ မည်သည့် သက်ရှိကိုမျှ မမြင်ရသည်နှင့် ဆယ်ရက်မှ လဝက်လောက်အထိ သူသည် စကားတစ်လုံးမျှ ပြောမည်မဟုတ်ချေ။ သူနှင့် အတူနေသော ကြောင်ကိုပင် သူ၏ အဖော်အဖြစ် အတင်းအကြပ် စဉ်းစားယူရမည် ဖြစ်လေသည်။

သို့ရာတွင် ချူဟွမ်ပြောနိုင်သည်မှာ ထိုကြောင်သည် သူနှင့် မရင်းနှီးရုံမျှမက သူ့ကို အနည်းငယ် ကြောက်နေပုံပင် ပေါ်ချေ၏။

ချူဟွမ်ကား သူ့အနေဖြင့် မည်သည့်အရာက ကြောက်စရာကောင်းနေသည်ကို နားမလည်နိုင်ပါလေ။ သူသည် ကြောင်နှင့် အတူတူထိုင်ကာ ဘဝကြီးနှင့်ပတ်သက်သော သူ၏ တွယ်တာမှုများကို စကားစမြည်ပြောသည့် အလေ့အထမျိုး မရှိသော်ငြား ၎င်းကို တစ်ခါမျှ မနှိပ်စက်ဖူးပါပေ။ ၎င်း၏ မူရင်းပိုင်ရှင်ကျွေးသည်ကိုပင် သူကလည်း ကျွေးပါ၏။ ၎င်းရောက်လာခါစက မရင်းနှီးသည့် ပတ်ဝန်းကျင်အသစ်တွင် နေသားမကျလေရာ နေရာအနှံ့လျှောက်ပြေးလျက် ပစ္စည်းအတော်များများ ခွဲပစ်သော အချိန်အခါတစ်ခု ရှိခဲ့ဖူးလေသည်။ ချူဟွမ်မှာ တိတ်ဆိတ်စွာပင် ရှင်းလင်းသိမ်းဆည်းလျက် ၎င်းကို အော်ငေါက်ခြင်းမျိုး မပြုခဲ့ပါချေ။ သူတွေးမိသည်မှာ ဤသတ္တဝါသည် ကြောင်အိုကြီးဖြစ်နေပြီဖြစ်ပြီး ၎င်းမှာ အသက်အတော်ရလာပြီဖြစ်၍ အနည်းငယ် မျက်နှာသာပေးသင့်သည် ဟူ၍ပင်။

ထိုကိစ္စမှာ အလုပ်မဖြစ်သည်ကား နှမြောစရာပင် ဖြစ်သော်လည်း မည်သို့ပင် ဆိုစေကာမူ သူ့အနေဖြင့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်မွေးခြင်းနှင့် အခန်းဖော်တစ်ယောက်ထားခြင်းတို့ကြားမှ ကျင်းနှင့် ဝေ့မြစ်တို့၏ ထင်ရှားလှသော ကွဲပြားမှု*ကို မည်သည့်အခါကမျှ မမြင်နိုင်ခဲ့ပါလေ။
[ကျင်းနှင့် ဝေ့မြစ်တို့၏ ထင်ရှားလှသော ကွဲပြားမှု - ဘာမှမဆိုင်အောင် ကွဲပြားတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ကျင်းမြစ်ဟာ ဝေ့မြစ်ရဲ့ မြစ်လက်တက်တစ်ခုပါ။ ဝေ့မြစ်ကတော့ မြစ်ဝါမြစ်ရဲ့ အကြီးဆုံးမြစ်လက်တက်ဖြစ်ပါတယ်။]

/"ငါ့ကြောင်က သေပြီ။ ဒါပေမယ့် သူမသေခင်မှာ ငါ့ကို နည်းနည်းလောက်ပဲ ဂရုစိုက်ခဲ့တာပဲ"/

ချူဟွမ်က ခုန်ပေါက်နေသော ကားပေါ်တွင် လိုက်ပါလာရင်း ရုတ်တရက် စိတ်ထဲမှ ထူးထူးဆန်းဆန်း အတွေးပေါက်လာပေသည်။

သူသည် လေးလံထိုင်းမှိုင်းနေသော လူကြီးတစ်ယောက်နှယ် ရှိနေပြီး နေ့ရက်အချို့ ကုန်လွန်ပြီးရှိကာမှ သူမြှုပ်နှံခဲ့သော ကိုယ်ခန္ဓာလေးမှာ ဘာဖြစ်သွားခဲ့သည်ဆိုသည်ကို လောလောလတ်လတ်ကမှ ပြန်မှတ်မိလာပုံရလေသည်။

သွေးများ ဆုံးရှုံးထားမှုကြောင့် သူ့ကိုယ်ခန္ဓာမှာ ချမ်းတုန်လာပြီး ဖော်ပြ၍မရနိုင်သော အတက်အကျတို့ဖြင့် စိတ်မှာ အောက်ဆုံးသို့ ထိုးဆင်းသွားပေတော့၏။ ချူဟွမ်မှာ လေများ ဒလဟောဝင်နေသော ကားကြီးပေါ်တွင် နောက်တန်းခုံ၌ မှီရင်း အိပ်ပျော်သွားလေတော့သည်။

ကားက ခုန်သောကြောင့် ချူဟွမ်၏ ဒဏ်ရာများမှာ ပြန်ပွင့်သွားပေသည်။ သူ့အနေဖြင့် တောင်လမ်း၏ ဂိတ်ဆုံးအထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့လေ။ သူ့အနေဖြင့် မှတ်တိုင်မည်မျှ ကျော်လွန်သွားခဲ့သည်ကို သူကိုယ်တိုင်ပင် မသိတော့ချေ။

သူကားပေါ်မှ ဆင်းချိန်တွင် ခေါင်းထဲ၌ မူးနောက်နောက်ဖြစ်နေပြီး ဆောင်းဦးအစ ညဘက်တွင် တိုက်ခတ်နေသော တောင်ပေါ်လေမှာ သူ့ကို တုန်နေစေလေ၏။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်တွင် နာမည်သာရှိသော အဝေးပြေးဂိတ်ကိုသာ မြင်ရကာ ဤနေရာမှာ အတော်လေးကျယ်ဝန်းသော မြေကွက်လပ်တစ်ခုဖြစ်ကြောင်း တွေ့လိုက်ရပြီး ဘေးဘက်တွင်မူ စာလုံးများကို မမြင်ရတော့ပြီဖြစ်သော အဝေးပြေးကားအချက်အလက်များရေးထားသည့် ဆိုင်းဘုတ်တစ်ခု ထောင်ထားပေသည်။ ကားဝင်းထဲတွင် ရပ်နားထားသော အခြားအဝေးပြေးယာဉ်အချို့လည်း ရှိသေးလေ၏။

အနီးအနားတွင် အရွယ်အစားအမျိုးမျိုးသော လှပသည့် ရှုမျှော်ခင်းများရှိသည့် နေရာများ ရှိသည်ဟု ကြားသိဖူးလေသည်။ တိုးတက်ဖွံ့ဖြိုးမှုနှုန်းမှာ မကောင်းလှဘဲ လမ်းပန်းဆက်သွယ်ရေးမှာလည်း အဆင်မပြေချေ။ ဤမြို့တွင် ကားတစ်ဆင့်ပြောင်းစီးရန် လိုလေ၏။ ထို့ကြောင့်ပင် ဆင်းရဲ၍ ခရီးလမ်းခက်ခဲသော ဤခရိုင်မြို့ငယ်လေးမှာ မျှော်လင့်မထားရဘဲ လူအတော်များများရှိနေကာ ကိုယ်ပိုင်အသက်ဝင်မှုတစ်ခုကို ပိုင်ဆိုင်ထားချေသည်။

ချူဟွမ်ကမူ စိတ်ထဲတွင် မည်သို့မျှ မထားပါလေ။ ယခုအချိန်တွင် သူ့အတွက် ခရိုင်မြို့အားလုံးမှာ အတူတူပင်ဖြစ်လေရာ သူ့အနေဖြင့် မှတ်တိုင်ကျော်သွားသည်ဆိုလျှင်လည်း မှတ်တိုင်ကျော်သွားသည်ဟူ၍သာ မှတ်ရမည်ဖြစ်ပေသည်။

သူက ခေါင်းမော့၍ ကြည့်လိုက်သည်တွင် ကားဂိတ်အနီးတွင် "ဧည့်ရိပ်သာ"ဟု ရေးထားသော ဆိုင်းဘုတ်တစ်ခု ရှိနေသည့် အဆောက်အဦတစ်ခုကိုသာ မြင်ရလေ၏။ ကြည့်ရသည်မှာ ဤအနီးတစ်ဝိုက်တွင် အဆင့်အတန်းအမြင့်ဆုံး ဖြစ်နိုင်သော်လည်း ထိုစာလုံးများအထက်တွင် ခေတ်နောက်ကျသော နီယွန်မီးများကို ထွန်းညှိထားဆဲ ဖြစ်ချေသည်။ မီးလုံးများ၏ တစ်ဝက်ကျော်မှာ ပျက်နေပြီဖြစ်ပြီး အဝေးမှလှမ်းကြည့်လျင် "ကျောက် ဘုရားကျောင်း*" ဟူသော စာလုံးနှစ်လုံးကိုသာ မြင်ရလေရာ အမွှေးတိုင်ထွန်းညှိပူဇော်ရမည့် နေရာတစ်ခုနှင့် ပို၍ တူပေတော့သည်။
[ကျောက် ဘုရားကျောင်း - ဒါက ဧည့်ရိပ်သာ (招待所) လို့ ဆိုင်းဘုတ်မှာရေးထားတာကို မီးလုံးတွေကပျက်နေတော့ အဝေးကလှမ်းကြည့်ရင် တချို့စုတ်ချက်တွေ ပျောက်နေပြီး "ကျောက် ဘုရားကျောင်း" (召寺) လို့ပဲ မြင်ရလို့ပါ။]

ချူဟွမ်က သူ၏ အက်ကွဲခြောက်သွေ့နေသော နှုတ်ခမ်းများကို တင်းတင်းဖိ၍ စေ့လိုက်ကာ ဧည့်ရိပ်သာဆီ လျှောက်သွားလိုက်သည်။ သူ့အနေဖြင့် ဓာတ်ဆားရည် ဖန်ခွက်ကြီးတစ်ခွက်စာခန့် လိုအပ်နေသည်ဟု ခံစားရလေ၏။

ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ကို လှမ်းခေါ်နေသည်ကို ကြားလိုက်ရလေသည်။

ယခုအချိန်တွင် ချူဟွမ်၏ မျက်လုံးများမှာ အနည်းငယ် မှုန်ဝါးစပြုလာလေပြီ။ အသံကြား၍ လှည့်ကြည့်လိုက်သောအခါတွင်မှ ဆိုင်းဘုတ်ဘေးတွင် လူနှစ်ယောက်ရပ်နေကြောင်းကို မကွဲမပြားမြင်နိုင်လေတော့သည်။ နှစ်ယောက်လုံးမှာ အလွန်ပင် အရပ်မြင့်မားလှပေ၏။

သူ့ကို လှမ်းခေါ်လိုက်သောလူမှာ အသက်လေးဆယ်ဝန်းကျင်ခန့်ရှိမည်ဖြစ်ပြီး လက်ထဲတွင် ကတ္ထူပြားဆိုင်းဘုတ်တစ်ခု ကိုင်ဆောင်ထားလေသည်။ ထိုသူ၏ မျက်လုံးများမှာ နွားမျက်လုံးများတမျှ ကြီးမားလှကာ ဆံပင်မှာလည်း ချုံနွယ်ပိတ်ပေါင်းများကဲ့သို့ပင် ရှိပေ၏။ ထိုရှုပ်ပွနေသော ဆံပင်ကိုပင် ရှည်လျားသော ကျစ်ဆံမြီးတစ်ခုအဖြစ် ရင်ဘတ်ပေါ်တွင် ချထားချေသည်။ လီခွေ*နှင့်တူနေစေသည့် ရှည်လျားလှသော သူ့မုတ်ဆိတ်နှင့် ဆံနွယ်များကို ဖယ်ကြည့်လိုက်လျှင် ဤသို့သော ဝတ်စားဆင်ယင်ပုံမျိုးမှာ ချူဟွမ်အား ကဗျာစာသားတစ်ပိုဒ်ကို အမှတ်ရစေပေသည်။

'ရွာထဲဝယ် ရှောင်ဖန်းလို့အမည်ရတဲ့ မိန်းမပျိုလေးတစ်ယောက် ရှိပေတယ်... စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ အသွင်အပြင်နဲ့ပေါ့။ ကြီးမားပြီး လှပတဲ့မျက်လုံးတွေရယ် ပြီးတော့ ထူထဲရှည်လျားတဲ့ ကျစ်ဆံမြီးကိုရော ပိုင်ဆိုင်ထားသူပါပဲ'

[လီခွေ (李逵) - ယွမ်ခေတ်နဲ့ အစောပိုင်းမင်မင်းဆက်ခေတ်က တရုတ်စာရေးဆရာ ရှစ်နိုင့်အန်း (施耐庵)ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ ရွှေဟူကျွမ့် (水浒传 - Water Margins, ရေစပ် ပုံပြင်) ဝတ္ထုထဲက ဇာတ်ကောင်တစ်ကောင်ရဲ့ နာမည်ပါ။ အဲ့ဝတ္တုက တရုတ်စာပေရဲ့ ဂန္တဝင်ဝတ္တုလေးပုဒ်ထဲက တစ်ပုဒ်ဖြစ်ပါတယ်။]

တစ်ခုရှိသည်မှာ ဤသူ၏ မျက်နှာကြောမှာ အတော်ပင် မာရေကြောရေရှိလှပြီး မျက်လုံးများမှာလည်း ဖော်ရွေသည့်ပုံပေါ်မနေဘဲ ပြန်ပေးဆွဲသမားတစ်ယောက်အဖြစ် ပြောင်းလဲအသက်မွေးနေသော ရှောင်ဖန်းတစ်ယောက်နှင့် တူနေခြင်းပင်။

အခြားတစ်ယောက်မှာမူ အတော်လေးငယ်ရွယ်ကာ ပို၍ ခပ်ဝေးဝေးတွင် ရပ်နေပေ၏။ ချူဟွမ်၏ အမြင်အာရုံမှာ မကြည်လင်လှသောကြောင့် ထိုသူ၏ အသွင်အပြင်ကို သဲသဲကွဲကွဲ မမြင်နိုင်ပါလေ။ ထိုသူတွင် လေနှင်ရာမျောလွင့်နေသော အနက်ရောင်ဖဲကြိုးသဖွယ်ရှိ၍  ကြည့်မိသူတို့ကို ညှို့ယူဖမ်းစားနိုင်သည့် ဆံနွယ်ရှည်များ ပိုင်ဆိုင်ထားကြောင်းကိုသာ မြင်နိုင်လေသည်။

သူတို့နှစ်ယောက်လုံးမှာ ပလက်ဖောင်းအစွန်တွင် ရပ်နေကြလေရာ တစ်စုံတစ်ယောက်ကို လာကြိုနေကြခြင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ယခုအချိန်မှာ အလွန်နောက်ကျနေပြီဖြစ်ပြီး ကားဂိတ်တွင်လည်း လူအနည်းငယ်သာ ရှိပေ၏။ လောလောလတ်လတ်ဝင်လာသည့်ကားမှာ တစ်စီးသာရှိကာ ချူဟွမ်မှာ ထိုကားပေါ်မှ တစ်ဦးတည်းသော ခရီးသည် ဖြစ်ချေသည်။

"အစ်ကို ရှောင်ဖန်း" က သူ့ထံ ဦးစွာလျှောက်လာပေ၏။ ဤလူကြီးမှာ ထွားကျိုင်း၍ ထောင်ထောင်မောင်းမောင်းရှိလှကာ မျက်နှာသည်ပင် အဝတ်လှေျာ်ဇလုံတစ်လုံးစာမျှ ကြီးမားလေရာ အိမ်ကိုခေါ်၍ အိမ်စောင့်အဖြစ်ထားရန် သင့်တော်လှသော အံဩဖွယ်ရာတစ်ခုပင် ဖြစ်ပေသည်။

ဤပုဂ္ဂိုလ်မှာ ဘယ်တောင်ကြားမှ တက်လာသည်မသိပေ။ နေ့စဉ်သုံးတရုတ်စကားအခြေအနေမှာ ဂြိုဟ်သားအဆင့်ပင်ဖြစ်လေ၏။ အကယ်၍ ထိုသူမှာ ကမ္ဘာသားတစ်ယောက်ပင် ဖြစ်သည်ဆိုပါက စကားလုံးများကို နားမလည်နိုင်လျှင်တောင် ခြေဟန်လက်ဟန်အချို့မှာ တစ်ကမ္ဘာလုံး နားလည်နိုင်လေသည်။သို့ရာတွင် တစ်ဖက်လူမှ စကားပေါင်းများစွာ ပြောပြီးသည့်တိုင် ချူဟွမ်တစ်ယောက် နားလည်သည့် တစ်ခုတည်းသောအရာမှာ စစချင်းတုန်းက ထိုလူမှ ပြူး၍ကြည့်လိုက်သော အကြည့်တစ်ချက်ပင် ဖြစ်ချေ၏။

ထိုအကြည့်၏ အဓိပ္ပာယ်မှာ ဤကဲ့သို့ ဖြစ်နိုင်ပေသည်။
"ဘွားအေကြီးထဲမှပဲ... ဒီလူအိုကြီးကို ဒီလောက်အကြာကြီးစောင့်ခိုင်းထားတာ။ မင်း လမ်းတစ်ဝက်မှာတင် ဘာလို့ သေမသွားလိုက်တာလဲ?"

နှစ်ယောက်သားမှာ တစ်ယောက်ကိုတစ်ယောက် ကြောင်လျက် စိုက်ကြည့်နေကြပြီး ပြောဆိုဆက်သွယ်ရန် မဖြစ်နိုင်သည့် သံသရာတွင် တဝဲလည်လည် ဖြစ်နေကြလေသည်။

ရုတ်တရက် "အစ်ကို ရှောင်ဖန်း"က တစ်ခုခုကို တွေးလိုက်မိပုံရကာ သူ့လက်ထဲမှ ကတ္ထူပြားဆိုင်းဘုတ်ကို ချူဟွမ်ထံ ထိုးပေးလိုက်ပြီး သူ့ကို အကြွေးရှင်တစ်ယောက်ကဲ့သို့ ကြည့်နေကာ သူ့လက်ဆစ်များဖြင့် ဆိုင်းဘုတ်ပေါ်မှ စာလုံးများကို ခေါက်ပြလေ၏။

ချူဟွမ်က သူ၏ နွမ်းနယ်နေသော မျက်လုံးများကို အားစိုက်၍ မျက်တောင်ခတ်ကြည့်လိုက်သည်တွင် ထိုစာလုံးများမှာ သူ့ကိုသိနေဟန်ရှိသော်လည်း သူကမူ စာလုံးများကို မရင်းနှီးသည်ကိုသာ ခံစားလိုက်ရသည်။

သူသည် ပျံသန်းခြင်း၏ အဆုံးသတ်သို့ ရောက်နေသော မြားတစ်စင်း*ဖြစ်နေပြီဖြစ်ကြောင်း သူ့ကိုယ်သူ သိပေ၏။ အနှီ လူနည်းစုတိုင်းရင်းသားမျိုးနွယ်မှ ညီနောင်နှင့် ပိတ်မိနေခြင်းမှာ အခြေအနေကောင်းမည်မဟုတ်လေရာ ကြည့်ရဆိုးသော အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးပြလိုက်လျက် သူ့လက်ချောင်းကို ကတ္ထူဘုတ်ပေါ်သို့ ဆန့်ထုတ်လိုက်ပြီးနောက် သူ့ကိုယ်သူပြန်၍ ညွှန်ပြကာ ခေါင်းရောလက်ရော ခါပြလိုက်လေသည်။
/အကြီးအကဲ လူမှားနေပါပြီ/

[ပျံသန်းခြင်း၏ အဆုံးသတ်သို့ ရောက်နေသော မြားတစ်စင်း - ကိုယ့်မှာရှိတဲ့ အင်အား ဒါမှမဟုတ် သည်းခံနိုင်စွမ်းရဲ့ အဆုံးကို ‌ရောက်နေပြီ ဆိုတဲ့ အဓိပ္ပာယ်ပါ။]

ထိုသူက သူ့ကိုအရေးမလုပ်ဘဲ ရှေ့သို့ ဆက်လျှောက်သွားသည်ကို တွေ့လိုက်ရသောအခါ "ရှောင်ဖန်း" မှာ ခေတ္တမျှ အံ့အားသင့်သွားပြီး ထိုသူ၏ပခုံးကို လှမ်းပုတ်ရန် လက်ကိုမြှောက်တော့မည့်ဆဲဆဲတွင် သူ့အကြည့်များမှာ ရုတ်တရက် စူးရှသွားပေ၏။

ဤတိုင်းရင်းသားညီနောင်မှာ မည်သည့်အလုပ်အကိုင်ဖြင့် အသက်မွေးကြောင်း မသိရသော်လည်း သူ၏ ညဘက်အမြင်အာရုံမှာ အလွန်ပင်ကောင်းလှပေသည်။ ဤမျှလောက် မှောင်မည်းနေသောနေရာတွင်ပင် ချူဟွမ်၏ အရောင်ရင့်ရင့် ကုတ်အင်္ကျီပေါ်မှ မထင်မရှား ညစ်ထပ်ထပ်အစွန်းကွက်မှာ သွေးစွန်းကွက်ကြီးတစ်ကွက်ဖြစ်ကြောင်းကို ရှင်းလင်းစွာ ခွဲခြားသိနိုင်လိုက်လေ၏။ သူက သူ့နောက်မှ အဖော်ကို တစ်စုံတစ်ခု တီးတိုးပြောလိုက်လေသည်။

ဤအခိုက်အတန့်တွင် ချူဟွမ်၏ ခြေထောက်များမှာ ရုတ်တရက် ခွေကျသွားကာ ဆက်၍ တောင့်ခံမထားနိုင်တော့ဘဲ ခေါင်းစိုက်၍ လဲကျသွားပေတော့သည်။

မြူနှင်းများကြားတွင် သူ့ကိုတွဲထူပေးနေသော တစ်စုံတစ်ခုရှိနေပုံရကာ ချူဟွမ်၏ နောက်ဆုံးအကြည့်ထဲတွင် ရှည်လျားသော ဆံနွယ်အချို့ကို လှမ်းမြင်လိုက်မိ၏။

ည၏ အလင်းမှိန်မှိန်တွင် အဝေးဆီမှ ကွေ့ဟွားပန်းရနံ့က ခပ်သင်းသင်းပျံ့လွင့်လာလေသည်။

-------------------------

T/N:

ကွေ့ဟွားပန်း (桂花)

ဒီမှာပုံပြထားတာတော့ အနီမျိုးပါ။ အဖြူတို့၊ အဝါတို့လည်း ရှိပါတယ်။

သင်္ကြန်အကျနေ့တောင်ရောက်ပြီ။ နှစ်မကုန်ခင် ပလ္လင်ပေါ်မတန်မရာတက်နေကြတဲ့ ခွေးအုပ်စု ပြုတ်ကျသွားရင် ကောင်းမယ် 😑

Please support CRPH. အရေးတေ်ာပုံ အောင်ရမည် 💪

14. 4. 2021

❤❤❤

(Zawgyi)

‌ေလတြင္ ေမ်ာလြင့္ေနေသာ ဖဲႀကိဳးနက္ကဲ့သို႔ ဆံႏြယ္႐ွည္မ်ား

လမ္းေၾကာင္းအတိုင္း ေမာင္းႏွင္လာေသာ အေဝးေျပးယာဥ္မွာ ခ႐ိုင္ၿမိဳ႕မ်ားႏွင့္ နယ္ၿမိဳ႕ငယ္ေလးမ်ားကို ျဖတ္ေက်ာ္လာၿပီးေနာက္ ၾကက္ပ်ံ၍ ေခြးခုန္ေနသကဲ့သို႔*ရွိေသာ ခရီးသည္မ်ားမွာ တျဖည္းျဖည္းႏွင့္ ဆင္းသြားၾကေလသည္။
[ၾကက္ပ်ံ၍ ေခြးခုန္ေနသကဲ့သို႔ - ဖ႐ိုဖရဲနဲ႔ ကေမာက္ကမ ပရမ္းပတာေတြ ျဖစ္ေနတဲ့ အေျခအေနမ်ိဳးကို ေဖာ္ျပတာပါ။]

‌ေနာက္ဆုံး ႐ြာငယ္ေလးတစ္ခုကို ျဖတ္ေက်ာ္လာခဲ့ၿပီးသည့္ အခ်ိန္တြင္မူ ကားေပၚတြင္ လူႏွစ္ေယာက္သာ က်န္ခဲ့ေလေတာ့၏။ မ်က္မွန္တပ္ထားၿပီး ေက်ာင္းသားတစ္ေယာက္၏ ပုံစံသြင္ျပင္မ်ိဳးရွိေသာ လူငယ္တစ္ေယာက္ႏွင့္ ကားေပၚတက္လာကတည္းက ေနာက္ဆုံးတန္းတြင္ မလႈပ္မယွက္အိပ္ေနေသာသူတစ္ေယာက္တို႔ ျဖစ္ေပသည္။

ကားဆရာက အေပါ့အပါးသြားရန္ ကားေပၚမွ တစ္ခါဆင္းသြားၿပီး ျပန္လာေသာအခါတြင္ သူ၏ အသံကို ျမႇင့္လ်က္ ကားေပၚမွ လူႏွစ္ေယာက္ကို အသံေနအသံထားခပ္ေလးေလးရွိေသာ မန္ဒရင္းဘာသာစကားျဖင့္ ေျပာလိုက္၏။
"ေဝ့... ကားေပၚက ဆင္းခ်င္တဲ့သူေတြ အခု ဆင္းသြားလို႔ရတယ္ေနာ္။ မင္းတို႔ ဒီမွတ္တိုင္မွာ မဆင္းရင္ ေနာက္ထပ္ ခုနစ္နာရီၾကာတဲ့ထိ ဘယ္မွာမွ ဆင္းစရာမရွိေတာ့ဘူး"

တံခါးနားတြင္ ထိုင္ေနေသာ လူငယ္ေလးမွာ ခပ္ႏြမ္းႏြမ္းခရီးေဆာင္အိတ္ႀကီးကို လက္ျဖင့္ပိုက္လ်က္ အနည္းငယ္ စိတ္မသက္မသာျဖစ္ေနဟန္ ရွိေလသည္။ သူ႔ၾကည့္ရသည္မွာ ကားေပၚမွဆင္းခ်င္ေနပုံေပၚေနသကဲ့သို႔ ဆင္းရမည္ကိုလည္း တြန႔္ဆုတ္ေနပုံရကာ ေရွ႕ၾကည့္လိုက္ ေနာက္ၾကည့္လိုက္ျဖင့္ သူ႔ဘဝ၏ အေရးႀကီးလွေသာ လမ္းဆုံတစ္ခုတြင္ ရပ္ေနသည့္ႏွယ္ ရွိေပသည္။

‌ေခတၱမွ်အၾကာတြင္ ကားဆရာကို အသံတိုးတိုးေလးျဖင့္ ေျပာလာေလ၏။
"ဆရာႀကီး... အဲ့ေတာင္ေပၚမွာေနတဲ့သူေတြအဖို႔ အျပင္ထြက္ဖို႔က အဆင္မေျပတာလား?"

ကားဆရာက အထက္စီးေလသံျဖင့္ ျပန္ေျဖေလသည္။
"ငါတို႔ နယ္ဘက္ေတြမသြားဘူး။ ခ႐ိုင္ၿမိဳ႕ကိုပဲ သြားတာ။ ခ႐ိုင္ၿမိဳ႕ကလည္း အဆင္ေျပပါတယ္။ အဲ့မွာ ေတာင္တစ္ေတာင္ရွိတယ္။ အဲ့အေၾကာင္းၾကားဖူးလား? အဲ့မွာ လွ်ိဳေျမာင္ေတြ လိုဏ္ဂူေတြ အမ်ားႀကီးရွိတယ္..."

လူငယ္ေလးမွာ စိတ္တျခားလူတျခားျဖင့္ ေခါင္းသာ ခါေနေလ၏။ကားဆရာက သူ၏ငွက္သိုက္ဆံပင္ႏွင့္ေခါင္းကို ကုတ္လိုက္မိေလသည္။
"အာ... အဲ့ဒါက ဘယ္လိုေခၚလဲဆိုတာေတာ့ ငါမမွတ္မိေတာ့ဘူး။ ဘာပဲျဖစ္ျဖစ္ အဲ့ဒါက ခရီးသြားေတြအတြက္ အထင္ကရေနရာတစ္ခုပဲ။ ၿမိဳ႕ကေန ကားေတြနဲ႔ လာၾကတဲ့ ခရီးသြားေတြေတာ့ အမ်ားႀကီးပဲ။ ဆိုေတာ့... အဲ့မွာ လူေတြေတာ့ ေတာ္ေတာ္မ်ားမ်ားရွိပါတယ္"

လူငယ္မွာ တုန္တုန္ယင္ယင္ျဖင့္ ေမးလာျပန္ေလ၏။
"႐ြာကေရာဟင္?"

ကားဆရာ : "အိုး... ခ႐ိုင္တစ္ခုမွာ ၿမိဳ႕နယ္ဘယ္ႏွခုခုရွိၿပီး ၿမိဳ႕နယ္တစ္ခုမွာ ႐ြာဘယ္ႏွရြာရွိတယ္ဆိုတာ ငါဘယ္သိႏိုင္ပါ့မလဲ။ အဲ့ဒါေတြက ဆိတ္ေခ်းတုံးေတြလိုမ်ိဳး ေနရာအႏွံ႔ျပန႔္က်ဲေနတာကို။ ႐ြာကေန ခ႐ိုင္ၿမိဳ႕ဆီကို ကားမရွိဘူး။ မင္း ျမည္းလွည္းမစီးခ်င္ဘူးဆိုရင္ ေတာင္ေပၚကို ေျခေထာက္နဲ႔တက္ဖို႔ပဲရွိတယ္။ ေတာင္ေကာင္းေကာင္းမတက္တတ္ဘူးဆိုရင္ေတာ့ ေျခေခ်ာ္သြားၿပီး ဘုန္းကနဲ ျပဳတ္က်ေသမွာပဲ! "

လူငယ္ေလးကား ရက္စက္လွသည့္ "ဘုန္းကနဲ"ဟူေသာ ျမည္သံစြဲအလကၤာကို နားေထာင္ရင္းျဖင့္ ခ်က္ခ်င္းပင္ သူ႔မ်က္ႏွာမွာ မည္းကနဲျဖစ္သြားေပသည္။

ဤေတာင္ပတ္လမ္းေပၚတြင္ ေမာင္းႏွင္ေသာ ကားဆရာတစ္ေယာက္ထံမွ ေမွ်ာ္လင့္ထားႏိုင္သည့္အတိုင္း သူ႔ပါးစပ္မွ မထြက္ရဲေသာ ေပါက္ကရဟူ၍ မရွိေပ။

"လမ္းေလွ်ာက္ရမွာကို မေျပာနဲ႔ဦး၊ ငါတို႔ အခုဒီေနရာကေန ခ႐ိုင္ၿမိဳ႕ကို သြားတာကိုပဲ ေျပာရရင္ မိုးေလးနည္းနည္း႐ြာတာနဲ႔ ဘယ္သူက သြားရဲေတာ့မလဲ... ေတာင္ထိပ္ကေန ထိုးဆင္းၿပီး ေက်ာက္ေဆာင္ေတြေပၚ ျပဳတ္က်... ဘုန္း... အကုန္အတူတူေသ။ ဒါမွမဟုတ္ ႐ႊံ႕ေတြက်န္ခဲ့ၿပီး ေခ်ာေနတဲ့လမ္းကို ဘယ္သူမွ သန႔္ရွင္းေရးမလုပ္လို႔ မေတာ္တဆ သတိလြတ္သြားတာနဲ႔ ကမ္းပါးကိုလြန္ၿပီး ေခ်ာ္က်သြားရင္... ဘုန္း... အားလုံးအတူတူထပ္ေသ... "

ကားဆရာႀကီးသည္ကား စကားေျပာအရာတြင္ ထူးခြၽန္ေျပာင္ေျမာက္လွသူတစ္ေယာက္ဟု အသိအမွတ္ျပဳရေပမည္။ စကားေလးသုံးခြန္းေလာက္ႏွင့္ပင္ နားေထာင္ေနသူတို႔မွာ သုံးခါမွ် ေသလိုက္ရွင္လိုက္ျဖစ္ေနၿပီးျဖစ္ေခ်၏။ လူငယ္ေလးမွာ ဤစကားတြင္ တည့္တည့္ထိသြားကာ သူ၏ ခရီးေဆာင္အိတ္ႀကီးကို မ၍ ကားေပၚမွ တစ္ခ်ိဳးတည္း ဆင္းေျပးေလေတာ့သတည္း။

ကားဆရာကမူ သူ႔ဟာသူ ျပန္၍ သေဘာက်ေနေပသည္။
"အဲ့ ၿမိဳ႕က မ်က္ႏွာျဖဴေကာင္ေလးက ေျပးသြားလိုက္တာဆိုတာ ယုန္ထက္ေတာင္ျမန္ေသး... ေဝ့ ေနာက္က တစ္ေယာက္ မင္း ခ႐ိုင္ၿမိဳ႕ေရာက္တဲ့ထိ အဲ့ေခ်ာင္ထဲမွာ ထိုင္ေနခ်င္တယ္ဆိုတာ ေသခ်ာလား? မင္း ကားေပၚက မဆင္းဘူးဆိုရင္ ေမာင္းၿပီေနာ္။ ခုခ်က္ခ်င္းေနာ္!"

‌ေနာက္ဆုံးတန္းမွ လူမွာ ဘာမွျပန္မေျပာဘဲ အေသေကာင္ကဲ့သို႔ ဆက္အိပ္ေနေပ၏။

ထိုသူသည္ အေရာင္ရင့္ရင့္ မိုးကာကုတ္အရွည္တစ္ထည္ကို ဝတ္ဆင္ထားၿပီး ေကာ္လံကို အေတာ္ျမင့္ျမင့္ ေထာင္ထားသည္မွာ သူ႔မ်က္ႏွာတစ္ခုလုံးကိုပင္ ဖုံးလုနီးရွိေနေသာေၾကာင့္ သူ႔႐ုပ္ရည္သြင္ျပင္ကို မျမင္ရေခ်။ သူသည္ ရွည္ရွည္သြယ္သြယ္ပင္ ျဖစ္ၿပီး လက္တစ္ဖက္ကိုသာ ျမင္ေနရကာ လက္ခလယ္တြင္ ပလက္တီနမ္လက္စြပ္တစ္ကြင္း ဝတ္ဆင္ထားေလသည္။ သူ႔လက္ေခ်ာင္းမ်ားမွာ သြယ္လ်ေသာ္လည္း ျဖဴေဖ်ာ့လွၿပီး အသြင္အျပင္အရျဖစ္ေစ၊ ဝတ္ပုံစားပုံအရျဖစ္ေစ သူ႔ၾကည့္ရသည္မွာ ေတာင္ေပၚသားတစ္ေယာက္ႏွင့္ မတူေပ။

ကားဆရာမွာ တစ္ႏွစ္ပတ္လုံး ခရီးစဥ္အရွည္ႀကီးမ်ား ေမာင္းႏွင္ေနက် လူလည္ႀကီးတစ္ေယာက္ျဖစ္ေလ၏။ သို႔ေသာ္ျငား ကားေပၚတြင္ တစ္ေယာက္တည္းလိုက္လာေသာ လူငယ္တစ္ေယာက္ႏွင့္ ေတြ႕ဆုံကာ တျခားခရီးသည္လည္းမရွိဘဲ ခရီးကလည္း အရွည္ႀကီးက်န္ေသးေလရာ သူ႔ႏွလုံးအိမ္ထဲမွ အနည္းငယ္ေၾကာက္႐ြံ႕လာမိေပသည္။

ကားဆရာက အလြန္တုန႔္ဆိုင္းစြာျဖင့္ ကားစက္ႏႈိးလိုက္ၿပီး ေနာက္ခုံမွလူကို စကားစၾကည့္ရန္ ႀကိဳးစားေနဆဲပင္ ျဖစ္၏။
"ေမာင္ရင္က အမ်ိဳးေတြဆီ သြားမလို႔လား?"

ျပန္မေျဖပါေခ်။

ကားဆရာက ရွက္ရွက္ျဖင့္ပင္ ေနာက္သို႔ လွည့္ၾကည့္လာကာ ေနာက္ထပ္ေမးခြန္းမ်ား ထပ္မေမးရဲေတာ့ပါေလ။ လမ္းေၾကာင္းအတိုင္း တိတ္ဆိတ္စြာလိုက္လ်က္ ကားကို ေမာင္းထြက္လိုက္ေလေတာ့သည္။

‌ေတာင္ပတ္လမ္းေပၚမွ ခရီးမွာ နာရီေပါင္းမ်ားစြာ ၾကာျမင့္ေပ၏။ မိုးေသာက္ခ်ိန္မွ မိုးခ်ဳပ္သည္အထိ ေနာက္ဆုံးတန္းမွ ခရီးသည္မွာ ထလည္းမလာသလို အေပါ့အပါးသြားလိုေၾကာင္းလည္း ေတာင္းဆိုမလာပါေလ။

လမ္း၏ အခ်ိဳ႕ေနရာမ်ားမွာ အေျခအေနဆိုးလွၿပီး အလြန္ပင္ မညီမညာၾကမ္းတမ္းလွေပသည္။ ခရီးသည္မွာ ေျမာက္တက္သြားကာ ျပတင္းေပါက္ႏွင့္ ဒုန္းကနဲ ေဆာင့္သြားမိသည္အထိပင္ ျဖစ္၏။ သို႔ရာတြင္ ထိုင္ခုံခါးပတ္ေၾကာင့္ ထိုင္ခုံဆီသို႔ ျပန္က်လာျပန္ေလသည္။ သူက ညည္းျငဴလိုက္ေသာ္လည္း ကားစက္သံမွာ က်ယ္ေလာင္လြန္းရကား ကားဆရာက ထိုအသံကို မၾကားလိုက္ေလ။

ညေန ေမွာင္ရီတေရာအခ်ိန္က်မွသာ အေဝးေျပးယာဥ္မွာ မွတ္တိုင္သို႔ ေရာက္ေလေတာ့သည္။ကားဆရာအိုႀကီးမွာ ကားအိုႀကီးကဲ့သို႔ပင္ အလြန္ပင္ပန္းေနၿပီ ျဖစ္ေခ်၏။ သူက ကားကို အေဝးေျပးဝင္းထဲသို႔ ေမာင္းဝင္လိုက္ကာ ရပ္နားလိုက္ေပသည္။ ထို႔ေနာက္မွသာ သတၱိအခ်ိဳ႕ရလာၿပီး ေနာက္ဆုံးတန္းသို႔သြား၍ မလႈပ္မယွက္ရွိေနေသာ ထူးဆန္းသည့္ ခရီးသည္ကို ေခၚလိုက္ေလသည္။

ကားဆရာက သူ႔ပခုံးကို တုန႔္ဆိုင္းစြာျဖင့္ ပုတ္လိုက္၏။
"ေကာင္ေလး? ဒီက လူငယ္ေလး... ဂိတ္ကိုေရာက္ၿပီ။ ဒါေတာ့ အိပ္တာမ်ားသြားၿပီ"

ထိုသူမွာ ပထမက တုန႔္ျပန္မႈမရွိေသာ္လည္း အႀကိမ္ေရေတာ္ေတာ္မ်ားမ်ား တြန္းထိုးလႈပ္ႏႈိးခံရၿပီးေနာက္တြင္မူ တစ္ဖက္တြင္ တြဲေလာင္းက်ေနေသာ လက္တစ္ဖက္မွာ ခက္ခဲစြာ ႐ုန္းကန္ေနရသည့္အလား အနည္းငယ္ လႈပ္လာေပသည္။

"ထေတာ့... ဂိတ္ကို ေရာက္ေနၿပီ" 
ကားဆရာႀကီးက သူ႔နား႐ြက္နားကပ္၍ ေအာ္ေလေတာ့၏။
"ကားေပၚက ျမန္ျမန္ဆင္းေတာ့။ ငါ ဗိုက္ဆာလို႔ ေသေတာ့မယ္ကြ"

‌ေနာက္ဆုံးတန္းမွ ခရီးသည္မွာ ႐ုန္းကန္၍ ထလာၿပီး ထိုင္ခုံခါးပတ္ကို ခက္ခဲစြာျဖဳတ္လိုက္ကာ ေခတၱမွ် လႈပ္ရွားလာေပသည္။ သူက ဟိုဟိုသည္သည္ေလွ်ာက္ၾကည့္လ်က္ မ်က္ဝန္းမ်ားမွာ ႐ုတ္တရက္ စိတ္ရႈပ္ေထြးသြားဟန္ေပၚကာ သူ႔မ်က္ႏွာမွာလည္း ေန႔မွန္းညမွန္းကိုပင္မသိ*သည့္ ပုံစံရွိၿပီး အိပ္မႈန္စုံမႊားျဖစ္ေနေသးသည့္ႏွယ္ ရွိေန၏။
[ ေန႔မွန္းညမွန္းကိုပင္မသိ (不知令夕何夕) - စုန႔္မင္းဆက္ေခတ္ ကဗ်ာဆရာ က်န္းေရွာက္ရွန္(张孝祥) ေရးစပ္ခဲ့တဲ့ န်န႔္ႏြီေက်ာင္း(念奴娇 - သင့္ရဲ႕ ႏူးညံ့မႈကို တမ္းတျခင္း) ကဗ်ာရဲ႕ ေနာက္ဆုံးစာသားေတြပါ။ အဲ့စာသားကို တိုက္႐ိုက္ဘာသာျပန္ရရင္ေတာ့ "အခု ဘယ္အခ်ိန္ေရာက္ေနသည္ကို မသိေတာ့" လို႔ အဓိပၸာယ္ရပါတယ္။ ဒီမွာကေတာ့ ဇာတ္လမ္းအသြားအလာနဲ႔ ေထာက္မေနေအာင္ ခုလိုပဲ ျပန္လိုက္တာပါ။ အဆင္မေျပရင္ ေျပာလို႔ရပါတယ္ေနာ္။ ကဗ်ာေတြဘာေတြက် ဆူးလည္း ေသခ်ာေတာ့ မကြၽမ္းက်င္တာမို႔ :D ]

တဒဂၤမွ်ေလာက္ ခရီးသည္မွာ သူ႔ႏွာ႐ိုးေပၚမွ မ်က္မွန္ကို ခြၽတ္ကာ ေခါင္းကိုငုံ႔၍ အက်ႌေထာင့္စြန္းျဖင့္ ပြတ္ေနေပ၏။ ေနာက္ဆုံးတြင္မူ သူ႔မ်က္ဝန္းမ်ား ၾကည္လင္သြားေလေတာ့သည္။ ေရွ႕ခုံ၏ေနာက္မွီေပၚတြင္ ေထာက္ထားေသာ သူ႔လက္မွာ ၾကမ္းတမ္းေတာင့္တင္းေသာ ႂကြက္သားမ်ားႏွင့္ အ႐ိုးအဆစ္မ်ားကို လွစ္ဟျပေနသကဲ့သို႔ရွိၿပီး မတ္တပ္ရပ္ရန္အတြက္ သူ႔အင္အားမ်ားကို အကုန္သုံးလိုက္ရပုံေပၚကာ တစ္ခ်ိန္တည္းတြင္ပင္ သူ႔အသက္ရႉသံကို အလြန္အမင္းေလးလံေနပုံေပါက္ေစရန္ ဝင္သက္ထြက္သက္ကို ထိန္းႏိုင္သမွ် ထိန္းေန၏။

"ေျခေတြလက္ေတြ ထုံက်ဥ္သြားတဲ့အထိ အိပ္လိုက္မိပုံပဲ" 

ကားဆရာႀကီးက သူ႔သြင္ျပင္ကို ရွင္းရွင္းလင္းလင္း ျမင္ရေသာအခါ ဤပုဂၢိဳလ္၏ ပုံစံမွာ စုတ္စုတ္ျပတ္ျပတ္မဟုတ္ဘဲ အဆင့္အတန္းရွိသည္ဟုပင္ ဆိုႏိုင္ကာ လူဆိုးတစ္ေယာက္ႏွင့္ မတူေလရာ စိတ္ဒုန္းဒုန္းခ်လိုက္ၿပီးေနာက္ ခရီးေဆာင္အိတ္မ်ားတင္သည့္ စင္ေပၚကို စစ္ေဆးလိုက္ရင္း ေအာ္လိုက္ေလသည္။
"ေဝ့... မင္းအထုပ္အပိုးေတြကေရာ? ေအာက္ဘက္မွာလား? ဒါမွမဟုတ္ မင္းဒီမွာပဲထားတာကို တစ္ေယာက္ေယာက္က မေတာ္တဆ မွားယူသြားတာမ်ားလား? "

ခရီးသည္က အသံအက္အက္ျဖင့္ ျပန္ေျဖ၏။ 
"မပါဘူး... အဟြတ္... အထုပ္ေတြ"

ဤမွ် စကားေလးအနည္းငယ္ကို ေျပာ႐ုံမွ်ႏွင့္ပင္ သူ႔အသံမွာ ကြဲအက္သြားၿပီး ဆက္မေျပာႏိုင္မီ သတိထား၍ သူ႔လည္ေခ်ာင္းကို ရွင္းလိုက္ရေလသည္။ကားဆရာႀကီးက အံ့အားသင့္စြာ ေျပာလိုက္မိ၏။ 
"ဘာလို႔ သယ္မလာရတာလဲ? ဒီေလာက္အေဝးႀကီး တစ္ယာက္တည္းလာတာကို အထုပ္အပိုးေတြ သယ္မလာဘူး?"

ခရီးသည္မွာ ေခတၱမွ် ၿငိမ္က်သြားကာ ထို႔ေနာက္တြင္မူ အလြန္အားနည္းေနေသာ အသံျဖင့္ ေျပာေလသည္။
"က်ဳပ္ ခင္ဗ်ားကို ဖုံးကြယ္မထားေတာ့ပါဘူး။ က်ဳပ္ က်င့္ႀကံေနတာ ႏွစ္ေပါင္း ႏွစ္ရာ့ငါးဆယ္ရွိၿပီ။ အခုထြက္လာတာ ကပ္ေဘးဒုကၡအဆင့္ကို ေက်ာ္လႊားႏိုင္ဖို႔ပဲ။ တကယ္လို႔ က်ဳပ္က မေသမ်ိဳးျဖစ္မလာဘူးဆိုရင္ တေစၦသရဲအဆင့္ကို ေလွ်ာသြားဖို႔ပဲ ရွိေတာ့တယ္။ ဒါေၾကာင့္မို႔ က်ဳပ္အထုပ္အပိုးေတြ သယ္မလာတာ"

ကားဆရာ : "......"

ကားဆရာသည္ကား အစပိုင္းတုန္းကမူ သူ႔ကို စ ေနျခင္းသာျဖစ္ေၾကာင္းကို သိေသာ္လည္း ခရီးသည္မွာ စကားဆုံးသြားသည့္အခါတြင္ ေခါင္းကိုငဲ့၍ သူ႔အား ၿပဳံးလ်က္ ၾကည့္လာေပ၏။ လူငယ္၏ မ်က္ႏွာမွာ ျဖဴေဖ်ာ့လွၿပီး ပါး႐ိုးႏွစ္ဖက္လုံးမွာလည္း ေခ်ာင္က်ေနကာ မ်က္မွန္မွ အလင္းမ်ားေရာင္ျပန္ဟပ္ေနသည္ကို သူ ျမင္လိုက္ရေလသည္။ ထိုသူ၏ တည္ရွိမႈတစ္ခုလုံးမွာ ဝိဉာဥ္ႏွင့္ တူေနသည့္အျပင္ ဤကဲ့သို႔ ေအးေအးေဆးေဆး ထပ္ၿပဳံးျပလိုက္သည့္အခါတြင္ကား သူ႔ပတ္ဝန္းက်င္တြင္ ေၾကာက္မက္ဖြယ္ရာ အေငြ႕အသက္တစ္ခု လႊမ္းၿခဳံသြားေပေတာ့သည္။ ကားဆရာမွာ ထိုေနရာတြင္ပင္ ၾကက္သီးမ်ားထလာၿပီး တစ္ဖက္လူ၏ ေပါက္ကရေလးဆယ္မ်ားကို ယုံ‌ေတာ့မတတ္ ရွိေနေလ၏။

သူ႔အေနျဖင့္ ေန႔ခင္းတုန္းက လူငယ္ေလးကို ေျခာက္လွန႔္ရန္ သုံးခဲ့ေသာ ေပါက္ကရမ်ားမွာ ေျမမ်က္ႏွာျပင္ေပၚမွ ႐ုတ္ခ်ည္းဆိုသလိုပင္ ေပ်ာက္ျခင္းမလွ ေပ်ာက္ရွသြားခဲ့ကာ သတိႀကီးစြာျဖင့္ ေမးလာေခ်သည္။
"ဒါျဖင့္ရင္ ကြၽန္ေတာ္တို႔ဆီကို ဘာလို႔မ်ား အလည္လာရတာပါလဲ?"

ခရီးသည္မွာ ကားဆရာႀကီးကို ပခုံးခ်င္းတိုက္သြားၿပီး သာယာနာေပ်ာ္ဖြယ္ရွိလွစြာေသာ နက္ရႈိင္းဩရွသည့္ အသံနိမ့္နိမ့္ျဖင့္ ဆိုေလ၏။ 
"စိမ္းလန္းတဲ့ ေတာင္ကုန္းေတြနဲ႔ ၾကည္လင္တဲ့ ေရေတြ... အင္း... ၿပီးေတာ့ နည္းနည္းေမႊးပ်ံ႕တယ္"

ကားဆရာႀကီးမွာ စူးရွလွေသာ အနံ႔ခံအာ႐ုံျဖင့္ သူ႔ကိုယ္မွ ေသြးနံ႔ကို ရလိုက္မိေပသည္။ သည္တစ္ႀကိမ္တြင္မူ သူ႔မ်က္ႏွာမွာ အမွန္တကယ္ ေျပာင္းသြားကာ စကားမ်ားပင္ တုန္ရီထစ္ေငါ့ကုန္ေလေတာ့၏။
"ႀကီး... ႀကီး... ႀကီးျမတ္တဲ့ မေသမ်ိဳးပုဂၢိဳလ္ႀကီးခင္ဗ်ာ... ဘ...ဘယ္လို ေမႊးရနံ႔မ်ိဳးပါလိမ့္?"

ခရီးသည္မွာ ေနာက္သို႔ လွည့္ၾကည့္လာၿပီး ကားဆရာႀကီးကား သူေျပာမည့္စကားမွာ "က်ဳပ္ ႏွစ္ငါးရာအတြင္း ဒီေလာက္ေမႊးပ်ံ႕တဲ့ လူ႔အသားကို မစားရေသးဘူး" ႏွင့္ ထိုကဲ့သို႔ေသာ အလားတူသည့္ စကားမ်ိဳးမ်ား ျဖစ္ေနမည္ကို ေၾကာက္႐ြံ႕လ်က္ရွိကာ ေၾကာက္လြန္း၍ ဒူးႏွစ္ဖက္လုံးပင္ တုန္ေနေပေတာ့သည္။

သို႔ရာတြင္ ခရီးသည္မွာ သူ႔ကို ၾကည့္၍သာေနကာ ညင္သာစြာၿပဳံးလ်က္ ေခါင္းကို အနည္းငယ္ငုံ႔လိုက္ၿပီး မိုးကာ၏ ေကာ္လံေအာက္သို႔ သူ႔ေမးေစ့ကို ျပန္ထည့္လိုက္ေလသည္။

သူေျပာလိုက္သည္မွာ "ေကြ႕ဟြား*ပန္းေတြ ပြင့္ေနၿပီထင္တယ္" ဟုသာ ျဖစ္ေပ၏။
[ ေကြ႕ဟြား (桂花) - Osmunthus မ်ိဳးရင္း ပန္းေလးေတြပါ။ ျမန္မာလိုအေခၚအေဝၚေတာ့ ေသခ်ာမသိတာနဲ႔ တ႐ုတ္အသံထြက္နဲ႔ပဲ ေရးလိုက္ပါတယ္။ အဲ့ပန္းေလးေတြက လက္ဖက္ရည္ၾကမ္းထဲလည္း ထည့္ေသာက္ေလ့ရွိၾကသလို တခ်ိဳ႕မုန႔္ေတြလုပ္ရင္လည္း ထည့္ေလ့ရွိပါတယ္။]

ဤခရီးသည္ကား ခ်ဴဟြမ္ပင္ ျဖစ္ေလသည္။ ကံမေကာင္းစြာျဖင့္ သစ္ပင္ေပၚတြင္ တြဲေလာင္းဆြဲေနရစဥ္က သူ႔စိတ္မွာ ထေဖာက္သြားေလ၏။ သူ႔အေနျဖင့္ ဘာေၾကာင့္မွန္းကို မသိလိုက္ဘဲ လက္လႊတ္လိုက္မိကာ ဤနည္းျဖင့္ သိုင္းဝတၳဳထဲမွ ဇာတ္လိုက္ေနရာသို႔ ၿပိဳင္ဘက္ကင္းသိုင္းပညာရွင္တစ္ေယာက္အျဖစ္ ေရာက္ရွိရန္ ပထမအဆင့္ကို ေအာင္ျမင္သြားေလေတာ့သည္။ "ေခ်ာက္ထဲသို႔ တင့္တယ္ခမ္းနားစြာ ျပဳတ္က်သြားျခင္း" ေပတည္း။

ခ်ဴဟြမ္က ကမ္းပါးတစ္ေလွ်ာက္ လိမ့္ဆင္းသြားကာ အညိဳအမည္းစြဲသည္အထိ ဒလိမ့္ေခါက္ေကြးက်လ်က္ ေျခက်င္းဝတ္ပင္ အဆစ္လြဲသြားေခ်၏။

ကံေကာင္းသည္မွာ ဤေလာကမွ ႀကီးက်ယ္ျမင့္ျမတ္လွစြာေသာ ထိပ္တန္းသိုင္းပညာရွင္ႀကီးမ်ားကဲ့သို႔ပင္ သူသည္ အေရထူလွၿပီး ေတာ္႐ုံတန္႐ုံ အထုအေထာင္းခံႏိုင္ရန္ လုံေလာက္ေသာ ေသြးမ်ား ေပါမ်ားလွ်ံပယ္စြာ ရွိေလရာ ေသမသြားခဲ့ေပ။

ကံဆိုးသည္မွာကား ေတာင္ေအာက္ေျခတြင္ ဘဝတစ္သက္စာ သိုင္းပညာမ်ားကို သူ႔ထံလႊဲေျပာင္းေပးမည့္ မည္သည့္ "ကုန္းယန္*"ဟု အမည္ရသည့္ နတ္ဘုရားကဲ့သို႔ေသာ စြမ္းအားပိုင္ရွင္မွ် ရွိမေနခဲ့ပါေလ။ ေၾကာက္လန႔္၍ ေအာ္ျမည္ကာ ထြက္ေျပးသြားၾကေသာ ဆိတ္တိရစာၦန္မ်ားသာ ရွိေနခဲ့ကာ ထိုထဲမွတစ္ေကာင္မွာ ညႇာတာမႈကင္းမဲ့စြာျဖင့္ သူ႔အနာေပၚသို႔ပင္ တက္နင္းသြားေပေသးသည္။
[ကုန္းယန္(公羊) - တိုက္႐ိုက္ဘာသာျပန္ရင္ "ဦးဆိတ္ထီးႀကီး"လို႔ အဓိပၸာယ္ရပါတယ္။ ေနာက္စာေၾကာင္းမွာ ဆိတ္ေတြပဲေတြ႕တယ္လို႔ ပါတာကို ပိုၿပီးဟာသေျမာက္သြားေအာင္ အဲ့လိုနာမည္ကို ေပးထားတာပါ။ ျမန္မာလို ဘာသာျပန္လိုက္ေတာ့ မူရင္းတ႐ုတ္လိုေလာက္ေတာ့ သိပ္မရယ္ရေတာ့ဘူးေပါ့ေနာ္ ('~') ]

ခ်ဴဟြမ္တစ္ေယာက္ အားအင္အခ်ိဳ႕ ျပန္မရလာမီ ထိုေနရာတြင္ မည္မွ်ၾကာေအာင္ လဲေလ်ာင္းေနခဲ့ေၾကာင္း မသိပါေခ်။ သူက စိတ္ညစ္ညဴးစြာပင္ သူ႔ေျခက်င္းဝတ္ကို ေျမႇာက္ထားရင္း ဒဏ္ရာကို အလ်င္စလို စည္းေႏွာင္လိုက္ေလ၏။

ခ်ဴဟြမ္အေနျဖင့္ ထိုအေၾကာင္းကို အနာဂတ္တြင္ တစ္ပါးသူမ်ားအား မည္သို႔ ေျပာျပရမည္ကို မသိေတာ့ေပ။ သူ ျပဳတ္က်သြားျခင္းေပေလာ၊ သို႔တည္းမဟုတ္ သူ႔ဟာသူ ခုန္ခ်လိုက္မိျခင္းေပေလာ?

သူသည္ အျပန္ျပန္အလွန္လွန္ ဆင္ျခင္သုံးသပ္လိုက္ၿပီးေနာက္ ႏွစ္ခုလုံးမွာ အေတာ္ေလးရွက္စရာေကာင္းေၾကာင္း ေတြးမိေလသည္။ ဤအျခင္းအရာမွာ သူ႔ဘဝ၏ မဲေမွာင္ေနေသာ သမိုင္းေၾကာင္းတြင္ အေရာင္အေသြး စုံလင္သိပ္သည္း*မႈအရွိဆုံး စုတ္ခ်က္တစ္ခုပင္ျဖစ္သည္ဟု ခံစားမိေပ၏။ ခ်ဴဟြမ္က ဤလွ်ိဳ႕ဝွက္ခ်က္ကို သူ႔အေခါင္းထဲအထိ သယ္ေဆာင္သြားရန္ ဆုံးျဖတ္လိုက္ေလရာ ေလာင္ဝမ္ကို ဆက္သြယ္ရန္ အလ်င္စလို မျပဳပါေခ်။
[အေရာင္အေသြး စုံလင္သိပ္သည္း - တစ္ခုခုကို အေသးစိတ္ အတိအက်မွတ္မိတာမ်ိဳး ျဖစ္ပါတယ္။]

အနည္းငယ္မွ် လႈပ္ႏိုင္ရွားႏိုင္လာသည့္အခ်ိန္တြင္ ခ်ဴဟြမ္လုပ္လိုက္သည့္ ပထမဆုံးကိစၥမွာ လက္ကိုေျမႇာက္၍ သူ႔ပါးသူ ျပန္႐ိုက္လိုက္ျခင္းပင္။ 

/စကားကို မတည္ခဲ့ဘူး။ လခြမ္းထဲမွပဲ/

နာက်င္မႈက ႏႈိးေဆာ္လိုက္သျဖင့္ သူ၏ အသက္ရွင္လိုေသာဆႏၵႏွင့္ စိတ္အေျခအေနမွာ ပုံမွန္သို႔ ျပန္ေရာက္သြားေပေတာ့သည္။

သူ႔ေျခေထာက္တြင္ ခ်ည္ထားရန္ သစ္ေခ်ာင္းတစ္ေခ်ာင္း ရွာေတြ႕ခဲ့ၿပီး သူ႔၏ က်ည္မွန္ထားေသာ ပခုံးကို တ႐ြတ္ဆြဲကာ စိတ္ကို စီးကရက္တစ္လိပ္ျဖင့္ ႏိုးၾကားတက္ႂကြေစလိုက္၏။ အပုံလိုက္ကေလးမ်ား ရွိေနၾကေသာ ဆိတ္ေခ်းတုံးမ်ားေနာက္သို႔ လိုက္၍ ေတာင္ေပၚလမ္းတစ္ေလွ်ာက္ ကီလိုမီတာအနည္းငယ္ လမ္းေလွ်ာက္သြားခဲ့ၿပီး ေနာက္ဆုံးတြင္မူ ေဒသခံမ်ားရွိသည့္ ေနရာတစ္ခုကို ေတြ႕သြားေတာ့သည္။

ခ်ဴဟြမ္က မေတာ္တဆ ကားေမွာက္ခဲ့သည့္အေၾကာင္း စကားအနည္းငယ္ခန႔္ျဖင့္ လုပ္ႀကံေျပာဆိုလိုက္ၿပီးသည့္ေနာက္တြင္ ေအာင္ျမင္စြာျဖင့္ ေဒသခံလယ္သမားတို႔၏ ယုံၾကည္မႈႏွင့္ စာနာသနားမႈကို ရယူႏိုင္ခဲ့ေလ၏။ တစ္ညမွ် တည္းခိုႏိုင္ရန္အတြက္ ေတာင္းဆိုလိုက္ကာ သူ၏ ညစ္ပတ္ေပေရေနေသာ ကိုယ္ခႏၶာကို ေဆးေၾကာၿပီးေနာက္ သူအၿမဲ‌ေဆာင္ထားေလ့ရွိေသာ ေရွးဦးသူနာျပဳစုေရးေဆးအိတ္ေလးကို ထုတ္၍ ဒဏ္ရာမ်ားကို တစ္ခုခ်င္းစီ ေဆးထည့္လိုက္ေလသည္။ ေခတၱမွ် အနားယူကာ ျပန္လည္၍ ေသေသသပ္သပ္ျဖစ္ေအာင္ ျပင္ဆင္လိုက္ၿပီးသည့္ ေနာက္တြင္မူ ေဒသခံမ်ားထံမွ သယ္ယူပို႔ေဆာင္ေရးနည္းလမ္းမ်ားကို ေမးျမန္းစုံစမ္းလ်က္ ႐ြာသားတစ္ေယာက္ႏွင့္အတူ လီတစ္ဆယ္ႏွင့္ ႐ြာရွစ္႐ြာ*ၾကား ေျပးဆြဲသည့္ ကြၽဲလွည္းေပၚတြင္ လိုက္သြားကာ ေနာက္ဆုံးတြင္မွ အနီးဆုံးခ႐ိုင္ၿမိဳ႕သို႔ ဦးတည္သည့္ အေဝးေျပးယာဥ္ေပၚ တက္လိုက္သြားခဲ့ျခင္း ျဖစ္ေပ၏။
[လီတစ္ဆယ္ႏွင့္ ႐ြာရွစ္႐ြာ - အနီးအနားပတ္ဝန္းက်င္က ႐ြာေတြ၊ အနီးအနားပတ္လည္က အကြာအေဝးတခ်ိဳ႕ဆိုတဲ့ အဓိပၸာယ္နဲ႔သုံးတဲ့ စကားစုပါ။ "လီ"ဆိုတာကေတာ့ တ႐ုတ္အတိုင္းအတာတစ္ခုျဖစ္ၿပီး တစ္လီမွာ အၾကမ္းဖ်င္း မီတာ ၅၀၀ ေလာက္ရွိပါတယ္။]

ခ်ဴဟြမ္စီစဥ္ထားခဲ့သည္မွာ ပထမဆုံးခ႐ိုင္ၿမိဳ႕တြင္ ဆင္းရန္ ျဖစ္ေလသည္။ ကားေပၚမွ ဆင္းၿပီးသည့္ေနာက္တြင္ တည္းခိုရန္ ေနရာတစ္ခုရွာမည္။ သူ႔ကိုယ္သူ အတည္တက်ျဖစ္ေအာင္ ဦးစြာ လုပ္ေဆာင္ၿပီးမွ တစ္စုံတစ္ေယာက္အား သူ႔ကို လာေခၚရန္ ဆက္သြယ္လိုက္မည္။ သူ႔အေနျဖင့္ ၾကမ္းတမ္းသည့္ တိုက္ပြဲကို ေက်ာ္ျဖတ္ၿပီးသည့္ေနာက္ သားသတ္သမား၏ ဓားကို သက္သက္သာသာပင္ ကိုင္တြယ္*ႏိုင္ေသးသည့္ သြင္ျပင္ကို ထိန္းသိမ္းထားသည့္ပုံမ်ိဳး ေပၚေနေစရန္ အလိုရွိေပသည္။
[သားသတ္သမား၏ ဓားကို သက္သက္သာသာပင္ ကိုင္တြယ္ - ကိစၥတစ္ခုကို ေအးေဆးေျဖရွင္းႏိုင္တယ္လို႔ ဆိုလိုတဲ့ စကားပုံပါ။]

ကမ္းပါးေပၚတြင္ ထိန္းခ်ဳပ္မႈကင္းမဲ့သြားခဲ့သည့္ တစ္ဒဂၤ၌ ခ်ဴဟြမ္တစ္ေယာက္ ေနာက္ဆုံးတြင္မူ သူ႔ႏွင့္ပတ္သက္၍ တစ္ခုခုမွားယြင္းေနၿပီျဖစ္ေၾကာင္းကို ဝန္ခံလိုက္ရေလေတာ့၏။

သူအၿငိမ္းစားယူသည့္ သုံးႏွစ္အေတာ္အတြင္း ခ်ဴဟြမ္သည္ ေထာင္က်ေနသကဲ့သို႔ ေနထိုင္ခဲ့ျခင္းျဖစ္ေပသည္။ သူငယ္ခ်င္းဟူ၍ပင္ မရွိခဲ့ဘဲ သူ႔အဆက္အသြယ္မ်ားဟူ၍ ေလာင္ဝမ္၊ ခ်ဴအိုက္ေကာ္ႏွင့္ သူနာျပဳအကူတို႔သာ ရွိေလ၏။ သူ႔အေနျဖင့္ ဆယ္ရက္မွ လဝက္ေလာက္အထိ မည္သည့္ သက္ရွိကိုမွ် မျမင္ရသည္ႏွင့္ ဆယ္ရက္မွ လဝက္ေလာက္အထိ သူသည္ စကားတစ္လုံးမွ် ေျပာမည္မဟုတ္ေခ်။ သူႏွင့္ အတူေနေသာ ေၾကာင္ကိုပင္ သူ၏ အေဖာ္အျဖစ္ အတင္းအၾကပ္ စဥ္းစားယူရမည္ ျဖစ္ေလသည္။

သို႔ရာတြင္ ခ်ဴဟြမ္ေျပာႏိုင္သည္မွာ ထိုေၾကာင္သည္ သူႏွင့္ မရင္းႏွီး႐ုံမွ်မက သူ႔ကို အနည္းငယ္ ေၾကာက္ေနပုံပင္ ေပၚေခ်၏။

ခ်ဴဟြမ္ကား သူ႔အေနျဖင့္ မည္သည့္အရာက ေၾကာက္စရာေကာင္းေနသည္ကို နားမလည္ႏိုင္ပါေလ။ သူသည္ ေၾကာင္ႏွင့္ အတူတူထိုင္ကာ ဘဝႀကီးႏွင့္ပတ္သက္ေသာ သူ၏ တြယ္တာမႈမ်ားကို စကားစျမည္ေျပာသည့္ အေလ့အထမ်ိဳး မရွိေသာ္ျငား ၎ကို တစ္ခါမွ် မႏွိပ္စက္ဖူးပါေပ။ ၎၏ မူရင္းပိုင္ရွင္ေကြၽးသည္ကိုပင္ သူကလည္း ေကြၽးပါ၏။ ၎ေရာက္လာခါစက မရင္းႏွီးသည့္ ပတ္ဝန္းက်င္အသစ္တြင္ ေနသားမက်ေလရာ ေနရာအႏွံ႔ေလွ်ာက္ေျပးလ်က္ ပစၥည္းအေတာ္မ်ားမ်ား ခြဲပစ္ေသာ အခ်ိန္အခါတစ္ခု ရွိခဲ့ဖူးေလသည္။ ခ်ဴဟြမ္မွာ တိတ္ဆိတ္စြာပင္ ရွင္းလင္းသိမ္းဆည္းလ်က္ ၎ကို ေအာ္ေငါက္ျခင္းမ်ိဳး မျပဳခဲ့ပါေခ်။ သူေတြးမိသည္မွာ ဤသတၱဝါသည္ ေၾကာင္အိုႀကီးျဖစ္ေနၿပီျဖစ္ၿပီး ၎မွာ အသက္အေတာ္ရလာၿပီျဖစ္၍ အနည္းငယ္ မ်က္ႏွာသာေပးသင့္သည္ ဟူ၍ပင္။

ထိုကိစၥမွာ အလုပ္မျဖစ္သည္ကား ႏွေျမာစရာပင္ ျဖစ္ေသာ္လည္း မည္သို႔ပင္ ဆိုေစကာမူ သူ႔အေနျဖင့္ အိမ္ေမြးတိရစာၦန္တစ္ေကာင္ေမြးျခင္းႏွင့္ အခန္းေဖာ္တစ္ေယာက္ထားျခင္းတို႔ၾကားမွ က်င္းႏွင့္ ေဝ့ျမစ္တို႔၏ ထင္ရွားလွေသာ ကြဲျပားမႈ*ကို မည္သည့္အခါကမွ် မျမင္ႏိုင္ခဲ့ပါေလ။
[က်င္းႏွင့္ ေဝ့ျမစ္တို႔၏ ထင္ရွားလွေသာ ကြဲျပားမႈ - ဘာမွမဆိုင္ေအာင္ ကြဲျပားတယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။ က်င္းျမစ္ဟာ ေဝ့ျမစ္ရဲ႕ ျမစ္လက္တက္တစ္ခုပါ။ ေဝ့ျမစ္ကေတာ့ ျမစ္ဝါျမစ္ရဲ႕ အႀကီးဆုံးျမစ္လက္တက္ျဖစ္ပါတယ္။]

/"ငါ့ေၾကာင္က ေသၿပီ။ ဒါေပမယ့္ သူမေသခင္မွာ ငါ့ကို နည္းနည္းေလာက္ပဲ ဂ႐ုစိုက္ခဲ့တာပဲ"/

ခ်ဴဟြမ္က ခုန္ေပါက္ေနေသာ ကားေပၚတြင္ လိုက္ပါလာရင္း ႐ုတ္တရက္ စိတ္ထဲမွ ထူးထူးဆန္းဆန္း အေတြးေပါက္လာေပသည္။

သူသည္ ေလးလံထိုင္းမႈိင္းေနေသာ လူႀကီးတစ္ေယာက္ႏွယ္ ရွိေနၿပီး ေန႔ရက္အခ်ိဳ႕ ကုန္လြန္ၿပီးရွိကာမွ သူျမႇဳပ္ႏွံခဲ့ေသာ ကိုယ္ခႏၶာေလးမွာ ဘာျဖစ္သြားခဲ့သည္ဆိုသည္ကို ေလာေလာလတ္လတ္ကမွ ျပန္မွတ္မိလာပုံရေလသည္။

‌ေသြးမ်ား ဆုံးရႈံးထားမႈေၾကာင့္ သူ႔ကိုယ္ခႏၶာမွာ ခ်မ္းတုန္လာၿပီး ေဖာ္ျပ၍မရႏိုင္ေသာ အတက္အက်တို႔ျဖင့္ စိတ္မွာ ေအာက္ဆုံးသို႔ ထိုးဆင္းသြားေပေတာ့၏။ ခ်ဴဟြမ္မွာ ေလမ်ား ဒလေဟာဝင္ေနေသာ ကားႀကီးေပၚတြင္ ေနာက္တန္းခုံ၌ မွီရင္း အိပ္ေပ်ာ္သြားေလေတာ့သည္။

ကားက ခုန္ေသာေၾကာင့္ ခ်ဴဟြမ္၏ ဒဏ္ရာမ်ားမွာ ျပန္ပြင့္သြားေပသည္။ သူ႔အေနျဖင့္ ေတာင္လမ္း၏ ဂိတ္ဆုံးအထိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားလိမ့္မည္ဟု ေမွ်ာ္လင့္မထားခဲ့ေလ။ သူ႔အေနျဖင့္ မွတ္တိုင္မည္မွ် ေက်ာ္လြန္သြားခဲ့သည္ကို သူကိုယ္တိုင္ပင္ မသိေတာ့ေခ်။

သူကားေပၚမွ ဆင္းခ်ိန္တြင္ ေခါင္းထဲ၌ မူးေနာက္ေနာက္ျဖစ္ေနၿပီး ေဆာင္းဦးအစ ညဘက္တြင္ တိုက္ခတ္ေနေသာ ေတာင္ေပၚေလမွာ သူ႔ကို တုန္ေနေစေလ၏။ ပတ္ဝန္းက်င္ကို ၾကည့္လိုက္သည္တြင္ နာမည္သာရွိေသာ အေဝးေျပးဂိတ္ကိုသာ ျမင္ရကာ ဤေနရာမွာ အေတာ္ေလးက်ယ္ဝန္းေသာ ေျမကြက္လပ္တစ္ခုျဖစ္ေၾကာင္း ေတြ႕လိုက္ရၿပီး ေဘးဘက္တြင္မူ စာလုံးမ်ားကို မျမင္ရေတာ့ၿပီျဖစ္ေသာ အေဝးေျပးကားအခ်က္အလက္မ်ားေရးထားသည့္ ဆိုင္းဘုတ္တစ္ခု ေထာင္ထားေပသည္။ ကားဝင္းထဲတြင္ ရပ္နားထားေသာ အျခားအေဝးေျပးယာဥ္အခ်ိဳ႕လည္း ရွိေသးေလ၏။

အနီးအနားတြင္ အ႐ြယ္အစားအမ်ိဳးမ်ိဳးေသာ လွပသည့္ ရႈေမွ်ာ္ခင္းမ်ားရွိသည့္ ေနရာမ်ား ရွိသည္ဟု ၾကားသိဖူးေလသည္။ တိုးတက္ဖြံ႕ၿဖိဳးမႈႏႈန္းမွာ မေကာင္းလွဘဲ လမ္းပန္းဆက္သြယ္ေရးမွာလည္း အဆင္မေျပေခ်။ ဤၿမိဳ႕တြင္ ကားတစ္ဆင့္ေျပာင္းစီးရန္ လိုေလ၏။ ထို႔ေၾကာင့္ပင္ ဆင္းရဲ၍ ခရီးလမ္းခက္ခဲေသာ ဤခ႐ိုင္ၿမိဳ႕ငယ္ေလးမွာ ေမွ်ာ္လင့္မထားရဘဲ လူအေတာ္မ်ားမ်ားရွိေနကာ ကိုယ္ပိုင္အသက္ဝင္မႈတစ္ခုကို ပိုင္ဆိုင္ထားေခ်သည္။

ခ်ဴဟြမ္ကမူ စိတ္ထဲတြင္ မည္သို႔မွ် မထားပါေလ။ ယခုအခ်ိန္တြင္ သူ႔အတြက္ ခ႐ိုင္ၿမိဳ႕အားလုံးမွာ အတူတူပင္ျဖစ္ေလရာ သူ႔အေနျဖင့္ မွတ္တိုင္ေက်ာ္သြားသည္ဆိုလွ်င္လည္း မွတ္တိုင္ေက်ာ္သြားသည္ဟူ၍သာ မွတ္ရမည္ျဖစ္ေပသည္။

သူက ေခါင္းေမာ့၍ ၾကည့္လိုက္သည္တြင္ ကားဂိတ္အနီးတြင္ "ဧည့္ရိပ္သာ"ဟု ေရးထားေသာ ဆိုင္းဘုတ္တစ္ခု ရွိေနသည့္ အေဆာက္အဦတစ္ခုကိုသာ ျမင္ရေလ၏။ ၾကည့္ရသည္မွာ ဤအနီးတစ္ဝိုက္တြင္ အဆင့္အတန္းအျမင့္ဆုံး ျဖစ္ႏိုင္ေသာ္လည္း ထိုစာလုံးမ်ားအထက္တြင္ ေခတ္ေနာက္က်ေသာ နီယြန္မီးမ်ားကို ထြန္းညႇိထားဆဲ ျဖစ္ေခ်သည္။ မီးလုံးမ်ား၏ တစ္ဝက္ေက်ာ္မွာ ပ်က္ေနၿပီျဖစ္ၿပီး အေဝးမွလွမ္းၾကည့္လ်င္ "ေက်ာက္ ဘုရားေက်ာင္း*" ဟူေသာ စာလုံးႏွစ္လုံးကိုသာ ျမင္ရေလရာ အေမႊးတိုင္ထြန္းညႇိပူေဇာ္ရမည့္ ေနရာတစ္ခုႏွင့္ ပို၍ တူေပေတာ့သည္။
[ ေက်ာက္ ဘုရားေက်ာင္း - ဒါက ဧည့္ရိပ္သာ (招待所) လို႔ ဆိုင္းဘုတ္မွာေရးထားတာကို မီးလုံးေတြကပ်က္ေနေတာ့ အေဝးကလွမ္းၾကည့္ရင္ တခ်ိဳ႕စုတ္ခ်က္ေတြ ေပ်ာက္ေနၿပီး "ေက်ာက္ ဘုရားေက်ာင္း" (召寺) လို႔ပဲ ျမင္ရလို႔ပါ။]

ခ်ဴဟြမ္က သူ၏ အက္ကြဲေျခာက္ေသြ႕ေနေသာ ႏႈတ္ခမ္းမ်ားကို တင္းတင္းဖိ၍ ေစ့လိုက္ကာ ဧည့္ရိပ္သာဆီ ေလွ်ာက္သြားလိုက္သည္။ သူ႔အေနျဖင့္ ဓာတ္ဆားရည္ ဖန္ခြက္ႀကီးတစ္ခြက္စာခန႔္ လိုအပ္ေနသည္ဟု ခံစားရေလ၏။႐ုတ္တရက္ တစ္စုံတစ္ေယာက္က သူ႔ကို လွမ္းေခၚေနသည္ကို ၾကားလိုက္ရေလသည္။

ယခုအခ်ိန္တြင္ ခ်ဴဟြမ္၏ မ်က္လုံးမ်ားမွာ အနည္းငယ္ မႈန္ဝါးစျပဳလာေလၿပီ။ အသံၾကား၍ လွည့္ၾကည့္လိုက္ေသာအခါတြင္မွ ဆိုင္းဘုတ္ေဘးတြင္ လူႏွစ္ေယာက္ရပ္ေနေၾကာင္းကို မကြဲမျပားျမင္ႏိုင္ေလေတာ့သည္။ ႏွစ္ေယာက္လုံးမွာ အလြန္ပင္ အရပ္ျမင့္မားလွေပ၏။

သူ႔ကို လွမ္းေခၚလိုက္ေသာလူမွာ အသက္ေလးဆယ္ဝန္းက်င္ခန႔္ရွိမည္ျဖစ္ၿပီး လက္ထဲတြင္ ကတၳဴျပားဆိုင္းဘုတ္တစ္ခု ကိုင္ေဆာင္ထားေလသည္။ ထိုသူ၏ မ်က္လုံးမ်ားမွာ ႏြားမ်က္လုံးမ်ားတမွ် ႀကီးမားလွကာ ဆံပင္မွာလည္း ခ်ဳံႏြယ္ပိတ္ေပါင္းမ်ားကဲ့သို႔ပင္ ရွိေပ၏။ ထိုရႈပ္ပြေနေသာ ဆံပင္ကိုပင္ ရွည္လ်ားေသာ က်စ္ဆံၿမီးတစ္ခုအျဖစ္ ရင္ဘတ္ေပၚတြင္ ခ်ထားေခ်သည္။ လီေခြ*ႏွင့္တူေနေစသည့္ ရွည္လ်ားလွေသာ သူ႔မုတ္ဆိတ္ႏွင့္ ဆံႏြယ္မ်ားကို ဖယ္ၾကည့္လိုက္လွ်င္ ဤသို႔ေသာ ဝတ္စားဆင္ယင္ပုံမ်ိဳးမွာ ခ်ဴဟြမ္အား ကဗ်ာစာသားတစ္ပိုဒ္ကို အမွတ္ရေစေပသည္။

'႐ြာထဲဝယ္ ေရွာင္ဖန္းလို႔အမည္ရတဲ့ မိန္းမပ်ိဳေလးတစ္ေယာက္ ရွိေပတယ္... စိတ္ထားေကာင္းၿပီး ၾကင္နာတတ္တဲ့ အသြင္အျပင္နဲ႔ေပါ့။ ႀကီးမားၿပီး လွပတဲ့မ်က္လုံးေတြရယ္ ၿပီးေတာ့ ထူထဲရွည္လ်ားတဲ့ က်စ္ဆံၿမီးကိုေရာ ပိုင္ဆိုင္ထားသူပါပဲ'

[လီေခြ (李逵) - ယြမ္ေခတ္နဲ႔ အေစာပိုင္းမင္မင္းဆက္ေခတ္က တ႐ုတ္စာေရးဆရာ ရွစ္ႏိုင့္အန္း (施耐庵)ရဲ႕ လက္ရာတစ္ခုျဖစ္တဲ့ ေ႐ႊဟူကြၽမ့္ (水浒传 - Water Margins, ေရစပ္ ပုံျပင္) ဝတၳဳထဲက ဇာတ္ေကာင္တစ္ေကာင္ရဲ႕ နာမည္ပါ။ အဲ့ဝတၱဳက တ႐ုတ္စာေပရဲ႕ ဂႏၲဝင္ဝတၱဳေလးပုဒ္ထဲက တစ္ပုဒ္ျဖစ္ပါတယ္။]

တစ္ခုရွိသည္မွာ ဤသူ၏ မ်က္ႏွာေၾကာမွာ အေတာ္ပင္ မာေရေၾကာေရရွိလွၿပီး မ်က္လုံးမ်ားမွာလည္း ေဖာ္ေ႐ြသည့္ပုံေပၚမေနဘဲ ျပန္ေပးဆြဲသမားတစ္ေယာက္အျဖစ္ ေျပာင္းလဲအသက္ေမြးေနေသာ ေရွာင္ဖန္းတစ္ေယာက္ႏွင့္ တူေနျခင္းပင္။

အျခားတစ္ေယာက္မွာမူ အေတာ္ေလးငယ္႐ြယ္ကာ ပို၍ ခပ္ေဝးေဝးတြင္ ရပ္ေနေပ၏။ ခ်ဴဟြမ္၏ အျမင္အာ႐ုံမွာ မၾကည္လင္လွေသာေၾကာင့္ ထိုသူ၏ အသြင္အျပင္ကို သဲသဲကြဲကြဲ မျမင္ႏိုင္ပါေလ။ ထိုသူတြင္ ေလႏွင္ရာေမ်ာလြင့္ေနေသာ အနက္ေရာင္ဖဲႀကိဳးသဖြယ္ရွိ၍ ၾကည့္မိသူတို႔ကို ညႇိဳ႕ယူဖမ္းစားႏိုင္သည့္ ဆံႏြယ္ရွည္မ်ား ပိုင္ဆိုင္ထားေၾကာင္းကိုသာ ျမင္ႏိုင္ေလသည္။

သူတို႔ႏွစ္ေယာက္လုံးမွာ ပလက္ေဖာင္းအစြန္တြင္ ရပ္ေနၾကေလရာ တစ္စုံတစ္ေယာက္ကို လာႀကိဳေနၾကျခင္း ျဖစ္ေပလိမ့္မည္။ သို႔ရာတြင္ ယခုအခ်ိန္မွာ အလြန္ေနာက္က်ေနၿပီျဖစ္ၿပီး ကားဂိတ္တြင္လည္း လူအနည္းငယ္သာ ရွိေပ၏။ ေလာေလာလတ္လတ္ဝင္လာသည့္ကားမွာ တစ္စီးသာရွိကာ ခ်ဴဟြမ္မွာ ထိုကားေပၚမွ တစ္ဦးတည္းေသာ ခရီးသည္ ျဖစ္ေခ်သည္။

"အစ္ကို ေရွာင္ဖန္း" က သူ႔ထံ ဦးစြာေလွ်ာက္လာေပ၏။ ဤလူႀကီးမွာ ထြားက်ိဳင္း၍ ေထာင္ေထာင္ေမာင္းေမာင္းရွိလွကာ မ်က္ႏွာသည္ပင္ အဝတ္ေလွ်ာ္ဇလုံတစ္လုံးစာမွ် ႀကီးမားေလရာ အိမ္ကိုေခၚ၍ အိမ္ေစာင့္အျဖစ္ထားရန္ သင့္ေတာ္လွေသာ အံဩဖြယ္ရာတစ္ခုပင္ ျဖစ္ေပသည္။

ဤပုဂၢိဳလ္မွာ ဘယ္ေတာင္ၾကားမွ တက္လာသည္မသိေပ။ ေန႔စဥ္သုံးတ႐ုတ္စကားအေျခအေနမွာ ၿဂိဳဟ္သားအဆင့္ပင္ျဖစ္ေလ၏။ အကယ္၍ ထိုသူမွာ ကမာၻသားတစ္ေယာက္ပင္ ျဖစ္သည္ဆိုပါက စကားလုံးမ်ားကို နားမလည္ႏိုင္လွ်င္ေတာင္ ေျခဟန္လက္ဟန္အခ်ိဳ႕မွာ တစ္ကမာၻလုံး နားလည္ႏိုင္ေလသည္။သို႔ရာတြင္ တစ္ဖက္လူမွ စကားေပါင္းမ်ားစြာ ေျပာၿပီးသည့္တိုင္ ခ်ဴဟြမ္တစ္ေယာက္ နားလည္သည့္ တစ္ခုတည္းေသာအရာမွာ စစခ်င္းတုန္းက ထိုလူမွ ျပဴး၍ၾကည့္လိုက္ေသာ အၾကည့္တစ္ခ်က္ပင္ ျဖစ္ေခ်၏။

ထိုအၾကည့္၏ အဓိပၸာယ္မွာ ဤကဲ့သို႔ ျဖစ္ႏိုင္ေပသည္။
"ဘြားေအႀကီးထဲမွပဲ... ဒီလူအိုႀကီးကို ဒီေလာက္အၾကာႀကီးေစာင့္ခိုင္းထားတာ။ မင္း လမ္းတစ္ဝက္မွာတင္ ဘာလို႔ ေသမသြားလိုက္တာလဲ?"

ႏွစ္ေယာက္သားမွာ တစ္ေယာက္ကိုတစ္ေယာက္ ေၾကာင္လ်က္ စိုက္ၾကည့္ေနၾကၿပီး ေျပာဆိုဆက္သြယ္ရန္ မျဖစ္ႏိုင္သည့္ သံသရာတြင္ တဝဲလည္လည္ ျဖစ္ေနၾကေလသည္။

႐ုတ္တရက္ "အစ္ကို ေရွာင္ဖန္း"က တစ္ခုခုကို ေတြးလိုက္မိပုံရကာ သူ႔လက္ထဲမွ ကတၳဴျပားဆိုင္းဘုတ္ကို ခ်ဴဟြမ္ထံ ထိုးေပးလိုက္ၿပီး သူ႔ကို အေႂကြးရွင္တစ္ေယာက္ကဲ့သို႔ ၾကည့္ေနကာ သူ႔လက္ဆစ္မ်ားျဖင့္ ဆိုင္းဘုတ္ေပၚမွ စာလုံးမ်ားကို ေခါက္ျပေလ၏။

ခ်ဴဟြမ္က သူ၏ ႏြမ္းနယ္ေနေသာ မ်က္လုံးမ်ားကို အားစိုက္၍ မ်က္ေတာင္ခတ္ၾကည့္လိုက္သည္တြင္ ထိုစာလုံးမ်ားမွာ သူ႔ကိုသိေနဟန္ရွိေသာ္လည္း သူကမူ စာလုံးမ်ားကို မရင္းႏွီးသည္ကိုသာ ခံစားလိုက္ရသည္။

သူသည္ ပ်ံသန္းျခင္း၏ အဆုံးသတ္သို႔ ေရာက္ေနေသာ ျမားတစ္စင္း*ျဖစ္ေနၿပီျဖစ္ေၾကာင္း သူ႔ကိုယ္သူ သိေပ၏။ အႏွီ လူနည္းစုတိုင္းရင္းသားမ်ိဳးႏြယ္မွ ညီေနာင္ႏွင့္ ပိတ္မိေနျခင္းမွာ အေျခအေနေကာင္းမည္မဟုတ္ေလရာ ၾကည့္ရဆိုးေသာ အၿပဳံးတစ္ခုကို ဖ်စ္ညႇစ္ၿပဳံးျပလိုက္လ်က္ သူ႔လက္ေခ်ာင္းကို ကတၳဴဘုတ္ေပၚသို႔ ဆန႔္ထုတ္လိုက္ၿပီးေနာက္ သူ႔ကိုယ္သူျပန္၍ ၫႊန္ျပကာ ေခါင္းေရာလက္ေရာ ခါျပလိုက္ေလသည္။
/အႀကီးအကဲ လူမွားေနပါၿပီ/

[ပ်ံသန္းျခင္း၏ အဆုံးသတ္သို႔ ေရာက္ေနေသာ ျမားတစ္စင္း - ကိုယ့္မွာရွိတဲ့ အင္အား ဒါမွမဟုတ္ သည္းခံႏိုင္စြမ္းရဲ႕ အဆုံးကို ‌ေရာက္ေနၿပီ ဆိုတဲ့ အဓိပၸာယ္ပါ။]

ထိုသူက သူ႔ကိုအေရးမလုပ္ဘဲ ေရွ႕သို႔ ဆက္ေလွ်ာက္သြားသည္ကို ေတြ႕လိုက္ရေသာအခါ "ေရွာင္ဖန္း" မွာ ေခတၱမွ် အံ့အားသင့္သြားၿပီး ထိုသူ၏ပခုံးကို လွမ္းပုတ္ရန္ လက္ကိုေျမႇာက္ေတာ့မည့္ဆဲဆဲတြင္ သူ႔အၾကည့္မ်ားမွာ ႐ုတ္တရက္ စူးရွသြားေပ၏။

ဤတိုင္းရင္းသားညီေနာင္မွာ မည္သည့္အလုပ္အကိုင္ျဖင့္ အသက္ေမြးေၾကာင္း မသိရေသာ္လည္း သူ၏ ညဘက္အျမင္အာ႐ုံမွာ အလြန္ပင္ေကာင္းလွေပသည္။ ဤမွ်ေလာက္ ေမွာင္မည္းေနေသာေနရာတြင္ပင္ ခ်ဴဟြမ္၏ အေရာင္ရင့္ရင့္ ကုတ္အက်ႌေပၚမွ မထင္မရွား ညစ္ထပ္ထပ္အစြန္းကြက္မွာ ေသြးစြန္းကြက္ႀကီးတစ္ကြက္ျဖစ္ေၾကာင္းကို ရွင္းလင္းစြာ ခြဲျခားသိႏိုင္လိုက္ေလ၏။ သူက သူ႔ေနာက္မွ အေဖာ္ကို တစ္စုံတစ္ခု တီးတိုးေျပာလိုက္ေလသည္။

ဤအခိုက္အတန႔္တြင္ ခ်ဴဟြမ္၏ ေျခေထာက္မ်ားမွာ ႐ုတ္တရက္ ေခြက်သြားကာ ဆက္၍ ေတာင့္ခံမထားႏိုင္ေတာ့ဘဲ ေခါင္းစိုက္၍ လဲက်သြားေပေတာ့သည္။

ျမဴႏွင္းမ်ားၾကားတြင္ သူ႔ကိုတြဲထူေပးေနေသာ တစ္စုံတစ္ခုရွိေနပုံရကာ ခ်ဴဟြမ္၏ ေနာက္ဆုံးအၾကည့္ထဲတြင္ ရွည္လ်ားေသာ ဆံႏြယ္အခ်ိဳ႕ကို လွမ္းျမင္လိုက္မိ၏။

ည၏ အလင္းမွိန္မွိန္တြင္ အေဝးဆီမွ ေကြ႕ဟြားပန္းရနံ႔က ခပ္သင္းသင္းပ်ံ႕လြင့္လာေလသည္။

-------------------------

T/N:

‌ေကြ႕ဟြားပန္း (桂花)

ဒီမွာပုံျပထားတာေတာ့ အနီမ်ိဳးပါ။ အျဖဴတို႔၊ အဝါတို႔လည္း ရွိပါတယ္။

ၤသႀကၤန္အက်ေန႔ေတာင္ေရာက္ၿပီ။ ႏွစ္မကုန္ခင္ ပလႅင္ေပၚမတန္မရာတက္ေနၾကတဲ့ ေခြးအုပ္စု ျပဳတ္က်သြားရင္ ေကာင္းမယ္ 😑

Please support CRPH. အေရးေတ္ာပုံ ေအာင္ရမည္ 💪

14. 4. 2021

❤❤❤

Đọc tiếp

Bạn Cũng Sẽ Thích

739K 29.7K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
1.8M 186K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
217K 25.2K 74
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
242K 20.6K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024