ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်...

Από ZuriLeora

1.2M 188K 9.3K

Original author: Yǐnlù Xīng - 引路星 Associated name:Wǒ xǐhuān nǐ de xìnxī sù 我喜欢你的信息素 I don't own this story.I... Περισσότερα

DESCRIPTION
CHAPTER 1 -Flag Raising Ceremony
CHAPTER 2 - Provocative
CHAPTER 3 -Male Toilet
CHAPTER 4 - Fight
CHAPTER 5 - Teachers' Office
CHAPTER 6- Playing Basketball
CHAPTER 7- Threat
CHAPTER 8 - Hospital
CHAPTER 9 - Stess Disorder
CHAPTER 10- Uniforms
CHAPTER 11-Fruit Tea
CHAPTER 12 - Learning
CHAPTER 13 - Monthly Test
CHAPTER 14 - Dimples
CHAPTER 15 - Strawberry Candy
CHAPTER 16 - Sport Meeting
CHAPTER 17 - 3000 meters
CHAPTER 18 - Relay Race
CHAPTER 19 - Dinner
CHAPTER 20 - I am afraid
CHAPTER 21 - Tunnel
CHAPTER 22 - Teach Me
CHAPTER 23 - Cushion Together
CHAPTER 24 - In The Morning
CHAPTER 25 - Stalker
CHAPTER 26 - Gossip
CHAPTER 27 - Forum
CHAPTER 28 - Rain Alley
CHAPTER 29 - Want
CHAPTER 30 - Jealous
CHAPTER 31 - Embrace
CHAPTER 32 - Hand In Hand
CHAPTER 33 - Flag Station
CHAPTER 34 - Drink
CHAPTER 36 - Surreptitiously
CHAPTER 37 - Supplemental Mark
CHAPTER 38 - Change clothes
CHAPTER 39 - I am handsome
CHAPTER 40 - Confession
CHAPTER 41 - Chase you
CHAPTER 42 - Joint Examination
CHAPTER 43 - Lip Color
CHAPTER 44 - Susceptibility Period
CHAPTER 45 - Soft
CHAPTER 46 - Watch Movie
CHATEPR 47 - Parent Meeting
CHAPTER 48 - Night Run
CHAPTER 49 - Stay Overnight
CHAPTER 50 - Ahye
CHAPTER 51 - Difficult
CHAPTER 52 - I Like You Too
CHAPTER 53 - Brother
CHAPTER 54 - Possession
CHAPTER 55 - Not allowed to hide
CHAPTER 56 - Cold
CHAPTER 57 - Midnight
CHAPTER 58 - Couple
CHAPTER 59 - Taste
CHAPTER 60 - Intimate
CHAPTER 61 - High School
CHAPTER 62 - Don't Be Afraid
CHAPTER 63 - Group Shelf
CHAPTER 64 - I Will
CHAPTER 65 - Birthday
CHAPTER 66 - Don't Mess
CHAPTER 67 - Kiss Back
CHAPTER 68 - Adult
CHAPTER 69 - Remuneration
CHAPTER 70 - Wishing Tree
CHAPTER 71 - College entrance examination
Chapter 72 - Happy Graduation
Extra 1
Extra 2
Extra 3
Extra 4
✨✨✨

CHAPTER 35 - Blush

14.9K 2.3K 36
Από ZuriLeora

Unicode

KTV ထဲကလေထုကပူလောင်နေတာပဲ။

လုရှင်းစစ်နဲ့ သွမ့်ကျားရန်အပြင် တခြားသူတိုင်းကပြန်စရာအိမ်မရှိတဲ့ညအတိုင်းပဲပျော်ပါးနေကြတယ်။ အထူးသဖြင့်ချန်ယွဲ့ခေါင်းကိုခါပီး rap တွေရွတ်နေတယ်။

သူ့ပေါ်မှာမှီနေတဲ့သွမ့်ကျားရန်ကို​လုရှင်းစစ်ခေါင်းငုံ့ပီးကြည့်လိုက်တယ်။

တစ်ဖက်လူကသူ့ကိုဖျားယောင်းသလိုလိုပြောပီးနောက်မှာ သူကဘာအသိမှမရှိတော့သလို သူနဲ့လဲအရမ်းနီးကပ်နေတယ်။

ပိုင်ရှင်ကိုကပ်နေတဲ့ခွေး​ပေါက်လေးလိုမျိုး။

သွမ့်ကျားရန်ကသူ့ရဲ့ pheromone ကိုကြိုက်ရုံပဲဆိုတာကသူမသိခဲ့ရင် ဒီလောက်နီးကပ်နေမှုကြီးနဲ့ဆိုရင် တခြားမတွေးသင့်တဲ့အတွေးတွေဝင်မိမလားမပြောတတ်ဘူး။

သွမ့်ကျားရန်ကသူ့ရဲ့ gland ကိုတရှုံ့ရှုံ့နဲ့အနံ့လာခံနေတဲ့အချိန်မှာ​တော့လုရှင်းစစ်ဆက်ပီးထိုင်မနေနိုင်တော့ဘူး။

သူကလူကို​ဘေးကိုနည်းနည်းဆွဲလိုက်ပီးသွမ်ကျားရန်ရဲ့လှုပ်ရှားမှုတွေကနည်းနည်းလေးတား​ထားတယ်။သူချန်ယွဲ့ကိုချက်ချင်းပြောလိုက်တယ် "ငါအရင်​ပြန်တော့မယ်"

ချန်ယွဲ့ကလက်တန်းကောက်ဆိုထားတဲ့rapရွတ်ပီးသွားပီ။ သူကနောက်ပြန်လှည့်လာပီးပြောတယ် "ပြန်တော့မလို့လား? နည်းနည်းစောသေးတယ်လေ"

"ငါသူ့ကိုပြန်ပို့မလို့" လုရှင်းစစ်ကသတိမရှိတော့တဲ့ သွမ့်ကျားရန်ကိုညွှန်ပြလိုက်တယ် "လမ်းမှာလဲ အမူး​ပျောက်ဆေးဝယ်ဖို့ဆေးဆိုင်သွားရအုံးမယ်"

ချန်ယွဲ့ကသူတို့နှစ်ယောက်ကိုကြည့်လိုက်တယ်။သူ့စကားထဲမှာတစ်ခုခုရှိနေပီးသူကပြုံးပီးပြောလိုက်တယ် "အဲ့တာကမနောက်ကျသင့်ဘူး ပြန်နှင့်လေ"

သူကချန်ယွဲ့ရဲ့စကားတွေရဲ့အဓိပ္ပါယ်ကိုလျစ်လျူရှုလိုက်ပီး သွမ့်ကျားရန်ကိုဆွဲလိုက်တယ်။ တစ်ဖက်လူကသူ့လက်မောင်းတွေထဲလျှောက်လာပီးပြောတယ် "ပြန်တော့မလို့လား?"

လုရှင်းစစ်ကခေါင်းညိမ့်လိုက်တယ်။

သူတို့ဟော့ပေါ့စားခဲ့တုန်းကဟာကိုသူသတိရသေးတယ်။ သွမ့်ကျားရန်မူးတုန်းကသူ့ပခုံးတွေမှာတွယ်ချိတ်နေခဲ့တယ်။ အဲ့ဒီအချိန်တုန်းကသူနဲ့သွမ့်ကျားရန်ကသန့်စင်တဲ့အတန်းဖော်တွေ။

အခုကတော့...

သန့်စင်တဲ့အတန်းဖော်ဆက်ဆံရေးပဲဖြစ်သင့်ပါတယ်လေ။

"သွားမယ်" သွမ့်ကျားရန်ကသူပြောတာကိုမှတ်မိနေသေးတယ် "ပုစွန်တွေဆီကို​သွားရအောင်လေ"

လုရှင်းစစ်: "မသွားဘူး"

"ဘာလို့လဲ?" သွမ့်ကျားရန်ကသူ့လက်ချောင်းလေးနဲ့အားနဲနဲစိုက်ပီးသူ့နောက်ကျောကိုထိုးနေတယ်။

လုရှင်းစစ်ကအဲ့တာကိုကြောင်လေးလက်သည်းလေးနဲ့ခြစ်နေသလိုပဲခံစားရတယ်။သူကစနောက်လိုက်တယ် "ဘာလို့လဲဆိုငါ့နောက်ကျောမှာတစ်ကောင်ရှိနေလို့လေ"

" ... " သွမ့်ကျားရန်ကပြန်ပြောတယ် "ဘယ်သူလဲ? ငါကပုစွန်လေးမဟုတ်ပါဘူး"

"အာ့ဆိုမင်းကဘာလဲ?"

" ငါက..." သွမ့်ကျားရန်ကအဲ့တာကိုတွေးပီးလေးလေးနက်နက်ပြောတယ် "ဘယ်သူကမှအမည်မတပ်ရဲတဲ့လူချောလေး တကယ်လို့​မင်းကငါ့ကိုဘယ်လိုခေါ်ရမှန်းမသိရင်ပါးပါးလို့ခေါ်လို့ရတယ်"

"သွမ့်ကျားရန်မင်းမူးနေပီလား" လုရှင်းစစ်ကသူနဲ့စကားစမြည်ပြောရင်း KTV တံခါးထိခေါ်လာတယ် "မင်းကဘာလို့အဖေဖြစ်ရတာကိုကြိုက်တာလဲ"

"ငါကအရာအားလုံးကိုကြိုက်တယ်" သွမ့်ကျားရန်ကသူ့နားကပ်ပီးပြောတယ် "ငါကြိုက်တယ်မင်း..."

သူကတန့်သွားပီး​ထပ်ပြောရတယ် "--ခန္တာကိုယ်ကအနံ့လေးကို"

လုရှင်းစစ်ကဒီရပ်စက်တဲ့ရပ်တန့်မှုကြီးကြောင့်​နည်းနည်းတောင်ခေါင်းကိုက်သွားတယ်။

သွမ့်ကျားရန်သာအဲ့လိုဆက်ပီးဒုက္ခရှာနေမယ်ဆိုရင် သူတို့ကြားကသန့်စင်တဲ့ အတန်းဖော်ဆက်ဆံရေးကြီးကတစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်တယ်လို့သူခံစားနေရတယ်။

KTV နဲ့သိပ်မဝေးတဲ့နေရာမှာဆေးဆိုင်တစ်ခုရှိတယ်။

ဝိုင်မူးတာပျောက်တဲ့ဆေးဝယ်ပီးတော့လုရှင်းစစ်ကသွမ့်ကျားရန်နဲ့အတူ hotel ကိုပြန်လာခဲ့တယ်။ အခန်းထဲပြန်ဝင်လာတော့ သူကသွမ့်ကျားရန်ကိုဆေးအရင်သောက်စေချင်တယ်။သူခေါင်းငုံ့လိုက်တဲ့အချိန်မှာနောက်ကနေခါးကိုဖက်ပီးလက်​မောင်းကိုဆွဲထားတယ်။

လုရှင်းစစ်လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။

တစ်စုံတစ်ယောက်ကသူ့မျက်နှာကိုသူ့ကျောမှာအပ်ထားပီး ထူထဲတဲ့ မြူနဲ့ရော​တဲ့ပန်းရနံ့လေးပျံ့လွင့်လာတယ်။

သူ့နောက်ကလူကအသံနိမ့်နိမ့်လေးနဲ့စကားပြောတာကိုကြားလိုက်ရတယ် "ငါရေချိုးချင်တယ်"

အရက်မူး​နေတာကြောင့်ဖြစ်နိုင်တယ် သူ့အသံကအရင်တုန်းကထပ်ပိုပီးချွဲနေတယ်။ လုရှင်းစစ်လှည့်ကြည့်လိုက်တယ်။ သူလဲအရက်နဲ့တွေနဲ့အိပ်လို့မရလောက်ဘူးလို့တွေးမိတယ်။"အာ့ဆိုဆေးအရင်သောက် ခနနားပီး နောက်မှသန့်စင်လေ"

သွမ့်ကျားရန်ခနလောက်တွေးပီတော့ လုရှင်းစစ်ပြောတာကအဓိပ္ပါယ်ရှိတယ်လို့ထင်တယ်။ သူကဆေးကို​အလွယ်တကူသောက်လိုက်တယ်။

သူကအကြာကြီးနားပီးပီလို့ခံစားရပီး လုရှင်းစစ်ကိုခေါ်လိုက်တယ် "ငါရေချိုးချင်တယ်"

လုရှင်းစစ်ကခေါင်းညိမ့်ပြလိုက်တယ်။

သွမ့်ကျားရန်ကပြောပီးတဲ့အထိသူ့ကိုကပ်နေတုန်းပဲ။ သူကသူ့ကိုကြည့်လိုက်တယ် "ငြိမ်ငြိမ်ရပ်နိုင်ပီလား? ချော်မလဲစေနဲ့နော်"

"ချော်လဲတာလား?မဖြစ်ပါဘူး" သွမ့်ကျားရန်ကအရမ်းယုံကြည်ချက်ရှိတယ် "ဒီသခင်လေးကဘယ်တော့မှချော်မလဲဘူး"

သူကပြောပီးတော့လုရှင်းစစ်ရဲ့လက်မောင်းကိုမလွှတ်ချင်လွှတ်ချင်နဲ့လွှတ်လိုက်တယ်။ သူတစ်ဖက်လူကိုထားခဲ့​ေတာ့Alpha ပိုင်ဆိုင်တဲ့ pheromone ကအများကြီးမရှိတော့ဘူး။

အထူးသဖြင့်သူရေချိုးခန်းထဲလျှောက်သွားတော့လုရှင်းစး်ရဲ့အနံ့ကိုမရတော့ဘူး။

သွမ့်ကျားရန်ကနည်းနည်းဆုံးရှုံးသွားသလိုခံစားရတယ်။

ဒါပေမဲ့သူရေလဲချိုးချင်တယ်။နည်းနည်းလောက်ချင့်ချိန်ပီးတော့ သွမ့်ကျားရန်နောက်ကိုရုတ်တရပ်လှည့်လိုက်တယ် "မင်းငါ့ထွက်လာမှာကိုစောင့်နေ လျှောက်သွားမနေနဲ့"

အစတုန်းကသူလမ်းလျှောက်တော့သိပ်ပီးမြဲမြဲမရပ်နိုင်သလိုပဲ။ လုရှင်းစစ်ကသူရေချိုးမှာကို​စိုးရိမ်နေသေးတယ်။ ဒါပေမဲ့လူကြီးတွေကကလေးတွေကိုပြောသလိုမျိုးကို​ကြားတော့လုရှင်းစစ်မထိန်းနိုင်ဘဲရယ်ချလုနီပါးပဲ။သူအဲ့တာကိုထပ်ပြောလို​က်တယ် "ငါကမင်းထွက်လာမှာကိုစောင့်နေရမှာလား?"

သွမ့်ကျားရန်ကခေါင်းညိမ့်ပီးပြောလိုက်တယ် "ငါထွက်လာရင်မင်းကိုဆက်ဖက်ထားအုံးမှာ"

လုရှင်းစစ်: " ... "

"မင်းလျှောက်သွားနေရင်" သွမ့်ကျားရန်ကသူစကားမပြောတာကိုတွေ့တော့ သူ့စကားတွေကိုနားမထောင်ဘူးလို့တွေးလိုက်တယ်။သူကမျက်လုံးလေးကိုလှည့်လိုက်ပိးခြိမ်းခြောက်လိုက်တယ် "မင်းသေပီပဲ"

လုရှင်းစစ်တကယ်ရယ်ချင်နေတယ် "မင်းကအတော်လေးကြမ်းတာပဲ"

သွမ့်ကျားရန်ကခေါင်းငြိမ့်လိုက်ပီးအရမ်းကြမ်းတယ်ဆိုတာကိုလက်ခံလိုက်တယ် "မင်းရဲ့အန္တာရယ်ရှိ​တဲ့အခြေအနေကိုနားလည်မယ်လို့မျှော်လင့်ပါတယ်"

"အာ့ဆိုငါလျှောက်မသွား​ပါဘူး အသက်ချမ်းသာပေးပါအုံး" သူကသွမ့်ကျားရန်ရေချိုးခန်းတံခါးကိုဖွင့်ဝင်သွားတာကိုပြုံးကြည့်နေလိုက်တယ်။ သွမ့်ကျားရန်တံခါးထဲကိုတစ်လှမ်းချင်းလျှောက်သွားတဲ့အခါမှာသူကမခွဲနိုင်မခွာရက်ဖြစ်နေပုံပေါ်တယ်။လုရှင်းစစ်မျက်နှာကကြည်လင်နေပီး သူအပြုံးကလဲပိုပီးကြီးလာတယ် "မင်းဖြည်းဖြည်းချိုး ငါလျှောက်မသွားပါဘူး"

ရေချိုးခန်းတံခါးပိတ်သွားတဲ့အခါမှာတော့ရေနွေးငွေ့လေးတွေနဲ့အတူရေကျဆင်းနေတဲ့အသံတိုးတိုးလေးကိုကြားနေရတယ်။ပီးတော့ pheromone ကတံခါးအပြင်ဘက်ကိုလျှံထွက်နေပီးရေချိုးခန်းထဲကနေအပြင်ဘက်ကိုအပင်လေးပေါက်လာတဲ့အတိုင်းပဲ။

လုရှင်းစစ်လက်ချောင်းလေးတွေကဖုန်းscreen ကိုထိလိုက်တယ်။

သူဖုန်းကစားလို့မရဘူးဆိုတာနားလည်လိုက်တော့သူဖုန်းကိုပိတ်လိုက်တယ်။သူစတင်ပီးပျင်းရိလာတော့တယ်။

သွမ့်ကျားရန်ရေချိုးတာအကြာကြီးပဲ။ သူရေချိုးခန်းထဲမှာသတိလစ်နေပီလားဆိုပီးလုရှင်းစစ်တွေးလိုက်တဲ့အချိန်မှာ ရေချိုးခန်းထဲကနေအသံတစ်ခုထွက်လာတယ်။

ရေသံတွေကပထမဆုံးရပ်သွားတယ်။အဲ့ဒီနောက်မှာဖိနပ်နဲ့လမ်းလျှောက်သံကိုကြားတယ်။ဒါပေမဲ့အဲ့ဒီအသံကနဲ့အတူသဲသဲကွဲကွဲမကြားရတဲ့​လှုပ်ရှားတဲ့အသံတွေပါပါလာတယ်။

သူသွမ့်ကျားရန်ရဲ့အသံရေချိုးခန်းထဲကထွက်လာတာကိုကြားရတယ်။ အရမ်းတိုတယ်။

လုရှင်းစစ်ကရေချိုးခန်းတံခါးဆီကိုမြန်မြန်လျှောက်သွားလိုက်တယ် "ဘာဖြစ်လို့လဲ?"

ပြန်ဖြေသံလဲမရှိဘူး။

သူ့မျက်ခုံးတွေကိုပွတ်လိုက်ပီးတံခါးကိုခေါက်လိုက်တယ်။နောက်တော့ထပ်မေးလိုက်တယ် "သွမ့်ကျားရန်မင်းအဆင်ပြေရဲ့လား?"

အထဲကလူကအော်နေတဲ့ပုံပေါ်တယ်။ ဒါပေမဲ့တံခါးကိုဖြတ်လာရတော့တစ်ဖက်လူရဲ့အသံကအရမ်းသေးပီးတကယ်မကြားရဘူး။လုရှင်းစစ်တံခါးကိုတွန်းဖွင့်ပီးအထဲကိုတည့်တည့်ဝင်သွားလိုက်တယ်။

သူရေးချိုးခန်းထဲကိုဝင်လိုက်တာနဲ့တပြိုင်နက် omega pheromone ကပိုပိုပီးများပြားလာတယ်။ နွေးထွေး​တဲ့မြူခိုးနဲ့ရနံ့ချိုချိုလေးကရောယှက်နေတယ်။ရစ်ပတ်နေတဲ့အထုံးတွေနဲ့ ပန်းပင်​တစ်ပင်လိုမျိုး။

ရေချိုးခန်းနဲ့သန့်စင်ခန်းအတူတူတွဲထားတယ်။နေရာကိုခွဲထားဖို့တဲ့အတွက်မှန်တံခါးတစ်ခုနဲ့ကာထားတယ်။သွမ့်ကျားရန်ရေချိုးခန်းထဲကထွက်လာတော့ ရေချိုးခန်းကြမ်းပြင်ပေါ်ကရေစိုခံအပြားလေးပေါ်မတော်တဆနင်းမိသွားပီး တစ်ကိုယ်လုံးကြမ်းပြင်ပေါ်ပြုတ်ကျသွားတာဖြစ်နိုင်တယ်။

သူတံခါးတွန်းပီးမဝင်လာခင် သွမ့်ကျားရန်ကမတ်တပ်ရပ်ဖို့ကြိုးစားခဲ့တာဖြစ်နိုင်တယ်။ဒါပေမဲ့ကျရှုံးသွားလောက်တယ်။ သူ​ခြေထောက်လေးကနည်းနည်းကော့တက်နေပီး လျော့တိလျော့ရဲပုံလေးပေါ်နေတယ်။

သူ့မှာအဝတ်ဝတ်ဖို့အချိန်မရခဲ့ဘူးသူရဲ့ခြေလက်လေးတွေကကျစ်လျစ်နေပီး လက်ကောက်ဝတ်နဲ့ခြေကျင်းဝတ်လေးကလဲသွယ်သွယ်လေးရယ်။သူ့ခေါင်းကိုအောက်ကိုနိမ့်ထားတဲ့အတွက် သူ့ရဲ့ကျောရိုးလေးတွေက လိပ်ပြာလေး​လို့ကွေးတက်နေတယ်။

တစ်ကိုယ်လုံးကဖြူဥပီးချောမွေ့နေတာပဲ။

လုရှင်းစစ်သူ့မျက်လုံးတွေကိုပိတ်လိုက်တယ်။

သူ့ရဲ့အပိုစိတ်တွေကိုဖိနှိပ်ထားပီးအောက်ကိုနည်းနည်းလေးကိုင်းလိုက်တယ် "မင်းအဆင်ပြေရဲ့လား?"

သွမ့်ကျားရန်ကသူ့ကိုမော့ကြည့်တယ်။

နာကျင်မှုကြောင့်ဖြစ်နိုင်တယ် သူ့မျက်လုံးလေးတွေကနနဲဲရဲနေတယ်။ လုရှင်းစစ်ကသူ့ရဲ့အဲ့လိုအကြည့်တစ်ချက်ကြောင့်နားလေးတွေတောင်နည်းနည်းနွေးသွားတယ်။

သွမ့်ကျားရန်ကခေါင်းမရှင်းသေးတဲ့အတွက် ဝင်လာတယဘယ်သူလဲဆိုတာမသိခင်
ခနလောက်ရုန်းကန်နေရတယ်။

သူကချက်ချင်းပြောလာတယ် "မင်းဘယ်လိုဝင်လာခဲ့တာလဲ?"

" ... " သွမ့်ကျားရန်လဲကျသွား​တော့စကားမပြောသလိုသူ့ကိုလဲလှမ်းမခေါ်ဘူးဆိုတာရှင်းနေတာပဲလေ။သူကဘာလို့ဒီလောက်အထက်စီးဆန်ပီးလူတွေကိုအကူအညီမတောင်းရတာလဲ?ပိုပီးထူးခြားတာကသူကသူ့ကိုလုံးဝမုန်းသွားတဲ့ပုံလဲမပေါ်ဘူး။ လုရှင်းစစ်ကသူ့ကိုကြည့်လိုက်တယ် "စိတ်ကလဲ​မသေးလိုက်တာ"

သွမ့်ကျားရန်ကသူ့ကိုလျစ်လျူရှူထားပီးတိုက်ရိုက်လက်ကမ်းလာတယ်။

သူလက်လှမ်းလိုက်တဲ့အချိန်မှာသူ့အသားအရည်ကအများကြီးပေါ်သွားပီးရေချိုးခန်းရဲ့မီးရောင်အောက်မှာညှပ်ရိုးလေးပေါ်ကအခွက်လေးမှာအရိပ်ကျနေတယ်။

လုရှင်းစစ်ကဆန့်တန့်ထားတဲ့လက်ကလေးကိုကြည့်လိုက်တယ်။အဲ့ဒီအ​ပေါ်မှာရေလေးတွေကျန်သေးပီး​အရေပြားပေါ်မှာရေစက်လေးတွေနဲ့။

သူကစိုက်ကြည့်နေပီးဘာမှမတုံ့ပြန်တာတွေ့တော့သွမ့်ကျားရန်ကသူ့လက်ကိုရှေ့ကိုဆန့်ထုတ်ပေးတယ်။

လုရှင်းစစ်ကလှုပ်ရှားဖို့အတင်းတိုက်တွန်းနေရပီးဘေးနားကတစ်ခုမှမသုံးရသေးတဲ့ bath towel တစ်ခုယူလိုက်တယ်။ပီးတော့သွမ့်ကျားရန်ကိုခြုံပေးလိုက်တယ်။ သူကနည်းနည်းပြင်ဆင်ပေးပီး တစ်ကိုယ်လုံးကိုလုံအောင်ဖုံးဖို့ဆုံးဖြတ်လိုက်တယ်။

သွမ့်ကျားရန်က towel နဲ့အပတ်ခံလိုက်ရတော့မေးလိုက်တယ် "မင်းဘာလုပ်နေတာလဲ?"

​သူမပြောပီးခင်မှာလုရှင်းစစ်ကသွမ့်ကျားရန်တစ်ကိုယ်လုံးချီခေါ်သွားတော့တယ်။သွမ့်ကျားရန်နည်းနည်းလစ်ဟာသွားသလိုခံစားရတော့နည်းနည်းရုန်းလိုက်ပေမဲ့နောက်ကျတော့လုရှင်းစစ်ကိုချီခွင့်ပြုလိုက်တယ်။

သွမ့်ကျားရန်ကလုရှင်းစစ်ရဲ့အနံ့လေးကိုရနေတယ်။ သူ့ရဲ့​ရှုထောင့်ကနေဆိုကောင်လေးရဲ့လည်စေ့လေးကိုမြင်ရတယ်ဆိုရုံလေးပဲ။

သွမ့်ကျားရန်ကဆိုင်းငံ့သွားတယ် "ဒီလိုမျိုးမင်းဘာမှမပြောဘဲဝင်လာတာကမင်းအတွက်အန္တာရယ်ရှိတယ်ဆိုတာမင်းသိလား?"

လုရှင်းစစ်ကသူ့အတွေးတွေကိုလိုက်ပြောပေးတယ် "ငါဘဝသက်တမ်းကုန်သွားမှာလား?&

"အဲ့လိုမျိုးဖြစ်သင့်တယ်" သွမ့်ကျားရန်ကပြောလိုက်တယ်။ပီးတော့ရုတ်တရပ်သူ့လည်ပင်းကိုမှီလိုက်ပီးသူ့gland မတော်​တဆလျက်လိုက်တယ်။အဲ့ဒီနောက်ပြုံးလိုက်တယ် "ဒါပေမဲ့မင်းအနံ့လေးကအရမ်းမွှေးလို့ အပြစ်မယူတော့ဘူး"

လုရှင်းစစ်ရဲ့မျက်ခွံကနည်းနည်းလှုပ်သွားတယ်။

သွမ့်ကျားရန်ကဒီတိုင်း​လေးတိုက်ခိုက်လိုတဲ့လှုပ်ရှားမှုလေးပဲလုပ်တာသူ့စိတ်ထဲမှာတော့အကျိုး​အကြောင်းမဆီလျော်တဲ့အ​တွေးတွေရှိနေပီ။

သူနောက်တစ်ခါထပ်လှုပ်မှာကြောက်တဲ့အတွက် လုရှင်းစစ်ကသူ့လက်မောင်းကိုနည်းနည်းလေးတင်းကျပ်လိုက်တယ်။အနှီလူသားလေးကလဲတင်းတင်းကျပ်ကျပ်အဖက်ခံထားရတယ်။ အိပ်ယာဆီကိုလမ်းလျှောက်သွားလိုက်ပီးသွမ့်ကျားရန်ကိုအိပ်ယာပေါ်မှာချပေးထားလိုက်တယ်။ တလျှောက်လုံးမှာ သူသွမ့်ကျားရန်ရဲ့ခန္တာကိုယ်အအစိတ်အပိုင်းတစ်ခုတစ်လေဖြစ်ဖြစ်ပေါ်သွားအောင်မလုပ်ရဲဘူး။

​ချော်လဲတော့နာသွားလို့ဖြစ်နိုင်တယ်။ သွမ့်ကျားရန်ကအိပ်ယာပေါ်မှာငြိမ်ငြိမ်လေးနေနေပီး နောက်ထပ်ဆူဆူညံညံတွေမလုပ်တော့ဘူး။

လုရှင်းစစ်ကသူ့လက်ကိုမြှောက်လိုက်ပီးနူးညံ့တဲ့နဖူးလေးကိုပွတ်လိုက်တယ်။သူ့မျက်လုံးတွေကိုဖုံးနေတဲ့ဆံပင်လေးတွေဖယ်သွားတဲ့အခါမှာသူကသူ့ကိုမေးလိုက်တယ် "မင်းရဲ့အဝတ်အစားတွေ ငါ့ကိုသွားထုတ်ပေးစေချင်လား?"

သွမ့်ကျားရန်ကခေါင်းညိမ့်လိုက်တယ်။

ရေချိုးခန်းထဲကိုအဝတ်အစားတွေသွားယူတဲ့အချိန်မှာ​တော့လုရှင်းစစ်ကတံခါးပိတ်ပီးရေချိုးခန်းကတံခါးဘောင်ကိုခနလောက်နောက်ပြန်လှည့်ရပ်လိုက်တယ်။

ရေချိုးခန်းလေးထဲမှာ omega pheromone ကျန်ရှိနေပီးရေချိုခန်းကရေ​ခိုးငွေ့လေးတွေမှာပြည့်နှက်နေတယ်။အဲ့ဒီပိုက်ကွန်လေးကသူ့ရဲ့အာရုံငါးခုစလုံးကိုပိတ်လှောင်ထားခဲ့တယ်။

သူခနလောက်တွေဝေသွားပီးသူ့လက်ဖဝါးကိုသူ့လည်ပင်းပေါ်ကိုတင်လိုက်တယ်။

ပူတယ်။

ကောင်လေးရဲ့လက်ချောင်းလေးတွေကတံခါးကိုထိနေပီးသူ့ခေါင်းကိုနည်းနည်းနှိမ့်ထားတယ် သူ့ရဲ့လည်​စေ့လေးကလဲဖြည်းဖြည်းလေးလှုပ်ရှားနေတယ်။

နောက်ဆုံးအကြိမ်ရှက်သွေးဖြာခဲ့တာဘယ်အချိန်မှန်းလဲဆိုတာတောင်သူမမှတ်မိတော့ဘူး။

နောက်နေ့မနက်ကျစုန့်ရိရဲ့တံခါးခေါက်သံကြောင့်သွမ့်ကျားရန်နိုးလာတယ်။

သူအိပ်ရတာမဝသလိုပဲ။ သူအိပ်ယာပေါ်ကနေဖြည်းဖြည်းလေးထလာတယ်။ သူတံခါးဖွင့်လိုက်တဲ့အခါမှာတော့ သပ်သပ်ရပ်ဝတ်ထားတဲ့သူက အိပ်ယာထဲကကုန်းရုန်းထလာတဲ့သူကိုတွေ့လိုက်ရတယ်။ သူကအလောတကြီးတိုက်တွန်းလိုက်တယ် "ရှောင်သွမ့်!ရှစ်နာရီရှိနေပီ!မင်းမြန်မြန်လုပ်!"

သွမ့်ကျားရန်ကသူ့ကိုခနလောက်စိုက်ကြည့်နေပီးဘာမှလဲမတုံ့ပြန်ဘူး။"မင်းဘာလုပ်နေတာလဲ"

စုန့်ရိ: "အဲ့တာဘာလဲ?ကျောင်းကားထွက်ဖို့နာရီဝက်ပဲကျန်တော့တယ် မင်းကအိပ်ရင်းလမ်းလျှောက်နေတာလား?"

သွမ့်ကျားရန်ကကျောင်းကားဆိုတဲ့စကားလုံးကိုကြားခါမှဒီနေ့ပြတိုက်ကိုသွားရအုန်းမယ်ဆိုတာကိုသတိရသွားတယ်။

သူခေါင်းကိုလှည့်လိုက်ပီး​အိပ်ယာပေါ်မှာအဝတ်ကိုဆွဲယူလိုက်ပီးရေချိုးခန်းထဲကိုပြေးတော့တယ်။

စုန့်ရိကသူ့ကိုရေမြန်မြန်ချိုးဖို့ပြောပီးအခန်းထဲကအရက်နံ့ကိုရတော့သာမန်ကာလျှံကာပဲမေးလိုက်တယ် "မင်း​မနေ့ညကအရက်သွားသောက်သေးတယ်လား?"

စုန့်ရိကZhao Chengကိုရောက်​တော့ omega အနည်းငယ်နဲ့ အနီရောင်ကွန်ရက်bar ကတက်တူးထိုးပးတဲ့လူကိုသွားကြည့်ခဲ့တာ။သွမ့်ကျားရန်မနေ့ညကဘာလုပ်ခဲ့လဲဆိုတာသူမသိဘူး။သွမ့်ကျားရန်ကသူလာတဲ့အထိတောင်မနိုးသေးတာကို​တွေ့တော့စုတ့်ရိကတန့်သွားတယ် "မင်းအရက်မမူးခဲ့လောက်ဘူး"

နောက်ဆုံးအကြိမ်သွမ့်ကျားရန်မူးတုန်းကကြောက်စရာပုံကြီးကိုသူအမှတ်ရနေတုန်းပဲ။အဲ့ဒီအချိန်တုန်းကလုရှင်းစစ်သာမရှိခဲ့ရင်သွမ့်ကျားရန်ကိုထိန်းဖို့ဆိုတာမဖြစ်နိုင်ဘူး။

သွမ့်ကျားရန်ကသွားတိုက်ရင်းနဲ့ဝူးဝူးဝါးဝါးပြန်​ဖြေတယ် "ငါမူးခဲ့တယ်ထင်တယ်"

စုန့်ရိကစိုးရိမ်သွားတယ် "မင်းဘယ်သူတွေနဲ့သွားသောက်တာလဲ? မင်းဘယ်လိုပြန်လာတာလဲ?"

သွမ့်ကျားရန်ကသူ့ပါးစပ်ထဲကအမြုပ်တွေကိုထွေးထုတ်လိုက်တော့သူ့အသံကပြန်ရှင်းလင်းသွားတယ် "KTV မှာတော့သူတို့နဲ့အတူတူပဲ"

သူကနည်းနည်းရှုပ်ထွေးနေတယ် "ဘယ်လိုပြန်လာလဲတော့ငါလဲမသိဘူး"

စုန့်ရိကစားပွဲပေါ်ကအမူးပျောက်ဆေးကိုတွေ့တော့သွမ့်ကျားရန်ကကမူးနေရင်အမူးပျောက်ဆေးဝယ်နိုင်တဲ့စွမ်းရည်မရှိဘူးဆိုတာသူသေချာသိတယ်။စုန့်ရိကအဆုံးသတ်လိုက်တယ် "တစ်ယောက်ယောက်မင်းကိုပြန်ပို့တာဖြစ်နိုင်တယ် ဒီကံမကောင်းတဲ့နှလုံးလှလူသားလေးကဘယ်သူလဲတော့မသိဘူး"

ဒုတိယနှစ်မှာကျောင်းသားတွေအများကြီးရှိတယ်။ ABO ပြတိုက်ကိုသွားလည်တော့ အတန်းတွေကိုအသုတ်တွေနဲ့လွှတ်တယ်။ Class 10ကတော့ပထမအသုတ်ထဲကိုရောက်သွားတယ်။

ကျောင်းကားပေါ်ကဆင်းလာတော့သွမ့်ကျားရန်ကချန်ယွဲ့ကိုတွေ့တယ်။

သူ့ကိုမနေ့ညတုန်းကဘယ်သူလိုက်တာလဲဆိုတာကိုမေးမလို့လုပ်နေတဲ့အချိန်မှာကျိုးရှင်ချန်းအသံကနောက်ကနေထွက်လာတယ်။

"လုကောမင်းမနိုးသေးဘူးလား?" ကျိုးရှင်ချန်းကလမ်းလျှောက်ရင်းပြောတယ် "မင်းကားပေါ်မှာလဲတောက်လျှောက်မျက်လုံးကြီးမှိတ်ထားတာကိုတွေ့တယ်"

"နဲနဲအိပ်ငိုက်နေလို့" ပြန်ဖြေတဲ့ကောင်လေးရဲ့အသံကပင်ပန်းမှုကြောင့်လေးတွဲ့နေပီးတော့ မှုန်မှုန်ဝါးဝါးနှာသံလေးလဲပါနေသေးတယ် "ငါညကကောင်းကောင်းမအိပ်ခဲ့ရဘူး"

ကျိုးရှင်ချန်းကနှာမှုတ်လိုက်ပီးသူ့လိုပဲသနားစရာကောင်းတဲ့လူကိုတွေ့တော့ထက်ထက်သန်သန်ပြောတယ် "မင်းမအိပ်ရ​ဘူးလား? ငါရောပဲ အဲ့ညကငါစောစောပြန်ခဲ့တာ hall ထဲမှာရန်ဖြစ်နေတဲ့အသံတွေကြားတာကွ အဲ့လူကြီးအသံကတော်တော်လေးကျယ်တယ် သူအတင်းလုပ်နေတာကိုမင်းကြားလား?"

လုရှင်းစစ်ကစကားပြော မလို့လုပ်တဲ့အချိန်မှာရုတ်တရပ်သူ့ရှေ့မှာတစ်စုံတစ်ယောက်လာရပ်တာကိုတွေ့လိုက်တယ်။

လုရှင်းစစ်ကအညိုရောင်ဖျော့ဖျော့ခေါင်းလေးကိုကျော်ပီးကျိုးရှင်ချန်းကိုလှမ်းပြောလိုက်တယ် "ငါဘယ်သူတွေရန်ဖြစ်လဲဆိုတာမကြားဘူး"

သူ့မျက်လုံးထောင့်စွမ်းလေးကနည်းနည်းကွေးသွားပီးပြုံးရင်းပြောလိုက်တယ် "ငါရဲ့ဘိုးဘေးလေးကိုပြုစုနေရတာ"

ကျိုးရှင်ချန်း: "ဘာကြီး?"

သွမ့်ကျားရန်ကဘာလဲဆိုတာနားလည်သွားပီးခေါင်းလှည့်လာတယ်။

သူလုရှင်းစစ်ကိုကြည့်လိုက်တယ်။တစ်ဖက်လူရဲ့မျက်လုံးတွေကနည်းနည်းညိုနေပီးသူတို့တွေကကောင်းကောင်းအနားမယူရသေးမှန်းသိသာနေတယ်။

ကျိုးရှင်ချန်းကအခြအနေကိုနားလည်သွားပီးဘိုးဘေးလေးဆိုတာသွမ့်ကျားရန်ကိုပြောမှန်းနားလည်သွားတော့မထိန်းနိုင်ဘဲအော်လိုက်တယ် "သွမ်ကျားရန်မင်းမရှက်ဘူးလား?လုကောကမင်းအတွက်မနေ့ညတုန်းကအရှုပ်တွေရှင်းပေးရတာ အဲ့တာနှစ်ကြိမ်တောင်ရှိပီ"

သွမ့်ကျားရန်ကသူ့ကိုကြည့်လိုက်ပီးသူ့ကိုရန်စရအောင်​ဘာသတ္တိတွေရှိနေတာလဲဆိုတာသိချင်သွားတယ် "မင်းဆိုဖာပေါ်မှာမူးပီအိပ်ပျော်သွားတာကိုရောမင်းမရှက်ဘူးလား?"

ကျိုးရှင်ချန်း: "ငါရှက်​တာတာပေါ့ ကုလီကငါ့ကိုမငြင်းနိုင်ဘူးလေ"

သွမ့်ကျားရန်: "အာ့ဆိုငါလဲရှက်စရာမလိုဘူး ဘာလို့ဆိုငါ့ကိုသဘောမကျတဲ့သူမရှိလို့&

ကျိုးရှင်ချန်း: " ... "

လုရှင်းစစ်ကမူလတန်းကျောင်းသား​နှစ်ယောက်ရန်ဖြစ်နေတာကိုကြည့်ပီးတဲ့နောက်မှာတော့ သွမ့်ကျားရန်ကပြောတယ် "ငါ့ကိုကြည့်"

သွမ့်ကျားရန်ကလုရှင်းစစ်ကိုကြည့်လိုက်တယ်။လုရှင်းစစ်မျက်လုံးတွေကလဲသူ့ကိုပြန်ကြည့်တယ်။သူ့ရဲ့မျက်စံနက်နက်လေးတွေကသူပြောမှာကိုစောင့်နေတဲ့အတိုင်းပဲ။

သွမ့်ကျားရန်ကသူဘာပြောမလဲမသေချာပေမဲ့သူ့ဘက်ကအရင်စတင်တိုက်ခိုက်တော့တယ် "မင်းရဲ့ဘိုးဘေးကိုကြည့်ချင်လား?"

"ကောင်းပြီလေ" သူက​မလာပဲပဲလုရှင်းစစ်ကအနားကိုပိုတိုးလာတယ် "မင်းဘယ်လောက်နှစ်နှစ်​ခြိုက်ခြိုက်အိပ်ပျော်ရဲ့လားဆိုတာကြည့်ရအောင်"

လုရှင်းစစ်အဲ့လိုပြောလိမ့်မယ်လို့သွမ့်ကျားရန်မျှော်လင့်မထားဘူး ခနလောက်ဒီစကားအတွက်ခွန်းတုံ့မပြန်တတ်ဖြစ်သွားတယ်။

သူ့ရဲ့ဖြူဖြူစင်စင်စကားလုံးတွေနဲ့မတူဘဲလုရှင်းစစ်အနားကပ်လာတဲ့အခါမှာအငွေ့အသက်တွေကဖိနှိပ်တဲ့ခံစားချက်ကိုသွမ့်ကျားရန်ခံစားရတယ်။

လုရှင်းစစ်ရဲ့အသံကနိမ့်ပီးတော့သူကသွမ့်ကျားရန်ကိုခနလောက်ကြည့်လိုက်တယ်။

"အရမ်းအိပ်ကောင်းတဲ့ပုံပေါ်တယ်" သူကပြောတယ် "အနက်ရောင်အဝိုင်းကြီးတွေမရှိဘူးပဲ(မျက်ကွင်းညိုတာ)"

ABO ပြတိုက်ထဲဝင်တော့​ကျောင်းသားအယောက်နှစ်ဆယ်တိုင်းကလမ်းညွှန်တစ်ယောက်နောက်လိုက်ရတယ်။ လမ်းညွှန်ကကျောင်းသားတွေကိုပြတိုက်ကပစ္စည်းတွေလိုက်ပြတယ်။

စိတ်လှုပ်ရှားစရာအကောင်းဆုံးကတော့ တစ်သက်စာအမှတ်အသားအကြောင်းပြထားတဲ့ omega အဆောက်အဦးဖြစ်တယ်။တစ်သက်စာအမှတ်အသားအကြောင်းရှင်းပြဖို့အတွက်နည်းလမ်းတွေ ပုံစံတွေကပညာရေးနဲ့ပိုပီးသက်ဆိုင်အောင်ပြတိုက်ကအသုံးပြုထားပေမဲ့လဲအလိုလိုသိတဲ့ပုံရိပ်တွေကတော့အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်။လူသားတွေရဲ့အာရုံကြောတွေရောပဲ။

လူအုပ်ထဲမှာတစ်စုံတစ်ယောက်ကကြိတ်ရယ်နေတာကိုသွမ့်ကျားရန်ကြားလိုက်ပီး သူ့ဘေးကကောင်မလေးကမျက်နှာရဲနေတာကိုလဲတွေ့လိုက်တယ်။

ရှက်ဖို့ကောင်းသလိုစပ်စုချင်စရာလဲကောင်းတယ်။

လမ်းညွှန်ကအဲ့ဒီမြင်ကွင်းကိုပြပီးတော့ကျောင်းသားတွေဖက်လှည့်လိုက်ပီးညင်ညင်သာသာလေးပြောပြတယ် "omega အရေအတွက်ကရှားပါတယ် alpha တွေ beta တွေနဲ့ယှဥ်ရင်ခန္တာကိုယ်ကလဲအားနည်းတယ်တကယ်လို့မင်းတို့တွေက beta တစ်ယောက်ကိုလက်တွဲဖော်အဖြစ်ရွေးမယ်ဆိုရင်  တစ်ချိန်တည်းမှာသက်ရောက်မှာနှစ်ခုရှိလာပီးဖြေရှင်းဖို့လဲခက်တယ် အာ့ကြောင့် gender omega ဖြစ်တဲ့ကျောင်းသားလေးတွေကိုပြောချင်တာကအနာဂတ်မှာကိုယ့်ရဲ့လက်တွဲဖော်ကိုရှာမယ်ဆိုရင် alpha ကိုရွေးတာကအကောင်းဆုံးပဲ..."

လမ်းညွှန်ကနား​လည်လွယ်အောင်ရှင်းပြတတ်ပီးစာအုပ်ထဲစကားလုံးတွေလဲနည်းနည်းမှကျန်မသွားစေခဲ့ဘူး။

လုရှင်းစစ်ကငယ်ငယ်လေးတည်းကတစ်ကိုယ်ရေကျန်းမာရေးအတမ်းထိ ဒီစကားလုံးတွေကိုအကြိမ်ပေါင်းများစွာကြားဖူးပီးသားဖြစ်လို့နာည်းနည်းပျင်းသလိုခံစားရတယ်။

သွမ့်ကျားရန်ပြောလိုက်တာကိုသူကြားလိုက်တယ် "အမှတ်အသားလုပ်တဲ့ဖြစ်စဥ်ကဘာလို့ဒီလောက်သွေး​ထွက်သံယိုဖြစ်ရတာလဲ?"

စုန့်ရိကကြောင်သွားပီးနားမလည်ဖြစ်သွားတယ် "ဘာကိုသွေးထွက်သံယိုလဲ?"

သွမ့်ကျားရန်ကလဲစုန့်ရိကိုနားမလည်ဘူး "အဲ့တာကမနာဘူးဘူးလား? ဒီပုံစံငယ်လေးကအရမ်းနာကျင်နေသလိုပဲ"

စုန့်ရိကမထိန်းနိုင်ဘဲရယ်လိုက်တယ် သူကအသံကိုနှိမ့်ပီးပြောလိုက်တယ် " ကိစ္စကြီးမှတ်နေတာ မင်းဇာတ်လမ်းမကြည့်ဖူးဘူးလား?"

"ငါတစ်ခါမှာ AO မကြည့်ဖူးဘူး" သွမ့်ကျားရန်လဲအသံကိုနှိမ့်ပြောတယ် "ငါကbetaရုပ်ရှင်တွေပဲကြည့်ဖူးတာ ဘာလို့ alpha တွေကဒီလိုကြီးထွားလာသင့်တာလဲ?"

သွမ့်ကျားရန်ကနည်းနည်းလက်မခံနိုင်ဖြစ်နေတယ် "Fu*k ကောင်းမွန်တဲ့အသွင်အပြင်ပြောင်းလဲခြင်းပဲ"

စုန့်ရိကသူ့ကိုရယ်လိုက်တယ်။

လုရှင်းစစ်ကသူတို့နှစ်ယောက်ကြားကစကားတွေကိုကြားနေရတယ်။

တမင်သက်သက်ခိုးနားထောင်တာတော့မဟုတ်ပါဘူး။ စုန့်ရိနဲ့သွမ့်ကျားရန်ကသူတို့အသံတွေကိုနှိမ့်ထားတယ်ဆိုရင်တောင် အသံတွေကသိပ်မသေးလှဘူး။

ကျောင်းမှာတုန်းကဆို ဒီညီအစ်ကိုနှစ်ယောက်ကစင်ပေါ်ကကျောက်မင်ကျွင်းကြားအောင်တောင်စကားပြောနိုင်ကြတယ်။ ဒီလိုနီးကပ်နေတဲ့အကွားအဝေးဆိုရင်တော့ဖော်ပြစရာတောင်မလိုဘူး။

လုရှင်းစစ်ကနည်းနည်းရယ်ချက်နေတယ် အထူးသဖြင့်သွမ့်ကျားရန်ရဲ့ပြူးကျယ်နေတဲ့မျက်လုံးလေးတွေကိုတွေ့ရတဲ့အချိန်မှာပေါ့။တစ်ဖက်လူကဒီလိုအရာတွေကမယုံနိုင်စရာကောင်းတယ်လို့တကယ်ခံစားနေရတယ်ဆိုတာသူနားလည်သွားတယ်။

သူမျက်လုံးကစားကြည့်တော့ သွမ့်ကျားရန်ရဲ့နားရွက်အောက်နားလေးမှာနည်းနည်းရဲနေတာကိုတွေ့လိုက်ရတယ်။

သွမ့်ကျားရန်ကရှက်နေတာပဲ။

ဒီကောင်လေးကသူ့ရဲ့အရင်တုန်းကစရိုက်ကသာကြမ်းတမ်းပေမဲ့ဘယ်လိုထိန်းချုပ်ရမယ်ဆိုလုံးဝမသိဘူး။

ဒီလိုလူတိုင်းသိတဲ့အရာလေးကြောင့်ရှက်သွားတယ်တဲ့။

ချန်ယွဲ့မျက်နှာပေါ်ကအပြုံးကမရှင်းလင်းဘူး။သူမနေနိုင်ဘဲမေးမိတယ် "ခွေးကောင်လု မင်းဘာတွေရယ်နေတာလဲ?"

လုရှင်းစစ်ကပျင်းပျင်းပျင်းရိရိပြန်ဖြေတယ် "ဘာရယ်စရာမှမရှိပါဘူး"

ချန်ယွဲ့ကသူမဖြေချင်တာကိုတွေ့တော့ဆက်မေးမနေတော့ဘူး သူကမေးငေါ့ပီးတော့သိပ်မဝေးတဲ့နေရာကိုညွှန်ပြတယ် "လမ်းညွှန်ပြောတာကတော့ အဲ့ဒီမှာ alpha နဲ့ဘomega pheromones ရနံ့တွေသိုလှောင်ထားတယ်တဲ့ မင်းကြိုက်တဲ့ရနံ့ကိုမွှေးကြည့်လို့ရတယ်တဲ့ ပြောကြတာတော့တချို့လူတွေကဒီနည်းလမ်းကိုသုံးပီးလက်​တွဲဖော်ရှာကြတယ်တဲ့ ပထမဆုံးသူတို့ကြိုက်တဲ့ရနံ့ကိုရှာတယ် နောက်တော့အဲ့ဒီရနံ့​နဲ့ alpha ဒါမှမဟုတ် omega ကိုရှာကြတယ်တဲ့"

ချန်ယွဲ့အကြည့်တွေက1.7မီတာလောက်အမြင့်ရှိတဲ့သစ်သားစားပွဲနှစ်ဆယ်လောက်ကိုညွှန်ပြနေတယ်။ အဲ့ဒီသစ်သားအံဆွဲတွေကိုအဝိုင်းကြီတစ်ခုနဲ့ကာရံ​ထားပီးတောလ သစ်သားအံဆွဲတစ်ခုစီတိုင်းမှာ ရာနဲ့ချီတဲ့ pheromone ရနံ့တွေပါဝင်နေတယ်။ အဲ့တာကရနံ့ပြတိုက်နဲ့​တူတယ်။

မိတ်ဆက်တဲ့ကဒ်ပြားလေး​အရဆိုရင်တော့ pheromone ရနံ့ပေါင်း 13274 မျိုးရှိတယ်တဲ့။အဲ့တာတွေကကျောက်ချန်ရဲ့ ABO ပြတိုက်ကအကျော်ကြားဆုံးစုဆောင်းမှုတွေတဲ့။

ချန်ယွဲ့နဲ့လုရှင်းစစ်လျှောက်သွားတဲ့အချိန်မှာကျိုးရှင်ချန်းပြောတာကိုကြားလိုက်ရတယ် "ဒါက​အကောင်းဆုံးအနံ့ပဲ ဒီ pheromone ကကုလီရဲ့ရနံ့လေးလို့ငါခံစားရတယ်"

သူကပြောရင်းသူ့မျက်လုံးတွေကအောက်ဘက်ကိုရောက်သွားပီ သစ်သားဘောင်ပေါ်က အညွှန်းကိုကြည့်လိုက်တယ် "သွားပါပီ ဒါကဘယ်လိုနှင်းဆီလဲ? နှင်းဆီမဟုတ်ပါဘူး?"

ကျိုးရှင်ချန်းကစင်ပေါ်က​အညွှန်းကိုမြင်းပီးတဲ့အချိန်မှာတော့ စိတ်ပိုင်းဆိုင်ရာအရအလဲလဲအပြိုပြိုဖြစ်နေပီ။ သွမ့်ကျားရန်ဆောင်အပြုံးကြီးပြုံးပြပီးပြောလိုက်တယ် "ကုလီကိုအဲ့​အကြောင်းပြောဖို့လိုပီလို့ငါထင်တယ်"

ကျိုးရှင်ချန်းကသူ့ပခုံးကိုတွန်းလိုက်တယ် "သွားသွား လျှောက်မွှေ​မနေနဲ့"

သွမ့်ကျားရန်ကကျိုးရှင်ချန်းနောက်လိုက်ပီးအကြိမ်တော်တော်မှားမှားနေတာကိုကြည့်နေလိုက်တယ်။ သွမ့်ကျားရန်ကပြုံးပီးပြောလိုက်တယ် "ရှောင်ကျိုး မင်းကမိန်းကလေးတွေကိုအနံ့ခံလို့မရတဲ့ပုံပေါ်တယ်"

ကျိုးရှင်ချန်းကသူ့ဒုက္ခတွေကြောင့်ဝမ်းနည်းနေတယ်။ အဲ့ဒီအချိန်မှာသူက​လုရှင်းစစ်ကိုတွေ့လိုက်ပီးမေးဖို့ကြိုးစားလိုက်တယ် "လုကော မင်းလက်ထဲကအနံ့ကဘာလဲ?"

စုန့်ရိကလဲလိုက်ပြောတယ် "အတန်းခါင်းဆောင်ကအဲ့အနံ့ကိုကြိုက်တာလား?"

လုရှင်းစစ်ကစုန့်ရိဘေးနားကသွမ့်ကျားရန်ကိုဖြတ်သွားပီး သူ့အသံကလဲတိုးတိုးဖွဖွလေးရယ် "ကြိုက်တယ်"

အဲ့ဒီကြိုက်တယ်ဆိုတဲ့အသံကိုကြားတော့ချန်ယွဲ့​တောင်စိတ်ဝင်စားလာတယ်။အံဆွဲနောက်ကနောက်တမင်သက်သက်လျှောက်သွားလိုက်တယ် "ဘာအနံ့လဲ?"

လုရှင်းစစ်ကစင်ပေါ်ကအညွှန်းကိုသူတို့ကိုကြည့်ခွင့်ပြုတယ်။

Freesia.

သွမ့်ကျားရန်ကအညွှန်းပေါ်ကစာကိုတွေ့တော့ အံ့ဩသွားတယ်။

ဒါက...သူ့pheromone အနံ့လေ။

✨—————✨

Zawgyi

KTV ထဲကေလထုကပူေလာင္ေနတာပဲ။

လုရွင္းစစ္နဲ႔ သြမ့္က်ားရန္အျပင္ တျခားသူတိုင္းကျပန္စရာအိမ္မရွိတဲ့ညအတိုင္းပဲေပ်ာ္ပါးေနၾကတယ္။ အထူးသျဖင့္ခ်န္ယြဲ႕ေခါင္းကိုခါပီး rap ေတြရြတ္ေနတယ္။

သူ႔ေပၚမွာမွီေနတဲ့သြမ့္က်ားရန္ကို​လုရွင္းစစ္ေခါင္းငုံ႔ပီးၾကည့္လိုက္တယ္။

တစ္ဖက္လူကသူ႔ကိုဖ်ားေယာင္းသလိုလိုေျပာပီးေနာက္မွာ သူကဘာအသိမွမရွိေတာ့သလို သူနဲ႔လဲအရမ္းနီးကပ္ေနတယ္။

ပိုင္ရွင္ကိုကပ္ေနတဲ့ေခြး​ေပါက္ေလးလိုမ်ိဳး။

သြမ့္က်ားရန္ကသူ႔ရဲ့ pheromone ကိုႀကိဳက္႐ုံပဲဆိုတာကသူမသိခဲ့ရင္ ဒီေလာက္နီးကပ္ေနမွုႀကီးနဲ႔ဆိုရင္ တျခားမေတြးသင့္တဲ့အေတြးေတြဝင္မိမလားမေျပာတတ္ဘူး။

သြမ့္က်ားရန္ကသူ႔ရဲ့ gland ကိုတရွုံ႔ရွုံ႔နဲ႔အနံ့လာခံေနတဲ့အခ်ိန္မွာ​ေတာ့လုရွင္းစစ္ဆက္ပီးထိုင္မေနနိုင္ေတာ့ဘူး။

သူကလူကို​ေဘးကိုနည္းနည္းဆြဲလိုက္ပီးသြမ္က်ားရန္ရဲ့လွုပ္ရွားမွုေတြကနည္းနည္းေလးတား​ထားတယ္။သူခ်န္ယြဲ႕ကိုခ်က္ခ်င္းေျပာလိုက္တယ္ "ငါအရင္​ျပန္ေတာ့မယ္"

ခ်န္ယြဲ႕ကလက္တန္းေကာက္ဆိုထားတဲ့rapရြတ္ပီးသြားပီ။ သူကေနာက္ျပန္လွည့္လာပီးေျပာတယ္ "ျပန္ေတာ့မလို႔လား? နည္းနည္းေစာေသးတယ္ေလ"

"ငါသူ႔ကိုျပန္ပို႔မလို႔" လုရွင္းစစ္ကသတိမရွိေတာ့တဲ့ သြမ့္က်ားရန္ကိုညႊန္ျပလိုက္တယ္ "လမ္းမွာလဲ အမူး​ေပ်ာက္ေဆးဝယ္ဖို႔ေဆးဆိုင္သြားရအုံးမယ္"

ခ်န္ယြဲ႕ကသူတို႔ႏွစ္ေယာက္ကိုၾကည့္လိုက္တယ္။သူ႔စကားထဲမွာတစ္ခုခုရွိေနပီးသူကျပဳံးပီးေျပာလိုက္တယ္ "အဲ့တာကမေနာက္က်သင့္ဘူး ျပန္ႏွင့္ေလ"

သူကခ်န္ယြဲ႕ရဲ့စကားေတြရဲ့အဓိပၸါယ္ကိုလ်စ္လ်ဴရွုလိုက္ပီး သြမ့္က်ားရန္ကိုဆြဲလိုက္တယ္။ တစ္ဖက္လူကသူ႔လက္ေမာင္းေတြထဲေလၽွာက္လာပီးေျပာတယ္ "ျပန္ေတာ့မလို႔လား?"

လုရွင္းစစ္ကေခါင္းညိမ့္လိုက္တယ္။

သူတို႔ေဟာ့ေပါ့စားခဲ့တုန္းကဟာကိုသူသတိရေသးတယ္။ သြမ့္က်ားရန္မူးတုန္းကသူ႔ပခုံးေတြမွာတြယ္ခ်ိတ္ေနခဲ့တယ္။ အဲ့ဒီအခ်ိန္တုန္းကသူနဲ႔သြမ့္က်ားရန္ကသန္႔စင္တဲ့အတန္းေဖာ္ေတြ။

အခုကေတာ့...

သန္႔စင္တဲ့အတန္းေဖာ္ဆက္ဆံေရးပဲျဖစ္သင့္ပါတယ္ေလ။

"သြားမယ္" သြမ့္က်ားရန္ကသူေျပာတာကိုမွတ္မိေနေသးတယ္ "ပုစြန္ေတြဆီကို​သြားရေအာင္ေလ"

လုရွင္းစစ္: "မသြားဘူး"

"ဘာလို႔လဲ?" သြမ့္က်ားရန္ကသူ႔လက္ေခ်ာင္းေလးနဲ႔အားနဲနဲစိုက္ပီးသူ႔ေနာက္ေက်ာကိုထိုးေနတယ္။

လုရွင္းစစ္ကအဲ့တာကိုေၾကာင္ေလးလက္သည္းေလးနဲ႔ျခစ္ေနသလိုပဲခံစားရတယ္။သူကစေနာက္လိုက္တယ္ "ဘာလို႔လဲဆိုငါ့ေနာက္ေက်ာမွာတစ္ေကာင္ရွိေနလို႔ေလ"

" ... " သြမ့္က်ားရန္ကျပန္ေျပာတယ္ "ဘယ္သူလဲ? ငါကပုစြန္ေလးမဟုတ္ပါဘူး"

"အာ့ဆိုမင္းကဘာလဲ?"

" ငါက..." သြမ့္က်ားရန္ကအဲ့တာကိုေတြးပီးေလးေလးနက္နက္ေျပာတယ္ "ဘယ္သူကမွအမည္မတပ္ရဲတဲ့လူေခ်ာေလး တကယ္လို႔​မင္းကငါ့ကိုဘယ္လိုေခၚရမွန္းမသိရင္ပါးပါးလို႔ေခၚလို႔ရတယ္"

"သြမ့္က်ားရန္မင္းမူးေနပီလား" လုရွင္းစစ္ကသူနဲ႔စကားစျမည္ေျပာရင္း KTV တံခါးထိေခၚလာတယ္ "မင္းကဘာလို႔အေဖျဖစ္ရတာကိုႀကိဳက္တာလဲ"

"ငါကအရာအားလုံးကိုႀကိဳက္တယ္" သြမ့္က်ားရန္ကသူ႔နားကပ္ပီးေျပာတယ္ "ငါႀကိဳက္တယ္မင္း..."

သူကတန္႔သြားပီး​ထပ္ေျပာရတယ္ "--ခႏၲာကိုယ္ကအနံ့ေလးကို"

လုရွင္းစစ္ကဒီရပ္စက္တဲ့ရပ္တန္႔မွုႀကီးေၾကာင့္​နည္းနည္းေတာင္ေခါင္းကိုက္သြားတယ္။

သြမ့္က်ားရန္သာအဲ့လိုဆက္ပီးဒုကၡရွာေနမယ္ဆိုရင္ သူတို႔ၾကားကသန္႔စင္တဲ့ အတန္းေဖာ္ဆက္ဆံေရးႀကီးကတစ္မ်ိဳးတစ္ဖုံေျပာင္းလဲသြားနိုင္တယ္လို႔သူခံစားေနရတယ္။

KTV နဲ႔သိပ္မေဝးတဲ့ေနရာမွာေဆးဆိုင္တစ္ခုရွိတယ္။

ဝိုင္မူးတာေပ်ာက္တဲ့ေဆးဝယ္ပီးေတာ့လုရွင္းစစ္ကသြမ့္က်ားရန္နဲ႔အတူ hotel ကိုျပန္လာခဲ့တယ္။ အခန္းထဲျပန္ဝင္လာေတာ့ သူကသြမ့္က်ားရန္ကိုေဆးအရင္ေသာက္ေစခ်င္တယ္။သူေခါင္းငုံ႔လိုက္တဲ့အခ်ိန္မွာေနာက္ကေနခါးကိုဖက္ပီးလက္​ေမာင္းကိုဆြဲထားတယ္။

လုရွင္းစစ္လွုပ္လွုပ္ရွားရွားျဖစ္သြားတယ္။

တစ္စုံတစ္ေယာက္ကသူ႔မ်က္ႏွာကိုသူ႔ေက်ာမွာအပ္ထားပီး ထူထဲတဲ့ ျမဴနဲ႔ေရာ​တဲ့ပန္းရနံ့ေလးပ်ံ႕လြင့္လာတယ္။

သူ႔ေနာက္ကလူကအသံနိမ့္နိမ့္ေလးနဲ႔စကားေျပာတာကိုၾကားလိုက္ရတယ္ "ငါေရခ်ိဳးခ်င္တယ္"

အရက္မူး​ေနတာေၾကာင့္ျဖစ္နိုင္တယ္ သူ႔အသံကအရင္တုန္းကထပ္ပိုပီးခၽြဲေနတယ္။ လုရွင္းစစ္လွည့္ၾကည့္လိုက္တယ္။ သူလဲအရက္နဲ႔ေတြနဲ႔အိပ္လို႔မရေလာက္ဘူးလို႔ေတြးမိတယ္။"အာ့ဆိုေဆးအရင္ေသာက္ ခနနားပီး ေနာက္မွသန္႔စင္ေလ"

သြမ့္က်ားရန္ခနေလာက္ေတြးပီေတာ့ လုရွင္းစစ္ေျပာတာကအဓိပၸါယ္ရွိတယ္လို႔ထင္တယ္။ သူကေဆးကို​အလြယ္တကူေသာက္လိုက္တယ္။

သူကအၾကာႀကီးနားပီးပီလို႔ခံစားရပီး လုရွင္းစစ္ကိုေခၚလိုက္တယ္ "ငါေရခ်ိဳးခ်င္တယ္"

လုရွင္းစစ္ကေခါင္းညိမ့္ျပလိုက္တယ္။

သြမ့္က်ားရန္ကေျပာပီးတဲ့အထိသူ႔ကိုကပ္ေနတုန္းပဲ။ သူကသူ႔ကိုၾကည့္လိုက္တယ္ "ၿငိမ္ၿငိမ္ရပ္နိုင္ပီလား? ေခ်ာ္မလဲေစနဲ႔ေနာ္"

"ေခ်ာ္လဲတာလား?မျဖစ္ပါဘူး" သြမ့္က်ားရန္ကအရမ္းယုံၾကည္ခ်က္ရွိတယ္ "ဒီသခင္ေလးကဘယ္ေတာ့မွေခ်ာ္မလဲဘူး"

သူကေျပာပီးေတာ့လုရွင္းစစ္ရဲ့လက္ေမာင္းကိုမလႊတ္ခ်င္လႊတ္ခ်င္နဲ႔လႊတ္လိုက္တယ္။ သူတစ္ဖက္လူကိုထားခဲ့​ေတာ့Alpha ပိုင္ဆိုင္တဲ့ pheromone ကအမ်ားႀကီးမရွိေတာ့ဘူး။

အထူးသျဖင့္သူေရခ်ိဳးခန္းထဲေလၽွာက္သြားေတာ့လုရွင္းစး္ရဲ့အနံ့ကိုမရေတာ့ဘူး။

သြမ့္က်ားရန္ကနည္းနည္းဆုံးရွုံးသြားသလိုခံစားရတယ္။

ဒါေပမဲ့သူေရလဲခ်ိဳးခ်င္တယ္။နည္းနည္းေလာက္ခ်င့္ခ်ိန္ပီးေတာ့ သြမ့္က်ားရန္ေနာက္ကို႐ုတ္တရပ္လွည့္လိုက္တယ္ "မင္းငါ့ထြက္လာမွာကိုေစာင့္ေန ေလၽွာက္သြားမေနနဲ႔"

အစတုန္းကသူလမ္းေလၽွာက္ေတာ့သိပ္ပီးျမဲျမဲမရပ္နိုင္သလိုပဲ။ လုရွင္းစစ္ကသူေရခ်ိဳးမွာကို​စိုးရိမ္ေနေသးတယ္။ ဒါေပမဲ့လူႀကီးေတြကကေလးေတြကိုေျပာသလိုမ်ိဳးကို​ၾကားေတာ့လုရွင္းစစ္မထိန္းနိုင္ဘဲရယ္ခ်လုနီပါးပဲ။သူအဲ့တာကိုထပ္ေျပာလို​က္တယ္ "ငါကမင္းထြက္လာမွာကိုေစာင့္ေနရမွာလား?"

သြမ့္က်ားရန္ကေခါင္းညိမ့္ပီးေျပာလိုက္တယ္ "ငါထြက္လာရင္မင္းကိုဆက္ဖက္ထားအုံးမွာ"

လုရွင္းစစ္: " ... "

"မင္းေလၽွာက္သြားေနရင္" သြမ့္က်ားရန္ကသူစကားမေျပာတာကိုေတြ႕ေတာ့ သူ႔စကားေတြကိုနားမေထာင္ဘူးလို႔ေတြးလိုက္တယ္။သူကမ်က္လုံးေလးကိုလွည့္လိုက္ပိးၿခိမ္းေျခာက္လိုက္တယ္ "မင္းေသပီပဲ"

လုရွင္းစစ္တကယ္ရယ္ခ်င္ေနတယ္ "မင္းကအေတာ္ေလးၾကမ္းတာပဲ"

သြမ့္က်ားရန္ကေခါင္းၿငိမ့္လိုက္ပီးအရမ္းၾကမ္းတယ္ဆိုတာကိုလက္ခံလိုက္တယ္ "မင္းရဲ့အႏၲာရယ္ရွိ​တဲ့အေျခအေနကိုနားလည္မယ္လို႔ေမၽွာ္လင့္ပါတယ္"

"အာ့ဆိုငါေလၽွာက္မသြား​ပါဘူး အသက္ခ်မ္းသာေပးပါအုံး" သူကသြမ့္က်ားရန္ေရခ်ိဳးခန္းတံခါးကိုဖြင့္ဝင္သြားတာကိုျပဳံးၾကည့္ေနလိုက္တယ္။ သြမ့္က်ားရန္တံခါးထဲကိုတစ္လွမ္းခ်င္းေလၽွာက္သြားတဲ့အခါမွာသူကမခြဲနိုင္မခြာရက္ျဖစ္ေနပုံေပၚတယ္။လုရွင္းစစ္မ်က္ႏွာကၾကည္လင္ေနပီး သူအျပဳံးကလဲပိုပီးႀကီးလာတယ္ "မင္းျဖည္းျဖည္းခ်ိဳး ငါေလၽွာက္မသြားပါဘူး"

ေရခ်ိဳးခန္းတံခါးပိတ္သြားတဲ့အခါမွာေတာ့ေရေႏြးေငြ႕ေလးေတြနဲ႔အတူေရက်ဆင္းေနတဲ့အသံတိုးတိုးေလးကိုၾကားေနရတယ္။ပီးေတာ့ pheromone ကတံခါးအျပင္ဘက္ကိုလၽွံထြက္ေနပီးေရခ်ိဳးခန္းထဲကေနအျပင္ဘက္ကိုအပင္ေလးေပါက္လာတဲ့အတိုင္းပဲ။

လုရွင္းစစ္လက္ေခ်ာင္းေလးေတြကဖုန္းscreen ကိုထိလိုက္တယ္။

သူဖုန္းကစားလို႔မရဘူးဆိုတာနားလည္လိုက္ေတာ့သူဖုန္းကိုပိတ္လိုက္တယ္။သူစတင္ပီးပ်င္းရိလာေတာ့တယ္။

သြမ့္က်ားရန္ေရခ်ိဳးတာအၾကာႀကီးပဲ။ သူေရခ်ိဳးခန္းထဲမွာသတိလစ္ေနပီလားဆိုပီးလုရွင္းစစ္ေတြးလိုက္တဲ့အခ်ိန္မွာ ေရခ်ိဳးခန္းထဲကေနအသံတစ္ခုထြက္လာတယ္။

ေရသံေတြကပထမဆုံးရပ္သြားတယ္။အဲ့ဒီေနာက္မွာဖိနပ္နဲ႔လမ္းေလၽွာက္သံကိုၾကားတယ္။ဒါေပမဲ့အဲ့ဒီအသံကနဲ႔အတူသဲသဲကြဲကြဲမၾကားရတဲ့​လွုပ္ရွားတဲ့အသံေတြပါပါလာတယ္။

သူသြမ့္က်ားရန္ရဲ့အသံေရခ်ိဳးခန္းထဲကထြက္လာတာကိုၾကားရတယ္။ အရမ္းတိုတယ္။

လုရွင္းစစ္ကေရခ်ိဳးခန္းတံခါးဆီကိုျမန္ျမန္ေလၽွာက္သြားလိုက္တယ္ "ဘာျဖစ္လို႔လဲ?"

ျပန္ေျဖသံလဲမရွိဘူး။

သူ႔မ်က္ခုံးေတြကိုပြတ္လိုက္ပီးတံခါးကိုေခါက္လိုက္တယ္။ေနာက္ေတာ့ထပ္ေမးလိုက္တယ္ "သြမ့္က်ားရန္မင္းအဆင္ေျပရဲ့လား?"

အထဲကလူကေအာ္ေနတဲ့ပုံေပၚတယ္။ ဒါေပမဲ့တံခါးကိုျဖတ္လာရေတာ့တစ္ဖက္လူရဲ့အသံကအရမ္းေသးပီးတကယ္မၾကားရဘူး။လုရွင္းစစ္တံခါးကိုတြန္းဖြင့္ပီးအထဲကိုတည့္တည့္ဝင္သြားလိုက္တယ္။

သူေရးခ်ိဳးခန္းထဲကိုဝင္လိုက္တာနဲ႔တၿပိဳင္နက္ omega pheromone ကပိုပိုပီးမ်ားျပားလာတယ္။ ေႏြးေထြး​တဲ့ျမဴခိုးနဲ႔ရနံ့ခ်ိဳခ်ိဳေလးကေရာယွက္ေနတယ္။ရစ္ပတ္ေနတဲ့အထုံးေတြနဲ႔ ပန္းပင္​တစ္ပင္လိုမ်ိဳး။

ေရခ်ိဳးခန္းနဲ႔သန္႔စင္ခန္းအတူတူတြဲထားတယ္။ေနရာကိုခြဲထားဖို႔တဲ့အတြက္မွန္တံခါးတစ္ခုနဲ႔ကာထားတယ္။သြမ့္က်ားရန္ေရခ်ိဳးခန္းထဲကထြက္လာေတာ့ ေရခ်ိဳးခန္းၾကမ္းျပင္ေပၚကေရစိုခံအျပားေလးေပၚမေတာ္တဆနင္းမိသြားပီး တစ္ကိုယ္လုံးၾကမ္းျပင္ေပၚျပဳတ္က်သြားတာျဖစ္နိုင္တယ္။

သူတံခါးတြန္းပီးမဝင္လာခင္ သြမ့္က်ားရန္ကမတ္တပ္ရပ္ဖို႔ႀကိဳးစားခဲ့တာျဖစ္နိုင္တယ္။ဒါေပမဲ့က်ရွုံးသြားေလာက္တယ္။ သူ​ေျခေထာက္ေလးကနည္းနည္းေကာ့တက္ေနပီး ေလ်ာ့တိေလ်ာ့ရဲပုံေလးေပၚေနတယ္။

သူ႔မွာအဝတ္ဝတ္ဖို႔အခ်ိန္မရခဲ့ဘူးသူရဲ့ေျခလက္ေလးေတြကက်စ္လ်စ္ေနပီး လက္ေကာက္ဝတ္နဲ႔ေျခက်င္းဝတ္ေလးကလဲသြယ္သြယ္ေလးရယ္။သူ႔ေခါင္းကိုေအာက္ကိုနိမ့္ထားတဲ့အတြက္ သူ႔ရဲ့ေက်ာရိုးေလးေတြက လိပ္ျပာေလး​လို႔ေကြးတက္ေနတယ္။

တစ္ကိုယ္လုံးကျဖဴဥပီးေခ်ာေမြ႕ေနတာပဲ။

လုရွင္းစစ္သူ႔မ်က္လုံးေတြကိုပိတ္လိုက္တယ္။

သူ႔ရဲ့အပိုစိတ္ေတြကိုဖိႏွိပ္ထားပီးေအာက္ကိုနည္းနည္းေလးကိုင္းလိုက္တယ္ "မင္းအဆင္ေျပရဲ့လား?"

သြမ့္က်ားရန္ကသူ႔ကိုေမာ့ၾကည့္တယ္။

နာက်င္မွုေၾကာင့္ျဖစ္နိုင္တယ္ သူ႔မ်က္လုံးေလးေတြကနနဲဲရဲေနတယ္။ လုရွင္းစစ္ကသူ႔ရဲ့အဲ့လိုအၾကည့္တစ္ခ်က္ေၾကာင့္နားေလးေတြေတာင္နည္းနည္းေႏြးသြားတယ္။

သြမ့္က်ားရန္ကေခါင္းမရွင္းေသးတဲ့အတြက္ ဝင္လာတယဘယ္သူလဲဆိုတာမသိခင္
ခနေလာက္႐ုန္းကန္ေနရတယ္။

သူကခ်က္ခ်င္းေျပာလာတယ္ "မင္းဘယ္လိုဝင္လာခဲ့တာလဲ?"

" ... " သြမ့္က်ားရန္လဲက်သြား​ေတာ့စကားမေျပာသလိုသူ႔ကိုလဲလွမ္းမေခၚဘူးဆိုတာရွင္းေနတာပဲေလ။သူကဘာလို႔ဒီေလာက္အထက္စီးဆန္ပီးလူေတြကိုအကူအညီမေတာင္းရတာလဲ?ပိုပီးထူးျခားတာကသူကသူ႔ကိုလုံးဝမုန္းသြားတဲ့ပုံလဲမေပၚဘူး။ လုရွင္းစစ္ကသူ႔ကိုၾကည့္လိုက္တယ္ "စိတ္ကလဲ​မေသးလိုက္တာ"

သြမ့္က်ားရန္ကသူ႔ကိုလ်စ္လ်ဴရွူထားပီးတိုက္ရိုက္လက္ကမ္းလာတယ္။

သူလက္လွမ္းလိုက္တဲ့အခ်ိန္မွာသူ႔အသားအရည္ကအမ်ားႀကီးေပၚသြားပီးေရခ်ိဳးခန္းရဲ့မီးေရာင္ေအာက္မွာညႇပ္ရိုးေလးေပၚကအခြက္ေလးမွာအရိပ္က်ေနတယ္။

လုရွင္းစစ္ကဆန္႔တန္႔ထားတဲ့လက္ကေလးကိုၾကည့္လိုက္တယ္။အဲ့ဒီအ​ေပၚမွာေရေလးေတြက်န္ေသးပီး​အေရျပားေပၚမွာေရစက္ေလးေတြနဲ႔။

သူကစိုက္ၾကည့္ေနပီးဘာမွမတုံ႔ျပန္တာေတြ႕ေတာ့သြမ့္က်ားရန္ကသူ႔လက္ကိုေရွ႕ကိုဆန္႔ထုတ္ေပးတယ္။

လုရွင္းစစ္ကလွုပ္ရွားဖို႔အတင္းတိုက္တြန္းေနရပီးေဘးနားကတစ္ခုမွမသုံးရေသးတဲ့ bath towel တစ္ခုယူလိုက္တယ္။ပီးေတာ့သြမ့္က်ားရန္ကိုျခဳံေပးလိုက္တယ္။ သူကနည္းနည္းျပင္ဆင္ေပးပီး တစ္ကိုယ္လုံးကိုလုံေအာင္ဖုံးဖို႔ဆုံးျဖတ္လိုက္တယ္။

သြမ့္က်ားရန္က towel နဲ႔အပတ္ခံလိုက္ရေတာ့ေမးလိုက္တယ္ "မင္းဘာလုပ္ေနတာလဲ?"

​သူမေျပာပီးခင္မွာလုရွင္းစစ္ကသြမ့္က်ားရန္တစ္ကိုယ္လုံးခ်ီေခၚသြားေတာ့တယ္။သြမ့္က်ားရန္နည္းနည္းလစ္ဟာသြားသလိုခံစားရေတာ့နည္းနည္း႐ုန္းလိုက္ေပမဲ့ေနာက္က်ေတာ့လုရွင္းစစ္ကိုခ်ီခြင့္ျပဳလိုက္တယ္။

သြမ့္က်ားရန္ကလုရွင္းစစ္ရဲ့အနံ့ေလးကိုရေနတယ္။ သူ႔ရဲ့​ရွုေထာင့္ကေနဆိုေကာင္ေလးရဲ့လည္ေစ့ေလးကိုျမင္ရတယ္ဆို႐ုံေလးပဲ။

သြမ့္က်ားရန္ကဆိုင္းငံ့သြားတယ္ "ဒီလိုမ်ိဳးမင္းဘာမွမေျပာဘဲဝင္လာတာကမင္းအတြက္အႏၲာရယ္ရွိတယ္ဆိုတာမင္းသိလား?"

လုရွင္းစစ္ကသူ႔အေတြးေတြကိုလိုက္ေျပာေပးတယ္ "ငါဘဝသက္တမ္းကုန္သြားမွာလား?&

"အဲ့လိုမ်ိဳးျဖစ္သင့္တယ္" သြမ့္က်ားရန္ကေျပာလိုက္တယ္။ပီးေတာ့႐ုတ္တရပ္သူ႔လည္ပင္းကိုမွီလိုက္ပီးသူ႔gland မေတာ္​တဆလ်က္လိုက္တယ္။အဲ့ဒီေနာက္ျပဳံးလိုက္တယ္ "ဒါေပမဲ့မင္းအနံ့ေလးကအရမ္းေမႊးလို႔ အျပစ္မယူေတာ့ဘူး"

လုရွင္းစစ္ရဲ့မ်က္ခြံကနည္းနည္းလွုပ္သြားတယ္။

သြမ့္က်ားရန္ကဒီတိုင္း​ေလးတိုက္ခိုက္လိုတဲ့လွုပ္ရွားမွုေလးပဲလုပ္တာသူ႔စိတ္ထဲမွာေတာ့အက်ိဳး​အေၾကာင္းမဆီေလ်ာ္တဲ့အ​ေတြးေတြရွိေနပီ။

သူေနာက္တစ္ခါထပ္လွုပ္မွာေၾကာက္တဲ့အတြက္ လုရွင္းစစ္ကသူ႔လက္ေမာင္းကိုနည္းနည္းေလးတင္းက်ပ္လိုက္တယ္။အႏွီလူသားေလးကလဲတင္းတင္းက်ပ္က်ပ္အဖက္ခံထားရတယ္။ အိပ္ယာဆီကိုလမ္းေလၽွာက္သြားလိုက္ပီးသြမ့္က်ားရန္ကိုအိပ္ယာေပၚမွာခ်ေပးထားလိုက္တယ္။ တေလၽွာက္လုံးမွာ သူသြမ့္က်ားရန္ရဲ့ခႏၲာကိုယ္အအစိတ္အပိုင္းတစ္ခုတစ္ေလျဖစ္ျဖစ္ေပၚသြားေအာင္မလုပ္ရဲဘူး။

​ေခ်ာ္လဲေတာ့နာသြားလို႔ျဖစ္နိုင္တယ္။ သြမ့္က်ားရန္ကအိပ္ယာေပၚမွာၿငိမ္ၿငိမ္ေလးေနေနပီး ေနာက္ထပ္ဆူဆူညံညံေတြမလုပ္ေတာ့ဘူး။

လုရွင္းစစ္ကသူ႔လက္ကိုေျမႇာက္လိုက္ပီးႏူးညံ့တဲ့နဖူးေလးကိုပြတ္လိုက္တယ္။သူ႔မ်က္လုံးေတြကိုဖုံးေနတဲ့ဆံပင္ေလးေတြဖယ္သြားတဲ့အခါမွာသူကသူ႔ကိုေမးလိုက္တယ္ "မင္းရဲ့အဝတ္အစားေတြ ငါ့ကိုသြားထုတ္ေပးေစခ်င္လား?"

သြမ့္က်ားရန္ကေခါင္းညိမ့္လိုက္တယ္။

ေရခ်ိဳးခန္းထဲကိုအဝတ္အစားေတြသြားယူတဲ့အခ်ိန္မွာ​ေတာ့လုရွင္းစစ္ကတံခါးပိတ္ပီးေရခ်ိဳးခန္းကတံခါးေဘာင္ကိုခနေလာက္ေနာက္ျပန္လွည့္ရပ္လိုက္တယ္။

ေရခ်ိဳးခန္းေလးထဲမွာ omega pheromone က်န္ရွိေနပီးေရခ်ိဳခန္းကေရ​ခိုးေငြ႕ေလးေတြမွာျပည့္ႏွက္ေနတယ္။အဲ့ဒီပိုက္ကြန္ေလးကသူ႔ရဲ့အာ႐ုံငါးခုစလုံးကိုပိတ္ေလွာင္ထားခဲ့တယ္။

သူခနေလာက္ေတြေဝသြားပီးသူ႔လက္ဖဝါးကိုသူ႔လည္ပင္းေပၚကိုတင္လိုက္တယ္။

ပူတယ္။

ေကာင္ေလးရဲ့လက္ေခ်ာင္းေလးေတြကတံခါးကိုထိေနပီးသူ႔ေခါင္းကိုနည္းနည္းႏွိမ့္ထားတယ္ သူ႔ရဲ့လည္​ေစ့ေလးကလဲျဖည္းျဖည္းေလးလွုပ္ရွားေနတယ္။

ေနာက္ဆုံးအႀကိမ္ရွက္ေသြးျဖာခဲ့တာဘယ္အခ်ိန္မွန္းလဲဆိုတာေတာင္သူမမွတ္မိေတာ့ဘူး။

ေနာက္ေန႔မနက္က်စုန္႔ရိရဲ့တံခါးေခါက္သံေၾကာင့္သြမ့္က်ားရန္နိုးလာတယ္။

သူအိပ္ရတာမဝသလိုပဲ။ သူအိပ္ယာေပၚကေနျဖည္းျဖည္းေလးထလာတယ္။ သူတံခါးဖြင့္လိုက္တဲ့အခါမွာေတာ့ သပ္သပ္ရပ္ဝတ္ထားတဲ့သူက အိပ္ယာထဲကကုန္း႐ုန္းထလာတဲ့သူကိုေတြ႕လိုက္ရတယ္။ သူကအေလာတႀကီးတိုက္တြန္းလိုက္တယ္ "ေရွာင္သြမ့္!ရွစ္နာရီရွိေနပီ!မင္းျမန္ျမန္လုပ္!"

သြမ့္က်ားရန္ကသူ႔ကိုခနေလာက္စိုက္ၾကည့္ေနပီးဘာမွလဲမတုံ႔ျပန္ဘူး။"မင္းဘာလုပ္ေနတာလဲ"

စုန္႔ရိ: "အဲ့တာဘာလဲ?ေက်ာင္းကားထြက္ဖို႔နာရီဝက္ပဲက်န္ေတာ့တယ္ မင္းကအိပ္ရင္းလမ္းေလၽွာက္ေနတာလား?"

သြမ့္က်ားရန္ကေက်ာင္းကားဆိုတဲ့စကားလုံးကိုၾကားခါမွဒီေန႔ျပတိုက္ကိုသြားရအုန္းမယ္ဆိုတာကိုသတိရသြားတယ္။

သူေခါင္းကိုလွည့္လိုက္ပီး​အိပ္ယာေပၚမွာအဝတ္ကိုဆြဲယူလိုက္ပီးေရခ်ိဳးခန္းထဲကိုေျပးေတာ့တယ္။

စုန္႔ရိကသူ႔ကိုေရျမန္ျမန္ခ်ိဳးဖို႔ေျပာပီးအခန္းထဲကအရက္နံ့ကိုရေတာ့သာမန္ကာလၽွံကာပဲေမးလိုက္တယ္ "မင္း​မေန႔ညကအရက္သြားေသာက္ေသးတယ္လား?"

စုန္႔ရိကZhao Chengကိုေရာက္​ေတာ့ omega အနည္းငယ္နဲ႔ အနီေရာင္ကြန္ရက္bar ကတက္တူးထိုးပးတဲ့လူကိုသြားၾကည့္ခဲ့တာ။သြမ့္က်ားရန္မေန႔ညကဘာလုပ္ခဲ့လဲဆိုတာသူမသိဘူး။သြမ့္က်ားရန္ကသူလာတဲ့အထိေတာင္မနိုးေသးတာကို​ေတြ႕ေတာ့စုတ့္ရိကတန္႔သြားတယ္ "မင္းအရက္မမူးခဲ့ေလာက္ဘူး"

ေနာက္ဆုံးအႀကိမ္သြမ့္က်ားရန္မူးတုန္းကေၾကာက္စရာပုံႀကီးကိုသူအမွတ္ရေနတုန္းပဲ။အဲ့ဒီအခ်ိန္တုန္းကလုရွင္းစစ္သာမရွိခဲ့ရင္သြမ့္က်ားရန္ကိုထိန္းဖို႔ဆိုတာမျဖစ္နိုင္ဘူး။

သြမ့္က်ားရန္ကသြားတိုက္ရင္းနဲ႔ဝူးဝူးဝါးဝါးျပန္​ေျဖတယ္ "ငါမူးခဲ့တယ္ထင္တယ္"

စုန္႔ရိကစိုးရိမ္သြားတယ္ "မင္းဘယ္သူေတြနဲ႔သြားေသာက္တာလဲ? မင္းဘယ္လိုျပန္လာတာလဲ?"

သြမ့္က်ားရန္ကသူ႔ပါးစပ္ထဲကအျမဳပ္ေတြကိုေထြးထုတ္လိုက္ေတာ့သူ႔အသံကျပန္ရွင္းလင္းသြားတယ္ "KTV မွာေတာ့သူတို႔နဲ႔အတူတူပဲ"

သူကနည္းနည္းရွုပ္ေထြးေနတယ္ "ဘယ္လိုျပန္လာလဲေတာ့ငါလဲမသိဘူး"

စုန္႔ရိကစားပြဲေပၚကအမူးေပ်ာက္ေဆးကိုေတြ႕ေတာ့သြမ့္က်ားရန္ကကမူးေနရင္အမူးေပ်ာက္ေဆးဝယ္နိုင္တဲ့စြမ္းရည္မရွိဘူးဆိုတာသူေသခ်ာသိတယ္။စုန္႔ရိကအဆုံးသတ္လိုက္တယ္ "တစ္ေယာက္ေယာက္မင္းကိုျပန္ပို႔တာျဖစ္နိုင္တယ္ ဒီကံမေကာင္းတဲ့ႏွလုံးလွလူသားေလးကဘယ္သူလဲေတာ့မသိဘူး"

ဒုတိယႏွစ္မွာေက်ာင္းသားေတြအမ်ားႀကီးရွိတယ္။ ABO ျပတိုက္ကိုသြားလည္ေတာ့ အတန္းေတြကိုအသုတ္ေတြနဲ႔လႊတ္တယ္။ Class 10ကေတာ့ပထမအသုတ္ထဲကိုေရာက္သြားတယ္။

ေက်ာင္းကားေပၚကဆင္းလာေတာ့သြမ့္က်ားရန္ကခ်န္ယြဲ႕ကိုေတြ႕တယ္။

သူ႔ကိုမေန႔ညတုန္းကဘယ္သူလိုက္တာလဲဆိုတာကိုေမးမလို႔လုပ္ေနတဲ့အခ်ိန္မွာက်ိဳးရွင္ခ်န္းအသံကေနာက္ကေနထြက္လာတယ္။

"လုေကာမင္းမနိုးေသးဘူးလား?" က်ိဳးရွင္ခ်န္းကလမ္းေလၽွာက္ရင္းေျပာတယ္ "မင္းကားေပၚမွာလဲေတာက္ေလၽွာက္မ်က္လုံးႀကီးမွိတ္ထားတာကိုေတြ႕တယ္"

"နဲနဲအိပ္ငိုက္ေနလို႔" ျပန္ေျဖတဲ့ေကာင္ေလးရဲ့အသံကပင္ပန္းမွုေၾကာင့္ေလးတြဲ႕ေနပီးေတာ့ မွုန္မွုန္ဝါးဝါးႏွာသံေလးလဲပါေနေသးတယ္ "ငါညကေကာင္းေကာင္းမအိပ္ခဲ့ရဘူး"

က်ိဳးရွင္ခ်န္းကႏွာမွုတ္လိုက္ပီးသူ႔လိုပဲသနားစရာေကာင္းတဲ့လူကိုေတြ႕ေတာ့ထက္ထက္သန္သန္ေျပာတယ္ "မင္းမအိပ္ရ​ဘူးလား? ငါေရာပဲ အဲ့ညကငါေစာေစာျပန္ခဲ့တာ hall ထဲမွာရန္ျဖစ္ေနတဲ့အသံေတြၾကားတာကြ အဲ့လူႀကီးအသံကေတာ္ေတာ္ေလးက်ယ္တယ္ သူအတင္းလုပ္ေနတာကိုမင္းၾကားလား?"

လုရွင္းစစ္ကစကားေျပာ မလို႔လုပ္တဲ့အခ်ိန္မွာ႐ုတ္တရပ္သူ႔ေရွ႕မွာတစ္စုံတစ္ေယာက္လာရပ္တာကိုေတြ႕လိုက္တယ္။

လုရွင္းစစ္ကအညိဳေရာင္ေဖ်ာ့ေဖ်ာ့ေခါင္းေလးကိုေက်ာ္ပီးက်ိဳးရွင္ခ်န္းကိုလွမ္းေျပာလိုက္တယ္ "ငါဘယ္သူေတြရန္ျဖစ္လဲဆိုတာမၾကားဘူး"

သူ႔မ်က္လုံးေထာင့္စြမ္းေလးကနည္းနည္းေကြးသြားပီးျပဳံးရင္းေျပာလိုက္တယ္ "ငါရဲ့ဘိုးေဘးေလးကိုျပဳစုေနရတာ"

က်ိဳးရွင္ခ်န္း: "ဘာႀကီး?"

သြမ့္က်ားရန္ကဘာလဲဆိုတာနားလည္သြားပီးေခါင္းလွည့္လာတယ္။

သူလုရွင္းစစ္ကိုၾကည့္လိုက္တယ္။တစ္ဖက္လူရဲ့မ်က္လုံးေတြကနည္းနည္းညိဳေနပီးသူတို႔ေတြကေကာင္းေကာင္းအနားမယူရေသးမွန္းသိသာေနတယ္။

က်ိဳးရွင္ခ်န္းကအျခအေနကိုနားလည္သြားပီးဘိုးေဘးေလးဆိုတာသြမ့္က်ားရန္ကိုေျပာမွန္းနားလည္သြားေတာ့မထိန္းနိုင္ဘဲေအာ္လိုက္တယ္ "သြမ္က်ားရန္မင္းမရွက္ဘူးလား?လုေကာကမင္းအတြက္မေန႔ညတုန္းကအရွုပ္ေတြရွင္းေပးရတာ အဲ့တာႏွစ္ႀကိမ္ေတာင္ရွိပီ"

သြမ့္က်ားရန္ကသူ႔ကိုၾကည့္လိုက္ပီးသူ႔ကိုရန္စရေအာင္​ဘာသတၱိေတြရွိေနတာလဲဆိုတာသိခ်င္သြားတယ္ "မင္းဆိုဖာေပၚမွာမူးပီအိပ္ေပ်ာ္သြားတာကိုေရာမင္းမရွက္ဘူးလား?"

က်ိဳးရွင္ခ်န္း: "ငါရွက္​တာတာေပါ့ ကုလီကငါ့ကိုမျငင္းနိုင္ဘူးေလ"

သြမ့္က်ားရန္: "အာ့ဆိုငါလဲရွက္စရာမလိုဘူး ဘာလို႔ဆိုငါ့ကိုသေဘာမက်တဲ့သူမရွိလို႔&

က်ိဳးရွင္ခ်န္း: " ... "

လုရွင္းစစ္ကမူလတန္းေက်ာင္းသား​ႏွစ္ေယာက္ရန္ျဖစ္ေနတာကိုၾကည့္ပီးတဲ့ေနာက္မွာေတာ့ သြမ့္က်ားရန္ကေျပာတယ္ "ငါ့ကိုၾကည့္"

သြမ့္က်ားရန္ကလုရွင္းစစ္ကိုၾကည့္လိုက္တယ္။လုရွင္းစစ္မ်က္လုံးေတြကလဲသူ႔ကိုျပန္ၾကည့္တယ္။သူ႔ရဲ့မ်က္စံနက္နက္ေလးေတြကသူေျပာမွာကိုေစာင့္ေနတဲ့အတိုင္းပဲ။

သြမ့္က်ားရန္ကသူဘာေျပာမလဲမေသခ်ာေပမဲ့သူ႔ဘက္ကအရင္စတင္တိုက္ခိုက္ေတာ့တယ္ "မင္းရဲ့ဘိုးေဘးကိုၾကည့္ခ်င္လား?"

"ေကာင္းၿပီေလ" သူက​မလာပဲပဲလုရွင္းစစ္ကအနားကိုပိုတိုးလာတယ္ "မင္းဘယ္ေလာက္ႏွစ္ႏွစ္​ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ရဲ့လားဆိုတာၾကည့္ရေအာင္"

လုရွင္းစစ္အဲ့လိုေျပာလိမ့္မယ္လို႔သြမ့္က်ားရန္ေမၽွာ္လင့္မထားဘူး ခနေလာက္ဒီစကားအတြက္ခြန္းတုံ႔မျပန္တတ္ျဖစ္သြားတယ္။

သူ႔ရဲ့ျဖဴျဖဴစင္စင္စကားလုံးေတြနဲ႔မတူဘဲလုရွင္းစစ္အနားကပ္လာတဲ့အခါမွာအေငြ႕အသက္ေတြကဖိႏွိပ္တဲ့ခံစားခ်က္ကိုသြမ့္က်ားရန္ခံစားရတယ္။

လုရွင္းစစ္ရဲ့အသံကနိမ့္ပီးေတာ့သူကသြမ့္က်ားရန္ကိုခနေလာက္ၾကည့္လိုက္တယ္။

"အရမ္းအိပ္ေကာင္းတဲ့ပုံေပၚတယ္" သူကေျပာတယ္ "အနက္ေရာင္အဝိုင္းႀကီးေတြမရွိဘူးပဲ(မ်က္ကြင္းညိဳတာ)"

ABO ျပတိုက္ထဲဝင္ေတာ့​ေက်ာင္းသားအေယာက္ႏွစ္ဆယ္တိုင္းကလမ္းညႊန္တစ္ေယာက္ေနာက္လိုက္ရတယ္။ လမ္းညႊန္ကေက်ာင္းသားေတြကိုျပတိုက္ကပစၥည္းေတြလိုက္ျပတယ္။

စိတ္လွုပ္ရွားစရာအေကာင္းဆုံးကေတာ့ တစ္သက္စာအမွတ္အသားအေၾကာင္းျပထားတဲ့ omega အေဆာက္အဦးျဖစ္တယ္။တစ္သက္စာအမွတ္အသားအေၾကာင္းရွင္းျပဖို႔အတြက္နည္းလမ္းေတြ ပုံစံေတြကပညာေရးနဲ႔ပိုပီးသက္ဆိုင္ေအာင္ျပတိုက္ကအသုံးျပဳထားေပမဲ့လဲအလိုလိုသိတဲ့ပုံရိပ္ေတြကေတာ့အရမ္းစိတ္လွုပ္ရွားစရာေကာင္းတယ္။လူသားေတြရဲ့အာ႐ုံေၾကာေတြေရာပဲ။

လူအုပ္ထဲမွာတစ္စုံတစ္ေယာက္ကႀကိတ္ရယ္ေနတာကိုသြမ့္က်ားရန္ၾကားလိုက္ပီး သူ႔ေဘးကေကာင္မေလးကမ်က္ႏွာရဲေနတာကိုလဲေတြ႕လိုက္တယ္။

ရွက္ဖို႔ေကာင္းသလိုစပ္စုခ်င္စရာလဲေကာင္းတယ္။

လမ္းညႊန္ကအဲ့ဒီျမင္ကြင္းကိုျပပီးေတာ့ေက်ာင္းသားေတြဖက္လွည့္လိုက္ပီးညင္ညင္သာသာေလးေျပာျပတယ္ "omega အေရအတြက္ကရွားပါတယ္ alpha ေတြ beta ေတြနဲ႔ယွဥ္ရင္ခႏၲာကိုယ္ကလဲအားနည္းတယ္တကယ္လို႔မင္းတို႔ေတြက beta တစ္ေယာက္ကိုလက္တြဲေဖာ္အျဖစ္ေရြးမယ္ဆိုရင္  တစ္ခ်ိန္တည္းမွာသက္ေရာက္မွာႏွစ္ခုရွိလာပီးေျဖရွင္းဖို႔လဲခက္တယ္ အာ့ေၾကာင့္ gender omega ျဖစ္တဲ့ေက်ာင္းသားေလးေတြကိုေျပာခ်င္တာကအနာဂတ္မွာကိုယ့္ရဲ့လက္တြဲေဖာ္ကိုရွာမယ္ဆိုရင္ alpha ကိုေရြးတာကအေကာင္းဆုံးပဲ..."

လမ္းညႊန္ကနား​လည္လြယ္ေအာင္ရွင္းျပတတ္ပီးစာအုပ္ထဲစကားလုံးေတြလဲနည္းနည္းမွက်န္မသြားေစခဲ့ဘူး။

လုရွင္းစစ္ကငယ္ငယ္ေလးတည္းကတစ္ကိုယ္ေရက်န္းမာေရးအတမ္းထိ ဒီစကားလုံးေတြကိုအႀကိမ္ေပါင္းမ်ားစြာၾကားဖူးပီးသားျဖစ္လို႔နာည္းနည္းပ်င္းသလိုခံစားရတယ္။

သြမ့္က်ားရန္ေျပာလိုက္တာကိုသူၾကားလိုက္တယ္ "အမွတ္အသားလုပ္တဲ့ျဖစ္စဥ္ကဘာလို႔ဒီေလာက္ေသြး​ထြက္သံယိုျဖစ္ရတာလဲ?"

စုန္႔ရိကေၾကာင္သြားပီးနားမလည္ျဖစ္သြားတယ္ "ဘာကိုေသြးထြက္သံယိုလဲ?"

သြမ့္က်ားရန္ကလဲစုန္႔ရိကိုနားမလည္ဘူး "အဲ့တာကမနာဘူးဘူးလား? ဒီပုံစံငယ္ေလးကအရမ္းနာက်င္ေနသလိုပဲ"

စုန္႔ရိကမထိန္းနိုင္ဘဲရယ္လိုက္တယ္ သူကအသံကိုႏွိမ့္ပီးေျပာလိုက္တယ္ " ကိစၥႀကီးမွတ္ေနတာ မင္းဇာတ္လမ္းမၾကည့္ဖူးဘူးလား?"

"ငါတစ္ခါမွာ AO မၾကည့္ဖူးဘူး" သြမ့္က်ားရန္လဲအသံကိုႏွိမ့္ေျပာတယ္ "ငါကbeta႐ုပ္ရွင္ေတြပဲၾကည့္ဖူးတာ ဘာလို႔ alpha ေတြကဒီလိုႀကီးထြားလာသင့္တာလဲ?"

သြမ့္က်ားရန္ကနည္းနည္းလက္မခံနိုင္ျဖစ္ေနတယ္ "Fu*k ေကာင္းမြန္တဲ့အသြင္အျပင္ေျပာင္းလဲျခင္းပဲ"

စုန္႔ရိကသူ႔ကိုရယ္လိုက္တယ္။

လုရွင္းစစ္ကသူတို႔ႏွစ္ေယာက္ၾကားကစကားေတြကိုၾကားေနရတယ္။

တမင္သက္သက္ခိုးနားေထာင္တာေတာ့မဟုတ္ပါဘူး။ စုန္႔ရိနဲ႔သြမ့္က်ားရန္ကသူတို႔အသံေတြကိုႏွိမ့္ထားတယ္ဆိုရင္ေတာင္ အသံေတြကသိပ္မေသးလွဘူး။

ေက်ာင္းမွာတုန္းကဆို ဒီညီအစ္ကိုႏွစ္ေယာက္ကစင္ေပၚကေက်ာက္မင္ကၽြင္းၾကားေအာင္ေတာင္စကားေျပာနိုင္ၾကတယ္။ ဒီလိုနီးကပ္ေနတဲ့အကြားအေဝးဆိုရင္ေတာ့ေဖာ္ျပစရာေတာင္မလိုဘူး။

လုရွင္းစစ္ကနည္းနည္းရယ္ခ်က္ေနတယ္ အထူးသျဖင့္သြမ့္က်ားရန္ရဲ့ျပဴးက်ယ္ေနတဲ့မ်က္လုံးေလးေတြကိုေတြ႕ရတဲ့အခ်ိန္မွာေပါ့။တစ္ဖက္လူကဒီလိုအရာေတြကမယုံနိုင္စရာေကာင္းတယ္လို႔တကယ္ခံစားေနရတယ္ဆိုတာသူနားလည္သြားတယ္။

သူမ်က္လုံးကစားၾကည့္ေတာ့ သြမ့္က်ားရန္ရဲ့နားရြက္ေအာက္နားေလးမွာနည္းနည္းရဲေနတာကိုေတြ႕လိုက္ရတယ္။

သြမ့္က်ားရန္ကရွက္ေနတာပဲ။

ဒီေကာင္ေလးကသူ႔ရဲ့အရင္တုန္းကစရိုက္ကသာၾကမ္းတမ္းေပမဲ့ဘယ္လိုထိန္းခ်ဳပ္ရမယ္ဆိုလုံးဝမသိဘူး။

ဒီလိုလူတိုင္းသိတဲ့အရာေလးေၾကာင့္ရွက္သြားတယ္တဲ့။

ခ်န္ယြဲ႕မ်က္ႏွာေပၚကအျပဳံးကမရွင္းလင္းဘူး။သူမေနနိုင္ဘဲေမးမိတယ္ "ေခြးေကာင္လု မင္းဘာေတြရယ္ေနတာလဲ?"

လုရွင္းစစ္ကပ်င္းပ်င္းပ်င္းရိရိျပန္ေျဖတယ္ "ဘာရယ္စရာမွမရွိပါဘူး"

ခ်န္ယြဲ႕ကသူမေျဖခ်င္တာကိုေတြ႕ေတာ့ဆက္ေမးမေနေတာ့ဘူး သူကေမးေငါ့ပီးေတာ့သိပ္မေဝးတဲ့ေနရာကိုညႊန္ျပတယ္ "လမ္းညႊန္ေျပာတာကေတာ့ အဲ့ဒီမွာ alpha နဲ႔ဘomega pheromones ရနံ့ေတြသိုေလွာင္ထားတယ္တဲ့ မင္းႀကိဳက္တဲ့ရနံ့ကိုေမႊးၾကည့္လို႔ရတယ္တဲ့ ေျပာၾကတာေတာ့တခ်ိဳ႕လူေတြကဒီနည္းလမ္းကိုသုံးပီးလက္​တြဲေဖာ္ရွာၾကတယ္တဲ့ ပထမဆုံးသူတို႔ႀကိဳက္တဲ့ရနံ့ကိုရွာတယ္ ေနာက္ေတာ့အဲ့ဒီရနံ့​နဲ႔ alpha ဒါမွမဟုတ္ omega ကိုရွာၾကတယ္တဲ့"

ခ်န္ယြဲ႕အၾကည့္ေတြက1.7မီတာေလာက္အျမင့္ရွိတဲ့သစ္သားစားပြဲႏွစ္ဆယ္ေလာက္ကိုညႊန္ျပေနတယ္။ အဲ့ဒီသစ္သားအံဆြဲေတြကိုအဝိုင္းႀကီတစ္ခုနဲ႔ကာရံ​ထားပီးေတာလ သစ္သားအံဆြဲတစ္ခုစီတိုင္းမွာ ရာနဲ႔ခ်ီတဲ့ pheromone ရနံ့ေတြပါဝင္ေနတယ္။ အဲ့တာကရနံ့ျပတိုက္နဲ႔​တူတယ္။

မိတ္ဆက္တဲ့ကဒ္ျပားေလး​အရဆိုရင္ေတာ့ pheromone ရနံ့ေပါင္း 13274 မ်ိဳးရွိတယ္တဲ့။အဲ့တာေတြကေက်ာက္ခ်န္ရဲ့ ABO ျပတိုက္ကအေက်ာ္ၾကားဆုံးစုေဆာင္းမွုေတြတဲ့။

ခ်န္ယြဲ႕နဲ႔လုရွင္းစစ္ေလၽွာက္သြားတဲ့အခ်ိန္မွာက်ိဳးရွင္ခ်န္းေျပာတာကိုၾကားလိုက္ရတယ္ "ဒါက​အေကာင္းဆုံးအနံ့ပဲ ဒီ pheromone ကကုလီရဲ့ရနံ့ေလးလို႔ငါခံစားရတယ္"

သူကေျပာရင္းသူ႔မ်က္လုံးေတြကေအာက္ဘက္ကိုေရာက္သြားပီ သစ္သားေဘာင္ေပၚက အညႊန္းကိုၾကည့္လိုက္တယ္ "သြားပါပီ ဒါကဘယ္လိုႏွင္းဆီလဲ? ႏွင္းဆီမဟုတ္ပါဘူး?"

က်ိဳးရွင္ခ်န္းကစင္ေပၚက​အညႊန္းကိုျမင္းပီးတဲ့အခ်ိန္မွာေတာ့ စိတ္ပိုင္းဆိုင္ရာအရအလဲလဲအၿပိဳၿပိဳျဖစ္ေနပီ။ သြမ့္က်ားရန္ေဆာင္အျပဳံးႀကီးျပဳံးျပပီးေျပာလိုက္တယ္ "ကုလီကိုအဲ့​အေၾကာင္းေျပာဖို႔လိုပီလို႔ငါထင္တယ္"

က်ိဳးရွင္ခ်န္းကသူ႔ပခုံးကိုတြန္းလိုက္တယ္ "သြားသြား ေလၽွာက္ေမႊ​မေနနဲ႔"

သြမ့္က်ားရန္ကက်ိဳးရွင္ခ်န္းေနာက္လိုက္ပီးအႀကိမ္ေတာ္ေတာ္မွားမွားေနတာကိုၾကည့္ေနလိုက္တယ္။ သြမ့္က်ားရန္ကျပဳံးပီးေျပာလိုက္တယ္ "ေရွာင္က်ိဳး မင္းကမိန္းကေလးေတြကိုအနံ့ခံလို႔မရတဲ့ပုံေပၚတယ္"

က်ိဳးရွင္ခ်န္းကသူ႔ဒုကၡေတြေၾကာင့္ဝမ္းနည္းေနတယ္။ အဲ့ဒီအခ်ိန္မွာသူက​လုရွင္းစစ္ကိုေတြ႕လိုက္ပီးေမးဖို႔ႀကိဳးစားလိုက္တယ္ "လုေကာ မင္းလက္ထဲကအနံ့ကဘာလဲ?"

စုန္႔ရိကလဲလိုက္ေျပာတယ္ "အတန္းခါင္းေဆာင္ကအဲ့အနံ့ကိုႀကိဳက္တာလား?"

လုရွင္းစစ္ကစုန္႔ရိေဘးနားကသြမ့္က်ားရန္ကိုျဖတ္သြားပီး သူ႔အသံကလဲတိုးတိုးဖြဖြေလးရယ္ "ႀကိဳက္တယ္"

အဲ့ဒီႀကိဳက္တယ္ဆိုတဲ့အသံကိုၾကားေတာ့ခ်န္ယြဲ႕​ေတာင္စိတ္ဝင္စားလာတယ္။အံဆြဲေနာက္ကေနာက္တမင္သက္သက္ေလၽွာက္သြားလိုက္တယ္ "ဘာအနံ့လဲ?"

လုရွင္းစစ္ကစင္ေပၚကအညႊန္းကိုသူတို႔ကိုၾကည့္ခြင့္ျပဳတယ္။

Freesia.

သြမ့္က်ားရန္ကအညႊန္းေပၚကစာကိုေတြ႕ေတာ့ အံ့ဩသြားတယ္။

ဒါက...သူ႔pheromone အနံ့ေလ။

✨—————✨

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

241K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.4M 234K 123
Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ေက်ာင္းသားဆိုး အေယာင္ေဆာင္) / (ကျောင်းသားဆိုး အယေ...
61.4K 5.9K 108
လူသားေတြ ေနထိုင္တဲ့ ဒီၿဂိဳဟ္ကို ကမ႓ာ‌ေျမလို႔ သမုတ္တယ္ဆိုရင္ ကြၽန္ေတာ့္သီးသန႔္ေနႏိုင္ရာ ကိုယ္ပိုင္ၿဂိဳဟ္ငယ္ဟာ "ခ်စ္လြန္းလ်ွံ " လို႔ အမည္ရပါတယ္... လ...
606K 58.7K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...