MARRYING MY SECRETARY[Zhanyi...

By Shen05_

237K 24.5K 3.3K

Zhanyi Hope you enjoy 🥳 More

1~//CEOမင်္ဂလာပွဲမှာလုပ်ကြံခံရတယ်//
2~//သေရွာကပြန်လာတဲ့CEO//
3~//CEOမြေခွေးကြံကြံတော့မယ်//
4~//အူတူတူအတွင်းရေးမှူးလေး//
5~//CEOရဲ့ကြီးကျယ်မြင့်မြတ်တဲ့မဂ်လာပွဲ//
6~//အပြာရောင်အချစ်ညမင်းလှမ်းကြည့်လိုက်စမ်း//
7~//အတိတ်ကCEOကဆိုးတယ်//
8~//မနက်၄နာရီမှာသူနိုးထလာ//
9~//အတွင်းရေးမှူးကိုပညာပေးမယ်တဲ့//
10~//သူ့ကိုငိုတဲ့အထိစချင်တယ်//
11~//CEOရဲ့ဗျူဟာ//
12~//ကျန့်ကောကကျွန်တော့ကိုအနိုင်ကျင့်နေတာ//
13~//လည်ပင်းကအမာရွတ်ကလေး//
14~//ကံအကောင်းစားလေးတွေ၀င်နေတဲ့CEO//
15~//အသုံးချခံလိုက်ရတဲ့အတွင်းရေးမှူးလေး//
16~//ပိုင်လီမျိုးရိုးစပ်စုခန်း//
17~//CEOတော့မချိမဆန့်ခံစားနေရပြီတဲ့//
18~//CEOကချစ်တယ်ဆိုဝာာကိုလက်မခံနိုင်ဘူးတဲ့//
19~//သေချာနေပြီချစ်မိနေတယ်ဆိုတာ//
20~//မကောင်းတတ်လို့လက်ထက်ထားတဲ့CEO//
21~//CEOပြန်ပေးဆွဲခံရ//
23~//မောင်မင်းကိုခေါင်းဖြတ်မယ်။သင်းကွပ်မယ်//
24~//ရွှေစိတ်တော်မညိုးစေလို//
~Special Chapter~
25~//သူပြန်လာပြီ//
26~//ရှက်ကိုးရှက်ကန်းဖြစ်နေတုန်းပဲ//
27~//ဟောလိုး၀င်းပါတီ//
28~//ဇာတ်သိမ်းပြီ//
Book Refund

22~//ဂျပုမဂြိုလ်မွှေပြီ//

6.7K 805 151
By Shen05_

(Unicode Version)

4နာရီကျော်လောက် ခွဲခန်းထဲမှာ အသက်လုနေရတဲ့ ၀မ်ရိပေါ်
ကြောင့် ရှောင်းကျန်မှာ တစ်စက်လေးမှအငြိမ်မနေနိုင်ခဲ့ပါဘူး
ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နှင့် စိတ်ထဲလည်း
သောကတွေနှင့် ပြည့်နှက်နေသည်။ အခုချိန်သတိရမိလိုက်တာ
ဂျပုမပဲ ။ သူက သေမင်းလေ သူမခေါ်သွားရင်ဖြစ်တာပဲမဟုတ်
လား ။ ပြီးတော့ ဟိုလူလေးယောက်လုံးပွဲကျင်းပြီးသေသွားတဲ့
အချိန်မှာ ရီပေါ်တစ်ယောက်ထဲအသက်ရှင်လျက်ကျန်ခဲ့တာဟာ
ဂျပုမလက်ချက်ဖြစ်မယ်လို့တွေးမိပြီး မျှော်လင့်ချက်လေးတွေ
သန်းလာရတယ် ။ ရီပေါ်ဘာမှမဖြစ်လောက်ပါဘူး။

ခွဲခန်းထဲ‌ကနေ အစိမ်းရောင်၀မ်းဆက်နဲ့ဆရာ၀န်ထွက်လာချိန်မှာ
တော့ ရှောင်းကျန့်မှာ ဆရာ၀န်ဆီပြေးသွားလို့ အလောတကြီးမေး
တယ်။

"ဒေါက်တာ ရီပေါ် အခြေအနေ"

"အသက်အန္တရာယ်ကိုစိုးရိမ်ရတဲ့အဆင့်ကိုကျော်လွန်သွားပြီမို့
စိတ်မပူပါနဲ့။ ကျန်တာကတော့ ဆက်ပြီးစောင့်ကြည့်ရမှာပဲကျွန်
တော်တို့အတိအကျပြောလို့မရပါဘူး ခေါင်းကိုထိထားတာ‌ဆို‌
တော့ "

ရှောင်းကျန့်အခုမှအလုံးကြီးကျတော့တယ်။ အသက်အန္တရာယ်
မထိခိုက်ရင်ပဲတော်ပါပြီ။ ရီပေါ်က ကြံ့ခိုင်တဲ့သူတစ်ယောက်မို့အမြန်
ဆုံးပြန်ကောင်းလာမယ်ဆိုတာ ယုံတယ်။

ခဏကြာတော့ ခွဲခန်းထဲကနေ ခွဲခန်း၀တ်စုံလေးနဲ့ ခေါင်းမှာခေါင်း
စွတ်ကလေးစွတ်ထားကာ ထွက်လာတဲ့ရိပေါ်။ လူနာတင်ကုတင်နဲ့
တွန်းတင်သွားတဲ့နောက် သူလည်းလိုက်သွားမိတယ်။ အောက်ဆီ
ဂျင်ပိုက်တွေတပ်ထားတဲ့ရီပေါ်ကတော့ ခေါင်းခွဲစိတ်မှုကြောင့်ဆံ
ပင်တွေရိတ်လိုက်ရပုံပါပဲ။ ကတုံးလေးဖြစ်သွားပြီလားမသိဘူး။

*******************

"ကျွန်တော်တို့ ကားဘလက်ဘောက်ကိုစစ်ကြည့်လိုက်တော့ ထို
လူတွေက ရီပေါ်ကို မဟုတ်တာလုပ်ဖို့ကြံစည်တာကြောင့် ရီပေါ်က
ကားကိုတိုက်မိအောင်တမင် လုပ်သလိုဖြစ်သွားတယ်။ ဒါပေမယ့်
ကိုယ့်ကိုယ်ကိုယ်ကာကွယ်တာလို့ ယူဆပြီး ဖြေရှင်းချက်ပေးလို့ရ
ပါတယ် "

ရှောင်းကျန့် သူ့ကိုယ်သူအပြစ်တင်ရင်း ယူကြုံးမရဖြစ်မိသည်။
သူ့ကြောင့်သာမဟုတ်ရင် ရီပေါ်လည်း ဒီလိုစော်ကားမော်ကားဆက်
ဆံခံရမှာမဟုတ်ဖူး။ သူ့ကြောင့်သာမဟုတ်ရင် ဒီလိုအခြေအနေထိ
ဖြစ်စရာအကြောင်းလည်းမရှိဘူး။ တကယ်လို့ ဘလက်ဘောက်ကို
သာတင်ပြလိုက်ရင် ရှုပ်ကုန်ပြီး တရားရုံးတက် ဘာတက်နဲ့ရီပေါ်
ပဲပင်ပန်းမှာ။ အခုတောင်ရီပေါ်က သတိလည်သေးတာမဟုတ်ဖူး။
ပြီးတော့ ယောက်ျားလေးဖြစ်ပြီး တခြားယောက်ျားလေးဆီက အနိုင်
ကျင့်ဖို့ ကြိုးစားခံရမှန်း တခြားလူတွေကို ရီပေါ်လည်းသိစေချင်မှာ
မဟုတ်ဖူး။

"ဒီblackboxကိုဖျက်စီးလိုက်ပါ သေတဲ့ကောင်တွေကသေသွား
ပြီ ဘာမှလုပ်လို့မရတော့ဘူး ကျွန်တော့ရီပေါ်ကိုပဲ လာရှုပ်မှာ ။
အဲ့အတွက် ကျွန်တော့ဘက်ကလည်း ခင်ဗျားဘက်ကိုမနစ်နာစေ
ရပါဘူး"

ရှောင်းကျန့်စကားကို မငြင်းရဲတဲ့ ထိုရဲက ဘလက်ဘောက်ကိုဖျောက်
ပစ်လိုက်ဖို့သာတက်နိုင်တော့သည်။

ထိုစဉ်ဖုန်း၀င်လာတာကြောင့် ကြည့်လိုက်တော့
ရှိုးယွဲ့ဆီက

"သူဌေး ရီပေါ်သတိရလာပြီ ဆေးရုံကိုမြန်မြန်ပြန်လာခဲ့တော့"

ရီပေါ်သတိမေ့နေတဲ့နှစ်ရက်အတွင်း ရှောင်းကျန့်မှာ အိမ်လည်း
မပြန် တစ်ချိန်လုံးရီပေါ်ဘေးနားပဲစောင့်ပေးနေတာ ။ တာ
၀န်ရှိရဲကဖုန်းဆက်လှမ်းခေါ်တာကြောင့် ခဏလေးဆိုပြီးထွက်သွား
တဲ့အချိန် ရီပေါ်ပြန်သတိရလာပြီလို့ ကြားလိုက်တော့ ရှောင်းကျန့်
မြန်မြန် ရဲစခန်းထဲကနေ ပြေးထွက်လာမိတော့တာပဲ။

**************

ဆေးရုံခန်းထဲ ၀င်သွားတဲ့အချိန်မှာ ရှိုယွဲ့ရော ခိုင်ရော မျက်နှာ
သိပ်မကောင်းကြ ရီပေါ်ကတော့ ကုတင်ပေါ်မှာ ခေါင်းစွပ်ကလေး
နဲ့ငုတ်တုတ်ထိုင်ပြီး အူကြောင်ကြောင်က‌လေးကြည့်နေသည်။

"သူကရော ဘယ်သူလဲ"

ရီပေါ်ဆီက ထွက်လာတဲ့ စကားသံကြောင့် ရှောင်းကျန့်သူထင်တာ
မဟုတ်ပါစေနဲ့ဟု ဆုတောင်းနေမိတော့သည်။
ရှောင်းကျန့် ရီပေါ်နားမြန်မြန်ပြေးသွားကာ ဆေးအပ်ချိတ်ထားတဲ့
ရီပေါ်လက်ဖြူဖြူလေးကို အသာဆုပ်ကိုင်ကာ

"ကိုယ်လေ ရီပေါ် ကိုယ့်ကို မမှတ်မိတော့ဘူးလား"

"အော်‌ဟော် ဖယ်စမ်း!!ရာရာစစ ငါကိုယ်တော်လက်ကိုလာကိုင်ရဲ
တယ် !!မောင်မင်းတို့ ပြောစမ်း ဒီလူကရော ဘယ်သူလဲ"

ရှောင်းကျန့်မှာ တော်တော်လေးကိုကြောင်အနေမိသည် ။ အတိတ်
မေ့သွားတာလား ဘာဖြစ်သွားတာလဲ။ ရှိုးယွဲ့နဲ့ ခိုင်ဘက်ကိုလှည့်
ကြည့်မိတော့။

"သခင်လေး....ဒါက သခင်လေးယောက်ျားလေ သခင်လေးနဲ့
လက်ထက်ထားတာ ဘယ်လောက်မှတောင်မကြာသေးဘူး"

"အော်ဟော!!အတင့်ရဲလိုက်တာ ငါကိုယ်တော်က ယောက်ျားအချင်း
ချင်း လက်ထက်စရာလား "

ရှိုးယွဲ့က မရဲတရဲလေးပြောတယ်။ အခုရီပေါ်ပုံစံက သူတို့အရင်က
သိခဲ့တဲ့ပုံစံနဲ့ လုံး၀ကွာခြားတယ် ။ ခေါင်းနည်းနည်းထိသွားတာ
ကြောင့်လို့ ဆရာ၀န်တွေကယူ‌ဆပြီး မကြာခင် ဖြေးဖြေးချင်းမှတ်
မိလာပြီး အဆင်ပြေသွားမှာပါလို့ပြောသွားတယ် ။ ဒီအခြေအနေကို
ရှောင်းကျန့်က သေချာမသိသေးတာကြောင့် ရှိုးယွဲ့က ခိုင်ကို ရှောင်း
ကျန့်ကိုအပြင်ထုတ်ပြီး သေချာပြောပြဆိုတဲ့ပုံစံနဲ့ မျက်စပစ်ပြလိုက်
တယ်။

ခိုင်ကရှောင်းကျန့်ကို ဆွဲပြီး အပြင်ကိုထွက်သွားတော့ရှောင်းကျန့်
မှာ အူတူတူနဲ့ပါသွားတော့တယ်။

........

"အားခိုင် ဘာတွေဖြစ်ကုန်တာလဲ ! "

"ဘာမှသိပ်မစိုးရိမ်နဲ့ဦး ဆရာ၀န်က ပြန်မှတ်မိလာမှာလို့တော့
ပြောတယ် ။ ခေါင်းကိုထိထားတာမို့ အတိတ်မေ့နေပြီးစိတ်ဂ
ယောင်ခြောက်ခြား‌ဖြစ်နေတာ ။ မင်းသာသူ့ကိုအရမ်းဖိအားသွား
မပေးနဲ့"

ရှောင်းကျန့်လိုပဲ အားခိုင်လည်းစစသိချင်းလုံး၀ မယုံနိုင်ပါ။
ရီပေါ်ဆိုတာက အရင်ကဆို အရှက်အကြောက်ကြီးပြီးသိမ်သိမ်
မွေ့မွေ့လေး။ အခုကတော့ ငါကိုယ်တော် ငါကိုယ်တော်နဲ့ အရမ်း
ကိုအထက်စီးဆန်နေတယ်။

"သူနိုးလာကတည်း အဲ့လိုစကားတွေပဲပြောနေတာ ဘိုးတော်
ဘုရားလေးဘက်ထောက်ခေတ်ကစကားတွေ ။ ငါတို့ကိုလည်း
မမှတ်မိဘူးကွ...သူပြောတာတော့ သူက မင်းကြီးတဲ့ သူ့အသက်
ကငယ်သေးတာကြောင့် သူ့အမက ကိုယ်စားအုပ်ချုပ်တာတဲ့
ဘာတွေပြောနေမှန်းတော့မသိပါဘူးကွာ။ ရီပေါ်က ဒရာမာကား
တွေကြည့်တတ်တဲ့လူလား။ အဲ့တာကနေစိတ်စွဲနေတာဖြစ်ရမယ်"

အားခိုင်ကသူ့အမြင်ကိုပြောပြီးနောက်မှာ ရှောင်းကျန့်တွေးမိတာ
က သူ့အမ ဆိုတာပဲ မဟုတ်မှလွဲရော ဒါ ဂျပုမလုပ်တာလို့တော့မ
ပြောနဲ့နော်။ မဖြစ်နိုင်ဘူးလို့ထင်ရပေမယ့် မဖြစ်နိုင်စရာအကြောင်း
လည်းမရှိဘူးလေ ဂျပုမက သေပြီးသားသူ့ကိုတောင်ပြန်ရှင်အောင်
လုပ်ခဲ့တာ အခုလည်းဘာရည်ရွယ်ချက်နဲ့လုပ်တာလည်းမသိဘူး။

ရှောင်းကျန့် အိမ်သာခဏသွားမည်ဆိုကာထွက်လာလိုက်ပြီး
စိတ်ထဲကနေ ဂျပုမကို ဆက်သွယ်နေကြည့်လိုက်သည်

"နင့်လက်ချက်မလား ကြားရင်ပြန်‌ဖြေ!!"

"ဟုတ်တယ် ဟီးဟီး နင်ကဒါမျိုးကျ ညဏ်ပြေးသားပဲ"

"ဘာလုပ်တာလဲ အဲ့တာနင့်မောင်‌လေ"

"ပါးစပ်ပိတ်စမ်း!!နင့်ကိုအမြင်ကပ်လို့လုပ်တာ ။ငါ့မောင်ကိုငါက
နင့်ထက်ပိုချစ်တယ် ။ငါ့မောင်ထိခိုက်မှာစိုးလို့ ငါပဲကာကွယ်ပေး
ထားတာ ။အခုတော့ နင့်ကိုပညာပေးတာ ။ အရင်ကဆို ၀မ်၀မ်က
အနေအေးလို့ဆိုပြီး နင်အနိုင်ကျင့်ခဲ့သမျှ အခုနင်ပြန်ပြီးအနိုင်
ကျင့်ခံလိုက်ဦး။ အခု ၀မ်၀မ်လေးကနည်းနည်းတော့ဆိုးတယ်နော်"

ရှောင်းကျန့်မှာ အသံပဲကြားပြီး မမြင်ရတဲ့ ဂျပုမကို မြင်သာမြင်
ရလို့ကတော့ စွခွက်ကိုရိုက် နှာခေါင်းကိုနှိုက်ပစ်မည်။

"ဒါက ရီပေါ်ရဲ့မှတ်ညဏ်က သူ့အတိတ်ဘ၀ကိုပြန်သတိရနေ
တာလား"

"ဟုတ်တယ် သူ့အတိတ်ဘ၀ကမှတ်ညဏ်တွေပဲ အဲ့အချိန်တုန်း
က ခမည်းတော်ရုတ်တရက်ကွယ်လွန်သွား‌တော့ ၀မ်၀မ်လေးကို
နန်းတင်လိုက်တာ သူ၁၈နှစ်ပဲရှိသေးတယ် ။ မယ်တော်လည်းမရှိ
တော့တဲ့ ငါတို့အတွက် ငါကအကြီးဆိုတော့ ငါပဲရင်ခွင်ပိုက်အုပ်
ချုပ်ခဲ့ရတာ ...ဟင်းး ဒါတွေပြန်ပြောနေလို့လည်းမထူးပါဘူး ငါ
ရည်းစားနဲ့ချိန်းထားလို့ သွားလိုက်ဦးမယ် တာ့တာ ရှောင်းလကျန့်
ရေ"

ဝှက်သယ်ဖက် နင့်မေကြီးတော်ကြီးကို ရှောင်းလကျန့်ပါလား
ရှောင်းကျန့်ကွ ရှောင်းကျန့်!!!

TBC....

ကတိတည်တယ်နော် ။ ဟွန်းးး
Feedbackတွေစောင့်နေမယ် အရမ်းအိပ်ငိုက်နေလို့
အိပ်ပါတော့မယ်။ အပျင်းတစ်ပြီးမပြန်ရသေးတဲ့replyတွေ
နောက်မှစုပြီးပြန်ပါတော့မယ်။


(Zawgyi Version)

4နာရီေက်ာ္ေလာက္ ခြဲခန္းထဲမွာ အသက္လုေနရတဲ့ ၀မ္ရိေပၚ
ေၾကာင့္ ေရွာင္းက်န္မွာ တစ္စက္ေလးမွအၿငိမ္မေနနိုင္ခဲ့ပါဘူး
ဟိုဘက္ေလွ်ာက္လိုက္ ဒီဘက္ေလွ်ာက္လိုက္ႏွင့္ စိတ္ထဲလည္း
ေသာကေတြႏွင့္ ျပည့္ႏွက္ေနသည္။ အခုခ်ိန္သတိရမိလိုက္တာ
ဂ်ပဳမပဲ ။ သူက ေသမင္းေလ သူမေခၚသြားရင္ျဖစ္တာပဲမဟုတ္
လား ။ ၿပီးေတာ့ ဟိုလူေလးေယာက္လုံးပြဲက်င္းၿပီးေသသြားတဲ့
အခ်ိန္မွာ ရီေပၚတစ္ေယာက္ထဲအသက္ရွင္လ်က္က်န္ခဲ့တာဟာ
ဂ်ပဳမလက္ခ်က္ျဖစ္မယ္လို႔ေတြးမိၿပီး ေမွ်ာ္လင့္ခ်က္ေလးေတြ
သန္းလာရတယ္ ။ ရီေပၚဘာမွမျဖစ္ေလာက္ပါဘူး။

ခြဲခန္းထဲ‌ကေန အစိမ္းေရာင္၀မ္းဆက္နဲ႕ဆရာ၀န္ထြက္လာခ်ိန္မွာ
ေတာ့ ေရွာင္းက်န႔္မွာ ဆရာ၀န္ဆီေျပးသြားလို႔ အေလာတႀကီးေမး
တယ္။

"ေဒါက္တာ ရီေပၚ အေျခအေန"

"အသက္အႏၲရာယ္ကိုစိုးရိမ္ရတဲ့အဆင့္ကိုေက်ာ္လြန္သြားၿပီမို႔
စိတ္မပူပါနဲ႕။ က်န္တာကေတာ့ ဆက္ၿပီးေစာင့္ၾကည့္ရမွာပဲကြၽန္
ေတာ္တို႔အတိအက်ေျပာလို႔မရပါဘူး ေခါင္းကိုထိထားတာ‌ဆို‌
ေတာ့ "

ေရွာင္းက်န႔္အခုမွအလုံးႀကီးက်ေတာ့တယ္။ အသက္အႏၲရာယ္
မထိခိုက္ရင္ပဲေတာ္ပါၿပီ။ ရီေပၚက ႀကံ့ခိုင္တဲ့သူတစ္ေယာက္မို႔အျမန္
ဆုံးျပန္ေကာင္းလာမယ္ဆိုတာ ယုံတယ္။

ခဏၾကာေတာ့ ခြဲခန္းထဲကေန ခြဲခန္း၀တ္စုံေလးနဲ႕ ေခါင္းမွာေခါင္း
စြတ္ကေလးစြတ္ထားကာ ထြက္လာတဲ့ရိေပၚ။ လူနာတင္ကုတင္နဲ႕
တြန္းတင္သြားတဲ့ေနာက္ သူလည္းလိုက္သြားမိတယ္။ ေအာက္ဆီ
ဂ်င္ပိုက္ေတြတပ္ထားတဲ့ရီေပၚကေတာ့ ေခါင္းခြဲစိတ္မႈေၾကာင့္ဆံ
ပင္ေတြရိတ္လိုက္ရပုံပါပဲ။ ကတုံးေလးျဖစ္သြားၿပီလားမသိဘူး။

*******************

"ကြၽန္ေတာ္တို႔ ကားဘလက္ေဘာက္ကိုစစ္ၾကည့္လိုက္ေတာ့ ထို
လူေတြက ရီေပၚကို မဟုတ္တာလုပ္ဖို႔ႀကံစည္တာေၾကာင့္ ရီေပၚက
ကားကိုတိုက္မိေအာင္တမင္ လုပ္သလိုျဖစ္သြားတယ္။ ဒါေပမယ့္
ကိုယ့္ကိုယ္ကိုယ္ကာကြယ္တာလို႔ ယူဆၿပီး ေျဖရွင္းခ်က္ေပးလို႔ရ
ပါတယ္ "

ေရွာင္းက်န႔္ သူ႕ကိုယ္သူအျပစ္တင္ရင္း ယူႀကဳံးမရျဖစ္မိသည္။
သူ႕ေၾကာင့္သာမဟုတ္ရင္ ရီေပၚလည္း ဒီလိုေစာ္ကားေမာ္ကားဆက္
ဆံခံရမွာမဟုတ္ဖူး။ သူ႕ေၾကာင့္သာမဟုတ္ရင္ ဒီလိုအေျခအေနထိ
ျဖစ္စရာအေၾကာင္းလည္းမရွိဘူး။ တကယ္လို႔ ဘလက္ေဘာက္ကို
သာတင္ျပလိုက္ရင္ ရႈပ္ကုန္ၿပီး တရား႐ုံးတက္ ဘာတက္နဲ႕ရီေပၚ
ပဲပင္ပန္းမွာ။ အခုေတာင္ရီေပၚက သတိလည္ေသးတာမဟုတ္ဖူး။
ၿပီးေတာ့ ေယာက္်ားေလးျဖစ္ၿပီး တျခားေယာက္်ားေလးဆီက အနိုင္
က်င့္ဖို႔ ႀကိဳးစားခံရမွန္း တျခားလူေတြကို ရီေပၚလည္းသိေစခ်င္မွာ
မဟုတ္ဖူး။

"ဒီblackboxကိုဖ်က္စီးလိုက္ပါ ေသတဲ့ေကာင္ေတြကေသသြား
ၿပီ ဘာမွလုပ္လို႔မရေတာ့ဘူး ကြၽန္ေတာ့ရီေပၚကိုပဲ လာရႈပ္မွာ ။
အဲ့အတြက္ ကြၽန္ေတာ့ဘက္ကလည္း ခင္ဗ်ားဘက္ကိုမနစ္နာေစ
ရပါဘူး"

ေရွာင္းက်န႔္စကားကို မျငင္းရဲတဲ့ ထိုရဲက ဘလက္ေဘာက္ကိုေဖ်ာက္
ပစ္လိုက္ဖို႔သာတက္နိုင္ေတာ့သည္။

ထိုစဥ္ဖုန္း၀င္လာတာေၾကာင့္ ၾကည့္လိုက္ေတာ့
ရွိုးယြဲ႕ဆီက

"သူေဌး ရီေပၚသတိရလာၿပီ ေဆး႐ုံကိုျမန္ျမန္ျပန္လာခဲ့ေတာ့"

ရီေပၚသတိေမ့ေနတဲ့ႏွစ္ရက္အတြင္း ေရွာင္းက်န႔္မွာ အိမ္လည္း
မျပန္ တစ္ခ်ိန္လုံးရီေပၚေဘးနားပဲေစာင့္ေပးေနတာ ။ တာ
၀န္ရွိရဲကဖုန္းဆက္လွမ္းေခၚတာေၾကာင့္ ခဏေလးဆိုၿပီးထြက္သြား
တဲ့အခ်ိန္ ရီေပၚျပန္သတိရလာၿပီလို႔ ၾကားလိုက္ေတာ့ ေရွာင္းက်န႔္
ျမန္ျမန္ ရဲစခန္းထဲကေန ေျပးထြက္လာမိေတာ့တာပဲ။

**************

ေဆး႐ုံခန္းထဲ ၀င္သြားတဲ့အခ်ိန္မွာ ရွိုယြဲ႕ေရာ ခိုင္ေရာ မ်က္ႏွာ
သိပ္မေကာင္းၾက ရီေပၚကေတာ့ ကုတင္ေပၚမွာ ေခါင္းစြပ္ကေလး
နဲ႕ငုတ္တုတ္ထိုင္ၿပီး အူေၾကာင္ေၾကာင္က‌ေလးၾကည့္ေနသည္။

"သူကေရာ ဘယ္သူလဲ"

ရီေပၚဆီက ထြက္လာတဲ့ စကားသံေၾကာင့္ ေရွာင္းက်န႔္သူထင္တာ
မဟုတ္ပါေစနဲ႕ဟု ဆုေတာင္းေနမိေတာ့သည္။
ေရွာင္းက်န႔္ ရီေပၚနားျမန္ျမန္ေျပးသြားကာ ေဆးအပ္ခ်ိတ္ထားတဲ့
ရီေပၚလက္ျဖဴျဖဴေလးကို အသာဆုပ္ကိုင္ကာ

"ကိုယ္ေလ ရီေပၚ ကိုယ့္ကို မမွတ္မိေတာ့ဘူးလား"

"ေအာ္‌ေဟာ္ ဖယ္စမ္း!!ရာရာစစ ငါကိုယ္ေတာ္လက္ကိုလာကိုင္ရဲ
တယ္ !!ေမာင္မင္းတို႔ ေျပာစမ္း ဒီလူကေရာ ဘယ္သူလဲ"

ေရွာင္းက်န႔္မွာ ေတာ္ေတာ္ေလးကိုေၾကာင္အေနမိသည္ ။ အတိတ္
ေမ့သြားတာလား ဘာျဖစ္သြားတာလဲ။ ရွိုးယြဲ႕နဲ႕ ခိုင္ဘက္ကိုလွည့္
ၾကည့္မိေတာ့။

"သခင္ေလး....ဒါက သခင္ေလးေယာက္်ားေလ သခင္ေလးနဲ႕
လက္ထက္ထားတာ ဘယ္ေလာက္မွေတာင္မၾကာေသးဘူး"

"ေအာ္ေဟာ!!အတင့္ရဲလိုက္တာ ငါကိုယ္ေတာ္က ေယာက္်ားအခ်င္း
ခ်င္း လက္ထက္စရာလား "

ရွိုးယြဲ႕က မရဲတရဲေလးေျပာတယ္။ အခုရီေပၚပုံစံက သူတို႔အရင္က
သိခဲ့တဲ့ပုံစံနဲ႕ လုံး၀ကြာျခားတယ္ ။ ေခါင္းနည္းနည္းထိသြားတာ
ေၾကာင့္လို႔ ဆရာ၀န္ေတြကယူ‌ဆၿပီး မၾကာခင္ ေျဖးေျဖးခ်င္းမွတ္
မိလာၿပီး အဆင္ေျပသြားမွာပါလို႔ေျပာသြားတယ္ ။ ဒီအေျခအေနကို
ေရွာင္းက်န႔္က ေသခ်ာမသိေသးတာေၾကာင့္ ရွိုးယြဲ႕က ခိုင္ကို ေရွာင္း
က်န႔္ကိုအျပင္ထုတ္ၿပီး ေသခ်ာေျပာျပဆိုတဲ့ပုံစံနဲ႕ မ်က္စပစ္ျပလိုက္
တယ္။

ခိုင္ကေရွာင္းက်န႔္ကို ဆြဲၿပီး အျပင္ကိုထြက္သြားေတာ့ေရွာင္းက်န႔္
မွာ အူတူတူနဲ႕ပါသြားေတာ့တယ္။

........

"အားခိုင္ ဘာေတြျဖစ္ကုန္တာလဲ ! "

"ဘာမွသိပ္မစိုးရိမ္နဲ႕ဦး ဆရာ၀န္က ျပန္မွတ္မိလာမွာလို႔ေတာ့
ေျပာတယ္ ။ ေခါင္းကိုထိထားတာမို႔ အတိတ္ေမ့ေနၿပီးစိတ္ဂ
ေယာင္ေျခာက္ျခား‌ျဖစ္ေနတာ ။ မင္းသာသူ႕ကိုအရမ္းဖိအားသြား
မေပးနဲ႕"

ေရွာင္းက်န႔္လိုပဲ အားခိုင္လည္းစစသိခ်င္းလုံး၀ မယုံနိုင္ပါ။
ရီေပၚဆိုတာက အရင္ကဆို အရွက္အေၾကာက္ႀကီးၿပီးသိမ္သိမ္
ေမြ႕ေမြ႕ေလး။ အခုကေတာ့ ငါကိုယ္ေတာ္ ငါကိုယ္ေတာ္နဲ႕ အရမ္း
ကိုအထက္စီးဆန္ေနတယ္။

"သူနိုးလာကတည္း အဲ့လိုစကားေတြပဲေျပာေနတာ ဘိုးေတာ္
ဘုရားေလးဘက္ေထာက္ေခတ္ကစကားေတြ ။ ငါတို႔ကိုလည္း
မမွတ္မိဘူးကြ...သူေျပာတာေတာ့ သူက မင္းႀကီးတဲ့ သူ႕အသက္
ကငယ္ေသးတာေၾကာင့္ သူ႕အမက ကိုယ္စားအုပ္ခ်ဳပ္တာတဲ့
ဘာေတြေျပာေနမွန္းေတာ့မသိပါဘူးကြာ။ ရီေပၚက ဒရာမာကား
ေတြၾကည့္တတ္တဲ့လူလား။ အဲ့တာကေနစိတ္စြဲေနတာျဖစ္ရမယ္"

အားခိုင္ကသူ႕အျမင္ကိုေျပာၿပီးေနာက္မွာ ေရွာင္းက်န႔္ေတြးမိတာ
က သူ႕အမ ဆိုတာပဲ မဟုတ္မွလြဲေရာ ဒါ ဂ်ပဳမလုပ္တာလို႔ေတာ့မ
ေျပာနဲ႕ေနာ္။ မျဖစ္နိုင္ဘူးလို႔ထင္ရေပမယ့္ မျဖစ္နိုင္စရာအေၾကာင္း
လည္းမရွိဘူးေလ ဂ်ပဳမက ေသၿပီးသားသူ႕ကိုေတာင္ျပန္ရွင္ေအာင္
လုပ္ခဲ့တာ အခုလည္းဘာရည္႐ြယ္ခ်က္နဲ႕လုပ္တာလည္းမသိဘူး။

ေရွာင္းက်န႔္ အိမ္သာခဏသြားမည္ဆိုကာထြက္လာလိုက္ၿပီး
စိတ္ထဲကေန ဂ်ပဳမကို ဆက္သြယ္ေနၾကည့္လိုက္သည္

"နင့္လက္ခ်က္မလား ၾကားရင္ျပန္‌ေျဖ!!"

"ဟုတ္တယ္ ဟီးဟီး နင္ကဒါမ်ိဳးက် ညဏ္ေျပးသားပဲ"

"ဘာလုပ္တာလဲ အဲ့တာနင့္ေမာင္‌ေလ"

"ပါးစပ္ပိတ္စမ္း!!နင့္ကိုအျမင္ကပ္လို႔လုပ္တာ ။ငါ့ေမာင္ကိုငါက
နင့္ထက္ပိုခ်စ္တယ္ ။ငါ့ေမာင္ထိခိုက္မွာစိုးလို႔ ငါပဲကာကြယ္ေပး
ထားတာ ။အခုေတာ့ နင့္ကိုပညာေပးတာ ။ အရင္ကဆို ၀မ္၀မ္က
အေနေအးလို႔ဆိုၿပီး နင္အနိုင္က်င့္ခဲ့သမွ် အခုနင္ျပန္ၿပီးအနိုင္
က်င့္ခံလိုက္ဦး။ အခု ၀မ္၀မ္ေလးကနည္းနည္းေတာ့ဆိုးတယ္ေနာ္"

ေရွာင္းက်န႔္မွာ အသံပဲၾကားၿပီး မျမင္ရတဲ့ ဂ်ပဳမကို ျမင္သာျမင္
ရလို႔ကေတာ့ စြခြက္ကိုရိုက္ ႏွာေခါင္းကိုႏွိုက္ပစ္မည္။

"ဒါက ရီေပၚရဲ႕မွတ္ညဏ္က သူ႕အတိတ္ဘ၀ကိုျပန္သတိရေန
တာလား"

"ဟုတ္တယ္ သူ႕အတိတ္ဘ၀ကမွတ္ညဏ္ေတြပဲ အဲ့အခ်ိန္တုန္း
က ခမည္းေတာ္႐ုတ္တရက္ကြယ္လြန္သြား‌ေတာ့ ၀မ္၀မ္ေလးကို
နန္းတင္လိုက္တာ သူ၁၈ႏွစ္ပဲရွိေသးတယ္ ။ မယ္ေတာ္လည္းမရွိ
ေတာ့တဲ့ ငါတို႔အတြက္ ငါကအႀကီးဆိုေတာ့ ငါပဲရင္ခြင္ပိုက္အုပ္
ခ်ဳပ္ခဲ့ရတာ ...ဟင္းး ဒါေတြျပန္ေျပာေနလို႔လည္းမထူးပါဘူး ငါ
ရည္းစားနဲ႕ခ်ိန္းထားလို႔ သြားလိုက္ဦးမယ္ တာ့တာ ေရွာင္းလက်န႔္
ေရ"

ဝွက္သယ္ဖက္ နင့္ေမႀကီးေတာ္ႀကီးကို ေရွာင္းလက်န႔္ပါလား
ေရွာင္းက်န႔္ကြ ေရွာင္းက်န႔္!!!

TBC....

ကတိတည္တယ္ေနာ္ ။ ဟြန္းးး
Feedbackေတြေစာင့္ေနမယ္ အရမ္းအိပ္ငိုက္ေနလို႔
အိပ္ပါေတာ့မယ္။ အပ်င္းတစ္ၿပီးမျပန္ရေသးတဲ့replyေတြ
ေနာက္မွစုၿပီးျပန္ပါေတာ့မယ္။

Continue Reading

You'll Also Like

71.4K 9.8K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
51K 9K 45
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
104K 6.2K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
150K 20.9K 15
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."