17~//CEOတော့မချိမဆန့်ခံစားနေရပြီတဲ့//

Start from the beginning
                                    

ရှိုးယွဲ့က အမှန်တကယ်ပင် နည်းနည်းလေး ပိစိလေးတော့စပ်
စုတတ်သည်။ ဒါပေမယ့် ဒီတစ်ခါတော့ စပ်စုတယ်လို့မခေါ်ဘူး
စိတ်၀င်စားတာရယ် ပြီးတော့ ညီလေးတစ်ယောက်ကိုအကြံပေး
ချင်ရုံပါ။ ရီပေါ်လို အရှက်ကြီးတဲ့သူနဲ့ ဘယ်လိုများဖြစ်သွားတာလဲ
တကယ်သိချင်မိသည်။ ပြောရမှာစိတ်မကောင်းပေမယ့် သူ့အလှည့်
‌တုန်းကတော့ အားခိုင်ဆိုတဲ့ နွားက အတင်းအကြပ်လုပ်ခဲ့တာ။
ပြန်တွေးတိုင်း အဲ့ကောင်ကို အစာမကြေဖြစ်နေတုန်းပဲ ။ သူအောက်မှာနေလိုက်ရတာလေ။ ဒီကောင်ကို အဖက်ပြန်မလုပ်ချင်
တာ အဲ့တာတွေလည်းပါတယ်။

ဒါပေမယ့် ရီပေါ်ကတော့ အောက်ကပဲဆိုတာကြိမ်းသေသည်။ သူ
ဌေးက ကမ္ဘာသာပြာကျသွားမယ် အောက်မှာနေမယ့်သူမျိုးမဟုတ်
ဖူးဆိုတာ သူသိသည်။ ရုံးက ၀န်ထမ်းတွေသူဌေးမသိအောင်ပေး
ထားတဲ့ နာမည်ရှိတယ် ဘာတဲ့ "စားဘဲကြီး" တဲ့ ။

"ကျွန်တော် လက်မခံလို့မရဘူးလေ ကျန့်ကောက ပြောတယ် မဂ်
လာဦးညမှာ အဲ့တာမဖြစ်ရင် ကံအညံ့တွေ၀င်တတ်ပြီး အိမ်ထောင်
ခဏလေးကွဲတတ်တယ်တဲ့ "

"ဟေ.....မင်းကို သူဌေးတော့ ဂျင်းထည့်လိုက်တာပဲ မင်းကလည်း
ယုံရလား"

"မဟုတ်လောက်ပါဘူးအကိုရဲ့ ကျန့်ကောပြောတာ တကယ်နေမှာပါကျန့်ကောပြောတာတော့ အဖွားတို့ရိုးရာ
တဲ့ ။ သူတို့ရိုးရာမှာ အဲ့လိုအယူရှိတာတဲ့ အကိုမသိလို့နေမှာပါ"

"မင်းရောသိလို့လား"

ရှိုးယွဲ့က ရီပေါ်ကို နည်းနည်းငေါက်ပေးလိုက်သည်။ အဲ့လောက်တုံး
တော့လည်း ဟိုကဂျင်းထည့်တာ မဆန်းတော့ပါဘူး။

"အယ် ကျွန်တော်လည်းသေချာမသိဘူးလေ "

ရီပေါ်နဲ့ ရှိုးယွဲ့ က နည်းနည်းမဟုတ်တာတွေပြောနေတာဆိုတော့
ဘေးနားကလူတွေကြားမှာစိုးလို့ အနားကပ်ပြီး ‌မျက်နှာချင်းဆိုင်
လေသံလေးနဲ့ ပြောနေတာဖြစ်သည်။

ထိုစဉ် နေ့လည်စာတူတူစားမည်ဟုပြောထားသော ရှောင်းကျန့်
ရောက်လာသောအခါ ဆိုင်ပြင်ကနေ ထိုမြင်ကွင်းကိုကြည့်ပြီး
မချိမဆန့်ဖြစ်နေတော့သည်။ မချစ်လည်း အဲ့လိုခံစားရတာပဲလား
ရှောင်းကျန့်သိချင်မိသည်။ ရှိုးယွဲ့က ရီပေါ်နဲ့ ရိုးသားတာကိုလည်း
သိသည်။ ရီပေါ်က သူ့ကိုငါးနှစ်လောက် သဘောကျခဲ့တယ် သဘော
ကျနေတုန်းဆိုတာကိုလည်းသိသည်။ အဲ့တာကို သိရက်နဲ့ အခု
ရှောင်းကျန့် အူတိုနေမိတာလား။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now