အပိုင်း-(၁၃)

Start from the beginning
                                    

ခဏကြာတော့ ဟိုဖက်က သူ့ကို confirm ၏။ Messenger ကို သွားပြီး သူဘာစပြောရမှန်း မသိ၍ တွေဝေနေတုန်း တစ်ဖက်မှ message ဝင်လာသည်။

"အကို အိတ်မှားသွားတယ်နော်" ဟူသည့် စာတိုလေးကြောင့် စိတ်အေးသွားမိသည်။

"ဟုတ်တယ် ညီလေး...အ​သေးစိတ်ပြောရအောင် ဖုန်းဆက်လိုက်မယ်"

"ဟုတ်ကဲ့"

Audio call ခေါ်လိုက်တော့ တစ်ဖက်မှ ချက်ချင်းကိုင်လေ၏။

"ဟယ်လို!"

ကောင်လေး၏အသံက မာတောင့်တောင့်။ ရယ်ချင်လာသောကြောင့် အောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်သည်။

"ဟယ်လို...ညီလေး!"

"ဟို..အစ်ကို ကျွန်တော့်အိတ်ဖွင့်ကြည့်လိုက်သေးလားဗျ?"

အဖျားခတ်သွားသော အသံတိုးတိုးအရ လွန်းအာကာ အရှက်သည်းနေပုံ။

"မင်းအိတ်ဖွင့်မကြည့်ဘဲနဲ့ အိတ်မှားလာတာ အစ်ကိုက ဘယ်လိုသိမှာလဲ...ညီရဲ့"

"အာ..ဟုတ်သားပဲ! ကျွန်တော်တို့ အိတ်ကို ဘယ်မှာ ပြန်လဲကြမလဲ?"

"Cafeyard ကို လာခဲ့ပါလား...ကိုယ်က အိမ်ရှင်ဆိုတော့ ညီလေးကိုလည်း တစ်ခါတည်း Coffee တိုက်ချင်လို့ပါ။"

Cafeyard ကို သူတမင်ခေါ်လိုက်သည်။ Coffee နှင့် တခြားမုန့်များလည်း ကောင်းသည့် နေရာမလို့ ဧည့်သည် ကို တခါတည်း မုန့်လိုက်ကျွေးချင်သောကြောင့်ပင်....

"ဟုတ်ကဲ့ ! ကျေးဇူးပါ အကို"

နေရာအချိန်းအချက်လုပ်ပြီး ဖုန်းချလိုက်သည်။ call end ဖြစ်သွားသော Ph screen ကို ကြာကြာစိုက်ကြည့်ရင်း လွန်းအာကာ ရှက်လာသည်။

"ငါ့ကိုတော့ ထင်သွားမှာပဲ နှာဘူးကောင်လို့!"

ညနေက အဖြစ်အပျက်များက သူ့ခေါင်းထဲသို့ အောင့်သက်သက် ဝင်လာတော့၏။

လေဆိပ်ကပြန်ပြီး ဆေးရုံကိုဝင်ကြည့်ကတည်းက အိတ်မှားလာတာ မသိသေး။
ပြင်းပြင်းထန်ထန် ထိခိုက်သွားသော ကောင်လေးတွေကို သူကိုယ်တိုင် ဆေးရုံစောင့်ပေးသည်။ ဒီလောက် ထိခိုက်အောင် လုပ်ရလားဟု စိတ်တိုသွားပေမဲ့ တဖက်က လူတွေကိုလည်း သူ့တပည့်ကျော်များက ပြန်ချသည်ကြားသလို ဟိုဖက် က ဦးဆောင်သူက လာတောင်းပန်ခဲ့သည်။ သူ့ဘက်က တောင်းပန်သင့်တာကို သူ့ထက်အများကြီး ကြီးသည့်လူကြီးဖြစ်သူက လာရိုကျိုးသဖြင့် သူကြေအေးပေးလိုက်ပါသည်။
    
Hotel ရောက်မှ အိတ်ကို ဖွင့်ကြည့်တော့ သူ့စာအုပ်များအစား ဆေးစာအုပ်ထူထူများဖြစ်နေသည်။ ခေတ်ဆန်ဆန် သူ့အဝတ်အစားများနေရာမှာတော့ မြန်မာဆန်ဆန် လုံချည်ပုဆိုးများနှင့် Pants အနည်းငယ်သာ နေရာယူ၏။ တခြားတကိုယ်ရေတကာယ ပစ္စည်းများအပြင် အိတ်တစ်လုံးတွေ့သည့်အခါ အထဲက အရာကို ထုတ်ကြည့်လိုက်သည်။ Packing လှလှဖြင့် ထုပ်ပိုးထားသော ဗူးတစ်ခု။ Branded လက်ပတ်နာရီတစ်လုံးဖြစ်မည်။ အိတ်ထဲတွင်ပါသော စာကို မဖတ်သင့်မှန်းသိသော်လည်း သူယူဖတ်လိုက်မိသည်။

Swamping with Intimacy(Season-1)Where stories live. Discover now