14~//ကံအကောင်းစားလေးတွေ၀င်နေတဲ့CEO//

Start from the beginning
                                    

"အော် ရိပေါ် .. ရှောင်းကျန့်မရှိဘူးလား"

"ဟုတ်ကဲ့....ကျန့်ကော အရေးကြီးကိစ္စရှိလို့ဆိုပြီးထွက်
သွားတယ် အခုလေးတင်ပဲ ။ အလုပ်ကိစ္စရှိလို့လားဗျာ
ကျွန်တော်ကို ပြောလို့ရပါတယ်"

"အင်း သူပြန်လာမှပဲ သုံးယောက်သား တူတူပြောကြတာ
ပေါ့။ ဒီတစ်ခေါက် ဒုဥက္ကဌပြန်ရွေးမယ်လို့ ကြားတယ် ဒါ
ကြောင့် ကိုယ်လည်းရှောင်းကျန့်နဲ့ပြောထားတာလေးတွေ
တိုင်ပင်ဖို့ပါ"

ရှောင်းကျန့်နဲ့ခိုင် ပြောထားဖူးတဲ့ကိစ္စက ရွှမ်စစ်ကို ဒုဥက္က
ဌနေရာက ဖြုတ်ချဖို့ဖြစ်သည်။ ရီပေါ်ကိုတော့မပြောရသေး
ပြောရင် ဘာလို့ဖြုတ်မှာလဲဆိုတဲ့ အကြောင်းပြချက်ပေးရ
ဦးမည်။

အဲ့ဒီရှောင်းကျန့်က တော်တော်တရားတယ်။ ၀မ်ရိပေါ်
ဆိုတဲ့ ကောင်လေးကိုကျတော့ ဒီကိစ္စထဲမပါခိုင်းဘူးတဲ့
တစ်ခုခုဆို အန္တရာယ်ရှိလို့တဲ့။ သူ့ကို‌ကျတော့ ရွှမ်စစ်ရဲ့
ဒုဥက္ကဌနေရာကိုလုရမယ်တဲ့။ ‌ဒါမျိုးကတရားလား သူ့ကို
ကျတော့ ဖြစ်ချင်ရာဖြစ် သေချင်သေဆိုတဲ့သဘောပေါ့။

ပြောတော့မချစ်ဖူးတဲ့။ ဒီကောင်ရှောင်းကျန့်က တကယ်
လူလိမ်အကြီးစားပဲ။ ကိုယ့်ကိုယ်ကိုယ်‌တောင်ပြန်လိမ်နေ
တယ်။

ခိုင်ကလည်း ဒီကိုပြန်လာတာ အကြောင်းရင်းတစ်ခုပဲ
ရှိတယ်။ အစကတော့ ရှိုယွဲ့ကို နည်းနည်းကလိမလို့။
အခုကတော့ သူ့ကိုတကယ် ပြန်ရယူတော့မှာ။

****************

"ရှောင်းကျန့် ကားအက်စီးဒန့်ဖြစ်လို့ ဆေးရုံတင်ထား
ရတယ် ရီပေါ် မြန်မြန်လိုက်လာခဲ့ "

ခိုင်ကောဆီက ဒီသတင်းကြာရပြီးတာနဲ့ ရီပေါ်ကအပေါ်
ကုတ်တောင် မ၀တ်နိုင်တော့ပဲ အကျီအဖြူလေးနဲ့သာ
တက္ကစီမြန်မြန်ငှားပြီး ဆေးရုံကိုပြေးရတော့တယ်။
မျက်ရည်ကျမလာပေမယ့် ရင်ဘက်ထဲမှာတော့ငိုနေ
တယ်ထင်တယ်။

‌သူ့ကိုရှောင်းကျန့်ထပ်ပြီးထားသွားမှာကိုကြောက်နေတယ်။

‌"ဦးလေး မြန်မြန်လေးမောင်းပေးပါလားဟင်"

ကားလမ်းတွေပိတ်နေတာကို မြန်မြန်မောင်းခိုင်းကောင်း
ရမလားဆိုပြီး ကားသမားဦးလေးကြီးက ပြန်အော်ဖို့လုပ်
လိုက်ပေမယ့်။ ငိုသံစွက်နေတဲ့ နှာသံလေးရယ် တစ်ခုခုကို
အလွန်အမင်းစိုးရိမ်နေပုံရတဲ့ ကောင်ငယ်လေးကြောင့်
အော်ဖို့စိတ်ကူးပျောက်သွားတယ်။ ကားလမ်းပိတ်နေတာ
ကြောင့် အတက်နိုင်ဆုံး လမ်းကြိုလမ်းကြားကပဲ၀င်ကာ
ကွေ့ပတ်‌မောင်းပေးရတော့တယ်။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now