Final(Uni+Zaw)

2.2K 151 47
                                    

Unicode

ကျောင်းကဖေးဆိုင်မှာ မတော်တဆသတိထားမိရာက စတင်လာခဲ့တဲ့ ချစ်ခြင်းတစ်ခုက အချိန်အကြာကြီး တည်မြဲလာခဲ့မယ်လို့ Tine မတွေးမိခဲ့ရိုးအမှန်။
လူတွေက ပြောကြတယ်
ဘယ်လောက်ချစ်ချစ် နှစ်ကြာရင်တော့ ညည်းငွေ့လာတတ်ကြတယ်တဲ့။
ထိုစကားတွေက သူတို့နှစ်ယောက်အတွက် ယုံတမ်းစကားသက်သက်သာ။
လေးနှစ်တောင် ကြာခဲ့ပါပြီ။
ဘေးမှာ အမြဲရှိနေခဲ့တဲ့Watဆိုသည့်လူက မပြောင်းမလဲ  သူ့လက်တွေကို တွဲထားမြဲ။
အနမ်းနုနုလေးတွေနဲ့ သူ့ကို ကျီစယ်မြဲပါဘဲ
ဒီ လေးနှစ်အတွင်း ဘာက ပြောင်းလဲ သွားလဲလို့မေးရင် အချစ်တွေပါ လို့ သူဖြေမိမည်။
ဟုတ်တယ်
ပိုတိုး ပိုခိုင်မာလာတဲ့ ချစ်ခြင်းတရားတွေ
လူငယ်ဆန်ဆန် ရင်ခုန်ကြည်နူးခဲ့တဲ့ အချစ်ကနေ ရင့်ကျက်တည်ငြိမ်လာသည့် ချစ်ခြင်းကို အသွင်ပြောင်းလာခဲ့ပြီ။
ဒီနှစ်တွေမှာ သူတို့ ရန်တစ်ခါမှ မဖြစ်ဖူးခဲ့။
ရန်ဖြစ်မှ အချစ်တွေက ခိုင်မြဲတယ်တဲ့။
ပြောကြတာဘဲ
သို့ပေမဲ့ သူနဲ့ watက
မျက်လုံးအကြည့်ကို အကဲခတ်တာနဲ့ တစ်ယောက်နှလုံးသားကို တစ်​ယောက်မြင်နိုင်သည့်သူတွေလေ။
ရန်ဖြစ်ဖို့ ဆိုတာ လိုပါသေးရဲ့လား။
နားလည်မှု ယုံကြည်မှုစသည့်ကြိုးအထပ်ထပ်တွေဖြင့်ရှေ့ဆက်လာသည့် ခရီးလမ်းသည် ဒီနေ့လို နေ့ထူးနေ့မြတ်အထိတောင် ခေါ်ဆောင်လာခဲ့ပြီးပြီ။
ဒီနေ့...သူရော..watရော.ဘွဲ့ယူမဲ့နေ့လေး

Huachiew Chalermprakiet University
တစ်ခုလုံး အုံးအုံးကျွတ်ကျွတ် ဆူညံလျက်ရှိသည်။
Uni ဝန်းထဲတွင် ကျောင်းသားတွေ ကျောင်းသားမိဘတွေနဲ့ပြည့်နေ၏။
အားလုံးကိုယ်စီ၏ မျက်နှာတွင် အပြုံးတွေပြည့်လျှမ်းနေပြီး ကြည်နူးပီတိဖြစ်နေကြသည်။
မဖြစ်ရိုးလား။
အပင်ပန်းခံပြီး သင်လာတဲ့စာတွေကိို ဤဘွဲ့ဆိုတာက သက်သေထူနေသည်မလား
ဘဝတစ်လျှောက်လုံး အရေးပါဆုံး memoryအဖြစ်သိမ်းထားရတဲ့နေ့​လေးဖြစ်တာမို့ အကုန်လုံး ပြုံးပျော်နေကြသည်မှာ မဆန်း။
ဘွဲ့နှင်းသဘင်ခန်းမရဲ့ ခပ်လှမ်းလှမ်းတစ်နေရာတွင်​တော့ Tine သူငယ်ချင်းအုပ်စုနဲ့အတူ
ဓာတ်ပုံရိုက်နေကြသည်။
" ဒီနေ့ကစပြီး ငါတို့လူကြီး ဖြစ်ပြီ..ဝေ့''
" ကျောင်းပြီးလည်း မေ့မသွားရဘူး။
ပြန်ဆုံမယ်..
ကတိ..
တစ်....နှစ်....သုံး..''
သုံးဆိုသည့် Ohmရဲ့ အသံဗြဲကြီးထွက်လာချိန်တွင် သူတို့အကုန်လုံး ဘွဲ့လက်မှတ်တွေနဲ့ ဉီးထုတ်တွေကို အပေါ်ပစ်မြှောက်လိုက်ကြသည်။
" ယေး....''
လူအုပ်စုက နည်းလှတာ မဟုတ်တာကြောင့်
အသံက ဝေါကနဲ ထွက်လာချိန်
Camera manကလည်း ထိုကြည်နူးဖွယ်မြင်ကွင်းကို မိမိရရပင်ရိုက်ထားသည်။
ပြီးခါကျမှ အကုန်လုံး ကိုယ့်ဟာ သူ့ဟာ ပြန်ကောက်ရင်း ရယ်နေမိကြ၏။
Tine သူ့ဉီးထုတ်လေးနဲ့ လက်မှတ်ကို ပြန်ကုန်းရုန်းကောက်ပြီး သူငယ်ချင်းတွေကို နှုတ်ဆက်
ပြီးတာနဲ့ သူ တစ်စုံတစ်ယောက်ရှိရာသို့ လျှောက်လာလိုက်သည်။
သူတို့ ဓာတ်ပုံရိုက်တဲ့နေရာနဲ့ မနီးမဝေးက ခုံပေါ်မှာ wat က ထိုင်စောင့်နေ၏။
သူလာတာမြင်တော့ watက ပြုံး၍ ထိုင်ရာကနေထကာ သူ့ဆီလျှောက်လာသည်။
"ကိုယ့်ကလေးက အသေကို ပျော်နေတာဘဲ။
ကြည့်ဉီး ဆံပင်တွေ ပွကုန်ပြီ''
အနား​ရောက်တာနဲ့ သူ့ဆံပင်တွေကို သပ်ပေးရင်း ဉီးထုတ်ကို သေချာပြန်ဝတ်ပေးနေသည့်watအား tine မျက်လုံးတွေပိတ်ကျတဲ့အထိ ပြုံးပြလိုက်သည်။
"သူငယ်ချင်းတွေနဲ့ ဓာတ်ပုံမရိုက်ဘူးလား wat''
Watက သိပ်ပြီး အပေါင်းအသင်းမထားတတ်။
ရှိတော့ ရှိသော်ငြား လက်ဆယ်ချောင်းတောင် ပြည့်သည့်သူမဟုတ်ပေ။
"ပြီးပါပြီ။tine ရိုက်နေတုန်း ကိုယ့်ကိုလည်း ဆွဲခေါ်သွားတာဘဲ။
ရိုက်ပြီး ဒီကို တန်းလာတာလေ။
ခဏ..အကျီကိုရော လက်ခေါက်ထားသေးတာလား''
သူ့အဝတ်ကို watက မပြီးနိုင်မစီးနိုင်ပြန်ပြင်ပေးနေသလို tineကလည်း watလုပ်ပေးသမျှကို ဘာအထွန့်မှ မတက်ငြိမ်ခံနေလိုက်၏။
ဘေးက ဖြတ်သွားဖြတ်လာတဲ့သူတွေကတောင် နှစ်ခါပြန်ပြန်လှည့်ကြသည်အထိ ထိုမြင်ကွင်းလေးက ချစ်စရာကောင်းနေသည်။
လူကြီးလူကောင်းလို ယောကျာ်းပီသချောမောသည့် ကောင်လေးတစ်ဉီးက အပြုံးလှလှလေးတွေနဲ့ ဖြူသွယ်သွယ်ကောင်လေးကို ဉီးထုတ်​လေးဝတ်​ပေးနေသည့်မြင်ကွင်းလောက် အခြားဘာချစ်စရာကောင်းတာရှိအုံးမည်နည်း။
"ရပြီလား..wat.''
" အင်း..အဆင်ပြေပြီ''
Wat က ပြုံး၍ သူ့ပါးတစ်ဖက်ကို ဆွဲလိမ်လိုက်သည်။
" wat..မင်းမပူဘူးလား
ငါပူတယ် ဒါကြီးတွေက''
မဲ့ရှုတ်ရှုတ်လေးလုပ်ပြီး လက်ကိုမြှောက်ကာပါးစပ်ကလည်း ဟူးကနဲ လေပူတွေမှုတ်ထုတ်နေသည့်tineသည် watရဲ့မျက်လုံးထဲမှာ တကယ်ကို ကလေးပီစိလေးလိုပါဘဲ။
အသက် 22ရှိပြီဖြစ်တဲ့ tineက ဒီနှစ်တွေမှာ ပိုချော ပို လှလာသည်။
အသားက ပိုဖြူလာသလို မျက်နှာက ရှင်းသန့်နေ၏။
အများအမြင်မှာ ရင့်ကျက်တည်ငြိမ်တဲ့အသွင်ပေါက်ပေမဲ့ watရှေ့ရောက်ရင်တော့ တကယ်ကလေးလေးလ်ုဘဲ ဖြစ်ဖြစ်သွားသည်။
" ကိုယ်လည်း ပူတာပါဘဲ
ခဏလောက်တော့ သည်းခံလိုက်​လေနော်
Family photoပြီးရင် ရပြီလေ''
ဉီးထုတ်မရှိရငိ ဆံပင်တွေကို ဖွမိမှာပေမဲ့ ဉီးထုတ်ကြောင့် wat ပါးလေးတွေကိုသာ မနာအောင်ဆွဲဆွဲလိမ်နေရသည်။
" ဒီတစ်သက် Ro လို့ ပြီးကြအုံးမှာလား အစ်ကိုတို့''
လူထက် အသံကအရင်ရှေ့ရောက်နေပေမဲ့ ဘယ်သူဆိုတာ နှစ်လောက်လုံးသိပါသည်။
မpamဆိုတာ..
ပေါင်လယ်လောက်ရှိတဲ့ဂါဝန်အဖြူရောင်လေးနဲ့လှနေသည့်pamသည် လက်ထဲတွင် ပန်းစည်းနှစ်စည်းအပြင် လည်ပင်းမှာလည်း ကင်မရာတစ်လုံးဆွဲထားသေးသည်။
"နင် ဒီပုံစံကြီးနဲ့ လျှောက်သွားနေတာလား pam''
ထုံးစံအတိုင်း တွေ့ပြီဆိုတာနဲ့ အချင်းချင်းဖဲ့ကြပြီဘဲ။
Pamက မျက်စောင်းတစ်ချက်ထိုးကာ သူတို့နှစ်​ယောက်လက်ထဲ ပန်းစည်းတွေထည့်ပေးသည်။
" ငါ အဲ့ဒါ သူငယ်ချင်းတစ်ယောက်ဆိုင်မှာ သေချာမှာပြီး လုပ်ထားရတာနော်။
ပစ်လက်စခတ်ထားကြည့် နှစ်ယောက်လုံး သေမယ်။''
Tine ပြုံးရုံသာ ပြုံးလိုက်ပြီး ပန်းစည်းကို မွှေးကြည့်လိုက်၏။
ထူးဆန်းသည်။
ပန်းစည်းထဲတွင် ပန်းတွေက အမျိုးကို စုံနေ၏။
နှင်းဆီနဲ့ ဂျူးလစ်လောက်သာသိမို့ ထိုပန်းတွေကို ဘာပန်း​တွေမှန်း သူတကယ်မသိ။
လှတာတော့ တော်တော်လှသည်။
အပြာနုနုလေးတွေနဲ့ အပန်းရောင်လေးတွေကို ပါရောထားတာ
" မ pam..
ဒါ ဘာပန်းတွေလဲဟင်''
မနေနိုင်လို့မေးကြည့်တော့ မpamက ပြုံးနေပြီးမှ ချောင်းတစ်ချက်ဟန့်လိုက်သည်။
"ဟမ်း...
အဲ့ထဲမှာ ပန်းလေးမျိုးလောက်ရောထားတာ။
နှစ်မျိုးက သိပြီးသားနေမှာပါ။
နေကြာနဲ့ သစ်ခွလေ
အဲ့အပြာရောင်နဲ့ ပန်းလေးတွေကကျတော့ Larkspurတဲ့။
သူ့အဓိပ္ပါယ်က ယုံကြည်ခြင်း၊ကျော့ရှင်းခြင်းလို့ပြောတယ်။
အပန်းရောင်နဲ့ အပွင့်ကြီးကြီးလေးတွေကျတော့ Gerbera Daisy
ပန်းရောင်ကိုဘာလို့ ရွေးထားတုန်းဆိုတော့ သူ့အဓိ္ပာယ်လေးက လေးစားခြင်း။
ဒီလောက်ဆို သဘောပေါက်ပြီမလား''
Tine မျက်လုံးလေးတွေ ဝိုင်းသွား၏။
ဒီပန်းလှလှလေးတွေက ဒီလိုလည်း အဓိပ္ပါယ်တွေရှိတယ်တဲ့လား။
"ဝိုး...မpamက တကယ်ကို သေချာပြင်လာပေးတာဘဲ။
ကျေးဇူးတင်ပါတယ်ဗျ''
Tine ပန်းစည်းလေးကို ယုယုယယလေးပိုက်ရင်း မpam ကို ခါးလေးညွှတ်ကာ ကျေးဇူးစကားဆိုမိသည်။
" မင်းတို့မကြီးက ပန်းတွေအများကြီးထဲကနေ ဒီလို အဓိပ္ပါယ်လှလှလေးတွေနဲ့ သေချာကိ​​ု ရွေးထားပေးတာ
တစ်ယောက်ယောက်ကတော့ ငါ့ကို ကျေးဇူးစကားလေးတောင်မပြောချင်ရှာဘူး''
pamက watဘက်ကို မျက်စောင်းလှည့်ထိုးရင်း မဲ့ရွဲ့ပြောတော့ ပန်းစည်းကို ငေးနေသည့်watက ရယ်လာသည်။
" အင်းပါ။
တော်တော်လှလို့ ငေးနေတာနဲ့ ကျေးဇူးတင်ဖို့​တောင်မေ့တယ်။
ကျေးဇူးတင်ပါတယ် pam
ငါတို့ကို ဒီလို လက်ဆောင်လှလှလေးပေးတဲ့အတွက် နင်လည်း ဂျီးများမ​နေ​တော့ဘဲ မြန်မြန်ဘဲရပါစေဟာ''
ဒီတစ်ခါတော့ tineပါ watနဲ့ရောရယ်မိပါသည်။
ဟုတ်ပ..
Medicineမှာဆို မpamက အလှဆုံးပါဘဲ။
လိုက်တဲ့သူတွေ ပေါသလောက် မpamလောက်ငြင်းနိုင်တာ မpamဘဲရှိသည်။
သူတို့ရယ်နေကြချိန် pamက မျက်နှာလေးမဲ့ရှုံ့ကာ ညည်းနေသည်။
"နင်တို့က လေးနှစ်တည်းနဲ့ပြီးပြီ။
ငါက နောက်ထပ်နှစ်နှစ်တောင်ကျန်သေးတယ်ဟ
ဒါတောင် အလုပ်သင်ဆရာဝန်နဲ့ လက်တွေ့ဆင်းရအုံးမှာ
စာမေးပွဲတွေလည်း ထပ်ဖြေရအုံးမှာ အများကြီး။
အမလေးဟဲ့ ဘဲရပြီးတောင် ဘယ်အချိန် ဘဲနဲ့ကြူဖို့ အချိန်ရှိလို့လဲ။''
လက်ကြီးပိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ အညည်းမပျက်သည့်မpamကိုကြည့်ပြီး စိတ်မကောင်းတော့ဖြစ်မိသား။
သို့ပေမဲ့ နှစ်ယောက်လုံး အရယ်မပျက်ကြ။
" ကဲ ထားပါ။
နင်တို့ဓာတ်ပုံမရိုက်ဘူးလား။
သွား ငါရိုက်ပေးမယ်''
သူတို့အဖြေကိုတောင်မစောင့်တော့ဘဲ လူကို တွန်းထုတ်ကာ  cameraတောင် ချိန်နေပြီးပြီဖြစ်တဲ့မpamယ
Camera​ရှေ့မှာ Tine ​ကြောင်အမ်းအမ်းဖြစ်နေစဉ် watက သူ့လက်ကို ကိုင်ရင်း ရင်ခွင်ထဲဆွဲသွင်း၏။
မျက်နှာကလည်း ငါပိုင်တယ်ဆိုတဲ့အပြုံးကြီးနဲ့။
Tine ရှက်ရယ်ရယ်ရင်း watရင်ဘတ်ကို လက်သီးနဲ့တစ်ချက်ထုစဉ် pam
က ချက်ကနဲ ကင်မရာခလုတ်ကို နှိပ်ချလိုက်သည်။
"ကွက်တိဘဲ။
Sarawatတို့က ဒီလိုကျတော့လည်း လက်သွက်သားနော်။
နောက်တစ်ပုံလောက်ထပ်ရနိုင်မလား''
Pamက ပြုံးစိစိနဲ့ ပြောလာစဉ် watက ခေါင်းညိတ်ပြသည်။
Tineကတော့ မျက်နှာတွေနီဆွေးနေတုန်း။
" ဘယ်လို poseမျိုးထပ်ပေးရမလား pam''
"ဟာ..နင်တို့ကလည်း
သူများအတွဲတွေရိုတာ မမြင်ဖူးဘူးလား
ကောင်လေးပါးကို ကောင်မလေးက ​ခြေဖျားထောက်နမ်းတာ
မဟုတ်လည်း ပွေ့ချီတာတွေ အများကြီးရှိတယ်လေ။
လုပ် မြန်မြန်
ဒီမှာ လက်ညောင်းနေပြီ''
Pamက ကင်မရာကိုလည်း ချိန်ရင်း ပါးစပ်ကလည်း ပွစိပွစိရွတ်နေ၏။
Wat tineဘက်ကို တစ်ချက်စောင်းငဲ့ကြည့်သည်။
ဘေးတစောင်းက ကြည့်ရင်တောင် နီရဲတွတ်နေသည့်ပါးပြင်အရ ဒီကလေးပေါက်စက ယောင်လို့တောင်နမ်းမဲ့ပုံမပေါ်။
အဲ့​တော့လည်း သူ့ဘက်က အချိန်မဆွဲဘဲ လုပ်စရာရှိတာလုပ်ရုံသာ။
" ဟေး..ဟေး..
ဒါမှ sarawatကွ။
မိုက်တယ်။
အဲ့တိုင်း ငြိမ်ငြိမ်လေးနေနော်''
Wat ရှက်နေသည့်ကလေးငယ်ကို ဆတ်ကနဲ ခါးကနေ​ပွေ့ကာ မချီလိုက်တာပါ။
Pamတစ်ယောက်  တ​ဟေး​ဟေး​အော်ရင်း တဖြတ်ဖြတ်နဲ့ရိုက်နေတာ မပြီးနိုင်တော့။
"Wat..တအားမကဲနဲ့လေ။
ဒီမှာ လူတွေ အဲ့လောက်အများကြီးကို
ဟိုမှာကြည့် ငါတို့ကို ဓာတ်ပုံရိုက်နေကြပြီ''
Tineကိုယ်လုံးလေးက သူ့လက်ထဲမှာ ကျုံ့ကျုံ့လေးဖြစ်နေရှာသည်။
မျက်နှာကိုလည်း သူ့ပခုံးမှာဖွက်ထားရင်း ကျော​ပြင်ကို တဘုန်းဘုန်းထုနေ၏။
Watကတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ တ​ဘောတကျရယ်နေမိသည်။
လေးနှစ်တောင်ကြာပြီကို..ရှက်နေဆဲဘဲလား
ကျွဲပေါက်ရေ..
သူ့ရင်ထဲတွင် ကြည်နူးမှုတွေအပြည့်နဲ့ cameraရှိနေတာတောင်မေ့ပြီး ပခံုးထက်ကစူပုတ်​နေသည့်​​​က​လေး​ပေါက်စအား နှာဖူးပြင်လေးပါ ဖွဖွ​လေးနမ်းလိုက်သည်။
ကြည့်နေတဲ့လူတွေကတော့ pamနည်းတူ တအီအီနဲ့ အော်နေကြလေရဲ့။
ဓာတ်ပုံရိုက်ပြီးတာနဲ့ သုံးယောက်သား လူကြီးတွေဆီ ကသောကမြော သွားရ၏။
လူကြီးတွေက သူတို့လွတ်လွတ်ပျော်ပါစေဆိုသည့်သဘောနဲ့ လွှတ်ထားပေးကာ uni အပေါက်ဝမှာ စောင့်နေကြတာပါ။
သူတို့လည်း​ရောက်​ရော အကုန်လုံးက ဖက်ကြ နမ်းကြ ဂုဏ်ပြုကြနဲ့။
" Congratulations ပါ သားလေးရေ.''
Tineရဲ့ အမေနဲ့စကားကောင်းနေသည့်မိခင်က သူ့ကို မြင်တော့ ပါးတစ်ဖက်ကို ပြေးနမ်းကာ ဂုဏ်ပြုစကားဆို၏။
Wat ပြုံးရင်း အမေ့ကို သူဖက်လိုက်သည်။
ဒီနှစ်တွေမှာ အမေနဲ့ သူ ဆက်ဆံရေးအတော်ပြန်ကောင်းလာတယ်လို့ ပြောလို့ရသည်။
ဒီလို အရေးကြီးသည့်ရက်မှာ အမေရှိနေပေးမယ်လို့ မမျှော်လင့်ခဲ့ဖူး။
သူတကယ်ကို မျက်ရည်တွေဝဲမတတ်ပျော်ရပါသည်။
သူ့ရဲ့ကလေးပေါက်စလေးကလည်း လောလောဆယ် မိသားစုဝင်တွေကြားထဲ မြှုပ်ကာ ပြုံးပျော်နေလေရဲ့။
" နောက်ဆုံးတော့ သားအကြီးအတွက်က စိတ်အေးရပြီ
အငယ်မ နင်ဘဲကျန်တယ်''
အမေက ပြောရင်းနဲ့ tineရဲ့ လက်​မောင်းကို တွယ်ကာ ကပ်ချွဲနေသည့် ဂျင်ဂျင်းကို ခေါင်းလှမ်းခေါက်သည်။
ဂျင်ဂျင်းလည်း Business majorမှာ second yearတောင်ရောက်နေပြီ။
အမေခေါက်တာကို မဲ့နေသည့်အငယ်မကို ကြည့်ပြီး tineရယ်မိသေး။
အပျိုဖြစ်နေပြီကို ခုချိန်ထိ ကလေးဆန်ကောင်းနေတုန်း။
" မိသားစု ပုံလေးရိုက်ရအောင် လူစုကြပါ''
Pamရဲ့အသံစူးစူးထွက်လာချိန် အချင်းချင်းတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးမိသွားကြသည်။
နှစ်ဖက်မိသားစုပေါင်းရိုက်မှာမို့ tine ရင်တလှပ်လှပ်ခုန်ကာ စိတ်ထဲတွင် ဘာဖြစ်နေမှန်းမသိ။
ပျော်သလိုလို ဝမ်းနည်းသလိုလိုခံစားချက်ကြီး။
ရိုက်တဲ့ပုံစံလည်းကြည့်လေ။
သူနဲ့watက အလှည့်တည့်တည့်မှာ။
ဘေးမှာက မိသားစုဝင်တွေ။
မသိရင် Weddingအတွက် ရိုက်နေသလိုဘဲ။
ကိုယ့်အတွေးနဲ့ကိုယ် ပြုံးနေမိစဉ် နွေးထွေးသည့်လက်ဖဝါးတစ်ဖက်က သူ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လာသည်။
ချစ်ရသည့်သူနဲ့ ဓာတ်ပုံတွဲရိုက်ရတာလောက် ပျော်စရာကောင်းတာ မရှိဆိုသည့်စကားလို သေချာပါသည်။
ဒီphotoထဲမှာ သူ့အပြုံးက အလွန်ကို တောက်ပနေမည်ဆိုတာ။
သူ့နည်းတူ watဆိုသည့်သူလည်း ပျော်မှာ ကျိန်းသေပါဘဲ။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now