Chapter-48(Uni+Zaw)

1.4K 142 16
                                    

Unicode

Finalလည်း နီးလာတာကြောင့် Musicရော tineရဲ့cheerleadingရော စီနီယာတွေက activitiesတွေကို လျှော့ပေးလာကြသည်။အားလပ်ချိန်ပိုလာတာမို့ အရင်ကထက် သူတို့နှစ်ယောက်၏အတူရှိချိန်က ပိုများလာခဲ့၏။
မည်သို့ပင်ဖြစ်စေ အတူရှိသည့်အချိန်တိုင်းက အချစ်တွေနဲ့ နွေးထွေးလို့နေ၏။
မနက်တိုင်း အနမ်းနုနု​​လေးတစ်ပွင့်က သူ့ပါး​ပေါ် မမေ့မလျော့ ခြွေလေ့ရှိဆဲ..
ခါတိုင်း ပျင်းလို့ဆို မနက်စာကို သူငယ်ချင်းတွေနဲ့အတူထွက်စားနေကြသူက
ခုတော့ တစ်စုံတစ်ယောက်အတွက် စိတ်လိုလက်ရ ချက်ပေးတာလည်း အကျင့်လိုဖြစ်လာခဲ့ပြီ။
အတန်းချိန်က လွဲလျှင် ကျန်သည့်အချိန်တိုင်းနီးပါး watနဲ့ဘဲ ကုန်ဆုံးစေတာကြောင့် သူငယ်ချင်းတွေတောင်အမြင်ကတ်ရတဲ့အထိပင်..
" အဲ့tineဆိုတဲ့အကောင် watနဲ့ ဖြစ်ကတည်းက ငါတို့ကို စောက်ဖတ် မလုပ်​တော့တာနော်''
" အကဲကို ပိုတယ်..ပြီးရင် ရန်ဖြစ်ပြီဆို ရုပ်က ​ကြီးက မသိရင် တတိယကမ္ဘာစစ်ဖြစ်ထားတဲ့အတိုင်း ငါနှော်''
Barသွားမယ်ဆိုပြီး သူ့ကို ဆွဲခေါ်ကြတာ.
မလိုက်ဘူးလို့ အတင်းငြင်းတာနဲ့ Fongတို့တတွေ ပြောမဆုံးတော့။
" ငါတို့မင်းကို ခေါ်တာ နောက်မှနောင်တမရနဲ့နော်..
ချစ်သူရှိတယ်ဆိုတာ ရှိတာသက်သက်ဟ.
ကိုယ့်လွတ်လပ်ခွင့်ကိုလည်း အဆုံးရှုံးမခံနဲ့လေ..''
အတန်းထဲ ဆရာမလာခင် သူ့ကို barသွားဖို့ မြူဆွယ်ရေးလုပ်နေကြတဲ့သူငယ်ချင်းတစ်သိုက်ကို tineစိတ်ပျက်ပျက်နဲ့သာ ခေါင်းခါပြနေရ၏။
" ငါသွားချင်ရင်သွားလို့ရတယ်။
Watက ဘာမှမပြောပါဘူး
ဒါပေမဲ့ ခုဟာက ငါမှ မသွားချင်တာ.
လူကို ဇွတ်ခေါ်နေကြတယ်''
" မဖြစ်နိုင်တာ.
မင်းအရင်ဆို ငါတို့ကစခေါ်ဖို့မပြောနဲ့။
မင်းက ဉီးဆောင်သွားတာချည်း.''
"အဲ့တာအရင်လေ
ခုက မတူဘူး''
Tine ပြုံးစိစိမျက်နှာပေးနဲ့ပြောလိုက်သည့်အချိန် သူငယ်ချင်းတွေ၏ အကြည့်စိမ်းစိမ်းတွေက သူ့ဆီဒိုင်းကနဲရောက်လာသည်။
" အေး.
လုပ်ထား..နောက်ရန်ဖြစ်လို့ ငါတို့ဆီရင်လာဖွင့်ကြည့်.
ပစ်သာထားမှာ''
" မင်းတို့ကလည်း.
ငါတကယ်မအားလို့ မသွားတာပါဟ''
စိတ်ဆိုးနေတဲမျက်နှာပေးတွေနဲ့ မဲ့ရှုံ့နေကြတဲ့ဘကောင့်သားတွေကို သူလေပြေအေးလေးနဲ့ ပြန်​ချော့မိသည်။
" စောက်ပိုတွေ
တနင်္ဂနွေညကြီးက ဘာကိုမအား''
" တကယ်မအားဘူး။
Watက ငါ့ကို မုန့်လုပ်ကျွေးမယ်တဲ့
အဲ့ကြောင့်..အ..''
သူ ရုပ်တည်ကြီးနဲ့ စကားတောင်ပြောလို့မဆုံးသေး..
သုံးယောက်လုံး  အိတ်တွေနဲ့ လူကို တဘုန်းဘုန်းထထု​ကြတော့၏။
ကျောတွေတောင်ပူထူသွားရတဲ့အထိပင်..
​နောက်ဆုံး tineရှက်ပြုံးကြီးနဲ့ သူငယ်ချင်းတွေကြား ပြုံးဖြီးဖြီးလုပ်ရုံသာတတ်နိုင်တော့သည်။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now