Chapter- 49(Uni+Zaw)

1.4K 138 20
                                    

Unicode

" လုပ်ပြန်ပြီ။ငါတကယ်မလိုက်ဘူးဟ''
တကယ်ကို ဇွဲကောင်းတဲ့သူငယ်ချင်းတစ်သိုက်ပါ။
မလိုက်ဘူးလို့ ပြောထား​ပြီးသားကို အတင်း​တွေဇွတ်ခေါ်နေကြသည်။
ပန်းကန်ဆေးနေရင်းတန်းလန်းနဲ့မို့ လက်က မအား။
ဖုန်းကို မေးစေ့နှင့် ပခုံးကြားညှပ်ရင်း ပြောနေရတော့ လူက သိပ်စိတ်မရှည်ချင်။
"မင်းပြောတော့ sarawatမရှိဘူးဆို''
" အေး အဲ့ဒါကြောင့်မို့ ပို မသွားချင်တာ။
သူပြန်လာလို့ငါမရှိရင် မကောင်းဘူးလေ''
" ဘာက မကောင်း။
ခွင့်တောင်းပြီး သွားပေါ့''
" တော်ပြီ။ငါ့ငါ သွားချင်သွား၊မသွားချင်နေ။
မခေါ်နဲ့တော့။
မင်းတို့ အာပေါက်ရုံဘဲရှိမယ်''
Tine ခပ်စပ်စပ်အော်ထည့်လိုက်တော့ တစ်ဖက်မှ သီချင်းသံတွေနဲ့ အတူ တခွီခွီ ရယ်သံတွေ ထွက်လာ၏။
မိုးတောင် ကောင်းကောင်းမချုပ်သေး။
စောစောစီးစီး Barရောက်နေသည့် ဘကောင့်သားတစ်သိုက်ကို တကယ်လက်လန်ပါသည်။
" အေးပါ..အေးပါ..မလာလည်း မခေါ်တော့ဘူး။
ယောကျာ်းကို ကြောက်နေလိုက်တာ
အရင် tineနဲ့များတခြားစီ''
" ကြောက်လို့မဟုတ်ဘူး။
ငါရှုပ်ရှုပ်ယှက်ယှက်တွေ မဖြစ်ချင်လို့''
" အေး..အေး..
ပြီးတာဘဲ..
​စောင်RSတေွများ တကယ်ကြည့်လို့ကို မရ''
Ohmရဲ့ မကျေမနပ်သံကြီးက နားထဲ ထစ်ထစ်ခွခွဝင်လာသည်။
Tineစိတ်မဆိုးဘဲ အဲ့အစား ရယ်သာရယ်ပစ်ချင်၏။
သူတို့လေးယောက်မှာဆို Fongနဲ့သူကသာ သက်ဆိုင်သူတွေရှိ​နေကြပေမဲ့ ကျန်တဲ့နှစ်ယောက်က ပထမနှစ်ပြီးတော့မယ်
ကောင်မလေးမပြောနဲ့။အီစီကလီလုပ်ဖို့လူတောင်မရှိကြ။
ထို့ကြောင့်လည်း အားနေ တစ်ချိန်လုံးအပျော်အပါးမက်နေကြတာနေမှာ။
" ဆဲမနေနဲ့။မင်းတို့လည်း တစ်နေ့ကျရင် Right personတွေ့ရမှာဘဲလေ။
အဲ့ကျရင် ငါတို့ရဲ့ ခံစားချက်ကို ကောင်းကောင်းသိလိမ့်မယ်''
" တော်..တော်..ဆက်မပြောနဲ့တော့။
လခွမ်းထဲမှ ကြက်သိမ်းထလာပြီကွ။
အေး..ငါချတော့မယ်။ဟိုမှာ..စောချောချောတွေ လာနေပြီ''
" မင်းတို့ကောင်တွေနဲ့တော့ တကယ်မနိုင်ဘူး။
အေး..ဒါဘဲ''
သူအရင် မချရသေးမီ တစ်ဖက်က ဖုန်းကို တန်းနေအောင်ချသွား၏။
Tine ဟက်ကနဲရယ်လိုက်ပြီး ရေစို​နေသည့်လက်ကြီးနဲ့ ဖုန်းကို စားပွဲပေါ်တင်လိုက်သည်။
ပန်းကန်တွေဆေးပြီး စင်ပေါ် တစ်ခုပြီး တစ်ခုတင်​နေစဉ် ထူးဆန်းစွာ လူက လေးလေးပင်ပင် ဖြစ်လာသည်။
​လုပ်နေတဲ့အလုပ်ကို စိတ်မပါတော့သလိုမျိုး..
ရုတ်တရက်ကြီး ကိုယ့်ကိုယ်ကို ဘာထဖြစ်မှန်းမသိ။
စောစောကမှ သူအကောင်းကြီးပါ။
Tine ဇဝေဇဝါဖြစ်​​နေတုန်း လက်ထဲက ဖန်ခွက်မှာ လွှတ်ကနဲ ကြမ်းပြင်ပေါ်ကျသွား၏။
" ခွမ်း'' ကနဲ ​မြည်သံနှင့်အတူ  ဖန်စ​တွေက အစိတ်စိတ်အမွှာမွှာကွဲသွား၏။
Tine ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
ဘာလို့ ဒီလောက်ထိနမော်နမဲ့နိုင်သွားရတာတုန်း။
ကော်ပြားကို ​မြန်​မြန်ပြေးယူပြီး ဖန်စတွေကို တံမြက်စည်းနှင့် ကြုံးထည့်လိုက်၏။
ခြေထောက်စူးမှာကြောက်သည်နှင့် ဖန်စသေးသေးမွှားမွှားတွေ ပြောင်မပြောင် သေချာ​ပြန်ကြည့်ရင်း လူက မျက်မှောင်ကြုံ့မိသွားသည်။
မတော်တရော် watများ တစ်ခုခုဖြစ်နေတာလား
​ခေါင်းထဲ ဝင်လာသည့်အတွေးဆိုးကြီးက သူ့ရဂ်ကို ပူလောင်စပ်ဖျားစေသည်။
သို့ပေမဲ့
မဟုတ်လောက်ပါဘူးလေ
နေ့လည်က ကော်ဖီသောက်တာအရမ်းများသွားလို့ ကယောင်ခြောက်ခြားဖြစ်နေတာနေမှာ ဟုလည်း
ကိုယ့်ကိုယ်ကို ပြန်ပြီး နှိမ့်သိမ့်လိုက်သည်။
သို့ပေမဲ့ မသိစိတ်က ရတက်မအေးတာနဲ့  လုပ်လက်စကို ရပ်ပြီး watဆီဖုန်းဆက်လိုက်သည်။
Callsတွေဝင်ပေမဲ့ မကိုင်တာကြောင့်  စိုးရိမ်စိတ်တွေက အလျင်အဟုန်ကြီးထွားလာ၏။
Wat တကယ် တစ်ခုခုများဖြစ်နေတာလား
Danနဲ့တူတူသွားတာဆိုတော့ Danများ watကို တစ်ခုခုလုပ်ပစ်တာလား
ဖုန်းကြီးကိုင်ပြီး ဟိုတွေးဒီတွေးနဲ့စိတ်ပူနေတုန်း screenပေါ် အမည်မသိcallဝင်လာသည်။
သူ တစ်ခဏလောက်တုံ့ဆိုင်းနေပြီးမှ ဖုန်းကို ကိုင်လိုက်၏။
" Hello..
ဟုတ်ကဲ့..ကျွန်တော် tineပါ..
ဗျာ..
Wat.ဆေးရုံမှာ.
ကျွန်တော် ခုချက်ခြင်းလာခဲ့မယ်
ဘယ်ဆေးရုံလဲ''
တစ်ဖက်လူ စကားမဆုံးခင်တွင် Tineရဲ့ခြေထောက်တွေက အခန်းထဲ ပြေးဝင်ပြီးသားဖြစ်နေခဲ့ပြီ။
အနွေးထည်တစ်ထည်ကောက်စွပ်ပြီး ပိုက်ဆံအိတ်ကို ယူကာ အပြင်ဘက် အပြေးအလွှားထွက်လာခဲ့လေသည်။
Wat..မူးလဲသွားတယ်တဲ့..
ဆေးရုံသွားသည့် လမ်းတစ်လျှောက်လုံး သူ့မှာ ရင်တမမနဲ့..
ထိုင်မရ ထမရ ကဏာမငြိမ်ဖြစ်နေတဲ့ကြား
လူက ဒေါသ တွေပါ ထွက်လာ၏။
ဟို..ကျက်သရေတုန်းလူတွေကြောင့်ဘဲနေမှာ..
စောစောက ဖုန်းဆက်တာ ဘယ်သူဘယ်ဝါလဲတော့မသိ။
ယောကျာ်းသံကြီးနဲ့ သူ့ကို ပြောနေတဲ့အချိန် အသံက တုန်နေတာကိုတော့ သတိထားမိလိုက်၏။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now