Chapter - 15(Uni+Zaw)

1.8K 153 8
                                    

Unicode

sarawat Tineကို ဖက်ပြီးအိပ်ပျော်သွားတာမနက်လင်းသည်အထိဘဲ။သူမျက်လုံးဖွင့်ဖွင့်ချင်း tineရဲ့မျက်နှာလေးကိုမြင်ရတဲ့တခဏက သူ့အတွက်အရာရာအားလုံးနှင့်မလဲနိုင်​လောက်အောင်ပင်အဖိုးတန်လွန်းပါသည်။ကလေးလေးလိုဘဲအပူအပင်မရှိအိပ်နေတာဘေးက ချစ်ဖို့လည်းကောင်းလွန်းသလို သူ့ရင်ကိုလည်းအေးချမ်းစေသည်။အိစက်နေသောပါးဖောင်းဖောင်းလေးတွေကို လက်ကလေးနှင့်တို့ပစ်ချင်သော်လည်း နိုးသွားမည်ကိုစိုးရိမ်စိတ်နဲ့မထိရက်ဘဲ ပြုံး၍သာ​ငေးကြည့်နေမိသည်။
ဒီလိုလေးငေးနေရတာနဲ့လည်း သူ့ရင်ကနွေးထွေးစွာခုန်နေတာဆိုတော့ တန်ပါသည်။
ခါတိုင်းဆို အိပ်ဆေးသောက်မှအိပ်ပျော်တတ်တဲ့သူ့အကျင့်သည် မနေ့ညက ကြက်ပျောက်ငှက်ပျောက်ကို ပျောက်သွား၏။ဒီလူသားလေးရဲ့အနားမှာရှိရုံနဲ့သူချက်ချင်းကိုဘဲအိပ်ပျော်သွားခဲ့တာဘဲ။သူ့အတွေးနဲ့သူ ကြည်နူးစွာပြုံးနေခိုက် သူ့ရင်ခွင်ထဲက ကလေးသည် လူးလွန့်လာ၏။အိပ်ချင်မူးတူးမျက်လုံးတွေနဲ့သူ့ကို မော့ကြည့်လာသည့်အချိန်တွင်တော့ ''Good morning''ဟုသူ့နှုတ်ခမ်းက တိုးတိုးထွက်သွားသည်။
"အင်း နိုးနေပြီကို ဘာလို့မထသေးတာလဲ။''
မျက်မှောင်ကြီးကုတ်ပြီးပြောနေတာလေးက သူ့ကိုစိတ်မဆိုးစေဘဲပိုအသည်းယားစေသည်။
"ထမလို့ပါဘဲ။ဒါပေမဲ့ မင်းအိပ်နေတာလေးက ချစ်ဖို့ကောင်းလွန်းလို့ ထဖို့မေ့သွားတယ်။''
"အပိုတွေ ။ထတော့ ကျောင်းသွားရအုံးမယ်။''
ပွစိပွစိရွတ်ရင်း သူ့ရင်ခွင်ထဲနေရုန်းထွက်သွားသည့်ကောင်လေးသည် ရှက်နေမှန်းနီရဲနေသော နားရွက်ဖျားတွေက သက်သေခံနေသည်။
သူတစ်ချက်ပြုံးလိုက်ရင်း အိပ်ရာကနေအသာထကာ အခန်းထဲကိုလျှောက်ကြည့်နေလိုက်မိသည်။
ပစ္စည်းတွေက ဘာမျှအဲ့လောက်များများစားစားမရှိတာကြောင့် အခန်းက ရိုးရိုးရှင်းရှင်း​​ဖြစ်​နေသည်။အိပ်ရာဘေးမှာ စာကြည့်စားပွဲရှိပြီး စာအုပ်အချို့နှင့်လက်တော့တစ်လုံးတင်ထားသည်။
မှတ်စုစာအုပ်တစ်အုပ်ကိုကောက်ကြည့်တော့
သပ်ရပ်လှပတဲ့လက်ရေးတွေကို မြင်လိုက်ရ၏။မှတ်စုတွေကို အကဲခတ်လိုက်တာနဲ့tineသည် လူငယ်သဘာဝပျော်ပျော်ပါးပါးနေတတ်သော်လည်း ကျောင်းစာကိုတော့ အပျက်မခံသည့်စာလိုက်လုပ်သည့်ကျောင်းသားလည်းဖြစ်နေပြန်သည်။
ကုတင်ဘေးမှာ လျှောက်ကြည့်လိုက်တော့သူပြုံးမိသွားသည်။လွန်ခဲ့တဲ့တစ်လလောက်က
သူပေးထားတဲ့ဂစ်တာလေးကို ကုတင်ဘေးမှာထောင်ထားတာပါ။သူသွားတီးတို့ကြည့်တော့ဖုန်တစ်စက်မှမရှိ။
သူ့ဂစ်တာကို သေချာစောင့်ရှောက်ထားမှန်းသိသာတာကြောင့်သူကျေနပ်သွားမိ၏။
"မင်းရေမချိုးတော့ဘူးလား။''
လှည့်​ကြည့်လိုက်မိတော့ အလွန်ဆွဲဆောင်မှုရှိသောမြင်ကွင်းက သူ့ကိုဆီးကြို​ေန၏။
​ဖေွးအုနေသောအသားအရေနဲ့အဆီပိုမရှိသောဗိုက်သားတွေကအစ
ကျော့ရှင်းနေသော
လည်ပင်းသားတွေအဆုံးသူ​တောက်​လျှောက်​ငေးကြည့်ရင်းအသက်ရှုတွေပါမြန်လာသလိုခံစားရသည်။
ရေစက်တွေသီးနေသောမျက်နှာလေးက ယနေ့တော့သူ့အတွက်ချစ်ဖို့မကောင်းစေဘဲ
ဆွဲဆောင်နေအားကောင်းလွန်း​နေတာ​ကြောင့်သူ့ကိုမိန်းမောစေသည်။
"ဘာတွေအဲ့လောက်ကြည့်နေတာလဲ။''
ပြောပြောဆိုဆိုနဲ့ရင်ဘတ်တွေကို လက်နဲ့ကာလိုက်သောtineသည် သူ့ကိုဆူပုတ်ပုတ်မျက်နှာနဲ့ဘုကြည့်ကြည့်နေသည်။
"မင်းဘာလို့အဲ့ပုံစံနဲ့ထွက်လာတာလဲ။ငါ့မြူဆွယ်ဖို့ကြိုးစားနေတာလား။''
သူပြုံးစိစိမျက်နှာနဲ့မေးတော့ tineခေါင်းပေါ်ကတဘက်နဲ့ပစ်ပေါက်ခံလိုက်ရ​လေသည်။
"ရေသွားချိုးတော့။ငါဗိုက်ဆာနေပြီ။မင်းအတွက် အဝတ်အစားတွေထုတ်ထားပေးမယ်။''
သူ ခေါင်းညိတ်ပြလိုက်ပြီးtineရှေ့မှာပင် အကျီတွေချွတ်ချလိုက်၏။ရုတ်တရက်tine၏မျက်နှာသည် နီရဲသွားသည်။
"ရေချိုးခန်းထဲသွားချွတ်လေ။''
တိုးတိုးနဲ့ရေရွတ်သံကြားတော့ sarawatရယ်လိုက်မိသည်။
"ဘာတွေတွေးနေတာလဲ။ကိုက အကျီဘဲချွတ်မှာကို။ဘောင်းဘီရော ချွတ်မယ်ထင်နေတာလား။''
"အဲ.. မဟုတ်''
စကားတွေထစ်ပြီးအရှက်သည်းနေသည့်tineကို ခေါင်းပုတ်ပြီးသူရေချိုးခန်းထဲဝင်လိုက်ပါသည်။
ရေချိုးခန်းထဲထိ သူပြုံးနေတာမရပ်နိုင်သေး။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now