Chapter - 25(Uni+Zaw)

1.9K 150 11
                                    

Unicode

Tine cheerleadingလုပ်ပြီးတဲ့အချိန်နဲ့ ကွက်တိ sarawatရောက်လာသည်။
ထုံးစံအတိုင်း အဖွဲ့သားတွေက sarswatကိုမြင်တာနဲ့ အသည်းအသန်အော်ဟစ်ဆဲပင်။
အမှန်တော့ sarawatလာ​နေတာလည်း အခေါက်ပေါင်းမနည်းတော့။
အဲ့တာလည်း သူတို့အတွက် မရိုးအီသွား။
Tine လွယ်အိတ်ထဲကို ရေဘူးနဲ့ တဘက်​တွေထည့်နေတုန်း sarawatဘေးက ကြွက်ကြွက်ဆူတဲ့အသံတွေက နားထဲ ကန့်လန့်ဝင်နေတာမို့ နှုတ်ခေါင်းလေးရှုံ့လိုက်မိသည်။
" p'sarawat မလာတာကြာပြီနော်။
ညီမတို့မှတ်ထားတာ လေးရက်လောက်ရှိပြီ။''
"ဟုတ်တယ်။ အစ်ကို မလာတော့ cheerက ခြောက်ကပ်နေတာဘဲ။''
"အီး ချောလိုက်တာ။...အစ်ကိုကို့ ဘယ်တော့ကြည့်ကြည့်မရိုးဘူး။''
"ဓာတ်ပုံထဲကထက်တောင် အများကြီးပိုချောတယ်။''
သူ့နားပတ်ပတ်လည်ဝိုင်းပြီးအော်နေကြသလောက် sarawatက ဖုတ်လေတဲ့ငပိရှိပုံမပေါ်။စိတ်ရှုပ်နေသည့်အမူအယာက မျက်နှာမှာအထင်းသားပေါ်နေသည်။
Tineလည်း ထိုမိန်းကလေးတွေကြား sarawatကို ဘယ်လိုခေါ်ထုတ်ရမလဲ ဟု တွေးကာ အကြံအိုက်နေမိသည်။
မိန်းကလေးတွေကို တွန်းဖယ်ပြီး ခေါ်ရင်လည်း မဖြစ်နိုင်။
ကြံရာမရသည့်အဆုံး''sarawat ''ဟု အကျယ်ကြီးခေါ်လိုက်မိ၏။
"sarawat..''
Tine၏အသံကျယ်ကြီးကြောင့် ထိုမိန့်းကလေးတွေအကုန်လုံး သူ့ကိုလှည့်ကြည့်လာကြသည်။
sarawatလည်း စောစောက မျက်နှာနဲ့ ဆန့်ကျင်စွာ ချက်ချင်းကို ပြုံးသွားတော့၏။
"တစ်ဆိတ်လောက်ဗျ။ကျွန်တော့် ချစ်သူကို
အိမ်ခေါ်ပြန်ရတော့မယ်။''
sarawatစကားကြောင့် ကြက်သေသွားကြသည့်မိန်းကလေးတွေ။
မီးကို ရေ​ငြိမ်းသလိုပင် တိတ်ဆိတ်ကုန်ကြ​​ပြီးပါးစပ်အဟောင်းသားနဲ့ သူတို့နှစ်ယောက်ကို
တစ်လှည့်စီပြူးကြည့်နေကြ​တော့သည်။
sarawatက ငြိမ်သက်သွားသောအခြေအနေကို အခွင့်ကောင်းယူပြီး ထိုမိန်းကလေးတွေကို ပြုံးပြကာ ရှောင်ထွက်လာခဲ့သည်။
" ဟေ့မဖြစ်နိုင်ဘူး။''
"အား သူတို့နှစ်ယောက်က တွဲနေပြီပေါ့။''
"မနက်ဖြန်တော့ tineကိုအစ်မေးကြရအောင်။''
"ဝေါင်း sarawatလို မင်းသားလေးက tineလိုသာမန်လူကို ကြိုက်တယ်တဲ့လား။''
"ဟဲ့ ငါက pamနဲ့ ထင်နေတာ''
.........
နောက်ကျောဘက်ကနေ ကျယ်​​လောင်လှ​သော သဖန်းပိုးထိုးသံတွေကြောင့် tineကျောတွေတောင် ချမ်းလာသလို ခံစားရသည်။
သေချာပြီ။မနက်ဖြန်တော့ sarawatရဲ့ fan groupကြီးက သူ့ကို အမှုန့်ကြိတ်တော့မယ်ဆိုတာ။
"မင်း ဘာလို့ အဲ့လိုကြီးသွားပြောလိုက်တာလဲ။''
ကားပါကင်နား အေးအေးသက်သက်သာသာလမ်းလျှောက်ရင်း tine sarawatကို သွားကြိမ်းနေသည့်အသံနဲ့မေးမိ၏။
"ကိုတို့နှစ်ယောက်က ချစ်သူတွေဖြစ်ပြီလေ။အကုန်လုံး တရားဝင်သိသွားအောင်လို့။
ဘာဖြစ်လို့လဲ။မကြိုက်လို့လား။''
ခြေလှမ်းတွေသူ့ဘက်လှည့်ပြီး သူ့မျက်နှာကို တည့်တည့်စိုက်ကြည့်လာသော sarawatကြောင့် tine ကြောင်အသွားမိ၏။
"အမ် အဲ့လိုမဟုတ်ပါဘူး။ဒီတိုင်းမြန်လွန်းလားလို့။''
"အဲ့လိုလား။''
"အင်း ​ပြီးရင် မင်း fansတွေ ငါ့ကို ​လာထုတော့မှာလည်း ပါတယ်။''
Tine ရယ်သွေးသွေးရင်း ပြောတော့ sarawatက မျက်နှာတစ်ချက်တည်သွားသည်။
"သူတို့ကို ဂရုမစိုက်နဲ့။သူတို့ ဘာမှဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး။အခြားလူတွေကို့ကို ချစ်တာမချစ်တာကို ကိုယ်နည်းနည်းလေးမှတောင် ဂရုစိုက်ခဲ့တာမဟုတ်ဘူး။ဒါပေမဲ့....''
sarawatရဲ့နှုတ်ခမ်းပုံနှုတ်ခမ်းလေးမှာ အပြုံးတစ်ခုပေါ်လာ၏။
Tine ကို နက်နက်နဲနဲကြည့်ရင်း...
"ကိုယ် တစ်ချိန်လုံး ဂရုစိုက်ခဲ့တဲ့သူက အခုကိုယ့်ရှေ့မှာ ရပ်နေတဲ့သူဘဲ ရှိတယ်။
အင်း ကိုရဲ့ အချစ်၊နှလုံးသား
အဲ့တာတွေအကုန်လုံးက မင်းနဲ့ဘဲပြည့်နေခဲ့တာချည်း။''
Tine ရင်တွေတဒိတ်ဒိတ်ခုန်ရင်း မျက်နှာတွေပူနွေးမိသွား၏။
လက်ဖဝါးတစ်ဖက်ကလည်း sarawatပါးစပ်ကို ဖွဖွအုပ်လိုက်သည်။
"အင်း ငါသိတယ်။ဒါပေမဲ့ ခဏခဏကြီးမပြောနဲ့လေ။''
လက်နဲ့အုပ်ထားပေမဲ့ sarawatရယ်နေတာကို
Tineသိပါသည်။
Sarawatရဲ့ လက်တစ်ဖက်သည် သူ့နှုတ်ခမ်းကို အုပ်ထားသောtineရဲ့လက်ကလေးကို ဆွဲယူ၍ ဆုပ်ကိုင်ထားလိုက်၏။
" မင်းနဲ့ပတ်သတ်ရင် ဘာမှတားလို့ရမှာမဟုတ်ဘူး။ကျွဲပေါက်။
အခြားလူမပြောနဲ့။မင်းတောင်မရဘူး။''
Tine ဘာပြန်ပြောရမှန်းမသိတော့။
သူ့ကို နူးညံစွာ စိုက်ကြည့်နေသောထိုမျက်ဝန်းတွေကိုသာ သတိလွတ်စွာငေးကြည့်နေမိသည်။
"တော်ပြီလေ။ အခန်းထဲရောက်မှ ကိုယ့်ကို အဝကြည့်။အခု အိမ်ပြန်ရအောင်။''
Tine အကြီးအကျယ် ရှက်ကိူးရှက်ကန်းဖြစ်မိသွားကာ
သူ့လက်ကိုဆွဲရင်း ပြုံးစိစိဖြစ်နေသည့်sarawatကို စိတ်ထဲကနေ တိုးတိတ်စွာ ကျိန်ဆဲနေမိတော့သည်။
sarawat စုတ်.........

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now