Chapter - 35(Uni+Zaw)

1.8K 116 18
                                    

Unicode

sarawat ဒေါသမီးတွေ တစ်ကိုယ်လုံးပေါက်ကွဲမတတ် လောင်မြိုက်လျက်ရှိသည်။
ဒီကလေးပေါက်စက သူညည်းခံနိုင်တဲ့အတိုင်းအတာထက်ကို ကျော်လွန်ပြီး လုပ်ချင်ရာလုပ်နေခဲ့တာ။
ဒီတစ်ခါတော့ တကယ်လွန်တယ် Tine..
sarawat စိတ်တိုတိုနဲ့ ထိုနှုတ်ခမ်းဖူးတွေကို
အားရပါးနဲ့ ကိုက်ခဲပစ်၏။
အတင်းစေ့ထားတဲ့နှုတ်ခမ်းသားတွေကြား
က လျှာဖျားကို အတင်းထိုးဝင်​စေပြီး ကလေးပေါက်စ၏ ပခုံးနှစ်ဖက်ကို အတင်းဖိကပ်ထားမိသည်။
Tineကရုန်းလေ သူပိုတိုးဖိလေ။
လျှာဖျားတွေထဲ စီးဝင်လာတဲ့ နွားနို့tasteလေးကြောင့် သူပိုမက်မောစွာပင် ထိုနှုတ်ခမ်းလေးအား နမ်းမိသည်။
သီချင်းတွေပြန်စစ်၊တူရီယာပစ္စည်းတွေ စမ်းကြည့်ကြတုန်း ဖုန်းလေးကိုင်မိပါတယ်ဆိုမှ
New postမှာတက်လာလိုက်တဲ့ ကလေးပေါက်စနဲ့ danပုံတွေ...
ချက်ချင်းပင် ခေါင်းတွေပူထူပြီး သူပြေးထွက်လာခဲ့တာပါ။
sarawat တွေးရင်း ပိုစိတ်တိုလာတာနဲ့ အောက်နှုတ်ခမ်းသားက်ု ကိုက်ချပစ်လိုက်သည်။
"အ...''
နာကျင်မှုကြောင့် tineထံမှ ညည်းသံသဲ့သဲ့ထွက်လာသလို သူ့ပါးစပ်ထဲတွင်လည်း သွေးအရသာနဲ့ပြည့်သွားခဲ့၏။
အချိန်မည်မျှကြာသွားမှန်းမသိ။
သူ့ပါးပြင်ပေါ် အရည်တစ်ချို့ကျလာတော့မှ sarawat ထိတ်လန့်တကြားနဲ့သတိပြန်ဝင်လာမိသည်။
သူ ပျာပျာသလဲနဲ့ tineရဲ့မျက်နှာနားကနေ ခွာလိုက်မိ၏။
Tineက ထိုအခါမှ အသက်ရှူခွင့်ရတဲ့အလား
ရင်ဘတ်ကို ဖိ၍ ကြမ်းပြင်ပေါ် ဖြည်းညင်းစွာထိုင်ချလာ၏။
နှုတ်ခမ်းတစ်စုံမှာ သူ့လက်ချက်ကြောင့် ဖူးယောင်နေပြီး အောက်နှုတ်ခမ်းမှာလည်း သွေးစတွေယိုစီးနေသည်။
ထို့ထက်ပို၍ sarawatရင်ကို အထိခိုက်စေဆုံးမှာ ရှိုက်ကြီးတငင် ငို နေတဲ့ tine။
စောစောက မီးတောင်အလားပေါက်ကွဲတော့မည့်sarawat ရဲ့ဒေါသတွေသည်
ထိုမျက်ရည်တွေကို မြင်ရတဲ့တစ်ခဏတွင်
မီးရေဖြန်းလိုက်သလိုပင် အရှိန်သေ သွားတော့သည်။
"Tine.. ''
sarawat tine၏ရှေ့မှာ ထိုင်ချလိုက်ရင်း ထိုမျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်ပေးမိသည်။
Tineက မရုန်း။
သို့သော် အငိုမပျက်ဆဲ။
"ကိုယ်မှားတယ်နော်။ကိုယ်အရမ်းမှားတယ်။
တောင်းပန်ပါတယ် tineရယ်။
တောင်းပန်ပါတယ်...''
နောက်ဆုံး sarawat ထိုကလေးငယ်ကို ရင်ခွင်ထဲခေါ်ထည့်လိုက်ရတော့၏။
မပွေ့ဖက်ရတာကြာပြီဖြစ်တဲ့ကျောပြင်ငယ်လေးကို လွှတ်ထွက်သွားမှာစိုးသည့်အလား သူဖက်ထားပေးမိသည်။
ကြည့်ရတာ ဒီကလေး ဘယ်ချိန်ကတည်းက ငိုချင်နေပါကြောင်း.....
ဝမ်းနည်းမှုတွေကို စု​ပြုံဖယ်ထုတ်နေတဲ့အလား
တသိမ့်သိမ့်ငိုနေတာကို အားရအောင်ငိုပါစေဆိုတဲ့သဘောနဲ့ သူဘာစကားမှ မဆိုမိ။
အဲ့အစား ပူရှိန်းနံ့လေးသင်းနေတဲ့ဆံစလေးတွေကိုသာ သူဖွဖွလေးပွတ်သပ်ပေးနေမိသည်။
အချိန်အတိုင်းအတာတစ်ခုထိကြာပြီးချိန်မှာတော့ tineက သူ့ရင်ခွင်ထဲကနေရုန်းထွက်လာသည်။
သူလွှတ်မပေးမိ။
"ငြိမ်ငြိမ်နေ။ဒီတိုင်းလေးဘဲ။''
ထိုအခါကျမှ ပြန်ငြိမ်သက်သွားတဲ့ကိုယ်လေး။
"wat.... ''
ခေါ်သံကြားတော့ သူငုံ့ကြည့်ဖြစ်တော့ ကလေးပေါက်စက မျက်လုံးလေးဝိုင်းပြီး သူ့ကို ကြည့်နေသည်။
"ငါမင်းကို စိတ်ဆိုးတယ်။''
"အင်း ကိုယ်သိတယ်။''
"တကယ်စိတ်ဆိုးတယ်။''
"အင်း ဆိုးသင့်တယ်လေ။''
နှုတ်ခမ်းလေးထော်ပြီး ပြောနေတဲ့ကလေးပေါက်စကို sarawatအသည်းယားမဆုံးတော့။
သူ ငုံ့ပြီး ဖျတ်ကနဲနမ်းလိုက်၏။
"ကိုယ့်ကို အချိန်အကြာကြီး စိတ်ကောက်ပြီးရှောင်နေတာ ဘယ်သူလဲဟမ်...''
တမင်သတ်သတ် လေသံမာဟန်ဆောင်ပြီး ပြောတော့ tineမျက်နှာလေးက ဆူပုတ်သွားပြန်သည်။
ပြီးမှ တိုးတိုးတိုးတိုးလေးနဲ့ ပြောလာ၏။
"ငါမင်းကို တကယ်စိတ်ဆိုးတာ။
ဘာလို့လဲ သိလား။မင်း ငါ့ကို မယုံလို့။''
sarawat ရင်ထဲ ဆို့နင့်သွားမိသည်။
Tineက သူ့ကိုဖက်ပြီး ဆက်ပြောနေဆဲ။
"ငါ မင်းကို ယုံတယ်။မင်း နောက်ကွယ်မှာ မျက်နှာနှစ်ဖက်လုပ်မဲ့လူစားမျိုးမဟုတ်ဘူးဆိုတာ။
မင်းကသာ ငါ့ကို ယုံကြည်ပေးပြီး အဲ့တာတွေအကုန်ပြောပြရမှာ။
မင်း မပြောပြခဲ့ဘူးလေ။ငါထွက်သွားမယ်ထင်ပြီး မပြောပြတာ။
အဲ့တာ ငါ့အချစ်ကို မယုံတာနဲ့တူတူဘဲ။''
"အဲ့ကြောင့်မို့ ကိုယ့်ကိုရှောင်နေခဲ့တာလား။''
"အင်း... နေကြည့်ကြည့်တာ။မင်းမရှိဘဲ ငါနေနိုင်မလားလို့။''
"နေနိုင်လား....''
Tineက ချက်ချင်းပင် သူဖက်ထားတာကနေရုန်းထွက်ကာ လက်သီးဆုပ်တွေနဲ့သူ့ကိုထုတော့သည်။
"မေးရက်တယ်။မနေနိုင်ဘူး။
တကယ်မနေနိုင်ဘူး။ငါ့နေ့ရက်တွေက ပုံမှန်အတိုင်းကို မဟုတ်တော့ဘူး။
ဘာကိုလိုလို့လိုအပ်နေမှန်းမသိတဲ့ခံစားချက်ကြီး။''
sarawat ရယ်ရင်း tineကို အတင်းပြန်ဆွဲဖက်လိုက်သည်။
ငိုထားတဲ့အရှိန်နဲ့ နှာဖျားတွေက နီရဲနေပြီး
နှုတ်ခမ်းတွေကလည်း ဖူးယောင်နေတဲ့ကြားကို ပွစိပွစိရွတ်နေတော့ ဘာရုပ်လေးထွက်နေမှန်းမသိတော့။
တကယ် အူးယားအောင် လုပ်နိုင်တဲ့ ချီးထုတ်လေး။
Tineက ဆိတ်ဆိတ်ငြိမ်ငြိမ်လေးနေနေပြီးမှ သူ့ကိုပြန်မေးလာသည်။
"မင်းရော နေနိုင်လား wat။ငါမရှိဘဲနဲ့လေ။''
sarawat ထိုနှာဖူးပြင်ပြေပြေလေးကို ဖွဖွလေးနမ်းလိုက်ပြီးမှ
"အမှန်တော့ ဒီရက်ပိုင်းတွေ ကိုယ့်ကိုယ်ဒဏ်ခတ်ထားတာ။''
Tineက နားမလည်တဲ့ဟန်လေးနဲ့ အူတူတူလေးပြန်ကြည့်လာသည်။
"စဉ်းစားကြည့်လေ။ဘယ်လိုလူက ကိုယ်ချစ်ရတဲ့လူကို မတွေ့ရဘဲနေနိုင်မှာလဲ။
ကိုယ်လုံးဝ မနေနိုင်ဘူး။ဒါပေမဲ့ စဉ်းစားတာပေါ့။ကိုယ်မင်းပေါ် အမှားကြီးလုပ်မိထားတယ်။အဲ့အမှားကလည်း မင်းကိုရှိုက်ကြီးတငင်ငိုစေတဲ့အထိကို မှားတာဆိုတော့
ကိုယ့်ကိုယ်ကို ဒဏ်ခတ်လိုက်တယ်။
မင်းကြိုက်သလောက်စိတ်ဆိုးဆိုပြီး လွှတ်ပေးထားတာ။
ကိုယ့်မှာတော့ ဘိန်းစွဲနေတဲ့လူတွေအတိုင်းဘဲ
ခံရတာ ဖျတ်ဖျတ်လူးနေရော။ကိုယ်အပိုပြောတာမဟုတ်ဘူးနော်။
တကယ်ပြောတာ။
ဒါကြောင့် အဲ့မေးခွန်းကို မေးစရာတောင်မလိုပါဘူး ကလေးပေါက်စရဲ့။''
ခုမှဘဲ tineမျက်နှာမှာ အပြုံးသဲ့သဲ့လေးပြန်ပေါ်လာသည်။
မမြင်ရတာ ကြာလို့လားတော့မသိဘူး။
တအားကို ထူးပြီး လှနေသလိုဘဲ။
နှစ်ယောက်သားစကားတွေပြန်ပြောဖြစ်ကြသည်။
sarawat danနဲ့ပတ်သတ်ပြီးမေးတော့ tineက ခပ်အေးအေးအမူအယာ​လေးနဲ့ ပြန်ရှင်းပြ၏။
စိတ်ကတိုနေသေးပေမဲ့ tineကို နည်းနည်းတော့စိတ်ချလို့ရပါပြီ။
Danက ချစ်နေပြီဆိုတဲ့လား။အဲ့ဆို သေချာတာတစ်ခုကtineကို danထိခိုက်အောင်လုပ်မှာက်ု ကြောက်စရာမလိုတော့။
"မင်းလက်စွပ်ရော။''
Tine က သူ့လက်ချောင်းတွေကို ကိုင်ကြည့်ရင်း မေးလာသည်။
"မဝတ်တော့ဘူးလေ။ချွတ်ထားလိုက်တာ။''
"မဝတ်ဘူးဆိုလည်း ဝယ်နေသေးတယ်။''
Tine က အလိုမကျဟန်နဲ့ မျက်မှောင်ကြီးကုတ်ပြီး ပြောနေသည်။
"ကိုက ဘယ်လိုဝတ်နိုင်မှာတုန်း။
အဲ့နေ့က မင်းအဲ့ဒါမြင်ပြီး အားရပါးရကို ငိုသွားတာ။ဘယ်လိုလုပ်ဝတ်နိုင်တော့မှာလဲ tineရဲ့''
"အစ်မpamက ဘာပြောသေးလဲဟင်။''
"Pamလား အားနာနေတာ။ကိုယ့်တို့စိတ်ဆိုးတဲ့ကိစ္စကို သူ့ကြောင့်ဆိုပြီးပြောနေတာ။''
"မ pamကို ယုံတယ်။သူ့ကိူ အဲ့လိုကြီးတွေးပြီး စိတ်မဆင်းရဲစေချင်ဘူး။''
"အဲ့ဆို ကိုယ်တို့မနက်ဖြန် မျက်နှာသွားပြကြရအောင်။မကောင်းဘူးလား''
Tineရဲ့မျက်နှာလေးက ဖျတ်ကနဲပန်းရောင်သန်းသွားသည်။
အစအနှောက်သန်တဲ့pamရဲ့ရှေ့မှာဆို tineက အရှက်ကြီးစမြဲပင်။
"စေ့စပ်ပွဲကရော ဟင်''
အစိုးရိမ်ကြီးတဲ့မျက်ဝန်းတွေနဲ့ သူ့ကို မရဲတရဲကြည့်လာတဲ့tineကို sarawatအ​ကြီးအကျယ်သနားစိတ်ဝင်သွားမိတာ။
"အင်း အမှန် ကိုpamကို ထည့်တွက်ပေးထားလို့ ဒီစေ့စပ်ပွဲက မပျက်သေးတာ။
ကိုက ဘယ်အချိန်မဆို အတိုက်အခံလုပ်ပြီးဖျက်လို့ရတယ်။
Pamက မရဘူး။သူ့မိဘတွေပေါ့လေ။
ကိုယ်နဲ့မဟုတ်ရင်လည်း အခြားလူနဲ့စေ့စပ်မယ်ဘဲ တာဆူနေတာနဲ့ pamက အချိန်ဆွဲခိုင်းထားတာ။သူ့အချစ်စစ်ကို မတွေ့သေးလို့တဲ့။
ဒါပေမဲ့ စိတ်မပူပါနဲ့။ကိုယ်တို့က စေ့စပ်ရုံလောက်ဘဲ။လက်မထပ်ဘူး။
ကိုယ်လက်ထပ်မဲ့လူက ဒီကျွဲပေါက်ကလေးဘဲ။''
Tine နှာခေါင်းလေးရှုံ့သွားတာကြောင့် sarawatရယ်ချင်မိသွား၏။
ကလေးပေါက်စက ကလေးလို့ခေါ်ရင်တော့ ဘာမျှမဖြစ်ပေမဲ့ ကျွဲပေါက်လို့ခေါ်ရင်တော့ မျက်နှာသိပ်မကောင်းချင်။
နောက်ဆုံးတော့ သူတို့ရဲ့သွေးအေးစစ်ပွဲက ပြီးဆုံးသွားခဲ့ပြီ။
တူတူမအိပ်စက်ရလို့အေးစက်နေတဲ့အိပ်ရာလေးက ယနေ့ညတော့ သူတို့ကိုယ်ငွေ့လေးတွေနဲ့ ပြန်လည်နွေးထွေးခဲ့လေပြီ။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now