Chapter-52(Uni+Zaw)

1.5K 119 29
                                    

Unicode

ဘာစကားတစ်ခွန်းမှ ပြန်မဟလာသည့်watကို tine ဘာမှ ဆက်မပြောတော့။
အဲ့အစား ငြိမ်ငြိမ်ဆိတ်ဆိတ်နဲ့သာ ဖက်ထားပေးလိုက်သည်။
မတ်တပ်ကြီးနဲ့ အချိန်အကြာကြီးဖက်ထားရတာမို့ သူ့ခြေထောက်တွေက ထုံကျင်လာ၏။
သူ ညောင်းနေသည့်ခြေထောက်တွေပြေလို့ပြေညား ဒူးအနည်းငယ် ကွေးညွတ်သည့်အချိန် watက ရိပ်မိဟန်တူသည်။
ဆတ်ကနဲ သူ့ကိုယ်ကို ပေါင်ပေါ်သို့ ပွေ့ချီတော့ သူ မျက်လုံးတွေပါ ပြူးရသည်။
" ညောင်းနေပြီမလား
ကိုယ့်ပေါ်မှာထိုင်''
Wat၏ လေသံအေးအေးလေးက သူ့လည်တိုင်တွေမှာ လာရောက်ကျီစယ်စဉ်
Tine ၏ ဖြူလွလွမျက်နှာလေးက နီဆွေးဆွေးလေးဖြစ်သွားသည်။
" wat ''
" အင်း ပြော ကလေးပေါက်စလေး''
သူ့လည်စပ်နားကို လာရောက်ထိရှိုက်သည့် နှုတ်ခမ်းတစ်စုံကြောင့် tineယောင်နနလေးဖြစ်သွားရသည်။
"ဟို စောစောက ငါပြောတာ ဘယ်လို သဘောရလဲ''
ပြောတာ ပြောရတာ
သူ့လေသံက မဝင့်မရဲနဲ့
သူ့လည်ပင်းနား အလုပ်ရှုပ်နေသည့် watက သူ့ကို မော့ကြည့်လာကာ အကဲခတ်နေပြီးနောက် ခပ်ဖွဖွရယ်လာသည်။
"အမေ့ကို ကိုယ်သွားတွေ့မှာပါ''
Tine ကိုယ့်နားကိုယ် မယုံနိုင်။
တစ်ခဏတော့ သူပါးစပ်အဟောင်းသားဖြစ်နေမိသည်။
Watဒီလောက် မြန်မြန်ဆန်ဆန်ကြီး လက်ခံလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိ။
" ဟို တကယ် စိတ်ပါလို့လား wat
ဒီတိုင်း မင်းမတွေ့ချင်ဘူးဆိုရင်လည်း သေချာအချန်ယူပြီးမှ တွေ့လိ​ု့ရတယ်''
Watက ခေါင်းသဲ့သဲ့ညိမ့်ပြလာကာ လည်တိုင်ကို ဖက်ထားတဲ့ သူ့လက်တစ်ဖက်ကို ဆွဲယူနမ်းသည်။
" ကိုယ်စိတ်ပါမပါထက် မင်းစကားကို နားထောင်တာ
မင်းကောင်းမယ်ထင်လို့ အကြံပေးတာ
ကိုယ်လက်ခံတယ်''
Tine သက်ပြင်းဖွဖွလေးချရင်း watရဲ့ ပခုံးတစ်ဖက်ကို မနာအောင် တစ်ချက်ထုလိုက်၏။
" အဲ့တာထက် မင်းတကယ်သွားတွေ့လို့ အဆင်မပြေရင် ဘယ်လိုလုပ်မလဲ
ငါ့ကြောင့်ဆိုတာထက် ကိုယ့်ကိုယ်ကို အရင်ဉီးစားပေးပါ watရယ်''
Tineမချင့်မရဲနဲ့ မျက်နှာမကောင်းစွာ ရေရွတ်မိ၏။
Watကပြုံးကာ သူ့ပါးတစ်ဖက်ကို ဆွဲလိမ်၍ မှေးဖျားကို ဖြတ်ကနဲနမ်းသည်။
"Tine''
"အင်း ''
" ကိုယ်မေးတာ ဖြေပါအုံး
ကိုယ်တို့ အခုလို တူတူနေတာ ဘယ်လောက်ကြာပြီလဲ''
ပထမ​တော့ စနောက်ဟန်မေးသည်ထင်ပေမဲ့ တည်ငြိမ်နေသည့်မျက်နှာထားကြောင့် watအတည်မေးနေမှန်း သူ သဘောပေါက်လိုက်သည်။
အရှက်ပြေခါစ သူ့မျက်နှာသည် တစ်ဖန်​ပြန်ပူနွေးလာသယောင် ခံစားမိ၏။
" နှစ်တစ်ဝက်လောက်မှ ဆိုတော့ ခြောက်လလောက်ရှိပြီ''
အဖျားစွန်းလောက်တွင် သူ့အသံတိမ်ဝင်သွား၏။
တူတူနေတာထိုမျှလောက်သာ ရှိသေးသော်ငြား သူ့စိတ်ထဲတွင် အကြာကြီး လို့ ထင်နေခဲ့မိသည်။
ချစ်ရသည့်သူနဲ့တူတူရှိလျှင် အချိန်တွေက နှောင့်​နှေးတယ်ဆိုသည့်စကား သိပ်မှန်တာဘဲ
" အဲ့အတောအတွင်းမှာ မင်းနဲ့ကိုယ် စိတ်အခန့်မသင့်တာ ရှိဖူးလား''
Wat၏စကားအဆုံးတွင် tine ရယ်၍ ခေါင်းခါမိသည်။
" ရှိတော့ ရှိတယ်
ဒါပေမဲ့ တော်တော်ရှားသလိုဘဲ
မင်းကို စိတ်ပူလို့ ငါ ပွစိပွစိ ရွတ်မိတာများတယ်။
ဒါပေမဲ့ Dan နဲ့ တုန်းက ကိစ္စဖယ်လိုက်ရင် ကျန်တာ ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်ဖူးဘူး''
အတိတ်နေ့ရက်တွေဆီကို ပြန်မြင်ယောင်ပြီး သူတွေးဆဆပြောနေတုန်း watမျက်နှာက အပြုံးတွေနဲ့ ပြည့်နေသည်။
" ခဏ wat
ဘာလို့ ရုတ်တရက်ကြီး ဒါတွေမေးရတာလဲ''
သိချင်စိတ်ဖြင့် သူစူးစမ်းတော့ watက သူ့နာဖူးကို ခပ်ဖွဖွတောက်၏။
" အချစ်တွေကို ပြန်နွှေးပေးတာလေ အရူးလေး
ခုဆို ကိုယ်တို့ ဒီလို နေသားကျလာတာ first yearပြီးတော့မယ်
ကိုယ်စာထဲမှာ ဖတ်ဖူးတယ်
ဒီလို နေသားကျတာကြာလာရင် လူတွေက အရင် အမှတ်တရတွေကို မေ့ထားကြတော့ သွေးအေးလာတတ်ကြတယ်တဲ့''
Tineမျက်နှာက ရုတ်ချည်းစူပုတ်သွားကာ စိတ်ဆိုးသည့်ရုပ်လေးဖြစ်သွားသည်။
" wat.. အဲ့လိုတွေးနေတာလား
အေးစက်လာပြီလို့ ''
အသံကပါ တုန်ရီလာတာမို့ ပျာပျာသလဲ ဖြစ်သွားရသူက watရယ်ပါ။
" မဟုတ်တာ ကလေးပေါက်စရယ်
အေးစက်ဖို့ မပြောနဲ့
ပိုတိုးလာတာမို့ ကိုယ့်ကိုယ်တောင် ကြောက်လာမိတာ
သိလား''
နံရံပေါ်က နာရီလက်တံတွေမှာ 10ဆိုသည့် ဂဏန်းကို ညွှန်နေသော်လည်း နှစ်ယောက်လုံးက သတိထားဖို့နေနေသာသာ
မေ့ပင် မေ့နေကြသည်။
တစ်ယောက်ရဲ့ပေါင်ပေါ် တက်ထိုင်နေသည့်ကောင်လေးမှာလည်း ချစ်ရသူကို ရွှန်းရွှန်းစားစားငေးကြည့်နေလေရဲ့
" ဘာကို ကြောက်တာတုန်း''
မီးဖိုချောင်ခန်းထဲမှာ tine၏အသံက ခပ်တိုးတိုးထွက်လာ၏။
" မင်းသာ ကိုယ့်ဘဝထဲက ထွက်သွားရင် ကိုယ်တကယ်သေမှာ''
သူ့ရင်ဘတ်ပေါ် မျက်နှာအပ်ပြီး ဆိုလာသည့် watရဲ့စကားက မသဲမကွဲပေမဲ့ သူကြားရပါ၏။
" ဘာလို့ ငါက ထွက်ရမှာလဲ
စိတ်ချ..မင်းမောင်းထုတ်ရင်တောင် ငါ မသွားဘူး''
မော့ကြည့်လာသည့်မျက်ဝန်းထဲတွင် သူ့အပေါ် ပုံအပ်ထားသည့် မျှော်လင့်ချက်တွေ ချစ်ခြင်းမေတ္တာတွေကို tine နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီး နားလည်နိုင်ပါ၏။
" အဲ့ဆို အမေ့ကို တကယ်သွားတွေ့မှာလား''
​မေ့မလို​ဖြစ်​နေသည့် အစောပိုင်းက မေးခွန်းကို သတိရရနဲ့ ပြန်ဆက်မိသည်။
"အင်း..
အရမ်းကြီး စိတ်မပူပါနဲ့
မင်း တိုက်တွန်းတာနဲ့ ဆိုင်သလို ကိုယ်ကိုယ်တိုင် သွားချင်တာလည်း ပါတယ်''
သူပြုံးလိုက်ပြီး လူကို ငေး​မော့နေသည့်ထိုသူနှုတ်ခမ်း​တွေအား  ဖိကပ်နမ်းလိုက်၏။
အရင်စမိရင် ပြေးမလွှတ်ဘူးဆိုတာကို သိသိရက်နဲ့ သူစတာ
ထင်သည့်အတိုင်း  တစ်ကိုယ်လုံး အရိုးကြေမတတ် အဖက်ခံထားရတဲ့အပြင် သူ့နှုတ်ခမ်းတွေကိုလည်း အငမ်းမရ နမ်းရှုတ်ခြင်း ခံရပါပြီ။
လက်တစ်စုံက အကျီပါးအောက်ထဲ တိုးဝင်လာချိန် သူ ထိတ်လန့်တကြားနဲ့ ရုန်းပြီး နံရံကို ကြည့်မိသည်။
" wat...မနက်ဖြန်ကျောင်းသွားရအုံးမှာလေ
...အ.''
စကားတောင် ဆုံးအောင်မပြောလိုက်ရ။
လည်တိုင်ကို ကိုက်ခဲလာသည့် သွားချွန်ချွန်တွေကြောင့် စကားလုံးတွေ လည်ချောင်းဝမှာတင် ကွယ်ပျောက်သွားရသည်။
" ကိုယ့်အကြောင်းကို သိသားနဲ့''
နမ်းနေရင်း လက်တွေက အလုပ်ရှုပ်နေတဲ့ကြား watရဲ့ အသက်ရှူသံပြင်းပြင်းနဲ့ ပြောလာသည့်စကား
ဒီတစ်ခါ ရှိန်းကနဲ ပူတက်လာတာက မျက်နှာတင်မဟုတ်။
ခန္တာကိုယ်တစ်ခုလုံးပါပင်။
Wat က ပြုံးစစနဲ့ သူ့နားနား တစ်စုံတစ်ရာကို ကပ်ပြောကာ သူ့ကို ပွေ့လျက်သားနဲ့ ထိုင်ရာက ထသည်။
အိပ်ရာပေါ် လူကို ပစ်တင်တော့ ကျောက အောင့်ကနဲ
နောက်ထပ် ဘယ်ထိ ခရီးရောက်မယ်ဆိုတာ ပြောစရာပင်မလို။
မျက်နှာပေါ် အုပ်မိုးလာသည့် watကို ​တားနိုင်မှာ မဟုတ်မှန်းသိသိနဲ့ ပါးစပ်က ထွက်လိုက်မိသေးသည်။
" မင်း ဆေးရုံ တင်ထားတာနဲ့ ကျောင်းက နောက်ကျနေပြီ။
ဒါနဲ့ပါ ဆို''
" Tine..ချစ်တယ်''
နှာဖူးပေါ် နေရာယူထားသည့်ဆံပင်တွေကို လှန်တင်ကာ ချစ်ရည်လဲ့သည့် မျက်ဝန်းတွေနဲ့ ဆိုလာသည့်ထိုလူကို သူဘယ်လို များ နိုင်မှာမို့တုန်း
ချစ်တယ်ဆိုတဲ့စကားနဲ့တင် လူက အလိုလို အရေးနိမ့်ပြီးသား
ထို့​နောက် သူအလှဆုံး အပြုံးနဲ့တင် ကျေကျေနပ်နပ် ခံယူလိုက်ပါသည်။
သေချာတာတော့ ရက်အ​တော်​ကြာတဲ့အထိ သူထော့နဲ့ထော့နဲ့ နဲ့ လမ်းလျှောက်ရ​ပေအုံးမည်။

မင်းကလွဲ၍(မင္းကလြဲ၍)Unde poveștirile trăiesc. Descoperă acum