Chapter-43(Uni+Zaw)

1.4K 127 20
                                    

Unicode

" ဒါ မင်း ကျောင်း တက်တုန်းက ပုံတွေလား''
sarawatက အိပ်ရာ​ဘေးနားမှာ ရှိတဲ့ စာကြည့်စားပွဲထိပ်မှာ ကပ်ထားတဲ့သူ့ပုံတွေကို တိထို့ကြည့်ရင်း မေးတော့ tineခေါင်းညိတ်ပြလိုက်၏။
အောက်မှာလည်း အမေက ဂျင်ဂျင်းနဲ့အတူ ဟင်းချက်ဖို့ လိုတာတစ်ချို့ ထွက်ဝယ်နေစဉ် အိမ်မှာ သူတို့နှစ်ယောက်သာ ကျန်ခဲ့သည်။
အဖေကလည်း ရုံးကနေပြန်မလာသေး။
လုပ်စရာမရှိမဲ့တူတူ tineအိပ်ရာပေါ် အားရပါးရ ခြေကားယား လက်ကားယားနေနေချိန် sarawatက သူ့အခန်းကို လျှောက်ကြည့်နေသည်။
Tineရဲ့ အခန်းထဲမှာက ဘာမှတော့ များများစားစားမရှိ။
စာကြည့်စားပွဲ ၊အဝတ်ဗီရို ၊စာအုပ်စင်နဲ့တင် သူ့အခန်းက ​ပြည့်နေသည်။
အိပ်ရာဘေးက ပြတင်းပေါက်ကို ဖွင့်ထားတာမို့ လေတွေက တဖြူးဖြူးနဲ့ အခန်းက အေးနေ၏။
" tine ဒီတစ်ပုံက ပါးတွေဖောင်းပြီး ပုပုလေးရော။
အဲ ဒါကျတော့ အရပ်က ခုနီးပါးကို ရှည်နေပြီ။
ထွားလာလိုက်တာ''
sarawat သူ့ပုံတွေကို မှတ်ချက်တွေပေးပြီး တစ်ယောက်တည်း အလုပ်ရှုပ်နေချိန် tine ကတုပ်တုပ်မျှမလှုပ်။
တကူးတက ထကြည့်စရာမလိုလောက်အောင်
သူ ကိုယ်တိုင်အမှတ်တရ ကပ်ထားတဲ့ပုံတွေမို့ အလွတ်ရပြီးသားပါ။
Sarawat ပြောနေတဲ့ပုံတွေက သူအလယ်တန်းတုန်းက ပုံတွေဖြစ်သည်။
Tine အကုန်လုံးကို ရောသမမွှေပြီး ကပ်ထားတာကြောင့် sarawatက ကွာခြားမှုကို ကောင်းကောင်းကြီး ခွဲ ခြားနိုင်တာပါ။
" အင်း...အဲ့တုန်းက ငါအလယ်တန်း ဘဲ ရှိသေးတယ်လေ
ဝဝပုပုလေး
ညာဘက်နားကကျတော့ အထက်တန်းတုန်းက''
Tine ညာဘက်ကို လက်ညိုးထိုးပြ ပြီး sarawatဘာပြောလာမလဲ စောင့်ကြည့်ရင်း ဆက်လှဲနေမိ၏။
အတန်ကြာတဲ့ထိ ဘာသံမှာကို ထွက်မလာတာနဲ့ သူ မင်္ကါမိလာတော့။
ကိုယ်ကို ဘေးတစောင်းပြောင်းနေလိုက်ရင်း လက်တစ်ဖက်ထောက်ကာ ကြည့်လိုက်မှ watတစ်ယောက် ဓာတ်ပုံတစ်ပုံကို မျက်တောင်မခတ် ငေးစိုက်နေတာတွေ့ရသည်။
အမှန် သူ့ပုံတွေက များသောအားဖြင့် ပုံသေတွေလေ။
ဘာတစ်ပုံကများ watကို သတိလက်လွတ်တဲ့အထိကို ဖြစ်သွားစေတာလဲ။
တော်တော် ထူးဆန်းတာနဲ့ tine ငုတ်တုတ်ထထိုင်​ပြီး စူးစမ်းတော့မှ sarawatကြည့်နေတဲ့ပုံက ကျောင်းပွဲတော်နေ့က fong ရိုက်ထားပေးတဲ့ပုံဖြစ်နေသည်။
အဲ့​နေ့က ရှားရှားပါးပါးပြသနာတက်ခဲ့ရတဲ့နေ့အပြင် ကျောင်းပွဲတော်နေ့နဲ့ တိုးတော့ fong က အမှတ်တရဆိုပြီး ရိုက်ပေးထားတာ။
ကျောင်းဝတ်စုံ နဲ့ဘဲ သူ  စိတ်ပျက်လက်ပျက် ပြုံးဖြီး ပြီး လက်နှစ်ချောင်းထောင်ထားတဲ့ပုံ။
ကပျက်ကချော ဓာတ်ပုံလေးကိုမှ  watဘာလို့ အဲ့လောက်ကြီး ကြည့်နေပါလိမ့်။
" wat...''
Tine ရဲ့ခေါ်သံ ကြားမှ sarawat သူ့ဘက်လှည့်ကြည့်လာသည်။
ခုမှ အတွေးကမ္ဘာထဲက ပြန်ထွက်လာတဲ့ဟန်နဲ့ လူကို ကြောင်အမ်းအမ်းလေးပြန်ကြည့်လာ၏။
" အဲ့ပုံက ဘာဖြစ်နေလို့လဲဟင်။မင်း ကြည့်နေတာ ကြာလှပြီ
ရုပ်များ တအားဆိုးနေလို့လား''
သူ မျက်မှောင်လေးကုတ်ပြီးမေးလိုက်တဲ့တခဏ sarawatထံမှ အပြုံးတစ်ခုပေါ်လာ၏။
" မဟုတ်ဘူး။တအား ချစ်စရာကောင်းလို့လေ။ မင်းအရပ်လည်း အလယ်တန်းကထက် ပိုရှည်လာတယ်။
ပိန်လည်း ပိန်သွားတယ်''
"အင်း..အထက်တန်းရောက်တော့မှ ငါဘောလုံး ကစားတာလေ။
သူ့သူ ပိန်သွားတာ''
Tine သူပိန်သွားတဲ့အကြောင်းရင်းကို ဖြေရှင်းချက် တွေထုတ်နေခိုက်
Wat က ထို ဓာတ်ပုံနား မျက်လုံးပြန်လွှဲရင်း သူမကြားဘူး လို့ ထင်လောက်တဲ့လေသံနဲ့ စကားတစ်ခွန်းကို ရေရွတ်လိုက်၏။
" အမှန် ဒီဓာတ်ပုံထဲကထက်တောင် ပိုချစ်ဖို့ကောင်းသေးတာ''
တိုးတိုးလေး ဆိုပေမဲ့ tineကတော့ ကြားဖြစ်အောင်ကြားပြီး မျက်လုံးတွေပြူးသွားသည်။
" ဟင်...မင်း ငါ့ကို အရင်က မြင်ဖူးသေးတာလား''
Tine တအံ့တဩ နဲ့ ဆွံအနေချိန် sarawat က ဘာမှပြန်မဖြေဘဲ ငြိမ်နေသည်။
Tine ကို ငေးနေပြီး သင့်တော်တဲ့အဖြေတစ်ခုကို ရှာနေတဲ့ဟန်။
" တကယ် မြင်ဖူးတာလား''
သိချင်ဇောနဲ့ tine ကိုယ်ကိုပါ ရှေ့နား ရွှေ့တိုးလိုက်သည်။
sarawatတစ်ယောက်ငြိမ်နေဆဲ။
ပြီးမှ နှုတ်ခမ်းထောင့်နားက အပြုံးသဲ့သဲ့လေးနဲ့ ခေါင်းခါပြလာသည်။
" မမြင်ဖူးပါဘူး။
ကိုယ် ပြောတာ မင်းက ဒီထဲကထက် ပိုချစ်စရာကောင်းလောက်တယ် လို့''
" ဪ...
ဒါ​ပေမဲ့ မင်းစောစောက ပြောတဲ့ပုံက ငါ့ကို အရင်က မြင်ဖူးနေသလိုလို''
" အရူးလေး အဲ့အချိန်ကတည်းကသာ ဆိုရင် ကိုယ်တို့ အတူတူရှိပြီးတာကြာလှပြီ''
Sarawatက ရယ်ကျဲကျဲနဲ့ သူ့ခေါင်းကို နူးနူးညံ့ညံ့လေးဆွဲဖွလိုက်သည်။
ဘာလို့လဲတော့မသိ။
Tine စိတ်ထဲမှာတော့ သိပ်ဘဝင်မကျမိ။
ဒီဓာတ်ပုံကို စိုက်ကြည့်နေခဲ့တဲ့sarawatရဲ့မျက်ဝန်းတွေက အရင်ပုံတွေကို ကြည့်တုန်းက အကြည့်တွေနဲ့မတူဘဲ ရင်းနှီးမှုအငွေ့အသက်တွေလွှမ်းနေသည်။
ဇဝေဇဝါဖြစ်နေလို့ ထပ်မေးရန်ပြင်ချိန် သူ့အခန်းအပြင်ဘက်ကနေ တံခါးခေါက်သံထွက်လာသည်။
" Tine တံခါးဖွင့်အုံး''
အမေ့အသံမို့ tine အိပ်ရာပေါ်က ပြေးဆင်းရန်လုပ်နေတုန်း sarawatက သူ့ခေါင်းလေးကို တစ်ချက်ပုတ်ပြီး တံခါးနားအရင်ရောက်သွား၏။
တံခါးဖွင့်ဖွင့်ချင်း အမေက sarawatကို မြင်တော့ အံဩ သွားဟန်တူ၏။
" အို... tineကို ဆူမလို့ပြင်နေတာ။
တော်သေးတယ် လူမှားပြီး ဆူမိတော့မလို့''
အမေက တံခါးပေါက်ကနေ အိပ်ရာပေါ် ငုတ်တုတ်လေးထိုင်နေတဲ့ tineကို မျက်စောင်းလှမ်းထိုးနေသည်။
Tine မျက်နှာလေး ရှုံ့မဲ့သွား၏။
" အမေကလည်း သား ဒီနေ့မှ အိမ်ပြန်ရောက်တာကို။''
"ဟဲ့ ဂျင်ဂျင်းက ကျူရှင်သွားပြီ။
ဒီနေ့ သားsarawatက ဧည့်သည်ဆိုတော့ အမေဟင်းသုံးလေးမျိုးလောက်ချက်မလို့။''
သား တဲ့။ပြောတော့  အဖေနဲ့ တိုင်ပင်အုံးမယ်လေးဘာလေးနဲ့
အမေတို့ကတော့...
Tine မျက်နှာ​ကြီးဆူပုတ်လျက် စိတ်ထဲကနေ ပွစိပွစိရွတ်နေခိုက် sarawatက တံခါးအကွယ်ကနေ ပြုံးတုံးတုံးလုပ်နေသည်။
" ကျွန်တော်ပါ ကူမယ် အန်တီ''
" ရပါတယ်။သား သဘော
ဒါပေမဲ့ အဆောင်ကနေ ဒီထိ တနေကုန် ကားမောင်းလာရတာမလား။
နားလိုက်လေ
အန်တီလည်း ပြီးခါနီးပါပြီ။''
"မေ ပြောတော့ သုံးလေးမျိုးဆို..''
Tine အိပ်ရာပေါ်ကနေ ခနဲ့ပြောတော့ အမေက အော်တော့၏။
" အေးလေ အဲ့ကြောင့်မို့ သားကို ခေါ်နေတာပေါ့
တစ်မျိုးလောက်ဘဲ ကျန်တော့တာပါ သားရဲ့
ခဏလေးပါ။မင်းအဖေရုံးက ပြန်လာရင် ညစာမမီမှာစိုးလို့''
အမေက လေသံပျော့ပျော့လေးနဲ့ ပြောပြီး အောက်ပြန်ဆင်းသွားသည်။ tine ထိုအခါမှ ကုတင်ပေါ်ကနေ ဆင်းကာ အပြင်ထွက်ရန်ပြင်လိုက်သည်။
ထိုစဉ် sarawatကပါ လိုက်ထွက်ရန် ပြင်တော့ tineမှာ ပျာပျာသလဲတားရသည်။
" wat အခန်းထဲမှာဘဲ နေနေလေ။
ကားမောင်းထားရတာ မင်းညောင်းနေမှာကို''
" ဟင်း..အခန်းထဲမှာ ကိုယ်ဘာလုပ်ရမှာတုန်း။
ကိုယ့်ကလေးပေါက်စမှမရှိတာ။
ပျင်းစရာကြီး..''
ဆူပုတ်ပုတ်နဲ့ အကဲပိုနေတဲ့ sarawatကြောင့် tineပြုံးမိသွားသည်။
" ငါ အမေချက်မှာ သွားကူရုံကို။မကြာပါဘူး။
ပျင်းရင် ငါစာကြည့်စားပွဲနားက စာအုပ်တွေယူဖတ်လို့ရတယ်နော်''
" အင်း........''
အင်းကို သံရှည်စွဲနေတဲ့ sarawat။
Tine မှာရယ်ချင်စိတ်ကို မနည်းမြိုသိပ်ရင်း အောက်ကို အမြန်​ပြေးဆင်းသွားရသည်။
နို့မို့ဆို အမေက အော်တော့မှာလေ...
Tine မရှိတော့ sarawat ရဲ့အာရုံက ဓာတ်ပုံတွေနား ပြန်ရောက်သွားသည်။
" ငါ့ကို မြင်ဖူးတာလား''တဲ့
သူ ဓာတ်ပုံထဲမှာ မချိပြုံးလေးပြုံးနေတဲ့ အထက်တန်းကျောင်းသားလေးကို အသေးစိတ်ပြန်ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
မြင်ဖူးတာတင် မကဘူး။
မင်းကို တစ်သက်တာ ရေရွယ်ထားတဲ့အထိကိုပါ ချစ်မိသွားတာ...
အထက်တန်းတုန်းက သူရူးမိုက်ခဲ့တာတွေနဲ့ ပတ်သတ်​ပြီး ကလေးပေါက်စကို ဖွင့်ဟဖို့ရန် အားမရှိမိ။
ကလေးငယ်ကို မယုံတာမဟုတ်။
ထိုအတိတ်အကြောင်းတွေကို ပြန်မပြောချင်လောက်အောင်ကို သူသိပ်ကို ဆိုးခဲ့တာလေ။
သို့ပေမဲ့ ကိုယ့်ကိုယ်ကို သတ်သေပစ်ချင်တဲ့အထိကို မှောင်မိုက်ခဲ့ရတဲ့နေ့တွေက ဒီကောင်လေးကို မြင်ရတဲ့နေ့ကနေစပြီး ပြောင်းလဲသွားတာကို  တစ်နေ့တော့ သူပြောခွင့်ရချင်ပါ၏။
sarawat ထိုဓာတ်ပုံကို ခပ်​မြန်​မြန်ခွာလိုက်ပြီး အနွေးထည်အောက်က အိပ်ကပ်ထည့်ကို ထည့်လိုက်ပါလေသည်။

မင်းကလွဲ၍(မင္းကလြဲ၍)जहाँ कहानियाँ रहती हैं। अभी खोजें