Chapter - 18(Uni+Zaw)

1.7K 153 27
                                    

Unicode

"sarawat....''
အသံငယ်လေးနဲ့ သူ့ကိုတအံ့တဩကြီးစိုက်ကြည့်နေသောtineကို sarawatစိတ်ရှိလက်ရှိမလုပ်မိအောင် သူ့စိတ်ကို မနည်းဆွဲဆန့်နေရ၏။
ဒီနေ့တညလုံး ထိုကောင်လေးအတွက်နဲ့ သူမည်မျှပင်ပင်ပန်းခဲ့ရမှန်းမသိ။
"ဒီကို ဘယ်လို...''
Tineရဲ့စကားမဆုံးခင်မှာပင် သူtineကို ဆတ်ကနဲဆွဲထည့်လိုက်သည်။
သူဆွဲသည့်အရှိန်နဲ့ Tineအပြင်သို့ရောက်ရောက်ချင်းပင်
ကျန်လက်တစ်ဖက်နဲ့တံခါးကို ဂျိန်းကနဲနေအောင် ဆောင့်ပိတ်လိုက်၏။
"sarawat ညင်ညင်သာသာလုပ်လို့မရဘူးလား။သူများတွေအိပ်နေတယ်။''
"အဲ့ဆို တိတ်တိတ်နေ။''
သူ လေသံမာမာနဲ့ငေါက်လိုက်တော့ tineအသံတိတ်သွား၏။သူ့ကို မယုံနိုင်သောအကြည့်တွေနဲ့လည်း ငေးကြည့်နေသည်။
Sarawatရုတ်တရက်တော့ စိတ်မကောင့းဖြစ်မိသွားသည်။သူ တစ်ခါမှ ဒီကောင်လေးပေါ်စကားမာမာမပြောဖူးသည့်အပြင် ကြမ်းကြမ်းတမ်းတမ်းလည်းမလုပ်ဖူးခဲ့။
သို့သော် လောလောဆယ်တော့ သူဒေါသအရမ်းထွက်နေသည်။
အရှုပ်ထုပ်လေး
သူ tineရဲ့လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း ကားဆီသို့အတင်းဆွဲခေါ်လာခဲ့သည်။
"sarawat မင်း ဒီနေ့ဘာဖြစ်နေတာလဲ။
အား.....ငါ့လက်''
အရှုပ်ထုပ်လေးရဲ့ညည်းညူသံတွေကို မကြားသယောင်ပြုရင်း ကားနားရောက်အောင်
ဆွဲခေါ်လာခဲ့၏။
"ကားထဲဝင်..''
ကားတံခါးကို ဖွင့်ပြီး ဝင်ခိုင်းတော့ tineက တုပ်တုပ်မျှမလုပ်။အဲ့အစား ဂြိုလ်ကြည့်ကြည့်တာ ခံလိုက်ရသည်။
"Tine ကိုယ်ဒီထက်..''
"မင်းဘာသာဒေါသထွက်လာတာနဲ့ ငါ့ကိုလာမဲစရာမလိုဘူး။''
ပြောပြောဆိုဆိုနဲ့tineသည် သူ့လက်ထဲကနေအတင်း ရုန်းလိုက်သည်။
ဖြူနုသောလက်ကောက်ဝတ်လေးမှာ ရဲရဲနီနေတာကြောင့် sarawatနောင်တရမိသွားသည်။
သူတော်တော်လွန်သွားပြီ။
လက်ကောက်ဝတ်ကို ကြည့်နေရင်းနဲ့မျက်နှာလေးကို မော့ကြည့်မိတော့ နာကျင်မှုတွေပြည့်နေသော မျက်ဝန်းတစ်စုံနဲ့တိုးမိသွားသည်။
"ငါ ဒီနေ့ မင်းနဲ့ပြန်မလိုက်ချင်ဘူး။''
ထိုစကားတစ်ခွန်းပြောပြီး လှည့်ထွက်သွားဟန်ပြင်လိုက်သောtineကြောင့် sarawatဒေါသတွေပြန်ထွက်လာသည်။
သို့သော် ခဏကလို ကြမ်းကြမ်းတမ်းတ
မလုပ်တော့ဘဲ အဲ့အစား သူဆွဲပွေ့လိုက်၏။
Tine၏ကိုယ်လုံးလေးသည် သူ့လက်ထဲတွင်
ဆွေ့ကနဲပါလာသည်။ဒီနေ့တော့ ကျွဲပေါက်ဆီကနေ ချိုအီသော ကိုယ်သင်းနဲ့အစား အရက်နဲ့တွေရနေတာကြောင့် sarawat၏ဒေါသအရှိနိသည် ပိုပြင်းလာခဲ့သည်။
"sarawat မင်း..''
ရင်ခွင်ထဲတွင် အတင်းရုန်းကန်နေသောကျွဲပေါက်ကို မနည်းထိန်းရင်း lover seatနားထည့်လိုက်သည်။
"ငါ မလိုက်ချင်ဘူးပြောနေတယ်လေ။''
ခါးပတ်ပတ်ပေးနေသောသူ့ကို အသံပြတ်နဲ့အော်နေသည့် tineကို မသိသလိုလုပ်၍ သူကားထဲဝင်ထိုင်လိုက်သည်။
"ကိုယ့်ကို ဒီထက်ပိုမဆိုးစေချင်ရင် ငြမိ်ငြမ်လေးနေပြီးလိုက်ခဲ့။''
ထိုစကားတစ်ခွန်းပြောပြီးတာနဲ့ သူကားကို မောင်းထွက်လာသည်။
ကားမောင်းနေရင်း sarawatသူ့စိတ်ကို တည်ငြိမ်အောင်ပြန်ကြိုးစားနေမိသည်။
ကျွဲပေါက်ကို လှည့်ကြည့်တော့ မျက်နှာကို တစ်ဖက်လှည့်ထားတာကြောင့် သူသက်ပြင်းသဲ့သဲ့ချလိုက်မိသည်။
သေချာပေါက် စိတ်ဆိုးသွားပြီ။
သို့သော် ထိုကျွဲပေါက်က သူ့ကို အဆများစွာပိုစိတ်ဆိုးအောင်လုပ်ခဲ့ပါသည်။

မင်းကလွဲ၍(မင္းကလြဲ၍)Hikayelerin yaşadığı yer. Şimdi keşfedin