Chapter - 1(Uni+Zaw)

3.7K 182 7
                                    

Unicode

"Tine မင်းမထသေးဘူးလား။ဒီမှာလူစုံနေပြီ။''
ဖုန်းတစ်ဖက်ကနေ Fongတို့ရဲ့အော်သံတွေက
Tine၏မပွင့်သေးသောမျက်လုံးတွေကိုပြူးကျယ်စေသည်။lawမေဂျာကျောင်းသားတစ်ယောက်ဖြစ်သည့်tineသည် မနက်ဆိုအမြဲနေဖင်ထိုးမှထလေ့ရှိသည်။ဒီနေ့တော့ နေဖင်ထိုးသည်ထက် နောက်ကျနေပြီလို့ပြောရင်ပိုမှန်လိမ့်မည်။
"အာ...လာပြီ၊လာပြီ။မင်းတို့ ကျောင်းနားက
ဆိုင်မှာဘဲစောင့်မှာမလား။''
"အေး မင်းဘဲမနက်စာတူတူစားမယ်ဆိုလို့
ငါတို့တွေ ဘာမှမစားရသေးဘူး။မင်းကိုစောင့်နေတာ''
"Ok ok''
Tineတစ်ယောက် စောစောစီးစီးပြာယာခတ်နေတော့သည်။မျက်နှာသစ်၊သွားတိုက်အဝတ်အစားလဲပြီးသည်နှင့် လွယ်အိတ်ကို ကောက်လွယ်ကာအဆောင်ရှေ့သို့တန်းထွက်လာခဲ့သည်။Fong
တို့အဖွဲ့ပွစိပွစိရွတ်မှာစိုးသောကြောင့် မှန်ကြည့်ဖို့ပင်သူ့ခမျာအချိန်မပေးနိုင်ခဲ့။
သူ့ဆိုင်ကယ်လေးကို စက်နိုးမည်အပြု
အဆောင်နား တံမြက်စည်းလှည်းနေသော
အဒေါ်ကြီးတစ်ယောက်က လှမ်းအော်သည်။
"ဟေ့ကောင်လေး မင်းရှေ့က ဆံပင်''
ထိုအခါမှ ဆိုင်ကယ်မှန်ထဲမှ အူးယားဖျားယားကြည့်လိုက်တော့ ခါတိုင်းသူ့နှဖူးပေါ်တွင်ဝှိုက်ကျနေသောဆံပင်က ထိပ်ပေါ်သို့ထောင်တက်နေသည်။
"ဟူး တော်သေးတာပေါ့။နို့မို့ဆို ကောင်မလေးတွေမြင်ရင် ငါ့ကိုဝိုင်းရယ်မှာ။
အဒေါ် ကျေးဇူးပါဗျ''
Tine ဆံပင်တွေကို ပြန်သတ်ချကာ အဒေါ်ကြီးကို ကျေးဇူးအော်တင်လိုက်သည်။အဒေါ်ကြီးက သူ့ကိုပြုံးပြကာ သူ့တံမြက်စည်းပြန်လှည်းနေ၏။Tineတစ်ယောက် ဆိုင်ကယ်ကို အမြန်ဆုံးနည်းနှင့်မောင်းကာထွက်လာခဲ့သည်။

"ဟူး မင်းရောက်လာလို့ဘဲတော်သေး။နို့မို့ဆို
ငါတို့ ဆာတာနဲ့အသက်ထွက်တော့မယ်။''
သူတို့အဖွဲ့က စုစုပေါင်း ​းေယောက်။Tine
Fong၊Ohm၊Phuak။Fongက အထက်တန်းကတည်းက သူငယ်ချင်းဖြစ်သော်လည်း
ကျန်နှစ်ယောက်ကတော့ ဒီတက္ကသိုလ်ရောက်မှခင်ခဲ့ခြင်းဖြစ်သည်။လေးယောက်လုံးကတော့ စိတ်တူကိုယ်တူပါဘဲ။ဘူးတဲ့နေရာမှာရော၊ကျောင်းပြေးတဲ့နေရာမှာရော၊စာမကြိုးစားတဲ့နေရာမှာရော။ပြောရမယ်ဆိုရင်
စာကလွဲလို့ကျန်တာ အကုန်စိတ်ဝင်စားသည့်အဖွဲ့ဆိုရင်မမှားပါ။
"ဟေ့ Tine မင်းဒီတစ်ယောက်ဘယ်လိုလဲ''
Ohmက အားရပါးရငုံ့စားနေသော tineကိုပုတ်၍ မိန်းကလေးတစ်ယောက်ပုံကိုပြသည်။
"အင်း မဆိုးပါဘူး။လှသားဘဲ ဘာဖြစ်လို့တုန်း''
"မင်းကို ပေးမလို့။သူ့line IDငာ့မှာငါ့မှာရှိတယ်။ယူမလား''
"ယူဘူး။''
"ဟေ့ကောင် ငါတို့က မင်းကိုဉီးစားပေးတာနော်။မင်းက အင်တင်တင်နဲ့''
သူတို့သုံးယောက်လုံးမှာက ရည်းစားတွေကိုယ်စီနဲ့။Tineတစ်ယောက်တည်းသာ ကျန်စ်ဖြစ်နေတာကို သနားသောကြောင့်လိုက်စပ်ဟပ်ပေးနေကြခြင်းဖြစ်သည်။
"မလိုချင်ဘူးဟ။သူဝတ်ထားတာကြည့်လေ။brandတွေချည်းဘဲ။သေချာတယ်။ရည်းစားတစ်လလောက်ဖြစ်ပြီးတာနဲ့ ငါမွဲမှာ။''
"မိန်းကလေးဆိုတော့ ကြွားချင်လို့နေမှာပေါ့။''
"ငါအဲ့လိုမိန်းကလေးမျိုးတွဲဖူးတယ်။တော်တော်ခေါင်းစားရတာ။''
"အံမယ် မင်းကတွဲဖူးတာပေါ့။''
"ဟင်း ငါကကျောင်းတုန်းက စော်ကြည်ဘဲလေ။ဟုတ်တယ်မလား fong''
Fongက ဆင်းဝှစ်ထိုင်ကိုက်ရင်းမျက်နှာပြုံးစိစိဖြစ်သွားသည်။
"စော်ကြည်ဘဲမဘဲတော့မသိဘူး။မိန်းကလေးတွေခွဲတိုင်း အမြဲတမ်းတငိုငိုနဲ့''
"ဟေ့ကောင် Fong''
Tine စိတ်တိုတိုနဲ့Fongကို အော်တော့ကျန်နှစ်ယောက်က ပါးစပ်ကိုမစိတော့။အမှန်တော့Fongပြောတာက မှန်လွန်းနေသည်။Tineတက္ကသိုလ်မတက်ခင်ထိ မိန်းကလေးတော်တော်များများနဲ့တွဲခဲ့ဖူးသော်လည်းမည်သူနဲ့မှ ရေရှည်မခံ။သူ့စိတ်နဲ့မကိုက်သည်ကသာများသည်။သူက မိန်းကလေးဆိုရင်ချစ်စရာကောင်း၍ ရိုးရိုးရှင်းရှင်း၊အေးအေးဆေးဆေးလေးနေတတ်သည့်သူကို သဘောကျသော်လည်း တွဲသည့်မိန်းကလေးတိုင်းက ထိုtypeမဟုတ်သောကြောင့် စိတ်ပျက်ပျက်နဲ့လမ်းခွဲခဲ့သည်သာများ၏။
"အင်း ငါတို့သုံးယောက်က အထီးမကျန်ရဘူး။မင်းက''
"အား အား sarawt sarawat''
ဆိုင်ထဲရှိ မိန်းကလေးတော်တော်များများရဲ့အော်သံတွေကြောင့် phauk၏စကားစကပြတ်သွားသည်။
"မိန်းကလေးတွေ ဘာဖြစ်တာလဲဟ။''
Tineခေါင်းထောင်ပြီးကြည့်လိုက်မိတော့
ကောင်လေးတစ်ယောက်နား မိန်းကလေးတွေ
ဝိုင်းဝိုင်းလည်နေသည်။
"P'saraat ဒီမှာထိုင်''
"ငါတို့ sarawat လေးက အရမ်းချောတာဘဲ။''
"အစ်ကို ဘာစားမလဲ။ညီမတို့ဝယ်ကျွေးမယ်။''
"အရမ်းချောတာဘဲ။ဟီး.... ''
ထိုမိန်းကလေးတစ်သိုက်၏ အော်သံတွေက
ဆူညံကြွက်နေသည်။သူတို့ကသာ သဲသဲလှုပ်နေသော်လည်း sarawtဆိုသည့် မင်းသားလေးကတော့ ဖုတ်လေသည့်ငါးပိရှိသည်လို့ပင်မထင်။ပုံစံက တစ်ကမ္ဘာလုံးသုူ့ကို ဖူးဖူးမှုတ်ထားရင်တောင် သူူနဲ့မဆိုင်ဆိုသည့်ဟန်နဲ့ အမေရိကာနိုကို အေးအေးဆေးဆေးထိုင်သောက်နေ၏။ရုပ်က ဘာအပြစ်မှပြောစရာမလိုလောက်​ေအာင်ချောမောကြည့်ကောင်းသည့်အပြင် ထိုင်နေသည့်ပုံကိုကြည့်ရင် အရပ်ကလည်း 6ပေစွန်းစွန်းလောက်တော့ရှိလိမ့်မည်။ ဝတ်ထားသည့်ဂျင်းကုတ်အကျီကလည်းချမ်းသာပါသည်ဆိုသည့်လူတန်းစားပင်မဝတ်နိုင်သည့်brandမျိုး။sarawatက သူတို့စားပွဲနဲ့ခပ်လှမ်းလှမ်းမှာထိုင်နေသော်လည်း Tine နဲ့မျက်နှာချင်းဆိုင်ဖြစ်နေသည်။sarawatကို စိတ်ထဲတွင် မရိုးမရွဝေဖန်နေချိန် ရုတ်တစ်ရက်သူ့ကို စိုက်ကြည့်လာသော sarawat၏အကြည့်စူးစူးတွေကြောင့်သူခေါင်းပြန်ငုံ့ချလိုက်ရ၏
"ချီး အဲ့sarawatက celeလား။''
Fong ကရယ်သည်။
"celeထက်တောင်သာလိမ့်မယ်။ဒီကျောင်းလာတက်တဲ့မိန်းကလေး90percentလောက်က သူတို့​ယောကျာ်းလို့ကို သတ်မှတ်ထားတာ။''
"အဲ့လောက်တောင်လားဟ။''
"မင်း သူ့အကြောင်းလုံးဝကို မသိဘူးပေါ့။''
"ဒီနေ့မှ သူ့နာမည်စကြားဖူးတာဘဲ။''
"ကောင်းကွာ ထားပါတော့။sarawatက ဒီနိုင်ငံမှာ နာမည်ကြီသူဌေးတစ်ယောက်ရဲ့သားကွ။မင်းသိလောက်မှာပါ။''
Ohmရွတ်ပြသည့်သူဌေးတစ်ယောက်၏နာမည်ကို ကြားသည့်အချိန်တွင်တော့ tineပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
"သူက အဲ့သူဌေးကြီးရဲ့သား ဟုတ်လား။
"အင်းလေ ပွေရှုပ်တဲ့နေရာမှာရော၊ချမ်းသာတဲ့နေရာမှာရော နာမည်ကြီးဘဲ။တရားဝင်ယူထားတာတော့ sarawatတို့အမေဘဲရှိတယ်ထင်တယ်။''
"မင်းက သိလှချည်လား''
"သိတာပေါ့ ဒီမှာကြည့် ဒါသူတို့group''
Ohmပြသည့်groupကို ကြည့်တော့ sarawat၏မိန်းမများတဲ့။Tineစိတ်ပျက်ပျက်နဲ့သာ ထိုင်အော်ပစ်ချင်သည်။
"အင်း အကုန်လုံးသာ sarawatမိန်းမဘဲဖြစ်ချင်တယ်ဆိုရင် ငါက ဘယ်မိန်းကလေးကိုယူရမှာလေ။''
သူတို့လေးယောက်သား တိုးတိုးနဲ့sarawatအကြောင်းထိုင်အတင်းတုတ်နေကြသည်။Tine sarawatကို အကဲခတ်ကြည့်တော့ သူ့ကြည့်ရတာ သူ့fans girlsတွေကြားစိတ်ရှုပ်နေဟန်။
"အကုန်လုံးတော့ မဖြစ်နိုင်ဘူး။ဒီတစ်ယောက်ကတော့ မလွဲမသွေဘဲထင်တယ်။''
Ohmကsarawat မိန်းကလေးတစ်ယောက်နဲ်တွဲရိုက်ထားသည့်ပုံကိုပြသည်။တစ်ပုံတည်းလားဆိုမဟုတ်။groupတစ်ခုလုံး ထိုမိန်းကလေးနဲ့ဘဲပြည့်နေသည်။ပုံတိုင်းလိုလိုမှာ sarawatက အေးတိအေးစက်နဲ့အရေးမစိုက်သည့်ဟန်တွေချည်း။ထိုမိန်းကလေးကသာ အတင်းရိုက်ထားသလို။
"နေပါဉီး အဲ့ကောင်မလေးက ဘယ်သူလဲ။''
"Pamတဲ့ ဆေးကျောင်းက sarawatနဲ့အမြဲတတွဲတွဲဘဲ။ငယ်သူငယ်ချင်းနေမှာပေါ့။''
"ချောလိုက်တာ။starလား။''
"အင်း ဒီတက္ကသိုလ်တစ်ခုလုံးရဲ့starဆိုရင်လည်းမမှားဘူး။''
Sarawat တစ်ယောက် အမေရိကာနိုကော်ဖီသောက်ပြီးသည်နှင့် ကောင်တာနား
​ေငွရှင်းကာဆိုင်ထဲက ထွက်သွားသည်။ချေလိုက်ပုံကတော့ သူ့လက်မှတ်ကိုတောင်းနေသည့်ကောင်တာအမကြီးရဲ့စကားကို နည်းနည်းလေးမှ ဂရုမစိုက်သည့်အပြင် fansတွေကျွေးသော မုန့်တွေကိုလည်း မျက်စောင်းပင်မထိုးသွား။Fansတွေရဲ့ဖြစ်ပျက်သွားပုံကိုကြည့်၍ Tineရယ်ရမလား။ငိုရမလားပင်မသိတော့။
"ငါတို့လည်း စားပြီးပြီဆိုတော့ ရှင်းဖို့ဘဲကျန်တယ်။Tineဒီတစ်ခါမင်းအလှည့်။''
သူတို့အဖွဲ့က မနက်စာစာတိုင်း ဒီလိုဘဲအဖွဲ့လိုက်ရှင်းနေကြ။တစ်ခါတစ်ခါ ထိုကိစ္စနဲ့ရန်ဖြစ်ရတာလည်းအမော။
"အေး ခုမှ ငါသဘောပေါက်ပြီ။မင်းတို့က ငါ့အလှည့်မှန်းသိလို့ sarawatကို ခုတုန်းလုပ်ပြီး အဝအပြဲစားကြတာကိုး။ခွေးကောင်တွေ''
"အေးပါ ငါတို့လည်းတစ်ခါတစ်​ေလမှ ဒီလိုစားတာဘဲ ဟဲ....ဟဲ''
Tine ထိုမျက်နှာတွေကို ဖိနပ်နဲ့ကောက်ရိုက်ပစ်လိုက်ချင်သည်။သူစိတ်ပျက်ပျက်နဲ့ကောင်တာအမနားသွားရှင်းတော့ မမျှော်လင့်ဘဲစကားတစ်ခွန်းကြားလိုက်ရသည်။
"မောင်လေးတို့ဝိုင်းက ရှင်းပြီးသွားပြီ''
Tineကြောင်သွားသည်။
"ဟမ်...ကျွန်တော်တို့တစ်ယောက်မှ မရှင်းရသေးပါဘူး။''
"မဟုတ်ဘူး စောစောကမှ sarawatရှင်းပေးသွားတာ။''
"Sarawatက..''
Tineပါးစပ်အဟောင်းသားနဲ်အကျယ်ကြီးထအော်မိသည်။sarawat မိန်းမတွေရဲ့မျက်လုံးတွေက Tineဆီမကျေမနပ်ရောက်လာကြ၏။Tineတစ်ယောက် ယောင်ချာချာနဲ့ ဆိုင်ထဲက ထွက်လာရသည်။Fongတို့ကတော့ Tineရှင်းတာလို့ဘဲထင်နေ၏။Tineလည်းယောင်လို့တောင်ပါးစပ်မဟ။တော်ကြာ သူရှင်းတာမဟုတ်ဟုဆိုကာ
ထပ်ဝယ်ကျွေးခိုင်းမှာ စိုးသောကြောင့်ဖြစ်သည်။မည်သို့ပင်ဖြစ်စေ sarawatဘာစိတ်ကူးပေါက်ပြီးသူ့အစားငွေရှင်းပေးတာကိုတော့ tineနားမလည်ဖြစ်နေရသည်။သို့သော်လည်း ထိုကိစ္စက သူ့ခေါင်းထဲကနေ လျှင်လျှင်မြန်မြန်ပင်
ကွယ်ပျောက်သွား၏။စိတ်ထဲတွင်လည်း ဘာမှတစ်ခုတ်တရမရှိတော့။sarawatနဲ့ဆိုင်သည့်ကိစ္စက ထိုလောက်နဲ့ဘဲဟုTineထင်ခဲ့သော်လည်း ထိုတစ်ညမှာတော့ အရာရာအားလုံးကပြောင်းလဲသွားခဲ့လေ၏။ထိုပြောင်းလဲမှုသည်
သူ့ဘဝတစ်ခုလုံးကိုပင် ကျွန်းထိုးမှောက်ခုံဖြစ်စေသည့် ကံကြမ္မာ၏အစဖြစ်သည်။ထိုကံကြမ္မာကိုလည်း Tineအချိန်အလွန်နှောင်းစွာမှ သူသဘောပေါက်ခဲ့ရသည်။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now