Chapter - 24(Uni+Zaw)

2K 153 24
                                    

Unicode

"ကောင်းကောင်းပြန်ပါ သခင်လေးတို့''
အထိန်းတော်​ကြီးနှင့်အစေခံတစ်ချို့က ခါးညွှတ်နှုတ်ဆက်လိုက်သည့်အချိန်တွင် sarawatအတွက်က အထူးအဆန်းမရှိပေမဲ့ tineကိုတော့ အနေရခက်စေသည်။
လက်ထဲက sarawatဝယ်လာပေးတဲ့မုန့်ထုတ်တွေကို ပိုက်ရင်း မျက်နှာပူပူနဲ့ရပ်နေမိသည်။
"အထိန်တော်ကြီးတို့ရော ဂရုစိုက်ပါ။ဒါနဲ့..''
Tine sarawatကို လှည့်ကြည့်မိသည်။
sarawat အဓိပ္ပါယ်ပါသောမျက်ဝန်းတွေနဲ့အထိန်းတော်ကြီးကို ကြည့်နေ၏။
အရိပ်အကဲကောင်းလွန်းသောအထိန်းတော်ကြီးက ဘေးက အစေခံတွေကို ''မနေ့က အပြီးမသတ်သေးတဲ့အလုပ်တွေရှိတယ်မလား။သွားလုပ်ကြ။ပြီးရင် ကြီးတော်လိုက်လာခဲ့မယ်။''
အစေခံတွေက အရိုအသေပေးပြီးသည်နှင့် ထွက်သွားကြသည်။
အစေခံတွေထွက်သွားတာနဲ့
"ပြောပါ သခင်လေး''ဟု ဆိုလာ၏။
"ကျွန်တော်တို့လာတာ အဖေတို့ကို မသိစေချင်ဘူး။''
"သဘောပေါက်ပါတယ်။သခင်လေး။''
sarawat ခေါင်းသာတစ်ချက်ညိတ်ပြရင်း
မောဟိုက်စွာ သက်ပြင်းချသည့်အသံထွက်လာသည်။
"အင်း အထိန်းတော်ကြီးနဲ့ဆို ကျွန်တော်စိတ်ချတယ်။ကဲ ကျွန်တော်တို့ ပြန်သင့်ပြီ။
Tine''
"ဟင်....''
နူးညံ့စွာခေါ်လာသောသူ့နာမည်နောက်တွင်
Tine ကြောင်ငေးနေမိရာမှ ပျာပျာသလဲလှည့်ကြည့်လာမိ၏။
"အဲ့အထုတ်တွေကို့ကို ပေး။ကို ကားထဲထည့်ပေးမယ်။''
Tine လက်ထဲက မုန့်ထုတ်ကြီးက sarawatလက်ထဲရောက်သွားသည်။
"ဒီမှာ ခဏစောင့်နေနော်။ကို ကားယူအုံးမယ်။''
Tine ခေါင်းညိတ်ပြတော့ sarawatကပြုံးရင်း သူ့ခေါင်းကို ဖွဖွပုတ်ကာ ထွက်သွားသည်။
နူးညံလွန်းသောအထိအတွေ့လေးက ထင်ကျန်နေခဲ့တာမို့ သူကြည်နူးစွာပြုံးမိနေခိုက်
"ချစ်စရာကောင်းလိုက်တာကွယ်''ဟုသည့်အထိန်းတော်ကြီး၏အသံကြောင့် tineရှက်ကိုးရှက်ကန်းနဲ့အဒေါ်ကြီးကို ​​ပြန်ကြည့်မိသည်။
"မင်းနဲ့သခင်လေးက သိပ်လိုက်တယ်ကွဲ့။နှစ်​ယောက်လုံး ဖြူဖြူစင်စင်လေးတွေနဲ့။
အချစ်တွေ တည်မြဲကျပါစေနော်။''
သူ့လက်ဖဝါးတွေကို နွေးထွေးစွာဆုပ်ကိုင်ရင်း အားတက်သရောဆုတောင်းပေးနေသော အဒေါ်ကြီးကို tine ရှက်ပြုံးသာပြုံး၍
အသိအမှတ်ပြုပေးမိသည်။
"တီ...တီ...''
ကားဟွန်းတီးသံကြောင့် Tine အဒေါ်ကြီးကို နှုတ်ဆက်ကာ ကားပေါ်အပြေးလေးတက်သွားလိုက်သည်။
အနက်ရောင်ကားလေးသည် ခမ်းနားလှသော အိမ်ဝိုင်းထဲကနေ ဖြည်းညှင်းစွာထွက်သွားသည်။
"အထိန်းတော်ကြီးက မင်းကို တော်တော်သံယောဇဉ်တွယ်သွားတဲ့ပုံဘဲ။''
"အဲ့လို ပေါ်နေတာလား။''
"အင်း မင်းက အရမ်းချစ်စရာကောင်းလွန်းတယ်။ကျွဲပေါက်....မင်းကိုလေ ဘယ်သူနဲ့မှ ကိုစိတ်မချဘူးသိလား။ဖြစ်နိုင်ရင် မင်းကို သော့ခတ်သိမ်းထားနိုင်ရင်ကောင်းမှာ။''
အလွန်နှမြောတသဖြစ်နေသည့်အသံနဲ့
သက်ပြင်းတွေချနေသောsarawatကြောင့် tine ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်။
"မရယ်နဲ့။ကိုတကယ်ပြောတာ။မင်းနဲ့ပတ်သတ်ရင် ကိုနည်းနည်းလေးတောင် အတိမ်းအစောင်းမခံနိုင်ဘူး။''
မျက်မှောင်ကြီးကုတ်ပြီး ဆူပုတ်လာတာမို့ tineမရယ်ရဲတော့။
အိတ်ထဲက snackတစ်ထုပ်ကို ထုတ်ရင်း ခပ်သွက်သွက်ဖောက်လိုက်ရသည်။
"အင်းပါ....အခြားလူနဲ့ပတ်သတ်ပြီး စိတ်ပူစရာမလိုဘူး။ငါ့ နှလုံးသားက မင်းပိုင်ပြီလေ။''
Tine ပြောရင်းနဲ့ခါးကို အနည်းငယ်ကိုင်းကာ
snack မုန့်ကို sarawat ပါးစပ်နား တိုးပေးလိုက်သည်။
စောစောကနဲ့ တစ်ခြားစီ အပြောင်းအလဲမြန်လွန်းစွာ sarawatမျက်နှာသည် ပြုံးဖြီးသွား၏။
သို့သော် မုန့်တင်မက သူ့လက်ညှိုးနုနုလေးကိုပါ သွားနဲ့ဖွဖွကိုက်လိုက်တဲ့sarawatကြောင့် tine တစ်ကိုယ်လုံး လျှပ်စစ်စီးသလို ကြက်သိမ်းတဖြန်းဖြန်းထသွားမိ၏။
"sarawat... ဟို..ဟို.....လက် ''
ထစ်ထစ်ငေါ့ငေါ့နဲ့ မျက်နှာတွေနီရဲတော့မှ
sarawatက ပြုံးကာ သူ့လက်ညှိုးတွေကို ပြန်လွှတ်ပေးသည်။
"အရမ်းချိုတယ်။''
ပြုံးနေ​သောနှုတ်ခမ်းထံမှ နောက်ဆက်တွဲရေရွတ်သံကြားတော့ tineထိတ်ထိတ်လနိ့လန့်ပင် သူ့နေရာနား ပြန်ကပ်သွားမိသည်။
sarawatအိမ်ကိုသွားမိတဲ့အချိန်ကစပြီး
သူရော sarawatရော အပြောင်းလဲကြီးပြောင်းလဲသွားသလိုဘဲ။
အရင် နွေးထွေးစွာခုန်တတ်တဲ့သူ့နှလုံးခုန်သံကလည်း ပုံမှန်မဟုတ်တော့။sarawatဆိုသည့်လူအနားနား တိုးကပ်မိရုံကို နှလုံးသားက မီးရထားတစ်စင်းလို ထိန်းချုပ်လို့မရအောင်ခုန်ပြင်းနေတတ်သည်။
ခုလည်း လက်ဖျားတွေတောင်အေးပြီး မျက်နှာတွေက ပူထူနေပြီ။
အရင်ကောင်မလေးတွေထားဖူးပါတယ်။ဒါပေမဲ့ ဒီလိုတစ်ခါမှမခံစားရဖူးဘူး။
ခုခံစားချက်ကြီးက......
"Tine ''
sarawat ခေါ်သံကြောင့် tineအသိစိတ်တွေပြန်ကပ်သွားသည်။
"ဘာလဲ။sarawat''
ခဏက ကိစ္စနဲ့ သိပ်မကျေနပ်သလို ပြန်ထူးတော့ sarawatက ရိပ်မိဟန်နှင့် ပြုံးစိစိပြန်ဖြစ်သွား၏။
"ကို့နားလာထိုင်ပါလား။ကားမောင်းရင်း နည်းနည်းငိုက်နေလို့။''
Tine ဘေးက မုန့်အိတ်ထဲကနေ ချိုချဉ်တစ်လုံးကို ရအောင်မွေနှောက်ရင်းထိုကားပိုင်ရှင်ကို လှမ်းပေးမိ၏။
"ချိုချဉ်ငုံထားလိုက်။အိပ်ငိုက်ပြေတယ်။''
"ကို ချိုချဉ်မကြိုက်ဘူး။''
သူ့ကို မကြည့်ဘဲ မျက်နှာခပ်တည်တည်နဲ့
ငြင်းနေသော sarawat။
Tine သိတာပေါ့။အဲ့ရုပ်က တမင်သတ်သတ်သူ့စိတ်ကို ပျော့အောင် ဟန်ဆောင်နေတာ။
မသိချင်ယောင်ဆောင်ပြီး မျက်နှာကို တစ်ဖက်လှည့်ထားမိ၏။
"ဟင်း....ကားမောင်းရတာ အရမ်းညောင်းတာဘဲ။အိပ်ချင်လိုက်တာ....
မနေ့ညက အရှုပ်ထုပ်တစ်ယောက်ကို ငေးနေရတာနဲ့ အိပ်ရေးမဝဘူး။
အိပ်ချင်တယ်။အိပ်ချင်တယ်။''
Tine စိတ်ထဲကနေ sarawatကို အကြီးအကျယ်ထုနေမိ၏။
​ဖြစ်နိုင်ရင် နားကိုသာ တစ်ခုခုနဲ့ဆို့ထားချင်လိုက်တာ။အရေးထဲ နားကြပ်ကလည်း ပါမလာ။
ဘေးကနေ မနားတမ်းပွစိပွစိရွတ်နေတဲ့sarawatကြောင့် tineနားညီးလှပြီ။
သူ စိတ်တိုတိုနဲ့ ဂြိုလ်ကြည့်ပြန်ကြည့်တော့
sarawatက သူတစ်ယောက်တည်းရှိနေသလိုပင် ဆက်ရွတ်နေသည်။
"အင်း ချစ်သူလေးတစ်ယောက်ရှိပါတယ်။
မသိလိုဘဲ အိပ်နေလိုက်တာ။
ကို့မှာတော့....''
"အင်း ရပြီ၊ရပြီ''
Tine sarawat နှုတ်ခမ်းတွေကို လက်ဖြင့်အလျင်အမြန်ပိတ်ပြီး ခန္တာကိုယ်ကိုလည်း
sarawatနဲ့ ကော်ကပ်ထားသလိုပင် ကပ်လိုက်၏။
"ဒီလိုကျတော့ ကျွဲပေါက်က လိမ္မာသားဘဲ။''
ချက်ချင်းဘဲနော်။အချိုးဆယ့်နှစ်မျိုးလောက်တတ်ထားသလားဘဲ။မျက်နှာက ပြုံးဖြီးသွားလိုက်တာ။
Tine မျက်မှောင်ကုတ်​ကြီးကုတ်ကာကြည့်နေမိသည်။
"မင်းစိတ်ဆိုးတာလေးက အသည်းယားလိုက်တာ''
ထိုစကားနဲ့အတူ tine၏ပါးပြင်တစ်ဖက်ကို ဖျတ်ကနဲ နမ်းချသွားသည့်sarawat။
"sarawat မင်းနော် ငါမသေချင်သေးဘူး။''
ဟု အသံမာမာနဲ့ကြိမ်းမိတော့ ရယ်သံသဲ့သဲ့ထွက်လာသည်။
"အင်း အဲ့ဆို ကိုဘေးမှာ ငြိမ်ငြိမ်လေးနေပေး။အိမ်ချင်ရင် ပခုံးပေါ်မှီအိပ်။''
Tine ဘာမှဆက်မပြောတော့ဘဲ sarawatပခုံးပေါ်ခေါင်းမှီချလိုက်မိသည်။
နွေးထွေးလွန်းလှတဲ့ထိုပခုံးသားတွေပေါ်
မှာ အိပ်ပျော်သွားသည်အထိအိပ်ပစ်ချင်ပေမဲ့
sarawatကားမောင်းရင်းနဲ့အနေရခက်မလားမသိဆိုသည့်စိတ်နဲ့ ခေါင်းပြန်ထောင်လိုက်မိသည်။
သို့သော် ''အိပ်ပါ။မင်း ကို့ပခုံးပေါ်ခေါင်းမှီလိုက်တာနဲ့ ကိုအိပ်ချင်စိတ်တွေတန်းပျောက်တယ်။''ဆိုသည့် စကားသံနဲ့အတူ လက်တစ်ဖက်ကလည်း သူ့ခေါင်းကို ပခုံးပေါ်နူးညံစွာ ပြန်တင်ပေးနေတာမို့ tineစိတ်ချလက်ချနဲ့တင် အိပ်မိပါတော့သည်။
"သိပ်ချစ်တယ်။ကျွဲပေါက်ရေ....''
ဆိုသည့် တီးတိုးရေရွတ်သံလေးကလည်း ကြားတစ်ဝက်၊မကြားတစ်ဝက်နဲ့ သူ့နားရွက်တွေနားမှာ တိုးတိုးလေးဖြတ်ပြေးသွား၏။
Tine အိပ်ပျော်ရင်းနဲ့ပင် ယောင်ယောင်လေးပြုံးမိသွားသည်။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now