Chapter-50(Uni+Zaw)

1.4K 137 25
                                    

Unicode

မနက်​စော​စောစီးစီး Tineတစ်ယောက် ကလေးဆိုးတစ်ယောက်နဲ့ တိုင်ပတ်နေ၏။
ထိုကလေးဆိုးကား မည်သူရှိမည်နည်း။
Sarawat..ပေါ့.
" တော်ပြီ..tine.မစားတော့ဘူး''
ညက တစ်ညလုံးဘာမှမစားထားတဲ့watကို သူစိတ်ပူပြီး နေတောင်ကောင်းကောင်းမမြင့်သေး။
ဆေးရုံနဲ့နီးတဲ့ဆိုင်ကနေ ကြက်သားစွပ်ပြုတ်လေးဝယ်လာပေးတာကို watတစ်ယောက် အားမနာ။
သူခွံကျွေးတာတောင် ခေါင်းတရမ်းရမ်းနဲ့မစားဘူးဆိုပြီး အသည်းအသန်ငြင်းနေ၏။
Tine စိတ်ထဲတွင် သနားလည်း သနား ရယ်လည်း ရယ်ချင်မိသည်။
Wat နေမကောင်းတဲ့အချိန်ဆို ဒီလို ရစ်နေကြများလား
" တစ်ဇွန်းဘဲ ရှိသေးတယ်လေ wat..
ညကလည်း ဘာမှမစားထားဘဲနဲ့..
လာ.နောက်တစ်ဇွန်းဘဲ..''
သူဇွန်းကို ပါးစပ်နားတေ့ပေးရင်း ချော့ကျွေးသော်လည်း watကား ပါးစပ်ကို တင်းတင်းစေ့ထား၏။
တကယ် ကလေးထမင်းကျွေးရတာထက်တောင် ခက်နေသလိုဘဲ
" တောင်းပန်ပါတယ်..
Tine.မစားဘဲမရဘူးလား။
မင်းလက်ရာဘဲ စားနေကြမို့ထင်တယ်
အခြားဟာတွေဆို စားမကောင်းတော့ဘူး''
သူ့လက်မောင်းကိုဖက်တွယ်ပြီး
ကလေးတစ်ယောက်လို ချွဲ နေတာကြောင့် tineသက်ပြင်းသာချမိသွား၏။
တကယ် မစားချင်ဘူးနဲ့တူတယ်။
" အကုန် စားရမယ်လို့ မပြောဘူးလေ.
ဒီတိုင်း အစာခံအောင်လို့ပါ watရယ်
ခဏနေ ဆရာဝန်က check upလုပ်ပေးအုံးမှာဆိုတော့ ကြာသွားရင် မကောင်းဘူး။
ညကလည်း ဘာမှမစားထားဘဲနဲ့''
Tine သူ့ကို လာဖက်သွယ်နေသည့်watအား ခေါင်းကို ပွတ်သပ်ပေးရင်း အသံပျော့လေးနဲ့ ချော့နေမိ၏။
ဒါလည်း တှုပ်တှုပ်မျှမလုပ်သေး။
ကြည့်ရတာ watနေမကောင်းဖြစ်တုန်းက ဒီလို ချွဲ့ဖို့ လူတွေ သူ့ဘေးမှာ မရှိခဲ့လို့ထင်တယ်။
အဲ့ကြောင့် သူ့ပေါ်ကို အတိုးချပြီး ရစ်နေတာ.
" အင်း..စွပ်ပြုတ်မကြိုက်ရင်လည်း အခြားဟာ သွားဆင်းဝယ်ပေးမယ်လေ
ဘာစားချင်လဲ
ထမင်းကြော်လား..မဟုတ်လည်း ဖက်ထုပ်လား တစ်ခုခုတော့ စားမှရမယ်နော်''
" ဘာမှမစားချင်ဘူး။
ပါးစပ်ထဲ ခါးနေသလို့ကြီး''
Tine ဘာပြောရမှန်းမသိတော့။
ဘာမှမစားချင်ဘူးဆိုတဲ့ ကလေးဆိုးကို မည်သို့များ ချော့မော့ကျွေးရပါမည်နည်း
" ပါးစပ်ခါးနေရင် အစပ်စားပေးရမယ်ထင်တယ်။
ဒါပေမဲ့ မင်းမနေ့ညတစ်ညလုံး ဘာမှမစားထားတော့ စပ်တဲ့ဟာစားရင်လည်း မကောင်းဘူး။
အစာအိမ်ထိမှာ''
Tine ဒုတိယတစ်ကြိမ်မြောက်သက်ပြင်းချရပြန်သည်။
ထိုအခါတွင်တော့ wat သူ့လက်မောင်းဖက်နေရာမှ သူ့ကို မော့ကြည့်လာ၏။
" Tine..စိတ်ဆိုးသွားတာလား''
မျက်နှာသူငယ်နဲ့ စိတ်မကောင်းသလို မေးလာသည်။
သူ ခေါင်းခါပြလိုက်ရသည်။
ဘယ်လိုလုပ်စိတ်ဆိုးရက်မှာတုန်း
စိတ်ဆိုးတာထက် စိတ်ပူမိတာ
သို့ပေမဲ့ tine ခပ်စိတ်စိတ်ပင် မျက်နှာကို မပြုံးမရယ်တည်ထားလိုက်၏။
မတတ်နိုင်..သူ့မှာ ဒီနည်းလမ်းဘဲ ရှိတော့တာ
ထင်သည့်အတိုင်းပင် watပျာယာကို ခတ်သွားရှာသည်။
" အင်းပါ..ကိုယ်စားပါ့မယ်
ဒီလိုကြီးတော့ မနေပါနဲ့ tine''
Tine လှည့်လည်း မကြည့်သလိ​ု ဘာမှလည်း ပြန်မပြောမိ။
အကျိုးဆက်ကား watသူ့ရှေ့မှာတင် ကြက်စွပ်ပြုတ်တစ်ပန်းကန်လုံး ပြောင်နေအောင်စားသွားတာပင်။
Tine ထိုအခါမှ စိတ်အေးသွားကာ ယဲ့ယဲ့လေးပြန်ပြုံးနိုင်တော့သည်။
" တော်တယ်။အကုန်ကို စားနိုင်တာဘဲ''
" ကိုယ့်ကို ချော့တာ မရလို့ စိတ်ကောက်သလို ဟန်ဆောင်တယ်ပေါ့''
Watက အနည်းငယ် စိတ်ဆိုးချင်နေသည့် မျက်နှာဖြင့်မေးလာသည်။
Tine ဟန်မဆောင်နိုင်ဘဲ မျက်လုံးတွေပိတ်အောင် ရယ်မိသွား၏။
" အင်းလေ..
အဲ့လို မဟုတ်ရင် မင်းမှမစားတာ''
" ဒါဖြင့် ကိုယ်က စားပြီးပြီ။
မင်းကရော''
အဲ.. ဟုတ်သား
Watပြောမှ tine ကိုယ့်ကိုယ်ကို သတိရတော့သည်။
သူလည်း မနေ့ညကတည်းက ဘာမှကို မစားရသေး။
Watကို စိတ်ပူနေတာနဲ့တင် အကုန်ကို မေ့နေတာဘဲ
Wat က တကယ် စိတ်ဆိုးလာသည့်ဟန်နဲ့ မျက်နှာကြီးကတည်လာသည်။
Tine စပ်ဖြီးဖြီးလေးရယ်ပြရင်း
" ငါက ဘာမှမဖြစ်ဘူးလေ။
မင်း check upလုပ်နေတုန်း စားလို့ရတယ် ''
" tine..''
စိတ်ဆိုးတဲ့အဆင့် မဟုတ်တော့
အသံနဲ့တင် watဒေါသထွက်နေမှန်းသိသာတာကြောင့် tine အနည်းငယ်လန့်လာမိသည်။
" ဟို..ငါတကယ် ဒီအတိုင်း မဆာလို့ပါ
စိတ်မဆိုးပါနဲ့ wat..''
" ကျစ်..ကိုယ် စိတ်ဆိုးတာမဟုတ်ဘူး။
ကိုယ့်ကိုယ်ကို စိတ်ပျက်မိတာ''
Watက ပြောပြောဆိုဆိုနဲ့ သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလာ၏။
ရုတ်တရက်ကြီးမို့ tineအနည်းငယ် ကြောင်အနေပြီးမှ နွေးနေသည့် ရင်ခွင်ကြောင့် ပြုံးမိသွားသည်။
" ကိုယ်မကောင်းလိုက်တာ..
မင်းကို စားပြီးပြီလားလို့ မေးဖို့ကိုတောင် မေ့တယ်ဆိုတော့ ဘယ်လို စောက်သုံးမကျမိမှန်းကို မသိဘူး
မကောင်းလိုက်တာ''
ဆွေးမြည့်စွာနဲ့ ညည်းလာသည့်watကို tineမည်သို့မည်ပုံ နှိမ့်သိမ့်ပေးရမှန်းမသိ။
နည်းနည်း​​လေးမှ​တောင် ဒီလူသားကို ထိုသို့ အပြစ်ရှိနေသလို မခံစားစေချင်။
"မဟုတ်က ဟုတ်က လျှောက်တွေးပြန်ပြီ။
ငါမဆာလို့မစားတာ..
ဗိုက်မဆာတော့ စားရမှာတောင် မေ့နေတယ်။
ဘာဆိုင်လို့ မင်းက မကောင်းရမှာလဲ
မဆိုင်တာတွေ''
သူ ပေါ့ပေါ့ပါးပါးနဲ့ပင်ပြောရင်း မှုန်ကှုပ်နေသည့် တစ်စုံတစ်ယောက်ကို အောက်ကနေ ပါးတွေလိမ်ဆွဲပစ်၏။
သို့ပေမဲ့ မှုန်ကုပ်ကုပ်မျက်နှာထားက မပြောင်းလဲသေး..
Tine ရယ်လိုက်ရင်း အဆက်မပြတ်ပင် လက်ညိုးနဲ့ watမျက်နှာကို ဟိုတို့ဒီတို့ စနေလိုက်၏။
ပါးကို ဆွဲဖဲ့လိုက်၊ မျက်မှောင်ကုတ်ထားသည့် မျက်ခုံးတန်းတွေကို လက်ညိုးနဲ့ ပြန်​ဖြေလျော့စေလိုက်နဲ့.အမျိုးမျိုး စပြီးသည့်အချိန်အဆုံးတွင် wat မှိုင်တွေ​နေရာကနေ အနည်းငယ်ပြုံးလာသည်။
" ဟုတ်ပြီ။ခုမှ မျက်နှာက ပြုံးတော့တယ်။
သေးသေးမွှားမွှားကိစ္စနဲ့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့
မျက်နှာကြီး ဆူပုတ်နေရင် ကြည့်မကောင်းတော့ဘူး''
Tine ပြောနေရင်းနဲ့ ကိုယ်ကို အောက်လျှောထိုင်ရင်း watရဲ့ပေါင်ပေါ် ခေါင်းအုံးလိုက်သည်။
Watက အပေါ်စီးကနေ သူ့ကို ငုံ့ကြည့်လာသည်။
သူ့ကို ငေးနေသည့် ထိုမျက်ဝနိးတွေထဲတွင် မြတ်နိုးခြင်းအရိပ်အယောင်တွေထင်ဟပ်နေတာ သိပ်ကို ထင်ရှားလွန်းပါ၏။
" မင်းနဲ့ပတ်သတ်ရင် တစ်ခါမှ အသေးအမွှားလို့ မတွေးခဲ့ဖူးဘူး''
ခပ်ပြတ်ပြတ်ဆိုလာသည့် စကားတစ်ခွန်းနဲ့အတူ သူ့နှာဖူးပြင်သည် နွေးထွေးသွားရသည်။
Tine ကြည်နူးမှုအပြည့်နှင့် ပြုံးမိတာအမှန်။
မနက်ခင်းကား အချစ်​တွေအ​ပြည့်နဲ့ စိတ်ချမ်းသာဖွယ်အတိ.
နှစ်ယောက်သား အတန်ငယ်လောက် အချင်းချင်းပြန်စနှောက်ပြီးသည့်အချိန် tine မနက်စာစားရန် ဆေးရုံအောက်ထပ်ကို ဆင်းလာခဲ့​လေသည်။
ဘာစားမယ်ညာစားမယ်လို့ စိတ်ကူးမအားခဲ့။
နီးနီးနားနားဖက်ထုပ်ဆိုင်ကနေ ဖက်ထုပ်တစ်ပွဲသာ ဝယ်စားလိုက်သည်။
ထိုအချိန် နေတော်တော်မြင့်နေပြီမို့ main လမ်းမှာလည်း ကားတွေအပြည့်တဝီဝီနဲ့ သွားလာနေကြပြီ။
စားပြီးသောက်ပြီးသည်နှင့် tineခပ်သွက်သွက်ပင် ဆေးရုံထဲ ပြန်လျှောက်လာခဲ့သည်။
တော်ကြာ watတစ်ယောက်တည်း ပျင်းတွဲတွဲ ဖြစ်နေမှ
ဆရာဝန်တွေ၊လူနာတွေကို သူဖြတ်ကျော်လျှောက်လာရင်း watရှိရာ အခန်းဆီကို သူဉီးတည်သွား၏။
အခန်းနားရောက်ခါနီးတွင် tine လျှောက်နေရင်းတန်းလန်း ခြေလှမ်းတွေတုန့်ကနဲ ဖြစ်သွားရသည်။
အကြောင်းမူ wat၏အခန်းရှေ့တွင် ပန်းနုရောင်ထက်အောင်ဆင်တူ ကို ဝတ်ထားသည့်အမျိုးသမီးတစ်ဉီး တံခါးကို ဖွင့်မလိုလိုမဖွင့်သလိုနဲ့ ဗျာများနေတာကို တွေ့လိုက်ရခြင်းပင်။
မည်သူမှန်း အကြာကြီး စဉ်းစား​နေစရာအကြောင်းမရှိ။
ထုံးထားသည့်ဆံထုံး၊ဝတ်ထားတဲ့ အဝတ်အစားအပြင်အဆင်အရ watရဲ့အမေဆိုတာ တန်းသိပါပြီ။
လက်ထဲမှာလည်း မုန့်ခြင်းလေးကိုင်ထားသဖြင့် watကို ပေးဖို့ ရည်ရွယ်ထားတာနေမှာ..
Tine အလွန်မြန်သည့် ခြေလှမ်းကျဲကြီးများဖြင့် watအမေနား ရောက်သွားသည်ယ
တံခါးလက်ကိုင်ကို ကိုင်ထားသည့်လက်ကို သူလှမ်းဆွဲလိုက်စဉ် watအမေကား  မျက်လုံးအဝိုင်းသားနဲ့ သူ့ကို အလန့်တကြား ပြန်ကြည့်လာ၏။
" တောင်းပန်ပါတယ်ခင်ဗျ
Wat ကို မတွေ့ခင် ကျွန်တော်နဲ့ ခဏ လိုက်ခဲ့ပါလား။
သူ့အကြောင်း နည်းနည်းပြောချင်လို့''
သူ ယှဉ်ကျေးစွာပင် ခွင့်တောင်းလိုက်တော့ watအမေသည် သက်ပြင်းဖွဖွချပြီး ခေါင်းညိတ်ပြလာသည်။
ဆေးရုံကန်တင်းနားက ခုံမှာ ထိုင်မိကြ၏။
" သားနဲ့တွေ့လို့ အဆင်မပြေလောက်ဘူးထင်တယ်''
ကော်ဖီခွက်ကို ကိုင်ပြီး တိုးတိုးရေရွတ်လာသည့် watအမေ၏စကားကို tine ဘာမှပြန်မပြောမိ။
အတန်ကြာမှ
" အခုလောလောဆယ်တော့ အဆင်မပြေလောက်ဘူး
သူ နည်းနည်းဖိအားများနေတာလည်း ပါတယ်။
အမေတို့ရဲ့ ကိစ္စတွေနဲ့ သူ့စိတ်က အသားမကျသေးဘူး။
မနေ့က သူ့အဖေ လာသွားတယ်''
နောက်တစ်ခါ ထပ်တွေ့ဖြစ်ခဲ့ရင် အမေလို့ဘဲ ခေါ်ရမယ်ဆိုသည့် စကားကို မှတ်မိတာကြောင့် tine လွယ်လွယ်ကူကူပင် အမေလို့ နှုတ်ကျိုးနိုင်ခဲ့၏။
" အင်း..အမေသိတယ်။
သူ့အဖေပြောလို့ဘဲ ကြားကြားချင်း ဆေးရုံရောက်လာတာ''
Tine ဆွံအမိတာအမှန်။
Watအဖေက ထိုသို့ပြန်ပြောပြမည်လို့ နည်းနည်းမှ မထင်ခဲ့..
Watအမေက အနည်းငယ်အံ့အားသင့်သွားသည့်သူ့ကို ရိပ်မိဟန်နဲ့ ပြုံးလာသည်။
" အ​မေတို့ ကွာရှင်းပြီးပါပြီ။
Watအဖေက ခုအိမ်ထောင်သစ်နဲ့..
ဒီတိုင်း သားကို သူစိတ်ပူလို့တဲ့.
သားအကြောင်းမသိမှာစိုးလို့ သူဖုန်းပြန်ဆက်ပေးတာ''
Tine တိတ်တဆိတ်သာ ဘာမှမပြောဘဲ နေလိုက်သည်။
သေချာပါတယ်..ဒီကိစ္စwatမသိသေး
သို့ပေမဲ့ ဖြစ်ကို ဖြစ်လာနိုင်တယ်လို့ သူရောwatရော  တွက်ထားပြီးသားဆိုတော့  သိပ်တော့လည်းမထူးဆန်းနေ။
" သားနဲ့တွေ့လို့ တကယ်လုံးဝအဆင်မပြေနိုင်ဘူးလား''
အသနားခံ မျက်ဝန်းတွေဖြင့် သူ့ကို တောင်းဆိုလာပေမဲ့ tine ခပ်သွက်သွက် ပင် ခေါင်းခါရသည်။
"တကယ်မရလို့ပါ။ဆရာဝန်ကိုယ်တိုင်ကိုက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတာတွေ သူနဲ့ဝေးဝေးမှာထားလို့ ပြောထားတာ
ဟို..ကျွန်တော် ပြောရမှာ အားတော့နာတယ်။
အမေသွားတွေ့ဖို့ တကယ်အဆင်မပြေလောက်ဘူး။
သူပြန်စိတ်ရှုပ်လာမှာ စိုးတယ်''
Tine မျကိနှာပူစွာနဲ့ ပြောနေစဉ် watအမေကား ခေါင်းခါရင်း ရတယ်။သူနားလည်ပါတယ် ဆိုသည့်အဓိပ္ပါယ်နဲ့ လက်ကာပြလာသည်။
" အမေနားလည်ပါတယ်။
တစ်ခုဘဲ သား သက်သာရဲ့လား''
Tine အနည်းငယ်တော့ စိတ်မကောင်းမိ။အဖေထက်ဆိုင်ရင် အမေဖြစ်သူက အရင်ကတည်းကကို wat​ပေါ် အနည်းငယ်ဂရုစိုက်ပေးသေးသည်။
Danကြောင်​့ watဆေးရုံတက်ရတုန်းကလည်း watအမေ ဆေးရုံရောက်လာခဲ့သေး၏။
ခု လည်း သူ့ခမျာ သား​ဖြစ်သူကို တွေ့ချင်နေရှာမှာ
သို့ပေမဲ့ watအတွက် တကယ်ကို အဆင်မပြေနိုင်။
နလန်ထူပြီးခါစ သက်သောင့်သက်သာ နားနေနိုင်မှာမဟုတ်။
" သက်သာပါတယ် ။
မနေ့က သူသတိလစ်တုန်းတော့ အ​ေကြာဆေးတွေအများကြီး သွင်းရသေးတယ်''
Watအမေထံမှ သက်ပြင်းဖွဖွချသံထွက်သည်။
မျက်နှာတွင် စိုးရိမ်ပူပန်မှုတွေက အထင်းသားပေါ်နေ၏။
" ကိုယ်တိုင်သာ ပြေးတွေ့ချင်လိုက်တာ။
သားက နေမကောင်းရင် အစားလည်း မစားတော့ဘူး။''
အစားဆိုမှ tineမျက်လုံးတွေအရောင်လက်သွားသည်။
မနက်က ကိစ္စကို မေးဖို့ လမ်းစရပြီ မို့..
"အမေ ကျွန်တော် တစ်ခုမေးလို့ရမလားဗျ''
" အင်း..မေးလို့ရတယ်''
Tine အနည်းငယ် ခေါင်းကုတ်နေပြီးမှ အားနာဟန် ရယ်ပြရင်း
" ဟို..သူနေမကောင်းရင်လေ ဘာတွေများ စားတတ်လဲ မသိဘူး''ဟု မေးမိသည်။
"တုံယမ်း ဟင်းချိုတို့၊ တိုဖူး​အစပ်ချက်တို့လို မျိုး ချဉ်စပ်တွေ သူ ကြိုက်တယ်။
နေမကောင်းရင် ပါးစပ်ခါးတော့ အအီစာတွေသူမကြိုက်ဘူး။
ကြက်စွပ်ပြုတ်တို့ ၊ ဆန်ပြုတ်တို့ဆို သူလုံးဝကိုမစားတာ''
တုံ့ဆိုင်းမှုမရှိ ဖြေလာပေးသည့် watအမေ၏စကားတစ်လျှောက်လုံး ငြိမ်နားထောင်ပြီးမှ နောက်ဆုံး စကားအရောက်တွင် tine မျက်လုံးတွေပြူးကျယ်သွားရ၏။
" ကြက်စွပ်ပြုတ်တို့ဆို လုံးဝကို မစားဖူး''
စိတ်လှုပ်ရှားမိသဖြင့် အသံကျယ်သွားတာကြောင့် watအမေက သူ့ကို အံ့အားသင့်စွာကြည့်လာ၏။
" သူငယ်ငယ်တုန်းကတော့ စားပါသေးတယ်။
အလယ်တန်းလောက်ရောက်တော့ အဲ့တာတွေကျွေးရင် ပါးကန်တွေပါ ပုတ်ပုတ်ချပစ်တာ။
သူ နေမကောင်းဖြစ်တိုင်း အမေရော သူ့အဖေရော သူ့ဘေးမှာ မရှိတာများတယ်။ အထိန်းတော်ကြီးကလဲ နေမကောင်းဘူးဆိုတာနဲ့ အဲ့တာတွေဘဲ ချက်ချက်ကျွေးဆိုတော့ မုန်းသွားထင်တယ်''
အဲ့ကြောင့်မနက်က မစားဘူးဆိုပြီး အသည်းအသန်ငြင်းတာကိုး
ဒါကို သူက ဘုမသိဘာမသိနဲ့ ခြိမ်းခြောက်ပြီး စားခိုင်းသေးတာ
မကြိုက်ရက်သားနဲ့ တစ်ပန်းကန်လုံးကုန်အောင် စားသွားတဲ့wat
Tine စိတ်ပျက်စွာပင် စိတ်ထဲကနေ ကိုယ့်ကိုယ်ကို ပြန်ကျိန်ဆဲနေမိသည်။
Watအမေက အတွေးများနေသည့်သူ့ကို အကဲခတ်နေရင်း
" ကြည့်ရတာ သား ကြက်စွပ်ပြုတ်နဲ့ သွားကျွေးမိတာထင်တယ်''
ဟု ပြုံးစစမေးလာ၏။
" ဟုတ်..
မစားချင်ဘူးလို့ ငြင်းနေတာကို.ကျွန်တော် အတင်းကြီး သွားကျွေးမိတယ်''
Tine အားပျော့နေသည့်အသံဖြင့် တိုးညှင်းစွာ ရေရွတ်မိသည်။
Watအမေက ဘာကို သဘောကျသွားလဲမသိ။
ပါးစပ်ကို လက်နဲ့အုပ်ကာ ရယ်လာ၏။
" သားက မင်းနဲ့တွေ့တော့ တကယ် အရမ်းကိူ ပြောင်းလဲသွားတယ်။
အံ့ဩစရာကြီး..
အရင် တဇွတ်ထိုးသမား လုပ်ချင်ရာ လုပ်တဲ့သားက မင်းနဲ့စပြီး အမူအကျင့်တွေကအစ အကုန်ပြောင်းကုန်တာ.''
Watအမေသည် စီးပွားရေးကိစ္စတွေနဲ့ watအနားမှာ မရှိပေးနိုင်သော်လည်း watအကြောင်းကိုတော့ ကောင်းကောင်းသိရ​ှာ၏။
" အချိန်လည်း မစောတော့ဘူး။
အမေပြန်တော့မယ်။
ဒါလေးကိုတော့ ယူသွားပေးလို့ရမလား
လူကိုယ်တိုင်ပေးချင်ပေမဲ့ သားပြောသလို အဆင်မပြေဘူးဆိုတော့.. ''
Tine ခေါင်းဖွဖွညိတ်ရင်း သူရှေ့တိုးလာပေးတဲ့ မုန့်ခြင်းတောင်းကို ယူလိုက်သည်။
Watအမေက ထိုင်ရာကနေ ထလာတာကြောငိ့ သူပါ မတ်တပ်ထရပ်လိုက်၏။
" ကျေးဇူးတင်ပါတယ်..
သားကို ဂရုစိုက်ပေးလို့
သူ့ဘေးမှာ ဆက်ရှိနေပေးပါလို့လည်း အားနာနာနဲ့တောင်းဆိုပါရစေ''
" သူ့နားကလွဲ ပြီးလည်း အခြားနေရာမှာ ကျွန်တော်မနေတတ်တော့ဘူးဗျ''
Tine ရယ်၍ ပြော​တော့ Watအမေက ပြုံးကာ ခေါင်းသဲ့သဲ့ညိတ်ပြပြီး နှုတ်ဆက် ပြန်သွား​လေသည်။
Watအမေ ထွက်သွားပြီးပြီးချင်း tine မုန့်ခြင်းကြီးနဲ့ အလောတကြီး ပြေးရပြန်ပါသည်။
ခဏ ဆိုပြီး သွားလိုက်တဲ့သူ့ကို တစ်စုံတစ်​ယောက် လည်ပင်းတရှည်ရှည်နဲ့မျှော်နေလောက်ပြီ။
တကယ်လည်း သူ့ထင်သည့်အတိုင်းပင်။
အခန်းထဲလည်း ရောက်ရော သူ့ခမျာ ချွေးတောင် ကောင်းကောင်း မသုတ်အားလိုက်။
ကြာတယ်ဆိုတဲ့အကြောင်းပြချက်ကြီးနဲ့ နှုတ်ခမ်းတွေပူထူအောင် အနမ်းခံလိုက်ရသည်။
" အဲ့မုန့်တွေ tineဝယ်လာတာလား''
လူကို အမျိုးမျိုး ကြိုက်သလိုကလိပြီးမှ wat၏အာရုံက မုန့်ခြင်းနားပြန်ရောက်သည်။
Tine မှာ အမော့ဆို့မတတ်ပြေးလာရတာရော၊
အသက်ရှုမဝအောင် အနမ်းခံထားရတာကြောင့် ရော ရေဘူးတစ်ဘူးလုံး ကုန်တဲ့အထိကို မော့နေရင်း လက်ခါပြလိုက်၏။
" ဘယ်သူပေးတာတုန်း''
မုန့်ထုပ်တောင်ဖောက်စားတော့မည့်ဟန် လက်ပြင်နေသည့်watကြောင့် သူ့မှာ ဖြေရနိုးနိုး မဖြေရနိုးနိုးဖြစ်နေသည်။
" အာ..ဟို.မင်းရဲ့fansတွေပေးသွားတာ''
မထူးဇာတ်ခင်းလိုက်မယ် လို့တွေးပြီး သူလိမ်လိုက်၏။
သို့ပေမဲ့ မုန့်ထုပ်ဖောက်နေသည့် watရဲ့လက်တွေသည် ရပ်သွားပြီး အိပ်ရာပေါ်ကနေ စားပွဲနားထိုင်နေသည့်သူ့ကို လှမ်းကြည့်လာသည်။
တစ်ခါမှ watပေါ်မလိမ်ဖူးတာမို့ tineတကယ်မနေတတ်။
ထိုင်ရမလို ၊ ထရမလိုနဲ့ သူ့မှာ watမျက်နှာကို စေ့စေ့မကြည့်ရဲ။
ထိုစဉ်
" ကလေးပေါက်စလေး ကိုယ်သိတယ်နော်။
လိမ်နေတယ်ဆိုတာ''
စကားနှစ်ခွန်းတည်းနဲ့တင် tine ဘာမှ ထပ်လိမ်နိုင်စွမ်းမရှိတော့။
သက်ပြငိးတစ်ခုနဲ့အတူ သူခေါင်းညိတ်ပြလိုက်၏။
" အင်း..ငါလိမ်တာ.''
သူပြောရင်း မျက်နှာပါ အောက်ငုံ့ချလိုက်သည်။
Watထံမှ ဘာစကားသံမှထွက်မလာ
အဲ့အစား ခပ်သဲ့သဲ့ရယ်သံတစ်ခု ထွက်လာသည်။
"မင်းလိမ်ရင် အခြားလူတွေသိချင်မှ သိနိုင်ပေမဲ့
ကိုယ်က  မရဘူး။
မင်း စကားပြောတဲ့ပုံ အသံနဲ့တင် အလိုလိုသိတာ''
Watက အရယ်တစ်ဝက်နဲ့ ပြောလာစဉ် tine ခေါင်းပြန်မော့လာခဲ့၏။
" ဒီကို လာပါအုံး''
လက်နှစ်ဖက်ကြီး ဆန့်တန့်ကာ ပြုံး၍ ခေါ်လာသည့်watကြောင့် သူ အနည်းငယ် ဆူပုတ်ချင်နေသည့်မျက်နှာထားနဲ့ တိုးကပ်သွားလိုက်သည်။
" တောင်းပန်ပါတယ်။
ငါလိမ်ဖို့ မရည်ရွယ်ပါဘူး''
ရင်ဘတ်ပေါ် မျက်နှာကြီးအပ်ပြီး တောင်းပန်စကားဆိုတော့ သူ့ဆံပင်တွေကို တစ်စုံတစ်ယောက်က လက်နဲ့ပွတ်သပ်ပေးနေသည်။
"ကိုယ် သိပါတယ်။
မင်းမရည်ရွယ်မှန်း..
ဒီမုန့်တွေကို ပေးတဲ့သူက အမေမို့လား''
Tine အံ့ဩလွန်းစွာပင် watနဲ့ကိုယ်ချင်းခွာလိုက်ကာ watကို ပြူးကြည့်မိသွားသည်။
" မင်းဘယ်လိုသိ''
သူပါးစပ်အဟောင်းသားဖြစ်နေစဉ် watက ဘာမှမပြော။
အတန်ကြာမှ မုန့်ခြင်းတောင်းကို လှမ်းယူကာ
အပြုံးတစ်ခုနဲ့အတူ watက ဆိုလာသည်။
" အင်း..ဒီခြင်းပေါ်စွဲနေတဲ့အနံ့ကြောင့်''
" ဟမ်..အနံ့ကြောင့်''
Wat ဘာကို ဆိုလိုမှန်း tineနားမလည်မိ။
ထို့ကြောင့် မုန့်ခြင်းကို watလက်ထဲကနေ ပြန်ယူပြီး တရှုံ့ရှုံ့လုပ်နေမိ၏။
သူ့နှာခေါင်းထဲကို ပန်းနံ့လို အနံ့သင်းသင်းလေးတိုးဝင်လာသည်။
ထိုလောက်နဲ့တင် သူ ချက်ခြင်းတန်းသဘောပေါက်လိုက်ပါ၏။
" မင်းအမေရဲ့ ရေမွှေးနံ့ကြောင့်လား''
" အင်း..ငယ်ငယ်တုန်းက ကျောင်းမသွားချင်ဘူးဆိုပြီး အမေ့ကို ဖက်ဖူးတယ်။
အဲ့အနံကို မှတ်မိနေလို့.
အမှန် ကိုယ်အစ သိပ်မသေချာသေးဘူး။
မင်း fansတွေလို့ လိမ်လိုက်မှ ကိုယ်တန်းသိသွားတာ''
Watက ပြောရင်း ရယ်လာသည်။
သူကတော့ မရယ်နိုင်။
ပိုပိုတိုး၍သာ စိတ်မကောင်းဖြစ်မိ၏။
ကိုယ့်အတ္တတွေ ဖြစ်ချင်တာတွေဘဲ ဉီးစားပေးနေထိုင်ခဲ့တဲ့ မိဘတွေကြား ဘယ်လောက်များ ဤလူသားမှာ နာကျင်မွန်းကြပ်ခဲ့ရရှာမလဲ
သူတောင် တွေးကြည့်ရုံတင် ဒီလောက်ပင်ပန်းရတာ
Watသာဆိုရင်တော့..တကယ်ပြောဖွယ်ရာစကားတောင်မရှိတော့
တောင်းတဲ့ဆုတိုင်း ပြည့်နိုင်တယ်ဆိုလျှင် tine ဆုတစ်ခုသာတောင်းချင်ပါသည်။
Watရဲ့နာကျင်ဖွယ်အတိတ်တွေကို မှတ်ညဏ်ထဲကနေ ဖျောက်ပေးချင်တဲ့ အစွမ်း..
တကယ်ဒီအစွမ်းသာ ပိုင်ရရင် watကို ဘာနာကျင်မွန်းကျပ်မှုတွေမရှိဘဲ သာမန်လူတွေလို အေးအေးသက်သက်သာသာဖြစ်စေချင်သည်။
အတွေးပေါင်းဂယောက်ခြောက်ခြားနဲ့ လူက ငှိုင်နေမိတုန်း watက သူ့ပါးတစ်ဖက်ကို ဆွဲညစ်လာ၏။
" ဘာတွေလျှောက်တွေးနေပြန်ပြီလဲ ကျွဲပေါက်လေး..''
" ဘာမှမတွေးပါဘူး ။ဒီတိုင်း..
ဟို ငါမင်းကို ဖက်မယ်နော်''
သူရဲ့ထူးထူးဆန်းဆန်း မဆိုစဖူး တောင်းဆိုမှုကြောင့်ထင်တယ်။
Wat အံ့အားသင့်နေတုန်း tine ရဲ့လက်တွေက wat၏ကျောပြင်ကို တင်းနေအောင်ဖက်ပြီးသားဖြစ်နေခဲ့ပြီ။
"Tine''
"အင်း.ငါ ဖက်ချင်နေလို့
နောက်ကျရင်လည်း မင်းကို ဒီထက်များများပိုဖက်ပေးမယ်သိလား
မင်းစိတ်သက်သာရအောင် ငါဘာမဆိုလုပ်ပေးမယ်''
Watရဲ့ မစတင်ရသေးသည့်မေးခွန်းကို tineဉီးအောင်ဖြေပေးလိုက်ပါသည်။
အတန်ကြာသည့်အထိ watထံမှ ဘာစကားသံမှ မထွက်လာသေး။
အဲ့အစား သူ့ကို ပိုတိုးဖက်လာ၏။
ထိုအပြုအမူနဲ့တင် သူတို့နှစ်ယောက်အတွက် ဘာစကားလုံးမှ ထပ်မလိုတော့။
လုံလောက်ပါပြီ..
အချိန်ဘယ်လောက်ကြာသွားမှန်းမသိ..
ရုတ်တရက် ချောင်းဟန့်သံတစ်ခု အခန်းထဲ ကျယ်လောင်စွာ ထွက်လာသည်။
နှစ်ယောက်သား အလျင်အမြန်ပင် ကိုယ်ချင်းခွာလိုက်ကြသည်။
အခန်းပေါက်ဝမှာ ပြုံးစိစိမျက်နှာထားနှင့်ရပနေသည်​့ pam..
"စောစောစီးစီးကိုဟာ..
Roနေလိုက်ကြတာ..
ငါ ဒီတိုင်း ရပ်နေတာကြာပြီဟဲ့
တံခါးခေါက်သံတောင် နင်တို့မကြားကြဘူးမလား''
မတွေ့ရတာကြာပြီဖြစ်တဲ့ မpam၏စကားအဆုံးတွင် tineမျက်နှာတစ်ပြင်လုံး နီတွတ်သွားရှာလေသည်။
မျက်နှာအချိုးမပြင်သေးသည့်pamကား သူနဲ့watကို တစ်လှည့်စီကြည့်ပြီး ရယ်နေ၏။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now