Chapter - 2(Unicode)

2.1K 161 0
                                    

Unicode

"N'tine မင်းရဲ့လက်ကို သေချာမြှောက်စမ်း''
Cheerleadingအမကြီး၏အသံကဟိန်းကနဲ။Tineကြောက်ကြောက်နဲ့ ညောင်းနေသောလက်ကို သေချာပြန်မြှောက်လိုက်ရသည်။ဗိုက်ကလည်းဆာ၊ညောင်းကညောင်း၊ခြင်တွေက ကိုက်နဲ့ cheerleaderအဖွဲ့သားတွေသည် အလွန်ပင်ပန်းနွမ်းနယ်နေကြပြီ။သို့သော် စီနီယာတွေကို အရွှဲ့တိုက်ပြီး မည်သူမျှ ဆိုးဆိုးရွားရွားမလုပ်ရဲကြ။ညောင်းတယ်ဆိုပြီး မဲ့ရှုံ့ရှုံ့သွားလုပ်လျှင် တစ်ညလုံး အိမ်ပြန်ရဖို့လမ်းမြင်မည်မဟုတ်။ည9ခွဲနေပြီဖြစ်သော်လည်း စီနီယာတွေက အသည်းအသန်trainပေးနေဆဲ။Tineထိုနေရာကနေသာ အမြန်ဆုံးပျောက်ကွယ်ပစ်ချင်သည်။
"ကဲ ကဲ ဒီနေ့တော့ဒီလောက်ဘဲ။အိမ်ကို သွက်သွက်ပြန်ကြ။မိုးက အခြေအနေမကောင်းဘူး။မနက်ဖန်လည်း လူပုံမှန်ရှိတာကိုဘဲ လိုချင်တယ်။ ကဲ ပြန်လို့ရပြီ။''
တစ်ဖွဲ့လုံးညည်းညည်းညူညူနဲ့ပွစိပွစိရွတ်
ကာ ကွင်းထဲက ထွက်သွားကြသည်။Tineကတော့ ထိုနေရာမှာပင် ပစ်သာပစ်လဲပစ်ချင်သည်။သူ့ဆိုင်ကယ်က ပြင်ဆိုင်ရောက်နေသောကြောင့် အဆောင်ကို ခြေကျင်လျှောက်ပြန်ဖို့သာရှိ၏။ခါတိုင်း ကြယ်တွေနဲ့တောက်ပနေသော ကောင်းကင်ကလည်း ယနေ့ညတွင်တော့ မည်းမှောင်​နေသည်။မိုးသာရွာရင်တော့ Tine အဆောင်သို့တော်တော်ပြန်ရောက်နိုင်မှာမဟုတ်။
သူ့အဆောင်က ကျောင်းနဲ့ဝေးသည့်အပြင်လူကလည်း ပြတ်သေးသည်။အမှန်က Tineနေနေသည့်အဆောင်က ကျောင်းသားအများစုသိပ်မငှားကြ။ခပ်များများက ထိုထက်ပိုကောင်းသည့်နေရာကိုသာ ရွေးချယ်ကြ၏။
Tine သူ့အတွေးမဆုံးခင်မှာပင် မိုးကဝေါကနဲရွာချလာသည်။လွယ်အိတ်ကိုပိုက်ကာမိုး​​ေရထဲတွင်ခပ်သွက်သွက်ပြေးလိုက်ရသည်။မိုးက သည်းသည်းမည်းမည်းရွာနေသောကြောင့်ဘာမှသဲသဲကွဲကွဲမမြင်ရ။အ​ေဆာင်သို့ေရာက်ခါနီးတွင်​ေတာ့မြင်ကွင်းတစ်ခုကြောင့်Tine၏ခြေလှမ်းတို့သည် တုန့်ခနဲရပ်သွားလေသည်။
တစ်စုံတစ်ယောက်သည် သူ့အဆောင်ရှေ့တွင်လဲနေသလို။Tine ဇဝေဇဝါဖြစ်ကာ ထိုနေရာသို့အပြေးသွားလိုက်သည်။တကယ်ပင် လူတစ်ယောက်သည် မှောက်ခုံအနေအထားဖြင့်လဲနေ၏။ဝတ်ထားသော T shirt ပုံအရ Tineတို့ကျောင်းကဘဲဖြစ်သည်။အကျီမှာလည်း သွေးစွန်းစွန်းနီနေပုံအရ တော်တော်လထိခိုက်ထားဟန်တူ၏။Tine စိုးရိမ်တကြီးနဲ့ပြေးပွေ့လိုက်ကာ
"ဒီမှာ ဒီမှာ သတိထားပါဉီး''ဟုအမော​တကောခေါ်မိသည်။
မျက်နှာကို ဆွဲမော့လိုက်တော့ သူလုံးဝမထင်ထားသည့်သူဖြစ်နေ၏။မိန်းကလေးတွေရဲ့ အချစ်တော် sarawat။
"sarawat ''
Tine ၏အသံသည် တိုးညင်းစွာ ထွက်လာသည်။စိတ်မကောင်းဖြစ်ခြင်း၊ဝမ်းနည်းခြင်း၊အံ့ဩခြင်း ခံစားချက်ပေါင်းစုံသည် သူ့ရင်ဝထဲကို တစ်ပြိုင်တည်း တိုးဝင်လာ၏။​ေလာလောဆယ်​ေတာ့တက္ကသိုလ်တစ်ခုလုံး၏ အသည့်းစွဲဖြစ်သောsarawatသည် Tineလက်ပေါ်တွင် ပဟေဠိပေါင်းများစွာနဲ့မေ့မြောနေခဲ့လေပြီ။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now