Chapter- 21(Uni+Zaw)

1.9K 158 28
                                    

Unicode

အပြာနုရောင်သံတံခါးမကြီးကနေ ခေတ်မီခမ်းနားလှတဲ့အိမ်မျက်နှာစာကို မြင်လိုက်ရတဲ့တစ်ခဏ tineခြေဖျားလက်ဖျားတွေ အေးစက်လာ၏။
ဘယ်လိုသတ္တိနဲ့ဒီအိမ်ထဲကို ဝင်ရမှာလဲ ဟုအကြံအိုက်ကာ တံခါးရှေ့မှာ နာရီဝက်လောက်ဟိုလျှောက်ဒီလျှောက်လုပ်နေမိသည်။
မနေ့က pamနဲ့တွေ့ပြီးတော့ အရာရာအားလုံးကရှင်းလင်းသွားခဲ့သည်။
အဲ့ဒါနဲ့ sarawatဆီသွားပြီး တောင်းပန်စကားတွေပြောဖို့ တစ်ညလုံးထိုင်စဉ်းစားပြီးမှ
လောလောဆယ်တော့ တောင်းပန်ဖို့မပြောနဲ့။အိမ်ကို မြင်ရုံနဲ့တင် ကြက်သိမ်းတွေထနေတာမို့ ဘာဆက်လုပ်ရမှန်းမသိ။
ဒါပေမဲ့ သူ sarawatကို ချစ်တယ်ဆိုတဲ့စကားတော့ ပြောခွင့်ရချင်သည်။
sarawatကို မမြင်ရတဲ့3ရက်တွင်း သူ့မှာသေမတတ်ခံစားရပြီးပြီ။
အနည်းဆုံး sarawat နေကောင်းလား
တောင်မသိနိုင်တဲ့ဒီရက်တွေဟာ တကယ်ပင်သူ့ကို ပူလောင်စပ်ဖျားဖြစ်စေတာ​ေတာ့အမှန်။
ပြီးရင် မှားတဲ့သူက သူ။
Tine သက်ပြင်းသဲ့သဲ့ချမိရင်း တံခါးမကြီးနား တိုးကပ်သွားလိုက်သည်။
အနည်းငယ်တွန့်ဆုတ်နေပြီးမှ တံခါးဘေးကလူခေါ်ဘ်လ်လေးကို သူအားတင်းနှိပ်ချလိုက်၏။
တစ်မိနစ်လောက်အကြာတွင်တော့ အဖိုးကြီးတစ်ယောက်ရောက်ချလာသည်။
သေသပ်လွန်းသော ဝတ်စုံကိုဝတ်ဆင်ထားပြီး ဉီးထုပ်အညိုကို ဆောင်းထားသည့်ထိုအဖိုးအိုမှာ တံခါးမဖွင့်ပေးဘဲ tineကို စူးရှသောမျက်လုံး​တွေနဲ့အကဲခတ်နေ၏။
Tine တံတွေးတစ်ခုကို မျိုချပြီးမှ
"Sarawat ရှိလား ခင်ဗျ။''
ဟု မေးမိသည်။
"မြေးက ဘယ်သူလဲ။သခင်လေးရဲ့ သူငယ်ချင်းလား။''
အဖိုးအို၏အသံကတော့ နူးညံ့ပြီးအေးချမ်းပါသည်။
"ဟုတ်ကဲ့။sarawat သူငယ်ချင်းပါ။
Tineလို့ခေါ်ပါတယ်။''
ရုတ်တရက် အဖိုးအို၏မျက်လုံးအစုံသည် အံအားသင့်သည့်အရိပ်အယောင်တွေလွှမ်းသွား၏။
သူ့ကို ခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်ပြီးမှ
Codeကို ဖြေ၍ တံခါးမကို ဖွင့်ပေးသည်။
"သခင်လေးက အိမ်ထဲမှာ မြေး။
လာ..လာ အဘိုးနောက်လိုက်ခဲ့။''
Tine ကြောင်တောင်တောင်လေးခေါင်းညိတ်ပြရင်း ထိုအဘိုးနောက်လိုက်လာခဲ့သည်။
သူသွားသည့်လမ်းတစ်လျှောက်မှာ ထူးထူးဆန်းဆန်းအပင်တွေစိုက်ထားတာမို့
Tine အံဩတကြီးနဲ့ငေးရင်း လိုက်လာခဲ့ပါသည်။
အိမ်ပေါက်ဝရောက်သည့်အချိန်တွင်တော့ အဘိုးအိုက သူ့ကို အထဲဝင်ပါ ဆိုသည့်လက်ဟန်လေးပြရင်း ထွက်သွားသည်။
Tine ပါးစပ်အဟောင်းသားနဲ့တစ်ခဏလောက်ရပ်နေပြီးမှ ဝင်လိုက်၏။
အထဲသို့ဝင်ဝင်ချင်း
အထက်တန်းကျပြီး ကျယ်ဝန်းသပ်ရပ်လွန်းတဲ့ဧည့်ခန်းလေးက သူ့ကိုဆီးကြိုနေခဲ့သည်။
Tine မျက်စိကစားပြီး ဟိုကြည့်ဒီကြည့်လုပ်နေခိုက် ဆိုဖာနားမှာ အမျိုးသမီးတစ်ဉီးသည် သူ့ကိုကျောပေးကာ စားပွဲခုံကို တိုက်နေသည်။
"အဒေါ်ခင်ဗျ...''
Tine၏အသံကြောင့် ထိုအမျိုးသမီးသည်
ချာကနဲလှည့်ကြည့်လာ၏။
စောစောက အဘိုးလိုပင်သူ့ ကို အံဩတကြီးနဲ့ပြူးကြည့်နေသည်။
"အဲ မင်းက tineလား။''
Tineမှာ ကြောင်သွားသည်။သူ့သူတောင်မိတ်မဆက်ရသေး သူ့နာမည်ကို ဘယ်လိုသိတာပါလိမ့်။
သူ့အတွေးမဆုံးခင်မှာပင် အဒေါ်ကြီးက ပြုံးရင်းသူ့နားလျှောက်လာသည်။
"သခင်လေးကို လာကြည့်တာလား။''
Tine ဘုရားသာတချင်တော့သည်။ဘယ်လိုလုပ်အကုန်သိနေကြကြောင်း။
"ဟုတ်ကဲ့ ခင်ဗျ။သူအခုဘယ်မှာလဲ မသိဘူး။''
"​ေဩာ် စောစောကတော့ အပေါ်ထပ်မှာကွဲ့။မင်းလာခါနီးမှာဘဲ အောက်ဆင်းသွားတယ်။ခြံထဲမှာလားမသိဘူး။
လာ..လာ. အဒေါ့်နောက်လိုက်ခဲ့။''
ပြောပြောဆိုဆို အဒေါ်ကြီးက သူ့လက်မောင်းကိုဆွဲ၍ ခေါ်သွားသည်။
Tine သပ်ပြင်းတစ်ချက်ကို ခိုးချ၍ သူ့သူစိတ်ပျက်နေမိသည်။
sarawatကို တွေ့ဖို့ ဒီလောက်တောင် ခက်ခဲရင်အစကတည်းက သူ့ကို စိတ်ဆိုးအောင်မလုပ်ခဲ့ပါဘူး။
ဒီတစ်ခါလည်း tineမှာ ပါးစပ်အဟောင်းသားနဲ့လိုက်ပါရင်း ပတ်ဝန်းကျင်ကိုအကဲခတ်နေမိသည်။
ပြောတော့ ခြံတဲ့။အမှန်တော့ တောလမ်းနဲ့တောင်တူနေသလိုဘဲ။
သူဌေးတွေတည်းတဲ့hotelတွေနားက တကယ့်parkလိုဘဲ
သစ်ပင်ကြီးတွေက အုပ်မိုးနေပြီး အပင်ပေါင်းစုံ၊ပန်းပေါင်းစုံကတော့ ပတ်ပတ်လည်ပေါက်နေသည်။
ခပ်လှမ်းလှမ်းလျှောက်ပြီးတဲ့အချိန်မှာတော့
အဒေါ်ကြီးက ခြေလှမ်းတွေကို ရပ်လိုက်ပြီး တစ်​​နေရာကို လက်ညိုးထိုး​ပြသည်။
"အဲ့ထဲသာဝင်ကြည့်လိုက် သခင်လေးရှိလိမ့်မယ်။ကဲ အဒါ်သွားပြီနော်။''
အဒေါ်ကြီးက သူ့ကို ရယ်ပြရင်း ထွက်သွားသည်။
အဒေါ်ကြီးညွှန်ပြတဲ့နေရာက
ဟင်းသီးဟင်းရွက်ပေါင်းစုံကို သူ့တန်းနဲ့တူစီတန်းအောင်စိုက်ထားသည့် fieldအသေးစားလေး။
Tine sarawatကို တွေ့ရတော့မယ်ဆိုတဲ့အသိနဲ့ တဒိတ်ဒိတ်ခုန်နေသောသူ့ရင်ကို ထိန်းရင်း ထိုနေရာကို ခြေလှမ်းစလိုက်ပါသည်။
တစ်
နှစ်
သုံး
သုံးလှမ်းလောက်လှမ်းပြီးသည့်အချိန်တွင်တော့ tine၏မျက်ဝန်းတို့သည်ရှာ​​နေသည့်တစ်စုံတစ်ယောက်သောသူကိုတွေ့ပါပြီ။
ခေါင်းကြီးငုံ့ပြီး တူရွင်းတစ်ခုနဲ့အလုပ်ရှုပ်နေတဲ့sarawat။
Tine ရုတ်တရက် ဝမ်းသာဝမ်းနည်းမှုကို တစ်ပြိုင်တည်းခံစားလိုက်ရသည်။
ထို့နောက် ဗရမ်းဗတာခုန်ပြင်းနေတဲ့အသက်ရှူသံ​တွေကို ထိန်းရင်း ခပ်သွက်သွက်ပင် sarawatရှေ့မှာ သွားရပ်လိုက်ပါသည်။
မြေကြီးကိုထိုးဆွနေသော လက်အစုံသည် သူ့ရှူးအပြာလေးကို မြင်ရလို့လားမသိ။
တန့်ကနဲရပ်တန့်သွားပြီး သူ့ကို မော့ကြည့်လာသည်။
ခါတိုင်းလိုပါဘဲ ။အကြည့်တွေက စူးရှနေဆဲ။
မျက်နှာ​လေးကတော့ ရှောင်ကျသွားသည်။
သို့ပေမဲ့ ချောမောကြည့်ကောင်းဆဲ။
Tine ထိုမျက်နှာလေးကို သေချာငေးကြည့်နေမိသလို sarawatကလည်း သူ့ကို စိုက်ကြည့်နေ၏။
နှစ်ယောက်သား အကြည့်ချင်းဆုံသွားသည့်အချိန်တွင်တော့ ပတ်ဝန်းကျင်က အရာအားလုံးသည် ငြိမ်သက်သွားသလိုပင်။
အချိန်အတိုင်းအတာတစ်ခုထိ မျက်ဝန်းနှစ်စုံသည် အကြည့်ချင်းဖလှယ်နေကြရင်း
လွမ်းဆွတ်မှုကို ဖော်ပြ​နေမိသည်။
ပြီးမှ အရင်ဆုံးသတိဝင်လာသူက sarawat။
"မင်း ခြေထောက်တွေမညောင်းဘူးလား။အဲ့လိုကြီးရပ်မနေနဲ့။''
ရုတ်တရက်ခေါင်းပြန်ငုံ့ချသွားပြီး တိုးတိုး​လေးထွက်လာတဲ့သူ့စကားသံကြောင့် tine ကိုယ့်ကိုသတိပြန်ဝင်မိသည်။
ခြေထောက်တွေက ထံုပြီးကျင်နေပြီ။
အဲ့တာနဲ့ဘဲ မြေကြီးပေါ်မှာ ဒီတိုင်းထိုင်ချလိုက်သည်။
sarawatက သူ့အလုပ်ကို ဆက်လုပ်နေ၏။
Tineကို မော့မကြည့်။
"မင်း ဘယ်လိုလုပ်စိုက်ပျိုးရေးဝါသနာပါသွားတာလဲ။''
တိတ်ဆိတ်မှုကို ဖြိုခွဲချင်လို့ တမင်သတ်သတ်မေးခွန်းထုတ်လိုက်မိသည်။
"မပါပါဘူး။ဒီလိုဘဲ စမ်းလုပ်ကြည့်တာ။
နည်းနည်း​တော့ ပင်ပန်းပေမဲ့ ပျော်ဖို့ကောင်းပါတယ်။''
"အင်း ငါလည်း စိုက်ဖူးတယ်။အမေက အဲ့တာတွေစိုက်တာဝါသနာပါတယ်။ကူလုပ်ပေးဖူးတာ။''
Tine ရေလိုက်ငါးလိုက်ပြောနေခြင်းသာ။
နို့မိုရင် တိတ်ဆိတ်မှုက သူတို့ကြားထဲ ပြန်ကားဆီးထားမှာ ကြောက်ရသည်။
Sarawatက ဘာမှဆက်မပြောတော့။
သူ တူးထားတဲ့မြေလေးနားမှာ မျိုးစေ့တစ်ချို့ထည့်ပြီး ကရားတစ်ခုနဲ့ရေဆက်လောင်းနေသည်။
Tineစိတ်ထဲတွင် ကျင်ကနဲဖြစ်သွားသည်။
Sarawat တကယ်သူ့ကို လစ်လျူရှုသွားပြီထင်တယ်။
မျက်နှာမှိုင်မှိုင်လေးနဲ့ထိုင်​ပြီး sarawatလုပ်သမျှကို ထိုင်ကြည့်နေလိုက်သည်။
"ဘာလို့ရုတ်တရက်ကြီးကိုယ့်အိမ်ထိ လာတာလဲ''
ရုတ်တရက်သူ့ကို မော့ကြည့်လာပြီး မေးလာတာကြောင့် tineဆွံအသွား၏။
ဘာဖြေလို့ဖြေရမှန်းမသိ။
ဒါ​မေဲ့ သူ့နှလုံးသားကတော့ စကားတစ်ခွန်းကို အသည်းအသန်အော်ပြောနေသည်။
လွမ်းလို့ ငါမင်းကို တွေ့ချင်လို့။
သို့သော် ပါးစပ်ကတော့ ရေလုံငုပ်ပိတ်ကြီးနဲ့ဘာစကားသံမှကို ထွက်မလာ။
ဒီတိုင်း ဆွံအနေတုန်း sarawatက မတ်တပ်ထရပ်လိုက်သည်။
"ကဲပါ မင်းဘာအကြောင်းနဲ့ဘဲရောက်ရောက်
လောလောဆယ်တော့ ကို့အိမ်ရောက်နေပြီ။
လာ..ထ''
ပြောပြောဆိုဆိုနဲ့သူ့ကို ပွေ့ထူလိုက်သောsarawat။
လမ်းတွေလျှောက်ထားရတဲ့အရှိန်နဲ့ ခြေထောက်တွေက ကောင်းကောင်းမရပ်နိုင်ဘဲ ပျော့ခွေနေသည်။
အားမရှိတဲ့​​ေခြ​ထောက်​တွေ​​ေကြာင့်
ရုတ်တရက်ယိုင်သွားတာ​​မို့
sarawatက သူ့လက်တစ်ဖက်ကို ထိန်းညှိထားပေးရင်း
"မင်း ဒီနေ့လမ်းဘယ်ထိလျှောက်ထားတာလဲ''
ဟု မျက်မှောင်ကြီးကုတ်ပြီးမေးလာသည်။
"အရမ်းကြီးမလျှောက်ရပါဘူး။မနေ့က cheerleadingအကြာကြီးရပ်လိုက်လို့ထင်တယ်။''
သူ့အဖြေကို ကြားကြားချင်း မထင်မှတ်ထားတဲ့အရာတစ်ခုကြောင့် tineမျက်လုံးတွေပြူးသွားသည်။
သူ့ကို ဆတ်ကနဲပွေ့ချီလိုက်တဲ့ sarawatကြောင့်ပါ။
"ဟေး ဘာလုပ်တာလဲ။ပြန်ချဟ။''
"မချနိုင်ပါဘူး။ခုက ကိုယ့်အိမ်ဆိုတော့ ကိုကြိုက်သလိုလုပ်ပိုင်ခွင့်ရှိတယ်။ပါးစပ်လေးပိတ်ပြီး လိုက်ခဲ့။''
Sarawat မျက်နှာတည်နဲ့ပြောနေသော်လည်း
Tineက မလျှော့။
"ချပါ။မင်းအိမ်မှာ အခြားအစေခံတွေနဲ့မကောင်းဘူး။''
"ကို့အစေခံတွေဘဲ။ဂရုစိုက်စရာမလိုဘူး။''
ပြောရင်းတန်းလန်းနဲ့ သူ့ကို ဆက်ပွေ့ပြီး လမ်းလျှောက်နေတဲ့sarawatကြောင့် tineစိတ်ညစ်သွားသည်။
ဒီလိုအနေအထားနဲ့သူတကယ်ကို မနေတတ်။
အဲ့တာနဲ့ ငြိမ်ငြိမ်မ​နေဘဲ အတင်းရုန်းကန်နေမိသည်။
"ချပါ။sarawat တကယ်နေရခက်တယ်။''
"ငြိမ်ငြိမ်နေ။tine ။နို့မိုရင် ကိုယ်တစ်ခုခုလုပ်မိလိမ့်မယ်။''
Tine ခေါင်းမာစွာ ဆက်လက်ရုန်းကန်နေဆဲ။
"မရဘူး။ချပါဆို။ငါတကယ်....''
Tine၏စကားလုံးတို့သည် တစ်ဝက်တစ်ပျက်နဲ့တင်ပျောက်ဆုံးသွား၏။
အကြောင်းမူ sarawatက သူ့နှုတ်ခမ်းတွေကို ပိတ်နမ်းလိုက်တာကြောင့်မို့ပါ။
နူးနူးညံ့ညံလေးမဟုတ်။
အားပါပါနဲ့ပင် သူ့နှုတ်ခမ်းသားတွေကို စုပ်ယူပစ်တာဖြစ်သည်။
အပေါ်နှုတ်ခမ်းရော၊အောက်နှုတ်ခမ်းရော
တစ်လှည့်ဆီ စုပ်နမ်းပြီးမှ ဖြည်းညင်းစွာပြန်လွှတ်ချလိုက်၏။
စောစောက tine ခြေထောက်ဘဲ အားမရှိတာပါ။ခုတော့ တစ်ကိုယ်လုံးပါအားမရှိတော့။
သူ sarawatကို ကြောင်၍ ငေးနေခိုက်
sarawatက ပြုံးကာ သူ့နှာဖူးလေးကို အားနေသည့်လက်တစ်ဖက်နဲ့ဖွဖွလေးတောက်လိုက်သည်။
"ဟုတ်ပြီလား။ကိုပြောတာ နားထောင်။ပြီးမှ အဆိုးမဆိုနဲ့။''
Tine ဘာမှဆက်မဟရဲတော့။
ငြိမ်ငြိမ်လေးနဲ့ဘဲ sarawatရင်ခွင်ကို မှီ၍လိုက်ခဲ့သည်။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now