Cgapter - 14(Uni+Zaw)

1.8K 173 15
                                    

Unicode

အစ်မpinသည် အတန်ကြာမျှသူ့ကိုအကဲခတ်နေ၏။tineဆီက အမှန်တရားကိုရှာနေမှန်း
သူမမျက်ဝန်းတွေမှာ သိသာလှသည်။
သူမလိုချင်သည့်အဖြေတွေ့သွားသည့်အချိန်တွင်​တော့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာ၏။
"အင်း မင်းပြောတာတွေ အစ်မယုံသွားပြီ။sarawatပြောတာမှန်သား။မင်းက အရမ်းဖြူစင်လွန်းတော့ တစ်ချက်လောက်အကဲခတ်လိုက်တာနဲ့ရတယ်။''
"အစ်မ ကျွန်တော့်ကိုယုံပြီဆိုလည်း သူ့အကြောင်းကို ပြောပြပေးပါလား။''
Tine သက်ပြင်းလေးချကာ မျက်နှာငယ်လေးနဲ့ပြောတော့ အစ်မpinထံမှ ရယ်သံသဲ့သဲ့လေးထွက်လာ၏။
"ပြောပြမှာပါ မောင်လေးရယ်။သူကိုယ်တိုင်ပြောပြရင်တော့ အကောင်းဆုံးလို့တွေးသေးတယ်။ဒါပေမဲ့ မင်းစိတ်ညစ်မှာကို နည်းနည်းလေးတောင်မလိုလားတဲ့သူ့အတွက် တော်တော်ကိုခက်ခဲမှာ။မင်းလည်း ရိပ်မိမှာပေါ့။တစ်ခါတစ်လေသူအကြောင်းမရှိဘဲမျက်နှာညိုးနေတတ်တာမျိုးလေ။''
Tine ခေါင်းကိုညိတ်ပြလိုက်သည်။Scrubb
Concertသွားတဲ့နေ့က sarawatရဲ့ဝမ်းနည်းနေသည့်မျက်နှာကိုလည်း ပြန်မြင်ယောင်လာမိသည်။
"Sarawatကို စ​ပြီးသိတာ​ေတာ့ သူအလယ်တန်းလောက်ကပေါ့။
ဒါပေမဲ့ သူတို့မိသားစုအ​ကြောင်းတွေတော့အမြဲကြားရတယ်။အစ်မရဲ့အမေနဲ့သူ့အမေက ညီမအရင်းတွေလေ။ဒါပေမဲ့ sarawatအဖေကိုလက်ထပ်လိုက်ကတည်းက ညီမတွေရဲ့ဆက်ဆံရေးက အေးစက်သွားတယ်။
sarawatက ဗီဇကိုကတည်းက အေးအေးလေးနေတတ်တဲ့က​​လေး။သူ့မှာ အပေါင်းအသင်းဆိုလည်း သိပ်ရှိတာမဟုတ်ဘူး။အစ်မအထင်ဆို
သူ့မိဘတွေနဲ့ပတ်သတ်ပြီး စိတ်ဒဏ်ရာရသွားတာလည်းပါမယ်ထင်တယ်။''
"စိတ်ဒဏ်ရာ...''
Tineတီးတိုးလေးရေရွတ်မိရင်း အစ်မpinစကားကို ဆက်ရန်ခေါင်းညိတ်ပြမိသည်။
"အင်း tineလည်း နည်းနည်းကြားဖူးမှာပေါ့။
sarawatအဖေက အရမ်းချမ်းသာတယ်ဆိုတာရော၊ပွေလည်းအရမ်းပွေတယ်ဆိုတာရောလေ။
ပွေရုံတင်လည်း မကဘူး။နောက်အိမ်ထောင်ကလည်း ရှိသေးတယ်။သူတို့မိသားစုမှာ နွေးထွေးမှုဆိုတာ နည်းနည်းမှရှိတာမဟုတ်ဘူး။
သားကိုတော့ချစ်ကြပေမဲ့ ဝတ္တရားကျေတဲ့မိဘတွေတော့မဟုတ်ဘူး။သူတို့အတ္တနဲ့သူတို့နေနေကြတာ။''
အက်​​ကြောင်းများစွာနဲ့ဖရိုဖရဲဖြစ်နေသည့်
မိသားစုပုံရိပ်တွေကြားရှိ sarawatကိုမြင်ယောင်မိရင်း သူ့ရင်ဘတ်သည် တဆစ်ဆစ်နဲ့နာကျင်လာ၏။
ဘာလို့ ငါ့ကို နည်းနည်းလေးမှရင်မဖွင့်ခဲ့တာလဲ sarawatရယ်။
ထိုအ​​တွေးနဲ့အတူမျက်လုံးအစုံတွင်လည်း မျက်ရည်စတွေဝေ့တက်လာခဲ့သည်။
"sarawatတို့အမေကရော ဘာလို့မကွာရှင်းရတာလဲ။''
မနေနိုင်စွာ ထမေးမိတော့အစ်မpin၏မျက်နှာသည်ညှိုးနေ၏။
"သူတို့စိတ်ကို အစ်မလည်းသေချာမသိပါဘူးမောင်လေးရယ်။အစ်မသိတာတော့ အဒေါ်က မာနအရမ်းကြီးတယ်။အမွေကြောင့်လည်းဆိုင်မယ်ထင်တယ်။ကွာရှင်းခဲ့ရင် နောက်အိမ်ထောင်ကို လွှဲပေးမှာကြောက်လို့လေ။သူ့သားကိုဘဲ ရစေချင်တာ။အင်းလေ ဒါလည်း အတ္တတစ်မျိုးဘဲ။''
"အဲ့အတ္တနဲ့ကိုယ့်သားကို စိတ်အဆင်းရဲခံပြီးပေါင်းနေသေးတယ်။''
အနည်းငယ်ဒေါသစွက်နေသောလေသံနဲ့ပြောမိတော့ အစ်မpinက ကရုဏာသက်သောအပြုံးတစ်ခုနဲ့ခေါင်းခါပြသည်။
"မလွယ်ဘူး မောင်လေးရဲ့။သူအချိန်အတိုင်းအတာတစ်ခုထိသည်းခံခဲ့ရ​ပြီး​ပြီ​လေ။sarawatတောင် လူပျိုဖြစ်နေပြီ။တကယ်တမ်း sarawatအမေက ပိုသနားဖို့ကောင်းတယ်။သူ့ခမျာ သားအမွေရအောင်လို့မကောင်းတဲ့လူနဲ့လည်း သည်းခံပြီးပေါင်းရတယ်။ကြားထဲက ဘာကပိုရင်နာစရာကောင်းလဲသိလား။''
"sarawatရဲ့အမုန်းကိုခံရတယ်''
"ဟုတ်တယ်။အဲ့လိုတွေကြောင့်ထင်တယ်။
sarawatအထက်တန်းနှစ်ရောက်တဲ့အချိန်မှာ သူစိတ်ထွက်ဟပေါက်အနေနဲ့နိုင်ငံခြားမှာ ကျောင်းသွားတက်တာ။အထက်တန်းတုန်းကပေါ့။သူတစ်သက်လုံး အမေရိကားမှာဘဲနေမယ်ဆိုပြီးအစ်မကိုပြောသွားသေးတယ်။ဒါပေမဲ့အထက်တန်းလည်းပြီးရော သူပြန်လာတယ်။တစ်ယောက်ယောက်ကိုပြန်လာရှာတယ်လို့ပြောတာဘဲ။''
"အင်း အဲ့ဒါတော့သူကျွန်တော့်ကို ပြောပြတယ်။အဲ့တစ်ယောက်ကို သူအရမ်းတွေ့ချင်လို့တဲ့။ဒါနဲ့ ဘယ်သူလဲဆိုတာ အစ်မသိလားဟင်။''
အစ်မpinက ပခုံးတစ်ချက်တွန့်ပြသည်။
"အဲ့တာတော့မသိဘူး။ကဲ အစ်မဘက်ကပြောစရာကုန်ပြီ။မင်းကိုဘဲတောင်းဆိုစရာကျန်တယ်။''
Tine မျက်လုံးလေးပြူးကာ အံ့အားသင့်သွားမိ၏။
"မင်းတို့ရဲ့အနာဂတ်က ဘယ်လိုဘာညာဆိုပြီးအစ်မ မတွေးထားပါဘူး။တစ်ခုဘဲပြောချင်တာပါ။sarawatရဲ့ဘေးမှာဘဲရှိနေပေး။
ဘယ်လိုကိစ္စတွေဘဲလာလာ မင်းသူ့ဘေးမှာဘဲရှိနေပါ့မယ်ဆိုတဲ့အရာလေးဘဲတောင်းဆိုချင်တယ်။အဲ့လောက်တော့ မောင်လေးလုပ်ပေးနိုင်မယ်လို့အစ်မထင်တယ်။''
Tine တစ်ချက်ပြုံးရင်း ခေါင်းကိုဖြည်းညှင်းစွာညိတ်ပြလိုက်မိပါသည်။သူ့နှလုံးသားတစ်စုံလုံးနဲ့ရင်း​ပြီးသူဒီတောင်းဆိုချက်ကို
လက်ခံလိုက်ခြင်းပါဘဲ။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now