Chapter-47(Uni+Zaw)

1.6K 138 38
                                    

Unicode

အိပ်ရာပေါ်မှာ ငုတ်တုတ်လေးထိုင်ရင်း tine ကျောက်ရုပ်အလား ငြိမ်နေမိသည်။
watက သူ့စာကြည့်ခုံပေါ် တင်ပါးလွှဲထိုင်၍ သူ့ကို အကဲခတ်နေ၏။
သူအသိစိတ်နဲ့လူနဲ့မကပ်မိ။
အရင်မေ့တေ့တေ့ဖြစ်နေတဲ့ မှတ်ညဏ်တွေကို ပြန်စီစစ်လိုက်၊watကို ငေးလိုက်နဲ့ ကိုယ့်ကိုယ်ကို မယုံနိုင်ဖြစ်နေမိသည်။
ဒါမဟုတ်မှလွဲရော အိမ်မက်ကြီးလား။
ယောင်တောင်တောင်နဲ့ ပါးကို ပြန်ဆွဲစိတ်ကြည့်တော့
နာတာကြောင့် အိမ်မက်မဟုတ်နိုင်..
သို့ပေမဲ့ မယုံနိုင်လွန်းလို့ အိမ်မက်ကြီးသာဖြစ်လိုက်ပါတော့လို့ ဆုတောင်းနေမိ၏။
အထက်တန်းတစ်လျှောက်လုံး သာမန်လူတစ်ယောက်လိုဘဲ ဖြတ်သန်းခဲ့တာပါ။
လူငယ်ပီပီ ရည်းစားတွေ လျှောက်ထားတယ်။
သူငယ်ချင်းတွေနဲ့ အားကျမခံစာလုပ်ခဲ့တယ်။
ပျော်တယ်၊ပါးတယ်..
ဒီလို သာမန်ဘဝကြီးမှာ သူ့ကို ဒီလို နောက်ကွယ်ကနေ အမြဲငေးကြည့်တမ်းတနေတဲ့လူရှိမယ်လို့ ယောင်လို့တောင်မတွေးခဲ့မိပါ။
ပြီးရင် အဲ့လူကလည်း ခုလိုသူ့ဘေးမှာ ရောက်နေဖို့ ကို နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ရတာတဲ့။
လူက ပျော်သလိုလို ၊ဝမ်းနည်းသလိုလိုနဲ့ ရင်ထဲတွင် ခံစားချက်ပေါင်းစုံရောထွေးနေကာ ဘာမှပြန်မပြောနိုင်တော့သည်အထိ တိတ်ဆိတ်ငြိမ်သက်နေမိ၏။
ထိုစဉ် Wat က မျက်မှောင်ကြုံ့လျက်သားနဲ့ ထလာကာ သူ့ရှေ့လာရပ်သည်။
သူ မော့မကြည့်မိ။
လက်ချောင်းရှည်သွယ်သွယ်တွေက သူ့မေးဖျားကို ညင်ညင်သာသာလေးဆွဲမော့လာသည်။
" ကိုယ့်ကို ကြည့်ပါအုံး...
ရုပ်လေးက ဖြစ်သွားလိုက်တာ..''
Watက သူ့မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ကာ ပြုံး၍ ဆိုလာသည်။
ဤပြီးပြည့်စုံနေတဲ့မျက်နှာသွင်ပြင်ကို ဆေးနီမှုန့်တွေကြောင့် သူမမြင်ခဲ့ရ...
အဲ့တုန်းကသာ မြင်ဖူးခဲ့ရင် သူတို့အတူရှိချိန်က ပိုကြာကောင်းကြာမြင့်လောက်မလားမသိ..
ရုတ်တရက် watရဲ့ပုံရိပ်က မှုန်ဝါးဝါးဖြစ်လာသည်။
ကိုယ်ကိုယ်တိုင်သတိမထားမိခင်တွင် မျက်ရည်တွေက ပါးပေါ် ပိုးပိုးပေါက်ပေါက်ကျလာပြီးသားဖြစ်နေခဲ့ပြီ။
သူ့မျက်ရည်တွေကို မြင်တော့ wat က အထိတ်တလန့်ဖြစ်သွားဟန်တူသည်။
" ကလေးပေါက်စရယ်...ငိုပြန်ပြီ...
မင်းငိုရင် ကိုယ်ဘယ်လောက်အသည်းယားတယ်ဆိုတာ မသိဘူးလား''
Watက ရယ်ကာ ကိုယ်ကိုအနည်းငယ်ကိုင်း၍ သူ့နှာခေါင်းလေးကို ဖိညစ်၏။
သူ့ကို အငိုတိတ်အောင်စတာမှန်ပေမဲ့ tine ပိုငိုချင်လာတာသာအဖတ်တင်သည်။
" ဒီပေါက်စလေးကတော့...လာ..လာ''
Watက အိပ်ရာပေါ်တက်ထိုင်ပြီး သူ့ကို ရင်ခွင်ထဲဆွဲသွင်းလာသည်။
Tine watပခုံးကို မှီ၍ အသံတိတ်ကာ ရှိုက်ငိုမိသည်။
ပခုံးပိုင်ရှင်ကတော့ သူ့ခေါင်းကို ဖွဖွလေးပွတ်သပ်ပေးနေ၍ ချော့ပေးရင်း ချော့နေသည်။
" တိတ်တော့နော်...
မင်း တအားအံ့ဩနေမယ်ဆိုတာ ကိုယ်သိပါတယ်။
ပထမတော့ကိုယ်ဒါတွေမပြောတော့ပါဘူးလေ လို့တွေးထားတာ..
ဒါပေမဲ့ တော်ကြာ အချစ်ဉီးဆိုတာကြီးနဲ့ မင်းလျှောက်တွေးနေမှာ ''
"..ငင့်..ငါဘာလို့ လျှောက်တွေးရမှာလဲ..''
သူ ရှိုက်သံတစ်ဝက်နဲ့ ခပ်စွာစွာပြန်ပြောမိတော့ watက ရယ်နေသည်။
" မလိမ်ပါနဲ့..မင်းလိမ်နေလည်း မင်းစိတ်ကို ကိုယ်အသိဆုံး...
ကိုယ့်လောက် မင်းကိုနားလည်နိုင်တဲ့သူရှိမှာမဟုတ်ဘူး''
Tine အသံတိတ်မိသွားသည်။
မှန်ပါတယ်
သူ့စိတ်ကို watကသာ နားအလည်နိုင်ဆုံး။
သူ့ကောင်းကွက်၊ဆိုးကွက်မှန်သမျှကိုလည်း watတစ်ယောက်တည်းကသာ လက်ခံပေးနိုင်ဆုံး..
သို့ပေမဲ့ သူကရော watလောက်နီးပါး watကို ချစ်နိုင်ရဲ့လား။
သူ sarawatကို ချစ်သည်။
သို့ပေမဲ့ wat လောက်တော့ မဟုတ်တန်ရာ ဟု ကိုယ့်ကိုယ်ကို သိမ့်ငယ်စိတ်ဝင်မိ၏။
သူ watကို ပိုတိုး၍ ဖက်လိုက်ရင်း ပခုံးပေါ်မျက်နှာအပ်ထားကာ ပလုံးပထွေးရေရွတ်နေမိသည်။
" တောင်းပန်ပါတယ်.. wat..
ငါ.လေ..မင်းကို ချစ်ပေမဲ့ မင်းလောက်တော့မမှီနိုင်ဘူးထင်တယ်.
တစ်ခါတစ်လေ..ငါစဉ်းစားမိတာ
မင်း.ဘာလို့ ငါ့ကို အဲ့လောက်ထိချစ်ရတာလဲလို့..။
ငါ့အပေါ် တအားကြီးကောင်းလွန်းတာ.
မင်းနဲ့တောင် မထိုက်တန်လောက်တဲ့အထိဘဲ..''
ပြောရင်းနဲ မျက်ရည်က ဝဲချင်လာသည်။
Sarawatက သူ့ကို ရင်ခွင်ထဲကနေ လွှတ်ရင်း မျက်နှာချင်းဆိုင်စေ၏။
Tine ပြောချင်တာ ပြောလိုက်မိတဲ့အတွက် watများ စိတ်ဆိုးသွားလားဟု မရဲတရဲ ပြန်ကြည့်မိသည်။
သို့ပေမဲ့ watရဲ့မျက်နှာမှာ ဘာဒေါသအရိပ်အယောင်မှ မရှိဘဲ
တည်ငြိမ်နေ၏။
ပြီးတော့ သူ့နာဖူးပေါ်ဝှိုက်ကျနေတဲ့ ဆံစလေးတွေကို လက်ညိုးလေးနဲ့ ညင်သာစွာဖယ်ပေးသည်။
"မင်းကို ကိုယ်ချစ်သလို ချစ်ပေးပါလို့ မပြောခဲ့ရပါဘူး.. ကလေးပေါက်စရယ်
ကို့ဘေးနားမှာ အမြဲရှိနေပေးလို့ဘဲ တောင်းဆိုခဲ့တာ..
ဒီလောက်ဆို ကိုယ့်အတွက်လုံလောက်ပြီ။
အဲ့တာကို မင်းနဲ့မထိုက်တန်ဘူးလို့တော့ မတွေးလိုက်နဲ့..
ကိုယ့်အတွက် မင်းကို ပိုင်ရတာထက် အခြားတန်ဖိုးကြီးတဲ့ဟာဆိုတာ မရှိတော့ဘူး။
ကိုယ်ပြောတာ နားလည်လား..
အခြားလူတွေ မင်းကို ဘယ်လိုသတ်မှတ်နေပါစေ
ကိုယ့်အတွက် မင်းက အဖိုးတန်ဆုံးဆိုတာ သိထား..ကလေးပေါက်စရေ''
Watက ပြောရင်းနဲ့ သူ့နှာဖူးကို ဖွဖွလေးနမ်းလာသည်။
နူးညံ့လွန်းတာကြောင့် tine စောစောက ဖြစ်နေတဲ့ဝမ်းနည်းမှုတွေအကုန်လုံး ရုတ်ချည်းကွယ်ပျောက်သွားရသည်။
ဒီလောက်ထိတောင် watနဲ့ပတ်သတ်ရင် သူ့နှလုံးသားက အားပျော့လွန်းနေခဲ့ပြီ။
အရင်တုန်းနဲ့ခြားနားစွာ..သူ့ရဲ့အရယ်အပြုံး၊မျက်ရည်တွေကအစ အရာရာအားလုံးသည်ဤ တစ်စုံတစ်ယောက်နဲ့ သက်ဆိုင်ခဲ့ပြီကော..
" မင်းလောက်တော့ မမှီနိုင်ဘူးသာပြောတာ..
မင်း ငိုလိုက်ရင် ကိုယ့်ကြောင့်ချည်းဘဲ
ပြီးရင် ကိုယ့်အတွက်လုပ်ပေးခဲ့တာတွေ တော်ရုံတန်ရုံချစ်ပါတယ်ဆိုတဲ့လူတွေတောင် ရှောင်ပြေးရင်ပြေးကြမှာ..
ဒါပေမဲ့ မင်းအဆုံးထိတောင့်ခံနိုင်တယ်လေ..
ဒါတောင် ကိုယ့်ကို တအားကြီး မချစ်ပေးနိုင်ဘူးလို့ ကိုယ့်ကိုယ်ကို ထင်နေသေးတာလား
ကျွဲပေါက်လေး..''
Watက စိတ်ဆိုးသလို မျက်နှာတည်ရင်း သူနှင့် နှာဖူးချင်းထိလိုက်သည်။
Tine ထိုအခါမှ စိတ်ပေါ့သလို ဖြစ်သွားကာ
မျက်လုံးတွေပျောက်တဲ့အထိ ပြုံးမိသွား၏။
စိတ်သက်သာရာ ရသွားလို့ထင်တယ်,..
သူ့ပါးစပ်ကနေ မေးခွန်းတွေ စက်သေနတ်ပစ်သလို တရစပ်ထွက်လာသည်။
နောက်ဆုံး အိပ်ခါနီးထိတောင် သူ့မှာ မေးလို့မဆုံးသေး..
" အဲ့တုန်းက မင်းတော်တော်ကြမ်းတယ်နော်..
အဲ့ကောင်တွေကို မင်းခုံနဲ့ကောက်ပေါက်မို့လုပ်နေတုန်း ငါထတားမိတော့မလို့ဘဲ.တော်သေးတာပေါ့..ဟိုကောင်တွေအပြေးမြန်လို့..''
" အင်း..အမှန်မင်းမရှိနေရင် ကိုယ်အဲ့ထက်ပိုနာအောင်လုပ်မိမှာ..
ဒါတောင် မင်းငိုတဲ့အထိကို လန့်သွားတယ်မလား''
အမေးအဖြေလုပ်နေရင်း
Tine watကို ဖက်လုံးအလား ခွဖက်ထားကာ watရဲ့ရင်ဘတ်ပေါ် ခေါင်းမှီနေ၏။
Watကလည်း သူ့ကို ပြန်ထွေးဖက်ထားရင်း သူမေးသမျှကို ဖြေပေးနေသည်။
" ဒါပေါ့..ငါတကယ်ရန်မဖြစ်ဖူးဘူး။
ဘာလို့ဆို အဖေက ရန်ဖြစ်တာတအားမုန်းတာလေ..
ယောကျာ်းလေးဖြစ်ပေမဲ့ ရန်ဖြစ်တာကို အားမပေးဘူးတဲ့။
အတတ်နိုင်ဆုံး ရှောင်လို့အမြဲ ပြောတာ..
အမှန် အဲ့တာ ပထမဆုံးဘဲ''
" ဖတ်တီးတွေစည်းရတဲ့အထိ ရန်လည်း ဖြစ်ရော အိမ်က ဘာမှမပြောတော့ဘူးလား''
" ပြောတာပေါ့။ဒါပေမဲ့ အဖေမဆူဘူး။အမေက ဆူတာ..''
Tine ရယ်၍ပြောတော့ watက သူ့ကို ငုံ့ကြည့်လာကာ ဆံပင်တွေကို ဆွဲဖွသည်။
" ကိုယ်တကယ်ဒေါသ ထွက်တယ်။
ခုပြန်တွေးရင်တောင် အဲ့ကောင်တွေကို အမှုန့်ကြိတ်ချင်နေတုန်းဘဲ''
" နှစ်တွေတောင်ကြာပြီကို..watရယ်''
" အင်း...
အဲ့နှစ်နှစ်အတွင်းမှာ..ကိုယ့်ကို သတိရဖူးလား''
Tine မဖြေခင် watကို အရင်မော့ကြည့်မိသည်။
Watက သူ့ဆံပင်ကို အကိုင်မပျက်သေးဘဲ သူ့ကို ခပ်ထွေထွေကြည့်နေ၏။
Tine သွားဖြီးလေးရယ်ပြရင်း လက်က watရဲ့ အကျီစကို ဆော့နေသည်။
" အမှန်အတိုင်းပြောရင် စိတ်မဆိုးနဲ့နော်
ငါ သတိတော့ရပေမဲ့ သာမန်ကာလျှံကာလောက်ပါဘဲ.
ဟို..ငါမင်းမျက်နှာဘယ်လိုဆိုတာမသိလိုက်တဲ့အပြင်
နာမည်လည်းမသိဆိုတော့..
ဒီတိုင်း.
ဟေ့..စိတ်မဆိုးနဲ့လေ''
သူပြောနေရင်းတန်းလန်း watက မျက်နှာကြီးတည်လာတာကြောင့် tineအလျင်အမြန်စကားစဖြတ်ရ၏။
"ကိုယ်စိတ်မဆိုးပါဘူး..ဆက်ပြောပါအုံး..''
စိတ်မဆိုးပါဘူးသာပြောတာ မျက်နှာကြီးက ရှူတည်တည်ဖြစ်နေတဲ့watကို tine ဘာဆက်ပြောရမှန်းမသိ။
"ဒါပေမဲ့ မျက်နှာကြီးက..''
Tine အောက်ကနေ watရဲ့နှုတ်ခမ်းထောင့်ကို လက်ညိုးလေးနဲ့ပြုံးစေ၏။
သို့ပေမဲ့ watက ပြုံးမလာတဲ့အပြင် ဆက်ပြီးတည်နေသေးသည်။
ထူးထူးဆန်းဆန်း တစ်ခါမှ ဒီလို စိတ်မကောက်ဖူးသည့် sarawatရဲ့အခုပုံစံက လိုချင်တာမရတဲ့ကလေးတစ်ယောက်နဲ့တူနေသည်။
တွေးနေရင်းနဲ့ tineရယ်ချင်လာတာကြောင့် ပြုံးစိစိဖြစ်မိသွား၏။
Watက မျက်နှာတည်ရုံတင်မက မျက်မှောင်ပါကြုံ့လာခဲ့ပြီ။
Tine ရယ်ချင်စိတ်ကို အတင်းမြိုသိပ်ရင်း
" အင်း..မင်းစိတ်ဆိုးတာကြီးက ချစ်စရာကြီး..တစ်မျိုးဘဲ''ဟု မချိုမချဉ်ပြောမိ၏။
ထိုစဉ် ရုတ်တရက်ကြီး watကို အရုပ်လို ဖက်ထားတဲ့tine အိပ်ရာနဲ့ကျော အကပ်ခံလိုက်ရသည်။
Watက သူ့ခေါင်းအုံးဘေးမှာ လက်တစ်ဖက်ထောက်ထားရင်း အပေါ်စီးကနေ သူ့ကို ကြည့်လာ၏။
စူးရှလွန်းတဲ့မျက်ဝန်းတွေနဲ့ စေ့စေ့စပ်စပ်အကြည့်ခံနေရတာကြောင့် tine မျက်နှာတွေပူထူလာကာ ခြေဖျားလက်ဖျားတွေအေးစက်လာသလိုခံစားရသည်။
ပထမအဆုံးအကြိမ် အကြည့်ခံနေရသလိုပင် ခံစားချက်က မပြောင်းမလဲရှက်နေမိဆဲ။
" ပြောပါအုံး.. အဲ့ဆို အခုကိုယ်က ဘယ်သူလဲ''
သိသိရက်နဲ့ မေးလာတဲ့sarawatကို သာမန်ချိန်သာဆို သူ ရယ်၍ ထထုမိမှာမှန်ပေမဲ့ အခုချိန်တော့အဲ့လိုမဟုတ်။
ရင်တွေအခုန်လွန်ပြီး ယောင်နနဖြစ်နေသည်။
" ဟင်..ကိုယ်က အခုဘယ်သူလဲ..ကလေးပေါက်စလေး. ပြောပါအုံး.''
ကြည့်ရတာ သူ့ထံကနေ အဖြေမထွက်မလာမချင်း wat လက်လျှော့မဲ့ပုံမပေါ်။
ထို့ကြောင့် tine တံတွေးတစ်ချက်မြိုချပြီးမှ
" အင်း..ငါ့ရည်းစား၊ငါ့ချစ်သူလေ..
Sarawatတဲ့''ဟု အသံတိုးတိုးလေးနဲ့ ဖြေလိုက်၏။
" အဲ့ဒါဘဲလား..''
" ဟမ်..''
Tine ကြောင်အသွားမိတာအမှန်။
ချစ်သူအပြင် သူဘာထပ်ဖြေဖို့ ရှိသေးလို့လဲ။
ပထမတော့ သူစဉ်းစားမရသေးပေမဲ့ watရဲ့နှုတ်ခမ်းထောင့်က အပြုံးကြီးမြင်မှ သူ သဘောပေါက်တော့၏။
လူက ချက်ချင်း ပင်ကြက်သိမ်းတွေပါထလာသည်။
" အဲ.. အဲ့တာဘဲမလား..'
" တစ်ခုကျန်သေးတယ်..တကယ်မသိတာလား''
Watဘာကို ပြောစေချင်မှန်းtineသိပါသည်။
သို့ပေမဲ့ အဲ့စကားလုံးကို ဘလိုင်းကြီးဘယ်လိုပြောရဲမှာလဲ
" တော်ပြီလေ..wat..ငါအိပ်ချင်လာပြီ..
ဒီနေ့ခရီးပန်းလာတာ''
Watရဲ့ရင်ဘတ်ကိုတွန်းရင်း tineရှောင်ပြေးရန်ကြိုးစားလိုက်ပေမဲ့ ပခုံးတစ်ဖက်ကို မြဲနေအောင် အဖိခံထားရတာကြောင့် မအောင်မြင်။
" ကိုယ်သိတယ်နော် tine
မင်းမှာကိုယ်လိုချင်တဲ့အဖြေရှိတယ်ဆိုတာ''
" အင်း..သိပြီးသားဆိုလည်း မမေးနဲ့လေ..
ဖယ်တော့''
" မရပါဘူး။မင်း နှုတ်က ထွက်တာလေးပိုလိုချင်တယ်''
အဲ့ရှက်စရာကြီးကို သူဘယ်လိုထွက်ရဲမှာလဲတဲ့
အမှန်တရားဖြစ်ပေမဲ့ ပါးစပ်ကထုတ်ပြောရအောင်လည်း သူမရဲပါ။
Wat အလျှော့ပေးလို့ပေးငြား tine အသနားခံမျက်ဝန်းတွေနဲ့ မော့ကြည့်မိပေမဲ့ ရှူတည်တည်မျက်နှာထားအရ နည်းနည်းလေးမှ လျှော့မဲ့ပုံမပေါ်။
" Tine...''ဆိုပြီး..သံရှည်စွဲခေါ်လာတဲ့အချိန်တွင်တော့ သူလက်မြှောက်အရှုံးပေးလိုက်ရပါသည်။
" ok..ok.
ငါ့ရဲ့ လက်တွဲဖော်
ငါ့ ယောကျာ်း..sarawat..ရပြီမလား''
မဖြေရင် အိပ်ရမဲ့ပုံမပေါ်တော့တာမို့ သူမရှိမဲ့ရှိမဲ့အားတွေစုပြီး ဖြေချပြီးတာနဲ့
မျက်နှာကိုပါ ခေါင်းအုံးနဲ့တစ်ခါတည်းကွယ်ထားပစ်လိုက်၏။
ရှက်လို့ သေတော့မယ်..
" ဟား...နောက်တစ်ခေါက်လောက်.. tine ကိုယ်သေချာမကြားရဘူး''
ဒီWat တော့ တကယ်အထုခံချင်နေပြီနဲ့တူတယ်။
သူရှက်နေမှန်းသိသိနဲ့ကို ဆက်စနေတာ..
Tine ခေါင်းအုံးကြီးနဲ့ကွယ်ပြီး ပွစိပွစိနဲ့ကျိန်ဆဲနေစဉ် watက တဟားဟားနဲ့ကို အရယ်မပျက်။
" ဟုတ်ပါပြီ..ကိုယ်မစတော့ဘူး..
ခေါင်းအုံးကြီးဖယ်လိုက်.
အသက်ရှူကျပ်မယ်''
အားရအောင်ရယ်ပြီးမှ watထံ စကားသံပြန်ထွက်လာသည်။
သို့ပေမဲ့ tineအရှက်မပြေသေးနဲ့ ဒီတိုင်းဆက်​နေ​နေစဉ်
သူ့မျက်နှာပေါ်က ခေါင်းအုံးသည် ရုတ်ချည်းပင် အဖယ်ခံလိုက်ရပြီးနောက် လူက watရဲ့ရင်ခွင်ထဲ လုံးလုံးရောက်သွား၏။
Watက သူ့ကိုယ်ကို တင်းကျပ်စွာဖက်ထားရင်းနဲ့ နာဖူးပြင်ကိုလည်း မွတ်သိပ်စွာ နမ်းလာ၏။
" Goodnight ကလေးပေါက်စလေး..
ကိုယ်ဒီနေ့စတာ နည်းနည်းများလွန်းသွားတယ်
​အိပ်တော့နော်''
ရန်တွေ့ဖို့ပြင်လိုက်သေးပေမဲ့ တကယ်ကို ခရီးပန်းလာတာကြောင့် လူက မနေနိုင်တော့။
" အင်း..goodnight..wat..''
ထိုစကားကို မနားအားယူပြောပြီးချိန်တွင် သူ့မျက်လုံးတွေလည်း မှိတ်ကျသွားခဲ့ ပြီ။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now