Chapter- 44( Uni+Zaw)

1.4K 127 16
                                    

Unicode

Tine အိပ်ချင်မူးတူးနဲ့ မျက်လုံးတွေ ဖွင့်တဲ့အချိန် 7နာရီတောင်ခွဲနေခဲ့ပြီ။
ဒါ သူ့အတွက် အနောက်ကျဆုံးအချိန်ဘဲ။
အိမ်ရောက်နေတယ်ဆိုတဲ့ခံစားချက်က လူကို အိမ်မောကျအောင်လုပ်စေနိုင်သည်။
နေရောင်နဲ့အတူ ခန်းဆီးစက တဖြတ်ဖြတ်လွင့်နေပြီး တစ်ခန်းလုံး လင်းထိန်နေ၏။
မ​နေ့ညက ကုတင်ကျဉ်းကျဉ်းထဲမှာ အတူတူပူးကပ်အိပ်ခဲ့တဲ့တစ်စုံတစ်ယောက်သောသူကတော့ အစောကြီး ထသွားဟန်တူသည်။
ဘေးက အေးစက်နေတဲ့အိပ်ရာခင်းက သက်သေခံနေ၏။
နေဖင်ထိုးနေပြီမို့ tine အပျင်းထူမ​နေတော့ဘဲ အိပ်ရာက ခပ်သွက်သွက်ထလိုက်သည်။
ရေချိုးခန်းက အောက်ဘက်မှာရှိတာကြောင့် အဝတ်အစားတစ်ချို့နဲ့အတူ တဘက်တစ်ထည်ကို ပခုံးပေါ်တင်ပြီး အောက်ဆင်းလာခဲ့၏။
နောက်ဖေးက ရေချိုးခန်းကို အသွားတွင် မီးဖိုချောင်ကို ဖြတ်ရတာမို့ ဟင်းချက်နေတဲ့အမေနဲ့တိုးသည်။
အမေက ဆူဖို့ရန် ပါးစပ်ပြင်နေတာမြင်တော့ tineလစ်ကနဲနဲ့ မြန်မြန်ရှောင်ထွက်လာခဲ့ရ၏။
ရေတွေဘာတွေချိုးပြီး အပြင်ထွက်လာတဲ့အချိန် အမေက ထမင်းစားပွဲတောင်ပြင်နေပြီ။
Tine အမေ့နား တိုးကပ်သွားလိုက်ရင်း
" အမေ အခြားသူတွေရော''ဟု မေးမိသည်။
" ဂျင်ဂျင်းက သူ့အခန်းထဲမှာ စာလုပ်နေတယ်။
Sarawatလေးက သားအဖေနဲ့ ခြံထဲမှာ''
အမေက ဟင်းပန်းကန်တွေချရင်း အလုပ်ရှုပ်နေသည်။
" ဟင်..ခြံထဲမှာ..''
"အင်း... သားအဖေက အသီးတွေခူးမယ်ဆိုပြီး ခေါ်သွားတာဘဲ။
သား..လိုက်သွားရင် လိုက်သွားလေ။
တစ်ခါတည်း နှစ်ယောက်လုံး ခေါ်လာခဲ့။
ဒီမှာ နံနက်စာပြင်ပြီးပြီလို့''
" ဟုတ်ကဲ့။မား...သားသွားလိုက်မယ်''
Tine အမေ့ပါးကို တစ်ချက်နမ်းပြီးနောက် အိမ်ရှေ့ကို ထွက်လာခဲ့လိုက်သည်။
အသီးခူးနေတယ်ဆိုတဲ့ သားအဖနှစ်ယောက်မှာ ဂိုဒေါင်အနီးအနားက သရက်ပင်နားရောက်နေကြသည်။
အဖေက အပင်အောက်ကနေ အပေါ်ကို လက်ညိုးတထိုးထိုးနဲ့
Sarswatက အဖေညွှန်​ပြတဲ့နေရာက အသီးတွေကို တစ်လုံးပြီး တစ်လုံးပစ်ချပေးနေ၏။
ရုတ်တရက်တော့ tineကြက်သီးမွေးညှင်းတွေထသွားရသည်။
ဘယ်နှယ့်...သူဠေးသားလေးကိုမှ အပင်တက်ခိုင်းနေရတာတုန်း
ပြုတ်ကျမှဖြင့်...
သူ အလျင်စလို နဲ့ အဖေဘေးနားရောက်သွား၏။
" ပါးကလည်း....အပင်တစ်ခါမှမတက်ဖူးတဲ့လူကို တက်ခိုင်းနေတယ်။
ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ။
ကိုယ့်အိမ်လာတဲ့ ဧည့်သည်ကိုမှ...''
စိတ်ပူလွန်းအားကြီးသွားတာနဲ့ ပါးစပ်ကလည်း အဖေ့ကို မကြောက်မရွံဘာတွေ​ပြောနေမိမှန်းမသိတော့။
Tine အပေါ်ကို မော့ကြည့်ပြီး ရွတ်နေသလို sarawatကလည်း သူ့ကို ငုံ့ကြည့်ပြီး ရယ်နေ၏။
sarawatရဲ့မျက်ဝန်း​တွေက ကိုယ်ဘာမှမဖြစ်ဘူးလို့ပြောနေပေမဲ့ tineကတော့ လက်မခံ ။
မျက်မှောင်ကြီးကို ကုတ်ထားမိသည်။
ထိုစဉ် ဘေးက ရပ်နေတဲ့အဖေ့ထံမှ ခေါင်းကို အထုခံလိုက်ရလေသည်။
" ငါက တက်ခိုင်းတယ်ထင်နေလား
မင်းကောင်လေးက သူ့သူတက်တာ။''
အဖေ့ရဲ့ရုပ်တည်ကြီးကြောင့် tineစပ်ဖြီးဖြီးလေး​ပြန်ရယ်ပြလိုက်သည်။
အဖေက ဘာမှထပ်မပြောတော့ဘဲ မမှည့်တမှည့်သရက်သီးတွေကို ဇလုံထဲ ကောက်ထည့်နေသည်။
Tine လည်း အပင်ပေါ်က sarawatကို ခဏလစ်လျူရှူပြီး အဖေ့ကို ကောက်ကူလိုက်၏။
" အမေက ထမင်းစားတော့မယ်တဲ့။
အဖေနဲ့ sarawatကို ခေါ်ခိုင်းလိုက်တာ''
" ဒါ​​ကောက်ပြီးရင် ပြီးပါပြီ''
အဖေက နောက်ဆုံးလက်ကျန်တစ်လုံးကို ကောက်ရင်းနဲ့ watကို လှမ်းအော်လိုက်သည်။
" သားsarawat...တော်တော့..နံနက်စာစားဖို့ ခေါ်နေပြီ''
" အာ..အဖေ ခဏလေး..ကျွန်တော် အဲ့အပေါ်နားလေးက မှည့်နေတဲ့ တစ်လုံးခူးချင်သေးလို့''
Tine မော့ကြည့်တော့ sarawatက အဲ့ထက်ပိုမြင့်တဲ့အကိုင်းကို ထပ်တက်နေသည်။
စောစောက စိတ်ပူနေပေမဲ့ ခုတော့ ပိုင်ပိုင်နိုင်နိုင်နဲ့ ဂရုတစိုက်လုပ်နေတာကြောင့် tine နည်းနည်းတော့ စိတ်အေးသွားတာအမှန်။
" အဲ့ဆိုလည်း အဖေအရင်သွားတော့မယ်။
သားက နေခဲ့မှာလား''
" ဟုတ်ကဲ့ အဖေ''
" အေး. တအားမကြာစေနဲ့။
တော်ကြာ သားအမေစောင့်နေရအုံးမယ်''
အဖေက ထိုမျှသာပြောပြီးတာနဲ့ သရက်သီးဇလုံကို မကာထွက်သွားသည်။
အဖေမရှိမှ tine sarawat ကို သေချာမြင်ရတဲ့နေရာနား သွားရပ်ကာ အ​ပင်​ပေါ်က လူအား လက်သီးဆုပ်လေးထောင်ပြလိုက်သည်။
" တအားကို ကဲနေ။
တော်ကြာ ဆေးရုံရောက်နေမှ'
Tine ခပ်ကြိမ်းကြိမ်းလေးပြောတော့ sarawatက ရယ်နေသည်။
သူ့ပေါ်ကို အရွက်ခြောက်တစ်ချို့ ခါချနေ၏။
" အိပ်ပုတ်လေး...ခုမှ နိုးတယ်။
ကိုယ် မင်းအဖေနဲ့တောင် စျေးရောက်ပြီးပြီ''
" ပုတ်ပါဘူး။
ငါ ခါတိုင်းလည်း ကျောင်းပိတ်ရက်ဆို အိမ်မှာ 9 / 10လောက်မှ ထနေကြ''
သူ လျှာလေးထုတ်ရင်း ပြောတော့ sarawatက တဟားဟားနဲ့ကို အရယ်မပျက်။
" ခူးပြီးပြီဆို ဆင်းလာခဲ့တော့လေ။
ထမင်းစားဖို့ စောင့်နေကြလောက်ပြီ''
" ok။ ကိုယ် ဆင်းလာခဲ့မယ်။
ခဏ...
Tine ရော့ သေချာဖမ်းနော်''
sarawatက ​​ပြောပြောဆိုဆို သူခူးထားတဲ့ သရက်သီးအမှည့်လေးကို အောက်ကို ပစ်ချတော့ tine အပြေးအလွှားဖမ်းရသည်။
သူ့လက်ထဲကို ရောက်လာတဲ့သရက်သီးက တစ်လုံးလုံး ဝါဝင်းနေပြီး ဘာအပစ်အနာဆာမှမရှိ။
သူ ကျေးဇူးတင်စွာ မော့ကြည့်တဲ့အချိန်
Sarawatက အပြုံးတစ်ခုနဲ့ အောက်ကို ဆင်းလာသည်။
" ကို အပင်ပေါ်တက်ကတည်းက အဲ့ဒါလေးကို တွေ့တာ။
မင်းစားဖို့ဆိုပြီး အဖေ့ကို မခူးပေးလိုက်ဘူး''
အကျီပေါ် ကပ်နေတဲ့ အမှိုက်စလေးတွေကိ​ု sarswat က ခုထုတ်ရင်း အရေးမကြီးသည့်ဟန်ပြောနေပေမဲ့ tine ရင်ဘတ်ထဲမှာတော့ နွေးကနဲ။
သူသရက်သီးကို အကျီအောက်ထဲ လျင်လျင်မြန်မြန်ထည့်ဝှက်လိုက်သည်။
နို့မို့ဆို..အစားသရမ်းတဲ့ ဂျင်ဂျင်းမ လက်ကနေလွတ်မှာမဟုတ်။

မင်းကလွဲ၍(မင္းကလြဲ၍)Onde as histórias ganham vida. Descobre agora