Chapter - 4(Uni)

1.8K 159 8
                                    

Unicode

Sarawat အကြည့်တွေက စူးရှလွန်းသောကြောင့် tineငေးမောနေမိရာမှ ဆတ်ခနဲမျက်နှာပြန်လွှဲလိုက်သည်။
"ပြောစရာရှိသေးလား။မရှိရင် ငါကင်တင်းသွားတော့မယ်။''
Tineပြောပြောဆိုဆိုနဲ့လှည့်ထွက်မည်အလုပ်
sarawatက သူ့လက်ကိုတစ်ဖန်ဆွဲထားပြန်သည်။Tineစိတ်မရှည်တော့။လက်ကိုပြန်ရုန်းလိုက်၏။
"မင်း ဘာပြောမှာလဲ။ငါဗိုက်ဆာနေပြီ။''
ပြောဆိုတော့လည်း ဘာတစ်ခွန်းမှမပြောဘဲလူကိုသာစိုက်ကြည့်နေ၏။ပြီးတော့ရုတ်တရက်ကြီး Tineလက်မောင်းကို ဆွဲကာသူ့ကားနားအတင်းဆွဲခေါ်သွားသည်။
lover seatနားမှာ သူ့ကို ထိုင်ခိုင်းပြီး ခါးပတ်ကို သေချာလုပ်ပေးနေသည့်sarawatသည် ခေါင်းများထိသွားတာလားဟု Tineတွေးလိုက်မိသည်။
"sarawat ရူးသွားတာတော့မဟုတ်ပါဘူးနော်။ငါ့ကို ဘယ်ခေါ်သွားမလို့လဲ''
Tineပြောတာကို နည်းနည်းလေးမှ ဂရုမစိုက်ဘဲsarawatတစ်​ေယာက်ကားကို မောင်းထွက်လာခဲ့သည်။
"sarawat ''
Tine၏စိတ်မရှည်သည့်အသံထွက်လာမှ ကမောင်းနေရင်းတစ်ချက်ငဲ့စောင်းကြည့်လာသည်။
"မင်းကို ဘာမှမလုပ်ဘူး။ပါးစပ်လေးပိတ်ပြီးဘဲလိုက်ခဲ့''
တကယ်ပါဘဲ။ငါ့ကို လုပ်ချင်တိုင်းလုပ်လို့ရတဲ့အရုပ်ထင်နေတာလားမသိဘူး။
Tine ဘာမှဆက်မပြောတော့ဘဲ အပြင်ဘက်ရှုခင်းတွေကို ​ေငးကြည့်ေနလ်ုက်သည်။ကားက ကျောင်းနဲ့တောင်တော်တော်ဝေးနေပြီ။ငါ့ကို ပြန်ပေးဆွဲတာတော့မဟုတ်ပါစေနဲ့။
Tine သူ့သူတွေးချင်ရာတွေးကာ ကြက်သိမ်းထနေ၏။sarawat ကိုကြည့်တော့ ဘာခံစားချက်မှ မရှိသောမျက်နှာအမူအယာနဲ့ကားကို မောင်းနေသည်။Tineသည် တိတ်ဆိတ်နေရတာကို မကြိုက်သောကြောင့်သူsarawatကို စကားစလိုက်မိသည်။
"မင်း ဒဏ်ရာတွေ လုံးဝပျောက်သွားပြီလား''
"အင်း စိတ်ပူတာလား''
Tine၏ မေးခွန်းက အဆန်းမဟုတ်သော်လည်း sarawatမျက်နှာကပြုံးစိစိဖြစ်သွားသည်။
"စိတ်ပူတာပေါ့ မင်းအဲ့နေ့က သေမလိုတောင်ဖြစ်တယ်လေ။ခုတစ်ပတ်တောင်မပြည့်သေးဘူး။ဆေးရုံက ဆင်းလာပြီ''
"အရမ်းတော့မသက်သာသေးဘူး။''
"ဟင် ဘာလို့ဆင်းတာလဲ။ဆေးရုံမှာဘဲနေနေတာမဟုတ်ဘူး။''
sarawat တစ်ချက်ရယ်လိုက်သည်။
"ငါမတွေ့ချင်တဲ့လူတွေကို တစ်ချိန်လုံးတွေ့နေရလို့လေ။''
"မင်း သူတို့ကို ကြည့်မရတာနဲ့ဆင်းလာတာပေါ့''
"အင်း ''
Tine ဆက်မမေးတော့။ဒီလောက်ဆိုရင် sarawatသူ့မိသားစုပေါ် စိတ်ခုနေမှန်းသိသာလှသည်။ဆေးရုံတုန်းကလည်း sarawatအေမကိုသာ Tineမြင်ခဲ့သည်။သူ့အဖေကတော့ပါလောက်မည်မထင်။ထိုစဉ် sarawatထံမွ Tineကို အံ့အားသင့်စေသည့်စကားသံသဲ့သဲ့ထွက်လာသည်။
"ဒါပေမဲ့လေ အဲ့အချိန်မှာ မင်းသာရှိနေမယ်ဆိုရင် ငါအမုန်းဆုံးလူတောင်မှ ငါသည်းခံပြီးနေပေးနိုင်လောက်တယ်''
ဟမ် ဘာကြီးလဲ။Tineယုံတစ်ဝက်၊မယုံတစ်ဝက်မျက်နှာနဲ့sarawatကို တစ်ချက်ကြည့်လိုက်၏။စနေတာလား၊အတည်ပြောနေတာလားဟုမဝေခွဲနိုင်လောက်အောင် sarawatမျက်နှာက ဘာအမူအယာမှမရှိ။
အင်းလေ ငါ့ကို စရတာ တော်တော်ကြိုက်တယ်ထင်တယ်။
"ရောက်ပြီ။''
ချစ်စရာကောင်းပြီးပန်းပင်တွေနဲ့ပြည့်နက်နေသောဆိုင်ရှေ့အရောက်တွင်တော့ sarawatကားကိုရပ်လိုက်သည်။
"မဆင်းဘူးလား''
ဆိုင်ကို ပါးစပ်အဟောင်းသားနဲ့ငေးနေသောTineသည် sarawatပြောမှကားပေါ်ကဆင်းဖို့သတိရတော့သည်။
သင်းပျံ့နေသောပန်းရနဲ့မွှေးမွှေးလေးတွေက Tineကို တစ်ဖန်လန်းဆန်းတက်ကြွစေပြန်၏။ဆိုင်၏ နာမည်လေးကို မြင်သည့်အချိန်မှာတော့ Tineသည် လန်းဆန်းရုံမကပျော်လွန်းလို့ထခုန်ချင်စိတ်ပင်ပေါက်သွားသည်။
"ငါ့ကို ဘူဖေးဝယ်ကျွေးမလို့လား''
"အင်း မင်းပြောတော့ဗိုက်ဆာနေတယ်ဆို
သွားမယ်''
Tineပျော်ပျော်ပါးပါးနဲ့ဆိုင်ထဲသို့ လိုက်ဝင်လိုက်သည်။
ဆိုင်ရှင်မိန်းကလေးက သူတို့နှစ်ယောက်ကို မြင်တော့ပြုံးရွှင်စွာပင် ဧည့်ခံသည်။
"sarawat မလာတာအတော်ကြာပြီနော်''
"အင်း ''
ထုံးစံအတိုင်း sarawatထံမှအင်းတစ်လုံးသာထွက်လာသည်။ဆိုင်ရှင်က sarawatအကျ့င်နဲ့ပင်နေသားကျနေသည့်ဟန်။Tineကို မြင်တော့ တစ်ချက်ပြုံးပြကာ
"မောင်လေးနာမည်က''
"Tineပါခင်ဗျ''
"နာမည်လေးက ချစ်စရာလေး။အမနာမည်က pinတဲ့''
အမpinက သဘောကောင်းမည့်ပုံပင်။မျက်နှာက ကြည်လင်ကာပြုံးရွှင်နေသည်။ရုတ်တစ်ရက် sarawatထံမွ ''အမ''ဟုငေါက်သံတစ်ချက်ပေါ်လာသည်။အမpinက ဟက်ဟက်ပက်ပက်ကိုရယ်နေတော့၏။
"အေးပါဟယ် နင်ဒီကို ခေါ်လာကတည်းက ငါသဘောပေါက်ပါတယ်။သဝန်တိုတာကလည်းလွန်ရော။ဒါနဲ့
မောင်လေး သိလား။မင်းက သူဒီဆိုင်ကို ခေါ်လာတဲ့ပထမဆုံးလူဘဲ။''
Tineမျက်လုံးလေးပြူးကာ sarawatကို လှည့်ကြည့်မိသည်။sarawatပုံက စိတ်ရှုပ်နေသည့်ဟန်။
"ကဲပါ မင်းတို့ဗိုက်ဆာနေလောက်ပြီ။လာ လာ''
စားပွဲပေါ်တွင် အဆင်သင့်ပြင်ထားသောဘူဖေးတွေက Tine၏ဝမ်းဗိုက်ကို တကျုတ်ကျုတ်မြည်စေသည်။
"ဖြည်းဖြည်းစားကြနော်။လိုတာရှိရင် ပြော။အမ စာရင်းတစ်ချက်သွားလုပ်ဉီးမယ်''
Tine တစ်ယောက် ဟန်ပင်မဆောင်တော့ဘဲအားရပါးရပါးစပ်ထဲဇွတ်ထည့်တော့သည်။
ဟိုဟင်းစားလိုက်၊ဒီဟင်းစားလိုက်နဲ့။ဟင်းတွေအားလုံးက အရသာရှိလွန်းသောကြောင့်သူ ရှေ့မှာထိုင်နေသည့်sarawatကိုပင်မေ့သွားသည်။အတန်ကြာမှ
ပလုတ်ပလောင်းနဲ့စားပြီး sarawatကို မော့အကြည့်တွင်တော့ လူကသီးချင်သလိုပင်ဖြစ်သွား၏။အကြောင်းမူ ထမင်းမစားဘဲသူ့ကို သတိလက်လွတ်ငေးစိုက်ကြည့်နေသောsarawatကြောင့်ပါ။
Tine ချောင်းတစ်ချက်ဟန့်လိုက်ကာစားနေတာရပ်လိုက်သည်။
"မင်း ဘာလို့မစားတာလဲ။ဗိုက်မဆာဘူးလား။''
"ဟင့်အင်း လုံးဝမဆာဘူး။''
"ဘာလို့လဲ''
"မင်းစားတာကြည့်ပြီး ဗိုက်ပြည့်သွားတယ်'
"ဟီး ငါ​ေတာ့ ဗိုက်ဆာနေလို့''
Tine ပုစွန်ကင်တစ်ခုကိုယူကာsarawatပန်းကန်ထဲသို့ထည့်ပေးလိုက်သည််။
"ဒါလေး စားကြည့်။ကောင်းတယ်''
"တကယ်ကောင်းလို့လား''
ပုစွန်ကို ကြည့်၍ နှာခေါင်းရှုံ့နေသောsarawatကို Tineရယ်မိသည်။
"မကြိုက်ရင်လည်း မစားနဲ့။ပုစွန်က ငါအကြိုက်ဆုံးဘဲ''
sarawat၏မဲ့နေသောမျက်နှာသည် ပြန်တည်သွားပြီး ပုစွန်ကိုကောက်ခနဲ ယူစားလိုက်သည်။ထိုစဉ် အမpinက ဖျော်ရည်လာချရင်း ပုစွန်ဝါးနေသောsarawatကို မြင်တော့ထအော်တော့၏။
"sarawat နင်ပုစွန်စားတယ်။ဘယ်လိုဖြစ်တာလဲ။နင် အမုန်းဆုံးဆို''
အမpinသည် sarawatကို တအံတဩနဲ့မသိရင် ကမ္ဘာမှာအထူးဆန်းဆုံးအရာကို မြင်နေရသလိုပြူးကြည့်နေတော့သည်။
"အင်း အရသာရှိပါတယ်။''
တစ်သက်နဲ့အခါ ပုစွန်မစားဖူးသောsarawatသည် အရသာရှိပါတယ်ဟုလည်းပြောသောကြောင့် အမpinသူ့နားကိုပင်သူမယုံနိုင်မိ။တစ်ဆက်တည်းမှာပင် သည်လောက်လက်ပေါက်ကတ်လွန်းသောသူ့မောင်ကို အမုန်းဆုံးအစားအစာကိုပင်စားနိုင်သွားအောင် ဆွဲဆောင်နိုင်သည့်tineဆိုသည့်ကောင်လေးကိုလည်း တအံတဩနဲ့ငေးကြည့်နေခဲ့မိသည်။ဒီကလေး ဘာအစွမ်းတွေနဲ့များsarawat၏ကျောက်ခဲနှလုံးသားကို အရည်ပျော်စေနိုင်တာလည်းမသိ။

"အင်း ဗိုက်ကိုပြည့်သွားတာဘဲ။စားကောင်းလိုက်တာ ''
sarawatမကြားချင်ဟန်ဆောင်ကာ ကားကို မောင်းနေလိုက်သည်။Tine၏မျက်နှာသည် ကလေးလိုပင်ပြုံးပျော်နေ၏။အသွားတုန်းကဆူပုတ်ပုတ်မျက်နှာလေးနဲ့များတခြားစီ။
လောလောဆယ်တော့ထို
ချစ်စရာကောင်းလွန်းလှသောပါးနှစ်ဖက်ကို ဖိညစ်ချင်နေသည့်စိတ်ကို သူမနည်းထိန်းချုပ်ထားနေရသည်။
"ဒါနဲ့sarawat အမpinက​ေလ အဲ့ဆိုင်မှာသူတစ်ယောက်တည်းလုပ်တာလား။တခြားသူတွေလည်း မတွေ့သလိုဘဲ''
"အင်း အဲ့ဆိုင်က VIPကိုမှ only oneဆိုပြီးဖွင့်တာလေ။''
ထိုအူတူတူအရှုပ်ထုပ်လေးက သဘောပေါက်ဟန်မတူ။မျက်မှောင်ကြီးကို ကျုတ်ထားသည်။
"ဟင်း နားမလည်ဘူး''
"ဒီလိုလေ ဆိုင်ကို လူစုလူဝေးနဲ့မလာရဘူး။တစ်ဆိုင်လုံးမှာမှ တစ်ယောက်ဘဲထိုင်ရတယ်။''
"ဟုတ်လား'
မျက်လုံးလေးပြူးကာ တအံတဩဖြစ်သွားသည့်Tineသည် sarawatရဲ့မျက်လုံးထဲတွင်အလွန်ပင်ချစ်စရာကောင်းနေတော့၏။
"အဲ့ဒါဆို ငါတို့နှစ်ယောက်ဝင်တာကျတော့။ဘာမှမဖြစ်ဘူးလား။''
"မဖြစ်ဘူး။အဲ့ဒါငါ့အမ တစ်ဝမ်းကွဲ''
"ဟင် မင်းအမတစ်ဝမ်းခွဲ''
ဒီအရှုပ်လေးက တစ်ခါတစ်လေအရမ်းကို တုံးအတာဘဲ။
sarawatသက်ပြင်းသဲ့သဲ့ချမိ၏။
သူဘဝတစ်လျှောက်လုံးမှာ သူနဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့အရာတွေမှန်သမျှ မျက်စောင်းပင်မထိုးခဲ့။
သို့သော် Tineဆိုသည့်လူသားလေးသူ့အနားမှာရှိသည့်အချိန်တွင် တော့ သူအမုန်းဆုံးဆိုသည့်အရာတွေသည် တစ်ဖန်ပြန်ချစ်စရာကောင်းလာတော့သည်။
ထိုထက်ပို၍ပြောရမယ်ဆိုရင် နာကျင်မှုတွေနဲ့ရေစုန်နှစ်နေသည့် သူ့နှလုံးသားသည် Tineဆိုသည့်မီးအိမ်လေးနဲ့ပြန်လင်းလက်လာခဲ့ပြီ။
သူသတိတရနဲ့ဘေးကိုလှည့်ကြည့်တော့ အရှုပ်ထုပ်လေးက အပူအပင်ကင်းစွာနဲ့ပင်အိပ်ပျော်နေလေ၏။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now