Chapter - 7(Uni+Zaw)

1.8K 147 10
                                    

Unicode

Tineတစ်ယောက် music clubတွင်ဗျာများနေချေပြီ။စင်စစ် guitarနဲ့ပတ်သတ်တာဘာတစ်ခုမှမသိ။pearကို ဖွန်ကြောင်ချင်လို့သာclubထဲဝင်ခဲ့ခြင်းဖြစ်သည်။ခုတော့သောက်ကျိုးတွေနည်းရော။
Sarawatမျက်နှာကြောင့် clubထဲတွင်လူအရမ်းများလွန်းသောကြောင့် လူရွေးပွဲပြန်လုပ်ချိန်တွင် tineအူကြောင်ကြောင်နဲ့ဘာမှမသိ။
စီနီယာတွေကို အားနာနာနဲ့ဘဲပေါက်ကရတွေတီးပြခဲ့သည်။အခန်းအပြင်လည်းရောက်တော့ tineခြေကုန်လက်ပန်းကျနေ၏။အရေးထဲ guitarတီးနေတုန်း ရယ်ချင်စိတ်ကို မြိုသိပ်ထားကာ ပြုံးစိစိနဲ့သူ့ကို ကြည့်နေသည့်sarawatကိုလည်းရှောင်နေရသေးသည်။
စိတ်လည်းညစ်ပါတယ်။
Tine ဆူညံသောပတ်ဝန်းကျင်ကိုရှောင်ရှားရန် လူခြေတိတ်သောတူရိယာပစ္စည်းတွေထားသည့်အခန်းနား ဝင်နေလိုက်၏။
နာကြပ်ကလေးနဲ့ခြေလေးဆင်းကာအုတ်နံရံကိုမှီ၍ မျက်စိကိုမှိတ်ထားလိုက်သည်။သူဒီနေ့စီနီယာတွေ၏အကြည့်စိမ်းစိမ်းတွေကြောင့်ခါတိုင်းထက်တောင်ပိုပင်ပန်းနေသလိုခံစားနေရသည်။လောလောဆယ်တော့ အခွင့်အရေးရတုန်း အားရပါးရအနားယူထားရမည်။နားထဲတွင်တော့ scrubbသီချင်းကလွဲ၍ဘာမှမကြားရ။တိတ်ဆိတ်ခြင်း၏အရသာကို ဇိမ်ယူနေခိုက် ပါးပြင်တစ်ဖက်၌အေးကနဲခံစားလိုက်ရသည်။tine တလန့်တကြားနဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့ အအေးဘူးတစ်ဘူးကိုသူ့ပါးနားကပ်နေသည့်sarawat။tineမျက်
လုံးပွင့်လာတော့ ထိုအအေးဘူးကိုသူ့လက်ထဲထည့်လိုက်သည်။
"ဘာလာလုပ်တာလဲ။ငါတစ်ရေးလောက်တော့အိပ်ပါရစေ။''
Tineမျက်မှောင်ကြီးကုတ်ကာ မဲ့ရှုံရှုံပြောတော့ရယ်နေ၏။လက်ကလည်း နားကြပ်ကိုဖြုတ်လိုက်သည်။
"ငါက ပျောက်လို့လိုက်ရှာနေတာ။မင်းက ဒီနားလာအိပ်နေတာကိုး''
"သိပြီမလား။သွားတော့။ငါက ဆက်အိပ်အုံးမှာ''
ပြောပြောဆိုဆိုနဲ့tine မျက်စိကိုပြန်မှိတ်လိုက်သည်။သို့သော် sarawatကထွက်မသွားဘဲသူ့ဘေးနားရောက်လာသည်။
ရုတ်တရက် tineကြက်သိမ်း‌ေတွထလာ၏။သူ့ကိုလိုက်မယ်ဟုပြောထားသောလူတစ်ယောက်ကို
ဘေးမှာစိတ်ချလက်ချထား၍သူမအိပ်ရဲသောကြောင့်ပါ။ထို့ကြောင့်ချက်ချင်းဆိုပင် ခါးကိုပြန်မတ်လိုက်ပြီးမျက်စိပွင့်သွားအောင် အအေးဘူးကိုဖွင့်သောက်လိုက်သည်။
"ပြောတော့အိပ်ချင်တယ်ဆို။ဘာလို့ထလာတာလဲ။''
ပြောရင်းနဲ့sarawatမျက်ခုံးတစ်ချက်တွန့်သွားကာ နှုတ်ခမ်းတွင်လည်းအပြုံးတစ်ခုပေါ်လာသည်။
သေစမ်း အဲ့လိုပြုံးတာနဲ့တောင်မင်းက တော်တော်ကြောက်စရာကောင်းတာဘဲ။
"ဘာလဲ ငါကိုက်စားမှာကြောက်လို့လား'
"ငါက ဘာကိစ္စကြောက်ရမှာလဲ''
Tineဟန်ဆောင်ပန်ဆောင်ပြောလိုက်၏။စိတ်ထဲတွင်တော့ ကျောတွေချမ်းနေပြီ။
sarawatက ရိပ်မိဟန်နဲ့ဟက်ကနဲတစ်ချက်ရယ်ကာ သူ့ခေါင်းကိုကလေးလေးလိုပွတ်သပ်လိုက်သည်။နူးညံ့သောအထိအတွေ့လေးကြောင့်tineမရုန်းဘဲနဲ့အသာငြိမ်နေလိုက်သည်။ထိုနည်းတူ sarawatအကြည့်တွေကလည်း သိမ့်မွေ့လွန်းနေသည်။
"ကလေးလေးလိုဖြူစင်လွန်းတဲ့မင်းကို ငါကထိချင်ရင်တောင်မထိရက်ဘူးသိလား။''
တိုးညင်းသောအသံနဲ့ရေရွတ်လိုက်သော်လည်း tineရှင်းလင်းစွာကြားရပါသည်။
တှုပ်လှုပ်နေသောနှလုံးသားတစ်စုံနဲ့မော့ကြည့်မိတော့ သူ့ကိုစိုက်ကြည့်နေသောမျက်ဝန်းတစ်စုံနဲ့ဆုံမိသွားသည်။ဘာလို့လည်းတော့မသိ။
မိန်းကလေးတွေနဲ့အကြည့်ချင်းဆုံခဲ့ဖူးသော်လည်း ထူးဆန်းစွာပင်ယခုလောက်နွေးထွေးမှုကိုမခံစားဖူး။
sarawat၏မျက်ဝန်းတွေက စူးရှတာမှန်ပေမဲ့ လည်းထိုထဲတွင် အလွန်မြတ်နိုးသည့်အရိပ်အယောင်တွေနဲ့လည်းထင်ဟပ်နေသည်။
tineရှက်စိတ်နဲ့ခေါင်းပြန်ငုံ့လိုက်ကာ sarawatလက်မှလည်း ရှောင်လိုက်မိသည်။
မရှောင်လို့လည်းမရတော့။သူ့လက်ဖဝါးတွင်ချွေးစေးတွေပြန်နေပြီ။ကဆုန်ပေါက်နေသော
သူ့နှလုံးသားခုန်သံကို တိတ်လိုတိတ်ငြားသူဖျော်ရည်ချည်းဇွတ်မော့နေမိ၏။
"မင်း ခဏကဘာသီချင်းနားထောင်နေတာလဲ''
ပထမဆုံးအသံထွက်လာတာက sarawat။
"Scrubb''
မျက်မှောင်တစ်ချက်တွန့်သွားတာမြင်လိုက်မိသည်။
"sarubb မကြိုက်လို့လား။''
"ကြိုက်ပါတယ်။ဒါပေမဲ့ငါ့အကြိုက်ဆုံးတော့မဟုတ်ဘူး။''
"ငါကတော့ scrubbဘဲ။အထက်တန်းကနေခုထိဘဲ။အခြားbandတွေဆိုနားထောင်လို့မရတော့ဘူး။''
Sarawatက tine၏နားကြပ်ကိုပြန်ကောက်ကာနားထောင်ကြည့်လိုက်သည်။
"Closeကိုး''
"မင်း သိတယ်ပေါ့''
Tineမျက်လုံးလေးပြူးကာမေးတော့ sarawatမသိချင်ယောင်ဆောင်ကာထထွက်သွား၏။တူရိယာပစ္စည်းတွေကြား မွေနှောက်နေပြီးလက်ထဲတွင်guitarတစ်ခုပါလာသည်။
ပုံစံကြည့်ရသည်မှာ tineကိုတီးပြမည့်ဟန်။
"Chordတွေက အရမ်းရှုပ်တယ်။ဒါပေမဲ့''
သူ့စကားစကိုဖြတ်ပြီး Tineကိုတစ်ချက်မော့ကြည့်သည်။
"တိုက်ဆိုင်တယ်ထင်လို့''
Tineချောင်းတစ်ချက်သာဟန့်ကာ sarawatတီးတာနားထောင်ရန်အသင့်ပြင်လိုက်သည်။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now