11~//CEOရဲ့ဗျူဟာ//

Start from the beginning
                                    

ရီပေါ်ကကြောင်တောင်တောင်လေးနဲ့အဖြေပေးလာ
သည်။ သူ့ခင်ဗျာ အသုတ်ခံချင်လို့ ညီလေးပေါ်ကော်ဖီ
လောင်းချရမလိုပဲ။ ရှောင်းကျန့်စိတ်ထိန်းစမ်း။

"အလုပ် စောစောပြီးရင် စောစောဆင်းမယ်လေ
ဈေး၀င်၀ယ်ဦးမှာဆိုတော့"

"ဟုတ်"

.............

ရီပေါ်တို့ နှစ်ကူးအတွက် လိုတာတွေပတ်၀ယ်ကြသည်။
ခြင်းထဲမှာလည်းအထုတ်တွေပြည့်လို့ ။ နှစ်ကူးမို့ ဈေး
‌‌‌လျှော့ရောင်းတဲ့ပစ္စည်းတွေလည်းအများကြီးပဲ။ လူတွေ
လည်း စည်လှသည်။ ကုန်တိုက်တစ်ခုလုံး အနီရောင်
အဆင်တန်ဆာတွေနဲ့ အလှဆင်ထားသည်။

ရီပေါ် တို့လျှောက်ပတ်ရင်း နာရီဆိုင်ရှေ့ရောက်တော့
မှန်ဘောင်မှာ ပြထားတဲ့နာရီလေးက လှတာကြောင့်
ကြည့်မိလိုက်သည်။ သူ့မှာပါတဲ့ပိုက်ဆံနဲ့လောက်ရင်
၀ယ်မယ်ပေါ့ ။ ဈေးကိုအရင်ကြည့်လိုက်သည်။

ဈေးနှုန်းက သူ့ကိုသွေးတက်စေသည်။
ယွမ် ၇၀၀၀၀ ။သူကတစ်လမှ ယွမ်၁သောင်းကျော်
ရုံလေးရတာ (မြန်မာငွေ သိန်းနှစ်ဆယ်ကျော်လောက်ပေါ့)

ချက်ချင်းအကြည့်ခွာကာ ဆိုင်ရှေ့ကထွက်မယ်လုပ်တော့
ရှောင်းကျန့်က

"လိုချင်လို့လား"

"မဟုတ်ပါဘူး ကြည့်ကြည့်တာ ကျွန်တော်လည်းမကြိုက်
ဖူး"

"၀ယ်ပေးမယ် တစ်ခုရွေး"

ရုပ်တည်ကြီးနဲ့ပြောနေတာမို့ရှောင်းကျန့်ကနောက်နေ
တာနဲ့မတူ။ သူ့အတွက်တော့ဒီပိုက်ဆံက ထမင်းစား
ရေသောက်သလောက်ပဲရှိမှာလေ။ ရီပေါ်အတွက်ကျ
မတူဘူး ။ ရီပေါ်က ရှောင်းကျန့်ပိုက်ဆံနဲ့၀ယ်ပေးတာ
လည်းမလိုချင်ဘူး။ အားနာတယ်။

သူကလည်းယောက်ျားလေးပဲဟာ။ ပြီးတော့ကိုယ်ပိုင်
၀င်ငွေလည်းရှိတယ်။ လက်ထက်ထားတဲ့လူဆီကမယူ
ချင်ဘူး။ ယောက်ျားမာနရှိသေးတယ်လေ။

"မယူဘူး ကျန့်ကောမ၀ယ်ပါနဲ့"

"ရော် ကျောင်းတုန်းက အနိုင်ကျင့်ခံလေးပဲ"

၀ယ်ပေးမယ် မ၀ယ်ဘူးငြင်းနေတုန်း မိန်းကလေးတစ်
ယောက် ဘေးနားရောက်လာသည်။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now