11~//CEOရဲ့ဗျူဟာ//

Start from the beginning
                                    

"ရီပေါ် ကိုယ့်ကို ကော်ဖီလေးတစ်ခွက်လောက်ပေးပါလား
ကိုယ် ငိုက်နေလို့"

ထုတ်တော့မပြောရဲပေမယ့် ရီပေါ်တွေးလိုက်မိသည်။
"ခုနက လူကိုအတင်းနမ်းနေတုန်းကတော့ဒေါင်ဒေါင်
မြည်ကြီးပါ"

.........

"ကျန့်ကော ကော်ဖီရပြီ အပူပဲဖျော်လာတယ်နော်"

ရှောင်းကျန့်က ‌ငိုက်နေတာကြောင့် သတိမထားမိပဲ
ကော်ဖီကိုချက်ချင်းသောက်ပစ်လိုက်သည်

*ဖူးး...ဖလူး*

"အားးးပူလိုက်တာ"

နှစ်ထပ်ကွမ်းပူသွားသည်။ ပါးစပ်ထဲမှာပူတယ်။
ပူလို့ထွေးထုတ်လိုက်တော့ ဘောင်းဘီဂွပေါ်ကျ
ပြီး ညီလေးကထပ်ပူသွားသည်။ တော်တော်ကြီး
ခံရခက်သွားသည်ရှောင်းကျန့်ခမျာ

"သူဌေး ရရဲ့လား..ကျွန်တော်ရေခပ်ပေးမယ် အဲ ကျန့်ကော
လို့ပြောတာ"

ရီပေါ်က သူစကားမှားတာကို သူ့ဘာသူမြန်မြန်ပြန်ပြင်
လိုက်ပြီး ကပြာကယာနဲ့ရေပြေးခပ်သည်။ ရှောင်းကျန့်
ဖူး ဖလူးလိုက်လို့ ကော်ဖီတွေပေသွားတဲ့ ဖိုင်တွေကိုမြန်
မြန် ဖယ်ရသည် အများကြီးမပျက်စီးအောင်။

ကော်ဖီတွေကရှောင်းကျန့်ဘောင်းဘီပေါ်ပါ ပေသွားတာမို့
ရီပေါ်က ပေသွားသမျှနေရာတွေလိုက်ပြီးတစ်သျှူး
နဲ့ သုတ်ရာမှ သတိမထားမိပဲ ဘောင်းဘီပေါ်ရောက်
သွားသည် ။

ရှောင်းကျန့်က ဘောင်းဘီဂွပေါ်ရောက်လာတဲ့ ရီပေါ်
လက်ကလေးကို စိုက်ကြည့်ရင်း အတွေးတွေကညစ်
ပတ်လာသည်။ ဟိုကောင်လေးကတော့ သူ့လက်ဘယ်
ရောက်နေပြီဆိုတာ ခုထိသတိမထားမိသေးဘူး။

ဟော သူသတိထားမိသွားပြီ

"အဲ .. ကျန့်ကော ဆောရီးး"

ရီပေါ်က သတိထားမိသွားတာနဲ့တစ်ပြိုင်နက်လက်
ကိုဖယ်ပေးလိုက်သည်။ မျက်နှာကရဲ‌နေသေးသည်။

"ရတယ် ဆက်လုပ်ပါ "

"ဟင် ဘာကိုဆက်လုပ်ရမှာလဲ"

"ဆက်သုတ်လေ "

"ဟုတ်။ ပြောင်သွားပြီ သုတ်စရာမရှိတော့ဘူးလေ"

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now