Final Episode ( Unicode )

2.2K 150 15
                                    


ဒီနေ့မနက်ထဲကဗိုက်ကစတင်နာလာသည်။ကိုကိုကသူ့မျက်နှာတစ်ချက်ပျက်တာနဲ့သတိထားမိတော့နေလို့အဆင်ပြေရဲ့လားမေးသည်။တကယ်ဆိုမွေးဖို့ရက်ကလိုသေးသည်။ကြည့်ရတာအမြွှာလေးတွေကစောထွက်ချင်နေပုံပါပဲ။

"ကိုကိုရေနာတာကပိုဆိုးလာတယ် "

ငိုသံစွတ်နေသောသည်းငယ်အသံ
လက်လေးကိုကိုင်ကြည့်တော့လက်ဖျားတွေအေးစက်ကာ
ချွေးစီးတွေကစိုရွဲလို့နေသည်။

"ဆေးရုံသွားကြတာပေါ့ သည်းငယ် "

ကားပေါ်ဝယ်သည်းငယ်ဗိုက်နာတာကပိုဆိုးလာသည်။

"ခဏဆိုရောက်ပြီ သည်းငယ် အောင့်... "

"ဗိုက်နာနေတာ အောင့်ထားလို့ရမလား
ဟီး.... သေပါပြီ "

ချန်းယောလ် မှာကားလည်းစိတ်ချလက်ချ
မမောင်းနိုင်။နောက်ခန်းဝယ်ဗိုက်နာလို့အော်နေသောသည်းငယ်ဘေးကအဒေါ်ကြီးခင်မျာလည်းမလွယ်။သည်းငယ်က
အဒေါ်ကြီးလက်ကိုအသကုန်ဖိဆုပ်ကိုင်ထားတာ။

"အစ်ကိုလေးရေဟွန်းငယ်လေးရေမြွှာပေါက်သွားပြီ မြန်မြန်လေးမောင်းပါ၊ကလေးထွက်လာတော့မှာ "

အဒေါ်ကြီးအပြောကြောင့်ကားမောင်းနေရင်းချန်းယောလ်လှည့်ကြည့်တော့သည်းငယ်မှာနှုတ်ခမ်းကိုသွေးစို့နေအောင်
ဖိကိုက်ထားကာဗိုက်နာနေတာကိုတင်းခံနေသည့်ပုံ။ခုနကလိုအော်ငိုမနေတော့။
ဆေးရုံရှေ့ကားထိုးရပ်ပြီးတာနဲ့သည်းငယ်ကိုအမြန်ပွေ့ကာသားဖွားဌာနဆီအမြန်သွားရသည်။အဒေါ်ကြီးလည်း
သူ့နောက်အမှီလိုက်လာသည်။

"သည်းငယ် ဘာမှမဖြစ်ဘူးနော်
ကိုကိုရှိတယ် စောင့်နေမယ်
သားသားတို့ကိုမွေးပြီးရင်ပြန်တွေ့ကြမယ် "

လက်လေးကိုဆုပ်ကိုင်ရင်းအားပေးတော့မျက်ရည်တွေကြားကခေါင်းညိတ်ပြရှာသည်။တွန်းလှည်းစင်ပေါ်သည်းငယ်ကိုတင်ပေးပြီးမွေးခန်းအဝဆီ
တွန်းဝင်သွားကာတံခါးပိတ်သွားမှ
ချန်းယောလ်သက်ပြင်းချနိုင်တော့သည်။အဒေါ်ကြီးလည်းသူ့ဘေးရောက်လာကာ
ခွဲခန်းရှေ့စောင့်ကြသည်။

ကလေးကထွက်ခါနီးအနေအထားလည်း
ဖြစ်နေသလိုမွေးလူနာကလည်းညှစ်လက်စဖြစ်နေလို့ထုံဆေးနဲ့သာမွေးပြီးကလေးကို
ညှပ်ဖြင့်ဆွဲထုတ်​မယ်ဟုဆရာဝန်တစ်ယောက်ကလာထွက်ပြောသည်။

Marriage Life ( ChanHun )Where stories live. Discover now