5

2.9K 264 7
                                    

Zawgyi

နွေးထွေးသောနေရာင်ခြည်လေးသူ့မျက်နှာပေါ်ကျရောက်လာမှနိုးလာသည်။အလင်းရောင်ကြောင့်မဖွင့်ရသေးသောမျက်ဝန်းတို့ကိုတွန့်ရှုံ့မိလိုက်သည်။မျက်ခွံပေါ်ထိုးနေသောပူနွေး
သောနေရောင်ခြည်လေးကိုလက်နဲ့ကာပြီးကြည့်လိုက်သည်။

"မင်္ဂလာမနက်ခင်းပါ အကိုလေး "

အမ် .. ဒီအသံက

အာ့

အာ့

"ရရဲ့လား
ဖြည်းဖြည်းထပါအကိုလေး "

မိမိမျက်စိရှေ့ရောက်နေသော အားဝမ်
သူဘယ်လိုဒီအခန်းထဲရောက် ဆတ်ကနဲ့ထအထိုင်နာကျင်မှုကကျောရိုးတလျောက်ကနေအောက်ပိုင်းအထိဖြစ်ပေါ်လာ
သည်မို့ထိန်းမထားနိုင်ဘဲထုတ်ငြီးမိသည့်အထိ။

"မင်းကဒီကိုဘယ်လိုရောက်နေ "

"အကိုလေး နိုးလာရင်လိုအပ်တာလုပ်ပေးဖို့ ချန်းယောလ်
သခင်လေးမှာထားလို့ပါ

သခင်လေးမရှိပါဘူး
အပြင်ခဏသွားပါတယ် "

စိတ်ထဲတမျိုးဖြစ်သွားမိသည်။မင်္ဂလာဦးမနက်ခင်းလေးတောင်
တူတူရှိမနေနိုင်တာဘာအကြောင်းများပါလိမ့်။
တွေးထားတဲ့မနက်ခင်းကချစ်ရသူနဲ့...
ဆက်မတွေးဖို့ခေါင်းခါမိလိုက်သည်။
ငါ နဲ့ သူ ပတ်သက်မှုက...

အိပ်ရာပေါ်ကဖြည်းဖြည်းထနေတဲ့သူ့ကို အားဝမ်ကဆွဲထူသည်။မျက်နှာပူလိုက်တာနော်ဘာလို့များအဲ့လူကြီးကလည်းဒီလိုစီစဉ်ရတာလည်း။တော်သေးတာကအဲ့လူကြီးည၀တ်အင်္ကျီအပွကြီးဝတ်သွားပေလို့။

ရေချိုးခန်းဝအထိတွဲပို့ပေးပြီးအပြင်မှာရပ်စောင့်နေရင်အားဝမ်ူတွေးမိသည်။မမြင်ရသောနှစ်အနည်းငယ်အတွင်း ရှစ်ရွှင်း
ပြောင်းလဲသွားသည်။အရင်က ရှစ်ရွှင်း ဘယ်ပျောက်သွားတာလည်း။ဘယ်လိုဘဲတွေးတွေးအခုမြင်နေရသော
ရှစ်ရွှင်း သည်အရင် ရှစ်ရွှင်း နဲ့ကွဲပြားခြားနားနေသည်။
Accident ကတကယ်ဘဲ ရှစ်ရွှင်း ကိုတခြားလူစိမ်းတယောက်လိုဖြစ်သွားစေသလား။ယုတ်စွာအဆုံးသူ့ကိုတောင်လုံးဝသတိမရတော့တာလား။ဟန်ဆောင်နေတာလားဆိုတာကိုတော့ ရှစ်ရွှင်း မှသာသိလိမ့်မယ်။

Marriage Life ( ChanHun )Where stories live. Discover now