20

2.1K 232 33
                                    

*မချစ်တော့တာမဟုတ်ဘူး ကိုကို
ဟွန်း အရမ်းပင်ပန်းနေပြီ
ကိုကို့ကိုချစ်ရတာပင်ပန်းနေပြီ *

+ Marriage Life +

လူခေါ်ဘဲလ်ခလုတ်ကိုနှိပ်ဖို့လုပ်နေတာတင်
အတော်ကြာနေပြီ။တကယ်တမ်းထွက်လာပေမယ့်ကြောက်တယ်။ကိုကိုအဲ့အိမ်မှာတကယ်
ရှိနေရင်ဘယ်လိုလုပ်ရမလည်း။တစ်ညလုံး
အိပ်လို့မရခဲ့။အတွေးပေါင်းစုံကသူ့ကိုနှိပ်စက်နေခဲ့သည်။ကိုကိုသူ့ကိုစွန့်လွှတ်ခဲ့ရင်ဆိုတာကြီးကအတော့်ကိုသွေးပျက်ကြောက်ရွံစေသည်။

နောက်ဆုံးညဦးပိုင်းဝင်လာခဲ့သောဖုန်းထဲက
သူမရဲ့စကားတို့ကိုသူခွန်းတုံ့ပြန်ခဲ့သည်။
မဖြစ်နိုင်ဘူး ဆိုသောစကားကိုထပ်တလဲလဲငြင်းဆိုတော့သူမဆီကမယုံရင်မင်းလာကြည့်
ရဲလားဆိုသောစကားကိုသက်သေပြပြီး
သူမနေထိုင်ရာတိုက်ခန်းရှေ့ရောက်လာခဲ့သည်။

မိမိရဲ့တိုင်ပင်ရာဝမ်းဗိုက်ထဲကအမြွှာလေးတွေကိုငုံ့ကြည့်ရင်းပြောလိုက်မိတယ်။
အန်တီကလိမ်ပြောနေတာ ကလေးလေးတို့
Daddy ကဒီမှာမရှိဘူး Papa ကသူ့အပြောမယုံဘူးဆိုတာသက်သေပြဖို့လာတာ သိလား။

တစ်ညလုံးနီးပါးငိုခဲ့တာမို့မျက်လုံးတို့ကမို့ဖောင်းကာပိတ်လုနီးပါး။ခုချိန်သာကိုကိုမြင်ရင်သူ့ကိုရုပ်ဆိုးလေးလို့စများနေမလား။
အဲ့လိုတွေးမိသေး။
နောက်ဆုံးငါရောက်တောင်ရောက်နေပြီဘဲ။
ဘာလို့လှည့်ပြန်စရာအကြောင်းရှိ။
စိတ်အားတင်းကာခလုတ်ကိုဖိလိုက်သည်။

ခဏအကြာတံခါးပွင့်လာသည်။
ပါးလှပ်သောညဝတ်ဂါဝန်ကိုဝတ်ဆင်ထားသောသူမ။ဆံပင်ရှည်တွေကိုဖီးနေရင်းတံခါး
ဖွင့်ပေးပုံရသည်။

"အို လာသားဘဲ
တို့ကမင်းမလာရဲလောက်ဘူးလို့ထင်တာ
လာပါ ထိုင်အုံး
ချန်း မနိူးသေးဘူး
ဟင်း ဟင်း မိုးလင်းခါနီးမှသူအိပ်တာဆိုတော့ "

စကားပြောနေရင်းသူမဆံပင်တို့ကိုဆံထုံးထုံးလိုက်တော့မြင်လိုက်ရတာတွေက...

ဆယ်ဟွန်း နှုတ်ခမ်းကိုဖိကိုက်ထားမိသည်။

"ဟင့် ချန်းကသိပ်ဆိုးတာဘဲ
မင်းနဲ့ဆိုရင်ဘယ်နှစ်ခေါက်ပြီးလည်းမသိ
တို့နဲ့ဆိုတညလုံးနီးပါး...."

Marriage Life ( ChanHun )Where stories live. Discover now