32

1.8K 261 80
                                    


ဆိုင်အဝင်ဝဆီသူခဏခဏကြည့်မိသည်။
ဘာလည်းဒီလူကအပြောဘဲရှိတာ၊အလကားပေါ့။အတွေးရောက်မိတော့စိတ်ခုချင်လာပြီ။

"အာ လန့်တာ ဟော့လေး ရာ "

"ဘာတွေလန့် အစ်ကိုဘာတွေတွေးလို့လန့်
ကျွန်တော် ကဒီတိုင်းလေးပခုံးဖက်ရုံတင်ဟာ"

ဟော့လေးပြောတာလည်းမမှားပေ။
ဆယ်ဟွန်းကိုယ်၌ကိုယ်ကအတွေးလွန်နေတာ။ဆိုင်ဝဆီအကြည့်ပြန်ပို့မိတော့ဒိတ်ကနဲ့
ရင်ခုန်မိသွား။ရူးနေတာလားအိုဆယ်ဟွန်း။
နှုတ်ခမ်းကိုဖိကာမျက်နှာငုံ့ထားလိုက်သည်။
စိတ်ထဲကခြေလှမ်းတွေကိုရေတွက်နေမိ။

တစ်လှမ်း

နှစ်လှမ်း

သုံးလှမ်း

တဖြည်းဖြည်းနီးကပ်လာသောခြေသံနဲ့ထပ်တူသူရင်ခုန်နေမိတယ်။အမှတ်မရှိတဲ့
နှလုံးသားကလည်းရူးနေသလား။

"လိမ္မော်ဖျော်ရည်ကိုသကြားကဲပေး
ပေါင်မုန့်မီးကင်ကိုထောပတ်သုတ်ပြီးအပေါ်မှာလိမ္မော်ခရင်မ်ထပ်သုတ်ပေးပါ "

သြရှရှသူ့လေသံကတိကျလို့
ဆယ်ဟွန်း မော့ကြည့်မိချိန်သူရီပြတယ်။
မျက်တောင်မခတ်တမ်းငေးကြည့်နေမိတယ်။
သူ့အပြုံးတွေက....

"အစ်ကိုဆယ်ဟွန်း "

သူကလှည့်ထွက်သွားပြီးမလှမ်းမကမ်းခုံဝယ်ဝင်ထိုင်တယ်။မမှိတ်မသုန်သူကြည့်နေမယ်ဆိုတာခံစားမိတယ်။လှည့်မကြည့်သော်ငြား
သူကြည့်နေမယ်ဆိုတာသိတယ်။

လက်မတုန်မိအောင်ဂရုစိုက်ရင်းသူ့ဘေးသွားရပ်ကာမုန့်ဗန်းကိုချပေးလိုက်သည်။

"သုံးဆောင်လို့ရပါပြီ လူကြီးမင်း
သာယာသောနေ့လေးဖြစ်ပါစေ "

"ကိုယ်နေ့တွေသာယာဖို့ဆို
မင်းရှိနေမှဖြစ်မယ်"

လှည့်မထွက်ခင်သူပြောလိုက်တဲ့စကား
ကြောင့်ဆယ်ဟွန်းတုံ့ဆိုင်းသွားရသည်။
တချိန်ကကြားချင်ခဲ့သောစကား
သူအခုပြောလိုက်တာဘဲ။ဒါပေမယ့်
ဆယ်ဟွန်းကအရင်ကဆယ်ဟွန်းမဟုတ်ပါ။
မယုံရဲသေးဘူး။

လှည့်မကြည့်တော့ဘဲကောင်တာဆီပြန်ဝင်လိုက်သည်။သူ့ကိုခိုးကြည့်မိချိန်သူကလည်း
ပြန်အကြည့်ကြုံတော့ဆယ်ဟွန်းအယောင်ယောင်အမှားမှား။နှုတ်ခမ်းငယ်ကိုဖိကိုက်ရင်းအသက်ဝဝရှူရှိုက်လိုက်သည်။
မဖြစ်ပါဘူး။ခပ်တည်တည်နဲ့ပြန်ကြည့်ပေးလိုက်တော့သူကပြုံးရီပြပြန်သည်။

Marriage Life ( ChanHun )Όπου ζουν οι ιστορίες. Ανακάλυψε τώρα