45

2K 235 148
                                    


"သည်းငယ် "

နူးနူးညံညံလေးနဲ့ကိုကို့အသံကမိမိအနီးနားကကြားနေရသည်။ဒါပေမဲ့ဆယ်ဟွန်းမျက်လုံး
မဖွင့်ကြည့်နိုင်သေး။အိပ်ချင်နေသေးတယ်။
ခေါ်သံကထပ်မံကြားရတော့မနည်းအားယူ
ဖွင့်ကြည့်ရသည်။

"ပြွတ်စ် ကိုကို့သည်းငယ် နိုးနေပြီမလား "

မိမိနဖူးပြင်ထက်အထိအတွေ့အရကိုကိုနမ်း
လိုက်မှန်းသိသည်။ဒါပေမဲ့စကားတွေပြန်မပြောချင်သေး။အိပ်ချင်စိတ်ကကြီးစိုးနေသည်။

"ထတော့ အရမ်းအကြာကြီးအိပ်ပြီးမှထရင်
သည်းငယ်နေလို့အဆင်မပြေဖြစ်မယ်။
ခေါင်းမကြည်သေးရင်ကိုကိုဖျော်ရည်လေး
လုပ်ပေးထားတယ် "

.....

"အား....  ဘာရုပ်လေးလဲကွာ...
အသည်းယားတယ် "

မိမိပါးကိုလိမ်ဆွဲခံလိုက်ရသောအခါအိပ်ချင်စိတ်အနည်းငယ်ပြေသွားလေပြီ။ဆယ်ဟွန်း
မျက်ခွံတို့ကိုပွတ်သပ်တော့သူ့လက်ကိုလှမ်းဖမ်းဆုပ်ထားလို့ကြည့်တော့ ကိုကို။

"ကလေးလေးလား သည်းငယ်
အဲ့လိုလျောက်မပွတ်ရဘူးလေ
မျက်သားတွေဒဏ်ဖြစ်သွားမယ်
ကိုကိုသန့်ရှင်းရေးလုပ်ပေးမယ်
ငြိမ်ငြိမ်လေးနေ ..."

မျက်နှာထက်ကအေးတဲ့အထိအတွေ့လေးက
ခံစားရကောင်းလို့ဆယ်ဟွန်းသဘောတကျ
ပြုံးလိုက်မိသည်။

"နေလိုကောင်းသွားပြီမလား။ကိုကို့သည်းငယ်လေးကြောင်ချီးရုပ်လေးကနေ
သန့်သန့်လေးဖြစ်သွားပြီ "

မိမိမျက်နှာကို Wet Tissue လေးနဲ့သေချာ
သန့်စင်ပေးသောကိုကိုကြောင့်သဘောကျလို့
ငြိမ်ငြိမ်လေးနေပေးတာကိုဘာရယ်ကြောင်ချီးရုပ်လေးလို့ပြောတယ်။ဆယ်ဟွန်းမျက်မှောင်ကျုံ့ကြည့်ပေးလိုက်တော့နှာခေါင်းထိပ်ကိုလိမ်ဆွဲပြန်သော ကိုကို ။

"ဒါလေးကစိတ်ကောက်တာလား
ကိုကိုကချစ်လွန်းလို့စတာလေ
သည်းငယ်ရာ ခဏလေး ဖျော်ရည်လေး
သောက်ဖို့ယူပေးမယ် "

ကိုကို့ကိုမျက်စောင်းထိုးကာကြည့်ပြီး
မတ်တပ်ထအရပ်ခံစားလိုက်ရသောနာကျင်မှုကဆယ်ဟွန်းမျက်နှာလေးရှုံ့မဲ့သွားပြီ။အိပ်ရာပေါ်ပြန်ထိုင်လိုက်ရသည်။မိမိကိုယ်ခန္ဓာကိုအခုမှပြန်ကြည့်မိသည်။ညဝတ်ရှပ်အပွကြီးတစ်ထည်သာရှိသည်။ပေါင်မှာလည်းသွားရာတွေအကွင်းလိုက်။
ဟိုနေရာဒီနေရာလိုက်ကြည့်ရင်းဆယ်ဟွန်း
စိတ်တိုလာသည်။

Marriage Life ( ChanHun )Where stories live. Discover now