42

1.9K 240 139
                                    


ဆယ်ဟွန်း မျက်လွှာကိုချလိုက်သည်။
သူ့အကြည့်ကိုမတုံ့ပြန်ရဲဘူးဆိုပိုမှန်မယ်။
ပါးပြင်ဆီကအထိအတွေ့ကြောင့်ရင်ခုန်သံတွေဝုန်းဒိုင်းကျဲကာဆူညံကုန်ပြီ။

"နောက်မှ....နောက်မှ"

"ကိုယ်နားလည်ပါတယ်
အရမ်းတော့အကြာကြီးမဆုံးဖြတ်နဲ့နော်
ကိုယ်ကသည်းငယ်နဲ့တူတူနေချင်နေပြီ "

တိတ်ဆိတ်သွားသောအခန်းငယ်ထဲ
အသက်ရှုသံခပ်ပြင်းပြင်းသာကြားနေရသည်။ချန်းယောလ်ရဲ့စိတ်ကိုမရိုးမယွ
ဖြစ်အောင်ဖန်တီးနေသောသူလေးကြောင့်ဆိုမမှားပေ။ကိတ်မုန့်ခရင်မ်တွေကိုလက်နဲ့တို့ကာစုပ်စားလိုက်၊လျှာနဲ့နှုတ်ခမ်းလေးကိုသပ်လိုက်နဲ့သူ့ကိုကြည့်ရင်းချန်းယောလ်တခုခု
လုပ်ချင်စိတ်ပေါ်လာသည်။

ဘယ်လိုတွေလုပ်နေတာလည်းကွာ။
ကိုယ့်အန္တရာယ်ကိုယ်မသိတဲ့ကောင်လေး
ကြောင့်ချန်းယောလ်ချွေးပျံနေပြီ။ခက်တော့တာဘဲကိုယ့်ကိုဒုက္ခရောက်အောင်ဖန်လေသလားအချစ်ရေ။

"ပြွတ်စ် ဒါကတော်တော်အရသာရှိတယ်
ဆိုင်မှတ်ထားရမယ် .,. ခင်ဗျား... "

ချန်းယောလ်စိတ်တို့မထိန်းချုပ်နိုင်တော့။
မျက်နှာလေးကိုဆွဲမော့စေကာနှုတ်ခမ်းဖူးလေးကိုငုံထွေးမိတော့သည်။

ရုတ်တရက်ဆန်သောအခြေအနေမှာမို့
ဆယ်ဟွန်းမငြင်းနိုင်။နှုတ်ခမ်းလေးကိုသူစုပ်နမ်းနေရင်းလျှာဖျားကတိုးဝင်လာသောအခါ
နှုတ်ခမ်းကိုဖွင့်ဟပေးလိုက်ရသည်။

"ဟင့် ဟင့်..."

သူ့ရင်ဘတ်ကိုတွန်းဖယ်နေသောလက်လေးကိုချုပ်ကိုင်ကာလျှာဖျားချင်းဆွဲစုပ်ငုံ့ပေးနေသည်။အတန်ကြာမှလွတ်ပေးခံရသည်။

"Sorry ကိုယ်စိတ်မထိန်းနိုင်တော့လို့...
ကိုယ်ပြန်တော့မယ် ကောင်းသောညပါ "

ချက်ချင်းကြီးနှုတ်ဆက်ကာထပြန်သော
သူကြောင့်ဆယ်ဟွန်းလည်းကြောင်တောင်တောင်ဖြစ်ကျန်ခဲ့သည်။

"ဘာလည်းဟ
သူဘဲအတင်းနမ်းတယ်
ပြီးတော့ ချက်ချင်းကြီးပြန်ရတယ်
ကြောင်တောင်တောင်နဲ့ "

Marriage Life ( ChanHun )Onde histórias criam vida. Descubra agora