16

2.6K 289 6
                                    

ကိုကိုအိမ်ပြန်လာချိန်ကည ၁၁ နာရီကျော်ကျော်
ဆယ်ဟွန်းနှုတ်ခမ်းကိုဖိကိုက်ထားကာပြောသင့်မပြောသင့်
ချိန်နေမိသည်။

ကိုကိုကတော့ရေချိုးခန်းထဲဝင်သွားပြီ။ညအိပ်ဝတ်စုံထုတ်ပေး
ထားရင်းဘာလုပ်ရမလည်း
သူအသည်းအသန်တွေးနေမိသည်။

" ဟေး ဘာတွေအတွေးလွန်နေ
ခေါင်းသုတ်ပေးအုန်း "

ကိုကိုသူ့ကိုလှမ်းပြောမှအသိကပ်သောအဖြစ်

ကုတင်ပေါ်တင်ပလွှဲထိုင်နေသောသူ့ဘေးကိုကိုလာရပ်သည်။
ခါးမှာတဘတ်သာပတ်ထားသောကိုကို
ကြွက်သားအမြှောင်းမြှောင်းခန္ဓာထက်ရေစက်ရေပေါက်တွေနဲ့
တမျိုးကြည့်ကောင်းနေသည်။

"ဘာတွေတွေးနေတာလဲ
ကိုယ်ခေါင်းသုတ်ခိုင်းတာလေ "

"အော် ဟုတ် ကိုကို "

ကုတင်အောက်ကြမ်းခင်းပေါ်ထိုင်ချကာချန်းယောလ်ခေါင်းသုတ်ခံနေရင်းစိတ်နဲ့ကိုယ်မကပ်သောကောင်လေးကိုလည်ပြန်ကြည့်ပေးတော့မှသွားအဖြီးသားရီပြသည်။

"ဟို ကိုကို "

"အင်း ပြော "

"ဘာမှမဟုတ်တော့ဘူး "

"ပွင့်ပွင့်လင်းလင်းရှိစမ်းပါ
ကိုယ်ပြောဖူးတယ်လေ ဟွန်း
ပြောစရာရှိပြော "

*ကိုကိုပြောလို့ဟွန်းပြောတာ
မမှားဘူးထင်တာဘဲ*

စိတ်ကိုအရဲတင်းကာဟွန်းပြောဖို့ဆုံးဖြတ်လိုက်သည်။
ကိုကို့ဘေးဆင်းထိုင်ကာကိုကို့ရင်ခွင်ထဲတိုးဝင်တော့အလိုက်သင့်ပြန်ဖက်သောကိုကို။

"ပြောလေ ဘာလိုချင်လိုလဲ "

"ကိုကို အခုဟွန်းပြောမယ့်စကားကဖြစ်နိုင်ရင်
မဟုတ်ဘူး လို့ပြောပေးပါ "

"ဘာလည်း မဟုတ်ဘူး လို့ပြောပေးရမယ်
ထူးဆန်းလိုက်တာ
ပြောတော်မူစေသတည်း ... "

ဟွန်းနှာသီးထိပ်လေးကိုဖွဖွလိမ်သောကိုကို

ကိုကို့ရင်ခွင်ထဲမှီနေရာကကိုကို့မျက်နှာတည်တည်ချောချော
ကြီးကိုသေချာစိုက်ကြည့်လို့မေးခွန်းမေးဖို့ပြင်လိုက်သည်။

Marriage Life ( ChanHun )Donde viven las historias. Descúbrelo ahora