36

1.8K 237 49
                                    


ချန်းယောလ်ရင်ခွင်ထဲကသူလေးကိုငုံ့ကြည့်
ရင်းသဘောတကျပြုံးမိသွားသည်။
ဘာရုပ်လေးလည်းကွာ။အရင်လိုသာဆို
အနမ်းမိုးရွာပြီးပြီ။အခုများတော့စိတ်များ
ဆိုးသွားရင်ဆိုပြီးသတိထားနေရသည်။
ခက်တာကပွေ့ထားရတာဒဏ်ရာရထားသောလက်။ခက်ချေပြီ။

ဆယ်ဟွန်းမဝံ့မရဲမျက်လုံးဖွင့်ကြည့်တော့
မိမိကိုပြုံးကာကြည့်နေသောသူကြောင့်
ပါးတွေထူပူလာပါရဲ့။မြန်မြန်ထရပ်လိုက်ရသည်။ရှက်လွန်းလို့သေတော့မယ်။
ငါကဘာလို့မျက်စိစုံမှိတ်ကာနေမိ။
ရူးချင်တယ် အိုဆယ်ဟွန်းရေ။

ထရပ်ပြီးလူကရှိုးတို့ရှန့်တန့်ဖြစ်ကာဘာလုပ်ရမယ်မသိ။ဆယ်ဟွန်းခေါင်းငုံ့ထားပြီးသူ့ဘေးဝင်ထိုင်နေလိုက်သည်။ရှက်လို့ဆိုပြီး
ထွက်သွားလို့လည်းမဖြစ်ဘူးမလား။

ချန်းယောလ်ကတော့မိမိဘေးကအရှက်သည်းနေသူလေးကိုကြည့်ကာသဘောကျနေပြီ။

"ဟွန်း"

သူပုံမှန်လေသံနဲ့ခေါ်တာပါ
ဒါပေမယ့် မော့ကြည့်လာသောအကြည့်လေးကလန့်သွားပုံရသည်။

"ဒီကိုဘာလာလုပ်တာလဲ
ကိုယ်ဒီမေးခွန်းမေးလို့ရပါတယ်နော် "

"အစ်ကို့ မင်္ဂလာ ပွဲလာတာ "

ချန်းယောလ် ကိုတောင်ဖိတ်ထားတာ
ဒါဆိုသူဟွန်းလေးနဲ့အတူသွားလို့ရပြီပေါ့။

"အတော်ပဲ
ကိုယ်လည်းဖိတ်ထားလို့သွားရမယ်
တူတူသွားမလား "

"ဟွန်းအဆင်ပြေမှဘာ"

ထပ်မံလောကဝတ်ပြုပြောလာသောသူ့အပြောကြောင့်ခေါင်းညိတ်လိုက်မိသည်။
ငြင်းရင်မကောင်းဘူးမလား။သွားမည့်နေရာလည်းတူနေတာ။

"ဒါနဲ့ပွဲကညနေမှမလား။
ဟွန်းကြည့်ရတာပင်ပန်းနေပုံရတယ်။
နားနားနေနေနေပါ၊ကိုယ်ပြန်တော့မယ်
ညနေသွားခါနီးလာခေါ်မယ်"

တကယ်ဆိုအများကြီးသူဂရုစိုက်အနားနေပေးချင်တယ်။အခွင့်အရေးယူတယ်လို့
ထင်မှာလည်းစိုးရိမ်။သူ့မှာလည်းထိန်းသိမ်းပြုမှုပြောနေရတယ်။

"ဟို... ဘာမှမဟုတ်တော့ဘူး
ကောင်းကောင်းပြန်ပါ "

"ကိုယ့်ကိုဘာပြောစရာရှိသေးလို့လဲ "

Marriage Life ( ChanHun )Where stories live. Discover now