ဆယ်ဟွန်း မျက်ဝန်းတို့ပွင့်လာချိန်မြင်လိုက်ရတာကစိတ်ပူနေသောသူ။"ဟွန်း ဟွန်း ရာကိုယ်စိုးရိမ်လိုက်ရတာ"
ဆယ်ဟွန်း လက်တဖက်ကိုသူ့ပါးနဲ့ကပ်ကာ
ဆိုလာသူ။ရုန်းတော့လွတ်ပေးသည်။"ဘယ်လိုနေသေးလဲ ဟွန်း "
"ဘာမှမဖြစ်ဘူး "
ကိုယ့်ကိုကြည့်တောင်မကြည့်တော့ပါလား။
ကိုယ်ဘာများကျူးလွန်မိလို့လည်း။
ဖွင့်ဟမပြောပေမယ့်ချန်းယောလ်လည်း
နာကျင်ရပါတယ်။ကိုယ်လုပ်ခဲ့တဲ့အကြောင်းအရာကတန်ပြန်လာတာမို့
သူမတတ်သာလို့ငြိမ်နေခဲ့သူပါ။"ဟွန်း ကိုယ်အနူးအညွတ်ထပ်တောင်းပန်ပါတယ် ''
" ကိုယ့်အပြစ်ကခွင့်လွတ်လို့မရမှန်းသိတယ်
ဒါပေမယ့် အပြစ်တွေကိုပြန်ပေးဆပ်ဖို့
အခွင့်အရေးပေးပါ ဟွန်းလေးကိုယ် ဟွန်းလေးကိုချစ်နေတာမို. .. "
အဖြေကတော့ ပြန်မရ
သူ့ကိုမော့တောင်မကြည့်ဘဲတွေတွေငေးငေးလေးနေနေတာ။"ပင်ပန်းတယ်"
ကြားလိုက်ရသောစကားကြောင့်
ချန်းယောလ် ဒူးထောက်ပြီးသူ့ဘေးထိုင်ချလိုက်သည်။"သိတယ် ကိုယ်သိတယ်
ဒါကြောင့် ပြန်လက်ခံပေးပါ ပြောတာ "ဆယ်ဟွန်း သူ့မျက်ဝန်းကိုတစ်ချက်ကြည့်ပြီး
အကြည့်လွှဲလိုက်သည်။"ဒီစကားတွေအတွက်အချိန်တွေပြန်လှည့်လို့ရရင်ကောင်းမယ်၊အခုတော့ခင်ဗျားကို
ခွင့်မလွှတ်နိုင်ဘူး။လက်လွတ်လိုက်ရတဲ့
ကျွန်တော့် ကလေးလေးတွေ... "ငိုလေပြန်သောဟွန်း
ချန်းယောလ် ဘာလုပ်ပေးရမလည်း။
မိမိအမှားတွေမို့....
"ကျွန်တော့်ဆီမလာပါနဲ့တော့
ခင်ဗျားကိုမြင်ရင်စိတ်ပင်ပန်းလို့ "ချန်းယောလ် ထပ်ဆုပ်ကိုင်သောလက်အစုံကိုတွန်းဖယ်ကာပြောလေသည်။
" ကိုယ်... ကိုယ် "
"ကိုယ့်ကိုမုန်းနေမှန်းသိတယ်
ဒါပေမယ့် မလာခိုင်းတာတော့မလုပ်ပါနဲ့ ဟွန်း "
YOU ARE READING
Marriage Life ( ChanHun )
FanfictionThis fiction contain rude words and rated sence .Don't read under 18 person.Specialized advice you may not like mpreg don't read this fiction. Thanks 🖤 CV By AkariXing Published date : 13/9 /2019 Ending date : 15/11/2020