26

2.1K 322 89
                                    


ငိုက်စိုက်ငိုက်စိုက်နဲ့သူလျောက်လာလိုက်တာ
ဂေဟာခြံဝန်းနားရောက်လာပြီ။ရောက်လာပြီးမှဝင်သင့်မဝင်သင့်တွေဝေနေပြန်သည်။
ဒုက္ခရောက်သွားစရာနေရာမရှိတော့ဂေဟာပြန်လာတယ်လို့မာသာကြီးတို့ကသတ်မှတ်လေမလားစိုးရိမ်မိတယ်။ဒါပေမယ့်လည်း
သူ့မှာတကယ်လည်းသွားနေစရာမရှိ။
ဆယ်ဟွန်းငိုင်နေမိသည်။ဆေးရုံကဆင်းပြီးတာနဲ့သူတခါတည်းထွက်လာခဲ့တာ။

နေမကောင်းဖြစ်ထားတာရောစိတ်ပင်ပန်း
သည့်ဒဏ်တွေပါပေါင်းလို့လူကမဟန်နိုင်တော့ပေ။ဂေဟာခြံဝန်းတံခါးကိုမှီကာထိုင်ချလိုက်သည်။မာသာကြီးတို့ကလက်ခံလောက်
မှာဘာလေ။အားတင်းကာသူပြန်ထရပ်ပြီး
ဘဲလ်ကိုနှိပ်လိုက်သည်။
သူ့ကိုတွေ့ရောမာသာကြီးကမျက်ရည်ကျပြီးပွေ့ဖက်သည်။

"ကလေးရယ်ပင်ပန်းနေပြီမလား
စိတ်ထဲမကောင်းလိုက်တာ "

အခုမှသူ့မှာမိဘအိမ်ပြန်ရောက်သောသားသမီးနှယ်ပင်ပန်းသမျှကြုံခဲ့သမျှရင်ဖွင့်ကာအတိုးချငိုမိသည်။

"မာသာကလေးလေးဘယ်လောက်တောင်
နာကျင်လိမ့်မလည်း၊တိတ်တော့နော်
ကလေးဒီကိုအရောက်လာတာတော်သေးတယ်၊တခြားသာထွက်သွားရင်မာသာတို့လည်းကူနိုင်မှာမဟုတ်ဘူးကွယ် "

မာသာဆီကသူဒီကိုရောက်လာတယ်
ကလေးကိုလာရှာတာဆိုသောအပြောကြောင့်
ဆယ်ဟွန်း အံသြသွားရသည်။ဒါပေမယ့်
မပြတ်သားသောဇာတ်လမ်းကိုဆက်မကချင်တော့ဘူး။အဆုံးသတ်ဖို့ထွက်လာခဲ့တာ
ပြန်မသွားချင်တော့ဘူး။မပြတ်သားသော
သူမနဲ့ယှဥ်ရင်ကျွန်တော်ကအရေးမပါခဲ့သူ
အမြဲချန်ထားခံရတာ။

ရူးသွပ်ခြင်းအဆုံးသတ်သင့်ပြီမလား။
သားသမီးလည်းဆုံးရှုံးခဲ့ရပြီးပြီ။ဒီနာကျင်ဖွယ်ဇာတ်လမ်းကိုဆက်နေရင်ကျွန်တော်လောက်ရူးမယ့်သူမရှိနိုင်တော့။
ကိုယ်ကသာဖောဖောသီသီချစ်ခြင်းတရားကို
သူ့ဆီပေးပေမယ့်တန်ဖိုးမထားသောသူ။

*ပေးသောလည်းပေးတိုင်းပြန်မရတဲ့ချစ်ခြင်း
ကရင်နာစရာကောင်းသည်*

တန်ဖိုးမထားသူကိုမှအလွန်အကျွံသူပေးခဲ့တဲ့
ချစ်ခြင်းရဲ့နိဂုံးကမလှခဲ့။ရင်နာစရာဒီဇာတ်လမ်းကိုဆက်မကချင်တော့လို့သူထွက်လာတာ။

Marriage Life ( ChanHun )Where stories live. Discover now