35

1.9K 274 94
                                    


ဒီရက်ပိုင်းထဲ ဆယ်ဟွန်းအနေအထားက
ခပ်ယဲ့ယဲ့လေး။လှုပ်ရင်တောင်ပြိုလဲမယ့်ဟန်။တည်ငြိမ်စပြုနေသည့်ရေပြင်လှုပ်ခတ်ခဲ့ပြီမလား။ဖျားကလည်းဖျားသေး။အလုပ်တောင်မဆင်းနိုင်။ပျော့ညံ့လွန်းသောကိုယ့်ကိုယ်ကိုယ်လည်းအားမရမိ။ဒီကြားထဲ
ဟော့လေးလည်းသူ့ဘေးမှာမရှိ။အမျိုးတွေရှိရာအလည်သွားမယ်ဆိုပြီးခွင့်တင်ကာသွားလေရဲ့။

ဟော့လေးကိုဒီကိုရောက်လာတာနှစ်ဝက်ကျော်ပြီ။တခါမှအိမ်မပြန်ဘူး။မိဘတွေတော့မရှိတော့ဘူးလို့ပြောပြဖူးသည်။အမျိုးတွေလည်းစိတ်နာလို့မဆက်သွယ်။အခုမှဘာစိတ်ကူးပေါက်သည်မသိ။ဟော့လေးရှိရင်
စိတ်ပေါ့ပါးရသည်။ပျော်ပျော်နေတတ်သောဒီကောင်လေးစရိုက်ကြောင့်ဘေးနားရှိသူတွေစိတ်ပေါ့ပါ့ရတာအမှန်။

ဆိုးလ်ကိုမနက်အစောတည်းကသူထွက်လာလိုက်သည်။ကြိုရောက်ပြီးသူသွားစရာနေရာလေးရှိသည်။မသွားဖြစ်တာကြာသောနေရာတစ်ခုပေါ့။အမှတ်တရများစွာရှိခဲ့သောနေရာလေးဆိုမမှား။အဝေးပြေးဂိတ်ကနေကားတဆင့်ထပ်စီးရသည်။

သူကားမှတ်တိုင်လေးကနေတဖြည်းဖြည်းလျောက်လာရင်းရင်ခုန်မြန်လာသည်။
တချိန်တုန်းကဒီရပ်ကွက်လေးထဲသူနေထိုင်ခဲ့သည်။ချစ်ရသူကိုကိုနဲ့ပေါ့။

ရပ်ကွက်ထိပ်ကပန်းခြံလေးနဲ့တွဲရက်
ကလေးကစားကွင်းလေးကိုအပြင်ကနေဘဲသူကြည့်လိုက်သည်။တစ်ချိန်ကညနေစောင်းတွေဆိုသူဆင်းထိုင်သောနေရာလေး။

"ဟေး မင်းက ဟိုကောင်လေးမလား
ကိုယ်ဝန်ဆောင်.... "

သူ့ကိုလက်ဖမ်းဆွဲနှုတ်ဆက်လာသူ
အန်တီကြီးမှတ်မိတာပေါ့
သူတို့နေထိုင်ရာတိုက်တန်းတွဲရဲ့စျေးဆိုင်ပိုင်ရှင်။

"ဟုတ်ကဲ့ အန်တီ
မတွေ့တာကြာပြီနော် "

"ဟုတ်ပါ့ကွယ်
မင်းပျောက်သွားတာကြာပြီမလား
နေနိုင်လိုက်တာ
မင်းယောက်ကျားကမင်းကိုလိုက်ရှာနေတာ
အန်တီတို့ဆီတောင်လာပြောသွားသေး "

"သူနဲ့ကျွန်တော်ပြတ်သွားတာကြာပါပြီ
အန်တီ "

စကားလက်စဖြတ်ဖို့ဆယ်ဟွန်းပြောလိုက်ပြီ
ထွက်လာလိုက်သည်။အခန်းတံခါးရှေ့ရပ်ပြီး
တွေဝေနေမိသည်။
တံခါးဖွင့်ကြည့်ဖို့ကြ်ိုးစားသင့်လား။

Marriage Life ( ChanHun )Where stories live. Discover now