48

1.7K 211 125
                                    


ဒီမနက်ခင်းနိုးလာတော့သူလန်းဆန်းနေသည်။သူပြုံးပြီးနိုးထလာတာပျော်ရွှင်
ခြင်းတွေဆောင်ယူလာသောအိပ်မက်ကြောင့်ဆိုလည်းမမှားပေ။သူထင်ထင်ရှားရှားအိပ်မက်ကိုမှတ်မိတယ်။
ပြတင်းကဝင်လာတဲ့လေအေးကြောင့်လည်း
သူစိတ်လေးပိုလန်းဆန်းသွားရသည်။ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်သေးဘဲပြတင်းနားဝယ်ရပ်နေပြီးအသက်ဝဝရှူနေလိုက်သည်။

ကိုကိုကတော့အစောကြီးနိုးပြီးအိမ်မှုကိစ္စလုပ်နေပုံရသည်။ဆယ်ဟွန်းကအခုအငြိမ်စားအနားရနေသည်။မီးဖိုချောင်ဝင်ချက်ပြုတ်ခြင်းကအစပြုလို့လျော်ဖွတ်မီးပူတိုက်အဆုံး
ကိုကိုအကုန်လုပ်သည်။ဆယ်ဟွန်းအတင်းကူလုပ်ပေးရင်တောင်သည်းငယ်အေးဆေးနေပါ
ဆိုပြီးမလုပ်ခိုင်းပေ။ကိုယ့်သည်းငယ်နဲ့ဗိုက်ထဲကပိစိလေးတွေသက်တောင့်သက်သာ
နေပါမလုပ်ပါနဲ့လို့တားမြစ်ထားတာ။

"သည်းငယ်နိုးနေပြီလား "

နဖူးပြင်ဆီထိတွေ့ဖိကပ်လာတဲ့ကိုကို့ရဲအနမ်းလေးကမနက်ခင်းတခုရဲ့အစပေါ့။

"ခေါင်းကြည်ရဲ့လား ''

" ကိုကို့ကိုသည်းငယ်ပြောစရာရှိတယ်
ခဏလေး... သည်းငယ်ကိုယ်လက်သန့်စင်ပြီးရင်ပြောပြမယ်"

ရေချိုးခန်းထဲဝင်လာတော့
သွားတိုက်ဖို့ကအသင့်ပြင်ပြီးသားဖြစ်သလို
အမွှေးပွတဘက်လေးပါသုတ်ဖို့အဆင်သင့်။
ကိုကို့ကြောင့်သူစိတ်ပျော်ရွှင်ရသည်။
နေ့တနေ့တာရဲ့အစကိုစိတ်ကြည်လင်မှုနဲ့စတင်ရသည်။

သူရေချိုးခန်းထဲကပြန်ထွက်လာတော့အိပ်ရာခင်းတွေလဲနေသောကိုကို။
ကိုယ်ဝန်ဆောင်ထားရင်စိတ်ကြည်လင်အောင်အရောင်လွင်တာလေးတွေသုံးပေးရတယ်ဆိုကာအိပ်ရာခင်းအရောင်နုလွင်တာလေးတွေခဏခဏလဲပေးသည်။
လိုက်ကာအရောင်ကစအရောင်နုလေးတွေ။

ဆယ်ဟွန်း ကိုယ်ဝန်ကသားဦးမဟုတ်တော့
ဗိုက်ထွက်လာတာမြန်သည်။ကိုကိုကတော့
နာမည်ပေးထားတယ်။Ph contact မှာမှတ်ထားတာဆယ်ဟွန်းတွေ့လိုက်တာလေ။

*သည်းငယ်ပူလုံးလေး* တဲ့လေ

ပြီးတော့ ဆယ်ဟွန်းပုံကို wallpaper ထားတာတယ်။အပြင်ရောက်နေရင် Ph သုံးချိန်ဆို
သည်းငယ်လေးကိုမြင်နေရအောင်ဆိုပြီးပြောတယ်။ကိုကိုကတကယ်ကိုချစ်တတ်လွန်းပြီး
လိုလေးသေးမရှိဂရုစိုက်လွန်းလို့ပျော်ရသည်။

Marriage Life ( ChanHun )Opowieści tętniące życiem. Odkryj je teraz