47

1.8K 220 131
                                    


" ကိုကို ''

" ဘာလည်းသည်းငယ်လေး
ပြောလေ "

"ဟင့်အင်း  ... ဒီတိုင်း ခေါ်ကြည့်တာ "

မိမိရင်ခွင်ထဲကအသည်းယားစရာလေးကို
မြိုချချင်နေပြီ။ပွေ့ထားတော့လည်းငြိမ်ငြိမ်မနေဘဲမေးဖျားကိုလှမ်းနမ်းလိုက်၊အင်္ကျီကြယ်သီးကိုဖြုတ်လိုက်တပ်လိုက်၊တကယ်
တည်းဒီဟာလေးကလူကိုဘာဖြစ်စေချင်နေတာလည်း "

"အမေ့ ကိုကို "

ကုတင်ပေါ်ချပေးလိုက်တော့အလန့်တကြား
ပြောပြန်ပြီ။မင်းယောက်ကျားကိုဘာဖြစ်စေချင်နေတာလည်း။

ဆယ်ဟွန်း မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်
ဖြစ်ကာကြည့်နေမိသည်။ကိုကိုလေပွေ့ချီထားရာကကုတင်ပေါ်ချကာလူပေါ်အုပ်မိုးငုံ့ကြည့်နေတာ။

"သည်းငယ် "

"ကိုကို... "

"ကိုယ့်ကိုဘာဖြစ်စေချင်နေတာလည်း
သည်းငယ်ကွာ "

မျက်နှာနှစ်ခုကထိကပ်မတတ်ကပ်နေရာကခွာလိုက်ပြီးချန်းယောလ်ဆိုတော့အသည်းယားဖွယ်သူ့ကိုကြည့်နေလေရဲ့။

"သည်းငယ်ကဘာလုပ်မိလို့လဲ "

ရွှေမျက်နှာတော်ညိုးပေတော့မယ်။

"မဟုတ်ဘူးလေ သည်းငယ်ရ... "

သည်းငယ်အတွက်ဆေးထပ်စစ်ပေးဖို့ဆရာ
ဝန်ဝင်လာလို့စကားစဖြတ်လိုက်ရသည်။
ဆရာဝန်မှာတာတွေမှတ်လို့ဆေးရုံဆင်းဖို့
ပြင်ရသည်။ကားပေါ်ရောက်တော့သည်းငယ်လေးကနှုတ်ဆိတ်လို့ချန်း​ယောလ်ကိုစကားမပြောပေ။

"သည်းငယ်ဘာလုပ်ချင်လည်း၊ဘာစားချင်လည်းပြောနော် "

ခေါင်းခါပြကာချန်းယောလ်ကိုမှီတွယ်လာသည်။

"နေလို့မကောင်းဘူးလား
သည်းငယ် "

"အင်း သည်းငယ် အစားလည်းမစားချင်ဘူး၊
ဒီတိုင်းခွေလှဲပြီးနေချင်တာ "

"အင်းပါ နေရမကောင်းလည်းအိမ်ရောက်ရင်
ကိုယ့်ပေါင်ပေါ်ပွေ့ထားရမလား "

ခေါင်းသာညိတ်ပြရင်းမျက်စိမှိတ်ကာ​​
ငြိမ်ငြိမ်လေးလိုက်လာသည်။
ကိုယ်ဝန်လွယ်ထားရတာအခုမှ
ငါးပါတ်ကျော်ရုံဘဲရှိသေး။ရှေ့လျောက်သည်းငယ်ပင်ပန်းတော့မှာပါလား။

Marriage Life ( ChanHun )Where stories live. Discover now