49

1.6K 211 153
                                    


"လာလေ ဟော့လေး "

"လာသာလာရတယ် အစ်ကို့လူ... "

"ရပါတယ် ဟော့လေးကလည်း "

အိမ်ကိုဟော့လေးအလည်ရောက်လာလို့
ကိုကို့ ကတော့သေချာကြည့်နေလေရဲ့။
တကယ်တည်းဟော့လေးကိုကြည့်နေတာကြီးကကြောက်စရာ။သူ့ဆီဖုန်းအရင်ဆက်ပြီးမှအလည်ရောက်လာတာ။

"ဗိုက်ပူနေတာတောင်ငါ့အစ်ကိုကချောတာ
လျော့မသွားဘူး "

ဟော့လေးယူလာပေးသောပန်းစည်းနဲ့လက်ဆောင်အိတ်ကိုလှမ်းယူလိုက်ပြီး
ဆိုဖာခုံဘေးစားပွဲပေါ်ချထားလိုက်သည်။

"ထိုင်ဦး ဟော့လေး
အအေးသောက်မလား၊အပူသောက်မလား "

ကိုယ်ဝန်လအတော်ရနေပြီမို့ပူလုံးနေတဲ့ဗိုက်ကမိုးပျံပူဖောင်းအလား။ဖြည်းဖြည်းချင်း
သွားကာအအေးသွားယူဖို့လုပ်တော့အအေးဗန်းယူကာထွက်လာသောကိုကို။

"ထိုင်နေ စကားအေးဆေးပြော
ကိုယ်လုပ်ပေးမယ် "

"ရော့ ရာသီကပူတော့အအေးဘဲသောက် "

ကိုကိုနဲ့ဟော့လေးမျက်နှာချင်းဆိုင်ကြပြီမို့
ဆယ်ဟွန်းမှာမျက်ချေမပြတ်ကြည့်နေရသည်။

"အစ်ကိုချန်းယောလ်လို့ခေါ်မယ်နော်
မျက်နှာကြောလျော့ပါခင်ဗျာ
ကျွန်တော်ကအစ်ကို့ကိုမတွေ့ရတာကြာလို့
သတိလည်းရလို့လာလည်တာပါ "

"ရပါတယ် စကားသာအေးဆေးပြော "

ကိုကိုကသူတို့ဘေးကနေထကာထွက်သွားပြီမို့စကားအေးဆေးပြောရတော့သည်။

"ဟူး အစ်ကို့လူကြီးကလည်းသဝန်တိုချက်က
လန်ထွက်တာ၊ကျွန်တော့်ကိုကြည့်ပုံကြီးက...''

"ဒါကတော့ သူကငါ့ကိုအရမ်းချစ်တာကို "

"ဟုတ်ပါပြီ ပြောမိတဲ့ကျွန်တော့အမှား
တကယ်တည်းလိုက်လည်းလိုက်ပါ့
အရမ်းပျော်နေတယ်မလား "

"ဟုတ်တယ် ဟော့လေး
အရမ်းပျော်တယ်
ကိုကိုကအရမ်းဂရုစိုက်တာ
လိုအပ်ချက်ကဘာလည်းလို့မေးယူရလောက်အောင်ဂရုစိုက်တာ "

"အင်း ကျွန်တော်လည်းအစ်ကိုပျော်လို့
ပျော်ပါတယ်... ဝန်ခံရရင်ကျွန်တော်ချစ်တဲ့အချစ်ကအစ်ကိုတို့နဲ့နှိုင်းရင်သေးငယ်သွားတယ်... လိုက်ပါတယ် အစ်ကိုတို့ကတကယ်ပေါင်းဖက်သင့်တဲ့သူတွေဘာ.. "

Marriage Life ( ChanHun )Where stories live. Discover now